Under The Moonlight Dreamใ€ Co...

By Epiphany_Jinah

145K 12.1K 1.4K

๐—” ๐—–๐—ผ๐—บ๐—ฝ๐—น๐—ฒ๐˜๐—ฒ๐—ฑ ๐—ฉ๐—ธ๐—ผ๐—ผ๐—ธ ๐—™๐—ถ๐—ฐ๐˜๐—ถ๐—ผ๐—ป " โ„Ž๐‘’๐‘ฆ ๐‘๐‘œ๐‘ฆ , ๐‘– ๐‘‘๐‘œ๐‘›'๐‘ก ๐‘™๐‘œ๐‘ฃ๐‘’ ๐‘ฆ๐‘œ๐‘ข " " ๐‘–๐‘ก'๐‘  ๐‘œ... More

Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Like This Again
Hidden Memory

Episode 26 โ€ข The Final โ€ข

10.3K 453 59
By Epiphany_Jinah


* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၆ *

" ဘေဘီ .. နှစ်နှစ်ပဲ နှစ်နှစ်လောက်ပဲ ဒီထဲမှာနေပါ .. ဘေဘီ့အမှားတွေကို ပြန်သုံးသပ် ... နှစ်နှစ်ပြီးရင်တော့ ကိုယ့်ဆီပြန်လာခဲ့ .. "

အရှေ့ကစကားပြောနေတဲ့ ဂျောင့်ကို မျက်ဝန်းအသေတွေနဲ့ကြည့်ပြီး မတုံ့ပြန်မိ။ သို့ပေမဲ့ လှောင်ပြုံးလေးတော့ ပြုံးလိုက်မိသည်။ အခုမှ သူသိရသည်က Han Royal Groupက လူကြီးနဲ့ဂျောင်ဟာ ပူးပေါင်းပြီး သူ့ကို ချောက်ချတာတဲ့။ ဘယ်လောက်တောင် သူတုံးအခဲ့တာလဲ ။ ဒါကို သူမသိဘဲ သူ့ခန္ဓာကိုယ်ကို ရင်းခဲ့ရတာ။ မဖြူစင်ပေမဲ့ ရွံစရာလူတွေနဲ့တော့ မပတ်သတ်ချင်ပါ။ အဲ့ဒါထက် ဂျွန်ထယ်!! အရမ်းရင်နာခဲ့ရတဲ့ကောင်လေး။ အမှန်တရားကို မြင်နေခဲ့တာတောင် သူပြောတဲ့စကားတစ်ခွန်းကိုပဲ မျက်စိမှိတ်ယုံကြည်ပေး‌တဲ့ကောင်လေး။

အခုဆို ဂျွန်ထယ် ဘာတွေများလုပ်နေလိမ့်မလဲ ...

" ဘေဘီထယ် .. ချစ်လွန်းလို့ လုပ်တာကို စိတ်မကောက်လိုက်ပါနဲ့ ဘေဘီ.. "

" ကျွန်တော့်ပုံက ခင်ဗျားကို စိတ်ကောက်နေတဲ့ပုံနဲ့ တူနေလို့လား ဆွန်းအီဂျောင် .. ခင်ဗျား ဘာပြောစရာ ကျန်သေးလဲ .. မကျန်တော့ဘူးဆို .. တရားခွင်မှာတွေ့မယ် ... ကျွန်တော်ကတော့ ခင်ဗျားအတွက် ပြောစရာစကားတစ်ခွန်းတောင်မရှိဘူး "

သူပြောတော့ ဂျောင်က မျက်ရည်ကျမတတ်သူ့ကိုကြည့်ကာ သူ့ပါးပြင်တွေ ထိကိုင်ဖို့ကြိုးစားသည်။ သို့ပေမဲ့ နောက်ဆုတ်လိုက်တဲ့သူ့ကြောင့် လက်တွေကို ပြန်ရုတ်သိမ်းသွားသည်။

ထို့နောက် သူ့ကိုလာခေါ်တဲ့ရဲတွေနောက်ကိုသာ သူလိုက်သွားမိတော့သည်။ ဦးတည်ရာက တရားခွင်။

" တရားခံဖြစ်သူဟာ ကုမ္ပဏီစာရွက်စာတမ်းတွေကို လက်မှတ်အတုထိုး လိမ်လည်ခဲ့ကြောင်း တွေ့ရှိရပါတယ် ... အထူးသဖြင့် YK Project လွှဲပြောင်းတဲ့ကိစ္စမှာ ဥက္ကဌလက်မှတ် ပုံစံတူ ဖန်တီးပြီး တစ်ဖက်က လူကြီးကို လွှဲပြောင်းထားပေးတယ်လို့ တွေ့ရှိရပါတယ်။ ကင်ထယ်ယောင်း ... ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာပြောစရာရှိပါလဲ "

မေးလာတဲ့မေးခွန်းကို သူပြန်ဖြေဖို့အင်အားမရှိ။ အမှန်တိုင်းဆိုရင်တောင် သေချာပေါက် သူထောင်ထဲဝင်ရမှာပဲလေ ။

" ဆွန်းအီဂျောင်ကိုယ်တိုင်လက်မှတ်ထိုးပြီးပေးတာပါ အဲ့စကားကလွဲရင် ကျွန်တော့်မှာ ဘာမှပြောစရာမရှိဘူး "

သူ့တုံ့ပြန်ချက်ကြောင့် တရားခွင်ဟာ ခဏတာ တိတ်ဆိတ်ပြီး နောက်ပြစ်မှုတစ်ခုဆီ ဆက်သွားပြန်သည်။

" နိုဝင်ဘာ ခြောက်ရက်နေ့က သေဆုံးသူ လီမင်ဂျွန်းနဲ့အငြင်းပွားမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ် ‌ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတဲ့ လီမင်ဂျွန်းကို ဝိုင်ပုလင်းတွေနဲ့ ထိုးသတ်ခဲ့တာပါ .. အခင်းဖြစ်ပွားရာနေရာက အဝတ်အစားတွေနဲ့ ဝိုင်ပုလင်းပေါ်မှာ ကင်ထယ်ယောင်းရဲ့လက်ဗွေတွေ တွေ့ရှိခဲ့ရပါတယ် .. သက်သေထင်ရှားနေပြီဖြစ်တဲ့အတွက် တရားခံဘက်က ရှေ့နေ ဘာများချေပချင်ပါသလဲ "

ထိုစကားကြောင့် ထယ်ယောင်းရီလိုက်မိသည်။ တရားခံဘက်ကရှေ့နေ?? မေးမနေနဲ့ တစ်ဖွဲ့တည်းပဲကို ..။

" သေဆုံးတာ နိုဝင်ဘာလေးရက်နေ့ ?? ကျွန်တော် သူနဲ့ နောက်ဆုံးတွေ့ခဲ့တာ နိုဝင်ဘာ ၁၀ရက်နေ့ပါ အဲ့တော့ ကျွန်တော်နဲ့သေချာတွေ့ပြီးစကားပြောခဲ့တဲ့ လီမင်ဂျွန်းက သေပြီးမှ ပြန်ရှင်လာတာလား တရားသူကြီးမင်း "

မျက်နှာသေနဲ့စကားပြန်ပြောတာမို့ ပရိတ်သတ်ထဲက အသံထွက်လာသည်။

" ရူးနေပြီလား ... "

" စိတ်မမှန်တာလား ... "

" ပြောမရဘူးလေ အမသေပြီးကတည်းက .. စိတ်မမှန်တော့တာ မဟုတ်လား "

ကြားနေရတဲ့စကားတွေကို လျစ်လျူရှုလိုက်မိသည်။

" ထယ်ယောင်းဘက်ကတင်ပြတဲ့အထဲမှာ သေဆုံးသူလီမင်ဂျွန်းက နိုဝင်ဘာလ ၅ရက်နေ့မှာ ဆေးရုံတက်ခဲ့တယ်လို့ ပါပါတယ် ဒါပေမဲ့ ဆေးရုံမှတ်တမ်းမရှိသလို .. စီစီတီဗွီမှာလဲ မရှိပါဘူး ... ဆေးရုံတက်ပြီးကားအက်စီးဒင့်ဖြစ်တယ်လို့ ပါပေမဲ့ .. ကားအက်စီးဒင့်ဖြစ်ခဲ့တာ တခြားကောင်လေးတစ်ယောက်ပါ .. ထယ်ယောင်းတွေ့ခဲ့တဲ့ သူကလဲ တခြားကောင်လေးပါ
ဒီတစ်လအတွင်းမှာလဲ ထယ်ယောင်းက ဆေးတွေသုံးစွဲနေတယ်လို့ ဆေးစစ်ချက်အရသိရပါတယ် "

ထိုစကားကြောင့် ထယ်ယောင်း အသည်းအသန်ငြင်းမိသည်။

" မဟုတ်ဘူး .. ဆေးသုံးတယ် ?? ဘာဆေးတွေသုံးတာလဲ . ကျွန်တော်ဘာဆေးမှ မသုံးဘူး .. အားဆေးတွေတောင် ကျွန်တော် မသုံးခဲ့ဘူး ... မှားနေပြီ "

ဒေါသတကြီးပြောရင်း .. ပရိတ်သတ်တွေကြားထဲက ဂျောင့်ကိုလှည့်ကြည့်မိတော့ မျက်ဝန်းနီနီတွေနဲ့စိုက်ကြည့်နေခဲ့တဲ့သူ .. ဆွန်းအီဂျောင်.. လူယုတ်မာ...

" ထယ်ယောင်းသုံးစွဲနေတဲ့ဆေးဟာ သောက်ဆေးမဟုတ်ဘဲ ထိုးဆေးဆိုတာ သိပါရဲ့လား ... "

ထိုစကားကြောင့် ဖျတ်ကနဲ့သတိရမိတာ သူဂျွန်ထယ်နဲ့ ချိန်းထားခဲ့တဲ့နေ့။ ရုတ်တရက်မူးလဲပြီး နောက်နေ့မနက် အိမ်မှာ တွေ့ရတဲ့ သူ့လက်ပေါ်က အပ်ရာတွေ။
သူရယ်လိုက်မိသည်။

ဟုတ်ပါ့ .. ပိရိလိုက်တာ ... ဆွန်းအီဂျောင်ရဲ့.. ဒါကြောင့်လဲ မမရဲ့အမှုက မပေါ်ခဲ့တာပေါ့

" ကင်ထယ်ယောင်းသုံးစွဲတဲ့ ဆေးဟာ စိတ်ရောဂါရှိတဲ့သူတွေ သုံးစွဲတဲ့ဆေးပါ .. စိတ်ရောဂါရှိတဲ့လူတစ်ယောက် ကျူးလွန်တဲ့ လူသတ်မှုကို သက်ညာသောအားဖြင့် ပုဒ်မ (**)အရ ထောင်ဒဏ် တစ်နှစ်နဲ့ ဆေးကုသမှု ခံယူစေ "

ထိုစကားအဆုံး မျက်ဝန်းကြည်ကြည်က နီရဲတက်လာသည်။ နောက်ဆုံး သူ့ဘဝကြီးဟာ လူသတ်ကောင်အဖြစ်‌မဟုတ်ဘဲ စိတ်ရောဂါသည်ကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာပါ အဆုံးသတ်ရတော့မှာပါလား ... ယုတ်မာတတ်မှန်းသိပေမဲ့ အဆုံးစွန်ထိလုပ်လိမ့်မယ်လို့မထင်ထားမိခဲ့ဘူး ဂျောင်ရယ်

ထယ်ယောင်း ခေါင်း‌ငုံ့လိုက်ပြီး မျက်ဝန်းတွေကိုပိတ်ချလိုက်သည်။ ထိုခဏ ...

" တရားသူကြီးမင်း ခင်ဗျား ... ခဏလောက်နေပါဦး ... နောက်ကျသွားလို့တောင်းပန်ပါတယ် ... ကျွန်တော်က တရားခံဘက်ကဆင့်‌ခေါ်ထားတဲ့ရှေ့နေ ဂျန်ဟိုဆော့ပါ "

ဖိုင်တွဲတွေကိုင်ကာ လျှောက်လမ်းမအတိုင်းဝင်လာတဲ့ အပြုံးချိုချိုနဲ့လူသားတစ်ဦး။ ထယ်ယောင်းဖြတ်ကနဲ့ခေါင်းထောင်ပြီး လှည့်ကြည့်လိုက်တော့ သူတစ်ခါမှမမြင်ဖူးတဲ့ လူ။ ပြီးတော့ သူ မခေါ်ထားခဲ့တဲ့ရှေ့နေ။ သူလန့်သွားမိသည်။ ဘယ်သူ ... ဘယ်သူက သူ့အတွက်များ ..။ ပတ်ဝန်းကျင်ကိုအကဲခတ်မိတော့ .. ဂျီမင်!!

ရုတ်တရက် သူပျော်ရွှင်သွားရသည်။ အဆုံးစွန်ထိကျနေပြီဖြစ်တဲ့ စိတ်တွေ ချက်ချင်းအားတက်သွားရတော့သည်။

ဂျီမင်ဆီမှာ မမအမှုအတွက် သက်သေတွေရှိနှင့်ပြီးသားလေ။

ဂျီမင်ကို သူ ဝမ်းသာအားရ ‌ပြုံးပြမိတော့ ဂျီမင်က အဆင်ပြေသွားမှာဆိုတဲ့ပုံနဲ့ ပြန်ပြုံးပြသည်။ ထို့နောက် ဂျောင့်မျက်နှာကို အကဲခတ်ကြည့်မိတော့ ဂျီမင်ကိုမြင်တာနဲ့ ထိတ်လန့်သွားတဲ့ဂျောင်!!

" ကင်ထယ်ယောင်းက ဆေးသုံးစွဲမှုမရှိသလို ‌စိတ်ရောဂါရှိတဲ့သူတစ်ယောက်လဲ မဟုတ်ပါဘူး ထယ်ယောင်းကိုယ်တွင်းမှာ စစ်ဆေးခဲ့တဲ့ရလဒ်ကလဲ တစ်ခါတည်းသာအသုံးပြုထားတာဖြစ်ပြီး အကြိမ်ကြိမ်သုံးစွဲထားခြင်းမရှိပါဘူး.. အဲ့တာကြောင့် စိတ်ရောဂါရှိသူဆိုတဲ့စွဲချက်ကိုချေပချင်ပါတယ်.. တလက်စတည်း စာရွက်စာတမ်းလွှဲပြောင်းမှုကိစ္စမှာ ကင်ထယ်ယောင်းက တခြားလူဘက်ကို လိမ်လည်လွှဲပြောင်းပေးတာမဟုတ်ဘဲ တင်ပြချက်အနေနဲ့ တင်ပြခဲ့ခြင်းသာဖြစ်ပါတယ် ပြီးတော့ စာရွက်အစစ်ကဒီမှာပါ .. တရားခွင်မှာရှိနေတဲ့ လက်မှတ်အတုနဲ့စာရွက်က ဘယ်ကရောက်လာမှန်းမသိပေမဲ့ အမှုအတွက် လက်ဗွေတွေကို အစအဆုံးပြန်စစ်ဆေးနိုင်ပါတယ် .. "

စကားတစ်ခွန်းပြောတိုင်းအချက်အလက်တစ်ခုထုတ်ပေးတတ်တဲ့ ရှေ့နေ့ကြီးဟိုဆော့ကြောင့် ထယ်ယောင်းပြုံးမိသည်။ လူတွေကလဲ စိတ်ဝင်တစား ဟိုဆော့ကိုသာ စိုက်ကြည့်သည်။

" နောက်တစ်ခု .. ကုမ္ပဏီငွေအလွဲသုံးစားမှု?? ကင်ထယ်ယောင်းက ရှယ်ယာအစုတွေမှာ နာမည်ပဲရှိခဲ့တာပါ ပိုင်ဆိုင်မှုတစ်ခုမှမရှိသလို လုပ်ပိုင်ခွင့်လဲမရှိပါဘူး ပိုက်ဆံငွေသားကိုင်ခွင့်မရှိသလို ကဒ်တစ်ခုတည်းနဲ့ နှစ်နှစ်နီးပါးရှင်သန်လာတဲ့ကောင်လေးတစ်ယောက်ပါ အဲ့ဒါတွေကို ထိန်းချုပ်နေသူက ဘယ်သူလို့ထင်ပါသလဲ "

" ... "

" ဟော့ဒီက ကင်ထယ်ယောင်းရဲ့ယောက်ဖတော်စပ်သူ KM Groupရဲ့ဥက္ကဌ ဆွန်းအီဂျောင်ကိုယ်တိုင် ထိန်းချုပ်ကန့်သတ်ခဲ့တာပါ .. ထယ်ယောင်းရဲ့ ရှယ်ယာထဲ အစွန်းအမြတ်တွေပေါင်းထည့်ရင်တောင် နောက်ဆုံးမှာ ရမဲ့သူက အီဂျောင်ပဲဖြစ်ပါတယ် ဒါက ထယ်ယောင်းရှယ်ယာအစုကိုဝင်တဲ့ငွေတိုင်း တစ်ဖက်လှည့်နဲ့ ဆွန်းအီဂျောင်ဆီ ပြန်ရောက်သွားတဲ့ အလွှဲအပြောင်းသက်သေတွေပါ ... နောက်ထပ်တစ်ခုကတော့ လူသတ်မှု ?? .. ဆေးရုံကမှတ်တမ်းတွေဖျောက်ဖျက်ခံရပေမဲ့ ကားထဲကမှတ်တမ်းကိုတော့ဖျောက်ဖျက်လို့မရပါဘူး ခင်ဗျာ့ .. ဒါကတော့ ဆွန်းအီဂျောင်ရဲ့ကားထဲကရခဲ့တဲ့မှတ်တမ်းတွေပါ နိုဝင်ဘာ ‌ငါးရက်နေ့မနက်ပိုင်းမှာ လီမင်ဂျွန်းကို ဆေးရုံကိုပို့ဆောင်ပေးခဲ့တဲ့သူက ဆွန်းအီဂျောင်ဖြစ်သလို ခြောက်ရက်နေ့ ညနေပိုင်းမှာလဲ ကားနဲ့ထပ်တိုက်ခဲ့သူက ဆွန်းအီဂျောင်ပဲဖြစ်ပါတယ် .. လီမင်ဂျွန်းကို နောက်ထပ် နိုဝင်ဘာ ၁၁ရက်နေ့မှာ သွားတွေ့တဲ့သူက ဆွန်းအီဂျောင်ပါ ဆေးရုံမှာ မှတ်တမ်းမရှိပေမဲ့ ဆေးရုံရှေ့က ကော်ဖီဆိုင်ကနေ မှတ်တမ်းရခဲ့တာပါ အဲ့မှတ်တမ်းအရ နိုဝင်ဘာ ၁၀ရက်နေ့မှာ လီမင်ဂျွန်းကိုသွားတွေ့တာ ထယ်ယောင်းအပြင် နောက်တစ်ယောက်ပါရှိနေပါသေးတယ် ... သူကတော့ မင်ယွန်ဂီပါ တရားသူကြီးမင်းခင်ဗျာ မျက်မြင်သက်သေကိုဆင့်ခေါ်ခွင့်ရှိပါသလား "

