Zawgyi
"ကိုယ္ေဆာင္းဦးကိုေျပာစရာရွိတယ္"
"ဟုတ္ ေျပာေလ"
ေဆာင္းဦးကစကားလမ္းေၾကာင့္ဖြင့္ေပးလိုက္ေတာ့ ထက္ဘုန္းကသူ႔နားကိုတိုးလာသည္။ထက္ဘုန္းရဲ႕ရင္ေတြတလွပ္လွပ္တုန္ေနၿပီး အသက္ရွဴမဝေတာင္ျဖစ္လာသည္။သူေၾကာက္ေနသည္္၊အကယ္၍မ်ားေဆာင္းဦးကသာ သူ႔ကိုမႏွစ္ၿမိဳ႕တဲ့ပုံစံနဲ႔ၾကည့္ရင္ သူခံႏိုင္ရည္ရွိမွာမဟုတ္ဘူး။
သူအသက္ကိုဝဝရွဴကာ ေဆာင္းဦးရဲ႕လက္ႏွစ္ဖက္ကိုဆုပ္ကိုင္လိုက္သည္။ေဆာင္းဦးကနည္းနည္းေၾကာင္သြား႐ုံကလြဲလို႔ လက္ကိုေတာ့ မ႐ုန္းေပ။
"ဟင္ ကိုထက္ရဲ႕လက္ေတြေအးေနတာလား"
"အာ အင္း နည္းနည္း။ေရေတြစိုထားလို႔ထင္တယ္"
"ကိုထက္ေျပာစရာရွိတာေျပာေလ"
"ဟို အဲ့ေတာ့ ကိုယ္ေျပာခ်င္တာကေလ......."
"........"
"အင္း ေဆာင္းဦး ေသခ်ာနားေထာင္ေနာ္။ကိုယ္အခုေျပာမယ့္ စကားက အရမ္းအရမ္းကိုအေရးႀကီးတယ္"
"ဟုတ္ ကြၽန္ေတာ္နားေထာင္ေနတယ္"
"ကိုယ္ေလ ေဆာင္းဦးကို......."
"ဟပ္ခ်ိဳး"
သူေျပာမလို႔ရွိေသး၊ေဆာင္းဦးကႏွာေခ်လိုက္ေသာေၾကာင့္ စကားကတစ္ဝက္တစ္ပ်က္မွာတင္ရပ္တန္႔သြားရသည္။အား ခုနကmoodသြင္းထားတာေတြ အကုန္ေပ်ာက္ၿပီး ျပန္ေၾကာက္လာျပန္ၿပီ။ဘယ္လိုလုပ္ရမလဲ။ေဆာင္းဦးကေတာ့ လင္းတမႈိင္းမႈိင္ေနေသာ ထက္ဘုန္း႐ုပ္ကိုမေတြ႕ဘဲ ႏွာဆက္တိုက္ေခ်ေနသည္။ထက္ဘုန္းလည္းမေနသာေတာ့ဘဲ ေဆာင္းဦးနားကိုကပ္ကာေမးရေတာ့သည္။
"ေဆာင္းဦး အဆင္ေျပရဲ႕လား"
"ဟုတ္ အဆင္ေျပတယ္"
"ႏွာသံေပါက္ေနတာပဲ။အိမ္ေရာက္ရင္ေႏြးေႏြးေထြးေထြးေနေနာ္ ၾကားလား"
"ဟုတ္ သိပါတယ္။ဒါနဲ႔ကိုထက္ေျပာစရာရွိတာဆက္ေျပာေလ"
"အမ္ အဲ့ဒါက.....ထားပါ ေနာက္မွပဲေျပာေတာ့မယ္ အေရးႀကီးေပမယ့္လည္း"
"အေရးႀကီးရင္အခုေျပာေလ"
"အင္း ေျပာမယ္။အခုကားထဲသြားရေအာင္။ဒီမွာကေနပူေနေတာ့ အၾကာႀကီးထိုင္ေနရင္ဖ်ားလိမ့္မယ္ေလေနာ္"
ထက္ဘုန္းကေလသံေဖ်ာ့ေဖ်ာ့ႏွင့္ေျပာလာေတာ့ ေဆာင္းဦးကသူ႔ကိုၾကည့္လာသည္။ႏွာထိပ္ေလးေတြနီရဲေနသည့္ ေဆာင္းဦးက သိပ္ကိုအသည္းယားဖို႔ေကာင္းလြန္းလို႔ ထက္ဘုန္းထိုႏွာေခါင္းေလးအားညႇစ္ခ်င္စိတ္ကို ထိန္းထားရသည္။
"ဒါေပမယ့္ကားေသာ့ၿဖိဳးဉာဏ္ဆီမွာေလ"
"အာ ကိုယ္ေျပာတာကကိုယ့္ကားေပၚမွာခဏေစာင့္လို႔ေျပာတာ။ကိုယ္ၿဖိဳးဉာဏ္ကိုဖုန္းဆက္ေပးမယ္ေလ။ၿဖိဳးဉာဏ္လာမွသြားေပါ့။ဒီမွာဆက္ထိုင္ေနရင္ေနမေကာင္းျဖစ္လိမ့္မယ္ေလ"
