❤🏰 မိုးသောက်ယံ ဝေလီဝေလင်းအချိန်အခါ၌ ဧည့်ခန်းထဲတွင် တိုးလျလျ အသံနှစ်သံက အစီအရီ ထွက်ပေါ်လို့.........
🍷 : ပြောလို့မဖြစ်လို့ပါကွာ...... ဆရာသိရင် P' ကို သတ်မှာ N'ရ......
❤ : P'တို့ တစ်ခုခုဖြစ်နေတာ ကျွန်တော်သိတယ်...... ဘာတွေဖြစ်နေတာလဲ......ကျွန်တော်လည်း Resortရဲ့ တွဲဖက် အုပ်ချုပ်သူဖြစ်နေတာပဲကို သိခွင့်ရှိတယ် မဟုတ်ဘူးလား......
🍷 : ဟုတ်ပါတယ် ဒါပေမယ့်....N'လည်း တစ်ဖက်မှာ N'အလုပ်ကိစ္စတွေနဲ့ N'လေ..... ခုက P'တို့ပဲ ဖြေရှင်းလို့ရတာတွေမို့လို့...... ဆရာက သူ့အလုပ်ကိစ္စတွေကြောင့် N'ကို မပင်ပန်းစေချင်တာ N'လည်းသိနေတာပဲကွာ......
သူ့စကားဆုံးတာနဲ့ ကျွန်တော်လည်း သက်ပြင်းခပ်ကြမ်းကြမ်း တစ်ချက်ချလိုက်တော့ နှစ်ချို့ဝိုင်ကြီးခမျာ တန်းပြီး ပြာယာခတ်တော့သည်.........
🍷 : ဟို...ဟို....မင်း သက်ပြင်းချသံကလည်း ပြင်းထန်လိုက်တာN'ရာ...... စိတ်မညစ်ပါနဲ့.....ငါကမှ ဘာမှ သိပ်မပြောပေးတတ်ရတဲ့အထဲ.......
❤ : ကျစ် နေလို့မရဘူးဗျာ..... ကျွန်တော့်အတွက် စပရိုက်ကိစ္စ စီစဥ်နေတဲ့ပုံစံတွေလို မဟုတ်တာတော့ အတတ်သိတယ်..... ခုလေးတင် P'ဖုန်းပြောနေတာလေဗျာ......
ဖရုံသီးနောက်ဆုံးဝယ်လက်ဆိုလား ဘာလားပဲ ကျွန်တော်ရေလာခပ်တော့ ပြောနေတာ ကြားလိုက်တယ်...... ဟိုတစ်လောကပဲ အဲ့Halloweenပွဲကြီးအတွက် ဖရုံသီးကို အလုံအလောက် ဝယ်ပြီးသိုလှောင်ထားတာမလား..... ဘာဖြစ်လို့ ထပ်ဝယ်မှာလဲ......
🍷 : မနေနိုင်မထိုင်နိုင် ပြောလိုက်ပြန်ရင်လည်း ငါက သတ်ခံရမယ်...... ခုလို မင်းကသက်ပြင်းတစ်ချချ လုပ်ပြနေတော့လည်း ငါကနေမရ ပြန်ဘူးကွာ......
❤ : ကြာတယ် ပြောလိုက်ပါတော့P'ရာ.....ကျွန်တော် ဘာမှမသိနေလို့ဆိုလည်းထားဗျာ.....သူ့ကို သွားမေးလိုက်လို့ရတယ်......သေချာမမေးတာ..... စိတ်မပင်ပန်းစေချင်လို့ပါဗျာနော်.....
🖤🏰 နှိုးလာတော့ ဘေးနားက ကျွန်တော့်ပုလဲလုံးလေးကို မတွေ့တာကြောင့် မျက်နှာသစ် သွားတိုက် အမြန်လုပ်ပြီး အခန်းထဲနဲ့ ဝရန်တာဘက် ထွက်ရှာတော့လည်း မတွေ့...... အဲ့ဒါနဲ့ အောက်ထပ် ဆင်းရှာဖို့တွေးရင်း ဆင်းလာလိုက်တော့ ဧည့်ခန်းဘက်က ကြားနေရတဲ့ အသံတစ်ချို့ကြောင့် သွားကြည့်တာ ထင်တဲ့အတိုင်းပဲ...... Reoနဲ့ ကျွန်တော့်ကလေး ဖရုံသိုလှောင်ရုံကိစ္စ တီးတိုးပြောဆိုနေကြမှန်း သိလိုက်ရပြီ.........
🍷 : ငါရည်းစားများရနေပြီဆိုရင်လည်း မင်းခုလို တဂျီဂျီနဲ့ မေးဦးမှာလား........
❤ : အဲ့ကိစ္စမှာ အဲ့ဒီလောက် အဖြစ်ရှိနေမယ်ဆိုရင် ကြိုပြီးတော့ကိုမေးတယ်.....ကဲပါဗျာ P'အချစ်ရေးလေး ဖြောင့်ဖြူးအောင် ကျွန်တော်လာမယ့် Sunday Churchတက်ရင် ဆုတောင်းပေးခဲ့ပါ့မယ်.......အဲ့ဒါကြောင့် ဖရုံသီးကိစ္စကိုသာ ခုပြောပြလိုက်တော့နော်.......
🍷 : ပြောလို့ရရင် ငါတကယ်ကို ပြောလိုက်ပါတယ် Saint ရာ.....
🖤 : ဘာတဲ့လဲ Reo.....
အေးစက်ခြင်းအတိလွှမ်းပြီး ရုတ်တရက် ထွက်ပေါ်လာတဲ့ ကိုကို့ရဲ့ အသံသြရှရှကြောင့် ၂ယောက်စလုံး အတောင့်လိုက်သား ဖြစ်သွားရသည်........
❤ : ကိုကို......
🍷 : ဟာ ဆရာ.....
🖤 : ဖရုံသိုလှောင်ရုံကိစ္စ ပြောနေကြတာမလား......
🍷 : ဟုတ်....ဟုတ်တယ် ဆရာ......သိုလှောင်ရုံက ကလေးဖုန်းလှမ်းဆက်လို့.....
🖤 : အင်း ဘာတဲ့လဲ....
🍷 : သူတို့မနေ့က အခင်းကို ပြန်သွားဝယ်တော့ အဖိုးနဲ့အဖွားဆီမှာ လက်ကျန် အသီးကနည်းနည်းပဲရှိတော့တယ်တဲ့......ကျွန်တော်တို့ လိုသလောက် အရေအတွက်က သူတို့ဆီမှာ မရနိုင်တော့ဘူး......
အဲ့ဒါ သူတို့ကလည်း လကုန်မှတစ်ခါ ပြန်ပြီးအပင်ပြန်ပျိုးမှာဆိုတော့ အသီးပြန်ရဖို့ကလည်း ကြာဦးမှာပြောတာနဲ့ ကျွန်တော်လည်း နောက်ဆုံးဝယ်သွားတဲ့ ဝယ်လက်ကိုပဲ စုံစမ်းရင်း လိုက်ခိုင်းထားလိုက်တာ..... အဲ့ဒါ ဝယ်သွားတဲ့ ဝယ်လက်ကို စုံစမ်းလို့ရပြီလို့ ခုလှမ်းပြောတာ........ချင်းမိုင်မှာပဲတဲ့.......
🖤 : အင်း.......အဲ့ဒါဆိုရင် ဒီနေ့သွားတွေ့ဖို့ ပြင်ထားလိုက်.......
🍷 : ဟုတ်ကဲ့ ဆရာ....
🖤 : Saint....ကိုနဲ့ စကားခဏပြောရအောင်.....
စကားပြောဖို့ခေါ်ရင်း အပေါ်ပြန်တက်သွားတော့ လက်ထဲက ရေကရားကို ပြုတ်မကျအောင်ပိုက်ရင်း သူ့နောက်ကနေ ခပ်ဖြည်းဖြည်းချင်းပဲ လိုက်ခဲ့လိုက်တော့သည်........
အခန်းထဲရောက်တာနဲ့ ကိုကိုက သက်ပြင်းတစ်ချက်ချရင်း မွေ့ယာပေါ် မှာ ထိုင်နေတော့ ရေကရားကို မွေ့ယာဘေးက ခုံပေါ်မှာ အသာတင်လိုက်ရင်း........
❤ : ကို.....
🖤🏰 ဘေးနားလာဝင်ထိုင်ရင်း ကျွန်တော့်လက်ကို သူ့လက်လေး၂ဖက်နဲ့ လာဆုပ်ကိုင်ပေးထားတော့ ကျန်တဲ့လက်တစ်ဖက်နဲ့ သူ့လက်လေးပေါ်ကို ထပ်တင်ထားလိုက်ရင်း သိုလှောင်ရုံထဲ ကြွက်ဝင်မွှေသွားတဲ့ ကိစ္စ ပြောပြဖြစ်တော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့် ငြိမ့်ပြရင်း မျက်လုံးလေး အရောင်တလက်လက်နဲ့ နားထောင်ပေးလို့......
🖤 : ကို တောင်းပန်ပါတယ်.....ကလေးကို မပင်ပန်းစေချင်တာ သက်သက်တင်......
ညတုန်းက ကလေးပေးခဲ့တဲ့ ခွန်အားတွေ အပြည့်အဝလက်ခံရရှိတယ်ဆိုတာကိုတော့ ယုံတယ်မလားဟင်.....
အားနာခြင်းတပွေ့တပိုက်နဲ့ ကျွန်တော်ပြောလိုက်တော့ ခေါင်းလေးတစ်ချက်ရမ်းပြရင်း နှုတ်ခမ်းဖူးလေးပေါ် မှာ ဖြစ်တည်တဲ့ အပြုံးနွေးနွေးလေးတစ်ခုက ကျွန်တော့်နှလုံးသားထဲထိ နွေးခနဲ စိမ့်ဝင်သွားရသည်.......
❤ : P'🌹ပြောပြဖူးတာကို ကိုကိုရယ်.....အခက်အခဲ ပြသနာတွေကြုံရတိုင်း Tree of lifeဆိုတာကို မမေ့ပစ်ရဘူးလေ.......
ကိုကိုမြင်နေတာတွေက တကယ့်ပြသနာ အရင်းအမြစ် ဟုတ်ချင်မှ ဟုတ်မှာကို သိရက်နဲ့..... ဖြစ်နေတဲ့ ပြသနာတွေကလည်း အဆင်ပြေသွားမှာနော်......
ဥပမာ ကျွန်တော့်ကို မပြောပြခဲ့မိတာအတွက်နဲ့ ကိုကို တောင်းပန်စရာမလိုဘူး...... အဓိက က ကလေး ပင်ပန်းမှာကို ကိုကို မကြည့်ရက်တာကြောင့်လေ.... ကိုကိုသိလား ကိုကိုတွေးသလို ကလေးလည်း ကိုကိုပင်ပန်းမှာကို မကြည့်ရက်ဘူး.......အဲ့ဒါကိုသိလား.......
ဘဝဆိုတာ အကောင်းတွေကြည့်ပဲ ခံစားချင်နေလို့မရဘူးလေ ကိုကို.......
ပြီးခဲ့တဲ့ တစ်ညကပဲ ကိုကိုပြောခဲ့တယ်လေ...... ကြုံနေရတဲ့ ပြသနာတွေကို ဘေးကနေ ဝင်ပြီးဖြေရှင်းပေးလို့ ရချင်မှရမယ်...... ဒါပေမယ့် အဲ့ဒီပြသနာတွေကို ဖြေရှင်းနေရတဲ့အချိန်မှာတော့ ဘယ်တော့မှ တစ်ယောက်ထဲ မဖြစ်စေရဘူးဆိုတာလေ........
ခပ်အေးအေးလေး ပြန်ရှင်းပြနေတဲ့ လူကြီးပေါက်စလေးကို ကြည့်ရင်း ကျွန်တော့်မှာ အချစ်တွေပိုပြီးတိုးရသေးသည်........
🖤 : အင်း....
❤ : အင်း... ခု.... အာ့ဆို ဒီနေ့ နောက်ဆုံးဝယ်လက်နဲ့ စကားသွားပြောရမယ်မလား.......
🖤 : အင်း.....Reoတို့ကို အရင်လွှတ်ပြီး ဝယ်ခိုင်းမလားလို့.......
ပွဲအတွက် Bkkမှာ billboard ကပ်ဖို့ ဒီဇိုင်းတွေလည်း ဘုတ်အဖွဲ့နဲ့ရွေးရဦးမယ်.... ဒီမှာ စီစဥ်ပေးမယ့် ဒီဇိုင်းတွေကိုရောပဲ....... အော် ကလေး ညတုန်းက ထမင်းစားတော့ ဖေဖေတို့ ဒီနေ့ ပြန်မယ်ပြောထားတယ်မလား......
❤ : အင်း ရပါတယ်ကိုကိုရ..... ဖေဖေတို့ကို ကလေးပဲ လေဆိပ်လိုက်ပို့ပေးလိုက်ပါ့မယ်........
🖤 : ဒါပေမယ့်.....
❤ : ဒါပေမယ့်တွေဘာတွေ မလုပ်ပါနဲ့တော့ ကိုကိုရာ...... ကို့ကလေးက ကားမောင်းကျွမ်းကျင်ပါတယ်......လိုင်စင်ရဖို့ ယာဥ်မောင်းစစ်ဆေးရေး စာမေးပွဲမှာ အမှတ်ပြည့်နဲ့ကို အောင်ထားတာပါနော်.... ဖေဖေတို့ကလည်း ကိုကိုအလုပ်ဂျပိုးကြီးအကြောင်း သိနေပြီးသားကို......
🖤 : ကလေးရယ်..... ကိုကိုဘာပြောရမှန်းတောင် မသိဘူး.... လူတွေက ကျင်းပမယ့် ပွဲကြီးကိုသာမြင်တာ ကိုရော ကို့ Teamတစ်ခုလုံးရော ဟိုးလတွေကတည်းက ဒီ Halloweenပွဲကြီးအတွက်ရော နောက်ထပ်ပွဲတွေအတွက်ရော စီစဥ်နေတာ ခုထိခေါင်းမီးမတောက်ရုံတမယ်ပဲ........ဒီနှစ်က ကိုလုပ်ပေးချင်တာတွေ တအားများနေတာကြောင့်.......
သက်ပြင်းတစ်ချက်ချရင်း ကျွန်တော်ပြောနေတာတွေကို နားထောင်ပေးနေကာ ကလေးငယ်ရဲ့ မျက်ဝန်းလေးတွေထဲမှာတော့ အားနာခြင်းအငွေ့အသက်တွေက အပြည့်လွှမ်းလို့.........
❤ : ကလေးသိတာပေါ့...... အနောက်တိုင်းထိသွားစရာမလိုဘဲ Disneylandကလိုတွေ ထည့်ကျင်းပပေးမှာကို...... ပင်ပန်းရင်နားခိုဖို့ ကျွန်တော်တစ်ယောက်လုံးရှိတယ်......ကိုကိုက ခုလုပ်ရမယ့် အလုပ်ကိစ္စကိုသာ အရင် စိတ်အေးအေးနဲ့လုပ်နော်.......
ဒီလို နားလည်မှုလေးစားမှုကို ရှေ့တန်းထားတဲ့ ကလေးငယ်ကို ကျွန်တော်ပိုင်ဆိုင်ထားရတာတဲ့ဗျာ.........ကျွန်တော့်မှာ ဘာပြောလို့ပြောရမှန်းကိုတကယ်မသိတော့တာ့ပါပဲ........
🖤 : ဟုတ်ပါပြီကွာ.....ကို့ကလေးလေး ကို့ကြောင့် တအားရင့်ကျက်နေရပြီလားဟင်......
❤ : ကလေးက အရင်ကတည်းက ရင့်ကျက်ပြီးသားပါနော်..... ကို့အတွက် လုပ်ယူပေးထားရတာ တစ်ခုမှမရှိဘူး......
သွားတန်းဖွေးလေးတွေပေါ်အောင် ပြုံးရင်းပြောနေတော့ သူ့အရွယ်တုန်းက ကျွန်တော့်ဘဝကိုတောင် ပြန်တွေးကြည့်မိသည်..........
အသက်ရှု ကြပ်လောက်အောင် အလုပ်စားပွဲနဲ့ ချည်နှောင်ခံထားခဲ့ရတာတွေ.........စာရွက်စာတမ်းတွေ ၊ စာရင်းဇယားတွေနဲ့ လအလိုက် နှစ်အလိုက် ရေရှည်၊ရေတို စီမံကိန်းတွေထဲ ခေါင်းစိုက်ရင်း လူငယ်ဘဝဆိုတာ ဘာမှန်းကိုမသိခဲ့ရဘဲ နေ့စွဲတွေ တတိတိနဲ့ ကုန်မှန်းမသိကုန်ခဲ့ရတာလေ.......
အလုပ်ကို တောက်လျှောက်ဇောက်ချလုပ်ခဲ့ပြီး စီးပွားရေးလောကမှာ တစ်ရှိန်ထိုး အောင်မြင်ခဲ့ပေမယ့် ရင်းနှီးလိုက်ရတာ ဘဝထဲက ပြန်ယူလို့ မရတဲ့အချိန်တွေ....... ရရှိလာတဲ့ ငွေတွေနဲ့ ဘယ်လိုမှ ပြန်ဝယ်လို့မရတာ အဲ့ဒီတုန်းက ငယ်ရွယ်မှုနဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု အချိန်တွေမလား.......
ဒီကလေးငယ်ရော အဲ့ဒီတုန်းက ကျွန်တော့်လိုဖြစ်သွားရင်ရော ဆိုပြီးတွေးမိလိုက်တော့ စောစောစီးစီး အသက်ရှုကြပ်လာရပြီ........
🖤 : ကို့~~ ကို့ လို မဖြစ်စေချင်ဘူး~~~
ရုတ်တရက် အနည်းငယ်တုန်ယင်ပြီး ထွက်ကျလာတဲ့ ကိုကို့ဆီက စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားတစ်ခုလုံးကို ရမ်းခါသွားအောင် ပြုလုပ်နိုင်ပါတယ်........
❤ : ကိုကိုရာ ဘာတွေ တွေးနေတာလဲ.....
🖤 : ကို...ကို တောင်းပန်ပါတယ်.....ကို တာဝန်မကျေဘူး.......
❤ : ဘယ်သူက တာဝန်မကျေတာလဲ.......
