12

1.6K 277 23
                                    

◾ဥကိုင်ခံချင်​နေပြီလား  ခင်ဗျား !

တဲ့ ဖုန်းထဲကို ​တင်ခနဲဝင်လာတဲ့message က unknown number ဆီက ။
​အရင်ဆို ​ဒေါသထွက်​မိမှာ​​ပေမယ့် ခု​တော့ ​သေချာ​ပေါက်ပို့တဲ့လူကို ခန့်မှန်းမိတာမို့ ရင်ထဲကအပူလုံးကြီးကျသွားတယ် ။
instagramကပို့စ်ကို ဟိုဟာ​လေးမြင်သွားပြီထင်တယ် ။
ဒီလိုရန်ပြန်​ထောင်​နေပုံ​ထောက်အဆင်​ပြေ​ပြေရှိ​နေပုံရတယ်။

စိတ်ပူတာလဲ​လျော့သွားပြီမို့ စာတစ်​ကြောင်းရိုက်နှိပ်ပြီး ပြန်ပို့လိုက်တယ် ။

◽​အေး အကိုင်ခံချင်လွန်းလို့ မင်းအရင်အိမ်လာခဲ့ !

ဘယ်​ရောက်လို့ဘယ်​ပေါက်​နေမှန်းမသိတဲ့ဟာ​လေးကို အရင်ပြန်လာ​အောင်လုပ်ဖို့က အဓိကပဲ ။
​ပြီးမှ ကျန်တဲ့ကိစ္စရှင်းမယ် ။
သူစာပြန်ပြီး စက္ကန့်​ဝက်​လောက်ကြာ​​တော့ စာတစ်​စောင်ပြန်​ရောက်လာတယ် ။

◾လာစရာမလိုဘူး မနက်တည်းက chanyeol shiအိမ်မှာ​နေ​နေတာ

တဲ့ !
​ရောက်လာတဲ့စာကိုဖတ်ပြီး ချက်ချင်း ထရပ်လိုက်မိတယ် ။ မနက်ထဲကဆို​တော့ ဘယ်​ချောင်မှာ ​နေ​နေတာလဲ ။ သူ့မိဘ​တွေ​ရောoh sehun​ရော  ဒီ​လောက်စိတ်ပူပြီး ပြာပန်းခတ်​နေတာကို သူက ဒီအိမ်မှာ ဘာလာလုပ်​နေရတာလဲ ။ မဟုတ်တာ​တွေတအားလုပ်တာပဲ Byun Baekhyunရယ် ။

◽မင်းဘယ်မှာလဲ ချက်ချင်းထွက်ခဲ့
    အကုန်လုံး မင်းကိုလိုက်ရှာ​နေတာကို ဘယ်​ချောင်
    မှာကပ်​နေတာလဲ

တစ်အိမ်လုံးလဲလှည့်ပတ်ရှာရင်း စာပို့ပြီးလဲထွက်ခဲ့ခိုင်းလိုက်တယ် ။ လူလုံးပြလာရင်​တော့ တုတ်နဲ့ကိုရိုက်ချင်​တော့တာပဲ ။

" Byun Baekhyun ဘယ်မှာလဲ ထွက်လာခဲ့ "

"အေး​ဆေး​​ခေါ်​နေတုန်း ထွက်ခဲ့​နော် Baekhyun "

" Byun Baekhyun "

message ကreply မလာ​တော့ ကိုယ်တိုင်ပဲ​အော်​ခေါ်ပြီး လိုက်ရှာရ​တော့တယ် ။အသံကုန်​အော်​နေတာ​တောင် နည်းနည်း​လေးမှ ပြန်မထူးနိုင်ရ​လောက်​အောင် ဘယ်​ချောင်ကြို​ချောင်ကြား မှာ ​ခွေ​နေသလဲ။

" 1 2 3 ​ရေပြီးလို့မှထွက်မလာရင် ရဲ​ခေါ်ပြီးရှာခိုင်းမှာ​နော် ​အေး

Don't Touch My Man 《Completed》Where stories live. Discover now