"အင္းပါ အဲ့ဒါဆိုလည္းၿပီးေရာ"
ထက္ဘုန္းတစ္ေယာက္ၿပဳံးကာ ခုံေပၚမွာထၿပီး ေဆာင္းဦးကိုလက္ကမ္းေပးလိုက္ေတာ့ ေဆာင္းဦးကသူ႔လက္ကိုျပန္ကိုင္လာသည္။ႏွစ္ေယာက္သားမ်က္လုံးခ်င္းဆုံသြားေတာ့ ေဆာင္းဦးကျမန္ျမန္အၾကည့္လႊဲလိုက္သည္။သူတို႔ပုံကမသိရင္ အခုမွပူပူေႏြးေႏြးခ်စ္သူျဖစ္ထားတဲ့သူေတြပုံႏွင့္တူသည္။ထက္ဘုန္းသူ႔ဘာသာသူေလွ်ာက္ေတြးကာ မ်က္ႏွာႀကီးကၿပဳံးၿဖီးေနေတာ့သည္။
ကားနားေရာက္ေတာ့ ထက္ဘုန္းကသူ႔လက္ကိုခဏလႊတ္လိုက္ကာ ေဘာင္းဘီအိတ္ထဲမွကားေသာ့ကိုထုတ္ကာlockဖြင့္လိုက္သည္။ေဆာင္းဦးအတြက္တံခါးဖြင့္ေပးၿပီးမွသူကတစ္ဖက္ကိုသြားကာ တံခါးဖြင့္၍ကားေပၚတက္ထိုင္လိုက္သည္။ထို႔ေနာက္dashboardေပၚတင္ထားေသာ ဖုန္းကိုယူကာ ၿဖိဳးဉာဏ္အား သူတို႔ဘယ္မွာလဲဆိုတာကို စာပို႔လိုက္သည္။
ခႏၶာကိုယ္ကေရေတြစိုထားတာေၾကာင့္ေရာ၊အျပင္ကေလကနည္းနည္းတိုက္ေနတာေၾကာင့္ေရာ ေဆာင္းဦးခ်မ္းစိမ့္စိမ့္ျဖစ္ေနသည္။ထက္ဘုန္းသူ႔အေနာက္ခန္းမွာ ယူလာေသာအေႏြးထည္ကိုယူကာ ေဆာင္းဦးအားၿခဳံေပးလိုက္သည္။
"ေက်းဇူး ကိုထက္"
"အင္း ရပါတယ္"
"အာ ေျပာစရာရွိတာေျပာဦးေလ။အေရးႀကီးတယ္ဆိုေတာ့ ေနာက္က်မွေျပာလို႔မေကာင္းဘူးမလား"
ေဆာင္းဦးကထပ္ၿပီးစကားလမ္းေၾကာင္းဖြင့္ေတာ့ ထက္ဘုန္းလည္း ဆက္၍မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။သူဒီစကားကိုေသခ်ာေပါက္ေျပာရမည္မဟုတ္လား။အခုမေျပာရင္ေတာင္ ေနာင္တစ္ခ်ိန္က်ရင္ေတာ့ သူကိုယ္တိုင္ေျပာရမွာပဲေလ။သူေဆာင္းဦးပုခုံးကိုကိုင္ကာ သူ႔ဘက္ကိုဆြဲလွည့္လိုက္သည္။
"ကိုယ္ေလဒီစကားကိုေျပာဖို႔ေသခ်ာစဥ္းစားထားရတာ။မေျပာဘူးလို႔လုပ္ထားေပမယ့္လည္း ကိုယ္ဆက္ၿပီးထိန္းမခ်ဳပ္ထားႏိုင္ေတာ့ဘူး"
ေဆာင္းဦးအခုထိထက္ဘုန္းေျပာတာကို တစ္လုံးမွနားမလည္ေသး။ကိုထက္ကဘာစကားေျပာမလို႔မ်ား အဲ့ေလာက္ေတာင္ စကားေတြခံေနတာလဲ။သူ႔ဆီကပိုက္ဆံေတြဘာေတြမ်ား ေခ်းဖို႔ကိုအားနာေနတာမ်ားလား။မျဖစ္ႏိုင္တာ ကိုထက္ပုံစံကပိုက္ဆံေခ်းမယ့္ပုံလား။ေဆာင္းဦးစက္ရယ္ မင္းဘာေတြေတြးေနတာလဲ။
"ေဆာင္းဦး ကိုယ့္ကိုၾကည့္"
"ဟုတ္"
"ကိုယ္ ေဆာင္းဦးကိုခ်စ္တယ္"
"ဗ်ာ"
ေဆာင္းဦးမ်က္လုံးအစုံျပဴးက်ယ္သြားရသည္။သူအခုနားၾကားမွားတာလား။ကိုထက္သူ႔ကိုဘာေတြေျပာေနတာလဲ။ရင္ေတြကလည္းတဒုတ္ဒုတ္နဲ႔ခုန္ေနတာ ေပါက္ထြက္ေတာ့မလိုပဲ။