ကျွန်တော့်မျက်နှာကို သူ့လက်လေး၂ဖက်နဲ့ ဆွဲမော့ယူရင်း မေးတော့ ရင်ထဲမှာ အားနာခြင်းတွေပဲ ပဲ့တင်ထပ်ရပြန်သည်........
❤ : ကျွန်တော့်ကို ကြည့်........ ကျွန်တော်တို့က လူတွေမလား......ဟင်...ဖြေပါ ကိုကိုရဲ့......
🖤 : အင်း....
❤ : အင်း.... ဖေဖေလည်း ပြောဖူးတယ်လေ...... လူ လူ ချင်း ချင်း ချစ်မြတ်နိုးလို့ ပေါင်းဖက်ကြတာမလား ကိုကိုရ.... အချစ်ဆိုတာ ကိုယ်လုပ်ရမယ့် ဘဝတာဝန်တွေကို ကိုယ့်လက်တွဲဖော် အပေါ်မှာ အတင်းတာဝန်ယူခိုင်းနေရတာမျိုးမှ မဟုတ်ဘဲ.......
ချစ်မြတ်နိုးနေသရွေ့ သူ့ထက်ငါပိုချစ်ချင်ချင်တဲ့စိတ်နဲ့ ဖြည့်ဆည်းပေးချင်တဲ့စိတ်ကတော့ သေတဲ့ထိ ဖြစ်နေမှာပဲ ကိုကို...... လူတွေဖြစ်နေလို့လေ........
ဟုတ်တယ် ကိုကို တာဝန်မကျေဘူး.......
ခုပြောလိုက်တာလေ........ကျွန်တော်နားကြားမမှားပါဘူး....... တာဝန်မကျေဘူးလို့ ကလေးငယ်ကိုယ်တိုင် ပြောလိုက်တာ.........
အားနာခြင်းများစွာနဲ့ အကြည့်ချင်းဆုံထားရာကနေ ကျွန်တော်က အရင် မျက်လွှာချပစ်လိုက်တော့ ရယ်သံသဲ့သဲ့လေးနဲ့အတူ မျက်နှာကို ပြန်လာပင့်တင်ရင်း မျက်နှာချင်း ထပ်ဆိုင်ခိုင်းပြန်ပြီ.........
❤ : ချစ်လိုက်တာ ကျွန်တော့်လူကြီးကို..... ဆုံးအောင်နားထောင်မှပေါ့ဗျ...... ကိုကိုက တာဝန်မကျေဘူး......တာဝန်ကျေတာထက်ကို ပိုနေတာဗျ သိရဲ့လား.......
🖤 : ကလေးရယ်....ကလေးအပေါ်ကို မပွင့်လင်းခဲ့မိဘူးလေ......
အလုပ်ကိစ္စတွေကြောင့် တခြားစုံတွဲတွေလို တသီးတသန့်အချိန်လည်း သေချာမပေးနိုင်ဘူး...... သားတွေကိုရော.....
❤ : ရှူး~~~
လက်ညိုးလေးနဲ့ ကျွန်တော့်နှုတ်ခမ်းကို လာတေ့ထားလိုက်တော့ စကားလုံးတွေက ဆက်ပြီးထွက်ကျမလာတော့.........
❤ : မောနေပါ့မယ်ဗျာ.......ဖြည်းဖြည်းပြော.......ပြီးပြီလားပြောလို့.....
🖤 : အင်း......
❤ : အင်း ကလေးပြောပြမယ်..... အရာရာတိုင်း အကျိုးအကြောင်းဆိုတာ ရှိတယ်ကိုကို....... ကိုကို မပွင့်လင်းခဲ့ဘူး ဟုတ်တယ် ကို က ကလေးကို မပင်ပန်းစေချင်လို့ဆိုတဲ့ အကြောင်းတရားရှိနေတာကြောင့်လေ........
အလုပ်ကိစ္စတွေကြောင့် သူများတွေလို 2ယောက်ထဲ အချိန် များများစားစားမပေးနိုင်ဘူး....... မှန်တယ်...... အဲ့လို အချိန်မပေးနိုင်တာတောင် ကျွန်တော့်အလုပ်ကိစ္စတွေကို ပြောပြမိလိုက်တိုင်း အပြည့်အဝ စိတ်နှစ်ပြီး နားထောင်ပေးတယ်..... ပြီးရင်ကျွန်တော် မစဥ်းစားမိတဲ့ အကောင်းဆုံးဆိုတဲ့ အကြံဥာဏ်တွေကို အမြဲတမ်းပေးတာလေ..... အဲ့ဒီလို ဆွေးနွေး အကြံပေးတာတွေက တာဝန်မကျေတဲ့ သူတစ်ယောက် လုပ်နေတာတွေလား.......
သားတွေကတော့ ကလေးလည်း အလုပ်သွားရင် အိမ်မှာပဲထားခဲ့ရတာပဲကိုကိုရ..... သူတို့လေးတွေကို မေတ္တာတွေပေးနေသရွေ့ သူတို့က ကို အချိန်မပေးခဲ့တာကို တွေးပြီး စိတ်ကောက်ပြနေမှာ မဟုတ်ဘူး.........သူတို့လေးတွေရဲ့ စိတ်လေးတွေက သိပ်ကိုအေးချမ်းဖြူစင်တယ်......
ကိုကို သူတို့ကို အစာကျွေးတယ်.... အားရင်အားတဲ့အချိန်မှာ အပြည့်အဝအတူတူ ဆော့ပေးတယ်..... တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးတယ်...... သူတို့ကို မစွန့်ပစ်ဘူး....အဲ့ဒါတွေက တာဝန်မယူနိုင်တဲ့ တာဝန်မကျေတဲ့ သူတစ်ယောက်ရဲ့ လုပ်ရပ်တွေလား........
ကို့ အထင်တစ်ခုထဲနဲ့တင် တာဝန်မကျေတဲ့လူဆိုပြီး ပြောနေတာကိုတော့ ကလေး ခွင့်မပြုနိုင်ဘူး ကိုကို.......
ချက်ကျလက်ကျ တတွတ်တွတ်ပြောပြနေတဲ့ ကျွန်တော့် ရှေ့က အသည်းလေးကို ကြည့်ရင်း သိပ်ချစ်မြတ်နိုးရလွန်းလို့ မျက်ရည်တွေလည်ရတဲ့အထိ........
🖤 : ကလေးရယ်....... ကိုကို့ အရာရာ နားလည်ပေးတာပဲ........
❤ : အဲ့ဒါ ဒီလူကြီးကို သိပ်ချစ်လို့ပေါ့ဗျ....
🖤 : အများကြီးချစ်တယ်နော်~~~~~
သူ့မျက်ဝန်းလေးကို စူးစိုက်ကြည့်ရင်း ချစ်တယ်လို့ ပြောတိုင်း ပြောတိုင်း ရင်ခုန်သံတွေက တိုင်းဆမရအောင် မြန်ဆန်ရသည်......
❤ : အင်း~ ကျွန်တော်လည်း ကိုကို့ ကို အများကြီးချစ်တယ်~~~ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ရမယ်တဲ့လေ..... ကိုကိုကြားဖူးတယ်မလား........
🖤 : အင်း.....ကြားဖူးတယ်.... ဒါဆို အခြေအနေအရ ကလေးက ခုလိုနေပေးနေရတာလား........
❤ : ဟင့်အင်း....အခြေအနေအရမဟုတ်ဘူး ကိုကို......တစ်ခြားလူတွေရဲ့ ပတ်ဝန်းကျင်မှာသွားပြီး လိုက်လျောညီထွေဖြစ်အောင် နေပေးနေတာကို ပြောတာမဟုတ်ဘူး...... ကိုယ့်ပတ်ဝန်းကျင်မှာ ပဲ ကိုယ်အလိုက်သင့်နေပေးတာကို ပြောတာ......ဘာဖြစ်လို့လဲသိလား.......
🖤 : ဟင့်အင်း မသိဘူးလေ.......
မသိကြောင်းပြောလိုက်တော့ ရယ်သံချိုလေးတွေ လွင့်ပျံလာရင်း ကျွန်တော့်နားရွက်နားကပ်ကာ.....
❤ : ကိုကို~~က~~ ကလေးရဲ့ ပတ်ဝန်းကျင်ဖြစ်နေလို့ပေါ့......
ကြည့်စမ်းပါဦးဗျာ...... သူနေ့စဥ် ကျင်လည်ရနေတဲ့ ပတ်ဝန်းကျင်က ကျွန်တော်ပါတဲ့လေ........ စောစောစီးစီး အသည်းတွေ ခြွေရက်နိုင်တဲ့ ကျွန်တော့် အသည်းအသက်ကလေးပါဗျာ.........
🖤 : ချစ်လိုက်တာကွာ........ ခဏလေး~~~ ကို ဖက်ထားချင်လို့.........
ဖက်ထားချင်လို့ တစ်ခွန်းပြောရင်း သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်း ရင်း တင်းကြပ်နေအောင် ပွေ့ဖက်ထားတော့ သူ့ကိုယ်သင်းရနံ့ကို ခိုးရှုရှိုက်ရင်းနဲ့ပဲ ရင်ခုန်သံတွေကို ဖုံးဖိကာ အလိုက်သင့် ခဏငြိမ်နေပေးမိသည်........
ရင်ခွင်ကနေ ပြန်ခွာရင်း အကြည့်ချင်းဆုံစေတော့ အချစ်တွေကနေ ပေါက်ဖွားတဲ့ ရင်ခုန်သံတွေက တစ်စုံတစ်ရာသော ချိုမြိန်မှုကို တောင်းတလေပြီ.........
မျက်လွှာ2စုံကို ခပ်ဖြည်းဖြည်းချင်း ပြိုင်တူချပြီး တတိတိတိုးကပ်နေရင်း ချိုမြိန်မှုတွေ ဖြစ်ထွန်းရာဌာနေဖြစ်တဲ့ နှုတ်ခမ်း2စုံ ထိလုဆဲဆဲ အခြေအနေရောက်တော့မှ........
Ouuu~~~~ Ou! Ou! Ou!
စောစောစီးစီး ဖြစ်တည်တော့မယ့် Romance Sceneကို နောက်ခံ Musicအဖြစ် ဝင်ပံ့ပိုးပေးလိုက်သူကတော့ အမောင် Robin ပင်..........
ရုတ်တရက် ခုလို အရှိန်ပျက်သွားရင် ရင်ထဲဘယ်လိုဖြစ်မှန်းကိုမသိ........ပူထူပြီး အစောကအခြေအနေ ပြန်ဖြစ်တည်ဖို့ကိုလည်း မပြောချင်နဲ့..... Robin ကောင်းမှုကြောင့် ချိုမြိန်ခြင်းအတိပြီးတဲ့ သဘာဝချိုချဥ်ကို မစားရသေးပါဘဲ သူရော ကျွန်တော်ပါ ချောင်းတဟန့်ဟန့် ဖြစ်နေရပြီ........
❤ : အဟင်း.... ဟို.... Robin အိပ်မက်ယောင်နေတာနေမှာ.....
🖤 : အဟမ်း အင်း.... ဟား ဟား.....အိပ်မက်ထဲ သားကြီးနဲ့ ဘာလုနေပြန်လဲမသိကွာ....... ဒါနဲ့ အခု ဘယ်နနာရီလောက် ရှိနေပီလဲ.....
ပြောရင်းနဲ့ မွေ့ယာဘေးက နှိုးစက်နာရီကို တစ်ချက်လှမ်းယူကြည့်လိုက်ကာ........
🖤 : အင်း 5ခွဲရှိသေးတာ ခဏပြန်အိပ်ချင်ရင် အိပ်ဦးမလား ငယ်~~~ကို စောင့်ပေးမယ်......
❤ : ဟင့်အင်း အိပ်တော့ဘူး.......
🖤 : မအိပ်ချင်တော့ဘူးလား.... မအိပ်ချင်ရင် ဘာလုပ်ချင်လဲ......
နှိုးစက်နာရီကို စားပွဲပေါ်ပြန်တင်ပြီး ရုပ်တည်ကြီးနဲ့ လူကိုစိုက်ကြည့်ရင်း မေးလာတော့ လူက ကြက်သီးတွေ ဖြန်းခနဲ ထသွားရသည်.......
❤ : ဟင်.....ဘာ....ဘာ...လုပ်ရမှာလဲ.......
🖤 : နီတွတ်နေတာပဲကွာ......ဒီကောင်လေး စောစောစီးစီး ဘာတွေ တွေးနေတာလဲ......
❤ : အမြင်ကတ်စရာကြီးးးးး သွားးးးး အားတာနဲ့စဖို့ပဲ ချောင်းနေတာ......
🖤 : ဟာကွာ ကို့မှာ မအားဘဲ စနေရတာပါကွာ...... ဒီမှာလေ ဒီမှာ..... ဟော့ဒီ ပါးလုံးလေးတွေရော နှာခေါင်းထိပ်လေးနဲ့ နားရွက်လေးတွေပါ နီတွတ်နေတာကို....... ကိုကမဟုတ်ဘဲ လျှောက်မပြောတတ်တာ သိရဲ့သားနဲ့......
ပါးဖောင်းလေးနဲ့ နှာခေါင်းလုံးလေးကို ညစ်ရင်းပြောလိုက်တော့ သားကြီး Miloအတိုင်းပဲ ကျွန်တော့်လက်ကို ပုတ်ထုတ်သည်.......
❤ : တအားပဲ......ဖယ်.....ဘာမှမတွေးဘူး.......ဟင်း.....
🖤 : အေးပါကွာ မတွေးရင်လည်းပြီးတာပါပဲ.......နဂါးပေါက်စလို နှာတွေမမှုတ်ပါနဲ့တော့..... ခုပြန်မအိပ်တော့ရင် ဘာလုပ်ချင်လဲပြော.......
❤ : လုပ်မယ်.....
အဲ.... လုပ်စရာရှိတယ်လို့ပြောတာ.....
အာ မဟုတ်သေးပါဘူး.... မအိပ်တော့ဘူး တစ်ခြား အလုပ်တစ်ခုလုပ်မယ် အဲ့လိုပြောချင်တာ........
သူ့ဖာသာသူ ပြောလိုက် ဖြေရှင်းလိုက်နဲ့ ပန်းနုရောင် ချစ်ခြင်းတရားစက်ကွင်းထဲက မလွှတ်နေတာလေးကို ကြည့်ရင်း ကျွန်တော့်မှာ အသည်းတွေယားရသေးသည်........
🖤 : ဟား ဟားးး ဟားးးး ရှင်းလေ ရှုတ်လေကို မရှင်းပါနဲ့တော့ ပေါက်စရယ်..........ကလေးပြောချင်တာကို ကို နားလည်ပါတယ်......
တော်ကြာ ခရမ်းချဥ်သီး အခင်းက စံအိမ်ပေါ်မှာ စပျိုးထားတာလား မေးနေကြပါ့မယ်.......
❤ : ဟင်းးး တအားပဲဗျာာာာ.....
အမ်းးးး ဘာလုပ်ရမလဲဆိုတော့....
အားးး ဟိုမယ်လေ နေထွက်တော့မှာပဲ......နေထွက်တာ ကြည့်မယ် လာ......ကို့ သားတွေပါ နှိုးလိုက် ကိုကို လုပ် လုပ် လုပ်.........
ပတ္တမြားလုံးလေး ဥာဏ်ပြေးချက်ကတော့ သဘာဝတရားကို အကြောင်းပြပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိနေတဲ့ အခြေအနေကနေ ရအောင်ထွက်သွားနိုင်ခဲ့လေပြီ............
မျက်နှာသစ်သွားတိုက် အပြေးလုပ်ပြီး စောင်ကိုမနိုင်မနင်းပွေ့ရင်း မွေ့ယာပေါ်ကနေ တရွတ်တိုက်ဆွဲယူကာ ဝရန်တာမှာထွက်ထိုင်ဖို့ ပြင်ဆင်နေတော့ ကျွန်တော်လည်း သားတော်မောင်2ကောင်ကို နှိုးကာ ကျွန်တော့်ရတနာခဲလေး နောက်လိုက်ဖို့ လုပ်ရတော့ သည်.........
အပင်တွေနဲ့ စိုက်ခင်းတွေများတာကြောင့် မိုးတွင်းဆိုပေမယ့်လည်း မနက်အစောဆိုရင် ဆောင်းတွင်းလိုပဲ အအေးဓါတ်ကလေးက ချမ်းစိမ့်စိမ့်ဖြစ်နေလေ့ရှိတာကြောင့် နှာစေးတတ်တဲ့ ယုန်ပေါက်လေးအတွက် ဖလန်ထည်စောင်အပါးတစ်ထည်ကိုပါ ယူခဲ့ရသေးသည်.........
❤🏰 အနားမှာလာဝင်ထိုင်ရင်း စောင်အပါးတစ်ထည်ကို ကျွန်တော့် ကိုယ်ပေါ်မှာ လာလွှမ်းခြုံပေးတော့ ခြုံထည်စောင်ကရတဲ့ အနွေးဓါတ်ထက်က ကိုကို့မေတ္တာငွေ့တွေကြောင့် ပိုပြီးနွေးရသလိုပါပဲဗျာ.........
သားတော်မောင် အိပ်ပုတ်၂ကောင်ကတော့ နေထွက်တာကြည့်ဖို့နေနေသာသာ နေပူဆာလှုံရင်း မျက်လုံးကို ကောင်းကောင်း မပွင့်ကြသေး........ အိပဲ့အိပဲ့နဲ့ Miloကအရင် ကိုကို့ပေါင်ပေါ်မှာ ကျကျနန ဇိမ်ယူရင်း ဝင်အိပ်ပြတော့ Robin ကလည်း အားကျမခံ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ဟောင်သံပေးကာ ကျွန်တော့် ဘေးဝင်အိပ်ရင်း ပေါင်ပေါ် မေးတင်ထားသည်.......
၂ကောင်သား နေပူဆာလှုံရင်း ခံစားပုံကတော့ မျက်လုံးတွေ မှိတ်ထားရင်း စိတ်နဲ့ပဲ နေထွက်တာကို အပြည့်အဝခံစားကြတယ် ထင်ပါတယ်ဗျာ..........