" တရားခံရှေ့နေဘက်က မျက်မြင်သက်သေကို ဆင့်ခေါ်ခွင့်ပြုပါတယ် "

ထို့နောက် ဝင်လာတဲ့သူက မင်ယွန်ဂီ ။

" မင်္ဂလာပါ ကျွန်တော်က မင်ယွန်ဂီပါ နိုဝင်ဘာ ၁၀ရက်နေ့မှာ ကျွန်တော်နဲ့ ကင်ထယ်ယောင်းဟာ လီမင်ဂျွန်းကို သွားတွေ့ခဲ့ပါတယ် အဲ့အချိန်အထိ အကောင်းအတိုင်းရှိနေပါသေးတယ် .. ပြီးတော့ အဲ့ဒီ့နေ့က ထယ်ယောင်းက လီမင်ဂျွန်းကို ဘာမှမလုပ်ဘဲ စကားပြောပြီး ပြန်လာခဲ့ကြတာပါ အခန်းထဲကအရင်ထွက်သွားခဲ့တဲ့သူက ကင်ထယ်ယောင်းပါ .. "

" ဟုတ်ပါပြီ .. မျက်မြင်သက်သေထိုင်နိုင်ပါပြီ "

" တရားသူကြီးမင်းခင်ဗျား .. ဒီလောက်ဆိုရင် ကျွန်တော့်အမှုသည်က ပြစ်မှုမရှိကြောင်းထင်ရှားနေပါပြီ ပြီးတော့ ကျွန်တော့်အမှုသည်ရဲ့မတရားခံမှုအတွက် ကျွန်တော်တရားပြန်ဆွဲချင်ပါတယ် .. အဲ့ဒါအပြင် လွန်ခဲ့တဲ့တနှစ်ကျော်ကျော်လောက်က သေဆုံးခဲ့တဲ့ KM Group CEO ကင်ထယ်ရန်းနဲ့ အမှုစစ်အရာရှိ ပက်ဂျယ်ရှင်းအတွက် အမှုပြန်ဖွင့်ပါတယ် ကင်ထယ်ရန်းရဲ့သေဆုံးမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံကို ကျွန်တော် တင်ပြပါရစေ "

ထိုစကားအဆုံး ထယ်ယောင်း ဂျောင့်ကိုလှည့်ကြည့်မိသည်။ ယုတ်မာတဲ့လူတွေဟာ နေ့ချင်းမကူး ပြန်ခံရတတ်တာ တကယ့်လက်တွေ့ပင်။ အဲ့ဒါထက် အခု ဂျောင်!! သွေးပျက်နေမဲ့ ဆွန်းအီဂျောင် !! ဘယ်မှာလဲ .. သူလိုက်ရှာမိတော့ မတွေ့ ။ ဒေါသတွေ ငယ်ထိပ်ဆောင့်တက်သွားသည်။ ခန်းမထဲ ထပ်ဝင်လာတဲ့ရဲတွေကလဲ ဆွန်းအီဂျောင်ကို အပူတပြင်းရှာနေပုံရသည်။ ဖြစ်နိုင်ရင် သူဒီနေရာကဆင်းပြေးပြီး သူကိုယ်တိုင်ပဲရှာချင်တော့သည်။

" တရားခံဟုယူဆရသူကင်‌ထယ်ယောင်းအမှုအား ရပ်နားပြီး နိုဝင်ဘာ ၂၈ရက်နေ့သို့ ရွှေ့ဆိုင်းမည်ဖြစ်ပြီး ကင်ထယ်ရန်းသေဆုံးမှုအား နိုဝင်ဘာ ၃၀ရက်နေ့တွင် ရုံးတင်စစ်ဆေးပါမယ် "

ထိုစကားနဲ့အတူ တရားခွင်ရပ်နားကြောင်း အသံထွက်လာတော့ သူအလောတကြီး ဂျီမင်ဆီပြေးမိသည်။

" ဂျောင်!! ခွေးကောင် ဘယ်ရောက်သွားလဲ "

" ထယ်ယောင်း စိတ်အေးအေးထား .. အဲ့တာထက် အရေးကြီးတာရှိတယ် ငါနဲ့လိုက်ခဲ့ "

" မဟုတ်ဘူး .. ငါထွက်မရသေးဘူးလေ "

" ဂျန်ဟိုဆော့က ကြည့်ရှင်းလိမ့်မယ် .. မင်း အရင်ဆုံး ငါနဲ့ လိုက်ခဲ့ ဂျောင်ကုကို မဆုံးရှုံးချင်ရင် .. "

ပြောပြီးတာနဲ့ သူ့လက်ကို ဆွဲကာ ခန်းမထဲကပြေးထွက်တဲ့ဂျီမင် ..။ ဂျောင်ကု ဆိုတဲ့အသံကြားတာနဲ့ ထယ်ယောင်းခြေထောက်တွေက အလိုလိုလိုက်ပါပြီးသား။ အဲ့ဒီလိုပဲ ယွန်းဂီကလဲ ဂျီမင်နောက်ထပ်ကြပ်မကွာလိုက်သည်။

ဂျောင်ကု၊ သူ့ဂျွန်ထယ်လေး ... သူ့အကြောင်းတွေ ဘယ်လိုသိကြတာလဲ.. သူမေးချင်နေပေမဲ့ ဂျီမင်ပုံက အလောတကြီးဖြစ်နေပုံရသည်။ ကားပါကင်အရောက်မှာ အနက်ရောင်ကားတစ်စီးထဲ သူ့ကို အတင်းဝင်ထိုင်‌စေပြီး တံခါးအတင်းပိတ်တဲ့ဂျီမင်။

ရုန်းရင်းဆန်ခတ်အခြေအနေကို သူဘာမှနားမလည်နိုင်တော့ ကားတံခါးကို ဟကာ မေးခွန်းထုတ်ဖို့အလုပ် ရုတ်တရက် ကားတံခါးဖွင့်မယ့်သူ့လက်တွေကို ဆုပ်ကိုင်တားမြစ်ကာ ခါးပတ်ကောက်တပ်ပေးလာတဲ့ နူးညံ့ညံ့လက်တစ်စုံ ။ အထိအတွေ့မှာတင် ဘယ်သူမှန်းသိနေပြီမို့ မောင်းသူနေရာကလူကို တအံ့တဩကြည့်လိုက်မိတော့ ..

" ဂျွန် ~~ ဂျွန်ထယ် "

စူးနင့်စွာထွက်သွားတဲ့သူအသံက တုန်သွားပေမဲ့ ဂျွန်ထယ်ကတော့ ခါးပတ်ကို သေချာပတ်ပြီး သူ့ကိုကြည့်သည်။ တပ်ထားတဲ့maskအမည်းက နှာတံနဲ့ နှုတ်ခမ်းတွေကို ဖုံးအုပ်ထားပေမဲ့ မျက်ဝန်းလေးတွေက သူ့ဂျွန်ထယ်ဆိုတာ သေချာသည်မို့ ထယ်ယောင်းဖက်ဖို့ လက်တွေဆန့်တန်းမိတော့ maskကို တစ်ဖက်ချွတ်ချကာ သူ မဖက်ခင်မှာ သူ့နှုတ်ခမ်းတွေပေါ်ရောက်လာတဲ့ ဂျွန်ထယ့်နှုတ်ခမ်းတွေ ....။ သူ့နှုတ်ခမ်းတွေ နူးညံ့စွာတုံ့ပြန်ခြင်းခံရလေလျှင် ပေါက်ကနဲ့မျက်ရည်ကျမိသည်။

သူ ဂျွန်ထယ့်ကို လွမ်းတိုင်း မျက်ရည်ကျတာမဆန်း ။
တစ်ခုခုကိုလောနေပုံရတဲ့ ဂျွန်ထယ်က သူ့နှုတ်ခမ်းသားတွေကနေ ရုန်းထွက်ကာ မျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပြီး သူ့ပါးပြင်ထက်အနမ်းတစ်ပွင့်ခြွေသည်။ ထို့နောက် သူ့မျက်ဝန်းကိုစိုက်ကြည့်ကာ ပြောလာတဲ့စကား။

" ဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်တော် ထယ်ထယ့်ကိုပဲ ရွေးခဲ့တယ် ... ဘဝကြီးအဆုံးသတ်မယ်ဆိုရင်တောင် ထယ်ထယ့်တစ်ယောက်တည်းကိုပဲ ရွေးချယ်မယ် အဲ့ဒါကြောင့် ... ဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်တော့်ကိုပဲ ပြန်ရွေးချယ်မယ်လို့ကတိပေးပါလား ထယ်ထယ် "

လှပနေတဲ့ကောင်လေးရဲ့မျက်ဝန်းတွေဆီက အချစ်တွေကို မြင်လေတော့ ထယ်ယောင်း ခေါင်းညိတ်လိုက်မိသည်။

" အင်း ကတိပေးတယ် ဂျွန်ထယ် .. ငါ မင်းကိုပဲ အမြဲရွေးချယ်မယ် ... "

ထို့နောက် သူ့နဖူးပေါ် ကျလာပြန်တာက ဂျွန်ထယ့်ရဲ့အနမ်းတွေ။ ထူးဆန်းနေသလို ခံစားလိုက်ရပေမဲ့ သူ မမေးခဲ့ပါ။

" ကျေးဇူးတင်တယ် ထယ်ထယ် ကျွန်တော် ထယ်ထယ့်ကို အရမ်းချစ်တယ် "

အက်ရှရှအသံလေးနဲ့ခပ်တိုးတိုးဆိုပြီးလျှင် ကားသော့လှည့်လိုက်သည်။

" ထယ်ထယ် .. သေချာကိုင်ထား "

ထို့နောက် စစထွက်ချင်းမှာတင် အရှိန်အဟုန်နဲ့ စတင်ထွက်တဲ့ ကားလေး။ ထယ်ယောင်းလန့်သွားရသည်။ ကားမောင်းနေတဲ့ ဂျွန်ထယ့်ပုံရိပ်ဟာ သူတစ်ခါမှမမြင်ဖူးတဲ့ပုံရိပ်တစ်ခုလို...။ မျက်မှောင်ကြုတ်ကာ နောက်ကြည့်မှန်ကနေ တစ်ခုခုကိုစူးစိုက်ကြည့်လိုက် ၊ ဆိုးလ်လမ်းမပေါ်က လမ်းကြောင်းတွေကို ကစားလိုက်နဲ့ ကျွမ်းကျင်စွာ မောင်းနေတဲ့ ‌ဂျွန်ထယ်။ သူသတိထားမိတဲ့အချိန်မှာတော့ နောက်ကနေ တရှိန်ထိုး လိုက်လာတဲ့ကားတွေကို မြင်လိုက်ရသည်။

" ဂျွန်ထယ် !! ... ဘာဖြစ်လို့လဲ ... သူတို့က ဘာဖြစ်လို့ လိုက်လာကြတာလဲ "

အလန့်တကြားမေးမိတော့ ဂျွန်ထယ့်ဆီကအသံထွက်လာသည်။

" ဘာမှ မဖြစ်ဘူးထယ်ထယ် ... သူတို့က ကျွန်တော်နဲ့ကစားချင်နေကြတာ ... "

ပြုံးရင်းပြန်ဖြေလာသည့် ဂျွန်ထယ့်ကြောင့် သူစိုးရိမ်စိတ်တွေ တဟုန်ထိုးတက်လာခဲ့သည်။

" အရှိန်လျော့ !! ဂျွန်ထယ် ... ‌တိုက်မိကုန်မယ် ... ကိုယ်အကောင်းပြောနေတာ ... ဂျွန်ထယ် ... အရှိန်လျော့လိုက်စမ်း !! "

သူပြောပေမဲ့ ဂျောင်ကုကတော့ မကြားဟန်နဲ့ အနောက်က လိုက်လာတဲ့ကားတွေကိုသာ ဂရုတစိုက်ရှောင်ရှားကာ မောင်းသည်။ သို့ပေမဲ့ ... ဖြတ်ကနဲ့ မြင်လိုက်မိတာက အရှေ့တည့်တည့်က လာနေတဲ့ ကားအဖြူတစ်စီး။ ဖြတ်ကနဲ့ကြည့်တာတောင် ဘယ်သူ့ကားမှန်း သူတန်းသိတာမို့ ဂျောင်ကုကို အလန့်တကြား သတိထပ်ပေးသည်။

" ဂျွန်ထယ်!! အရှေ့မှာ .. "

သူ့အပြောကြောင့် ဂျွန်ထယ်က ခပ်မြန်မြန်ရှောင်ရှားလိုက်ပေမဲ့ အစကတည်းက အလွတ်ပေးဖို့မစဉ်းစားထားခဲ့တဲ့ဂျောင့်ရဲ့ကားလေး။

" ( ဝုန်း ) "

လမ်းကြောင်းမှန်နေပြီးသားကားအနက်တစ်စီးအား ဝင်တိုက်လာတဲ့ကားအဖြူတစ်စီး။
အထိမနာရအောင် ဂျွန်ထယ့်လက်ကိုင်ကို သူ့ဆီဆွဲလှည့်လိုက်တော့ တစ်ဖက်ခြမ်းက သစ်ပင်နဲ့ ဝင်ဆောင့်ပြီး ထိုးရပ်သွားသည်။ ကားအနက်ရဲ့ ဝမ်းဗိုက်ပိုင်းကို ပွတ်တိုက်ကာ အပေါ်ကနေကျော်တက်သွားတဲ့ ကားအဖြူမှာတော့ ဇောက်ထိုးမှောက်ပြီး နောက်က ကားတွေနဲ့ ဆင့်ကဲတိုက်ကုန်သည်။ ဦးခေါင်းထက်ကနေ ခပ်ပြစ်ပြစ်အရည်တွေစီးကျနေတာခံစားမိပေမဲ့ သူ့အာရုံထဲမှာ ဂျွန်ထယ်..

သူ့ဂျွန်ထယ်လေး အဆင်ပြေရဲ့လား

အားတင်းပြီးမျက်လုံးဖွင့်မိတော့ ...

" ထယ် ထယ်...!! ခဏလေး .. "

သူ့ထိုင်ခုံခါးပတ်ကို အတင်းဆွဲဖြုတ်နေတဲ့ ဂျွန်ထယ်!!
ဂျွန်ထယ်လဲ သူနဲ့မခြားနားပါပဲ။ သွေးတွေက သူ့ထက်တောင် ပိုပြီး စီးကျနေသလို ...။ နာကျင်နေမှာသိပေမဲ့ မနာကျင်လိုတဲ့နှလုံးသားနဲ့ သူလက်လှမ်းလိုက်မိသည်။ ပြုတ်ထွက်သွားတဲ့ ထိုင်ခုံ ခါးပတ်ကြောင့် ပိုလွတ်လပ်ပြီး ဂျွန်ထယ့်လည်တိုင်တွေကို ဖက်တွယ်အားယူလိုက်ပေမဲ့ လှုပ်ရှားဖို့ခက်ခဲလွန်းသည်။

" ထယ်ထယ် !! ထမှ ဖြစ်မယ် .. အချိန်မရှိဘူး .. ကျွန်တော် ပြောတာ ကြားတယ်ဟုတ် .. ထယ်ထယ် .. "

တစ်ခုခုကိုစိုးရိမ်ဟန်နဲ့ပြောလေတော့ သူ ခေါင်းညိတ်လိုက်မိတယ်ထင်သည်။လေးလံနေပြီဖြစ်တဲ့ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဂျွန်ထယ်က မချီကာ ကားအပြင်ဘက်ဆွဲထုတ်ဖို့ကြိုးစားသည်။ သို့ပေမဲ့ ဂျွန်ထယ်ကိုယ်တိုင်ကလဲ လှုပ်ရှားဖို့အနိုင်နိုင်။ အရေးပေါ်ကားသံတွေ ဆူညံစွာကြားနေမိပေမဲ့ ထယ်ယောင်း ဂရုမစိုက်နိုင်တော့။ မျက်ဝန်းတွေကို ပိတ်ကျစေမဲ့ သွေးတွေကို ပုတ်ခတ်ရင်း ဂျွန်ထယ့်မျက်နှာကို သူကြည့်မိသည်။ သွေးတွေနဲ့ရောထွေးကာ ငိုနေတဲ့
မျက်ရည်ဗလပွနဲ့ကောင်လေး။

အဆုံးမှာတော့ ဂျွန်ထယ်က အားတင်းထကာ ညှပ်နေတဲ့သူ့ကိုဆွဲထုတ်သည်။သို့ပေမဲ့ ထိုင်ခုံနဲ့ညှပ်နေတဲ့သူ့ခြေထောက်တွေ ...။ ဂျွန်ထယ်တစ်ယောက်တည်းအားစိုက်နေရတာမို့ သူပါအားထည့်ကာ ဂျွန်ထယ့်လည်တိုင်ကို ဖက်တွယ်တော့ ကြွတက်လာတဲ့ ခြေထောက်တွေ ...။

ဝမ်းသာသလို မျက်ရည်ကြားက ပြုံးလိုက်တဲ့ဂျွန်ထယ်။ ဒီလောက် သွေးသံရဲရဲကြားမှာ သူ့ကိုပဲ ဦးတည်ဂရုစိုက်နေတဲ့ဂျွန်ထယ်။ပြောဖို့ အချိန်ကောင်းမဟုတ်ပေမဲ့ ပိတ်ကျတော့မဲ့ မျက်ဝန်းတွေကိုအားတင်းဖွင့်ကာ သူပြောလိုက်မိသည်က ...

