"ငါ့လူတွေကသူ့မိသားစုကိုသတ်ခဲ့တယ်,ဒါပေမဲ့သူကတချိန်တုန်းကငါ့အသက်ကိုတကြိမ်ကယ်ခဲ့ဖူးတယ်.ငါ.ငါ့နှလုံးသားထဲက နောက်ဆုံးသောနူးညံ့မှုနဲ့သူ့အသက်ကိုချမ်းသာပေးခဲ့တယ်. ငါသူ့ကိုကာကွယ်ပေးချင်တယ်.ငါသူ့အပေါ်အသက်အကြွေး တင်နေတယ်.ငါသူ့ကိုချစ်တယ်.ငါ့ဘဝတခုလုံးသူ့အပိုင်ပဲ. ဒါပေမဲ့..ဒီအကြောင်းတွေငါသူ့ကိုမပြောပြနိုင်ဘူး.." "လူသတ်သမားအချို့ကြောင့်ကျတော့မိဘတွေသေဆုံးခဲ့ရတယ်, ဒါပေမဲ့သူတို့ကဘယ်သူတွေလဲဆိုတာကျတော်မသိဘူး. ကျတော်သူတို့ကိုရှာပီးကျတော့မိဘနှစ်ပါးအတွက် လက်စားပြန်ချေချင်တယ်.သူကျတော့ကိုကယ်ခဲ့တယ်. တခါကအဲ့ဒီလမ်းကြားလေးထဲမှာကျတော်သူ့ကိုကူညီခဲ့သလိုမျိုးပေါ့.ကျတော်သူ့အပေါ်မှီခိုအားထားမိသလိုခံစားရတယ်. ကျတော်သူ့ကိုသဘောကျတယ်.သူကတော့ အားနည်းတဲ့သူတွေကိုသဘောကျပုံမပေါ်ပါဘူး. ဒါကြောင့်ကျတော်သူ့ကိုမပြောပြနိုင်ဘူး.."