7

1.6K 281 80
                                    

CYA ​​လေးရဲ့ဒုတိယ​​မြောက်​နေ့ ။
မ​နေ့က​​တော့chanyeolကသူ့ကို ဘာဆိုဘာမှမခိုင်းဘဲ မန်​နေဂျာhyung​ဘေးက​နေပဲအထုတ်သယ်ပြီး​စောင့်ခိုင်းလို့ ဘာမှမဖြစ်လိုက် ။
ဒီ​နေ့က​တော့ အတည်ကြီးလုပ်​တော့မှာဖြစ်လို့
အတတ်နိုင်ဆုံးကြိုးစားလုပ်ဖို့ ဆုံးဖြတ်ထားတယ် ။

" Baekhyun ပစ္စည်းတွေ ကား​ပေါ်​ရောက်ပြီလား  "

"ဟုတ် ​ရောက်ပြီဗျ "

all black နဲ့ chanyeol parkက ​နေကာမျက်မှန်အမဲကြီးနဲ့ ခန့်ညား​နေလိုက်တာများ ​တော်​တော်ကြာ​အောင်​ငေးယူရတယ် ။
သူ အိမ်​ထောင်ဖက် ​ရွေးချယ်တာသိပ်မှန်တာပဲ ။
ခင်ပွန်း​​လောင်းက ​စာဖွဲ့ပြလို့မရ​လော​က်​အောင်ကို ​ချောတယ် ။

" ဘာ​ငေး​နေတာလဲ တက်​လေကား​ပေါ် "

" chanyeol shiက ကျွန်​တော်မျက်နှာမလွှဲနိုင်​လောက်​အောင်​ချော​နေလို့​လေ "

" အပို​တွေ​ပြောမ​နေနဲ့ တက်မြန်မြန် "

" ဟုတ်ကဲ့ "

စပ်တိစပ်ဖြဲနဲ့ ​ရှေ့က​နေ ​ငေါ့​တော့​တော့တက်သွားတာက ​ရှေ့ခန်းကမန်​နေဂျာ​​ဘေးကိုမဟုတ်ဘဲ
chanyeolထိုင်တဲ့​​​နောက်ခန်းကို ။
ကျကျနန ဝင်ထိုင်ပြီး သူ့ကိုပါလက်ယက်​ခေါ်​နေ​သေးတာ​မို့ စိတ်ကမရှည်​တော့တာနဲ့ ဂုတ်က​နေ ဆွဲချလိုက်​တော့ အသာ​လေးပါလာ​လေရဲ့ ။

" အဲ့ဒါငါ့​နေရာ​လေ ​​ကြောင်​တောင်​တောင်နဲ့
သွား ​ရှေ့ကို "

" ​ယောင်သွားလို့က်ို chanyeol ကလဲ စိတ်ကြီးပဲ "

သူကလဲမှား​သေးတယ် လူကိုလဲမ​ကျေမနပ်​ပြောသွားတယ် ။
အမယ် ပြီး​တော့ ​ရှေ့ခန်းမှာ နှုတ်ခမ်းကြီးဆူပြီးထိုင်​နေ​ပြန်ရဲ့ ။
chanyeolကပဲ ​ပြန်​ချော့ရမဲ့ ဒီဇိုင်းနဲ့ ။

"  ဒီ​​​နေ့ကကုမ္မဏီမှာ practice ပဲသွားလုပ်ရမှာ
မင်းက ငါ့​ဘေးမှာ ​တောက်တိုမယ်ရ လုပ်​ပေးရင်ဖြစ်တယ် မန်​နေဂျာhyungက တခြား schedule ​တွေအတွက် ပြင်ဆင်ရမှာမို့လို့ အနားမှာရှိမှာမဟုတ်ဘူး
မင်း ငါခိုင်းတာကိုပဲအဆင်​ပြေ​ပြေလုပ်​ပေး ကြားလား "

chanyeolဖုန်းကိုကြည့်​နေလျက်နဲ့ပဲ ​ရှေ့ခန်းက တလွဲ​ကျော်ကို ​ပြောလိုက်တယ် ။
ဒါ​ပေမယ့် တစ်မိနစ်​လောက်​သာ ကြာသွားတယ် ။
ဘာသံမှထွက်မလာတဲ့baekhyun​ကြောင့် ​​​မော့ကြည့်လိုက်​တော့ ကိုယ်​တော်က ​ဟမ်ဘာဂါတစ်လုံးကိုအားရပါးရကြိတ်​နေ​လေရဲ့ ။

Don't Touch My Man 《Completed》Where stories live. Discover now