ကိုကိုကတော့ သူ့သားတွေကို သဘောတကျ ကြည့်ရင်း ပြုံးလိုက် ကျွန်တော့်ကိုဖက်ထားရင်း ဆံပင်တွေထဲ အနမ်းတွေ နစ်ဝင်လိုက်နဲ့ ရှင်သန်ရခြင်း နံနက်ခင်းတစ်ခုရဲ့အဓိပ္ပါယ်ကို အပြည့်အဝ ခံစားဖော်ပြပေးလို့........
❤ : ကြည့်ပါဦး ကိုကို~~~ အရှေ့အရပ်ကနေ ရောင်နီတွေ စ ကွန့်မြူးလာတာ ပန်းချီကားလေးကျလို့ သဘာဝတရားကြီးက တအားလှတာပဲ..........
🖤 : အင်း..... သိပ်ကိုလှတယ်~~~
အပိုအလိုမရှိ ထွက်ကျလာတဲ့ အသံသြရှရှကို သဘောကျလို့ ရင်ခွင်ကျယ်ထဲကနေ အပေါ်ကို မော့ကြည့်လိုက်တော့ ကိုကို့အကြည့်တွေက တလောကလုံးကို အနွေးဓါတ်ပေးရင်း အလင်းဆောင်နေတဲ့ နေသူရိန်ဆီမှာမရှိ........
ကျွန်တော့်ကိုပဲ တစိမ့်စိမ့်ပြုံးပြီး ကြည့်နေတာကြောင့်.......
❤ : ကိုကို ကလေးတို့ ခုနေတဲ့နေရာကနေ မြင်ရတဲ့ နေက အရှေ့အရပ်ကနေပဲ ထွက်တာနော်......ကျွန်တော့် မျက်နှာလှည့်ရာအရပ်ကနေ နေက လိုက်မထွက်ပေးဘူးဗျ......
🖤 : ဟား ဟား ဟား......ကို့ကလေးက ပြောတတ်လိုက်တာကွာ.... ကိုလည်း ကိုယ့်အရုဏ်ဦး အလှတရားဖြစ်တဲ့ ဒီရောင်ခြည်နွေးလေးကို ခံစားရင်း ကြည့်နေတာပဲကို........အတူတူပဲလေ.....
သဘောတကျရယ်ကာ ရင်ခွင်ထဲက ပါးဖောင်းကလေးကို ရွှတ်ခနဲအနမ်းတစ်ချက်ပေးရင်း ကျွန်တော်က ပြောလိုက်တော့ ယုန်ပေါက်ကလေးရဲ့ ခွန်းတုံ့ပြန်စကားက အကဲပိုကြီးတဲ့လေ.....
🖤 : မပိုပါဘူး လိုတောင်လိုနေသေးတယ်..... ချစ်တာကို ဘာဖြစ်လဲကွာ......
လည်တိုင်ဖွေးလေးပေါ် အနမ်းတွေ လှမ်းစေလွှတ်ရင်း ယုန်ဖက်တီးလေးရဲ့ ဗိုက်လေးကို ခပ်ဖွဖွညစ်ရင်းပြောတော့ ကျွန်တော့်နံဘေးက ကမ္ဘာငယ်လေးက ရင်ခွင်ထဲ တစ်စောင်းဝင်ရောက်လာရင်း တစ်ဟားဟားနဲ့ ရယ်ကာ လူးလိမ့်လို့........
❤ : ဟား ဟား မလုပ်နဲ့ ယားတယ် ကိုကိုရ.......ကိုက်မှာနော်.....
ကလေးငယ်ရဲ့ ရယ်သံချိုလေးတွေနဲ့အတူ ရောင်နီအလင်းတန်းတို့ကလည်း ကောင်းကင်တစ်ခြမ်းကို အပိုင်သိမ်းတော့ အလင်းစက်တွေက ထပ်ကြပ်မကွာ ကမ္ဘာတစ်ခြမ်းကိုအရင် ထိုးခွင်းပေးကြလို့.........
လောကကြီးမှာ လေနှင်ရာ ပန်းတွေယိမ်းကကြရင် အလှဆုံးပဲလို့ လူတွေ ပြောကြတယ်.......ကျွန်တော့်ကမ္ဘာမှာတော့ ငယ်ဆိုတဲ့ ကျွန်တော့် နိုက်တင်ဂေးကလေးရဲ့ ရယ်မြူးသံက အချိန်အခါမရွေး အလှဆုံးဖြစ်နေတဲ့ တေးဂီတတစ်ခုပါပဲဗျာ..........
☕❤☕❤☕❤
❤🏰 နေထွက်တာကို အတူတူထိုင်ကြည့်ပြီးတော့မှ နံနက်စာ ဆင်းစားသောက်ကာ ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့ ကိုကို က အလုပ်သွားတော့ ကျွန်တော်က ဖေဖေတို့ကို လေဆိပ်လိုက်ပို့ပေးရပြီ.......
Miloတို့ကိုတော့ ကိုကို့ ဖေဖေနားပဲ အပ်ထားခဲ့ရတာပေါ့ဗျာ.......
လေဆိပ်လိုက်ပို့ပြီးတာနဲ့ A whole new world တယောသံစဥ်လေးကို နားဆင်ရင်း စံအိမ်ကို ပြန်မောင်းလာတုန်း လမ်းထောင့်တစ်နေရာက စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုတွေ့တော့ မောင်းနှင်လာတဲ့ အရှိန်ကို ခဏလျော့ချလိုက်ပြီး လှမ်းကြည့်တော့မှ ကော်ဖီဆိုင်နဲ့တွဲဖွင့်ထားတဲ့ စာအုပ်ဆိုင်ကလေးဖြစ်နေသည်........
အရင်မမြင်မိတာကြောင့် ဒီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးဘူးနဲ့တူပါတယ်....... ကိုကိုနဲ့တစ်ခေါက်လောက်တော့ အတူတူလာဦးမှပါတွေးရင်း ကားကိုအရှိန်ပြန်တင်လိုက်ရင်း စံအိမ်ဆီကိုသာ ဦးတည်ထားလိုက်ရပြီ.......
စံအိမ်ပြန်ရောက်တာနဲ့ ဂိုထောင်မှာ ကားသွားထားပြီး ဖေဖေ့ကို နှုတ်ဆက်ကာ ကျွန်တော်လည်း ရုံးခန်းအပြေးသွား ရပြီပေါ့ဗျာ.........
နှင်းဆီခင်းတွေနားကအဖြတ် လေအဝှေ့မှာ လည်ပင်းပေါ်က စကြာဝဠာလေးရဲ့ အထိအတွေ့လေးကနေ အေးခနဲဖြစ်သွားရတော့ ကိုကို့ ပုံရိပ်တွေက ခေါင်းထဲအထပ်ထပ် ကျရောက်လာရပြီ.......
လူတင်မဟုတ်ဘူး စက္ကန့်တိုင်းရဲ့ အတွေးတွေကိုပါ အပိုင်သိမ်းထားတဲ့ အဲ့လူကြီးကို အမြင်ကတ်အောင် ချစ်ရတယ်ဗျာ..........
ရုံးခန်းကိုရောက်တာနဲ့ လက်မှတ်ထိုးပေးရမယ့် စာရင်းတွေမှာ လက်မှတ်ထိုးပေးပြီး တင်ပြခိုင်းထားတဲ့ Project ကိစ္စတွေကို တစ်ချက်ကြည့်ရှု ညှိနှိုင်းဆွေးနွေးပေးရင်း........
ညက ကိုကိုအကြံပေးထားတဲ့ နာမည်ကဗျာကိစ္စအတွက် Alexကို မျက်မမြင်ကျောင်းက ကလေးတွေ အားလုံးရဲ့ နာမည်စာရင်းယူခိုင်းထားကာ စာရင်းရောက်လာတာနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ စာလုံးတွေရှာထုတ်ထားဖို့ကိုတော့ ကိုယ့်လက်အောက်က Teamတစ်ဖွဲ့လုံးကို ၃ယောက်တစ်ဖွဲ့စီ အဖွဲ့ခွဲပေးလိုက်ပြီး တာဝန်အသီးသီး ပေးအပ်ထားလိုက်ရသည်...........
ဆိုင်မှာရောက်ရှိနေတဲ့ အကြံပေးစာတွေ တစ်ချက်ဖတ်ရင်း ခြေညောင်းလက်ဆန့်လုပ်ကာ နာရီကိုတစ်ချက်လှမ်းကြည့်တော့ နေ့လည်၁၂နာရီတောင် ရောက်တော့မယ်........ ကျွန်တော်နဲ့ ၂ယောက်ထဲအချိန်မပေးနိုင်နေလို့ ဝမ်းနည်းနေတယ်ဆိုတာကို မနက်ကပဲ ကိုကိုရင်ဖွင့်တုန်းက သိထားလိုက်ရတာကြောင့် အဆင်ပြေသလိုပဲ ကိုကိုနဲ့အတူတူ အချိန်ကုန်ဆုံးဖို့ရာ ကြံဆရပြီ........
တနေ့တနေ့ကို နာရီပေါင်း တစ်သောင်းလောက်ရှိချင်တယ်ဆိုပြီး ညတုန်းက ကိုကိုပြောတာကို သေချာပြန်စဥ်းစားကြည့်တော့ ဟုတ်လည်းဟုတ်တာပါပဲ.......
တစ်နေ့ကို ၂၄နာရီထဲရှိနေတော့ အလုပ်လုပ်ရတာရယ် အလုပ်ကိစ္စတွေးရတာရယ်နဲ့ကို ၂၄နာရီမှာ ၁၅နာရီလောက်က မအားချင်...... အလုပ်အကြောင်းမတွေးတဲ့အချိန်ဆိုပြီး တွေးကြည့်ပြန်တော့လည်း အိပ်စက်တဲ့ အချိန်ပဲရှိသည်..... ခုလိုတွေးကြည့်တော့မှ ၂ယောက်ထဲ သီးသန့်အချိန်က မရှိသလောက်ကို ဖြစ်နေပါရော့လား.......
❤ : ဟုတ်ပြီ......နေ့လည်စာတူတူ သွားစားမယ်........
တွေးလိုက်ရင်း Alexနဲ့ CF(classic family) Teamsကို နှုတ်ဆက်ကာ ကိုကို့ရုံးခန်းဘက်ကို ထွက်ခဲ့လိုက်တော့သည်........
🖤🏰မနက်စာစားသောက်ပြင်ဆင်ပြီး ရုံးခန်းကိုရောက်တာနဲ့ ပွဲအတွက်စီစဥ်ကြမယ့် Project plan နဲ့တစ်ကွ Designဌာနက တင်ပို့ထားတဲ့ Design တွေကို ပြန်လည် ပြသညှိနှိုင်းဆွေးနွေးဖို့ရာ အစည်းအဝေးခေါ်လိုက်ရသည်.......
Meeting လုပ်နေရင်း ၂နာရီလောက်ကြာတော့မှ Coffee time ခဏ break ပေးပြီး အစည်းအဝေးပြန်စတာနဲ့ အကောင်းဆုံးဖြစ်မယ့် ဒီဇိုင်းတွေကို စိစစ်ရွေးချယ်ရင်း နာရီကိုတစ်ချက်ကြည့်တော့ နေ့လည်စာစားချိန်ရောက်နေပြီ...........
ဒီနေ့အတွက် အစည်းအဝေးကိုတော့ ဒီနားမှာတင် ရပ်နားပေးလိုက်ပြီး မှန်ပြတင်းကနေတဆင့် အခင်းတွေထဲက ပုံရိပ်တစ်ခုကို ခေတ္တ ငေးကြည့်နေမိသည်........
Knock! Knock!
🖤 : ဝင်ခဲ့လေ.....
🍷 : ဆရာ....
🖤 : အင်း အခြေအနေ..... ဘယ်လိုလဲ....အဆင်ပြေခဲ့လား.....
🍷 : မပြေခဲ့ဘူး ဆရာ.....နောက်ဆုံး ဝယ်သွားတဲ့သူတော့ဟုတ်တယ်..... သူက ပြည်ပပြန် တင်ပို့ရောင်းချတဲ့ကုန်သည်ဖြစ်နေတော့ သူ့ဆီမှာ နည်းနည်းပဲချန်ထားပြီး မနေ့ကပဲ ကုန်တွေကိုတင်ပို့လိုက်တယ်တဲ့လေ......ကျွန်တော်တို့ ပြန်ဝယ်ရမယ့် ပမာဏလောက် မရှိဘူးဖြစ်နေတယ်..... ပြည်ပကနေ ပြန်ဝယ်မယ်ဆိုရင်လည်း စျေးက၂ဆပြန်ပေးနေရမှာ......
🖤 : ဟူးးးးးးး..... အင်း..... တစ်ခုခုစဥ်းစားကြတာပေါ့.... ဒါနဲ့ ဒီနေ့ အခင်းတွေထဲ ရှုတင်ရှိတာလား.....
🍷 : ဗျာ... ကျွန်တော်တော့ မကြားမိဘူးဆရာ...... ဘာလို့လဲ စက်အဖွဲ့တွေ ရောက်နေလို့လား.......
🖤 : ဟိုမယ်လေ..... တော်တော်များများ ကြည့်နေကြလို့..... မျက်မှန်နဲ့တစ်ယောက် မင်းသားကျနေတာပဲ.........အရင် မမြင်ဖူးဘူးလားလို့..........
🍷 : ဟို အခင်းနားက Suit ဝတ်ထားပြီး နေကာမျက်မှန်တပ်ထားတဲ့ တစ်ယောက်ကိုမေးတာလား ဆရာ......
🖤 : အေး.....ကဲပါ မင်းသားမဟုတ်လည်း လာတည်းတဲ့ ဧည့်သည်ပဲနေမှာပေါ့.......ဒီခေတ်က ရုပ်နည်းနည်းချောရင်ကို Social Media Celeဆိုပြီး ခေတ်က ထနေတာမလား.........
ငါ ခုပဲ ဘုတ်အဖွဲ့နဲ့ တော်တော်များများ ဒီဇိုင်းတွေတော့ ရွေးထားပြီးပြီ......နားနေခန်းထဲ သွားပြီး နေ့လည်စာစားရင်း ဖရုံသီးကိစ္စတစ်ချက် စဥ်းစားကြရအောင်ကွာ.......
🍷 : အင်း ကျွန်တော် အိမ်တော်ထိန်းကြီးကို လှမ်းစီစဥ်ခိုင်းလိုက်မယ်......
အစည်းအဝေးခန်းထဲကနေထွက်ကာ ဆရာတပည့်၂ယောက် နားနေခန်းထဲသွားလိုက်ကြရင်း..........
🖤 : အော် Reo..... အိမ်တော်ထိန်းကြီးကို နေ့လည်စာ စီစဥ်ခိုင်းရင်း ဥက္ကဌနဲ့ Miloတို့ကို ဒီမှာနေလည်စာလာစားဖို့ ငါခေါ်နေတယ်ဆိုတာပါ ပြောခိုင်းလိုက်ဦးကွာ.......
🍷 : ဟုတ် ဟုတ်ဆရာ.......ပြောလိုက်မယ်......
Reoထွက်သွားမှပဲ ကျွန်တော့်ကလေးလည်း အလုပ်ဇောကတ်တတ်လာလွန်းလို့ အစာမလွန်အောင် အချိန်နဲ့အချိန် အစားမှန်မှန်စားဖို့ ကျွန်တော့်မှာ သတိထားဂရုစိုက်ပေးရသေးတယ်......
ကိုယ်ကသာ ပေတေခဲ့ပေမယ့် သူ့ကိုတော့ ကျန်းကျန်းမာမာနဲ့ အောင်မြင်စေချင်တာကြောင့်ပါ....... အလှူအတန်းနဲ့ ဆက်စပ်ထားတဲ့ စီးပွားရေးလေးဖြစ်တာကြောင့် နာမည်ရလာတာနဲ့အမျှ သူ့အလုပ်ကိစ္စတွေနဲ့သူ လုံးပန်းနေရရှာတာပါပဲ.......
အခုလည်း နေ့လည်စာအတူတူစားချင်ပေမယ့် ဒီကို လာနေရရင် အချိန်ထပ်ကုန်နေမှာစိုးတာကြောင့် Alex🌶နဲ့အတူတူ နေ့လည်စာ စားဖြစ်အောင် စားလိုက်ဖို့ မက်ဆေ့လှမ်း ပို့ထားရသေးသည်......
🍷🏰 ဆရာ့ကိုနှုတ်ဆက်ပြီး အခန်းအပြင်ထွက်လိုက်တော့ အစောက ဆရာမေးနေတဲ့ မင်းသားနဲ့ ပက်ပင်း တိုးမိပြီ.........
❤ : အင့် သေပါပြီ..... အော် P'ကိုးးး.... ကျွန်တော်က မျက်မှန်နဲ့ မှောင်နေတော့မမြင်လို့......
🍷 : အောင်မလေးလေး....... မင်းသားမှတ်တယ်.... အမောင် Saint!ဖြစ်နေတာကိုး....ဟုတ်သလား......
❤ : အသံဗြဲနဲ့ P'ကလည်း ဟုတ်တယ်.....ကျွန်တော် Saint supဗျ...... နေကာမျက်မှန်နဲ့ ကျွန်တော်ကတောင် မှတ်မိတယ် P'ကဘယ်လိုဖြစ်လို့ မမှတ်မိနေလဲ........
🍷: မင်း ဒီရောက်ကတည်းက နေကာမျက်မှန်တက်တာမှ မမြင်ဘူးပဲကွာ.......ဘာစိတ်ကူးတွေပေါက်လာတာတုန်း.......မင်းသားတွေတောင် ရှုံးလောက်ပါတယ်......
❤ : ဟဲဟဲ ကျွန်တော့် အကိုက အမြင်မှန်တွေ ရနေတာပဲ ဟမ်...... အော် ဒီလိုပါ အတွေး အမြင်သစ်လေးတွေ ရအောင်လို့ ပုံစံပြောင်းကြည့်တာ.......
🍷 : ဟား ဟား ဟား မင်းကတော့ တကယ်ကောင်ပဲကွာ.....
❤ : ဟား ဟား ဒါနဲ့ P'က ဘယ်တုန်း..... P'Perthကရော..... ကျွန်တော် သူ့ရုံးခန်းနားက အတွင်းရေးမှူးကို မေးတော့ ခုပဲအစည်းအဝေးပြီးလို့ နားနေခန်းမှာ ရှိလောက်တယ်တဲ့လေ......