"ကိုယ္ တကယ္ေဆာင္းဦးကိုခ်စ္တယ္။အင္း ဘာလို႔ခ်စ္မိသြားမွန္းေတာ့မသိေပမယ့္ ကိုယ့္ကိုယ္ကိုယ္သတိထားမိတဲ့အခ်ိန္မွာ ကိုယ္ေဆာင္းဦးဆီမွာတကယ္နစ္ဝင္ေနၿပီ"
"ကိုထက္ ဘာေတြေျပာေနတာလဲ။မျဖစ္ႏိုင္တာ"
"ဘာလို႔မျဖစ္ႏိုင္ရမွာလဲ"
"ကိုထက္ကကြၽန္ေတာ့္လို အူတူတူ၊အတတပုံစံနဲ႔သူကို ခ်စ္တယ္ဆိုတာႀကီးက ထူးဆန္းလြန္းတယ္ေလ"
"ကိုယ့္ကိုမယုံတာလားဟင္။ဘာလို႔လဲ"
"ဘာလို႔လဲဆိုေတာ့ အဲ့ဒါကျဖစ္မွမျဖစ္ႏိုင္တာ။ၿပီးေတာ့ကိုထက္ကကိုလရိပ္နဲ႔တြဲေနတာေလ"
"ကိုယ္နဲ႔သူကဘာမွမဆိုင္ေတာ့ဘူးေလ။ကိုယ္တို႔ကလမ္းခြဲၿပီးသြားၿပီ ကိုယ္မင္းကိုခ်စ္ေနတယ္ဆိုတာေသခ်ာကတည္းက သူနဲ႔လမ္းခြဲလိုက္တာ"
"အဲ့လိုႀကီးကကိုလရိပ္အတြက္မတရားလိုက္တာ။သူကကိုထက္ကိုဒီေလာက္ခ်စ္တာကို"
ေခါင္းငုံ႔ကာဆူပုတ္ပုတ္ႏွင့္ေျပာေနေသာေၾကာင့္ ထက္ဘုန္းသူ႔ေခါင္းကိုေမာ့ေစလိုက္သည္။
"အာ သူ႔အေၾကာင္းမေျပာနဲ႔ေတာ့ေလ။ကိုယ္တို႔အခုအဲ့အေၾကာင္းေျပာေနတာမဟုတ္ဘူးေလ။ကိုယ္တို႔ႏွစ္ေယာက္အေၾကာင္းကိုပဲအာ႐ုံစိုက္ရေအာင္"
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေၾကာင္း"
"အင္း ဟုတ္တယ္။ကိုယ္တို႔ႏွစ္ေယာက္အေၾကာင္း။ေဆာင္းဦးကိုယ့္ကိုဘယ္လိုျမင္လဲဟင္"
"ဘယ္လိုျမင္လဲဆိုေတာ့ ကိုထက္ကေတာ္တယ္၊ေခ်ာတယ္၊သေဘာေကာင္းတယ္၊ေဖာ္ေ႐ြတယ္ ဒါေပမယ့္ရည္းစားအရမ္းအရမ္းရႈပ္တယ္"
ေဆာင္းဦးရဲ႕ေနာက္ဆုံးေျပာလိုက္ေသာ စကားေၾကာင့္ သူအရွင္လတ္လတ္အသက္ထြက္ခ်င္စိတ္ေပါက္သြားသည္။သူဘာလို႔မ်ားအေၾကာင္းမရွိဘဲရည္းစားေတြအမ်ားႀကီးထားခဲ့ရတာလဲ၊အဲ့လိုျပန္ေတြးမိရင္ ေနာင္တေတြတစ္သီတတန္းႀကီးရေနမိၿပီ။
"ကိုယ္အခုအဲ့အက်င့္ကိုျပင္ေနၿပီေလ။ေဆာင္းဦးသာကိုယ့္ကိုလက္ခံမယ္ဆို ကိုယ္မင္းျဖစ္ခ်င္တာေတြအားလုံးျပင္ေပးမယ္ေလ။ကိုယ့္ေကာင္ေလးျဖစ္ေပးႏိုင္မလားဟင္"
ေဆာင္းဦးသူ႔ပုခုံးေပၚတင္ထားတဲ့ ထက္ဘုန္းရဲ႕လက္ကိုဆြဲဖယ္လိုက္ကာ အၾကည့္လႊဲလိုက္သည္။ဒါကသူ႔အတြက္ပထမဆုံးမို႔လို႔ ဒီအေျခအေနႀကီးနဲ႔ သူက်င့္သားမရေသးဘူး။ၿပီးေတာ့ဒီအေျခအေနကိုလက္ခံဖို႔က သူ႔အတြက္နည္းနည္းခက္ခဲတယ္။သူ႔ကိုယ္သူဘာမွန္းေတာင္ ေသခ်ာမသိေသးတဲ့အခ်ိန္မွာ ေယာက်္ားတစ္ေယာက္ဆီက ဖြင့္ေျပာခံလိုက္ရတာက သူ႔အတြက္သိပ္ေတာ့အဆင္မေျပဘူး။
