အဖြူရောင်စတစ်လက်ရှည်နဲ့ အစိမ်းရောင်ပုဆိုးကွက်စိပ်စိပ်လေးတွေ ဝတ်ထားတဲ့ လူတစ်ယောက်စီမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ နှလုံးသားလေး မြင်မြင်ချင်းကျဆုံးသွားရတယ်ဆို ခင်များတို့ ယုံမလား? ယုံဖို့ ကျွန်တော်ကတော့အကြံပေးချင်ပါတယ် ဘာရယ်ကြောင့်တော့မဟုတ်ပါဘူး အဲဆယ်ကျော်သက်ကောင်လေးက ကျွန်တော်ဖြစ်နေလို့ပါဘဲ *မင်းသွေးငယ်* အပင်လေးတစ်ပင်လောက်ဘဲဖြစ်ဖြစ် ခင်များတို့ စိုက်ဖူးကြသလား စိုက်ဖူးရင် တယုတယနဲ့ အဲအပင်လေးကို ရေလောင်း ပေါင်းသင် မြေသြဇာကျွေး ဆေးဖြန်းရော လုပ်ဖူးကြသလား ကျွန်တော်ကတော့ လုပ်ဖူးတယ်ဗျ ဒါပေမယ့် အပင်လေးတော့မဟုတ်ပါဘူး အပင်လေးနဲ့ တူတဲ့ ကောင်လေးတစ်ယောက်ကိုပါ ဘေးနားကနေ အရိပ်တကြည့်ကြည့် ကြင်ကြင်နာနာနဲ့ပေါ့ * မှူးခန့်ပိုင်* မင်းတို့မှာ အချစ်ဦးရှိဖူးကြတယ်မလား ကျွန်တော့မှာလည်း ရှိဖူး