🍷 : အေးဟုတ်တယ် မင်းအချစ်က အခန်းထဲမယ် ရှိတယ်..... ခုကို နေ့လည်စာ သွားစီစဥ်ခိုင်းရင်း ဥက္ကဌတို့ကို သွားခေါ်ခိုင်းလို့ သွားခေါ်ပေးမလို့......
❤ : ဟင် ဖေဖေတို့က ပြန်သွားပြီလေ P'ရ......ကျွန်တော်လိုက်ပို့လိုက်တာ
🍷 : အမလေး မင်းအစွယ်အပွားလေးတွေကို ပြောနေတာ.......သူတို့ကလည်း စံအိမ်ရဲ့ CEOတွေပဲ......
❤ : အော် Miloတို့လား......ဟား ဟား ဟားးးး......
🍷 : အေး ဟုတ်တယ် ဟုတ်တယ်......ကဲကဲ သွားသွား ဝင်.....ငါလည်း သွားလိုက်ဦးမယ်.....
❤ : အိုကေဗျာ......
Tin~ 📲 ရုတ်တရက် ဖုန်းမက်ဆေ့ဝင်လာလို့ကြည့်လိုက်တော့ ကိုကို့ဆီက........
❤ : အော် ဒီမှာ သူ့ဆီက Message.....
🍷 : အမလေးကွာ...... ငါ့ကိုနည်းနည်းမှ အားမနာကြဘူး......နေလည်စားဖို့ကို မှာကြားနေရတဲ့အထိတဲ့လား....... ဗိုက်က ဆာတယ် မဆာဘူး အကြောင်းကြားမှာပေါ့ကွ.....အံ့သြပါတယ်....
❤ : အော် အချစ်လေ.... အချစ် P'ရ..... Jack အပြုံးလေးတွေကို မြင်ယောင်ကြည့်လိုက်စမ်းပါ P'သဘောပေါက်ပါတယ်နော် ......
🍷 : သွားစမ်းပါကွာ အဆင်တွေမပြေနေရတဲ့အထဲ မတွေးပရစေနဲ့ဦး.......လောင်ရလွန်းလို့.....
❤ : ဟားးးး ဟားးးးး ဟားးးးး ကျွန်တော့်အတွက် တစ်ယောက်စာ ပိုပြင်ခိုင်းခဲ့ပေးဦးနော်P'......
🍷 : အေးအေး.......ယှောင့် ဟာ မင်း အရိပ်ထဲရောက်နေလည်း မျက်မှန်ကြီးက ပြန် တပ်ဦးမှာလားကွ......
❤ : ရှူးးးး ကျွန်တော့် ကိစ္စပါ P'ကလည်း......
ပြောလိုက်တော့မှပဲ နှစ်ချို့ဝိုင်ကြီးက ခေါင်းတစ်ကုတ်ကုတ်နဲ့ အေးပါကွာ တစ်ခွန်းပြောပြီး ထွက်သွားတာမို့ နေကာမျက်မှန်ပြန်တပ်လိုက်ရင်း အခန်းထဲဝင်လိုက်တော့ ဆိုဖာပေါ် စာအုပ်တစ်အုပ်နဲ့ လှဲနေတဲ့ ကိုကို့ ကို တွေ့လိုက်ရသည်.......
တံခါးကို ခပ်ဆဆခေါက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်တော့မှပဲစာအုပ်ဖယ်ပြီး လှမ်းကြည့်သည်........
မျှော်လင့်ထားတာက တခြား ဖြစ်သွားတာက တခြားဆိုသလိုပဲ....ဟိုလူကြီးလေ လူကိုအရေးမလုပ်ချက်......တစ်ချက်လှမ်းကြည့်ပြီး စာအုပ်တောင် ပြန်ဖတ်နေလိုက်သေး........ ငါဒီလောက်ချောခန့်နေတာကို ဒင်းကြီးပေးတဲ့ Feedbackက အဲ့ဒါပဲလား........
🖤🏰 အစောကတင် နှစ်ချို့ဝိုင်ကို မေးနေတာလေ.......ခုကျဘယ့်နယ့် နားနေခန်းထဲထိတောင် အဲ့နေကာမျက်မှန်နဲ့ တစ်ယောက်ကို မြင်နေရတာတုန်း......မဟုတ်သေးပါဘူး တွေးလိုက်ရင်း ခေါင်းကို တစ်ချက်ခါလိုက်ပြီး စာပြန်ဖတ်ဖို့လုပ်တော့မှ ထွက်ကျလာတဲ့ အသံလေးကြောင့် လူက ပိုကြောင်အသွားရပြီ........
❤ : အားးး ငါဒီလောက် သန့်နေတာကို ဒင်းက အရေးတောင်မလုပ်ဘူးလားးးးးး
🖤 : ဟင်.... မျက်မှန်ကြီးနဲ့..... ကလေးလား......
❤ : ဘာ!!! ဘယ်ကလေးမှ မဟုတ်ဘူး လူကြီးဗျာ လူကြီး...... စိတ်တွေတိုလိုက်တာ ရှိုးတွေ ပဲ့တယ်...... စိုက်ခင်းတစ်ခင်းလုံးရော Resort တစ်ခုလုံးထဲက လူတွေ မျက်တောင် မခတ်စတမ်း ငေးကြည့်တာကို ခံလာရတာလေဗျာ..... ခင်ဗျားကြီးနဲ့တွေ့မှပဲ ငါးပါးမက မှောက်တယ်.......
ပြောကာ နေကာမျက်မှန်ကို မျက်မှန်ဆွဲဖြုတ်ရင်း ခြေတစ်ဆောင့်ဆောင့်နဲ့ ဆိုဖာနား လျှောက်လာတော့မှ အမြန်ထထိုင်လိုက်ရင်း ကြိတ်သဘောကျရတော့သည်.........
သူထုတ်လာသမျှ ရှိုးတွေပဲ့ရလို့တဲ့လေ...... ဟုတ်လည်းဟုတ်တာပါပဲ......အောင်မလေး အရပ်ရှစ်မျက်နှာကို သူပြောတဲ့ မြူစွမ်ကတိုက်လာသေး...... ကြယ်သီးတစ်လုံးဖြုတ်ထားရင်း နက်ကတိုင်ပါ ဖြုတ်ထားပစ်ခဲ့သေးတယ်........ဒီကောင်ကလေးကတော့ တစ်နေ့တစ်မျိုးမရိုးအောင် အချစ်တွေကို သိမ်းယူတတ်တယ်ဗျာ.......
🖤 : အရင်ကလေးက နေကာမျက်မှန်မှ မတတ်ပဲကို.......ငယ့်မျက်မှန်လား???
❤ : ကျွန်တော့်ဟာဟုတ်ဘူး.... လေဆိပ်လိုက်ပို့ရင်း ဂိတ်ထဲမဝင်ခင် Wyaneဆီက ဓါးပြတိုက်လာတာ......သူက မျက်မှန် Crazyလေ........
🖤 : ထင်တယ်......ရုတ်တရက်ဆိုတော့ ကလေးမှန်း ကိုက ဘယ်သိမှာလဲကွာ မင်းသားမှတ်နေတာကို....... Reoကိုတောင် မေးနေသေးတာ မယုံရင် သူလာတော့ မေးကြည့်......
❤ : ကျွန်တော်က မင်းသားထက်ချောတာ သိပြီးသား.......
🖤 : ဟား ဟား ဟား ဒါနဲ့ နေစမ်းပါဦး အောင်မလေး ကိုယ်တော်ချော မေးစမ်းပါရစေဦး နက်ကတိုင်ရော.....
ရှပ်ကော်လံစွန်းကို တစ်ချက်ပွတ်ကိုင်ပြီး နက်ကတိုင်ဘယ်မှာလဲမေးနေတော့ စိတ်ကသာဆိုးချင်တာ နှလုံးသားက အငြိမ်မနေချင်.........
🖤 : ဘယ်အရပ်ဒေသမှာ နက်ကတိုင်က စခန်းချနေခဲ့တာတုန်း.......ကြယ်သီးကလည်း ဖြုတ်ထားသေးတယ်.........
မေးနေတာကို မဖြေဘဲ ပြုံးစိစိနဲ့ ခေါင်းမော့ပြီး ဟိုကြည့်ဒီကြည့်နဲ့ မကြားသလိုလေးလုပ်ပြနေတာများ အသည်းတွေကို ကလိကလိနဲ့ဖြစ်နေရပြီ......... Perth ကို ဒီလိုလာကြောလို့မရဘူးလေ........
ရုတ်တရက် ဟိုလူကြီး လူနားတိုးထိုင်နေရာကနေ နောက်ဆုတ်သွားပြီး သူ့လည်ပင်းထက်က နက်ကတိုင်ကိုဆွဲဖြုတ်ရင်း ရှပ်အင်္ကျီလက်ကို ခေါက်ပြီး ပင့်တင်ကာ သူ့ရှပ်အင်္ကျီကြယ်သီးတွေသူ ဖြုတ်နေတော့ လူက ပူထူသွားရသည်.........
❤ : အဲ့... ကို ကို ဘာ... ဘာလုပ်မလို့တုန်း......
🖤 : ဘာလုပ်နေတာမြင်လို့တုန်း......
လူကို ပြန်မေးနေတာများ အားရအောင် ကုန်းကိုက်ပစ်လိုက်ချင်စရာ........
❤ : ဟာ ဟာ ကြည့်နေလို့ အကောင်းမှတ်နေတာ အကုန်ဖြုတ်မလို့လား ဗိုက်ထိရောက်တော့မယ်လေ ကိုကိုရ.........
ကျွန်တော့်အမေးကို စကားခွန်းတုံ့မပြန်ဘဲ ဆတ်ခနဲ မတ်တပ်ထရပ်ကာ ရင်ဘတ်ကို မပေါ်ပေါ်အောင် အင်္ကျီကို ဆွဲဟရင်း အခန်းထဲက ထွက်ဖို့လုပ်တော့ ကိုယ်ကပဲ မနေနိုင်မထိုင်နိုင် ပြေးတားရပြီ.........
❤ : ကိုကိုးးးးး အဲ့လိုကြီး ပြင်ဆင်ပြီး ဘယ်သွားမလို့တုန်းလို့.....
အားနဲ့မာန်နဲ့ ပြင်ဆင်ပြီး Sexyကျကျနဲ့ အခန်းတံခါးဖွင့်ဖို့အလုပ် ကလေးပေါက်ရဲ့ ကိုကိုဆိုတဲ့ ချွဲအီသံလေးမှာ နှလုံးသားတစ်ခုလုံးတင်မက ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေပါ အရည်ပျော်ကျသွားရပြီ.........စိတ်ကိုပြန်တင်းရင်း အကောင်ပေါက်လေးကို စချင်တာကြောင့်.........
🖤 : Resort ထဲပေါ့ကွ......
❤ : သူများတွေ ကြည့်ကုန်မယ်လေဗျာ........
🖤 : ကြည့်ကြည့်ပေါ့....... ရူပဒါနဆိုတာ ပြုကောင်းပါတယ် ကလေးရဲ့..... တစ်လက်စထဲ ပိုပြီး ကုသိုလ်ရအောင် ကို့ကို မျက်မှန်လေးငှားလိုက်ဦး.........
❤ : အားးးးး အမြင်တွေကတ်လိုက်တာ....... ရိုးရိုးပြောပြနေလို့ကို မရဘူး ဟုတ်လား.......
မပေးဘူး!!! ပြန်ထိုင်နေ!!! တဖဝါးမှ အခန်းထဲကနေ ခြေကြွဖို့ မပြင်နဲ့!!!! ကြွလို့ကတော့ ဖေဖေနဲ့ကို တိုင်ပစ်မယ်.......
အသံတကြော်ကြော်နဲ့ ယုံကြည်ချက်ရှိရှိပြောနေတာများ အသည်းယားစရာ......ဟုတ်တော့လည်းဟုတ်သည်......ဖေဖေ့ခမျာ သူ့သားအရင်းဖြစ်တဲ့ ကျွန်တော့်ထက် သူ့သားမက်လေးကို ပိုချစ်ရှာတာပါပဲ........ဒီကလေးကိုကလည်း ဆုတောင်းပြည့်ကလေးဖြစ်လို့ လူတိုင်းအချစ်ကို ခံထားရတာမလားလေ.......
ဆိုဖာပေါ်ပြန်ထိုင်ကာ မျက်စောင်းလေးတစ်ချက်ထိုးကြည့်ပြီး ကျွန်တော့် ရင်ဘတ် အင်္ကျီလှစ်ဟာနေတဲ့ နေရာကို ဖြန်းကနဲ လာရိုက်ရင်း.........
❤ : ဟင်း တစ်လုံးမကျန်ပြန်တပ်ထား အကုန်.........
🖤 : ဟား ဟား လက်သံကတော့ မပြောင်းလဲဘူးကွာ...... ကလေးရဲ့ ကိုကို အချောကြီးကို သဝန်တိုနေတာမလား.......
❤ : စိတ်ကူးတွေယဥ်နေ.......ကျွန်တော့်ကို မှီလို့လား....... Resort ထဲမှာ အငမ်းခံရဖို့ပဲ ခင်ဗျားကြီး မျှော်လင့်နေ........အဲ့လို ပြသပုံမျိုးနဲ့ ကလေးတွေက ကျွန်တော့် ဆိုင်နဲ့နေရာမှားပြီး ချောကလက်ရေခဲမုန့်ကြီးဆိုပြီး လာစားတာ ခံနေရမယ်ဗျ.......
🖤 : ဟား ဟား ဟားးးးးး အမလေး ငယ်ရာ.......
တဟားဟားနဲ့ သဘောတကျရယ်တော့ နှုတ်ခမ်းဖူးလေးက အော်တိုဆူထွက်လို့........
🖤 : ဒီမှာ ကောင်လေး ကိုက မင်းထက်တောင် ပိုသဝန်တိုတတ်သေးတယ်........
တစ်ခွန်းပြောကာ သူ့ခါးသွယ်သွယ်လေးကနေ တိုးကပ်ဖက်ထားရင်း ဖြုတ်ထားတဲ့ ကြယ်သီးကို ပြန်တပ်ပေးတော့ စည်းချက်မမှန်တဲ့ သူ့အသက်ရှုငွေ့နွေးနွေးလေးတွေက ကျွန်တော့်မျက်နှာတစ်ဝိုက်ရိုက်ခတ်လို့...........
ဂွီ~~~~
❤ : အဲ ဗိုက်ထဲက အချက်တွေပြနေပြီ ဟီးးးးး
🖤 : အချိုပွဲ အရင်စားထားမလား......
❤ : ဟင်.....
🖤 : မှာထားတယ် ခုမှချက်နေတာဆိုတော့ လာတော့မှာပါ......ကလေးဗိုက်ဆာနေမှာကြောင့်.......ကွတ်ကီးရှိဦးမယ်ထင်တယ် နေဦး......
နေဦးတစ်ခွန်းဆိုကာ ခပ်လှမ်းလှမ်းစားပွဲပေါ်မှာ တင်ထားတဲ့ ကွတ်ကီးဗူးကို ထယူပေးရင်း အဖုံးဖွင့်ပြီး ကျွန်တော့်လက်ထဲထည့်ပေးတော့ ကျွန်တော်လည်း ကွက်တီးတစ်ခု ယူစားလိုက်ကာ......
🖤 : ကောင်းလား.....
❤ : အွန်း.... စားမှာလား.....
🖤 : အင်း....
အင်းတစ်ခွန်းပြောရင်း လှမ်းခွံ့ပေးထားတဲ့ ကွက်ကီးကို လျစ်လျူရှုကာ တစ်ဝက်ကျန်နေတဲ့ ကျွန်တော့်ပါးစပ်နားက ကွက်ကီးကို လာကိုက်စားတော့ နီးကပ်နေတဲ့ အခြေအနေကြောင့် ကွတ်ကီးရနံ့ချိုတွေနဲ့အပြိုင် ရင်ခုန်ခြင်းကြိမ်နှုန်းတွေက မြင့်တက်နေရသည်.......
အသက်ရှုငွေ့ လမ်းကြောင်း ၂ခုကလည်း တစ်ယောက်ပါးပြင်ပေါ် တစ်ယောက် ရိုက်ခတ်နေစေတော့ ချစ်ခြင်းတရားအချိုပွဲကို ကွက်ကီးတွေစားသုံးပြီးတာနဲ့ မျက်လွှာပြိုင်တူချကာ ထပ်မံစားသုံးမိလိုက်ပြီ........
အချစ်တွေ ဆုံစည်းသွားခိုက် ခုံပေါ်က ကွက်ကီးချိုတွေကလည်း ချစ်ခြင်းတရားပျားရည်တွေရဲ့ ပျော်ဝင်မှုကြောင့် ယခင်ရက်တွေကထက် အရသာ ထူးကဲပြီး ချိုမြိန်နေမှာ အမှန်ပင်.........
☕❤☕❤☕❤
❤🏰 နေ့လည်စာတူတူစားရင်း စကားလက်စုံကျဖြစ်တော့ P'🍷ပြောပြပုံအရ ဖရုံသီးပြသနာက အဆင်မပြေသေး........
ပွဲမစမှီ ကြားထဲမှာ တစ်လကျော်လောက်အချိန်ရသေးပေမယ့် Resort ကြီး တစ်ခုလုံးအတွက် ပုံဖော်ပြီး ပြင်ဆင်ရမှာတွေက ရှိသေးတယ်လေ........
ဖေဖေကတော့ ဝယ်နေကျ ဖရုံခင်းအပြင် နောက်ထပ် ဖရုံခင်းရှိမယ့်နေရာတွေကို အရင် တစ်ချက်ပြန် စုံစမ်းပြီး မေးကြည့်ဖို့ရာ အကြံပေးသွားသည်...........
ကျွန်တော်ကတော့ Plan Bအနေနဲ့ တစ်ခါထဲ တစ်ဦးတစ်ယောက်ထဲဆီကနေ အလုံအလောက်မရဘူးဆိုရင် တစ်ယောက်ချင်းတစ်ယောက်ချင်းဆီကနေ တစ်လအတွင်းမှာ ရသလောက်နည်းနည်းချင်း ပြန်ဝယ်စုကြည့်ဖို့ အကြံပေးကြည့်တော့ ကိုကိုက ကျွန်တော်ပေးတဲ့အကြံကို လက်ခံပေးတယ်.........
