4.2K 497 50
                                    

<Unicode>

ခြင်မကြီးနှစ်ကောင်ဟာ ဥပေါင်း တစ်ထောင်စီ ကိုယ်စီ ဥထားခဲ့ကြသတဲ့။

ဒီဇာတ်လမ်းလေးရဲ့ ခြင်ဇာတ်လိုက်တွေကတော့ အဲ့ဒီ ဥပေါင်းနှစ်ထောင်ထဲကမှ နှစ်ကောင်ပေါ့လေ။

မိခင်ခြင်မတွေရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ခြင်လေးနှစ်ကောင်ရဲ့ ဥတွေကလည်း ဘေးကပ်ရပ်သားလေးတွေရယ်။

ဒီဥလေးတွေထဲမှာ အသက်လေး နှစ်ချောင်း၊ အသက်ရှုသံလေး နှစ်သံနဲ့ နှလုံးခုန်သံလေး နှစ်ခု ဝပ်အောင်းနေတယ်။

ဥလေးတွေကတော့ အိပ်မောကျလျက်သားနဲ့။

အမှောင်ကျလာတဲ့အခါ ဥ လေးတစ်လုံးက ရုတ်တရက် လှုပ်ရှားဟန်ပြလာတယ်။

အထဲက အကောင်လေးက ကောင်းကင်ဆီကို ဆန့်တန်းပြီး ခေါ်လိုက်တယ် "မေမေ" ဒါက ဒီလောကကြီးထဲမှာ သူ ပထမဆုံးပြောတဲ့ စကား။

ဒါပေမယ့် ခြင်လေး မသိခဲ့တာက သူ့ မေမေဟာ လူသားတစ်ယောက်ရဲ့ လက်ဖဝါးအောက်မှာ အသက်ဇီဝိန်ကြွေသွားခဲ့ပြီ။

လူသားတွေမှာလည်း စိတ်ပူပန်သောက ကိုယ်စီနဲ့။ ဒါပေမဲ့ ခြင်တွေရဲ့ သောကတွေနဲ့ ယှဥ်ရင်တော့ မြူမှန်စသာသာပဲ။

အဲ့နောက် သူ့ဘေးနားက ဥလေးကလည်း စပြီးလှုပ်လာတယ်။ ပါးပါးလေး လှုပ်ရှားနေတာကို ဘယ်သူမှ မမြင်နိုင်ဘူး။ မြင်ရအောင်လည်း ဥ က သေးသေးလေးလေ။

ဥ လေးက အမေးထုတ်တယ် "မေမေ?" ဒါက သူ့ရဲ့ ပထမဆုံး စကားနဲ့ ပထမဆုံးသော ခွန်းတုံ့ပြန်မှု။

ဒါဟာတော့ ကျွန်တော်တို့နှစ်ယောက် ဇာတ်လမ်းလေး စတင်ခဲ့ရာ June 4th, 2006

ခြင်လေး A က နှုတ်ဆက်လိုက်တယ် "ဟိုင်း..မင်းရော ငါ့လိုပဲလား"

ခြင်လေး B က ပြန်ဖြေတယ် "ဟုတ်တယ် ငါလည်း မင်းလိုပဲ"

သူတို့ နှစ်ယောက်စလုံးက တကယ်အခြေအနေ အတူတူတွေပဲ။ ရေပေါ်အိမ်တစ်ခုမှာ နေနေကြတာ။

ခြင်လေး A က ပြောတယ် "ကောင်းလိုက်တာ ငါတို့ အတူတူပဲ"

ခြင်လေး B က ဆိုတယ် "အင်း....မင်း နာမည်ဘယ်လိုခေါ်လဲ"

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now