Chapter-48

465 54 2
                                    

Zawgyi

ဆောင်းဦးတစ်ယောက် Bar ကို ကန့်လန့်ကန့်လန့်နှင့်ပါလာရသည်။မီးရောင်စုံ၏အလင်းရောင်တို့က မျက်လုံးထဲကိုတိုးဝင်လာသောကြောင့် သူခေါင်းကိုငုံ့ထားလိုက်သည်။ဘယ်လိုတောင် စိတ်ရှုပ်ဖို့ကောင်းလိုက်တဲ့နေရာလဲ။

လူပေါင်းစုံက လက်ထဲမှာခွက်ကိုယ်စီကိုင်ကာ ကခုန်နေကြသောကြောင့် သူတို့ကိုမနည်းရှောင်နေရသေးသည်။ထိုင်စရာနေရာရောက်တော့မှ ဆောင်းဦးအသက်ဝဝရှူနိုင်သည်။သူကထိုနေရာမှာ ဝင်ထိုင်လိုက်တော့ ထက်ဘုန်းကသူ့ကိုကြည့်လာသည်။ထို့နောက် သူ့ဘေးနားကိုတိုးကာ သူ့လက်ကိုဆုပ်ကိုင်ရင်း မေးလာသည်။

"အဆင်မပြေဘဲနဲ့ ဘာလို့လာတာလဲ ဆောင်းဦးရယ်"

"ကျွန်တော်အဆင်ပြေပါတယ်၊ဘာမှမဖြစ်ပါဘူး"

"အင်းပါ၊အဲ့ဒါဆိုကိုယ်နဲ့ဒီနေရာမှပဲ ငြိမ်ငြိမ်လေးထိုင်နော်။ကျန်တဲ့နေရာတွေက လူများတော့ စိတ်ပိုရှုပ်သွားလိမ့်မယ်"

"ဟုတ်"

"ရော့ အအေးသောက်။သူများခွက်တွေလျှောက်ယူမသောက်နဲ့ဦးနော် အရူးလေး"

ထက်ဘုန်းကအအေးခွက်တစ်ခွက်ကိုကမ်းပေးလိုက်ပြီး ခေါင်းကိုပုတ်ကာ ရယ်သံစွက်၍ပြောလိုက်တော့ သူနှာခေါင်းရှုံ့လိုက်သည်။ကိုထက်ကသူ့ကိုအခုထိ အသက်မပြည့်သေးတဲ့ ကလေးလေးလို့မြင်နေသေးတာတော့မဟုတ်ဘူးမလား။

"သိပါတယ်ဗျ ကိုထက်လည်း၊ကျွန်တော်ကလေးမဟုတ်ပါဘူး"

"ကလေးမဟုတ်လို့ပြောနေတာပေါ့"

"အင်းပါ၊အင်းပါ"

သူတို့စကားပြောနေတုန်း ရှင်နှောင်းကသူတို့နားကိုရောက်လာသောကြောင့် မော့ကြည့်လိုက်သည်။မီးရောင်အောက်မှာ ရှင်နှောင်းရဲ့မျက်နှာလေးက တလက်လက်နှင့်တောက်ပနေသည်။ယောက်ျားလေးဆိုပေမယ့် ရှင်နှောင်းကမိန်းကလေးတွေထက်ပင်ပိုလှနေသေးသည်။

ဆောင်းဦးသူ့ကိုကြည့်နေရင်း မျက်တောင်တောင်မခတ်တော့သောကြောင့် ရှင်နှောင်းခပ်ဟဟရယ်လိုက်သည်။ထက်ဘုန်းကတော့ ချက်ချင်းပင်မျက်မှောင်ကြီးကြုံ့ကာ အခုထိငေးနေသော မှန်ကြောင်ကောင်လေးကို ရင်ခွင်ထဲဆွဲထည့်လိုက်ကာ သူ့မျက်လုံးတွေကို လက်နှင့်အုပ်လိုက်သည်။

My Nerdy BoyOnde histórias criam vida. Descubra agora