🖤🏰 ဖေဖေတို့ စံအိမ်ပြန်သွားတော့မှ ကလေးငယ်ကလည်း ရုံးခဏပြန်သွားရဦးမယ်ပြောရင်း နှုတ်ဆက်တော့ ၂ယောက်ထဲအချိန် ခဏလေးရအောင် လာဖန်တီးပေးတဲ့ ပေါက်စလေးကို တလေးတနက်နဲ့ ကျေးဇူးတင်စကားဆိုရသေးသည်..........
ကလေးရော ဖေဖေရော ပြန်သွားတော့မှပဲ ကျွန်တော်လည်း Reoနဲ့အတူ ချင်းမိုင်မြို့အတွင်းနဲ့ မြို့အနီးတစ်ဝိုက်မှာရှိမယ့် ဖရုံစိုက်ခင်းတွေကို စီးပွားရေးလမ်းညွှန်စာအုပ်တွေနဲ့ Googleကနေတဆင့် ရှာဖွေရေးဆင်းကြရပြီ.........
👨🍳🏰 မနေ့တုန်းက ပါးစပ်မှာပေသွားတဲ့ မရောနစ်ကို ဂရုတစိုက်သုတ်ပေးတာခံလိုက်ရတဲ့ အထိအတွေ့ကို ခုထိ တသိမ့်သိမ့်တွေးရင်းခံစားနေမိတော့ ကိုယ့် Teamsကို အရင်ရက်တွေလို ဂရုတစိုက် မကြည့်လိုက်မိတဲ့ တခဏအတွင်း စားဖိုဆောင်တစ်ခုလုံးထဲ အကုန် ကသောင်းကနင်းဖြစ်ကုန်ရပြီ..........
"Excuse me, Sir ဆော့(စ်)စပ်တာ မှားသွားလို့....... အဲ့ဒီ ၆ပွဲက ဝေဖန်ရေးသတင်းရေးတဲ့သူတွေ မြည်းစမ်းကြည့်မယ့် ဟင်းပွဲတွေတဲ့......
"အချိန်ကနည်းနည်းပဲရတော့တယ်......"
"အော်ဒါအသစ်!!"
"အချိုပွဲ အတွက်ရပြီ....."
စားဖိုဆောင်ထဲမှာ ကြော်လှော်ချက်ပြုတ်နေတဲ့ အသံတွေရယ် အချင်းချင်းပြောဆိုနေတဲ့ အသံတွေထဲ ကောင်းကောင်းကြားလိုက်ရတာ Samဆီကနေ "ဝေဖန်ရေးသတင်းသမားတွေ မြည်းစမ်းမယ့် ဟင်းပွဲ" ဆိုတဲ့ စကားတစ်ခွန်း........
Resort မှာ ကြယ်ငါးပွင့်သတ်မှတ်ခြင်းခံထားရတဲ့ ဟင်းလျာတွေဖြစ်လို့ တစ်ခုခုချွတ်ယွင်းတာနဲ့ ကြယ်ကလျော့ကျသွားရမယ့်အဖြစ်မျိုးတော့ လုံးဝအရောက်မခံနိုင်......
ကျွန်တော် ဒီစားဖိုမှူး အလုပ်ကို စသင်ယူခဲ့စဥ်တုန်းက ဆိုင်တစ်ဆိုင်ဆိုရင် ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုနဲ့ စီမံခန့်ခွဲမှုအားလျော့ခဲ့တာတွေကြောင့် ဝေဖန်ရေးသတင်းသမားတွေရဲ့ စိတ်ကျေနပ်မှု မရရှိခဲ့လို့ ကြယ်သုံးပွင့်ရှိနေရာကနေ တစ်ပွင့်ထိ လျှောကျခဲ့ရင်း နောက်ဆုံးဆိုင်ပါ ပိတ်ပစ်လိုက်ရတဲ့အထိ.........
အရှေ့တိုင်းမှာ ခုမှစတင်လာပေမယ့် လူတော်တော်များများရဲ့ အာရုံကို ဖမ်းစားနိုင်တာ သူတို့ရေးတဲ့ ဝေဖန်စာတွေပါပဲ.......ကျွန်တော်တို့ Resort ကြီးကတော့ နိုင်ငံခြားသားတွေ အရောက်များတဲ့နေရာကြီးတစ်ခုဖြစ်လို့ သူတို့ဆီက ဝေဖန်ရေးဆရာတွေက ပိုပြီးလာရောက်သုံးဆောင်ရင်း ဝေဖန်ချက်တွေ ပေးလေ့ရှိသည်......
ဒါကြောင့် ဝေဖန်ရေးသမားတွေ လာရောက်မြည်းစမ်းဖော်ပြမယ့် ဟင်းပွဲတွေဆိုရင် အလုပ်သင်ကလေးတွေမဆိုထားနဲ့ ၄နှစ်လောက် ကျွန်တော့်ညာလက်ရုံးသဖွယ်အလုပ်လုပ်ခဲ့ပြီး ကျွမ်းကျင်မှုအဆင့်သတ်မှတ်ခံထားရတဲ့ Samတောင် စိတ်လှုပ်ရှားရတုန်း.......
👨🍳 : ဆော့(စ်)ကဘယ်လိုဖြစ်တာလဲ.......
"အရသာက ဆရာ့လက်ရာတုန်းကလောက် အဆင်မပြေနေတာဆရာ......"
ဇွန်းနဲ့အနည်းငယ်ယူမြည်းကြည့်တော့မှ ဟင်းရဲ့အရသာပြည့်စုံမှုက မှန်းထားတဲ့အဆင့်မှာရှိမနေ.......
👨🍳 : ငါဒီလောက် ဒီဟင်းလျာကို သင်ပြပြောပြ ရှင်းပြထားတာကိုကွာ.......
ဟင်းပွဲကို သေချာလိုက်ကြည့်လိုက်တော့ ဆော့(စ်)ဆမ်းထားတာက ဟင်းပွဲအလှကို ကောင်းကောင်းမဖော်ပြနိုင်........
အသားနှစ်ခုအလယ်ကနေ ကြက်သွန်ဥတစ်ခုကလည်း ဘေးကိုချော်ထွက်နေတော့ တာဝန်ယူပြင်ဆင်ပေးထားတဲ့ ဒီကလေးတွေကိုလည်း ချက်ချင်းလည်း အပြစ်မတင်ချင်.......
👨🍳 : ငါဒီဟင်းပွဲကို အကြိမ်ပေါင်းများစွာ ပြောပြထားတယ်လေ.........ခုမှစလုပ်ရတဲ့ အသစ်အဆန်းလည်း မဟုတ်ဘူးလေကွာ........ အသားနှစ်ခုကြားမှာပဲ ကျန်တဲ့အဆာပလာကို ဝင်ဆံ့အောင် ထည့်ပြရမယ်.....ဆော့(စ်)ကို ထိန်းပြီး ဟင်းပွဲတစ်ခုလုံးကို ခြုံငုံမိအောင် ဝိုက်ပြီးဆမ်း........
ဆော့(စ်)ကိုအခု ပြန်ပြင်.......
လုပ်လုပ်လုပ်......အာရုံအပြည့်စိုက်ထား.......
ပန်းကန်ထဲပြင်မယ့်အချိန် ငါ့ကိုခေါ်.......
ခုတစ်ဖွဲ့ချင်း ငါပြန်လိုက် ကြည့်ပေးမယ်.......
ကိုယ့် Teamတစ်ခုလုံးရဲ့ လုပ်ဆောင်မှုတွေကို လိုက်လံကြည့်ရှုပြောဆိုပေးရင်း စိမ့်ထွက်လာရတဲ့ ချွေးစက်တို့က အနောက်မှာရှိနေတဲ့ မုန့်ဖုတ်ဖိုရဲ့ အပူရှိန်ထက် ရင်ထဲပိုပူနေရတာပါပဲဗျာ...........
တာဝန်ချိန်မှာ အချစ်ဆိုတဲ့ ခံစားချက်မဝင်အောင်တော့ လုပ်ထားရဦးမယ်တွေးရင်း ရင်ထဲဖြစ်တည်နေတဲ့ ခံစားချက်တွေကို ပြန်မေ့ဖျောက်ထားကာ စားဖိုဆောင်ကနေ ဟင်းပွဲ၆ပွဲ အောင်အောင်မြင်မြင်နဲ့ စားသုံးသူဆီရောက်ရှိသွားဖို့သာ ခေါင်းထဲရော ရင်ထဲပါအပြည့်ထည့်ထားလိုက်ရတော့သည်........
❤🏰 ညနေရောက်တော့ ကိုကိုက ရုံးရှေ့က ခုံတန်းမှာ ထိုင်စောင့်ရင်း ကျွန်တော့်ကို လာကြိုရှာသည်.........P'🍷ကတော့ lobby(ဧည့်ကြိုဆောင်)က သူနဲ့ခင်နေတဲ့ ဝန်ထမ်းတစ်ချို့ကို Halloweenပွဲကြီးအကြောင်းပြောဖို့ အတူတူ လိုက်မလာခဲ့ကြောင်းပြောပြသည်.........
တနေကုန် သူရောကျွန်တော်ရော စိတ်ဖိစီးတာတွေကြောင့် အာရုံခဏပြေပြေတွေးလိုက်ရင်း ရေခဲမုန့်ကြော် တစ်ဗူးဆီ ဝယ်စားကာ..........
❤ : ကိုကို......Perfect two သီချင်းထဲက စာသားတစ်ချို့လိုပဲ...... စာလုံး2ခုပေါင်းစပ်မှ အဓိပ္ပါယ်တစ်ခုရှိရတာတွေကို ကိုကို သိတယ်မလား.......
🖤 : အင်း......
❤ : အင်း..... တစ်ခါတုန်းက ကိုကို့အတွက် ကျွန်တော်က စက္ကူကြယ်ကလေး ဖြစ်ချင်တယ်လို့ ပြောခဲ့သလိုပဲ..... အခု ကိုကို့ရဲ့ ရေဒီယိုကလေး ဖြစ်ချင်တယ်.........
ကိုကို့ ခံစားချက်တွေကို အတတ်နိုင်ဆုံး ထပ်တူခံစားရင်း သံစဥ်တွေထွက်ပေါ်ပေးမယ့် ရေဒီယိုလေး အဖြစ်လေ.........
ကိုကိုပျော်ရင် ပျော်ရွှင်စရာသံစဥ်တွေ ထွက်ကျပေးမှာပေါ့.......
ကိုကို စိတ်မွန်းကြပ်ရင် ထပ်တူခံစားပေးပြီး အားဖြစ်စေတာတွေပြန် ပြောပေးမှာ........
ကိုကို လာပြီးရင်ဖွင့်တိုင်း ထွက်ကျလာမယ့် နားလည်မှု၊ ဖေးမမှု သံစဥ်တွေထဲမှာ ကိုကို့အတွက် ကလေးအချစ်တွေ အပြည့်ပါထားပေးတာကို ယုံနော်.......
ကြည့်စမ်းပါဦး......ရေခဲမုန့်တစ်ဇွန်းကော်စားလိုက် တစ်ခါပြောလိုက်လုပ်နေတာများ ဒီကလေးငယ်ကို ချစ်ရလွန်းလို့ ရူးမတတ်ပါပဲဗျာ......
🖤 : ကလေးရယ်.....
❤ : အဲ့ဒါကြောင့် ရေဒီယိုလေးကို လာဖွင့်နားဆင်မယ့် လူရှိမှပဲ ရေဒီယိုလေးဆီက သံစဥ်တွေကလည်း ရှင်သန်နေမှာ အဓိပ္ပါယ်ရှိမှာ........
အလုပ်ကိစ္စတွေတင်မက ကိုကို့စိတ်ထဲ ခံစားရတာအကုန် ကလေးနားထောင်ပေးနိုင်တယ်နော် ကိုကို.....
သိပ်ရင့်ကျက်လွန်းတဲ့ ကျွန်တော့်အသည်းပေါက်စလေးရဲ့ ခေါင်းလုံးလေးက ဆံပင်တွေကို ဆွဲဖွပစ်လိုက်တော့ ရေခဲမုန့်ဇွန်းကိုက်ရင်း သွားတန်းဖွေးလေးတွေပေါ်အောင် ပြုံးပြလို့........
🖤 : ဟုတ်ပါပြီဗျာ.....စိတ်ချနော် ကိုကိုပြောပြမယ်......
❤ : အွန်း~~~
စကားတစ်ပြောပြောနဲ့ သူ့ရဲ့ ချစ်စဖွယ် အမူအယာကလေးတွေကို တစိမ့်စိမ့်ငေးရင်း စံအိမ်တောင် ဘယ်လိုပြန်ရောက်လာမှန်းမသိ.........
စံအိမ်အပေါက်စရောက်တာနဲ့ ကျွန်တော့်ကလေးက Miloတို့ကို ပြန်ရောက်ကြောင်း အသံပေးတော့ လုံးတုံးလုံးတုံးတွေနဲ့ သားတော်မောင်၂ကောင်က အပြေးထွက်လာ ကြိုကြသည်.........
တစ်ယောက်တစ်ကောင်ဆီ ပွေ့ဖက်ယူလိုက်ရင်း ဧည့်ခန်းမှာ ခဏထိုင်တော့ စာထိုင်ဖတ်နေတဲ့ ဖေဖေက အကဲအသဲ၂ကောင်ကို သဘောကျလို့.......... ဖေဖေ့ကို နှုတ်ဆက်ပြီးမှပဲ ၂ယောက်စလုံးအခန်းပြန်နားဖို့လုပ်ရတော့သည်..........
🖤🏰 ကျွန်တော်အရင်ရေဝင်ချိုးလိုက်ပြီး ကလေးငယ်ရေဝင်ချိုးတုန်း နေ့ခင်းက 🍷နဲ့အတူရှာဖွေထားတဲ့ အခင်းတစ်ချို့ကို သွားရမယ့် ခရီးအနီးအဝေးအရင် ပြန်ချိန်ကိုက်နေရပြီ.........
❤ : ကို ကို ရေ~~~~
ပျံ့လွင့်လာတဲ့ အသံချိုအီကလေးနောက်မှာ ကျွန်တော့်အပြုံးတွေကလည်း အလိုအလျောက် ဖြစ်တည်သွားရပြီ..........
🖤 : လာပြီ ပေါက်စရေ.....
ရေချိုးခန်းထဲဝင်ကြည့်တော့ မတွေ့တာနဲ့ အဝတ်လဲခန်းထဲပြေးကြည့်ရပြီ........
🖤 : ကလေး ပြော......
❤ : အွန်း ဒီမှာ အင်္ကျီကလေ.....
🖤 : အင်း.....
❤ : ကလေးကို စိတ်ကောက်နေတယ်......
🖤 : အမ်....
❤ : အင်္ကျီက ကလေးကို စိတ်ကောက်နေလို့ပါဆို.....
🖤 : ဘာပြုနေလို့လဲ ပြ ကိုကို့.....
❤ : ဒီမှာလေ တော်တော့ဘူး......ဗိုက်ဗိုက်လေး တစ်နေပြီ.....ကြယ်သီးတပ်လို့ရဘူး......
အမလေးဗျာ.....ဒီကောင်ကလေးတော့ အင်္ကျီမတော်တော့တာကို အင်္ကျီက သူ့ကို စိတ်ကောက်နေတယ်တဲ့လေ........
🖤 : ဟား ဟား အမလေး ဘာပြုနေလို့လဲလို့..... ဘယ်တုန်းကအင်္ကျီတွေ ထုတ်ဝတ်နေတာတုန်း ကလေးရ.......
❤ : အင်း..... ဒီအင်္ကျီက....... Final တုန်းကထင်တယ်......
အကွက်လေးက လှတယ်လေကိုကိုရာ...... အညိုလေးကို ကိုကို့အတိုင်းပဲ ဟားဟား.......
🖤 : ဒီကောင်လေးကတော့ အသားအရည်ကို ထိခိုက်ပြန်ပြီ...... ကို့အင်္ကျီဝတ်လိုက်ရော့.....ဟိုတစ်ခေါက်က Ella ပေးထားတာလေ...... ပုံစံတူမယ်......
❤ : အားးးး စောစောက မပြောဘူး ကိုကိုကတော့.... ပေး ကျွန်တော်ယူလိုက်မယ်နော် ဟီးးးး...... ဒီမှာအဝတ်ချားလဲတော့မှာလေ ကိုကိုရ ပြုံးပြုံးကြီးပဲ ရပ်ကြည့်နေ.......ထွက်ထွက်......
တနေ့တနေ့ အသည်းယားမှုပေါင်းချုပ်ဆိုပြီး စာရင်းပြုစုရင်တောင် ဒီကလေးရဲ့ ချစ်ဖို့ကောင်းမှုတွေက ကုန်နိုင်မယ် မထင်ပါဘူးဗျာ.......
ကြည်နူးရိပ်တွေ လွှမ်းခြုံရင်း ဝရန်တာဘက်ထွက်ကာ ညနေဆည်းဆာချိန်ကို ခံစားတော့ သူ့မျက်နှာလေးကိုငေးရတာလောက် သူ့အသံလေးကို နားထောင်ရတာလောက် မနွေး.......
❤ : ဟေ့ တိုတို..... Sunset ကို တစ်ယောက်ထဲပဲ ကြည့်တယ်..... အသည်းတွေမာချက်ပဲ......ဟွန်း
🖤 : ဒီ ကောင်လေး တနေကုန် ဘာဖြစ်နေတာလဲကွာ......ငါအသည်းယားလာရင် တကယ် ဖျစ်ညစ်ပစ်လိုက်တော့မှာနော်......မကြောက်ဘူးလားငါ့ကို.......
❤ : ကြောက်ပါဘူး......ကိုကိုက ကလေးကို ချစ်မှန်း သိသားပဲ....
🖤 : အလည်လေး......
တစ်ခွန်းပြောရင်း ကျွန်တော့်ကျောပြင်တစ်ခုကို သူ့ရင်ခွင်ကျယ်ကြီးထဲ မြုပ်နေအောင် နောက်ကနေ သိုင်းဖက်ထားကာ အနောက်ရိုးမထဲ တတိတိတိုးဝင်နေတဲ့ ဆည်းဆာအလှတရားကို ခံစားရင်း
နားနား မှာ ရိုက်ခတ်လာတဲ့ အသံသြရှရှ......
