1.4K 324 3
                                    

<Unicode>

ဇွန်လ ကိုးရက်နေ့။ တကယ့်ကို အငြင်းပွားလို့ကောင်းမယ့် နေ့တစ်နေ့။

နို့မိစ္ဆာက အရေးပါတဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားတယ်...

"ဖရဲသီး"

"မောနင်း"

"ငါတို့တွေ ဘာလို့ အာတိတ်အထိ သွားရမှာလဲ နေမင်းကြီးဆီ တိုက်ရိုက်ပျံသွားရင် ပိုမကောင်းဘူးလား"

"ဘယ်လို!?"

"ကြည့်ကြည့်လေ နေမင်းကြီးက ငါတို့ အပေါ်တည့်တည့်မှာတင် နီးနီးလေး"

"ဒီ ငှက်ဦးနှောက်" ဖရဲသီးမှာ မဆဲဆိုချင်လို့ကို မရဘူး "မင်းကိုယ်မင်း ဘာများထင်နေလဲ"

"ဟမ်?" နို့မိစ္ဆာကတော့ တကယ်နားမလည်တာ။

"နေမင်းကြီးက ဟိုးအဝေးဆုံးမှာဆိုတာ မသိဘူးလား" ဖရဲသီးက စိတ်လျှော့ထားရတယ်။

"ဒါပေမဲ့..."

"ဒါပေမမဲ့ဘူး ဒမ်ဒမ်ကောင်"

"အာ့ဆိုလည်း မီး ဆိုတဲ့ဟာကိုပဲ လိုက်ရှာကြရအောင်"

"ရူးနေပြီ မင်းက တကယ့်ကို ခြင်ရူးဖြစ်နေပြီ"

"ဘာလို့လဲ"

"သိချင်ရင် မီးကို သွားတို့ကြည့်ပါလား" ဖရဲသီးက စိတ်ဆိုးဆိုးနဲ့ စိန်ခေါ်တယ် "ခြင်ငတုံးကောင် အမှားနဲ့ အမှန်တောင် မခွဲခြားနိုင်တော့ဘူးလား"

ဖရဲသီးရဲ့ အဆူခံရလို့ နို့မိစ္ဆာ ဝမ်းနည်းသွားရပေမယ့်လည်း သူ တကယ်ကြီးကို နားမလည်တာ။

"ဒါပေမဲ့ ပလူတွေကျတော့..."

"အဲ့ဒီကောင်တွေက နလပိန်းတုံးတွေမို့လို့လေ!"

"အဲ့လိုပြောကြေးဆို ငါလည်း နလပိန်းတုံးပေါ့ ဟုတ်လား"

"ဘယ်ကသာ မဟုတ်တာတွေ မင်းကတော့ သူတို့နဲ့ မတူဘူး"

နို့မိစ္ဆာလေး ပျော်မယ်တောင် မကြံရသေးဘူး။ ဖရဲသီးက ဆက်တယ် "မင်းက သူတို့ထက်တောင် ပိုတုံးသေးတယ်"

နို့မိစ္ဆာက သက်ပြင်းချတယ်။ သူလည်း သူ့ကိုယ်သူ တုံးတယ်လို့တော့ ထင်မိသား။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now