အင်မော်တယ်ကမ္ဘာမှအပြန် (နိဒါန်း) အင်မော်တယ်ကမ္ဘာရှိ အထွတ်အထိပ်သိုင်းပညာရှင်တစ်ဦး သေဆုံးသွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်သည် ကမ္ဘာမြေပေါ်ရှိ မူလခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထန်ရှုသည် အင်မော်တယ်ကမ္ဘာပေါ် တွင် နှစ်ပေါင်းတစ်သောင်းကျော် ကြာသွားသော်လည်း ကမ္ဘာမြေပေါ်တွင် တစ်နှစ်သာကြာသည်ကို အံ့အားသင့်စွာဖြင့် တွေ့ရှိခဲ့ရသည်။ ချစ်ရသူနှင့် ယုံကြည်ရသောမိတ်ဆွေများ၏ သစ္စာဖောက်ခြင်းကို ရက်ရက်စက်စက်ခံခဲ့ရသူ ထန်ရှု အနေဖြင့် ကမ္ဘာမြေပေါ်ရှိ သူ၏မူလခန္ဓာကိုယ်ဆီသို့ သူ၏စိတ်၀ိညာဥ် ပြန်ရောက်သွားသည်ကို တွေ့ကြုံခဲ့ရပြီး အကြောင်းအရာများစွာ ပြောင်းလဲသွားခဲ့သည်။ အင်မော်တယ်ကမ္ဘာမှ ပိုင်ဆိုင်လာခဲ့သော ထူးခြားသည့် အသိပညာဗဟုသုတများဖြင့် ထန်ရှုသည် သူ တန်ဖိုးထားရသောသူများကို ကာကွယ်ပေးမည်ဖြစ်ပြီး သူ၏ရန်ငြိုးကို