2.4K 410 3
                                    

<Unicode>

ခြင်တွေကို လိုက်ရေတွက်ရတာထက် အမေအကြောင်း စဥ်းစားမိရင် ပိုလို့ အိပ်ရခက်စမြဲပဲ။ ဒါကြောင့် နောက်နေ့မနက်မှာ ဖရဲသီးက လန်းဆန်းတက်ကြွစွာနဲ့ မနက်ခင်းနှုတ်ဆက်နိုင်ပေမဲ့ နို့မိစ္ဆာကတော့ ခေါင်းမူးဝေနေတယ်။

ဖရဲသီးက အော်ခေါ်တယ် "နို့မိစ္ဆာ နို့မိစ္ဆာရေ နို့မိစ္ဆာ"

နို့မိစ္ဆာက ပွစိပွစိနဲ့ "ကိုယ်ဝန်ဆောင်သင်ခန်းစာ...ဘာလို့ ငါ့ကျ မရခဲ့တာလဲ"

ဖရဲသီးက စိတ်ပျက်လက်ပျက်နဲ့ ကျိန်ဆဲတယ် "ငှက်ဦးနှောက်"

နို့မိစ္ဆာ နိုးလာတဲ့အချိန်မှာ ဖရဲသီးက နေ့လယ်နေ့ခင်း တရေးတမောတောင် ပြန်အိပ်တော့မယ်။

"ဟိ...ဟိ"

"ချီးကို ဟိတ် ငါ့နာမည်က ဖရဲသီး ကိုယ်ဝန်ဆောင်သင်ခန်းစာ မရခဲ့တဲ့ ခြင်တွေက တကယ့်ငကြောင်ကောင်တွေပဲ..."

"ငါက ဟီးဟီးလို့ ေပြာနေတာ"

....

တိတ်ဆိတ်ငြိမ်ကျသွား...

"ဖရဲသီး ဗိုက်မဆာဘူးလား"

"ဗိုက်ဆာတာ ဘာမှန်းရော မင်းက သိလို့လား"

"ဘယ်မှာ သိမလဲ ငါက ခြင်ပဲဟာကို!!!!"

ကျယ်လောင်တဲ့ နို့မိစ္ဆာအသံကြောင့် ဖရဲသီး လန့်ဖြန့်ပြီး ဥထောင့်နားကို ကပ်နိုင်သမျှ တိုးကပ်ပြီး ကြုံ့သွားတယ်။

ပြီးတော့ ပြန်တိတ်ဆိတ်သွားပြန်ရော...

"ဖရဲသီး ငါ ဗိုက်ဆာတယ်..."

"ဆာလည်း အပြင်ထွက်မရဘူး အခုမှ ၅ရက်နေ့ပဲ ရှိသေးတယ်"

"အာ့ဆို ဘယ်အချိန်ကျမှ ထွက်လို့ရမှာလဲ"

"နေဦး ငါ တွက်ကြည့်လိုက်ဦးမယ် ၄ရက် ၅ရက် ၆ရက် ၇ရက်...ငါတို့ ၇ရက်နေ့ကျ ထွက်လို့ရပြီ"

"အဲ့လောက်အကြာကြီး စောင့်ရမှာလား ငါ အပြင်မထွက်ရသေးခင် ဗိုက်ဆာပြီး သေမှာပဲ"

"မင်း အတိတ်ဘဝတုန်းက နွားများ ဖြစ်ခဲ့သလား နွားတွေကမှ စားမြုံ့ပြန်တတ်သေးတယ် မင်းကတော့ ဗိုက်ဆာတာလေးကို ဘယ်လိုမှ သည်းမခံနိုင်ဖြစ်နေတာ...ကုစရာ ဆေးနတ္ထိပဲ..."

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now