" ငါ.. ငါလည်း မင်းကို .... အရမ်း..ချစ်တယ် ဂျွန်ထယ် "

ပြောပြီးပြီးချင်းမှာပဲ နှာခေါင်းထဲရစ်ဝဲလာတဲ့ ဆီအနံ့။
မျက်ရည်တွေကြားက ဂျွန်ထယ် သူ့ကိုပြုံးပြသည်။ အနားယူချင်နေပြီဖြစ်တဲ့အသိတရားတွေက သူ့ကိုလှုံ့ဆော်လေလျှင် သူသိတာ သူဟာ ဂျွန်ထယ့်လက်ပေါ်မှာမဟုတ်တော့ ။ ထမ်းစင်တစ်ခုပေါ်ရောက်သွားပြီဖြစ်သည်။ ဝေးကွာသွားခဲ့တဲ့ရင်ခွင်ငယ်အတွက် သူ့ကမ္ဘာကြီးအမှောင်မကျခင် ဂျွန်ထယ်ရှိရာကို လှမ်းကြည့်မိသည်။ ကားတံခါးကြားက ဂျွန်ထယ့်ပုံရိပ်..။ ဆေးရုံဝန်ထမ်းအချို့နဲ့ ကွယ်သွားပြီဖြစ်ပေမဲ့ သူ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့ ပေါက်ကွဲသံ။ ဒီရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်သွားသလို ခံစားလိုက်ရတော့သည်။

မဟုတ်ဘူး .. ဂျွန်ထယ်!! ဂျွန်ထယ် ကျန်နေသေးတယ်

ရုန်းကန်ပြီးထဖို့ကြိုးစားခဲ့ပေမဲ့ စူးအောင့်လာတဲ့နှလုံးသားရဲ့ဝေဒနာကပဲ သူ့ကို အမှောင်ထုထဲဆွဲခေါ်သွားခဲ့တော့သည်။

နိုးလာတဲ့အခါ ပထမဆုံး ပွေ့ဖက်ဆီးကြိုမဲ့သူဟာ ချစ်ရသူ ဂျွန်ထယ်သာ ဖြစ်ပါစေဘုရားသခင်

သူ့ဆုတောင်းသံတွေ အမှောင်ထုထဲ ပဲ့တင်ရိုက်သွားတော့သည်

🔹🔹🔹

ပထမဆုံး စကြားလိုက်ရသည်က လေသံခပ်တိုးတိုးလေး... သေချာ‌နားထောင်ကြည့်မှ သိသည်က အဲယားကွန်းပိုက်ကအသံ...။ ထို့နောက် စူးရှစွာဝင်လာတဲ့အလင်းတန်း ။ သူ မျက်ဝန်းတွေအသာလေး ဖွင့်ကြည့်မိတော့ သူ့ကိုပြုံးပြနေတဲ့ ဂျွန်ထယ် !!

ဝင်လာတဲ့အသိတရားတွေထဲမှာ ဂျွန်ထယ်ကအရင်နေရာယူလေတော့ မျက်ထောင့်စွန်းကနေ မျက်ရည်လေးလှိမ့်ဆင်းသွားသည်။ တွေ့လား သူဂျွန်ထယ်ကို တအားလွမ်းနေတာ မျက်ရည်က သက်သေပင်။

" ထယ်ယောင်း!! သတိရလာပြီလား "

အသံကိုကြားလိုက်မှ အသိထပ်ဝင်ကာ သူထပ်ကြည့်မိတော့ ဂျွန်ထယ်မဟုတ်။ ဂျီမင်... မင်ဂျွန်းပြီးရင် ဒုတိယမြောက်ဖြစ်တဲ့ ဂျီမင်.. အခုတော့ တဦးတည်းသောသူငယ်ချင်းပေါ့။

ဂျီမင်ကတော့ အခန်းပြင်ထွက်ကာ ဆရာဝန်တွေသွားခေါ်သည်နဲ့တူပါရဲ့။ အခန်းထဲမှာတစ်ယောက်တည်းကျန်ခဲ့တဲဲ့သူ။ ချက်ချင်းကောက်ထပြီး ဂျွန်ထယ်ရှိရာကိုသာအပြေးသွားချင်မိသည်။

ခဏနေတော့ဆရာဝန်တွေနဲ့အတူပြန်ရောက်လာတဲ့ဂျီမင်။ သူ့ကိုစစ်ဆေးတာတွေ ဘာတွေလုပ်ပြီးနောက်သက်သာကြောင်း၊ စိုးရိမ်စရာတွေမရှိတဲ့အကြောင်း ဂျီမင်ကိုပြောကာ ထွက်သွားကြတော့ သူ့မျက်ဝန်းတွေဂျီမင်ဆီကို ကျရောက်လာတော့သည်။

" ဂျီမင်~~ "

ဖျော့တော့စွာခေါ်တဲ့လေသံအဆုံး သူ့ကိုဂျီမင်ကကြည့်သည်။

" ဂျွန်ထယ်~~ ငါ့ရဲ့ဂျွန်ထယ်လေးကော .. "

ဘယ်သူ့ကိုဆိုလိုနေမှန်း ဂျီမင်သိသည်မို့သက်ပြင်းချလိုက်သည်။ ထို့နောက်

" မင်းအိပ်နေတာ တစ်ပတ်ပြည့်ပြီ ထယ်ယောင်း "

" ငါမေးနေတာ ဂျွန်ဂျောင်ကုကို !! "

" ဂျောင်ကု?? ငါပြောတာကို မင်းနားထောင်နိုင်ပါ့မလား ထယ်ယောင်း .. နိုးနိုးချင်းမပြောပြသင့်ဘူးဆိုတာသိပေမဲ့ ငါ မလိမ်ချင်ဘူး "

တုန်ယင်စွာပြောလာတဲ့ဂျီမင်ရဲ့စကားက ထယ်ယောင်း နားထဲ သံရည်ပူတွေလောင်းချလိုက်သလိုပင်။ အစကတည်းက စိုးရိမ်နေခဲ့ရတဲ့ စိုးရိမ်မှတ်ကလဲ ထိပ်ဆုံးကို ရောက်သွားတော့ သူ့နှလုံးသားလေး မခံနိုင် ။ စူးအောင့်နာကျင်သွားရသည်။ ဒါတောင် ဘာဖြစ်မှန်းသေချာမသိသေး။

" ရ~~ ရတယ် .. ငါနား..နားထောင်မယ် ~~ ပြော ... ဂျီမင် "

သူ့စကားအဆုံး နီရဲလာတဲ့ ဂျီမင်မျက်ဝန်းတွေ ... ။

" ဒီနေ့ ခုနစ်ရက်မြောက်တဲ့နေ့ပဲ ထယ်ယောင်း ... "

အက်ရှရှဂျီမင်အသံဟာ အရင်ကသူသိထားခဲ့တဲ့ဂျီမင်မှဟုတ်ပါရဲ့လား။ မင်ယွန်ဂီနဲ့ပတ်သတ်ပြီး စိတ်ထိခိုက်တိုင်း ဒီလောက်အခြေအနေမျိုးမဟုတ်။ အခု ဂျီမင့်မျက်နှာကိုကြည့်တာနဲ့တင် အမှန်တရားက ဘာဆိုတာကို ရေးရေးမြင်လာသလို...။ သို့ပေမဲ့ ... မဟုတ်ဘူး လို့ ငြင်းဆန်နေမိသည်။

" ဘာ .. ဘာကိုခုနစ်ရက်မြောက်တာလဲ ဂျီမင် "

" ဂျောင်ကု !! ဂျောင်ကုကီး‌လေးဆုံးတာ ခုနစ်ရက်မြောက်တဲ့နေ့ပဲ ထယ်ယောင်း "

ထိုစကားအဆုံး သည်းမခံနိုင်စွာ စတင်ငိုကြွေးသူက သူမဟုတ်ဘဲ ပက်ဂျီမင်ဖြစ်သည်။ သူ့ထက် စိတ်အလွန်ခိုင်မာပါတဲ့ဂျီမင် မျက်ရည်ကျလောက်တဲ့အထိ ဝမ်းနည်းနေတာဆိုတော့ ဒီသတင်းက အမှားတော့မဖြစ်နိုင်။သို့ပေမဲ့ တစ်ယောက်ယောက် သူ့ကိုလိမ်ပေးဖို့လိုအပ်နေသည်။

ထယ်ယောင်းတစ်ယောက် ရုတ်တရက်ကြီးပြူးကြောင်ကာ ငိုနေတဲ့ဂျီမင်ကိုကြည့်လိုက်မိသည်။ သူ အသက်လဲ မရှူနေသလို အဆုတ်ထဲ လေရောက်အောင် ဘယ်လိုရှူရှိုက်ရမလဲ ဆိုတာ မေ့နေခဲ့သည်။

" ဂျီမင်!! မင်း ငါ့ကို မနာလိုနေလို့ ဒီလို လုပ်တာလား ... ကိုကို ကိုကို ဆိုပြီး မင်းနောက်တကောက်ကောက်လိုက်တတ်တဲ့ကလေးက ငါ့ဆီရောက်လာလို့ မင်း ငါ့ကို မနာလိုနေတာမလား... အဟားးး... ဂျီမင်ရယ် ... မင်းက ငါ့သူငယ်ချင်းလေ "

ကုတင်ပေါ်က ရယ်တစ်ဝက်နဲ့ အသိစိတ်မကပ်တဲ့ ထယ်ယောင်းဘေးနား ဂျီမင်ပြောင်းထိုင်ရင်း ပခုံးတွေကို ဆွဲလှုပ်မိသည်။ သေလောက်အောင်ဝမ်းနည်းနေရပေမဲ့ ထယ်ယောင်း စိတ်ဂယောက်ကယက်ဖြစ်တာကို သူတားရမည်။ တစ်ယောက်ကို ဆုံးရှုံးပြီးပြီ ... နောက်တစ်ယောက်ကို ထပ်မဆုံးရှုံးချင် ။

" ထယ်ယောင်း ကင်ထယ်ယောင်း!! ငါ့ကိုသေချာကြည့်စမ်း!! ... "

သူပြောတော့ ကြည့်လာတဲ့ထယ်ယောင်းရဲ့မျက်ဝန်းငယ်။ ဝမ်းနည်းခြင်းလှိုင်းလေးတွေက နှစ်ယောက်လုံး ထုတ်လွှင့်နေမိတာမို့ တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်သွားသည်နဲ့တူပါရဲ့။ တိုင်ပင်ထားခြင်းမရှိဘဲ ထယ်ယောင်းမျက်ဝန်းအိမ်ကနေ မျက်ရည်ကြည်တွေ ဒ‌လဟော ကျဆင်းပြီး အသံထွက်ကာ ငိုသည်။

" ... ငါ့ကြောင့်နဲ့ ... ငါ့ကြောင့်နဲ့ ... ဂျွန်ထယ်က ငါ့ကြောင့်နဲ့ ... "

သူ့ပခုံးကို တင်းတင်းကျပ်ကျပ်ဖက်ကာ ငိုကြွေးနေတဲ့ ထယ်ယောင်းကို သူလဲ ပြန်ပွေ့ဖက်ရင်း မျက်ရည်တွေကို ကျဆင်းခွင့်ပြုစေလိုက်သည်။ အမြဲတမ်း တကောက်ကောက်လိုက်ကာ သိပ်ချစ်ကြောင်း ပြောခဲ့တဲ့ သူ့ရဲ့တစ်ဦးတည်းသော ညီငယ်လေး။ သိပ်ချစ်ရပါသော်လည်း ဘယ်တုန်းကမှ သူ့ခံစားချက်တွေကို မဖော်ပြဖြစ်ခဲ့။ ဒါပေမဲ့ ဘယ်သူကထင်ထားမှာလဲ .. အရွယ်မတိုင်ခင်မှာ ဆုံးရှုံးရလိမ့်မယ်လို့ ... သူကိုယ်တိုင်လဲ မထင်ထားခဲ့တာမို့ တကယ်တမ်းဆုံးရှုံးရတဲ့အချိန်မှာ ဒီရင်ဘတ်ကနာသည်။

ဘာကြောင့်များ သူ အဲ့ကလေးကို နွေးနွေးထွေးထွေးမဆက်ဆံပေးနိုင်ခဲ့ရတာလဲ နောက်ဆုံးတစ်ခေါက်တွေ့တဲ့အချိန်မှာတောင် စိတ်ရှုပ်စွာ သူ တွန်းဖယ်ခဲ့မိသေးသည်။

" မင်းကြောင့် မဟုတ်ပါဘူး.. ထယ်ယောင်းရယ်... မင်းကြောင့်မဟုတ်ဘူး "

" ငါသာ ကောင်းကောင်းနေခဲ့မယ်ဆိုရင်.. ငါသာ ဂျွန်ထယ်ကိုပဲဂရုစိုက်ခဲ့မယ်ဆိုရင် ... ငါသာ ဂျောင့်ရဲ့စကားတွေကို ဂရုမစိုက်ခဲ့ဘူးဆိုရင် .... ငါ ... ငါ .. "

တဖြည်းဖြည်း ရှိုက်ငိုကာ ထွက်မလာတော့တဲ့အသံကြောင့် သူ့ကိုဖက်တွယ်ထားတဲ့ ထယ်ယောင်းကိုကြည့်ပြီး ဂျီမင် တုန်လှုပ်သွားသည်။

" ထယ် !! ထယ်ယောင်း !! ကင်ထယ်ယောင်း "

ဘယ်လောက် ခေါ်ခေါ် အသိတရားတွေ မဝင်တော့ တဆတ်ဆတ်တုန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ဂျီမင် ဆရာဝန်ကိုသာပြေးခေါ်လိုက်မိတော့သည်။ အရမ်းသန်မာမယ်ထင်ထားခဲ့တာလေ...။ ထယ်ယောင်းက ခံနိုင်ရည်ရှိတဲ့လူတစ်ယောက်လေ ။ ထယ်ယောင်းက ဂျောင်ကုကိုအရမ်းချစ်ခဲ့တာပဲ

အဆုံးမှာတော့ ထယ်ယောင်းကို စိတ်ငြိမ်ဆေးပြန်ထိုးကာ အိပ်မောကျသွားတော့သည်။

ထယ်ယောင်းကိုကြည့်ရင်း ဂျီမင် အသိတရားဝင်လာသည်က ပုံပြင်တိုင်းက အဆုံးသတ်ဘယ်လှပါ့မလဲလေ ...။

အဲ့ဒီ့လိုပဲ ရက်စက်စွာ ဖြတ်တောက်ထားခဲ့မိတဲ့ သူနဲ့မင်ယွန်ဂီရဲ့ ဇာတ်လမ်းကရော ...

ဟင်အင်း ချစ်ပေမဲ့ ဦးနှောက်ကလက်ခံပေးနိုင်ဖို့ သူအချိန်လိုအပ်တယ် အဲ့‌ဒါကြောင့် ....

မင်ယွန်ဂီ .. ခင်ဗျားမစောင့်ရင် ကျွန်တော်ကတော့ လှည့်ပြန်လာမှာ မဟုတ်ဘူး

🔹🔹🔹

လေပြေလေညင်းတွေတိုက်ခတ်နေတဲ့ ညနေစောင်းလေး...။ အေးစိမ့်စိမ့်လေထုက သူနဖူးပေါ်က ဆံနွယ်တွေကို ကပိုကရိုဖြစ်စေပေမဲ့ သူ ဆံနွယ်တွေကို မသပ်တင်မိ။ အရှေ့က အုတ်ဂူလေးကိုသာငေးနေရင်း ပန်းစည်းလေးချလိုက်မိသည်။ ထို့နောက် ဖျော့တော့နေတဲ့အပြုံးလေးတစ်ခုနဲ့ မမကို သူနှုတ်ဆက်လိုက်သည်။

" မမ ... မတွေ့ရတာကြာပြီပဲ ... မမသေဆုံးရတဲ့အမှုအတွက် တရားမျှတမှုရပြီးပါပြီမမ ... မမကို ကားထဲထည့်ပြီး ရေထဲပစ်ချခဲ့တဲ့သူကိုလဲ အပြစ်ပေးပြီးပါပြီ .. မမ ပြောခဲ့သလိုပဲ ဂျောင်လဲ အသေဆိုးနဲ့သေခဲ့ရတာပဲ မမ .... မမအပေါ် ကျွန်တော် မတရားခဲ့ပေမဲ့လဲ တာဝန်ကျေတယ်မဟုတ်လား ... မမ ... မမရဲ့နောက်ဆုံးအချိန်ထိ ... ကျွန်တော့်ကို စိတ်ဆိုးခြင်းမရှိဘဲ ချစ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် "

ထိုစကားအဆုံး ပါးပြင်ပေါ်ဖြတ်သန်းလာတာက မျက်ရည်ကြည်တွေ ... ။ သူ့ဘဝမှာလေ နာကျင်ရတဲ့အချိန်က လေးနှစ်လောက်ပဲရှိပေမဲ့ ထိုလေးနှစ်စာက သူ့အတွက် ငရဲတကမ္ဘာလိုကြာမြင့်လွန်းသည်။ လေးနှစ်အတွင်းမှာ အချစ်ဦးက သူ့မမနဲ့လက်ထပ်ပြီး သူ့မမကို ကိုယ်တိုင်သတ်ပစ်ခဲ့သည်။ ဒါတောင်အေးဆေးမနေ သူ့ကိုချစ်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အတင်းအဓ္မသူ့ကို သိမ်းပိုက်ခဲ့ပြန်သည်။ အဲ့လို စိတ်ဆင်းရဲမှု ဒုက္ခတွေကြားမှာ နေလာတဲ့ သူ... အချိန်တန်တော့ အချစ်ဆုံးသူကိုရှာတွေ့ခဲ့ပေမဲ့ သူ ရက်စက်ခဲ့မိတယ် ထင်သည်။ အချစ်ဦးလက်က ကာကွယ်ပေးရင်း သူ့ကြောင့်နဲ့ သေဆုံးခဲ့ရတဲ့ သူ့ရဲ့အချစ်ဆုံးလူသားလေး။

