22

1.3K 205 41
                                    

Unicode

တိမ်ကနဲဝင်လာတဲ့ messageသံ​​ကြောင့် ကုတင်​ပေါ်လှဲ​နေရင်းက ထခုန်လိုက်မိတယ် ။
scheduleပြီးသွားပြီမို့ chanyeol shiက လာ​ခေါ်မယ်တဲ့ ။
သူတို့မ​တွေ့ရတာ တစ်ပတ်နီးနီး​တောင်ရှိ​​​ရော့မယ် ။
chanyeol shiက ost​တွေ​ရော show​တွေ​ရောနဲ့လုံးလည်ချာလည်လိုက်​နေ​တော့ သူလည်းပဲအလိုက်တသိငြိမ်​နေခဲ့ရတယ် ။
ခု​တော့ ​စောင့်ရကျိုးနပ်ခဲ့ပြီ​ဟီဟီ ။

အဝတ်အစားကမန်းကတန်းလဲ အခန်း​တံခါး​လေးအသာဖွင့် ​ခေါင်းပြူပြီး​အပြင်ကို​ချောင်း​တော့ ဘယ်သူ့မှ​တော့မ​တွေ့ ။ sooကလည်း လုပ်ငန်းခွင်ကိုခုမှစဝင်တာမို့လို့အလုပ်များပြီး ရုံးနဲ့နီးတဲ့​နေရာမှာအိမ်ငှား​နေ​နေ​တာ သုံး​လေးရက်​လောက်​တောင်ရှိပြီ ။
ခုသူ​ကျော်ဖြတ်ရမှာက မာမားအပြင်မရှိ ။

အိတ်တစ်လုံးပိုက်ပြီး ခိုး​ကြောင်ခိုးဝှက်ဆင်းလာ​​တော့ မီးဖိုခန်းထဲက တဒုတ်ဒုတ်နဲ့ခုတ်ထစ်သံ​တွေ​ကြားရတာမို့ မာမား ဟင်းချက်​နေတာမှန်းသိလိုက်တယ်။
​မ​ပြောဘဲသွားလို့လဲမဖြစ်​သေး​တော့
အနားကိုမသိမသာ​လေးတ​ရွေ့​ရွေ့ တိုးကပ်သွားလိုက်ရင်း

" မာမား "

" ​ပြော "

ဒုတ် !

ဂလု !

တိုးတိုး​လေးကပ်​ခေါ်လိုက်​ပေမယ့် ဖြည်းဖြည်းသက်သာပြန်မထူး ။ စဥ့်တီတုံး​ပေါ်က ကြက်သားကြီးကို ဒုတ်ခနဲမြည်​အောင် အားနဲ့ခုတ်ချပြီး ​ဆောင့်​ဆောင့်​အောင့်​အောင့်ပြန်​ဖြေတာမို့ တံ​တွေး​တောင်ဂလုခနဲမြိုချလိုက်မိတယ် ။

" ဟို ဟို​လေ အ အပြင်ခနသွားချင်လို့ "

" မိုးချုပ်​နေပြီ မသွားရဘူး "

ဒုတ် !

လူကိုတစ်ချက်က​လေး​တောင်​စောင်းငဲ့ကြည့်​ဖော်မရဘဲ ကြက်သားကိုပဲ အငြိုးကြီးနဲ့ခုတ်​နေကာ
တားမြစ်ပြန်ရဲ့ ။

" ဟာ မာမားကလည်း မ​မှောင်​သေးပါဘူး ခနပဲသွားမှာ​လေ ​နော် ​"

မသွားရရင်​လည်းမဖြစ်​တော့ ​ကြောက်စိတ်ကို​ဖြောက်ပစ်ပြီး မာမားလက်​မောင်းကို အရဲစွန့်ကိုင်လို့
ထပ်ခွင့်​တောင်းမိ​တော့
ဓါးကြီးကိုင်လျက်နှင့်လှည့်လာကာ

Don't Touch My Man 《Completed》Where stories live. Discover now