အဖြူနဲ့အမဲလို ကွဲပြားစွာရှင်သန်လာသူနှစ်ယောက်၊ ဗီဇကအစ မတူညီတဲ့သူတို့နှစ်ယောက် ရဲ့အမှတ်တမဲ့တွေ့ဆုံခြင်းဟာ အမှတ်တရဖြစ်သွားချိန်မှာတော့....။ မင်းငါ့ကိုသစ္စာဖောက်တစ်တစ်နေ့ရှိလာရင်တော့ ငါမင်းကို အကြင်နာမဲ့စွာသတ်ပြစ်ရလိမ့်မယ်။ (ပိုင်လင်) ငါမင်းကိုအရမ်းသဘောကျခဲ့မိတာ ငါ့အမှားလား! ငါ နှလုံးသားကို ငါမထိန်းချုပ်နိုင်ပဲ မင်းကိုမှ အရူးအမူးဖြစ်သွားခဲ့မိတာ ငါမှားလား! (ဟုန်ယိ) ငါမင်းကိုလိုအပ်တယ်! ငါရှင်သန်နိုင်ဖို့ဆိုရင် မင်းကိုလိုအပ်တယ်လို့! (ချင်းရွှယ်) ငါတို့တွေဟာ အစကတည်းကသာ ချစ်ခြင်းမုန်းခြင်းတွေမရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ! ဒါဆို အခုလို ဇာတ်သိမ်းမျိုး ရှိလာတော့မှာမဟုတ်ဘူး! (ပိုင်လင်)