Chapter-1

3.3K 136 6
                                    

Zawgyi

ညဆယ်နာရီခွဲလောက်တွင် ရန်ကုန်မြို့ရှိ နာမည်ကြီးclubတစ်ခုမှာ သီချင်းသံများနှင့်ဆူညံနေသည်။ဝင်ကြေးကအတော်လေးများသောကြောင့် ထိုclubရှိလူငယ်အများစုမှာ ပိုက်ဆံရှိသားသမီးများဖြစ်ကြသည်။သောကြာနေ့ညမို့လို့ နေရာတိုင်းတွင် လူများကလည်းရှုပ်ထွေးနေပြီး မီးရောင်စုံလင်းထိန်နေသည်မှာ နည်းနည်းတော့မျက်စိရှုပ်စရာကောင်းလှသည်။

ထိုအချိန်တွင်clubထဲသို့လူတစ်ယောက်ဝင်လာရာ အားလုံးရဲ့အကြည့်တွေကထိုလူ့ဆီမှာ ရောက်သွားကြသည်။စကားပြောသံတွေတိတ်ဆိတ်သွားသောကြောင့် သီချင်းသံခပ်မြူးမြူးမှလွဲ၍ ဘာမှတောင်သိပ်မကြားရတော့။ထိုအမျိုးသားက တီရှပ်အဖြူခပ်ပွပွတစ်ထည်ကိုဝတ်ဆင်ကာ အပေါ်ကနေဂျင်းလက်ရှည်ကိုထပ်ဝတ်ထားသည်။ဒါတင်မကဘောင်းဘီအရှည်အနက်ရောင်ကိုမှ ဒူးနားလောက်တွင်ဖြဲထားကာ sneakerအဖြူရောင်ကိုဝတ်ဆင်ထားသေးသည်။ဘယ်ဘက်လက်တွင်တော့ သူပတ်နေကျနာရီကိုပတ်ထားရင်းနှင့်ပေါ့။

သူတစ်လှမ်းချင်းလျှောက်လာတိုင်း မိန်းကလေးများသာမကယောက်ျားလေးအချို့၏အကြည့်များကသူ့ထံသို့ ကပ်ပါသွားသည်။သူနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို လျစ်လျူရှုကာ သူ့သူငယ်ချင်းတွေထိုင်နေတဲ့နေရာသို့သွားလိုက်သည်။သူရောက်လာတာက နည်းနည်းနောက်ကျနေပြီမို့လို့ သူ့သူငယ်ချင်းအကုန်လုံးနီးပါးက ရောက်နေကြပြီဖြစ်သည်။သူထိုဝိုင်းမှာသွားထိုင်လိုက်တော့ ဘုန်းပြည့်ကအရင်ဆုံး သူ့ဂုတ်ကို အားနှင့်ရိုက်လိုက်သည်။

"Sh*t ငါအခုမှရောက်တာလေကွ။ဘယ်လိုဖြစ်လို့လာရိုက်နေတာလဲ"

"မင်းကို(၁၀)နာရီမထိုးခင်လာပါလို့ပြောတဲ့ဟာကို အခု(၁၀)နာရီခွဲနေပြီ ခွေးကောင်ရဲ့"

"မင်းကလည်း ငါလာတုန်းကလမ်းမှာကားပိတ်နေတာနဲ့ နည်းနည်းကြာသွားတာ"

"အပိုမလုပ်နဲ့။မင်းနေရာကနေဒီကိုလာဖို့(၁၀)မိနစ်တောင် မကြာဘူး။လမ်းပိတ်တယ်ဆိုလည်း အများဆုံးရှိမှ (၅)မိနစ်ပေါ့"

"တကယ်တော့ငါရေချိုးရင်ကောင်းမလား၊မကောင်းဘူးလားလို့စဉ်းစားပြီး အခန်းထဲမှာဟိုပတ်လျှောက်လိုက်၊ဒီပတ်လျှောက်လိုက်နဲ့ တစ်နာရီလောက်ကြာသွားတာ"

My Nerdy BoyWhere stories live. Discover now