႐ုတ္တရက္မ်က္ႏွာညႇိဳးသြားေသာေၾကာင့္ ထက္ဘုန္းပ်ာပ်ာသလဲျဖစ္သြားသည္။
"ကိုယ့္ကိုစိတ္ဆိုးသြားတာလား"
"မ....မဟုတ္ပါဘူး"
ထက္ဘုန္းသူ႔ကိုစကားေျပာမလို႔ရွိေသး၊ၿဖိဳးဉာဏ္လာတာကိုေတြ႕ေသာေၾကာင့္ ေဆာင္းဦးကသူ႔ကားေပၚကေနလွစ္ခနဲဆင္းသြားသည္။
"ေဆာင္းဦး ဘယ္သူ႔အေႏြးထည္ဝတ္ထားတာလဲ"
"ဟုတ္သားပဲ ဒါကကိုထက္ဟာႀကီး။သူ႔ကိုတစ္ခ်က္ေလာက္သြားေပးေပးေနာ္။ငါကားေပၚကေနေစာင့္ေနမယ္။ကားေသာ့ေပးဦး"
သူဝတ္ထားေသာအေႏြးထည္ကိုခြၽတ္ကာ ေဆာင္းဦးကကားေသာ့ယူၿပီးကားေပၚေျပးတက္သြားသည္။ၿဖိဳးဉာဏ္ထက္ဘုန္းရွိရာကိုသြာေတာ့ ထက္ဘုန္းမ်က္ႏွာကသိပ္မေကာင္း။သူတို႔တစ္ခုခုမ်ားျဖစ္ထားၾကတာလား။
"ထက္ဘုန္း ေရာ့ ဒီမွာမင္းအေႏြးထည္"
"အင္း ေက်းဇူးပဲ"
"ဒါဆိုငါသြားေတာ့မယ္ေနာ္"
"ေကာင္းၿပီ၊ေကာင္းၿပီ"
ၿဖိဳးဉာဏ္ကားေပၚကိုတက္သြားေတာ့ ေဆာင္းဦးကခုံကိုမွီကာ အိပ္ေနသည္။သူလည္းဘာမွမေမးေတာ့ဘဲ ကားစက္ကိုႏႈိးကာ ေဆာင္းဦးအိမ္ကိုေမာင္းလာခဲ့ေတာ့သည္။အိမ္ေရာက္ေတာ့ ေဆာင္းဦးကသူ႔ကိုႏႈတ္ဆက္ကာ ကားေပၚကျမန္ျမန္ဆင္းသြားသည္။
"ငယ္ေလးျပန္ေရာက္ၿပီလား"
"ဟုတ္ ကိုႀကီး"
"ဟင္ အသံေတြတုန္ေနတာလား"
"မဟုတ္ပါဘူး"
"အင္းပါ အင္းပါ ေရသြားခ်ိဳးလိုက္ဦး"
"ဟုတ္ကဲ့"
သူေလွကားကေနတက္ကာ သူ႔အခန္းထဲကိုဝင္သြားေတာ့သည္။အဝတ္အစားေတြကိုခြၽတ္ၿပီးေနာက္ သဘက္ကိုယူလိုက္ၿပီးေရခ်ိဳးခန္းထဲကိုဝင္လိုက္သည္။သဘက္ကိုတန္းေပၚပစ္တင္လိုက္ၿပီး ေရပန္းကိုဖြင့္လိုက္ကာ ထိုေအာက္ကိုဝင္လိုက္သည္။
သူေရပန္းေအာက္မွာ ႐ုပ္တုတစ္႐ုပ္လိုမလႈပ္ဘဲ အခ်ိန္အၾကာႀကီးရပ္ေနမိသည္။မ်က္လုံးထဲမွာ ထက္ဘုန္းရဲ႕မ်က္ႏွာကို ျမင္ေယာင္လာရင္း ရင္ေတြကအစိုးမရစြာ ခုန္လာခဲ့သည္။သူ႔ကိုေျပာတဲ့ ေယာက်္ားဆန္ဆန္ေလသံေအးေအးေလးကို နားထဲမွာျပန္ၾကားေယာင္ရင္း ၿပဳံးမိျပန္သည္။သူ႔ရင္ဘတ္ကိုသူျပန္ဖိကာတိုးတိုးေလးေရ႐ြတ္လိုက္မိသည္။
"ေဆာင္းဦးစက္ မင္းဘာေတြျဖစ္ေနတာလဲ။႐ူးေနၿပီပဲ"
သူေခါင္းကိုတြင္တြင္ခါလိုက္သည္။သူအခုအဲ့အေၾကာင္းေတြ မစဥ္းစားခ်င္ေသးဘူး။ေရပန္းေအာက္မွာရပ္ေနတာလည္း ေတာ္ေတာ္ၾကာေနၿပီျဖစ္သည့္အတြက္ ျမန္ျမန္ေရခ်ိဳးလိုက္ကာ သဘတ္ပတ္ၿပီး ေရခ်ိဳးခန္းထဲမွထြက္လာခဲ့ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
"ကိုယ်ဆောင်းဦးကိုပြောစရာရှိတယ်"