သူ မမအုတ်ဂူဘေးနားက သူ့ဟာသူဖန်တီးထားတဲ့ပြာအိုးလေးကို ကြည့်လိုက်မိသည်။

" ဂျောင်~~ ဂျောင်ကု ~~ "

လွမ်းလွမ်းဆွေးဆွေးခေါ်ကာ သူ လက်ဖျားလေးနဲ့ ထိတွေ့မိသည်။ အသက်ရှိစဉ်ခါတုန်းက ဂျောင်ကု ဆိုတဲ့နာမည်ကို သူခေါ်ဖို့အတွက် အမြဲတွန့်ဆုတ်ခဲ့သည်။ သူအရမ်း မုန်းတီးရပါတဲ့ " ဂျောင် " ဆိုတဲ့စာလုံးကို အသံမထွက်ချင်လွန်းလို့ ကိုယ်တိုင်ပေးထားတဲ့ ဂျွန်ထယ်ဆိုတဲ့နာမည်ကိုသာ သတ်သတ်မှတ်မှတ်ခေါ်သည်။ အခုမှပြန်စဉ်းစားကြည့်ရင် .. အဲ့ကောင်လေး ဘယ်လောက်တောင် နာကျင်ခဲ့မလဲ ?? သူ့ကိုအရမ်းချစ်ပေးခဲ့ပေမဲ့ သူကတော့ ထိုကောင်လေးရဲ့နာမည်ကိုတောင် တန်ဖိုးထားပြီး မခေါ်ပေးနိုင်ခဲ့ဘူး။

" ဂျွန် ဂျောင်ကု ... ငါ မင်းကိုအရမ်းချစ်တယ်
.. ငါ .. ဒီနေ့ကစပြီး .. မဆိုးတော့ဘူး ... ဘဝကို ကောင်းကောင်းမွန်မွန်ရှင်သန်မယ် ... ငါမဟုတ်တဲ့ ငါ့ပုံစံကို ဘယ်တော့မှ အရောင်ထပ်မဆိုးတော့ဘူး ... ငါမဖြူစင်နိုင်တော့ပေမဲ့ .. မင်း တစ်မျက်နှာနဲ့ မင်းစကားတွေ ငါနားထောင်မယ် ... ပြီးတော့ အမြဲတမ်းငါမင်းကို ရွေးချယ်ခဲ့ပါတယ် ငါ့ရဲ့ဂျွန်ထယ်လေး .. "

အားတင်းကာပြောပြီးတာနဲ့ ကျဆင်းလာမဲ့မျက်ရည်တွေကို သူ မသုတ်ပစ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်တော့သည်။ သူ့မှာ ဂျောင်ကုပေးထားတဲ့အသက်သာရှိတော့သည်မို့ သူ့ကိုယ်သူ သေချာဂရုစိုက်ပြီး ... နားလည်မှုတွေအများကြီးပေးမှာ ...။

" ထယ်ယောင်း ~~ "

အနောက်ကနေထွက်လာတဲ့ ဂျီမင်းအသံကြောင့် သူမျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ ထို့နောက်ချက်ချင်းလှည့်ကြည့်ကာ ပြုံးပြလိုက်မိသည်။

" ငါအဆင်ပြေတယ် ဂျီမင်း .. သွားရအောင် မင်းနောက်ကျနေဦးမယ် ... "

သူ တကယ်အဆင်ပြေတာကို မယုံတဲ့ဂျီမင်းကတော့ ကြောင်ကြည့်နေတာမို့ သူ့ကပဲ ဦးဆောင်ကာ လေဆိပ်ကို လိုက်ပို့ပေးမိတော့သည်။ အရာအားလုံးပြီးမှ သိခဲ့ရတာက ဂျွန်ဂျောင်ကုဟာ ပက်ဂျီမင်ရဲ့ဝမ်းကွဲညီ တဲ့။ အမြဲတမ်း တစ်ကောင်ကြွက်လိုသာ နေတဲ့ ဂျီမင်ကတော့ အရင်သူနဲ့အတူရှိပေမဲ့ အခုတော့ အမေဘက်ကအမျိုးတွေနဲ့အဆက်သွယ်ရပြီမို့ ဂျပန်မှာ နေတော့မည်ဆိုပဲ။

" ဂျီမင် ... ဂျောင်ကုအမေကိုတွေ့ရင် ပြောပေးပါ ... ငါက တောင်းပန်ပါတယ်လို့ ... ငါ့ကြောင့်နဲ့ အဖိုးတန်သားကို ဆုံးရှုံးခဲ့ရတာမလို့ .. "

သူပြောတော့ ဂျီမင်က မျက်ဝန်းတွေနီရဲလာသည်။

" အင်း.. ငါရော အန်တီလေးကို တောင်းပန်ရလိမ့်မယ် ငါတစ်ခါမှ ဂျောင်ကုကို ကောင်းကောင်းမဆက်ဆံမိခဲ့တဲ့အတွက် ... "

" ဟိုရောက်ရင် ဂရုစိုက်ဦးနော် .. "

" မင်းကရော ... ဘာဆက်လုပ်မှာလဲ .. "

" ရုန်းကန်ရမှာပေါ့ အရင်က KM Groupရဲ့ကင်ထယ်ယောင်းမှ မဟုတ်တော့တာ အခုက .. ဘာကျောထောက်နောက်ခံမှ မရှိတော့တဲ့ကင်ထယ်ယောင်းလေကွာ ... မပူပါမဲ့ ကလပ်ရောင်းရတဲ့ငွေက ငါ့စားစရိတ်နဲ့ အိမ်ရှာဖို့လောက်ပါသေးတယ် .. "

" ငါ့အိမ်မှာ နေလဲ ရလျက်သားနဲ့ကို ... "

ဂျီမင်ပြောတော့ သူပြုံးလိုက်မိသည်။ ဂျွန်ထယ့်အငွေ့အသက်တွေပြည့်နေတဲ့နေရာမှာ သူနေရင် ရူးသွားလိမ့်မယ် အဲ့ဒါကြောင့် လွတ်ကျွတ်ရာမှာသာ နေပါရစေ။

လေဆိပ်ရောက်တော့ ဂျီမင်က သူ့ကိုပွေ့ဖက် နှုတ်ဆက်သည်။ မျက်ဝန်းတွေက မခွာချင်ဘူး ပြောနေပေမဲ့ ဘယ်အရာကိုမှအပိုင်စီးထားလို့မရတာ သူနားလည်သည်။

" ဂျီမင်!! .. မင်ယွန်ဂီကို လက်ခံပေးလိုက်ပါ ... သူက ဘာမှမပတ်သတ်ခဲ့ဘူးလေ ... "

" ထားလိုက်ပါ... သူ့ကိုမြင်ရင် အဖေ့ဈာပနာညကိုပဲပြန်ပြေးမြင်နေလို့အဆင်မပြေတာ "

မျက်မှောင်ကြုတ်ပြီးပြောလာတဲ့ဂျီမင်။ တကယ်ဆို ဂျီမင်သည်လဲ သူ့လိုကံကြမ္မာဆိုးနဲ့ကြုံခဲ့ရတဲ့လူသားပင်။ သူကတော့ အမကိုသတ်တဲ့လူဆီမှာ ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့ရပေမဲ့ ဂျီမင်ကတော့ အဖေကိုသတ်ခဲ့တဲ့လူရဲ့သားဆီမှာ နှလုံးသားကို ချခင်းထားခဲ့ရသည်။ သူနဲ့နည်းနည်းကွာသည်က မင်ယွန်ဂီဟာ ဂျီမင်ကို တကယ်ချစ်ပြီး လူသတ်မှုတွေထဲ ဘာမှမပါဝင်ခဲ့တဲ့လူ။

" မင်း မသိခဲ့တာပါ ဂျီမင် !! ငါလဲ သူဖုံးကွယ်ထားတဲ့အရာကို မပြောပြချင်ပေမဲ့ သူငယ်ချင်းအနေနဲ့ ပြောပြနိုင်တာ တစ်ခုရှိတယ် ... ရာသီဥတုအရမ်းအေးလာတဲ့အခါမျိုးမှာ ... မင်ယွန်ဂီရဲ့ခြေထောက်ကို ဂရုစိုက်ပေးပါ ဂျီမင် ... "

ထူးဆန်းနေသလိုဖြစ်နေပေမဲ့ ဂျီမင်ခေါင်းညိတ်သည်။

" ငါက မင်ယွန်ဂီနဲ့ထပ်မ‌တွေ့ရတော့ဘူးလေ ထယ်ယောင်းရယ် .. "

" ဟင်အင်း.. သူ မင်းဆီကို အရောက်ပြန်လာမှာပါ မမေ့လိုက်နဲ့ .. သူ့အဖေဝန်ကြီးချုပ်ထောင်ကျကတည်းက ... မင်ယွန်ဂီ ... ဘာတစ်ပြားတစ်ချပ်မှမရှိတော့တဲ့လူပဲ ... ပြောရရင် သူလဲ ကင်ထယ်ယောင်းနဲ့ တူသွား‌တာပေါ့ "

ရယ်ပြီးပြောနေတဲ့ထယ်ယောင်းကိုကြည့်ရင်း ဂျီမင်သက်ပြင်းချလိုက်တော့သည်။ ထယ်ယောင်းသာ နောက်တစ်ခွန်းထပ်ပြောဦးမယ်ဆိုရင် ဂျီမင် ဂျပန်ကိုမသွားဘဲ ချက်ချင်းယွန်ဂီကိုရှာမိဦးမှာ သေချာတယ်!! ပိုင်ဆိုင်မှုတွေအကုန် နိုင်ငံတော်က သိမ်းဆည်းလိုက်တာမို့ ရှင်သန်ရာမဲ့နေတဲ့ဘဝမျိုးဖြစ်နေမှာ သူမလိုလား။ သိပ်ချစ်ရတဲ့သူမို့ အနားမှာတော့ထားချင်မိတာအမှန်။

" ထယ်ယောင်း ထပ်မပြောနဲ့တော့ ငါ ဂျပန်မှာ ကျောင်းတက်ပြီးရင် ပြန်လာခဲ့မယ် .. မင်းလဲ အဲ့ဒီ့အချိန်ထိ တောင့်ခံထားပေးပါ ... "

ဂျီမင်စကားကို သူခေါင်းညိတ်တော့ ဂျီမင်က စိတ်ဖြေအပြုံးလေးတစ်ခု ပြုံးပြကာ ထွက်သွားခဲ့တော့သည်။သူသည်လဲရှင်သန်ဖို့အတွက် အလုပ်နဲ့အိမ် ရှာရဦးမည်။ လက်ရှိမှာတော့ အရင်ကသူ့ကုမ္ပဏီဝန်ထမ်းတွေအပြင် တချို့သောအလုပ်နေရာတွေက သူ့ကိုသိနေကြတာမို့ လွယ်လွယ်နဲ့ရဦးမှာ မဟုတ်။ အဲ့တာကြောင့် တစ်လလောက်တော့ သူ့ကိုယ်သူအနားပေးဦးမှာ ...။ သိပ်ချစ်ရတဲ့ဂျွန်ဂျောင်ကုကို လွမ်းရင်းနဲ့လေ ..။

ခင်ဗျားတို့သိလား ...

တစ်ခါတစ်လေ သိပ်ချစ်လွန်းရင် ... ဘာမှ ပြောမထွက်တော့တာမျိုး... တကယ်ပြောရရင် ကျွန်တော်ဟာလဲ ဂျွန်ဂျောင်ကုကို အရမ်းချစ်လွန်ခဲ့လို့.. ချစ်တယ်ဆိုတဲ့စကားကိုတောင် ဖြောင့်အောင်မပြောနိုင်ခဲ့ဘူး .... နောင်တရလားမေးရင် ရတော့ရတယ် ဒါပေမဲ့ အဲ့စကားအတွက်မဟုတ်...

" ကျွန်တော်လား ... ဆွန်းအီဂျောင် လား " လို့ ဂျောင်ကုရွေးခိုင်းတုန်းက ဆွန်းအီဂျောင်ကိုရွေးချယ်မိတဲ့အတွက် ...

Happy Endingဆိုတာ လက်တွေ့ဘဝမှာရှားတယ် ... Happy Endingဆိုတာ သူ့ဘဝမှာ ဘယ်တော့မှမရနိုင်တဲ့အဆုံးသတ်။

ဒီတစ်ဘဝလုံးတော့ သူ့စိတ်အစဉ်က ဂျွန်ထယ့်ဆီမှာပဲ ကပ်ငြိနေဦးမှာမို့ ... ထယ်ယောင်းပြုံးလိုက်မိသည်။

တတိယမြောက်အချစ်ဆိုတာ ... ဘယ်တော့မှ မရှိစေရဘူး ကတိပေးတယ် ဂျွန်ထယ် ... ကောင်းကင်ကနေ မင်းစောင့်ကြည့်နေတယ်မဟုတ်လား ... ငါလဲ တနေ့နေ့ကျရင် မင်းရှိရာဆီကို ရောက်လာဦးမှာမို့.. စောင့်နေပေးပါ ချစ်ရတဲ့ဂျွန်ထယ်လေး ...

💠💠💠

December 17, 2020
By Epiphany_Jinah

4th Completed Book of Jinah

မျက်နှာချိုသွေးတဲ့လေသံနဲ့ဖတ်ပါရန်...

အစကတည်းကမမျှော်လင့်ပါနဲ့လို့ပြောထားခဲ့ပါတယ် ဒါပေမဲ့ ဒီလိုအရမ်းအရမ်းရေးချင်လာလို့ပါ ... မကျေနပ်သမျှ ပြောလို့ရပါတယ် ဒီတစ်ပိုင်းထဲမှာပဲ ဘာပြောပြော အိုင်အကုန်လက်ခံပေးတယ် အိုင်လုပ်ထားတာ အိုင်သိလို့ 😬 ✨♥️ Luv you...

စိတ်ပျက်စရာ Endingဖြစ်ပေမဲ့ အရမ်းကျေနပ်မိပါတယ် .. Extraလုံးဝမရှိပါ နောက်အသစ်အတွက် နားပြီး ပြန်လာခဲ့ပါမယ်...

»»» WAFF ( Jimin × OC ) Drama Type

_____________________________

* 𝗭𝗮𝘄𝗴𝘆𝗶 *
* လေရာင္လႊမ္းတဲ့အခ်စ္အိပ္မက္ *
* အပိုင္း ၂၆ *

" ေဘဘီ .. ႏွစ္ႏွစ္ပဲ ႏွစ္ႏွစ္ေလာက္ပဲ ဒီထဲမွာေနပါ .. ေဘဘီ့အမွားေတြကို ျပန္သုံးသပ္ ... ႏွစ္ႏွစ္ၿပီးရင္ေတာ့ ကိုယ့္ဆီျပန္လာခဲ့ .. "

အေရွ႕ကစကားေျပာေနတဲ့ ေဂ်ာင့္ကို မ်က္ဝန္းအေသေတြနဲ႔ၾကည့္ၿပီး မတုံ႔ျပန္မိ။ သို႔ေပမဲ့ ေလွာင္ၿပဳံးေလးေတာ့ ၿပဳံးလိုက္မိသည္။ အခုမွ သူသိရသည္က Han Royal Groupက လူႀကီးနဲ႔ေဂ်ာင္ဟာ ပူးေပါင္းၿပီး သူ႔ကို ေခ်ာက္ခ်တာတဲ့။ ဘယ္ေလာက္ေတာင္ သူတုံးအခဲ့တာလဲ ။ ဒါကို သူမသိဘဲ သူ႔ခႏၶာကိုယ္ကို ရင္းခဲ့ရတာ။ မျဖဴစင္ေပမဲ့ ႐ြံစရာလူေတြနဲ႔ေတာ့ မပတ္သတ္ခ်င္ပါ။ အဲ့ဒါထက္ ဂြၽန္ထယ္!! အရမ္းရင္နာခဲ့ရတဲ့ေကာင္ေလး။ အမွန္တရားကို ျမင္ေနခဲ့တာေတာင္ သူေျပာတဲ့စကားတစ္ခြန္းကိုပဲ မ်က္စိမွိတ္ယုံၾကည္ေပး‌တဲ့ေကာင္ေလး။

အခုဆို ဂြၽန္ထယ္ ဘာေတြမ်ားလုပ္ေနလိမ့္မလဲ ...