🖤 : My heart is always alive in your heart area bae~~~
တဲ့....... သူ့နှလုံးသားက ကျွန်တော့်နှလုံးသားတည်ရှိရာမှာပဲ ထာဝရရှင်သန်နေပါတယ်တဲ့လေ..........
ရင်ထဲဖြစ်ပေါ်နေတဲ့ ပီတိတွေနဲ့ ရင်ခုန်သံတွေကို သူ့ပါးပြင်ပေါ် အနမ်းတစ်ချက်ပေးရင်း သက်သေထူပြတော့ ထိုလူသားက မျက်လုံးတွေ ပိတ်ကျတဲ့အထိပြုံးလို့..........
သူ့မျက်ဝန်းက အပြုံးတွေနဲ့ ကျွန်တော့်ရင်ခုန်သံတွေ သံသရာဆုံးတဲ့ ထိတစ်ထပ်တည်းကျပါစေဆိုတဲ့ ရင်ထဲက တောင်းဆုတွေက ညဘက်ကောင်းကင်ယံမှာ အလှဆုံး တောက်ပမယ့် ကြယ်လေးတွေအဖြစ် ဝင်စားသွားလောက်ပါတယ်............☕❤
#Starry
#Classiclove
(Zawgyi)
❤🏰 မိုးေသာက္ယံ ေဝလီေဝလင္းအခ်ိန္အခါ၌ ဧည့္ခန္းထဲတြင္ တိုးလ်လ် အသံႏွစ္သံက အစီအရီ ထြက္ေပၚလို႔.........
🍷 : ေျပာလို႔မျဖစ္လို႔ပါကြာ...... ဆရာသိရင္ P' ကို သတ္မွာ N'ရ......
❤ : P'တို႔ တစ္ခုခုျဖစ္ေနတာ ကြၽန္ေတာ္သိတယ္...... ဘာေတြျဖစ္ေနတာလဲ......ကြၽန္ေတာ္လည္း Resortရဲ႕ တြဲဖက္ အုပ္ခ်ဳပ္သူျဖစ္ေနတာပဲကို သိခြင့္ရွိတယ္ မဟုတ္ဘူးလား......
🍷 : ဟုတ္ပါတယ္ ဒါေပမယ့္....N'လည္း တစ္ဖက္မွာ N'အလုပ္ကိစၥေတြနဲ႕ N'ေလ..... ခုက P'တို႔ပဲ ေျဖရွင္းလို႔ရတာေတြမို႔လို႔......ဆရာက သူ႕အလုပ္ကိစၥေတြေၾကာင့္ N'ကို မပင္ပန္းေစခ်င္တာ N'လည္းသိေနတာပဲကြာ......
သူ႕စကားဆုံးတာနဲ႕ ကြၽန္ေတာ္လည္း သက္ျပင္းခပ္ၾကမ္းၾကမ္း တစ္ခ်က္ခ်လိုက္ေတာ့ ႏွစ္ခ်ိဳ႕ဝိုင္ႀကီးခမ်ာ တန္းၿပီး ျပာယာခတ္ေတာ့သည္.........
🍷 : ဟို...ဟို....မင္း သက္ျပင္းခ်သံကလည္း ျပင္းထန္လိုက္တာN'ရာ...... စိတ္မညစ္ပါနဲ႕.....ငါကမွ ဘာမွ သိပ္မေျပာေပးတတ္ရတဲ့အထဲ.......
❤ : က်စ္ ေနလို႔မရဘူးဗ်ာ..... ကြၽန္ေတာ့္အတြက္ စပရိုက္ကိစၥ စီစဥ္ေနတဲ့ပုံစံေတြလို မဟုတ္တာေတာ့ အတတ္သိတယ္..... ခုေလးတင္ P'ဖုန္းေျပာေနတာေလဗ်ာ......
ဖ႐ုံသီးေနာက္ဆုံးဝယ္လက္ဆိုလား ဘာလားပဲ ကြၽန္ေတာ္ေရလာခပ္ေတာ့ ေျပာေနတာ ၾကားလိုက္တယ္...... ဟိုတစ္ေလာကပဲ အဲ့Halloweenပြဲႀကီးအတြက္ ဖ႐ုံသီးကို အလုံအေလာက္ ဝယ္ၿပီးသိုေလွာင္ထားတာမလား..... ဘာျဖစ္လို႔ ထပ္ဝယ္မွာလဲ......
🍷 : မေနနိုင္မထိုင္နိုင္ ေျပာလိုက္ျပန္ရင္လည္း ငါက သတ္ခံရမယ္...... ခုလို မင္းကသက္ျပင္းတစ္ခ်ခ် လုပ္ျပေနေတာ့လည္း ငါကေနမရ ျပန္ဘူးကြာ......
❤ : ၾကာတယ္ ေျပာလိုက္ပါေတာ့P'ရာ.....ကြၽန္ေတာ္ ဘာမွမသိေနလို႔ဆိုလည္းထားဗ်ာ.....သူ႕ကို သြားေမးလိုက္လို႔ရတယ္......ေသခ်ာမေမးတာ..... စိတ္မပင္ပန္းေစခ်င္လို႔ပါဗ်ာေနာ္.....
🖤🏰 ႏွိုးလာေတာ့ ေဘးနားက ကြၽန္ေတာ့္ပုလဲလုံးေလးကို မေတြ႕တာေၾကာင့္ မ်က္ႏွာသစ္ သြားတိုက္ အျမန္လုပ္ၿပီး အခန္းထဲနဲ႕ ဝရန္တာဘက္ ထြက္ရွာေတာ့လည္း မေတြ႕...... အဲ့ဒါနဲ႕ ေအာက္ထပ္ ဆင္းရွာဖို႔ေတြးရင္း ဆင္းလာလိုက္ေတာ့ ဧည့္ခန္းဘက္က ၾကားေနရတဲ့ အသံတစ္ခ်ိဳ႕ေၾကာင့္ သြားၾကည့္တာ ထင္တဲ့အတိုင္းပဲ...... Reoနဲ႕ ကြၽန္ေတာ့္ကေလး ဖ႐ုံသိုေလွာင္႐ုံကိစၥ တီးတိုးေျပာဆိုေနၾကမွန္း သိလိုက္ရၿပီ.........
🍷 : ငါရည္းစားမ်ားရေနၿပီဆိုရင္လည္း မင္းခုလို တဂ်ီဂ်ီနဲ႕ ေမးဦးမွာလား........
❤ : အဲ့ကိစၥမွာ အဲ့ဒီေလာက္ အျဖစ္ရွိေနမယ္ဆိုရင္ ႀကိဳၿပီးေတာ့ကိုေမးတယ္.....ကဲပါဗ်ာ P'အခ်စ္ေရးေလး ေျဖာင့္ျဖဴးေအာင္ ကြၽန္ေတာ္လာမယ့္ Sunday Churchတက္ရင္ ဆုေတာင္းေပးခဲ့ပါ့မယ္.......အဲ့ဒါေၾကာင့္ ဖ႐ုံသီးကိစၥကိုသာ ခုေျပာျပလိုက္ေတာ့ေနာ္.......
🍷 : ေျပာလို႔ရရင္ ငါတကယ္ကို ေျပာလိုက္ပါတယ္ Saint ရာ.....
🖤 : ဘာတဲ့လဲ Reo.....
ေအးစက္ျခင္းအတိလႊမ္းၿပီး ႐ုတ္တရက္ ထြက္ေပၚလာတဲ့ ကိုကို႔ရဲ႕ အသံၾသရွရွေၾကာင့္ ၂ေယာက္စလုံး အေတာင့္လိုက္သား ျဖစ္သြားရသည္........
❤ : ကိုကို......
🍷 : ဟာ ဆရာ.....
🖤 : ဖ႐ုံသိုေလွာင္႐ုံကိစၥ ေျပာေနၾကတာမလား......
🍷 : ဟုတ္....ဟုတ္တယ္ ဆရာ......သိုေလွာင္႐ုံက ကေလးဖုန္းလွမ္းဆက္လို႔.....
🖤 : အင္း ဘာတဲ့လဲ....
🍷 : သူတို႔မေန႕က အခင္းကို ျပန္သြားဝယ္ေတာ့ အဖိုးနဲ႕အဖြားဆီမွာ လက္က်န္ အသီးကနည္းနည္းပဲရွိေတာ့တယ္တဲ့......ကြၽန္ေတာ္တို႔ လိုသေလာက္ အေရအတြက္က သူတို႔ဆီမွာ မရနိုင္ေတာ့ဘူး......
အဲ့ဒါ သူတို႔ကလည္း လကုန္မွတစ္ခါ ျပန္ၿပီးအပင္ျပန္ပ်ိဳးမွာဆိုေတာ့ အသီးျပန္ရဖို႔ကလည္း ၾကာဦးမွာေျပာတာနဲ႕ ကြၽန္ေတာ္လည္း ေနာက္ဆုံးဝယ္သြားတဲ့ ဝယ္လက္ကိုပဲ စုံစမ္းရင္း လိုက္ခိုင္းထားလိုက္တာ..... အဲ့ဒါ ဝယ္သြားတဲ့ ဝယ္လက္ကို စုံစမ္းလို႔ရၿပီလို႔ ခုလွမ္းေျပာတာ........ခ်င္းမိုင္မွာပဲတဲ့.......
🖤 : အင္း.......အဲ့ဒါဆိုရင္ ဒီေန႕သြားေတြ႕ဖို႔ ျပင္ထားလိုက္.......
🍷 : ဟုတ္ကဲ့ ဆရာ....
🖤 : Saint....ကိုနဲ႕ စကားခဏေျပာရေအာင္.....
စကားေျပာဖို႔ေခၚရင္း အေပၚျပန္တက္သြားေတာ့ လက္ထဲက ေရကရားကို ျပဳတ္မက်ေအာင္ပိုက္ရင္း သူ႕ေနာက္ကေန ခပ္ျဖည္းျဖည္းခ်င္းပဲ လိုက္ခဲ့လိုက္ေတာ့သည္........
အခန္းထဲေရာက္တာနဲ႕ ကိုကိုက သက္ျပင္းတစ္ခ်က္ခ်ရင္း ေမြ႕ယာေပၚ မွာ ထိုင္ေနေတာ့ ေရကရားကို ေမြ႕ယာေဘးက ခုံေပၚမွာ အသာတင္လိုက္ရင္း........
❤ : ကို.....
🖤🏰 ေဘးနားလာဝင္ထိုင္ရင္း ကြၽန္ေတာ့္လက္ကို သူ႕လက္ေလး၂ဖက္နဲ႕ လာဆုပ္ကိုင္ေပးထားေတာ့ က်န္တဲ့လက္တစ္ဖက္နဲ႕ သူ႕လက္ေလးေပၚကို ထပ္တင္ထားလိုက္ရင္း သိုေလွာင္႐ုံထဲ ႂကြက္ဝင္ေမႊသြားတဲ့ ကိစၥ ေျပာျပျဖစ္ေတာ့ ေခါင္းေလးတစ္ၿငိမ့္ၿငိမ့္ ၿငိမ့္ျပရင္း မ်က္လုံးေလး အေရာင္တလက္လက္နဲ႕ နားေထာင္ေပးလို႔......
🖤 : ကို ေတာင္းပန္ပါတယ္.....ကေလးကို မပင္ပန္းေစခ်င္တာ သက္သက္တင္......
ညတုန္းက ကေလးေပးခဲ့တဲ့ ခြန္အားေတြ အျပည့္အဝလက္ခံရရွိတယ္ဆိုတာကိုေတာ့ ယုံတယ္မလားဟင္.....
အားနာျခင္းတေပြ႕တပိုက္နဲ႕ ကြၽန္ေတာ္ေျပာလိုက္ေတာ့ ေခါင္းေလးတစ္ခ်က္ရမ္းျပရင္း ႏႈတ္ခမ္းဖူးေလးေပၚ မွာ ျဖစ္တည္တဲ့ အၿပဳံးေႏြးေႏြးေလးတစ္ခုက ကြၽန္ေတာ့္ႏွလုံးသားထဲထိ ေႏြးခနဲ စိမ့္ဝင္သြားရသည္.......
❤ : P'🌹ေျပာျပဖူးတာကို ကိုကိုရယ္.....အခက္အခဲ ျပသနာေတြႀကဳံရတိုင္း Tree of lifeဆိုတာကို မေမ့ပစ္ရဘူးေလ.......
ကိုကိုျမင္ေနတာေတြက တကယ့္ျပသနာ အရင္းအျမစ္ ဟုတ္ခ်င္မွ ဟုတ္မွာကို သိရက္နဲ႕..... ျဖစ္ေနတဲ့ ျပသနာေတြကလည္း အဆင္ေျပသြားမွာေနာ္......
ဥပမာ ကြၽန္ေတာ့္ကို မေျပာျပခဲ့မိတာအတြက္နဲ႕ ကိုကို ေတာင္းပန္စရာမလိုဘူး...... အဓိက က ကေလး ပင္ပန္းမွာကို ကိုကို မၾကည့္ရက္တာေၾကာင့္ေလ.... ကိုကိုသိလား ကိုကိုေတြးသလို ကေလးလည္း ကိုကိုပင္ပန္းမွာကို မၾကည့္ရက္ဘူး.......အဲ့ဒါကိုသိလား.......
ဘဝဆိုတာ အေကာင္းေတြၾကည့္ပဲ ခံစားခ်င္ေနလို႔မရဘူးေလ ကိုကို.......
ၿပီးခဲ့တဲ့ တစ္ညကပဲ ကိုကိုေျပာခဲ့တယ္ေလ...... ႀကဳံေနရတဲ့ ျပသနာေတြကို ေဘးကေန ဝင္ၿပီးေျဖရွင္းေပးလို႔ ရခ်င္မွရမယ္...... ဒါေပမယ့္ အဲ့ဒီျပသနာေတြကို ေျဖရွင္းေနရတဲ့အခ်ိန္မွာေတာ့ ဘယ္ေတာ့မွ တစ္ေယာက္ထဲ မျဖစ္ေစရဘူးဆိုတာေလ........
ခပ္ေအးေအးေလး ျပန္ရွင္းျပေနတဲ့ လူႀကီးေပါက္စေလးကို ၾကည့္ရင္း ကြၽန္ေတာ့္မွာ အခ်စ္ေတြပိုၿပီးတိုးရေသးသည္........
🖤 : အင္း....
❤ : အင္း... ခု.... အာ့ဆို ဒီေန႕ ေနာက္ဆုံးဝယ္လက္နဲ႕ စကားသြားေျပာရမယ္မလား.......
🖤 : အင္း.....Reoတို႔ကို အရင္လႊတ္ၿပီး ဝယ္ခိုင္းမလားလို႔.......
ပြဲအတြက္ Bkkမွာ billboard ကပ္ဖို႔ ဒီဇိုင္းေတြလည္း ဘုတ္အဖြဲ႕နဲ႕ေ႐ြးရဦးမယ္.... ဒီမွာ စီစဥ္ေပးမယ့္ ဒီဇိုင္းေတြကိုေရာပဲ....... ေအာ္ ကေလး ညတုန္းက ထမင္းစားေတာ့ ေဖေဖတို႔ ဒီေန႕ ျပန္မယ္ေျပာထားတယ္မလား......
❤ : အင္း ရပါတယ္ကိုကိုရ..... ေဖေဖတို႔ကို ကေလးပဲ ေလဆိပ္လိုက္ပို႔ေပးလိုက္ပါ့မယ္........
🖤 : ဒါေပမယ့္.....
❤ : ဒါေပမယ့္ေတြဘာေတြ မလုပ္ပါနဲ႕ေတာ့ ကိုကိုရာ...... ကို႔ကေလးက ကားေမာင္းကြၽမ္းက်င္ပါတယ္......လိုင္စင္ရဖို႔ ယာဥ္ေမာင္းစစ္ေဆးေရး စာေမးပြဲမွာ အမွတ္ျပည့္နဲ႕ကို ေအာင္ထားတာပါေနာ္.... ေဖေဖတို႔ကလည္း ကိုကိုအလုပ္ဂ်ပိဳးႀကီးအေၾကာင္း သိေနၿပီးသားကို......
🖤 : ကေလးရယ္..... ကိုကိုဘာေျပာရမွန္းေတာင္ မသိဘူး.... လူေတြက က်င္းပမယ့္ ပြဲႀကီးကိုသာျမင္တာ ကိုေရာ ကို႔ Teamတစ္ခုလုံးေရာ ဟိုးလေတြကတည္းက ဒီHalloweenပြဲႀကီးအတြက္ေရာ ေနာက္ထပ္ပြဲေတြအတြက္ေရာ စီစဥ္ေနတာ ခုထိေခါင္းမီးမေတာက္႐ုံတမယ္ပဲ........ဒီႏွစ္က ကိုလုပ္ေပးခ်င္တာေတြ တအားမ်ားေနတာေၾကာင့္.......
သက္ျပင္းတစ္ခ်က္ခ်ရင္း ကြၽန္ေတာ္ေျပာေနတာေတြကို နားေထာင္ေပးေနကာ ကေလးငယ္ရဲ႕ မ်က္ဝန္းေလးေတြထဲမွာေတာ့ အားနာျခင္းအေငြ႕အသက္ေတြက အျပည့္လႊမ္းလို႔.........
❤ : ကေလးသိတာေပါ့...... အေနာက္တိုင္းထိသြားစရာမလိုဘဲ Disneylandကလိုေတြ ထည့္က်င္းပေပးမွာကို...... ပင္ပန္းရင္နားခိုဖို႔ ကြၽန္ေတာ္တစ္ေယာက္လုံးရွိတယ္......ကိုကိုက ခုလုပ္ရမယ့္ အလုပ္ကိစၥကိုသာ အရင္ စိတ္ေအးေအးနဲ႕လုပ္ေနာ္.......
ဒီလို နားလည္မႈေလးစားမႈကို ေရွ႕တန္းထားတဲ့ ကေလးငယ္ကို ကြၽန္ေတာ္ပိုင္ဆိုင္ထားရတာတဲ့ဗ်ာ.........ကြၽန္ေတာ့္မွာ ဘာေျပာလို႔ေျပာရမွန္းကိုတကယ္မသိေတာ့တာ့ပါပဲ........
🖤 : ဟုတ္ပါၿပီကြာ.....ကို႔ကေလးေလး ကို႔ေၾကာင့္ တအားရင့္က်က္ေနရၿပီလားဟင္......