"ဟုတ် ပြောလေ"
ဆောင်းဦးကစကားလမ်းကြောင့်ဖွင့်ပေးလိုက်တော့ ထက်ဘုန်းကသူ့နားကိုတိုးလာသည်။ထက်ဘုန်းရဲ့ရင်တွေတလှပ်လှပ်တုန်နေပြီး အသက်ရှူမဝတောင်ဖြစ်လာသည်။သူကြောက်နေသည််၊အကယ်၍များဆောင်းဦးကသာ သူ့ကိုမနှစ်မြို့တဲ့ပုံစံနဲ့ကြည့်ရင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
သူအသက်ကိုဝဝရှူကာ ဆောင်းဦးရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။ဆောင်းဦးကနည်းနည်းကြောင်သွားရုံကလွဲလို့ လက်ကိုတော့ မရုန်းပေ။
"ဟင် ကိုထက်ရဲ့လက်တွေအေးနေတာလား"
"အာ အင်း နည်းနည်း။ရေတွေစိုထားလို့ထင်တယ်"
"ကိုထက်ပြောစရာရှိတာပြောလေ"
"ဟို အဲ့တော့ ကိုယ်ပြောချင်တာကလေ......."
"........"
"အင်း ဆောင်းဦး သေချာနားထောင်နော်။ကိုယ်အခုပြောမယ့် စကားက အရမ်းအရမ်းကိုအရေးကြီးတယ်"
"ဟုတ် ကျွန်တော်နားထောင်နေတယ်"
"ကိုယ်လေ ဆောင်းဦးကို......."
"ဟပ်ချိုး"
သူပြောမလို့ရှိသေး၊ဆောင်းဦးကနှာချေလိုက်သောကြောင့် စကားကတစ်ဝက်တစ်ပျက်မှာတင်ရပ်တန့်သွားရသည်။အား ခုနကmoodသွင်းထားတာတွေ အကုန်ပျောက်ပြီး ပြန်ကြောက်လာပြန်ပြီ။ဘယ်လိုလုပ်ရမလဲ။ဆောင်းဦးကတော့ လင်းတမှိုင်းမှိုင်နေသော ထက်ဘုန်းရုပ်ကိုမတွေ့ဘဲ နှာဆက်တိုက်ချေနေသည်။ထက်ဘုန်းလည်းမနေသာတော့ဘဲ ဆောင်းဦးနားကိုကပ်ကာမေးရတော့သည်။
"ဆောင်းဦး အဆင်ပြေရဲ့လား"
"ဟုတ် အဆင်ပြေတယ်"
"နှာသံပေါက်နေတာပဲ။အိမ်ရောက်ရင်နွေးနွေးထွေးထွေးနေနော် ကြားလား"
"ဟုတ် သိပါတယ်။ဒါနဲ့ကိုထက်ပြောစရာရှိတာဆက်ပြောလေ"
"အမ် အဲ့ဒါက.....ထားပါ နောက်မှပဲပြောတော့မယ် အရေးကြီးပေမယ့်လည်း"
"အရေးကြီးရင်အခုပြောလေ"
"အင်း ပြောမယ်။အခုကားထဲသွားရအောင်။ဒီမှာကနေပူနေတော့ အကြာကြီးထိုင်နေရင်ဖျားလိမ့်မယ်လေနော်"
ထက်ဘုန်းကလေသံဖျော့ဖျော့နှင့်ပြောလာတော့ ဆောင်းဦးကသူ့ကိုကြည့်လာသည်။နှာထိပ်လေးတွေနီရဲနေသည့် ဆောင်းဦးက သိပ်ကိုအသည်းယားဖို့ကောင်းလွန်းလို့ ထက်ဘုန်းထိုနှာခေါင်းလေးအားညှစ်ချင်စိတ်ကို ထိန်းထားရသည်။
"ဒါပေမယ့်ကားသော့ဖြိုးဉာဏ်ဆီမှာလေ"
"အာ ကိုယ်ပြောတာကကိုယ့်ကားပေါ်မှာခဏစောင့်လို့ပြောတာ။ကိုယ်ဖြိုးဉာဏ်ကိုဖုန်းဆက်ပေးမယ်လေ။ဖြိုးဉာဏ်လာမှသွားပေါ့။ဒီမှာဆက်ထိုင်နေရင်နေမကောင်းဖြစ်လိမ့်မယ်လေ"