" ေဘဘီထယ္ .. ခ်စ္လြန္းလို႔ လုပ္တာကို စိတ္မေကာက္လိုက္ပါနဲ႔ ေဘဘီ.. "

" ကြၽန္ေတာ့္ပုံက ခင္ဗ်ားကို စိတ္ေကာက္ေနတဲ့ပုံနဲ႔ တူေနလို႔လား ဆြန္းအီေဂ်ာင္ .. ခင္ဗ်ား ဘာေျပာစရာ က်န္ေသးလဲ .. မက်န္ေတာ့ဘူးဆို .. တရားခြင္မွာေတြ႕မယ္ ... ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားအတြက္ ေျပာစရာစကားတစ္ခြန္းေတာင္မရွိဘူး "

သူေျပာေတာ့ ေဂ်ာင္က မ်က္ရည္က်မတတ္သူ႔ကိုၾကည့္ကာ သူ႔ပါးျပင္ေတြ ထိကိုင္ဖို႔ႀကိဳးစားသည္။ သို႔ေပမဲ့ ေနာက္ဆုတ္လိုက္တဲ့သူ႔ေၾကာင့္ လက္ေတြကို ျပန္႐ုတ္သိမ္းသြားသည္။

ထို႔ေနာက္ သူ႔ကိုလာေခၚတဲ့ရဲေတြေနာက္ကိုသာ သူလိုက္သြားမိေတာ့သည္။ ဦးတည္ရာက တရားခြင္။

" တရားခံျဖစ္သူဟာ ကုမၸဏီစာ႐ြက္စာတမ္းေတြကို လက္မွတ္အတုထိုး လိမ္လည္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္ ... အထူးသျဖင့္ YK Project လႊဲေျပာင္းတဲ့ကိစၥမွာ ဥကၠဌလက္မွတ္ ပုံစံတူ ဖန္တီးၿပီး တစ္ဖက္က လူႀကီးကို လႊဲေျပာင္းထားေပးတယ္လို႔ ေတြ႕ရွိရပါတယ္။ ကင္ထယ္ေယာင္း ... ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘာေျပာစရာရွိပါလဲ "

ေမးလာတဲ့ေမးခြန္းကို သူျပန္ေျဖဖို႔အင္အားမရွိ။ အမွန္တိုင္းဆိုရင္ေတာင္ ေသခ်ာေပါက္ သူေထာင္ထဲဝင္ရမွာပဲေလ ။

" ဆြန္းအီေဂ်ာင္ကိုယ္တိုင္လက္မွတ္ထိုးၿပီးေပးတာပါ အဲ့စကားကလြဲရင္ ကြၽန္ေတာ့္မွာ ဘာမွေျပာစရာမရွိဘူး "

သူ႔တုံ႔ျပန္ခ်က္ေၾကာင့္ တရားခြင္ဟာ ခဏတာ တိတ္ဆိတ္ၿပီး ေနာက္ျပစ္မႈတစ္ခုဆီ ဆက္သြားျပန္သည္။

" ႏိုဝင္ဘာ ေျခာက္ရက္ေန႔က ေသဆုံးသူ လီမင္ဂြၽန္းနဲ႔အျငင္းပြားမႈေတြျဖစ္ခဲ့တယ္လို႔သိရပါတယ္ ‌ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာႏွစ္ခ်က္နဲ႔ ေသဆုံးေနတဲ့ လီမင္ဂြၽန္းကို ဝိုင္ပုလင္းေတြနဲ႔ ထိုးသတ္ခဲ့တာပါ .. အခင္းျဖစ္ပြားရာေနရာက အဝတ္အစားေတြနဲ႔ ဝိုင္ပုလင္းေပၚမွာ ကင္ထယ္ေယာင္းရဲ႕လက္ေဗြေတြ ေတြ႕ရွိခဲ့ရပါတယ္ .. သက္ေသထင္ရွားေနၿပီျဖစ္တဲ့အတြက္ တရားခံဘက္က ေရွ႕ေန ဘာမ်ားေခ်ပခ်င္ပါသလဲ "

ထိုစကားေၾကာင့္ ထယ္ေယာင္းရီလိုက္မိသည္။ တရားခံဘက္ကေရွ႕ေန?? ေမးမေနနဲ႔ တစ္ဖြဲ႕တည္းပဲကို ..။

" ေသဆုံးတာ ႏိုဝင္ဘာေလးရက္ေန႔ ?? ကြၽန္ေတာ္ သူနဲ႔ ေနာက္ဆုံးေတြ႕ခဲ့တာ ႏိုဝင္ဘာ ၁၀ရက္ေန႔ပါ အဲ့ေတာ့ ကြၽန္ေတာ္နဲ႔ေသခ်ာေတြ႕ၿပီးစကားေျပာခဲ့တဲ့ လီမင္ဂြၽန္းက ေသၿပီးမွ ျပန္ရွင္လာတာလား တရားသူႀကီးမင္း "

မ်က္ႏွာေသနဲ႔စကားျပန္ေျပာတာမို႔ ပရိတ္သတ္ထဲက အသံထြက္လာသည္။

" ႐ူးေနၿပီလား ... "

" စိတ္မမွန္တာလား ... "

" ေျပာမရဘူးေလ အမေသၿပီးကတည္းက .. စိတ္မမွန္ေတာ့တာ မဟုတ္လား "

ၾကားေနရတဲ့စကားေတြကို လ်စ္လ်ဴရႈလိုက္မိသည္။

" ထယ္ေယာင္းဘက္ကတင္ျပတဲ့အထဲမွာ ေသဆုံးသူလီမင္ဂြၽန္းက ႏိုဝင္ဘာလ ၅ရက္ေန႔မွာ ေဆး႐ုံတက္ခဲ့တယ္လို႔ ပါပါတယ္ ဒါေပမဲ့ ေဆး႐ုံမွတ္တမ္းမရွိသလို .. စီစီတီဗြီမွာလဲ မရွိပါဘူး ... ေဆး႐ုံတက္ၿပီးကားအက္စီးဒင့္ျဖစ္တယ္လို႔ ပါေပမဲ့ .. ကားအက္စီးဒင့္ျဖစ္ခဲ့တာ တျခားေကာင္ေလးတစ္ေယာက္ပါ .. ထယ္ေယာင္းေတြ႕ခဲ့တဲ့ သူကလဲ တျခားေကာင္ေလးပါ
ဒီတစ္လအတြင္းမွာလဲ ထယ္ေယာင္းက ေဆးေတြသုံးစြဲေနတယ္လို႔ ေဆးစစ္ခ်က္အရသိရပါတယ္ "

ထိုစကားေၾကာင့္ ထယ္ေယာင္း အသည္းအသန္ျငင္းမိသည္။

" မဟုတ္ဘူး .. ေဆးသုံးတယ္ ?? ဘာေဆးေတြသုံးတာလဲ . ကြၽန္ေတာ္ဘာေဆးမွ မသုံးဘူး .. အားေဆးေတြေတာင္ ကြၽန္ေတာ္ မသုံးခဲ့ဘူး ... မွားေနၿပီ "

ေဒါသတႀကီးေျပာရင္း .. ပရိတ္သတ္ေတြၾကားထဲက ေဂ်ာင့္ကိုလွည့္ၾကည့္မိေတာ့ မ်က္ဝန္းနီနီေတြနဲ႔စိုက္ၾကည့္ေနခဲ့တဲ့သူ .. ဆြန္းအီေဂ်ာင္.. လူယုတ္မာ...

" ထယ္ေယာင္းသုံးစြဲေနတဲ့ေဆးဟာ ေသာက္ေဆးမဟုတ္ဘဲ ထိုးေဆးဆိုတာ သိပါရဲ႕လား ... "

ထိုစကားေၾကာင့္ ဖ်တ္ကနဲ႔သတိရမိတာ သူဂြၽန္ထယ္နဲ႔ ခ်ိန္းထားခဲ့တဲ့ေန႔။ ႐ုတ္တရက္မူးလဲၿပီး ေနာက္ေန႔မနက္ အိမ္မွာ ေတြ႕ရတဲ့ သူ႔လက္ေပၚက အပ္ရာေတြ။
သူရယ္လိုက္မိသည္။

ဟုတ္ပါ့ .. ပိရိလိုက္တာ ... ဆြန္းအီေဂ်ာင္ရဲ႕.. ဒါေၾကာင့္လဲ မမရဲ႕အမႈက မေပၚခဲ့တာေပါ့

" ကင္ထယ္ေယာင္းသုံးစြဲတဲ့ ေဆးဟာ စိတ္ေရာဂါရွိတဲ့သူေတြ သုံးစြဲတဲ့ေဆးပါ .. စိတ္ေရာဂါရွိတဲ့လူတစ္ေယာက္ က်ဴးလြန္တဲ့ လူသတ္မႈကို သက္ညာေသာအားျဖင့္ ပုဒ္မ (**)အရ ေထာင္ဒဏ္ တစ္ႏွစ္နဲ႔ ေဆးကုသမႈ ခံယူေစ "

ထိုစကားအဆုံး မ်က္ဝန္းၾကည္ၾကည္က နီရဲတက္လာသည္။ ေနာက္ဆုံး သူ႔ဘဝႀကီးဟာ လူသတ္ေကာင္အျဖစ္‌မဟုတ္ဘဲ စိတ္ေရာဂါသည္ႀကီးဆိုတဲ့ေခါင္းစဥ္ေအာက္မွာပါ အဆုံးသတ္ရေတာ့မွာပါလား ... ယုတ္မာတတ္မွန္းသိေပမဲ့ အဆုံးစြန္ထိလုပ္လိမ့္မယ္လို႔မထင္ထားမိခဲ့ဘူး ေဂ်ာင္ရယ္

ထယ္ေယာင္း ေခါင္း‌ငုံ႔လိုက္ၿပီး မ်က္ဝန္းေတြကိုပိတ္ခ်လိုက္သည္။ ထိုခဏ ...

" တရားသူႀကီးမင္း ခင္ဗ်ား ... ခဏေလာက္ေနပါဦး ... ေနာက္က်သြားလို႔ေတာင္းပန္ပါတယ္ ... ကြၽန္ေတာ္က တရားခံဘက္ကဆင့္‌ေခၚထားတဲ့ေရွ႕ေန ဂ်န္ဟိုေဆာ့ပါ "

ဖိုင္တြဲေတြကိုင္ကာ ေလွ်ာက္လမ္းမအတိုင္းဝင္လာတဲ့ အၿပဳံးခ်ိဳခ်ိဳနဲ႔လူသားတစ္ဦး။ ထယ္ေယာင္းျဖတ္ကနဲ႔ေခါင္းေထာင္ၿပီး လွည့္ၾကည့္လိုက္ေတာ့ သူတစ္ခါမွမျမင္ဖူးတဲ့ လူ။ ၿပီးေတာ့ သူ မေခၚထားခဲ့တဲ့ေရွ႕ေန။ သူလန႔္သြားမိသည္။ ဘယ္သူ ... ဘယ္သူက သူ႔အတြက္မ်ား ..။ ပတ္ဝန္းက်င္ကိုအကဲခတ္မိေတာ့ .. ဂ်ီမင္!!

႐ုတ္တရက္ သူေပ်ာ္႐ႊင္သြားရသည္။ အဆုံးစြန္ထိက်ေနၿပီျဖစ္တဲ့ စိတ္ေတြ ခ်က္ခ်င္းအားတက္သြားရေတာ့သည္။

ဂ်ီမင္ဆီမွာ မမအမႈအတြက္ သက္ေသေတြရွိႏွင့္ၿပီးသားေလ။

ဂ်ီမင္ကို သူ ဝမ္းသာအားရ ‌ၿပဳံးျပမိေတာ့ ဂ်ီမင္က အဆင္ေျပသြားမွာဆိုတဲ့ပုံနဲ႔ ျပန္ၿပဳံးျပသည္။ ထို႔ေနာက္ ေဂ်ာင့္မ်က္ႏွာကို အကဲခတ္ၾကည့္မိေတာ့ ဂ်ီမင္ကိုျမင္တာနဲ႔ ထိတ္လန႔္သြားတဲ့ေဂ်ာင္!!

" ကင္ထယ္ေယာင္းက ေဆးသုံးစြဲမႈမရွိသလို ‌စိတ္ေရာဂါရွိတဲ့သူတစ္ေယာက္လဲ မဟုတ္ပါဘူး ထယ္ေယာင္းကိုယ္တြင္းမွာ စစ္ေဆးခဲ့တဲ့ရလဒ္ကလဲ တစ္ခါတည္းသာအသုံးျပဳထားတာျဖစ္ၿပီး အႀကိမ္ႀကိမ္သုံးစြဲထားျခင္းမရွိပါဘူး.. အဲ့တာေၾကာင့္ စိတ္ေရာဂါရွိသူဆိုတဲ့စြဲခ်က္ကိုေခ်ပခ်င္ပါတယ္.. တလက္စတည္း စာ႐ြက္စာတမ္းလႊဲေျပာင္းမႈကိစၥမွာ ကင္ထယ္ေယာင္းက တျခားလူဘက္ကို လိမ္လည္လႊဲေျပာင္းေပးတာမဟုတ္ဘဲ တင္ျပခ်က္အေနနဲ႔ တင္ျပခဲ့ျခင္းသာျဖစ္ပါတယ္ ၿပီးေတာ့ စာ႐ြက္အစစ္ကဒီမွာပါ .. တရားခြင္မွာရွိေနတဲ့ လက္မွတ္အတုနဲ႔စာ႐ြက္က ဘယ္ကေရာက္လာမွန္းမသိေပမဲ့ အမႈအတြက္ လက္ေဗြေတြကို အစအဆုံးျပန္စစ္ေဆးႏိုင္ပါတယ္ .. "

စကားတစ္ခြန္းေျပာတိုင္းအခ်က္အလက္တစ္ခုထုတ္ေပးတတ္တဲ့ ေရွ႕ေန႔ႀကီးဟိုေဆာ့ေၾကာင့္ ထယ္ေယာင္းၿပဳံးမိသည္။ လူေတြကလဲ စိတ္ဝင္တစား ဟိုေဆာ့ကိုသာ စိုက္ၾကည့္သည္။

" ေနာက္တစ္ခု .. ကုမၸဏီေငြအလြဲသုံးစားမႈ?? ကင္ထယ္ေယာင္းက ရွယ္ယာအစုေတြမွာ နာမည္ပဲရွိခဲ့တာပါ ပိုင္ဆိုင္မႈတစ္ခုမွမရွိသလို လုပ္ပိုင္ခြင့္လဲမရွိပါဘူး ပိုက္ဆံေငြသားကိုင္ခြင့္မရွိသလို ကဒ္တစ္ခုတည္းနဲ႔ ႏွစ္ႏွစ္နီးပါးရွင္သန္လာတဲ့ေကာင္ေလးတစ္ေယာက္ပါ အဲ့ဒါေတြကို ထိန္းခ်ဳပ္ေနသူက ဘယ္သူလို႔ထင္ပါသလဲ "

" ... "

" ေဟာ့ဒီက ကင္ထယ္ေယာင္းရဲ႕ေယာက္ဖေတာ္စပ္သူ KM Groupရဲ႕ဥကၠဌ ဆြန္းအီေဂ်ာင္ကိုယ္တိုင္ ထိန္းခ်ဳပ္ကန႔္သတ္ခဲ့တာပါ .. ထယ္ေယာင္းရဲ႕ ရွယ္ယာထဲ အစြန္းအျမတ္ေတြေပါင္းထည့္ရင္ေတာင္ ေနာက္ဆုံးမွာ ရမဲ့သူက အီေဂ်ာင္ပဲျဖစ္ပါတယ္ ဒါက ထယ္ေယာင္းရွယ္ယာအစုကိုဝင္တဲ့ေငြတိုင္း တစ္ဖက္လွည့္နဲ႔ ဆြန္းအီေဂ်ာင္ဆီ ျပန္ေရာက္သြားတဲ့ အလႊဲအေျပာင္းသက္ေသေတြပါ ... ေနာက္ထပ္တစ္ခုကေတာ့ လူသတ္မႈ ?? .. ေဆး႐ုံကမွတ္တမ္းေတြေဖ်ာက္ဖ်က္ခံရေပမဲ့ ကားထဲကမွတ္တမ္းကိုေတာ့ေဖ်ာက္ဖ်က္လို႔မရပါဘူး ခင္ဗ်ာ့ .. ဒါကေတာ့ ဆြန္းအီေဂ်ာင္ရဲ႕ကားထဲကရခဲ့တဲ့မွတ္တမ္းေတြပါ ႏိုဝင္ဘာ ‌ငါးရက္ေန႔မနက္ပိုင္းမွာ လီမင္ဂြၽန္းကို ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့တဲ့သူက ဆြန္းအီေဂ်ာင္ျဖစ္သလို ေျခာက္ရက္ေန႔ ညေနပိုင္းမွာလဲ ကားနဲ႔ထပ္တိုက္ခဲ့သူက ဆြန္းအီေဂ်ာင္ပဲျဖစ္ပါတယ္ .. လီမင္ဂြၽန္းကို ေနာက္ထပ္ ႏိုဝင္ဘာ ၁၁ရက္ေန႔မွာ သြားေတြ႕တဲ့သူက ဆြန္းအီေဂ်ာင္ပါ ေဆး႐ုံမွာ မွတ္တမ္းမရွိေပမဲ့ ေဆး႐ုံေရွ႕က ေကာ္ဖီဆိုင္ကေန မွတ္တမ္းရခဲ့တာပါ အဲ့မွတ္တမ္းအရ ႏိုဝင္ဘာ ၁၀ရက္ေန႔မွာ လီမင္ဂြၽန္းကိုသြားေတြ႕တာ ထယ္ေယာင္းအျပင္ ေနာက္တစ္ေယာက္ပါရွိေနပါေသးတယ္ ... သူကေတာ့ မင္ယြန္ဂီပါ တရားသူႀကီးမင္းခင္ဗ်ာ မ်က္ျမင္သက္ေသကိုဆင့္ေခၚခြင့္ရွိပါသလား "

" တရားခံေရွ႕ေနဘက္က မ်က္ျမင္သက္ေသကို ဆင့္ေခၚခြင့္ျပဳပါတယ္ "

ထို႔ေနာက္ ဝင္လာတဲ့သူက မင္ယြန္ဂီ ။

" မဂၤလာပါ ကြၽန္ေတာ္က မင္ယြန္ဂီပါ ႏိုဝင္ဘာ ၁၀ရက္ေန႔မွာ ကြၽန္ေတာ္နဲ႔ ကင္ထယ္ေယာင္းဟာ လီမင္ဂြၽန္းကို သြားေတြ႕ခဲ့ပါတယ္ အဲ့အခ်ိန္အထိ အေကာင္းအတိုင္းရွိေနပါေသးတယ္ .. ၿပီးေတာ့ အဲ့ဒီ့ေန႔က ထယ္ေယာင္းက လီမင္ဂြၽန္းကို ဘာမွမလုပ္ဘဲ စကားေျပာၿပီး ျပန္လာခဲ့ၾကတာပါ အခန္းထဲကအရင္ထြက္သြားခဲ့တဲ့သူက ကင္ထယ္ေယာင္းပါ .. "

" ဟုတ္ပါၿပီ .. မ်က္ျမင္သက္ေသထိုင္ႏိုင္ပါၿပီ "