❤ : ကေလးက အရင္ကတည္းက ရင့္က်က္ၿပီးသားပါေနာ္..... ကို႔အတြက္ လုပ္ယူေပးထားရတာ တစ္ခုမွမရွိဘူး......
သြားတန္းေဖြးေလးေတြေပၚေအာင္ ၿပဳံးရင္းေျပာေနေတာ့ သူ႕အ႐ြယ္တုန္းက ကြၽန္ေတာ့္ဘဝကိုေတာင္ ျပန္ေတြးၾကည့္မိသည္..........
အသက္ရႈ ၾကပ္ေလာက္ေအာင္ အလုပ္စားပြဲနဲ႕ ခ်ည္ေႏွာင္ခံထားခဲ့ရတာေတြ.........စာ႐ြက္စာတမ္းေတြ ၊ စာရင္းဇယားေတြနဲ႕ လအလိုက္ ႏွစ္အလိုက္ ေရရွည္၊ေရတို စီမံကိန္းေတြထဲ ေခါင္းစိုက္ရင္း လူငယ္ဘဝဆိုတာ ဘာမွန္းကိုမသိခဲ့ရဘဲ ေန႕စြဲေတြ တတိတိနဲ႕ ကုန္မွန္းမသိကုန္ခဲ့ရတာေလ.......
အလုပ္ကို ေတာက္ေလွ်ာက္ေဇာက္ခ်လဳပ္ခဲ့ၿပီး စီးပြားေရးေလာကမွာ တစ္ရွိန္ထိုး ေအာင္ျမင္ခဲ့ေပမယ့္ ရင္းႏွီးလိုက္ရတာ ဘဝထဲက ျပန္ယူလို႔ မရတဲ့အခ်ိန္ေတြ....... ရရွိလာတဲ့ ေငြေတြနဲ႕ ဘယ္လိုမွ ျပန္ဝယ္လို႔မရတာ အဲ့ဒီတုန္းက ငယ္႐ြယ္မႈနဲ႕ လူငယ္တစ္ေယာက္ရဲ႕ ဘဝျဖတ္သန္းမႈ အခ်ိန္ေတြမလား.......
ဒီကေလးငယ္ေရာ အဲ့ဒီတုန္းက ကြၽန္ေတာ့္လိုျဖစ္သြားရင္ေရာ ဆိုၿပီးေတြးမိလိုက္ေတာ့ ေစာေစာစီးစီး အသက္ရႈၾကပ္လာရၿပီ........
🖤 : ကို႔~~ ကို႔ လို မျဖစ္ေစခ်င္ဘူး~~~
႐ုတ္တရက္ အနည္းငယ္တုန္ယင္ၿပီး ထြက္က်လာတဲ့ ကိုကို႔ဆီက စကားတစ္ခြန္းက ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံးကို ရမ္းခါသြားေအာင္ ျပဳလုပ္နိုင္ပါတယ္........
❤ : ကိုကိုရာ ဘာေတြ ေတြးေနတာလဲ.....
🖤 : ကို...ကို ေတာင္းပန္ပါတယ္.....ကို တာဝန္မေက်ဘဴး.......
❤ : ဘယ္သူက တာဝန္မေက်တာလဲ.......
ကြၽန္ေတာ့္မ်က္ႏွာကို သူ႕လက္ေလး၂ဖက္နဲ႕ ဆြဲေမာ့ယူရင္း ေမးေတာ့ ရင္ထဲမွာ အားနာျခင္းေတြပဲ ပဲ့တင္ထပ္ရျပန္သည္........
❤ : ကြၽန္ေတာ့္ကို ၾကည့္........ ကြၽန္ေတာ္တို႔က လူေတြမလား......ဟင္...ေျဖပါ ကိုကိုရဲ႕......
🖤 : အင္း....
❤ : အင္း.... ေဖေဖလည္း ေျပာဖူးတယ္ေလ...... လူ လူ ခ်င္း ခ်င္း ခ်စ္ျမတ္နိုးလို႔ ေပါင္းဖက္ၾကတာမလား ကိုကိုရ.... အခ်စ္ဆိုတာ ကိုယ္လုပ္ရမယ့္ ဘဝတာဝန္ေတြကို ကိုယ့္လက္တြဲေဖာ္ အေပၚမွာ အတင္းတာဝန္ယူခိုင္းေနရတာမ်ိဳးမွ မဟုတ္ဘဲ.......
ခ်စ္ျမတ္နိုးေနသေ႐ြ႕ သူ႕ထက္ငါပိုခ်စ္ခ်င္ခ်င္တဲ့စိတ္နဲ႕ ျဖည့္ဆည္းေပးခ်င္တဲ့စိတ္ကေတာ့ ေသတဲ့ထိ ျဖစ္ေနမွာပဲ ကိုကို...... လူေတြျဖစ္ေနလို႔ေလ........
ဟုတ္တယ္ ကိုကို တာဝန္မေက်ဘဴး.......
ခုေျပာလိုက္တာေလ........ကြၽန္ေတာ္နားၾကားမမွားပါဘူး....... တာဝန္မေက်ဘဴးလို႔ ကေလးငယ္ကိုယ္တိုင္ ေျပာလိုက္တာ.........
အားနာျခင္းမ်ားစြာနဲ႕ အၾကည့္ခ်င္းဆုံထားရာကေန ကြၽန္ေတာ္က အရင္ မ်က္လႊာခ်ပစ္လိုက္ေတာ့ ရယ္သံသဲ့သဲ့ေလးနဲ႕အတူ မ်က္ႏွာကို ျပန္လာပင့္တင္ရင္း မ်က္ႏွာခ်င္း ထပ္ဆိုင္ခိုင္းျပန္ၿပီ.........
❤ : ခ်စ္လိုက္တာ ကြၽန္ေတာ့္လူႀကီးကို..... ဆုံးေအာင္နားေထာင္မွေပါ့ဗ်...... ကိုကိုက တာဝန္မေက်ဘဴး......တာဝန္ေက်တာထက္ကို ပိုေနတာဗ် သိရဲ႕လား.......
🖤 : ကေလးရယ္....ကေလးအေပၚကို မပြင့္လင္းခဲ့မိဘူးေလ......
အလုပ္ကိစၥေတြေၾကာင့္ တျခားစုံတြဲေတြလို တသီးတသန့္အခ်ိန္လည္း ေသခ်ာမေပးနိုင္ဘူး...... သားေတြကိုေရာ.....
❤ : ရႉး~~~
လက္ညိုးေလးနဲ႕ ကြၽန္ေတာ့္ႏႈတ္ခမ္းကို လာေတ့ထားလိုက္ေတာ့ စကားလုံးေတြက ဆက္ၿပီးထြက္က်မလာေတာ့.........
❤ : ေမာေနပါ့မယ္ဗ်ာ.......ျဖည္းျဖည္းေျပာ.......ၿပီးၿပီလားေျပာလို႔.....
🖤 : အင္း......
❤ : အင္း ကေလးေျပာျပမယ္..... အရာရာတိုင္း အက်ိဳးအေၾကာင္းဆိုတာ ရွိတယ္ကိုကို....... ကိုကို မပြင့္လင္းခဲ့ဘူး ဟုတ္တယ္ ကို က ကေလးကို မပင္ပန္းေစခ်င္လို႔ဆိုတဲ့ အေၾကာင္းတရားရွိေနတာေၾကာင့္ေလ........
အလုပ္ကိစၥေတြေၾကာင့္ သူမ်ားေတြလို 2ေယာက္ထဲ အခ်ိန္ မ်ားမ်ားစားစားမေပးနိုင္ဘူး....... မွန္တယ္...... အဲ့လို အခ်ိန္မေပးနိုင္တာေတာင္ ကြၽန္ေတာ့္အလုပ္ကိစၥေတြကို ေျပာျပမိလိုက္တိုင္း အျပည့္အဝ စိတ္ႏွစ္ၿပီး နားေထာင္ေပးတယ္..... ၿပီးရင္ကြၽန္ေတာ္ မစဥ္းစားမိတဲ့ အေကာင္းဆုံးဆိုတဲ့ အႀကံဥာဏ္ေတြကို အၿမဲတမ္းေပးတာေလ..... အဲ့ဒီလို ေဆြးေႏြး အႀကံေပးတာေတြက တာဝန္မေက်တဲ့ သူတစ္ေယာက္ လုပ္ေနတာေတြလား.......
သားေတြကေတာ့ ကေလးလည္း အလုပ္သြားရင္ အိမ္မွာပဲထားခဲ့ရတာပဲကိုကိုရ..... သူတို႔ေလးေတြကို ေမတၱာေတြေပးေနသေ႐ြ႕ သူတို႔က ကို အခ်ိန္မေပးခဲ့တာကို ေတြးၿပီး စိတ္ေကာက္ျပေနမွာ မဟုတ္ဘူး.........သူတို႔ေလးေတြရဲ႕ စိတ္ေလးေတြက သိပ္ကိုေအးခ်မ္းျဖဴစင္တယ္......
ကိုကို သူတို႔ကို အစာေကြၽးတယ္.... အားရင္အားတဲ့အခ်ိန္မွာ အျပည့္အဝအတူတူ ေဆာ့ေပးတယ္..... တစ္ကိုယ္ရည္သန့္ရွင္းေရးလုပ္ေပးတယ္...... သူတို႔ကို မစြန့္ပစ္ဘူး....အဲ့ဒါေတြက တာဝန္မယူနိုင္တဲ့ တာဝန္မေက်တဲ့ သူတစ္ေယာက္ရဲ႕ လုပ္ရပ္ေတြလား........
ကို႔ အထင္တစ္ခုထဲနဲ႕တင္ တာဝန္မေက်တဲ့လူဆိုၿပီး ေျပာေနတာကိုေတာ့ ကေလး ခြင့္မျပဳနိုင္ဘူး ကိုကို.......
ခ်က္က်လက္က် တတြတ္တြတ္ေျပာျပေနတဲ့ ကြၽန္ေတာ့္ ေရွ႕က အသည္းေလးကို ၾကည့္ရင္း သိပ္ခ်စ္ျမတ္နိုးရလြန္းလို႔ မ်က္ရည္ေတြလည္ရတဲ့အထိ........
🖤 : ကေလးရယ္....... ကိုကို႔ အရာရာ နားလည္ေပးတာပဲ........
❤ : အဲ့ဒါ ဒီလူႀကီးကို သိပ္ခ်စ္လို႔ေပါ့ဗ်....
🖤 : အမ်ားႀကီးခ်စ္တယ္ေနာ္~~~~~
သူ႕မ်က္ဝန္းေလးကို စူးစိုက္ၾကည့္ရင္း ခ်စ္တယ္လို႔ ေျပာတိုင္း ေျပာတိုင္း ရင္ခုန္သံေတြက တိုင္းဆမရေအာင္ ျမန္ဆန္ရသည္......
❤ : အင္း~ ကြၽန္ေတာ္လည္း ကိုကို႔ ကို အမ်ားႀကီးခ်စ္တယ္~~~ လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ ကိုယ္ေနထိုင္တဲ့ ပတ္ဝန္းက်င္နဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနတတ္ရမယ္တဲ့ေလ..... ကိုကိုၾကားဖူးတယ္မလား........
🖤 : အင္း.....ၾကားဖူးတယ္.... ဒါဆို အေျခအေနအရ ကေလးက ခုလိုေနေပးေနရတာလား........
❤ : ဟင့္အင္း....အေျခအေနအရမဟုတ္ဘူး ကိုကို......တစ္ျခားလူေတြရဲ႕ ပတ္ဝန္းက်င္မွာသြားၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနေပးေနတာကို ေျပာတာမဟုတ္ဘူး...... ကိုယ့္ပတ္ဝန္းက်င္မွာ ပဲ ကိုယ္အလိုက္သင့္ေနေပးတာကို ေျပာတာ......ဘာျဖစ္လို႔လဲသိလား.......
🖤 : ဟင့္အင္း မသိဘူးေလ.......
မသိေၾကာင္းေျပာလိုက္ေတာ့ ရယ္သံခ်ိဳေလးေတြ လြင့္ပ်ံလာရင္း ကြၽန္ေတာ့္နား႐ြက္နားကပ္ကာ.....
❤ : ကိုကို~~က~~ ကေလးရဲ႕ ပတ္ဝန္းက်င္ျဖစ္ေနလို႔ေပါ့......
ၾကည့္စမ္းပါဦးဗ်ာ...... သူေန႕စဥ္ က်င္လည္ရေနတဲ့ ပတ္ဝန္းက်င္က ကြၽန္ေတာ္ပါတဲ့ေလ........ ေစာေစာစီးစီး အသည္းေတြ ေႁခြရက္နိုင္တဲ့ ကြၽန္ေတာ့္ အသည္းအသက္ကေလးပါဗ်ာ.........
🖤 : ခ်စ္လိုက္တာကြာ........ ခဏေလး~~~ ကို ဖက္ထားခ်င္လို႔.........
ဖက္ထားခ်င္လို႔ တစ္ခြန္းေျပာရင္း သူ႕ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္း ရင္း တင္းၾကပ္ေနေအာင္ ေပြ႕ဖက္ထားေတာ့ သူ႕ကိုယ္သင္းရနံ႕ကို ခိုးရႈရွိုက္ရင္းနဲ႕ပဲ ရင္ခုန္သံေတြကို ဖုံးဖိကာ အလိုက္သင့္ ခဏၿငိမ္ေနေပးမိသည္........
ရင္ခြင္ကေန ျပန္ခြာရင္း အၾကည့္ခ်င္းဆုံေစေတာ့ အခ်စ္ေတြကေန ေပါက္ဖြားတဲ့ ရင္ခုန္သံေတြက တစ္စုံတစ္ရာေသာ ခ်ိဳၿမိန္မႈကို ေတာင္းတေလၿပီ.........
မ်က္လႊာ2စုံကို ခပ္ျဖည္းျဖည္းခ်င္း ၿပိဳင္တူခ်ၿပီး တတိတိတိုးကပ္ေနရင္း ခ်ိဳၿမိန္မႈေတြ ျဖစ္ထြန္းရာဌာေနျဖစ္တဲ့ ႏႈတ္ခမ္း2စုံ ထိလုဆဲဆဲ အေျခအေနေရာက္ေတာ့မွ........
Ouuu~~~~ Ou! Ou! Ou!
ေစာေစာစီးစီး ျဖစ္တည္ေတာ့မယ့္ Romance Sceneကို ေနာက္ခံ Musicအျဖစ္ ဝင္ပံ့ပိုးေပးလိုက္သူကေတာ့ အေမာင္ Robin ပင္..........
႐ုတ္တရက္ ခုလို အရွိန္ပ်က္သြားရင္ ရင္ထဲဘယ္လိုျဖစ္မွန္းကိုမသိ........ပူထူၿပီး အေစာကအေျခအေန ျပန္ျဖစ္တည္ဖို႔ကိုလည္း မေျပာခ်င္နဲ႕..... Robin ေကာင္းမႈေၾကာင့္ ခ်ိဳၿမိန္ျခင္းအတိၿပီးတဲ့ သဘာဝခ်ိဳခ်ဥ္ကို မစားရေသးပါဘဲ သူေရာ ကြၽန္ေတာ္ပါ ေခ်ာင္းတဟန့္ဟန့္ ျဖစ္ေနရၿပီ........
❤ : အဟင္း.... ဟို.... Robin အိပ္မက္ေယာင္ေနတာေနမွာ.....
🖤 : အဟမ္း အင္း.... ဟား ဟား.....အိပ္မက္ထဲ သားႀကီးနဲ႕ ဘာလုေနျပန္လဲမသိကြာ....... ဒါနဲ႕ အခု ဘယ္နနာရီေလာက္ ရွိေနပီလဲ.....
ေျပာရင္းနဲ႕ ေမြ႕ယာေဘးက ႏွိုးစက္နာရီကို တစ္ခ်က္လွမ္းယူၾကည့္လိုက္ကာ........
🖤 : အင္း 5ခြဲရွိေသးတာ ခဏျပန္အိပ္ခ်င္ရင္ အိပ္ဦးမလား ငယ္~~~ကို ေစာင့္ေပးမယ္......
❤ : ဟင့္အင္း အိပ္ေတာ့ဘူး.......
🖤 : မအိပ္ခ်င္ေတာ့ဘူးလား.... မအိပ္ခ်င္ရင္ ဘာလုပ္ခ်င္လဲ......
ႏွိုးစက္နာရီကို စားပြဲေပၚျပန္တင္ၿပီး ႐ုပ္တည္ႀကီးနဲ႕ လူကိုစိုက္ၾကည့္ရင္း ေမးလာေတာ့ လူက ၾကက္သီးေတြ ျဖန္းခနဲ ထသြားရသည္.......
❤ : ဟင္.....ဘာ....ဘာ...လုပ္ရမွာလဲ.......
🖤 : နီတြတ္ေနတာပဲကြာ......ဒီေကာင္ေလး ေစာေစာစီးစီး ဘာေတြ ေတြးေနတာလဲ......
❤ : အျမင္ကတ္စရာႀကီးးးးး သြားးးးး အားတာနဲ႕စဖို႔ပဲ ေခ်ာင္းေနတာ......
🖤 : ဟာကြာ ကို႔မွာ မအားဘဲ စေနရတာပါကြာ...... ဒီမွာေလ ဒီမွာ..... ေဟာ့ဒီ ပါးလုံးေလးေတြေရာ ႏွာေခါင္းထိပ္ေလးနဲ႕ နား႐ြက္ေလးေတြပါ နီတြတ္ေနတာကို....... ကိုကမဟုတ္ဘဲ ေလွ်ာက္မေျပာတတ္တာ သိရဲ႕သားနဲ႕......
ပါးေဖာင္းေလးနဲ႕ ႏွာေခါင္းလုံးေလးကို ညစ္ရင္းေျပာလိုက္ေတာ့ သားႀကီး Miloအတိုင္းပဲ ကြၽန္ေတာ့္လက္ကို ပုတ္ထုတ္သည္.......
❤ : တအားပဲ......ဖယ္.....ဘာမွမေတြးဘူး.......ဟင္း.....
🖤 : ေအးပါကြာ မေတြးရင္လည္းၿပီးတာပါပဲ.......နဂါးေပါက္စလို ႏွာေတြမမႈတ္ပါနဲ႕ေတာ့..... ခုျပန္မအိပ္ေတာ့ရင္ ဘာလုပ္ခ်င္လဲေျပာ.......