"အင်းပါ အဲ့ဒါဆိုလည်းပြီးရော"
ထက်ဘုန်းတစ်ယောက်ပြုံးကာ ခုံပေါ်မှာထပြီး ဆောင်းဦးကိုလက်ကမ်းပေးလိုက်တော့ ဆောင်းဦးကသူ့လက်ကိုပြန်ကိုင်လာသည်။နှစ်ယောက်သားမျက်လုံးချင်းဆုံသွားတော့ ဆောင်းဦးကမြန်မြန်အကြည့်လွှဲလိုက်သည်။သူတို့ပုံကမသိရင် အခုမှပူပူနွေးနွေးချစ်သူဖြစ်ထားတဲ့သူတွေပုံနှင့်တူသည်။ထက်ဘုန်းသူ့ဘာသာသူလျှောက်တွေးကာ မျက်နှာကြီးကပြုံးဖြီးနေတော့သည်။
ကားနားရောက်တော့ ထက်ဘုန်းကသူ့လက်ကိုခဏလွှတ်လိုက်ကာ ဘောင်းဘီအိတ်ထဲမှကားသော့ကိုထုတ်ကာlockဖွင့်လိုက်သည်။ဆောင်းဦးအတွက်တံခါးဖွင့်ပေးပြီးမှသူကတစ်ဖက်ကိုသွားကာ တံခါးဖွင့်၍ကားပေါ်တက်ထိုင်လိုက်သည်။ထို့နောက်dashboardပေါ်တင်ထားသော ဖုန်းကိုယူကာ ဖြိုးဉာဏ်အား သူတို့ဘယ်မှာလဲဆိုတာကို စာပို့လိုက်သည်။
ခန္ဓာကိုယ်ကရေတွေစိုထားတာကြောင့်ရော၊အပြင်ကလေကနည်းနည်းတိုက်နေတာကြောင့်ရော ဆောင်းဦးချမ်းစိမ့်စိမ့်ဖြစ်နေသည်။ထက်ဘုန်းသူ့အနောက်ခန်းမှာ ယူလာသောအနွေးထည်ကိုယူကာ ဆောင်းဦးအားခြုံပေးလိုက်သည်။
"ကျေးဇူး ကိုထက်"
"အင်း ရပါတယ်"
"အာ ပြောစရာရှိတာပြောဦးလေ။အရေးကြီးတယ်ဆိုတော့ နောက်ကျမှပြောလို့မကောင်းဘူးမလား"
ဆောင်းဦးကထပ်ပြီးစကားလမ်းကြောင်းဖွင့်တော့ ထက်ဘုန်းလည်း ဆက်၍မထိန်းချုပ်နိုင်တော့ပေ။သူဒီစကားကိုသေချာပေါက်ပြောရမည်မဟုတ်လား။အခုမပြောရင်တောင် နောင်တစ်ချိန်ကျရင်တော့ သူကိုယ်တိုင်ပြောရမှာပဲလေ။သူဆောင်းဦးပုခုံးကိုကိုင်ကာ သူ့ဘက်ကိုဆွဲလှည့်လိုက်သည်။
"ကိုယ်လေဒီစကားကိုပြောဖို့သေချာစဉ်းစားထားရတာ။မပြောဘူးလို့လုပ်ထားပေမယ့်လည်း ကိုယ်ဆက်ပြီးထိန်းမချုပ်ထားနိုင်တော့ဘူး"
ဆောင်းဦးအခုထိထက်ဘုန်းပြောတာကို တစ်လုံးမှနားမလည်သေး။ကိုထက်ကဘာစကားပြောမလို့များ အဲ့လောက်တောင် စကားတွေခံနေတာလဲ။သူ့ဆီကပိုက်ဆံတွေဘာတွေများ ချေးဖို့ကိုအားနာနေတာများလား။မဖြစ်နိုင်တာ ကိုထက်ပုံစံကပိုက်ဆံချေးမယ့်ပုံလား။ဆောင်းဦးစက်ရယ် မင်းဘာတွေတွေးနေတာလဲ။
"ဆောင်းဦး ကိုယ့်ကိုကြည့်"
"ဟုတ်"
"ကိုယ် ဆောင်းဦးကိုချစ်တယ်"
"ဗျာ"
ဆောင်းဦးမျက်လုံးအစုံပြူးကျယ်သွားရသည်။သူအခုနားကြားမှားတာလား။ကိုထက်သူ့ကိုဘာတွေပြောနေတာလဲ။ရင်တွေကလည်းတဒုတ်ဒုတ်နဲ့ခုန်နေတာ ပေါက်ထွက်တော့မလိုပဲ။