" တရားသူႀကီးမင္းခင္ဗ်ား .. ဒီေလာက္ဆိုရင္ ကြၽန္ေတာ့္အမႈသည္က ျပစ္မႈမရွိေၾကာင္းထင္ရွားေနပါၿပီ ၿပီးေတာ့ ကြၽန္ေတာ့္အမႈသည္ရဲ႕မတရားခံမႈအတြက္ ကြၽန္ေတာ္တရားျပန္ဆြဲခ်င္ပါတယ္ .. အဲ့ဒါအျပင္ လြန္ခဲ့တဲ့တႏွစ္ေက်ာ္ေက်ာ္ေလာက္က ေသဆုံးခဲ့တဲ့ KM Group CEO ကင္ထယ္ရန္းနဲ႔ အမႈစစ္အရာရွိ ပက္ဂ်ယ္ရွင္းအတြက္ အမႈျပန္ဖြင့္ပါတယ္ ကင္ထယ္ရန္းရဲ႕ေသဆုံးမႈဟာ မေတာ္တဆမႈမဟုတ္ဘဲ လူသတ္မႈျဖစ္ေၾကာင္း သက္ေသအေထာက္အထား ခိုင္ခိုင္လုံလုံကို ကြၽန္ေတာ္ တင္ျပပါရေစ "

ထိုစကားအဆုံး ထယ္ေယာင္း ေဂ်ာင့္ကိုလွည့္ၾကည့္မိသည္။ ယုတ္မာတဲ့လူေတြဟာ ေန႔ခ်င္းမကူး ျပန္ခံရတတ္တာ တကယ့္လက္ေတြ႕ပင္။ အဲ့ဒါထက္ အခု ေဂ်ာင္!! ေသြးပ်က္ေနမဲ့ ဆြန္းအီေဂ်ာင္ !! ဘယ္မွာလဲ .. သူလိုက္ရွာမိေတာ့ မေတြ႕ ။ ေဒါသေတြ ငယ္ထိပ္ေဆာင့္တက္သြားသည္။ ခန္းမထဲ ထပ္ဝင္လာတဲ့ရဲေတြကလဲ ဆြန္းအီေဂ်ာင္ကို အပူတျပင္းရွာေနပုံရသည္။ ျဖစ္ႏိုင္ရင္ သူဒီေနရာကဆင္းေျပးၿပီး သူကိုယ္တိုင္ပဲရွာခ်င္ေတာ့သည္။

" တရားခံဟုယူဆရသူကင္‌ထယ္ေယာင္းအမႈအား ရပ္နားၿပီး ႏိုဝင္ဘာ ၂၈ရက္ေန႔သို႔ ေ႐ႊ႕ဆိုင္းမည္ျဖစ္ၿပီး ကင္ထယ္ရန္းေသဆုံးမႈအား ႏိုဝင္ဘာ ၃၀ရက္ေန႔တြင္ ႐ုံးတင္စစ္ေဆးပါမယ္ "

ထိုစကားနဲ႔အတူ တရားခြင္ရပ္နားေၾကာင္း အသံထြက္လာေတာ့ သူအေလာတႀကီး ဂ်ီမင္ဆီေျပးမိသည္။

" ေဂ်ာင္!! ေခြးေကာင္ ဘယ္ေရာက္သြားလဲ "

" ထယ္ေယာင္း စိတ္ေအးေအးထား .. အဲ့တာထက္ အေရးႀကီးတာရွိတယ္ ငါနဲ႔လိုက္ခဲ့ "

" မဟုတ္ဘူး .. ငါထြက္မရေသးဘူးေလ "

" ဂ်န္ဟိုေဆာ့က ၾကည့္ရွင္းလိမ့္မယ္ .. မင္း အရင္ဆုံး ငါနဲ႔ လိုက္ခဲ့ ေဂ်ာင္ကုကို မဆုံးရႈံးခ်င္ရင္ .. "

ေျပာၿပီးတာနဲ႔ သူ႔လက္ကို ဆြဲကာ ခန္းမထဲကေျပးထြက္တဲ့ဂ်ီမင္ ..။ ေဂ်ာင္ကု ဆိုတဲ့အသံၾကားတာနဲ႔ ထယ္ေယာင္းေျခေထာက္ေတြက အလိုလိုလိုက္ပါၿပီးသား။ အဲ့ဒီလိုပဲ ယြန္းဂီကလဲ ဂ်ီမင္ေနာက္ထပ္ၾကပ္မကြာလိုက္သည္။

ေဂ်ာင္ကု၊ သူ႔ဂြၽန္ထယ္ေလး ... သူ႔အေၾကာင္းေတြ ဘယ္လိုသိၾကတာလဲ.. သူေမးခ်င္ေနေပမဲ့ ဂ်ီမင္ပုံက အေလာတႀကီးျဖစ္ေနပုံရသည္။ ကားပါကင္အေရာက္မွာ အနက္ေရာင္ကားတစ္စီးထဲ သူ႔ကို အတင္းဝင္ထိုင္‌ေစၿပီး တံခါးအတင္းပိတ္တဲ့ဂ်ီမင္။

႐ုန္းရင္းဆန္ခတ္အေျခအေနကို သူဘာမွနားမလည္ႏိုင္ေတာ့ ကားတံခါးကို ဟကာ ေမးခြန္းထုတ္ဖို႔အလုပ္ ႐ုတ္တရက္ ကားတံခါးဖြင့္မယ့္သူ႔လက္ေတြကို ဆုပ္ကိုင္တားျမစ္ကာ ခါးပတ္ေကာက္တပ္ေပးလာတဲ့ ႏူးညံ့ညံ့လက္တစ္စုံ ။ အထိအေတြ႕မွာတင္ ဘယ္သူမွန္းသိေနၿပီမို႔ ေမာင္းသူေနရာကလူကို တအံ့တဩၾကည့္လိုက္မိေတာ့ ..

" ဂြၽန္ ~~ ဂြၽန္ထယ္ "

စူးနင့္စြာထြက္သြားတဲ့သူအသံက တုန္သြားေပမဲ့ ဂြၽန္ထယ္ကေတာ့ ခါးပတ္ကို ေသခ်ာပတ္ၿပီး သူ႔ကိုၾကည့္သည္။ တပ္ထားတဲ့maskအမည္းက ႏွာတံနဲ႔ ႏႈတ္ခမ္းေတြကို ဖုံးအုပ္ထားေပမဲ့ မ်က္ဝန္းေလးေတြက သူ႔ဂြၽန္ထယ္ဆိုတာ ေသခ်ာသည္မို႔ ထယ္ေယာင္းဖက္ဖို႔ လက္ေတြဆန႔္တန္းမိေတာ့ maskကို တစ္ဖက္ခြၽတ္ခ်ကာ သူ မဖက္ခင္မွာ သူ႔ႏႈတ္ခမ္းေတြေပၚေရာက္လာတဲ့ ဂြၽန္ထယ့္ႏႈတ္ခမ္းေတြ ....။ သူ႔ႏႈတ္ခမ္းေတြ ႏူးညံ့စြာတုံ႔ျပန္ျခင္းခံရေလလွ်င္ ေပါက္ကနဲ႔မ်က္ရည္က်မိသည္။

သူ ဂြၽန္ထယ့္ကို လြမ္းတိုင္း မ်က္ရည္က်တာမဆန္း ။
တစ္ခုခုကိုေလာေနပုံရတဲ့ ဂြၽန္ထယ္က သူ႔ႏႈတ္ခမ္းသားေတြကေန ႐ုန္းထြက္ကာ မ်က္ရည္ေတြကို လက္မနဲ႔ဖိသုတ္ၿပီး သူ႔ပါးျပင္ထက္အနမ္းတစ္ပြင့္ေႁခြသည္။ ထို႔ေနာက္ သူ႔မ်က္ဝန္းကိုစိုက္ၾကည့္ကာ ေျပာလာတဲ့စကား။

" ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ကြၽန္ေတာ္ ထယ္ထယ့္ကိုပဲ ေ႐ြးခဲ့တယ္ ... ဘဝႀကီးအဆုံးသတ္မယ္ဆိုရင္ေတာင္ ထယ္ထယ့္တစ္ေယာက္တည္းကိုပဲ ေ႐ြးခ်ယ္မယ္ အဲ့ဒါေၾကာင့္ ... ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ကြၽန္ေတာ့္ကိုပဲ ျပန္ေ႐ြးခ်ယ္မယ္လို႔ကတိေပးပါလား ထယ္ထယ္ "

လွပေနတဲ့ေကာင္ေလးရဲ႕မ်က္ဝန္းေတြဆီက အခ်စ္ေတြကို ျမင္ေလေတာ့ ထယ္ေယာင္း ေခါင္းညိတ္လိုက္မိသည္။

" အင္း ကတိေပးတယ္ ဂြၽန္ထယ္ .. ငါ မင္းကိုပဲ အၿမဲေ႐ြးခ်ယ္မယ္ ... "

ထို႔ေနာက္ သူ႔နဖူးေပၚ က်လာျပန္တာက ဂြၽန္ထယ့္ရဲ႕အနမ္းေတြ။ ထူးဆန္းေနသလို ခံစားလိုက္ရေပမဲ့ သူ မေမးခဲ့ပါ။

" ေက်းဇူးတင္တယ္ ထယ္ထယ္ ကြၽန္ေတာ္ ထယ္ထယ့္ကို အရမ္းခ်စ္တယ္ "

အက္ရွရွအသံေလးနဲ႔ခပ္တိုးတိုးဆိုၿပီးလွ်င္ ကားေသာ့လွည့္လိုက္သည္။

" ထယ္ထယ္ .. ေသခ်ာကိုင္ထား "

ထို႔ေနာက္ စစထြက္ခ်င္းမွာတင္ အရွိန္အဟုန္နဲ႔ စတင္ထြက္တဲ့ ကားေလး။ ထယ္ေယာင္းလန႔္သြားရသည္။ ကားေမာင္းေနတဲ့ ဂြၽန္ထယ့္ပုံရိပ္ဟာ သူတစ္ခါမွမျမင္ဖူးတဲ့ပုံရိပ္တစ္ခုလို...။ မ်က္ေမွာင္ၾကဳတ္ကာ ေနာက္ၾကည့္မွန္ကေန တစ္ခုခုကိုစူးစိုက္ၾကည့္လိုက္ ၊ ဆိုးလ္လမ္းမေပၚက လမ္းေၾကာင္းေတြကို ကစားလိုက္နဲ႔ ကြၽမ္းက်င္စြာ ေမာင္းေနတဲ့ ‌ဂြၽန္ထယ္။ သူသတိထားမိတဲ့အခ်ိန္မွာေတာ့ ေနာက္ကေန တရွိန္ထိုး လိုက္လာတဲ့ကားေတြကို ျမင္လိုက္ရသည္။

" ဂြၽန္ထယ္ !! ... ဘာျဖစ္လို႔လဲ ... သူတို႔က ဘာျဖစ္လို႔ လိုက္လာၾကတာလဲ "

အလန႔္တၾကားေမးမိေတာ့ ဂြၽန္ထယ့္ဆီကအသံထြက္လာသည္။

" ဘာမွ မျဖစ္ဘူးထယ္ထယ္ ... သူတို႔က ကြၽန္ေတာ္နဲ႔ကစားခ်င္ေနၾကတာ ... "

ၿပဳံးရင္းျပန္ေျဖလာသည့္ ဂြၽန္ထယ့္ေၾကာင့္ သူစိုးရိမ္စိတ္ေတြ တဟုန္ထိုးတက္လာခဲ့သည္။

" အရွိန္ေလ်ာ့ !! ဂြၽန္ထယ္ ... ‌တိုက္မိကုန္မယ္ ... ကိုယ္အေကာင္းေျပာေနတာ ... ဂြၽန္ထယ္ ... အရွိန္ေလ်ာ့လိုက္စမ္း !! "

သူေျပာေပမဲ့ ေဂ်ာင္ကုကေတာ့ မၾကားဟန္နဲ႔ အေနာက္က လိုက္လာတဲ့ကားေတြကိုသာ ဂ႐ုတစိုက္ေရွာင္ရွားကာ ေမာင္းသည္။ သို႔ေပမဲ့ ... ျဖတ္ကနဲ႔ ျမင္လိုက္မိတာက အေရွ႕တည့္တည့္က လာေနတဲ့ ကားအျဖဴတစ္စီး။ ျဖတ္ကနဲ႔ၾကည့္တာေတာင္ ဘယ္သူ႔ကားမွန္း သူတန္းသိတာမို႔ ေဂ်ာင္ကုကို အလန႔္တၾကား သတိထပ္ေပးသည္။

" ဂြၽန္ထယ္!! အေရွ႕မွာ .. "

သူ႔အေျပာေၾကာင့္ ဂြၽန္ထယ္က ခပ္ျမန္ျမန္ေရွာင္ရွားလိုက္ေပမဲ့ အစကတည္းက အလြတ္ေပးဖို႔မစဥ္းစားထားခဲ့တဲ့ေဂ်ာင့္ရဲ႕ကားေလး။

" ( ဝုန္း ) "

လမ္းေၾကာင္းမွန္ေနၿပီးသားကားအနက္တစ္စီးအား ဝင္တိုက္လာတဲ့ကားအျဖဴတစ္စီး။
အထိမနာရေအာင္ ဂြၽန္ထယ့္လက္ကိုင္ကို သူ႔ဆီဆြဲလွည့္လိုက္ေတာ့ တစ္ဖက္ျခမ္းက သစ္ပင္နဲ႔ ဝင္ေဆာင့္ၿပီး ထိုးရပ္သြားသည္။ ကားအနက္ရဲ႕ ဝမ္းဗိုက္ပိုင္းကို ပြတ္တိုက္ကာ အေပၚကေနေက်ာ္တက္သြားတဲ့ ကားအျဖဴမွာေတာ့ ေဇာက္ထိုးေမွာက္ၿပီး ေနာက္က ကားေတြနဲ႔ ဆင့္ကဲတိုက္ကုန္သည္။ ဦးေခါင္းထက္ကေန ခပ္ျပစ္ျပစ္အရည္ေတြစီးက်ေနတာခံစားမိေပမဲ့ သူ႔အာ႐ုံထဲမွာ ဂြၽန္ထယ္..

သူ႔ဂြၽန္ထယ္ေလး အဆင္ေျပရဲ႕လား

အားတင္းၿပီးမ်က္လုံးဖြင့္မိေတာ့ ...

" ထယ္ ထယ္...!! ခဏေလး .. "

သူ႔ထိုင္ခုံခါးပတ္ကို အတင္းဆြဲျဖဳတ္ေနတဲ့ ဂြၽန္ထယ္!!
ဂြၽန္ထယ္လဲ သူနဲ႔မျခားနားပါပဲ။ ေသြးေတြက သူ႔ထက္ေတာင္ ပိုၿပီး စီးက်ေနသလို ...။ နာက်င္ေနမွာသိေပမဲ့ မနာက်င္လိုတဲ့ႏွလုံးသားနဲ႔ သူလက္လွမ္းလိုက္မိသည္။ ျပဳတ္ထြက္သြားတဲ့ ထိုင္ခုံ ခါးပတ္ေၾကာင့္ ပိုလြတ္လပ္ၿပီး ဂြၽန္ထယ့္လည္တိုင္ေတြကို ဖက္တြယ္အားယူလိုက္ေပမဲ့ လႈပ္ရွားဖို႔ခက္ခဲလြန္းသည္။

" ထယ္ထယ္ !! ထမွ ျဖစ္မယ္ .. အခ်ိန္မရွိဘူး .. ကြၽန္ေတာ္ ေျပာတာ ၾကားတယ္ဟုတ္ .. ထယ္ထယ္ .. "

တစ္ခုခုကိုစိုးရိမ္ဟန္နဲ႔ေျပာေလေတာ့ သူ ေခါင္းညိတ္လိုက္မိတယ္ထင္သည္။ေလးလံေနၿပီျဖစ္တဲ့ သူ႔ခႏၶာကိုယ္ေအာက္ပိုင္းကို ဂြၽန္ထယ္က မခ်ီကာ ကားအျပင္ဘက္ဆြဲထုတ္ဖို႔ႀကိဳးစားသည္။ သို႔ေပမဲ့ ဂြၽန္ထယ္ကိုယ္တိုင္ကလဲ လႈပ္ရွားဖို႔အႏိုင္ႏိုင္။ အေရးေပၚကားသံေတြ ဆူညံစြာၾကားေနမိေပမဲ့ ထယ္ေယာင္း ဂ႐ုမစိုက္ႏိုင္ေတာ့။ မ်က္ဝန္းေတြကို ပိတ္က်ေစမဲ့ ေသြးေတြကို ပုတ္ခတ္ရင္း ဂြၽန္ထယ့္မ်က္ႏွာကို သူၾကည့္မိသည္။ ေသြးေတြနဲ႔ေရာေထြးကာ ငိုေနတဲ့
မ်က္ရည္ဗလပြနဲ႔ေကာင္ေလး။

အဆုံးမွာေတာ့ ဂြၽန္ထယ္က အားတင္းထကာ ညႇပ္ေနတဲ့သူ႔ကိုဆြဲထုတ္သည္။သို႔ေပမဲ့ ထိုင္ခုံနဲ႔ညႇပ္ေနတဲ့သူ႔ေျခေထာက္ေတြ ...။ ဂြၽန္ထယ္တစ္ေယာက္တည္းအားစိုက္ေနရတာမို႔ သူပါအားထည့္ကာ ဂြၽန္ထယ့္လည္တိုင္ကို ဖက္တြယ္ေတာ့ ႂကြတက္လာတဲ့ ေျခေထာက္ေတြ ...။

ဝမ္းသာသလို မ်က္ရည္ၾကားက ၿပဳံးလိုက္တဲ့ဂြၽန္ထယ္။ ဒီေလာက္ ေသြးသံရဲရဲၾကားမွာ သူ႔ကိုပဲ ဦးတည္ဂ႐ုစိုက္ေနတဲ့ဂြၽန္ထယ္။ေျပာဖို႔ အခ်ိန္ေကာင္းမဟုတ္ေပမဲ့ ပိတ္က်ေတာ့မဲ့ မ်က္ဝန္းေတြကိုအားတင္းဖြင့္ကာ သူေျပာလိုက္မိသည္က ...

