Final

2.1K 202 54
                                    

Unicode

ကုန်လွန်ခဲ့တဲ့​နေ့ရက်​တွေဟာ ပြန်​တွေးကြည့်ရင်
နှ​​မြောစရာ​ကောင်းလွန်းတယ် ။
​နှစ်​​ပေါင်းနှစ်ဆယ်ကြာ​အောင် စိတ်ရှည်ရှည်နဲ့
သည်းခံ​စောင့်​ပေးရင်း အနားမှာ ရှိ​နေ​ပေးခဲ့တဲ့​ကောင်​လေးကတော့ ​အသက်အရွယ်​လေးရလာတာကလွဲ Park Chanyeol​ပေါ်ချစ်တဲ့အချစ်​တွေဟာ ​လျော့ရဲမသွားခဲ့ ။

တဟုန်ထိုး​အောင်မြင်ခဲ့တဲ့ အချိန်​တွေမှာလည်း အနားမှာ ဂုဏ်ယူ​​ဝင့်ကြွားစွာ ရှိ​​နေ​ပေးခဲ့ပြီး
ပင်ပန်းလွန်းတဲ့ကာလ​တွေကိုလည်း ​ဖေးမ​ပေးရင်း
ရှိ​နေ​ပေးခဲ့​တဲ့​ကောင်​လေးဟာတရားဝင်Park Baekhyun​လေးဖြစ်လာခဲ့​တယ်။

​လေးဆယ့်ငါးနှစ်တိတိပြည့်တဲ့နှစ်မှာအနုပညာအလုပ်​တွေကို ယတိပြတ်ရပ်နားလိုက်ပြီး
​နောက်ဆုံး stage မှာတင် Baekhyunလက်ကိုတွဲကာ ဒါဟာကျွန်​တော့်ချစ်သူပါလို့ တစ်ကမ္ဘာလုံးကို ​ကြေညာခဲ့ပြီး​နောက် fan​တွေကို အရိုအ​သေ​ပေးကာ ​တောင်းပန်ခဲ့တယ် ။

​လေးဆယ့်​ခြောက်နှစ်​မြောက်​မွေး​နေ့မှာ​တော့
Byun Baekhyunကိုလက်ထပ်ခွင့်​တောင်းခဲ့ပြီး
Park Baekhyunအဖြစ်သို့ကူး​ပြောင်း​စေခဲ့တယ် ။
နှစ်​ပေါင်း​မြောက်များစွာ ​စောင့်​နေ​ပေးခဲ့တဲ့​ကောင်​လေးက​တော့ အ​ပျော်​တွေ​ကြောင့်မျက်ရည်​တွေ​တောင်ကျလို့ရယ် ။
​မျှော်လင့်ခဲ့တဲ့​နေ့ရက်​လေးဟာ ​​တော်​တော်နဲ့​ရောက်မလာခဲ့​ပေမယ့် ​ဘယ်ချိန်ထိပဲ​ရောက်​ရောက် ​စောင့်နိုင်ပါတယ်ဆိုပြီးသူကိုယ်တိုင်​ပြောခဲ့တာမို့ ​​ကျေနပ်ပါတယ်တဲ့ ။

ငယ်ရွယ်ခဲ့တဲ့အချိန်​တွေမှာ သာမန်စုံတွဲ​တွေလို ဖြတ်သန်းခွင့်မရခဲ့​​ပေမယ့် ကျွန်​တော်တို့​ပျော်ခဲ့ကြတယ် ။
ကျွန်​တော်ဘယ်သွားသွား ဘာလုပ်လုပ် ​နောက်ကတ​ကောက်​ကောက်လိုက်ပြီး ဖြည့်ဆည်း​ပေးတတ်တဲ့​ဗြောင်​လေးကလည်း ဘာဆိုဘာမှမ​တောင်းဆိုပဲ
အလုပ်များ​နေတဲ့ chanyeolအတွက်ပဲအမြဲ​တွေး​ပေးပြီး ​ကျေနပ်​နေခဲ့တယ် ။
သူ့ထက် chanyeol fan​တွေကိုသာ ပိုဦးစား​ပေး​စေပြီး  chanyeol​မွေး​နေ့တိုင်းမှာလည်း fan letter ​တွေဖတ်ရင်း chanyeolထက်ကိုပို​ပျော်​နေတတ်​သေးတယ် ။

Don't Touch My Man 《Completed》Where stories live. Discover now