"ကိုယ် တကယ်ဆောင်းဦးကိုချစ်တယ်။အင်း ဘာလို့ချစ်မိသွားမှန်းတော့မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်သတိထားမိတဲ့အချိန်မှာ ကိုယ်ဆောင်းဦးဆီမှာတကယ်နစ်ဝင်နေပြီ"
"ကိုထက် ဘာတွေပြောနေတာလဲ။မဖြစ်နိုင်တာ"
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
"ကိုထက်ကကျွန်တော့်လို အူတူတူ၊အတတပုံစံနဲ့သူကို ချစ်တယ်ဆိုတာကြီးက ထူးဆန်းလွန်းတယ်လေ"
"ကိုယ့်ကိုမယုံတာလားဟင်။ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အဲ့ဒါကဖြစ်မှမဖြစ်နိုင်တာ။ပြီးတော့ကိုထက်ကကိုလရိပ်နဲ့တွဲနေတာလေ"
"ကိုယ်နဲ့သူကဘာမှမဆိုင်တော့ဘူးလေ။ကိုယ်တို့ကလမ်းခွဲပြီးသွားပြီ ကိုယ်မင်းကိုချစ်နေတယ်ဆိုတာသေချာကတည်းက သူနဲ့လမ်းခွဲလိုက်တာ"
"အဲ့လိုကြီးကကိုလရိပ်အတွက်မတရားလိုက်တာ။သူကကိုထက်ကိုဒီလောက်ချစ်တာကို"
ခေါင်းငုံ့ကာဆူပုတ်ပုတ်နှင့်ပြောနေသောကြောင့် ထက်ဘုန်းသူ့ခေါင်းကိုမော့စေလိုက်သည်။
"အာ သူ့အကြောင်းမပြောနဲ့တော့လေ။ကိုယ်တို့အခုအဲ့အကြောင်းပြောနေတာမဟုတ်ဘူးလေ။ကိုယ်တို့နှစ်ယောက်အကြောင်းကိုပဲအာရုံစိုက်ရအောင်"
"ကျွန်တော်တို့နှစ်ယောက်အကြောင်း"
"အင်း ဟုတ်တယ်။ကိုယ်တို့နှစ်ယောက်အကြောင်း။ဆောင်းဦးကိုယ့်ကိုဘယ်လိုမြင်လဲဟင်"
"ဘယ်လိုမြင်လဲဆိုတော့ ကိုထက်ကတော်တယ်၊ချောတယ်၊သဘောကောင်းတယ်၊ဖော်ရွေတယ် ဒါပေမယ့်ရည်းစားအရမ်းအရမ်းရှုပ်တယ်"
ဆောင်းဦးရဲ့နောက်ဆုံးပြောလိုက်သော စကားကြောင့် သူအရှင်လတ်လတ်အသက်ထွက်ချင်စိတ်ပေါက်သွားသည်။သူဘာလို့များအကြောင်းမရှိဘဲရည်းစားတွေအများကြီးထားခဲ့ရတာလဲ၊အဲ့လိုပြန်တွေးမိရင် နောင်တတွေတစ်သီတတန်းကြီးရနေမိပြီ။
"ကိုယ်အခုအဲ့အကျင့်ကိုပြင်နေပြီလေ။ဆောင်းဦးသာကိုယ့်ကိုလက်ခံမယ်ဆို ကိုယ်မင်းဖြစ်ချင်တာတွေအားလုံးပြင်ပေးမယ်လေ။ကိုယ့်ကောင်လေးဖြစ်ပေးနိုင်မလားဟင်"
ဆောင်းဦးသူ့ပုခုံးပေါ်တင်ထားတဲ့ ထက်ဘုန်းရဲ့လက်ကိုဆွဲဖယ်လိုက်ကာ အကြည့်လွှဲလိုက်သည်။ဒါကသူ့အတွက်ပထမဆုံးမို့လို့ ဒီအခြေအနေကြီးနဲ့ သူကျင့်သားမရသေးဘူး။ပြီးတော့ဒီအခြေအနေကိုလက်ခံဖို့က သူ့အတွက်နည်းနည်းခက်ခဲတယ်။သူ့ကိုယ်သူဘာမှန်းတောင် သေချာမသိသေးတဲ့အချိန်မှာ ယောကျ်ားတစ်ယောက်ဆီက ဖွင့်ပြောခံလိုက်ရတာက သူ့အတွက်သိပ်တော့အဆင်မပြေဘူး။
