၁၁

1.2K 314 8
                                    

<Unicode>

သူ ညနေစောင်းကနေ သန်းခေါင်ယံအချိန်ထိ ရေတွက်ခဲ့ပေမဲ့လည်း ဖရဲသီးကတော့ ပြန်မလာခဲ့ဘူး။

နို့မိစ္ဆာက တစ်ခါမှ အခုလောက်မကြောက်ခဲ့ရဖူးဘူး။ သူ ပထမဆုံးအကြိမ် ဥပေါက်တုန်းကထက်၊ အခွံပျော့လေးထဲ ပိတ်မိနေခဲ့ရတုန်းကထက်၊ မိုးရေစက်တွေ သူ့အပေါ် ပြုတ်ကျတုန်းကထက် အဆမတန် သူ ကြောက်မိတယ်။

ဖရဲသီး ဘယ်ထွက်သွားတာလဲ

ဘာလို့လဲ ဘာလို့ သူ့ကို ချန်ထားရစ်ခဲ့ရတာလဲ

နောက်နေ့ နေ့လည်ချိန်ရောက်မှ ဖရဲသီး ပြန်ရောက်လာခဲ့တယ်။

နို့မိစ္ဆာလေးဟာ ဖရဲသီးရဲ့နား ဝိုင်းကြီးပတ်ပတ် ဒူဝေဝေနေအောင် ပတ်ပြေးပြီး တောင်းပန်ရင်း သူ ဖရဲသီးကို ဘယ်လောက်တမ်းတနေခဲ့ရကြောင်း တတွတ်တွတ်ပြောတော့တယ်။

ဖရဲသီးက သူ့ စကားတွေကို လျစ်လျူရှုလို့ ပင်ရည်တွေ ခွံ့ရင်းကနေ ကွန်ပလိန့်တက်တယ် "မင်းက သေးလွန်းလို့ အတော်နဲ့ကို ရှာမတွေ့ဘူး"

"ဒါပေမဲ့ အဲ့ဒါကိုက ငါလေ ငါက ခြင်သေးသေးလေးပဲဟာကို"

ခြင်တွေက ကမ္ဘာ့အသေးဆုံး သတ္တဝါတွေဖြစ်ပြီး အဲ့ထဲမှာမှ သူက အသေးဆုံးခြင်ဖြစ်လိမ့်မယ်လို့ နို့မိစ္ဆာ ထင်မိတယ်...

အေးဆေးဆိတ်ငြိမ်တဲ့ နေ့လည်ခင်းလေးမှာ သူတို့နှစ်ကောင်သား အစိမ်းရင့်ရောင် ထီးပင်ရွက်ပေါ် လှဲဖြစ်ကြတယ်။

"ဖရဲသီး"

"ဟင်"

"ကြိုက်တယ်ဆိုတာက...ဘာလဲ...ငါ"

"အင်း စားစရာလုံးဝမဟုတ်ဘူး ဟုတ်ပြီလား"

"သြော်"

"အဲ့ဒါက...ခံစားချက်တစ်မျိုးပဲ"

"ဟင်?"

"အဲ့ဒါက ဘယ်လိုပြောရမလဲ...ခြင်တစ်ကောင်ကောင်ကို တမ်းတမိသလိုမျိုး"

"သြော်..."

"ငါ ပြောတာ နားလည်လား"

"ဟင့်အင်း"

အဲ့နောက် တိတ်ဆိတ်ကျသွားတယ်။

"ငှက်ဦးနှောက်ကိုမှ ကြိုက်ရတာကလည်း.." ဖရဲသီးက ရုတ်တရက် ထပြောတယ် "သူ ဗိုက်ဆာနေမလား အိပ်ချင်နေမလား စိတ်ပူရတယ် လေနဲ့အတူများ လွင့်ပါသွားမလား စိတ်ပူရတယ် သူ မင်းအနား မရှိရင် အိပ်မပျော်ဘူး ရုတ်တရက် နေမင်းကြီးကို ချစ်ပြီး မိုးကိုကျ မုန်းတီးမိမယ် လေညှင်းတွေကို အတူတူခံစားချင်တာမျိုး"

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now