" ငါ.. ငါလည္း မင္းကို .... အရမ္း..ခ်စ္တယ္ ဂြၽန္ထယ္ "

ေျပာၿပီးၿပီးခ်င္းမွာပဲ ႏွာေခါင္းထဲရစ္ဝဲလာတဲ့ ဆီအနံ႔။
မ်က္ရည္ေတြၾကားက ဂြၽန္ထယ္ သူ႔ကိုၿပဳံးျပသည္။ အနားယူခ်င္ေနၿပီျဖစ္တဲ့အသိတရားေတြက သူ႔ကိုလႈံ႕ေဆာ္ေလလွ်င္ သူသိတာ သူဟာ ဂြၽန္ထယ့္လက္ေပၚမွာမဟုတ္ေတာ့ ။ ထမ္းစင္တစ္ခုေပၚေရာက္သြားၿပီျဖစ္သည္။ ေဝးကြာသြားခဲ့တဲ့ရင္ခြင္ငယ္အတြက္ သူ႔ကမာၻႀကီးအေမွာင္မက်ခင္ ဂြၽန္ထယ္ရွိရာကို လွမ္းၾကည့္မိသည္။ ကားတံခါးၾကားက ဂြၽန္ထယ့္ပုံရိပ္..။ ေဆး႐ုံဝန္ထမ္းအခ်ိဳ႕နဲ႔ ကြယ္သြားၿပီျဖစ္ေပမဲ့ သူ နားနဲ႔ဆတ္ဆတ္ၾကားလိုက္ရတဲ့ ေပါက္ကြဲသံ။ ဒီရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သပ္သြားသလို ခံစားလိုက္ရေတာ့သည္။

မဟုတ္ဘူး .. ဂြၽန္ထယ္!! ဂြၽန္ထယ္ က်န္ေနေသးတယ္

႐ုန္းကန္ၿပီးထဖို႔ႀကိဳးစားခဲ့ေပမဲ့ စူးေအာင့္လာတဲ့ႏွလုံးသားရဲ႕ေဝဒနာကပဲ သူ႔ကို အေမွာင္ထုထဲဆြဲေခၚသြားခဲ့ေတာ့သည္။

ႏိုးလာတဲ့အခါ ပထမဆုံး ေပြ႕ဖက္ဆီးႀကိဳမဲ့သူဟာ ခ်စ္ရသူ ဂြၽန္ထယ္သာ ျဖစ္ပါေစဘုရားသခင္

သူ႔ဆုေတာင္းသံေတြ အေမွာင္ထုထဲ ပဲ့တင္႐ိုက္သြားေတာ့သည္

🔹🔹🔹

ပထမဆုံး စၾကားလိုက္ရသည္က ေလသံခပ္တိုးတိုးေလး... ေသခ်ာ‌နားေထာင္ၾကည့္မွ သိသည္က အဲယားကြန္းပိုက္ကအသံ...။ ထို႔ေနာက္ စူးရွစြာဝင္လာတဲ့အလင္းတန္း ။ သူ မ်က္ဝန္းေတြအသာေလး ဖြင့္ၾကည့္မိေတာ့ သူ႔ကိုၿပဳံးျပေနတဲ့ ဂြၽန္ထယ္ !!

ဝင္လာတဲ့အသိတရားေတြထဲမွာ ဂြၽန္ထယ္ကအရင္ေနရာယူေလေတာ့ မ်က္ေထာင့္စြန္းကေန မ်က္ရည္ေလးလွိမ့္ဆင္းသြားသည္။ ေတြ႕လား သူဂြၽန္ထယ္ကို တအားလြမ္းေနတာ မ်က္ရည္က သက္ေသပင္။

" ထယ္ေယာင္း!! သတိရလာၿပီလား "

အသံကိုၾကားလိုက္မွ အသိထပ္ဝင္ကာ သူထပ္ၾကည့္မိေတာ့ ဂြၽန္ထယ္မဟုတ္။ ဂ်ီမင္... မင္ဂြၽန္းၿပီးရင္ ဒုတိယေျမာက္ျဖစ္တဲ့ ဂ်ီမင္.. အခုေတာ့ တဦးတည္းေသာသူငယ္ခ်င္းေပါ့။

ဂ်ီမင္ကေတာ့ အခန္းျပင္ထြက္ကာ ဆရာဝန္ေတြသြားေခၚသည္နဲ႔တူပါရဲ႕။ အခန္းထဲမွာတစ္ေယာက္တည္းက်န္ခဲ့တဲဲ့သူ။ ခ်က္ခ်င္းေကာက္ထၿပီး ဂြၽန္ထယ္ရွိရာကိုသာအေျပးသြားခ်င္မိသည္။

ခဏေနေတာ့ဆရာဝန္ေတြနဲ႔အတူျပန္ေရာက္လာတဲ့ဂ်ီမင္။ သူ႔ကိုစစ္ေဆးတာေတြ ဘာေတြလုပ္ၿပီးေနာက္သက္သာေၾကာင္း၊ စိုးရိမ္စရာေတြမရွိတဲ့အေၾကာင္း ဂ်ီမင္ကိုေျပာကာ ထြက္သြားၾကေတာ့ သူ႔မ်က္ဝန္းေတြဂ်ီမင္ဆီကို က်ေရာက္လာေတာ့သည္။

" ဂ်ီမင္~~ "

ေဖ်ာ့ေတာ့စြာေခၚတဲ့ေလသံအဆုံး သူ႔ကိုဂ်ီမင္ကၾကည့္သည္။

" ဂြၽန္ထယ္~~ ငါ့ရဲ႕ဂြၽန္ထယ္ေလးေကာ .. "

ဘယ္သူ႔ကိုဆိုလိုေနမွန္း ဂ်ီမင္သိသည္မို႔သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္

" မင္းအိပ္ေနတာ တစ္ပတ္ျပည့္ၿပီ ထယ္ေယာင္း "

" ငါေမးေနတာ ဂြၽန္ေဂ်ာင္ကုကို !! "

" ေဂ်ာင္ကု?? ငါေျပာတာကို မင္းနားေထာင္ႏိုင္ပါ့မလား ထယ္ေယာင္း .. ႏိုးႏိုးခ်င္းမေျပာျပသင့္ဘူးဆိုတာသိေပမဲ့ ငါ မလိမ္ခ်င္ဘူး "

တုန္ယင္စြာေျပာလာတဲ့ဂ်ီမင္ရဲ႕စကားက ထယ္ေယာင္း နားထဲ သံရည္ပူေတြေလာင္းခ်လိုက္သလိုပင္။ အစကတည္းက စိုးရိမ္ေနခဲ့ရတဲ့ စိုးရိမ္မွတ္ကလဲ ထိပ္ဆုံးကို ေရာက္သြားေတာ့ သူ႔ႏွလုံးသားေလး မခံႏိုင္ ။ စူးေအာင့္နာက်င္သြားရသည္။ ဒါေတာင္ ဘာျဖစ္မွန္းေသခ်ာမသိေသး။

" ရ~~ ရတယ္ .. ငါနား..နားေထာင္မယ္ ~~ ေျပာ ... ဂ်ီမင္ "

သူ႔စကားအဆုံး နီရဲလာတဲ့ ဂ်ီမင္မ်က္ဝန္းေတြ ... ။

" ဒီေန႔ ခုနစ္ရက္ေျမာက္တဲ့ေန႔ပဲ ထယ္ေယာင္း ... "

အက္ရွရွဂ်ီမင္အသံဟာ အရင္ကသူသိထားခဲ့တဲ့ဂ်ီမင္မွဟုတ္ပါရဲ႕လား။ မင္ယြန္ဂီနဲ႔ပတ္သတ္ၿပီး စိတ္ထိခိုက္တိုင္း ဒီေလာက္အေျခအေနမ်ိဳးမဟုတ္။ အခု ဂ်ီမင့္မ်က္ႏွာကိုၾကည့္တာနဲ႔တင္ အမွန္တရားက ဘာဆိုတာကို ေရးေရးျမင္လာသလို...။ သို႔ေပမဲ့ ... မဟုတ္ဘူး လို႔ ျငင္းဆန္ေနမိသည္။

" ဘာ .. ဘာကိုခုနစ္ရက္ေျမာက္တာလဲ ဂ်ီမင္ "

" ေဂ်ာင္ကု !! ေဂ်ာင္ကုကီး‌ေလးဆုံးတာ ခုနစ္ရက္ေျမာက္တဲ့ေန႔ပဲ ထယ္ေယာင္း "

ထိုစကားအဆုံး သည္းမခံႏိုင္စြာ စတင္ငိုေႂကြးသူက သူမဟုတ္ဘဲ ပက္ဂ်ီမင္ျဖစ္သည္။ သူ႔ထက္ စိတ္အလြန္ခိုင္မာပါတဲ့ဂ်ီမင္ မ်က္ရည္က်ေလာက္တဲ့အထိ ဝမ္းနည္းေနတာဆိုေတာ့ ဒီသတင္းက အမွားေတာ့မျဖစ္ႏိုင္။သို႔ေပမဲ့ တစ္ေယာက္ေယာက္ သူ႔ကိုလိမ္ေပးဖို႔လိုအပ္ေနသည္။

ထယ္ေယာင္းတစ္ေယာက္ ႐ုတ္တရက္ႀကီးျပဴးေၾကာင္ကာ ငိုေနတဲ့ဂ်ီမင္ကိုၾကည့္လိုက္မိသည္။ သူ အသက္လဲ မရႉေနသလို အဆုတ္ထဲ ေလေရာက္ေအာင္ ဘယ္လိုရႉရႈိက္ရမလဲ ဆိုတာ ေမ့ေနခဲ့သည္။

" ဂ်ီမင္!! မင္း ငါ့ကို မနာလိုေနလို႔ ဒီလို လုပ္တာလား ... ကိုကို ကိုကို ဆိုၿပီး မင္းေနာက္တေကာက္ေကာက္လိုက္တတ္တဲ့ကေလးက ငါ့ဆီေရာက္လာလို႔ မင္း ငါ့ကို မနာလိုေနတာမလား... အဟားးး... ဂ်ီမင္ရယ္ ... မင္းက ငါ့သူငယ္ခ်င္းေလ "

ကုတင္ေပၚက ရယ္တစ္ဝက္နဲ႔ အသိစိတ္မကပ္တဲ့ ထယ္ေယာင္းေဘးနား ဂ်ီမင္ေျပာင္းထိုင္ရင္း ပခုံးေတြကို ဆြဲလႈပ္မိသည္။ ေသေလာက္ေအာင္ဝမ္းနည္းေနရေပမဲ့ ထယ္ေယာင္း စိတ္ဂေယာက္ကယက္ျဖစ္တာကို သူတားရမည္။ တစ္ေယာက္ကို ဆုံးရႈံးၿပီးၿပီ ... ေနာက္တစ္ေယာက္ကို ထပ္မဆုံးရႈံးခ်င္ ။

" ထယ္ေယာင္း ကင္ထယ္ေယာင္း!! ငါ့ကိုေသခ်ာၾကည့္စမ္း!! ... "

သူေျပာေတာ့ ၾကည့္လာတဲ့ထယ္ေယာင္းရဲ႕မ်က္ဝန္းငယ္။ ဝမ္းနည္းျခင္းလႈိင္းေလးေတြက ႏွစ္ေယာက္လုံး ထုတ္လႊင့္ေနမိတာမို႔ တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္နားလည္သြားသည္နဲ႔တူပါရဲ႕။ တိုင္ပင္ထားျခင္းမရွိဘဲ ထယ္ေယာင္းမ်က္ဝန္းအိမ္ကေန မ်က္ရည္ၾကည္ေတြ ဒ‌လေဟာ က်ဆင္းၿပီး အသံထြက္ကာ ငိုသည္။

" ... ငါ့ေၾကာင့္နဲ႔ ... ငါ့ေၾကာင့္နဲ႔ ... ဂြၽန္ထယ္က ငါ့ေၾကာင့္နဲ႔ ... "

သူ႔ပခုံးကို တင္းတင္းက်ပ္က်ပ္ဖက္ကာ ငိုေႂကြးေနတဲ့ ထယ္ေယာင္းကို သူလဲ ျပန္ေပြ႕ဖက္ရင္း မ်က္ရည္ေတြကို က်ဆင္းခြင့္ျပဳေစလိုက္သည္။ အၿမဲတမ္း တေကာက္ေကာက္လိုက္ကာ သိပ္ခ်စ္ေၾကာင္း ေျပာခဲ့တဲ့ သူ႔ရဲ႕တစ္ဦးတည္းေသာ ညီငယ္ေလး။ သိပ္ခ်စ္ရပါေသာ္လည္း ဘယ္တုန္းကမွ သူ႔ခံစားခ်က္ေတြကို မေဖာ္ျပျဖစ္ခဲ့။ ဒါေပမဲ့ ဘယ္သူကထင္ထားမွာလဲ .. အ႐ြယ္မတိုင္ခင္မွာ ဆုံးရႈံးရလိမ့္မယ္လို႔ ... သူကိုယ္တိုင္လဲ မထင္ထားခဲ့တာမို႔ တကယ္တမ္းဆုံးရႈံးရတဲ့အခ်ိန္မွာ ဒီရင္ဘတ္ကနာသည္။

ဘာေၾကာင့္မ်ား သူ အဲ့ကေလးကို ေႏြးေႏြးေထြးေထြးမဆက္ဆံေပးႏိုင္ခဲ့ရတာလဲ ေနာက္ဆုံးတစ္ေခါက္ေတြ႕တဲ့အခ်ိန္မွာေတာင္ စိတ္ရႈပ္စြာ သူ တြန္းဖယ္ခဲ့မိေသးသည္။

" မင္းေၾကာင့္ မဟုတ္ပါဘူး.. ထယ္ေယာင္းရယ္... မင္းေၾကာင့္မဟုတ္ဘူး "

" ငါသာ ေကာင္းေကာင္းေနခဲ့မယ္ဆိုရင္.. ငါသာ ဂြၽန္ထယ္ကိုပဲဂ႐ုစိုက္ခဲ့မယ္ဆိုရင္ ... ငါသာ ေဂ်ာင့္ရဲ႕စကားေတြကို ဂ႐ုမစိုက္ခဲ့ဘူးဆိုရင္ .... ငါ ... ငါ .. "

တျဖည္းျဖည္း ရႈိက္ငိုကာ ထြက္မလာေတာ့တဲ့အသံေၾကာင့္ သူ႔ကိုဖက္တြယ္ထားတဲ့ ထယ္ေယာင္းကိုၾကည့္ၿပီး ဂ်ီမင္ တုန္လႈပ္သြားသည္။

" ထယ္ !! ထယ္ေယာင္း !! ကင္ထယ္ေယာင္း "

ဘယ္ေလာက္ ေခၚေခၚ အသိတရားေတြ မဝင္ေတာ့ တဆတ္ဆတ္တုန္ေနတဲ့ ခႏၶာကိုယ္ေၾကာင့္ ဂ်ီမင္ ဆရာဝန္ကိုသာေျပးေခၚလိုက္မိေတာ့သည္။ အရမ္းသန္မာမယ္ထင္ထားခဲ့တာေလ...။ ထယ္ေယာင္းက ခံႏိုင္ရည္ရွိတဲ့လူတစ္ေယာက္ေလ ။ ထယ္ေယာင္းက ေဂ်ာင္ကုကိုအရမ္းခ်စ္ခဲ့တာပဲ

အဆုံးမွာေတာ့ ထယ္ေယာင္းကို စိတ္ၿငိမ္ေဆးျပန္ထိုးကာ အိပ္ေမာက်သြားေတာ့သည္။

ထယ္ေယာင္းကိုၾကည့္ရင္း ဂ်ီမင္ အသိတရားဝင္လာသည္က ပုံျပင္တိုင္းက အဆုံးသတ္ဘယ္လွပါ့မလဲေလ ...။

အဲ့ဒီ့လိုပဲ ရက္စက္စြာ ျဖတ္ေတာက္ထားခဲ့မိတဲ့ သူနဲ႔မင္ယြန္ဂီရဲ႕ ဇာတ္လမ္းကေရာ ...

ဟင္အင္း ခ်စ္ေပမဲ့ ဦးေႏွာက္ကလက္ခံေပးႏိုင္ဖို႔ သူအခ်ိန္လိုအပ္တယ္ အဲ့‌ဒါေၾကာင့္ ....

