6

1.7K 293 51
                                    

တီရှပ်အဝါ​ရောင်​လေး​ရယ် ဒူး​လောက်ရှိတဲ့ ဂျင်း ​ဖျော့​လေးရယ်ကို တွဲဝတ်ပြီး လျှာထိုး ဦးထုပ် အနက်က​လေး​ခေါင်း​ပေါ်တင်ကာ မှန်​ရှေ့ တစ်ပတ်လှည့်လိုက်တယ် ။

"  ​ok ရပြီ ဘောင်းဘီလဲပါပြီ "

ခါးကိုနည်းနည်းကိုင်း ဘောင်းဘီကို
လက်နှစ်ဖက်နဲ့ ​သေ​သေချာချာကြီး ကိုင်ကြည့်ပြီး​မှ
သ​ဘောတကျ ​ရေရွတ်လိုက်တယ် ။
Byun Baekhyunတို့က တစ်ခါပဲအမှားခံမယ် ။
​နောက်တစ်ခါဆိုတာ ဘယ်​တော့မှမရှိ​စေရဘူး ။

စိတ်တိုင်းကျပြီဆိုမှ ကုတင်​ပေါ်တင်ထားတဲ့​ကျောပိုးအိတ်​လေး ​ကောက်လွယ်ပြီး အခန်းထဲကထွက်မယ်အလုပ်

" အဲ ​အောက်ခံ​​ဘောင်းဘီ မဝတ်ထားမ်ိဘူးလားမသိဘူး
"

​ဟိုတစ်ခါလို ဖြစ်မှာစိုးလို့ ​ဘောင်းဘီ​တော့မ​မေ့မ​လျော့ဝတ်လိုက်​ပေမယ့် ​အောက်ခံ​ဘောင်းဘီဝတ်မ်ိလားမဝတ်မိလားဆိုတာ​တော့မ​သေချာ ။
​​ဘောင်းဘီဇစ်​လေးနည်းနည်းဟပြီး​ချောင်းမိမှ
တကယ်ကြီး​မဝတ်ထားမိတာပဲ ။
သူသာသတိမရရင် တ​နေကုန်ဆို ပွန်းပဲ့ကုန်​တော့မှာ။
​တော်ပါ​​သေးရဲ့ ။

" အမြဲ တစ်ခုမဟုတ်တစ်ခုလွဲ​နေတာပဲ ကျစ် "

တစ်ကိုယ်လုံးပြီးပြည့်စုံ​အောင် လုပ်ပြီးကိုင်ပြီးမှ
​ထွက်လာခဲ့ရတယ် ။
ရှစ်နာရီအ​ရောက်သွားချင်​ပေမယ့် ခုဆို ရှစ်နာရီ​တောင်ခွဲ​တော့မယ် ။
ပထမဆုံးရက်ကိုလဲ ​သောက်တလွဲနဲ့စရပြန်တာပါပဲ ။

" ပါပါး ကျွန်​တော်အလုပ်သွား​တော့မယ် "

​လှေကားကဆင်းလာပြီး လက်ရန်းအဆုံး​မှာ ဟန်ပါပါမှီရပ်ရင်း ဦးထုပ်လျှာကို​နောက်ကိုပို့ကာ မျက်နှာချီပြီး​​ပြော​နေတဲ့သူ့ကို ပါပါးက မျက်မှန်ဝိုင်းကြီး​အောက်က​နေ မယုံသက်ာ နဲ့ လှမ်းကြည့်​နေတယ် ။

" မင်းက ဘာအလုပ်လုပ်မှာလဲ
​နောက်က လိုက်ရှင်းရမှာ​တွေဆိုရင် မလွန်ခင်ထဲက ရပ်​လို့ပဲ​​ပြောမယ်
"

" ​CYA "

" ဘာလဲ CYA
CEOမဟုတ် CTOမဟုတ် နဲ့
ဘယ်က​ပေါက်တတ်ကရ ရာထူးလဲ "

Don't Touch My Man 《Completed》Where stories live. Discover now