ရုတ်တရက်မျက်နှာညှိုးသွားသောကြောင့် ထက်ဘုန်းပျာပျာသလဲဖြစ်သွားသည်။
"ကိုယ့်ကိုစိတ်ဆိုးသွားတာလား"
"မ....မဟုတ်ပါဘူး"
ထက်ဘုန်းသူ့ကိုစကားပြောမလို့ရှိသေး၊ဖြိုးဉာဏ်လာတာကိုတွေ့သောကြောင့် ဆောင်းဦးကသူ့ကားပေါ်ကနေလှစ်ခနဲဆင်းသွားသည်။
"ဆောင်းဦး ဘယ်သူ့အနွေးထည်ဝတ်ထားတာလဲ"
"ဟုတ်သားပဲ ဒါကကိုထက်ဟာကြီး။သူ့ကိုတစ်ချက်လောက်သွားပေးပေးနော်။ငါကားပေါ်ကနေစောင့်နေမယ်။ကားသော့ပေးဦး"
သူဝတ်ထားသောအနွေးထည်ကိုချွတ်ကာ ဆောင်းဦးကကားသော့ယူပြီးကားပေါ်ပြေးတက်သွားသည်။ဖြိုးဉာဏ်ထက်ဘုန်းရှိရာကိုသွာတော့ ထက်ဘုန်းမျက်နှာကသိပ်မကောင်း။သူတို့တစ်ခုခုများဖြစ်ထားကြတာလား။
"ထက်ဘုန်း ရော့ ဒီမှာမင်းအနွေးထည်"
"အင်း ကျေးဇူးပဲ"
"ဒါဆိုငါသွားတော့မယ်နော်"
"ကောင်းပြီ၊ကောင်းပြီ"
ဖြိုးဉာဏ်ကားပေါ်ကိုတက်သွားတော့ ဆောင်းဦးကခုံကိုမှီကာ အိပ်နေသည်။သူလည်းဘာမှမမေးတော့ဘဲ ကားစက်ကိုနှိုးကာ ဆောင်းဦးအိမ်ကိုမောင်းလာခဲ့တော့သည်။အိမ်ရောက်တော့ ဆောင်းဦးကသူ့ကိုနှုတ်ဆက်ကာ ကားပေါ်ကမြန်မြန်ဆင်းသွားသည်။
"ငယ်လေးပြန်ရောက်ပြီလား"
"ဟုတ် ကိုကြီး"
"ဟင် အသံတွေတုန်နေတာလား"
"မဟုတ်ပါဘူး"
"အင်းပါ အင်းပါ ရေသွားချိုးလိုက်ဦး"
"ဟုတ်ကဲ့"
သူလှေကားကနေတက်ကာ သူ့အခန်းထဲကိုဝင်သွားတော့သည်။အဝတ်အစားတွေကိုချွတ်ပြီးနောက် သဘက်ကိုယူလိုက်ပြီးရေချိုးခန်းထဲကိုဝင်လိုက်သည်။သဘက်ကိုတန်းပေါ်ပစ်တင်လိုက်ပြီး ရေပန်းကိုဖွင့်လိုက်ကာ ထိုအောက်ကိုဝင်လိုက်သည်။
သူရေပန်းအောက်မှာ ရုပ်တုတစ်ရုပ်လိုမလှုပ်ဘဲ အချိန်အကြာကြီးရပ်နေမိသည်။မျက်လုံးထဲမှာ ထက်ဘုန်းရဲ့မျက်နှာကို မြင်ယောင်လာရင်း ရင်တွေကအစိုးမရစွာ ခုန်လာခဲ့သည်။သူ့ကိုပြောတဲ့ ယောကျ်ားဆန်ဆန်လေသံအေးအေးလေးကို နားထဲမှာပြန်ကြားယောင်ရင်း ပြုံးမိပြန်သည်။သူ့ရင်ဘတ်ကိုသူပြန်ဖိကာတိုးတိုးလေးရေရွတ်လိုက်မိသည်။
"ဆောင်းဦးစက် မင်းဘာတွေဖြစ်နေတာလဲ။ရူးနေပြီပဲ"
သူခေါင်းကိုတွင်တွင်ခါလိုက်သည်။သူအခုအဲ့အကြောင်းတွေ မစဉ်းစားချင်သေးဘူး။ရေပန်းအောက်မှာရပ်နေတာလည်း တော်တော်ကြာနေပြီဖြစ်သည့်အတွက် မြန်မြန်ရေချိုးလိုက်ကာ သဘတ်ပတ်ပြီး ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည်။
♤♤♤♤♤♤♤♤♤♤