မင္ယြန္ဂီ .. ခင္ဗ်ားမေစာင့္ရင္ ကြၽန္ေတာ္ကေတာ့ လွည့္ျပန္လာမွာ မဟုတ္ဘူး

🔹🔹🔹

ေလေျပေလညင္းေတြတိုက္ခတ္ေနတဲ့ ညေနေစာင္းေလး...။ ေအးစိမ့္စိမ့္ေလထုက သူနဖူးေပၚက ဆံႏြယ္ေတြကို ကပိုက႐ိုျဖစ္ေစေပမဲ့ သူ ဆံႏြယ္ေတြကို မသပ္တင္မိ။ အေရွ႕က အုတ္ဂူေလးကိုသာေငးေနရင္း ပန္းစည္းေလးခ်လိုက္မိသည္။ ထို႔ေနာက္ ေဖ်ာ့ေတာ့ေနတဲ့အၿပဳံးေလးတစ္ခုနဲ႔ မမကို သူႏႈတ္ဆက္လိုက္သည္။

" မမ ... မေတြ႕ရတာၾကာၿပီပဲ ... မမေသဆုံးရတဲ့အမႈအတြက္ တရားမွ်တမႈရၿပီးပါၿပီမမ ... မမကို ကားထဲထည့္ၿပီး ေရထဲပစ္ခ်ခဲ့တဲ့သူကိုလဲ အျပစ္ေပးၿပီးပါၿပီ .. မမ ေျပာခဲ့သလိုပဲ ေဂ်ာင္လဲ အေသဆိုးနဲ႔ေသခဲ့ရတာပဲ မမ .... မမအေပၚ ကြၽန္ေတာ္ မတရားခဲ့ေပမဲ့လဲ တာဝန္ေက်တယ္မဟုတ္လား ... မမ ... မမရဲ႕ေနာက္ဆုံးအခ်ိန္ထိ ... ကြၽန္ေတာ့္ကို စိတ္ဆိုးျခင္းမရွိဘဲ ခ်စ္ခဲ့ေပးလို႔ ေက်းဇူးတင္ပါတယ္ "

ထိုစကားအဆုံး ပါးျပင္ေပၚျဖတ္သန္းလာတာက မ်က္ရည္ၾကည္ေတြ ... ။ သူ႔ဘဝမွာေလ နာက်င္ရတဲ့အခ်ိန္က ေလးႏွစ္ေလာက္ပဲရွိေပမဲ့ ထိုေလးႏွစ္စာက သူ႔အတြက္ ငရဲတကမာၻလိုၾကာျမင့္လြန္းသည္။ ေလးႏွစ္အတြင္းမွာ အခ်စ္ဦးက သူ႔မမနဲ႔လက္ထပ္ၿပီး သူ႔မမကို ကိုယ္တိုင္သတ္ပစ္ခဲ့သည္။ ဒါေတာင္ေအးေဆးမေန သူ႔ကိုခ်စ္ပါတယ္ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အတင္းအဓၼသူ႔ကို သိမ္းပိုက္ခဲ့ျပန္သည္။ အဲ့လို စိတ္ဆင္းရဲမႈ ဒုကၡေတြၾကားမွာ ေနလာတဲ့ သူ... အခ်ိန္တန္ေတာ့ အခ်စ္ဆုံးသူကိုရွာေတြ႕ခဲ့ေပမဲ့ သူ ရက္စက္ခဲ့မိတယ္ ထင္သည္။ အခ်စ္ဦးလက္က ကာကြယ္ေပးရင္း သူ႔ေၾကာင့္နဲ႔ ေသဆုံးခဲ့ရတဲ့ သူ႔ရဲ႕အခ်စ္ဆုံးလူသားေလး။

သူ မမအုတ္ဂူေဘးနားက သူ႔ဟာသူဖန္တီးထားတဲ့ျပာအိုးေလးကို ၾကည့္လိုက္မိသည္။

" ေဂ်ာင္~~ ေဂ်ာင္ကု ~~ "

လြမ္းလြမ္းေဆြးေဆြးေခၚကာ သူ လက္ဖ်ားေလးနဲ႔ ထိေတြ႕မိသည္။ အသက္ရွိစဥ္ခါတုန္းက ေဂ်ာင္ကု ဆိုတဲ့နာမည္ကို သူေခၚဖို႔အတြက္ အၿမဲတြန႔္ဆုတ္ခဲ့သည္။ သူအရမ္း မုန္းတီးရပါတဲ့ " ေဂ်ာင္ " ဆိုတဲ့စာလုံးကို အသံမထြက္ခ်င္လြန္းလို႔ ကိုယ္တိုင္ေပးထားတဲ့ ဂြၽန္ထယ္ဆိုတဲ့နာမည္ကိုသာ သတ္သတ္မွတ္မွတ္ေခၚသည္။ အခုမွျပန္စဥ္းစားၾကည့္ရင္ .. အဲ့ေကာင္ေလး ဘယ္ေလာက္ေတာင္ နာက်င္ခဲ့မလဲ ?? သူ႔ကိုအရမ္းခ်စ္ေပးခဲ့ေပမဲ့ သူကေတာ့ ထိုေကာင္ေလးရဲ႕နာမည္ကိုေတာင္ တန္ဖိုးထားၿပီး မေခၚေပးႏိုင္ခဲ့ဘူး။

" ဂြၽန္ ေဂ်ာင္ကု ... ငါ မင္းကိုအရမ္းခ်စ္တယ္
.. ငါ .. ဒီေန႔ကစၿပီး .. မဆိုးေတာ့ဘူး ... ဘဝကို ေကာင္းေကာင္းမြန္မြန္ရွင္သန္မယ္ ... ငါမဟုတ္တဲ့ ငါ့ပုံစံကို ဘယ္ေတာ့မွ အေရာင္ထပ္မဆိုးေတာ့ဘူး ... ငါမျဖဴစင္ႏိုင္ေတာ့ေပမဲ့ .. မင္း တစ္မ်က္ႏွာနဲ႔ မင္းစကားေတြ ငါနားေထာင္မယ္ ... ၿပီးေတာ့ အၿမဲတမ္းငါမင္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္ ငါ့ရဲ႕ဂြၽန္ထယ္ေလး .. "

အားတင္းကာေျပာၿပီးတာနဲ႔ က်ဆင္းလာမဲ့မ်က္ရည္ေတြကို သူ မသုတ္ပစ္ဘဲ လြတ္လပ္ခြင့္ေပးလိုက္ေတာ့သည္။ သူ႔မွာ ေဂ်ာင္ကုေပးထားတဲ့အသက္သာရွိေတာ့သည္မို႔ သူ႔ကိုယ္သူ ေသခ်ာဂ႐ုစိုက္ၿပီး ... နားလည္မႈေတြအမ်ားႀကီးေပးမွာ ...။

" ထယ္ေယာင္း ~~ "

အေနာက္ကေနထြက္လာတဲ့ ဂ်ီမင္းအသံေၾကာင့္ သူမ်က္ရည္ေတြကို သုတ္ပစ္လိုက္သည္။ ထို႔ေနာက္ခ်က္ခ်င္းလွည့္ၾကည့္ကာ ၿပဳံးျပလိုက္မိသည္။

" ငါအဆင္ေျပတယ္ ဂ်ီမင္း .. သြားရေအာင္ မင္းေနာက္က်ေနဦးမယ္ ... "

သူ တကယ္အဆင္ေျပတာကို မယုံတဲ့ဂ်ီမင္းကေတာ့ ေၾကာင္ၾကည့္ေနတာမို႔ သူ႔ကပဲ ဦးေဆာင္ကာ ေလဆိပ္ကို လိုက္ပို႔ေပးမိေတာ့သည္။ အရာအားလုံးၿပီးမွ သိခဲ့ရတာက ဂြၽန္ေဂ်ာင္ကုဟာ ပက္ဂ်ီမင္ရဲ႕ဝမ္းကြဲညီ တဲ့။ အၿမဲတမ္း တစ္ေကာင္ႂကြက္လိုသာ ေနတဲ့ ဂ်ီမင္ကေတာ့ အရင္သူနဲ႔အတူရွိေပမဲ့ အခုေတာ့ အေမဘက္ကအမ်ိဳးေတြနဲ႔အဆက္သြယ္ရၿပီမို႔ ဂ်ပန္မွာ ေနေတာ့မည္ဆိုပဲ။

" ဂ်ီမင္ ... ေဂ်ာင္ကုအေမကိုေတြ႕ရင္ ေျပာေပးပါ ... ငါက ေတာင္းပန္ပါတယ္လို႔ ... ငါ့ေၾကာင့္နဲ႔ အဖိုးတန္သားကို ဆုံးရႈံးခဲ့ရတာမလို႔ .. "

သူေျပာေတာ့ ဂ်ီမင္က မ်က္ဝန္းေတြနီရဲလာသည္။

" အင္း.. ငါေရာ အန္တီေလးကို ေတာင္းပန္ရလိမ့္မယ္ ငါတစ္ခါမွ ေဂ်ာင္ကုကို ေကာင္းေကာင္းမဆက္ဆံမိခဲ့တဲ့အတြက္ ... "

" ဟိုေရာက္ရင္ ဂ႐ုစိုက္ဦးေနာ္ .. "

" မင္းကေရာ ... ဘာဆက္လုပ္မွာလဲ .. "

" ႐ုန္းကန္ရမွာေပါ့ အရင္က KM Groupရဲ႕ကင္ထယ္ေယာင္းမွ မဟုတ္ေတာ့တာ အခုက .. ဘာေက်ာေထာက္ေနာက္ခံမွ မရွိေတာ့တဲ့ကင္ထယ္ေယာင္းေလကြာ ... မပူပါမဲ့ ကလပ္ေရာင္းရတဲ့ေငြက ငါ့စားစရိတ္နဲ႔ အိမ္ရွာဖို႔ေလာက္ပါေသးတယ္ .. "

" ငါ့အိမ္မွာ ေနလဲ ရလ်က္သားနဲ႔ကို ... "

ဂ်ီမင္ေျပာေတာ့ သူၿပဳံးလိုက္မိသည္။ ဂြၽန္ထယ့္အေငြ႕အသက္ေတြျပည့္ေနတဲ့ေနရာမွာ သူေနရင္ ႐ူးသြားလိမ့္မယ္ အဲ့ဒါေၾကာင့္ လြတ္ကြၽတ္ရာမွာသာ ေနပါရေစ။

ေလဆိပ္ေရာက္ေတာ့ ဂ်ီမင္က သူ႔ကိုေပြ႕ဖက္ ႏႈတ္ဆက္သည္။ မ်က္ဝန္းေတြက မခြာခ်င္ဘူး ေျပာေနေပမဲ့ ဘယ္အရာကိုမွအပိုင္စီးထားလို႔မရတာ သူနားလည္သည္။

" ဂ်ီမင္!! .. မင္ယြန္ဂီကို လက္ခံေပးလိုက္ပါ ... သူက ဘာမွမပတ္သတ္ခဲ့ဘူးေလ ... "

" ထားလိုက္ပါ... သူ႔ကိုျမင္ရင္ အေဖ့ဈာပနာညကိုပဲျပန္ေျပးျမင္ေနလို႔အဆင္မေျပတာ "

မ်က္ေမွာင္ၾကဳတ္ၿပီးေျပာလာတဲ့ဂ်ီမင္။ တကယ္ဆို ဂ်ီမင္သည္လဲ သူ႔လိုကံၾကမၼာဆိုးနဲ႔ႀကဳံခဲ့ရတဲ့လူသားပင္။ သူကေတာ့ အမကိုသတ္တဲ့လူဆီမွာ ခႏၶာကိုယ္ကို ေပးဆပ္ခဲ့ရေပမဲ့ ဂ်ီမင္ကေတာ့ အေဖကိုသတ္ခဲ့တဲ့လူရဲ႕သားဆီမွာ ႏွလုံးသားကို ခ်ခင္းထားခဲ့ရသည္။ သူနဲ႔နည္းနည္းကြာသည္က မင္ယြန္ဂီဟာ ဂ်ီမင္ကို တကယ္ခ်စ္ၿပီး လူသတ္မႈေတြထဲ ဘာမွမပါဝင္ခဲ့တဲ့လူ။

" မင္း မသိခဲ့တာပါ ဂ်ီမင္ !! ငါလဲ သူဖုံးကြယ္ထားတဲ့အရာကို မေျပာျပခ်င္ေပမဲ့ သူငယ္ခ်င္းအေနနဲ႔ ေျပာျပႏိုင္တာ တစ္ခုရွိတယ္ ... ရာသီဥတုအရမ္းေအးလာတဲ့အခါမ်ိဳးမွာ ... မင္ယြန္ဂီရဲ႕ေျခေထာက္ကို ဂ႐ုစိုက္ေပးပါ ဂ်ီမင္ ... "

ထူးဆန္းေနသလိုျဖစ္ေနေပမဲ့ ဂ်ီမင္ေခါင္းညိတ္သည္။

" ငါက မင္ယြန္ဂီနဲ႔ထပ္မ‌ေတြ႕ရေတာ့ဘူးေလ ထယ္ေယာင္းရယ္ .. "

" ဟင္အင္း.. သူ မင္းဆီကို အေရာက္ျပန္လာမွာပါ မေမ့လိုက္နဲ႔ .. သူ႔အေဖဝန္ႀကီးခ်ဳပ္ေထာင္က်ကတည္းက ... မင္ယြန္ဂီ ... ဘာတစ္ျပားတစ္ခ်ပ္မွမရွိေတာ့တဲ့လူပဲ ... ေျပာရရင္ သူလဲ ကင္ထယ္ေယာင္းနဲ႔ တူသြား‌တာေပါ့ "

ရယ္ၿပီးေျပာေနတဲ့ထယ္ေယာင္းကိုၾကည့္ရင္း ဂ်ီမင္သက္ျပင္းခ်လိုက္ေတာ့သည္။ ထယ္ေယာင္းသာ ေနာက္တစ္ခြန္းထပ္ေျပာဦးမယ္ဆိုရင္ ဂ်ီမင္ ဂ်ပန္ကိုမသြားဘဲ ခ်က္ခ်င္းယြန္ဂီကိုရွာမိဦးမွာ ေသခ်ာတယ္!! ပိုင္ဆိုင္မႈေတြအကုန္ ႏိုင္ငံေတာ္က သိမ္းဆည္းလိုက္တာမို႔ ရွင္သန္ရာမဲ့ေနတဲ့ဘဝမ်ိဳးျဖစ္ေနမွာ သူမလိုလား။ သိပ္ခ်စ္ရတဲ့သူမို႔ အနားမွာေတာ့ထားခ်င္မိတာအမွန္။

" ထယ္ေယာင္း ထပ္မေျပာနဲ႔ေတာ့ ငါ ဂ်ပန္မွာ ေက်ာင္းတက္ၿပီးရင္ ျပန္လာခဲ့မယ္ .. မင္းလဲ အဲ့ဒီ့အခ်ိန္ထိ ေတာင့္ခံထားေပးပါ ... "

ဂ်ီမင္စကားကို သူေခါင္းညိတ္ေတာ့ ဂ်ီမင္က စိတ္ေျဖအၿပဳံးေလးတစ္ခု ၿပဳံးျပကာ ထြက္သြားခဲ့ေတာ့သည္။သူသည္လဲရွင္သန္ဖို႔အတြက္ အလုပ္နဲ႔အိမ္ ရွာရဦးမည္။ လက္ရွိမွာေတာ့ အရင္ကသူ႔ကုမၸဏီဝန္ထမ္းေတြအျပင္ တခ်ိဳ႕ေသာအလုပ္ေနရာေတြက သူ႔ကိုသိေနၾကတာမို႔ လြယ္လြယ္နဲ႔ရဦးမွာ မဟုတ္။ အဲ့တာေၾကာင့္ တစ္လေလာက္ေတာ့ သူ႔ကိုယ္သူအနားေပးဦးမွာ ...။ သိပ္ခ်စ္ရတဲ့ဂြၽန္ေဂ်ာင္ကုကို လြမ္းရင္းနဲ႔ေလ ..။

ခင္ဗ်ားတို႔သိလား ...

တစ္ခါတစ္ေလ သိပ္ခ်စ္လြန္းရင္ ... ဘာမွ ေျပာမထြက္ေတာ့တာမ်ိဳး... တကယ္ေျပာရရင္ ကြၽန္ေတာ္ဟာလဲ ဂြၽန္ေဂ်ာင္ကုကို အရမ္းခ်စ္လြန္ခဲ့လို႔.. ခ်စ္တယ္ဆိုတဲ့စကားကိုေတာင္ ေျဖာင့္ေအာင္မေျပာႏိုင္ခဲ့ဘူး .... ေနာင္တရလားေမးရင္ ရေတာ့ရတယ္ ဒါေပမဲ့ အဲ့စကားအတြက္မဟုတ္...

" ကြၽန္ေတာ္လား ... ဆြန္းအီေဂ်ာင္ လား " လို႔ ေဂ်ာင္ကုေ႐ြးခိုင္းတုန္းက ဆြန္းအီေဂ်ာင္ကိုေ႐ြးခ်ယ္မိတဲ့အတြက္ ...

Happy Endingဆိုတာ လက္ေတြ႕ဘဝမွာရွားတယ္ ... Happy Endingဆိုတာ သူ႔ဘဝမွာ ဘယ္ေတာ့မွမရႏိုင္တဲ့အဆုံးသတ္။

ဒီတစ္ဘဝလုံးေတာ့ သူ႔စိတ္အစဥ္က ဂြၽန္ထယ့္ဆီမွာပဲ ကပ္ၿငိေနဦးမွာမို႔ ... ထယ္ေယာင္းၿပဳံးလိုက္မိသည္။

တတိယေျမာက္အခ်စ္ဆိုတာ ... ဘယ္ေတာ့မွ မရွိေစရဘူး ကတိေပးတယ္ ဂြၽန္ထယ္ ... ေကာင္းကင္ကေန မင္းေစာင့္ၾကည့္ေနတယ္မဟုတ္လား ... ငါလဲ တေန႔ေန႔က်ရင္ မင္းရွိရာဆီကို ေရာက္လာဦးမွာမို႔.. ေစာင့္ေနေပးပါ ခ်စ္ရတဲ့ဂြၽန္ထယ္ေလး ...

💠💠💠

December 17, 2020
By Epiphany_Jinah

4th Completed Book of Jinah

မ်က္ႏွာခ်ိဳေသြးတဲ့ေလသံနဲ႔ဖတ္ပါရန္...

အစကတည္းကမေမွ်ာ္လင့္ပါနဲ႔လို႔ေျပာထားခဲ့ပါတယ္ ဒါေပမဲ့ ဒီလိုအရမ္းအရမ္းေရးခ်င္လာလို႔ပါ ... မေက်နပ္သမွ် ေျပာလို႔ရပါတယ္ ဒီတစ္ပိုင္းထဲမွာပဲ ဘာေျပာေျပာ အိုင္အကုန္လက္ခံေပးတယ္ အိုင္လုပ္ထားတာ အိုင္သိလို႔ 😬✨♥️ Luv you...

စိတ္ပ်က္စရာ Endingျဖစ္ေပမဲ့ အရမ္းေက်နပ္မိပါတယ္ .. Extraလုံးဝမရွိပါ ေနာက္အသစ္အတြက္ နားၿပီး ျပန္လာခဲ့ပါမယ္...

»»» WAFF ( Jimin × OC ) Drama Type

Continue Reading

You'll Also Like

1.1M 59.5K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
594K 11K 35
Ariana Salvatore has lived most her 'life' with her brother Damon. When she returns to mystic falls she meets an intriguing hybrid who makes himself...
56.9K 4.6K 6
โ€ข แ€™แ€ฌแ€ธแ€™แ€ฌแ€ธ แ€‘แ€šแ€นแ€ฑแ€šแ€ฌแ€„แ€นแ€ธแ€€แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€Ÿแ€ฌแ€ฑแ€”แ€ฌแ€น แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€ฅแ€…แฅแ€ฌแ€ฑแ€”แ€ฌแ€น โ€ข โ€ข แ€™แ€ฌแ€ธแ€™แ€ฌแ€ธ แ€‘แ€šแ€บแ€šแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€Ÿแ€ฌแ€”แ€ฑแ€ฌแ€บ แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€ฅแ€…แ€นแ€…แ€ฌแ€”แ€ฑแ€ฌแ€บ โ€ข
817K 49.9K 114
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...