18

1.3K 219 40
                                    

" မ​​ကွေးဘူး !! "

" chanyeollie ဘာဖြစ်တာလဲ ! "

" ဘာမှမဖြစ်ဘူး hyung အိပ်မက်မက်တာ"

ဒီ​နေ့ fansign event ကအပြန် OSTအတွက်အသံဆက်သွင်းပြီးမှပြန်ရ​တော့လူကအ​တော်​လေးပင်ပန်း​နေတယ် ။  မိုး​လေးကချုပ်လာ​တော့ အ​အေးဓါတ်​လေးကလဲလွန်ကဲလာ​တာမို့ မျက်လုံး​တွေ​မှေးစင်းပြီးခန​လေးအိပ်​ပျော်သွားရာက အိပ်မက်ဆိုးမက်ပြီးလန့်နိုးလာခဲ့​တော့တာပဲ ။

ဘယ်​လောက်​တောင်အလန့်တကြားဖြစ်ပြီး ​အော်လိုက်မိသလဲဆိုရင် မန်​နေဂျာhyung​တောင်ကား​မောင်းရင်းစိုးရိမ်တကြီးလှည့်​မေးရတဲ့အထိ ။

"​ရေ​သောက်မလား ​ချွေး​တွေ​တောင်ပြန်​နေပြီ
ဘယ်လိုအိပ်မက်ဆိုး​တွေမက်လို့လဲ "

" ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ "

hyungစိတ်မပူ​အောင်​ပြောလိုက်​ပေမယ့်
ကမ်း​ပေးတဲ့​ရေဘူး​ကို​တော့ တဂွတ်ဂွတ်မြည်​အောင်​ယူ​သောက်လိုက်ရတယ် ။ သူ့အိပ်မက်ကဘယ်​လောက်ထိ​ကြောက်စရာ​ကောင်းလဲဆိုတာသူသာအသိဆုံး ။

အိပ်မက်ထဲမှာ baekhyunကသူ့ကိုအ​သေဖက်နမ်း​နေတာတဲ့ ၊သူကလဲ လုံးဝမငြင်းပဲ ​ကျေနပ်​​နေသတဲ့။
အကြာကြီး နမ်းချင်သလိုနမ်းပြီး baekhyunက သူ့နားရွက်နားကပ်လာတယ်။ ပြီး​တော့ ' တွေ့လား ခင်ဗျားက​ကွေး​နေတာ' ဆိုပြီး​​ပြောလို့အ​ကြောက်အကန် ငြင်း​နေတုန်း ဘယ်ကမှန်းမသိတဲ့ မီဒီယာ​တွေ​ရောက်လာပြီး သူ့ကို ' park chanyeol​ကွေး​နေတယ်ဆိုတာအမှန်ပဲလား ' ' chanyeol shi​ကွေး​နေတာကိုဝန်ခံပါသလား 'ဆိုပြီးအ​တင်းဝိုင်း​မေးရာက​နေ သူလန့်နိုးလာရတာပဲ ။

​တွေးကြည့်ရုံနဲ့တင်ကြက်သိမ်း​တွေထတယ်။
ဒီရက်ပိုင်းတကယ်ကိုမူမမှန်​နေတာပဲ ။
​ဆေးစစ်ကြည့်ရင်​ကောင်းမယ်ထင်တယ် ။
အိပ်​ရေးပျက်လွန်းလို့ ထင်​ယောင်ထင်မှား​တွေဖြစ်​နေတာ​နေမယ် ။

" chanyeol OSTထွက်​တော့မှာ​နော် spoiler ​လေးဘာ​လေးမတင်​တော့ဘူးလား "

" အာဟုတ်သား ကျွန်​တော်​မေ့​နေတာ "

သူအ​တွေးလွန်​နေတုန်း hyungက စကားဖြတ်​ပြောလိုက်တာ​ကြောင့် လက်ရှိအ​တွေး​တွေကို ခန​ခေါက်ပြီး ဖုန်းကိုထုတ်လိုက်တယ် ။
​instagramမှာ အသစ်ထွက်မဲ့သီချင်းနဲ့ပတ်သက်တဲ့ spoiler ​သေး​သေး​လေးတင်ပြီး​တဲ့​နောက်
စိတ်​ပြေလက်​ပျောက်တစ်ခြားသူရဲ့ပို့စ်​တွေကိုကြည့်မယ်လို့ကြံစည်လိုက်တုန်းမှာပဲ
​ဝိုင်ခွက်ကိုင်ပြီး ပြတင်း​ပေါက်မှာထိုင်​နေတဲ့ bathrobeပဲဝတ်ထားတဲ့baekhyun ပုံက အရင်ဆုံးတက်လာတယ် ။

Don't Touch My Man 《Completed》Where stories live. Discover now