Chapter-41

536 61 8
                                    

Zawgyi

Fresher Welcome နီးလာသောကြောင့် ထက်ဘုန်းတို့အကြီးတန်းတွေ အလုပ်ရှုပ်နေကြသည်။စာသင်ချိန်တွေအစား Fresher Welcome နေ့မှာ ဘာလုပ်ရင်ကောင်းမလဲခေါင်းချင်းဆိုင်ဆွေးနွေးရင်း အချိန်ကုန်ကြရသည်။ဒီလိုအချိန်မျိုးကတော့ ထက်ဘုန်းတို့အကြိုက်ပေါ့။သူကစာလုပ်ရတာကိုသဘောမကျဘူးလေ။စာလုပ်ရမယ့်အစား သူ့ကိုဘာခိုင်းခိုင်းသူကတက်ကြွပြီးသားပေ။

အခုလည်းအငယ်တန်းတွေဘက်သွားဖို့ သူ့ကိုECကအဖော်ခေါ်သောကြောင့် တက်တက်ကြွကြွနှင့်ပင် ပါသွားတော့သည်။ECကFirst Yearအဆောင်ကိုသွားပြီး တစ်ခန်းဝင်တစ်ခန်းထွက်လုပ်ကာ အလုပ်ရှုပ်နေသည်။သူကတော့အေးအေးလူလူနှင့် ဘေးနားမှာရပ်နေသည်။

သူ့ကိုစိတ်ဝင်စားသလိုပုံစံနှင့်ကြည့်နေသော ဂျူနီယာလေးတွေကိုတွေ့သော်လည်း မသိချင်ယောင်ဆောင်နေလိုက်သည်။ထက်ဘုန်းဂရုစိုက်တာနဲ့စိတ်ဝင်စားတာက ဆောင်းဦးတစ်ယောက်တည်းမို့လို့ သူတို့အကြည့်တွေကိုလည်း အဖတ်လုပ်ပြီး တုံ့ပြန်နေစရာလည်းမလိုဘူးလေ။သူကအရင်ကလိုရှုပ်ပွေပွေနေတဲ့ထက်ဘုန်းညီမှမဟုတ်တော့တာ။ဆောင်းဦးကြောင့်လိမ္မာသွားပြီလေ။

အကုန်လုံးပြီးသွားတော့ သူတို့လည်းအတန်းကိုပြန်ဖို့လုပ်ကြသည်။ထိုစဉ်အနောက်မှ ခေါ်သံတိုးတိုးလေးကြောင့် ထက်ဘုန်းခြေလှမ်းများရပ်တန့်သွားသည်။ထက်ဘုန်းလှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က သူ့နားကိုလျှောက်လာသည်။ဆံပင်ဂုတ်ဝဲလေးနှင့်ပုပုသေးသေးကောင်မလေးက တစ်မျိုးလေးတော့ချစ်စရာကောင်းသည်။

ECနှင့်တခြားသူတွေက သွားပြီမို့လို့ ထိုနေရာမှာ သူတို့နှစ်ယောက်သာကျန်ခဲ့တော့သည်။ထက်ဘုန်းနားကိုရောက်တော့ သူမကဖုန်းကိုကမ်းပေးကာ ခေါင်းငုံ့၍စကားဆိုလာသည်။

"စီနီယာ အိမ့်ကိုစီနီယာ့ရဲ့ဖုန်းနံပါတ်ပေးလို့ရလား"

"ဟင် ဘာလုပ်မလို့လဲ။ဖုန်းနံပါတ်တောင်းပြီး"

"အိမ့် စီနီယာနဲ့ရင်းနှီးချင်လို့။ပြီးတော့စိတ်ဝင်စားလို့"

"အာ ကိုယ့်ကိုစိတ်ဝင်စားတယ်တဲ့လား"

ထက်ဘုန်းတိုးတိုးလေးစကားဆိုလိုက်ပြီးတော့ ခါးကိုကိုင်းလိုက်သည်။ထိုကောင်မလေးကတော့ မျှော်လင့်ချက်မျက်ဝန်းတွေနှင့်ကြည့်နေသည်။ထက်ဘုန်းပြုံး၍သူ့ခေါင်းကိုပုတ်လိုက်တော့ ထိုကောင်မလေးကသူ့ကိုငေးကြည့်တာ မျက်တောင်တောင်မခတ်တော့။

My Nerdy Boyजहाँ कहानियाँ रहती हैं। अभी खोजें