❤ : လုပ္မယ္.....
အဲ.... လုပ္စရာရွိတယ္လို႔ေျပာတာ.....
အာ မဟုတ္ေသးပါဘူး.... မအိပ္ေတာ့ဘူး တစ္ျခား အလုပ္တစ္ခုလုပ္မယ္ အဲ့လိုေျပာခ်င္တာ........
သူ႕ဖာသာသူ ေျပာလိုက္ ေျဖရွင္းလိုက္နဲ႕ ပန္းႏုေရာင္ ခ်စ္ျခင္းတရားစက္ကြင္းထဲက မလႊတ္ေနတာေလးကို ၾကည့္ရင္း ကြၽန္ေတာ့္မွာ အသည္းေတြယားရေသးသည္........
🖤 : ဟား ဟားးး ဟားးးး ရွင္းေလ ရႈတ္ေလကို မရွင္းပါနဲ႕ေတာ့ ေပါက္စရယ္..........ကေလးေျပာခ်င္တာကို ကို နားလည္ပါတယ္......
ေတာ္ၾကာ ခရမ္းခ်ဥ္သီး အခင္းက စံအိမ္ေပၚမွာ စပ်ိဳးထားတာလား ေမးေနၾကပါ့မယ္.......
❤ : ဟင္းးး တအားပဲဗ်ာာာာ.....
အမ္းးးး ဘာလုပ္ရမလဲဆိုေတာ့....
အားးး ဟိုမယ္ေလ ေနထြက္ေတာ့မွာပဲ......ေနထြက္တာ ၾကည့္မယ္ လာ......ကို႔ သားေတြပါ ႏွိုးလိုက္ ကိုကို လုပ္ လုပ္ လုပ္.........
ပတၱျမားလုံးေလး ဥာဏ္ေျပးခ်က္ကေတာ့ သဘာဝတရားကို အေၾကာင္းျပၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေနတဲ့ အေျခအေနကေန ရေအာင္ထြက္သြားနိုင္ခဲ့ေလၿပီ............
မ်က္ႏွာသစ္သြားတိုက္ အေျပးလုပ္ၿပီး ေစာင္ကိုမနိုင္မနင္းေပြ႕ရင္း ေမြ႕ယာေပၚကေန တ႐ြတ္တိုက္ဆြဲယူကာ ဝရန္တာမွာထြက္ထိုင္ဖို႔ ျပင္ဆင္ေနေတာ့ ကြၽန္ေတာ္လည္း သားေတာ္ေမာင္2ေကာင္ကို ႏွိုးကာ ကြၽန္ေတာ့္ရတနာခဲေလး ေနာက္လိုက္ဖို႔ လုပ္ရေတာ့ သည္.........
အပင္ေတြနဲ႕ စိုက္ခင္းေတြမ်ားတာေၾကာင့္ မိုးတြင္းဆိုေပမယ့္လည္း မနက္အေစာဆိုရင္ ေဆာင္းတြင္းလိုပဲ အေအးဓါတ္ကေလးက ခ်မ္းစိမ့္စိမ့္ျဖစ္ေနေလ့ရွိတာေၾကာင့္ ႏွာေစးတတ္တဲ့ ယုန္ေပါက္ေလးအတြက္ ဖလန္ထည္ေစာင္အပါးတစ္ထည္ကိုပါ ယူခဲ့ရေသးသည္.........
❤🏰 အနားမွာလာဝင္ထိုင္ရင္း ေစာင္အပါးတစ္ထည္ကို ကြၽန္ေတာ့္ ကိုယ္ေပၚမွာ လာလႊမ္းၿခဳံေပးေတာ့ ၿခဳံထည္ေစာင္ကရတဲ့ အေႏြးဓါတ္ထက္က ကိုကို႔ေမတၱာေငြ႕ေတြေၾကာင့္ ပိုၿပီးေႏြးရသလိုပါပဲဗ်ာ.........
သားေတာ္ေမာင္ အိပ္ပုတ္၂ေကာင္ကေတာ့ ေနထြက္တာၾကည့္ဖို႔ေနေနသာသာ ေနပူဆာလႈံရင္း မ်က္လုံးကို ေကာင္းေကာင္း မပြင့္ၾကေသး........ အိပဲ့အိပဲ့နဲ႕ Miloကအရင္ ကိုကို႔ေပါင္ေပၚမွာ က်က်နန ဇိမ္ယူရင္း ဝင္အိပ္ျပေတာ့ Robin ကလည္း အားက်မခံ ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္ၿပီး ေဟာင္သံေပးကာ ကြၽန္ေတာ့္ ေဘးဝင္အိပ္ရင္း ေပါင္ေပၚ ေမးတင္ထားသည္.......
၂ေကာင္သား ေနပူဆာလႈံရင္း ခံစားပုံကေတာ့ မ်က္လုံးေတြ မွိတ္ထားရင္း စိတ္နဲ႕ပဲ ေနထြက္တာကို အျပည့္အဝခံစားၾကတယ္ ထင္ပါတယ္ဗ်ာ..........
ကိုကိုကေတာ့ သူ႕သားေတြကို သေဘာတက် ၾကည့္ရင္း ၿပဳံးလိုက္ ကြၽန္ေတာ့္ကိုဖက္ထားရင္း ဆံပင္ေတြထဲ အနမ္းေတြ နစ္ဝင္လိုက္နဲ႕ ရွင္သန္ရျခင္း နံနက္ခင္းတစ္ခုရဲ႕အဓိပၸါယ္ကို အျပည့္အဝ ခံစားေဖာ္ျပေပးလို႔........
❤ : ၾကည့္ပါဦး ကိုကို~~~ အေရွ႕အရပ္ကေန ေရာင္နီေတြ စ ကြန့္ျမဴးလာတာ ပန္းခ်ီကားေလးက်လိဳ႕ သဘာဝတရားႀကီးက တအားလွတာပဲ..........
🖤 : အင္း..... သိပ္ကိုလွတယ္~~~
အပိုအလိုမရွိ ထြက္က်လာတဲ့ အသံၾသရွရွကို သေဘာက်လိဳ႕ ရင္ခြင္က်ယ္ထဲကေန အေပၚကို ေမာ့ၾကည့္လိုက္ေတာ့ ကိုကို႔အၾကည့္ေတြက တေလာကလုံးကို အေႏြးဓါတ္ေပးရင္း အလင္းေဆာင္ေနတဲ့ ေနသူရိန္ဆီမွာမရွိ........
ကြၽန္ေတာ့္ကိုပဲ တစိမ့္စိမ့္ၿပဳံးၿပီး ၾကည့္ေနတာေၾကာင့္.......
❤ : ကိုကို ကေလးတို႔ ခုေနတဲ့ေနရာကေန ျမင္ရတဲ့ ေနက အေရွ႕အရပ္ကေနပဲ ထြက္တာေနာ္......ကြၽန္ေတာ့္ မ်က္ႏွာလွည့္ရာအရပ္ကေန ေနက လိုက္မထြက္ေပးဘူးဗ်......
🖤 : ဟား ဟား ဟား......ကို႔ကေလးက ေျပာတတ္လိုက္တာကြာ.... ကိုလည္း ကိုယ့္အ႐ုဏ္ဦး အလွတရားျဖစ္တဲ့ ဒီေရာင္ျခည္ေႏြးေလးကို ခံစားရင္း ၾကည့္ေနတာပဲကို........အတူတူပဲေလ.....
သေဘာတက်ရယ္ကာ ရင္ခြင္ထဲက ပါးေဖာင္းကေလးကို ႐ႊတ္ခနဲအနမ္းတစ္ခ်က္ေပးရင္း ကြၽန္ေတာ္က ေျပာလိုက္ေတာ့ ယုန္ေပါက္ကေလးရဲ႕ ခြန္းတုံ႕ျပန္စကားက အကဲပိုႀကီးတဲ့ေလ.....
🖤 : မပိုပါဘူး လိုေတာင္လိုေနေသးတယ္..... ခ်စ္တာကို ဘာျဖစ္လဲကြာ......
လည္တိုင္ေဖြးေလးေပၚ အနမ္းေတြ လွမ္းေစလႊတ္ရင္း ယုန္ဖက္တီးေလးရဲ႕ ဗိုက္ေလးကို ခပ္ဖြဖြညစ္ရင္းေျပာေတာ့ ကြၽန္ေတာ့္နံေဘးက ကမာၻငယ္ေလးက ရင္ခြင္ထဲ တစ္ေစာင္းဝင္ေရာက္လာရင္း တစ္ဟားဟားနဲ႕ ရယ္ကာ လူးလိမ့္လို႔........
❤ : ဟား ဟား မလုပ္နဲ႕ ယားတယ္ ကိုကိုရ.......ကိုက္မွာေနာ္.....
ကေလးငယ္ရဲ႕ ရယ္သံခ်ိဳေလးေတြနဲ႕အတူ ေရာင္နီအလင္းတန္းတို႔ကလည္း ေကာင္းကင္တစ္ျခမ္းကို အပိုင္သိမ္းေတာ့ အလင္းစက္ေတြက ထပ္ၾကပ္မကြာ ကမာၻတစ္ျခမ္းကိုအရင္ ထိုးခြင္းေပးၾကလို႔.........
ေလာကႀကီးမွာ ေလႏွင္ရာ ပန္းေတြယိမ္းကၾကရင္ အလွဆုံးပဲလို႔ လူေတြ ေျပာၾကတယ္.......ကြၽန္ေတာ့္ကမာၻမွာေတာ့ ငယ္ဆိုတဲ့ ကြၽန္ေတာ့္ နိုက္တင္ေဂးကေလးရဲ႕ ရယ္ျမဴးသံက အခ်ိန္အခါမေ႐ြး အလွဆုံးျဖစ္ေနတဲ့ ေတးဂီတတစ္ခုပါပဲဗ်ာ..........
☕❤☕❤☕❤
❤🏰 ေနထြက္တာကို အတူတူထိုင္ၾကည့္ၿပီးေတာ့မွ နံနက္စာ ဆင္းစားေသာက္ကာ ေရမိုးခ်ိဳးျပင္ဆင္ၿပီးတာနဲ႕ ကိုကို က အလုပ္သြားေတာ့ ကြၽန္ေတာ္က ေဖေဖတို႔ကို ေလဆိပ္လိုက္ပို႔ေပးရၿပီ.......
Miloတို႔ကိုေတာ့ ကိုကို႔ ေဖေဖနားပဲ အပ္ထားခဲ့ရတာေပါ့ဗ်ာ.......
ေလဆိပ္လိုက္ပို႔ၿပီးတာနဲ႕ A whole new world တေယာသံစဥ္ေလးကို နားဆင္ရင္း စံအိမ္ကို ျပန္ေမာင္းလာတုန္း လမ္းေထာင့္တစ္ေနရာက စာအုပ္ဆိုင္ေလးတစ္ဆိုင္ကိုေတြ႕ေတာ့ ေမာင္းႏွင္လာတဲ့ အရွိန္ကို ခဏေလ်ာ့ခ်လိဳက္ၿပီး လွမ္းၾကည့္ေတာ့မွ ေကာ္ဖီဆိုင္နဲ႕တြဲဖြင့္ထားတဲ့ စာအုပ္ဆိုင္ကေလးျဖစ္ေနသည္........
အရင္မျမင္မိတာေၾကာင့္ ဒီဆိုင္ေလးက ဖြင့္ထားတာ သိပ္မၾကာေသးဘူးနဲ႕တူပါတယ္....... ကိုကိုနဲ႕တစ္ေခါက္ေလာက္ေတာ့ အတူတူလာဦးမွပါေတြးရင္း ကားကိုအရွိန္ျပန္တင္လိုက္ရင္း စံအိမ္ဆီကိုသာ ဦးတည္ထားလိုက္ရၿပီ.......
စံအိမ္ျပန္ေရာက္တာနဲ႕ ဂိုေထာင္မွာ ကားသြားထားၿပီး ေဖေဖ့ကို ႏႈတ္ဆက္ကာ ကြၽန္ေတာ္လည္း ႐ုံးခန္းအေျပးသြား ရၿပီေပါ့ဗ်ာ.........
ႏွင္းဆီခင္းေတြနားကအျဖတ္ ေလအေဝွ႕မွာ လည္ပင္းေပၚက စၾကာဝဠာေလးရဲ႕ အထိအေတြ႕ေလးကေန ေအးခနဲျဖစ္သြားရေတာ့ ကိုကို႔ ပုံရိပ္ေတြက ေခါင္းထဲအထပ္ထပ္ က်ေရာက္လာရၿပီ.......
လူတင္မဟုတ္ဘူး စကၠန့္တိုင္းရဲ႕ အေတြးေတြကိုပါ အပိုင္သိမ္းထားတဲ့ အဲ့လူႀကီးကို အျမင္ကတ္ေအာင္ ခ်စ္ရတယ္ဗ်ာ..........
႐ုံးခန္းကိုေရာက္တာနဲ႕ လက္မွတ္ထိုးေပးရမယ့္ စာရင္းေတြမွာ လက္မွတ္ထိုးေပးၿပီး တင္ျပခိုင္းထားတဲ့ Project ကိစၥေတြကို တစ္ခ်က္ၾကည့္ရႈ ညွိႏွိုင္းေဆြးေႏြးေပးရင္း........
ညက ကိုကိုအႀကံေပးထားတဲ့ နာမည္ကဗ်ာကိစၥအတြက္ Alexကို မ်က္မျမင္ေက်ာင္းက ကေလးေတြ အားလုံးရဲ႕ နာမည္စာရင္းယူခိုင္းထားကာ စာရင္းေရာက္လာတာနဲ႕ အဓိပၸါယ္ျပည့္ဝတဲ့ စာလုံးေတြရွာထုတ္ထားဖို႔ကိုေတာ့ ကိုယ့္လက္ေအာက္က Teamတစ္ဖြဲ႕လုံးကို ၃ေယာက္တစ္ဖြဲ႕စီ အဖြဲ႕ခြဲေပးလိုက္ၿပီး တာဝန္အသီးသီး ေပးအပ္ထားလိုက္ရသည္...........
ဆိုင္မွာေရာက္ရွိေနတဲ့ အႀကံေပးစာေတြ တစ္ခ်က္ဖတ္ရင္း ေျခေညာင္းလက္ဆန့္လုပ္ကာ နာရီကိုတစ္ခ်က္လွမ္းၾကည့္ေတာ့ ေန႕လည္၁၂နာရီေတာင္ ေရာက္ေတာ့မယ္........ ကြၽန္ေတာ္နဲ႕ ၂ေယာက္ထဲအခ်ိန္မေပးနိုင္ေနလို႔ ဝမ္းနည္းေနတယ္ဆိုတာကို မနက္ကပဲ ကိုကိုရင္ဖြင့္တုန္းက သိထားလိုက္ရတာေၾကာင့္ အဆင္ေျပသလိုပဲ ကိုကိုနဲ႕အတူတူ အခ်ိန္ကုန္ဆုံးဖို႔ရာ ႀကံဆရၿပီ........
တေန႕တေန႕ကို နာရီေပါင္း တစ္ေသာင္းေလာက္ရွိခ်င္တယ္ဆိုၿပီး ညတုန္းက ကိုကိုေျပာတာကို ေသခ်ာျပန္စဥ္းစားၾကည့္ေတာ့ ဟုတ္လည္းဟုတ္တာပါပဲ.......
တစ္ေန႕ကို ၂၄နာရီထဲရွိေနေတာ့ အလုပ္လုပ္ရတာရယ္ အလုပ္ကိစၥေတြးရတာရယ္နဲ႕ကို ၂၄နာရီမွာ ၁၅နာရီေလာက္က မအားခ်င္...... အလုပ္အေၾကာင္းမေတြးတဲ့အခ်ိန္ဆိုၿပီး ေတြးၾကည့္ျပန္ေတာ့လည္း အိပ္စက္တဲ့ အခ်ိန္ပဲရွိသည္..... ခုလိုေတြးၾကည့္ေတာ့မွ ၂ေယာက္ထဲ သီးသန့္အခ်ိန္က မရွိသေလာက္ကို ျဖစ္ေနပါေရာ့လား.......
❤ : ဟုတ္ၿပီ......ေန႕လည္စာတူတူ သြားစားမယ္........
ေတြးလိုက္ရင္း Alexနဲ႕ CF(classic family) Teamsကို ႏႈတ္ဆက္ကာ ကိုကို႔႐ုံးခန္းဘက္ကို ထြက္ခဲ့လိုက္ေတာ့သည္........
🖤🏰မနက္စာစားေသာက္ျပင္ဆင္ၿပီး ႐ုံးခန္းကိုေရာက္တာနဲ႕ ပြဲအတြက္စီစဥ္ၾကမယ့္ Project plan နဲ႕တစ္ကြ Designဌာနက တင္ပို႔ထားတဲ့ Design ေတြကို ျပန္လည္ ျပသညွိႏွိုင္းေဆြးေႏြးဖို႔ရာ အစည္းအေဝးေခၚလိုက္ရသည္.......
Meeting လုပ္ေနရင္း ၂နာရီေလာက္ၾကာေတာ့မွ Coffee time ခဏ break ေပးၿပီး အစည္းအေဝးျပန္စတာနဲ႕ အေကာင္းဆုံးျဖစ္မယ့္ ဒီဇိုင္းေတြကို စိစစ္ေ႐ြးခ်ယ္ရင္း နာရီကိုတစ္ခ်က္ၾကည့္ေတာ့ ေန႕လည္စာစားခ်ိန္ေရာက္ေနၿပီ...........
ဒီေန႕အတြက္ အစည္းအေဝးကိုေတာ့ ဒီနားမွာတင္ ရပ္နားေပးလိုက္ၿပီး မွန္ျပတင္းကေနတဆင့္ အခင္းေတြထဲက ပုံရိပ္တစ္ခုကို ေခတၱ ေငးၾကည့္ေနမိသည္........
Knock! Knock!
🖤 : ဝင္ခဲ့ေလ.....
🍷 : ဆရာ....
🖤 : အင္း အေျခအေန..... ဘယ္လိုလဲ....အဆင္ေျပခဲ့လား.....
🍷 : မေျပခဲ့ဘူး ဆရာ.....ေနာက္ဆုံး ဝယ္သြားတဲ့သူေတာ့ဟုတ္တယ္..... သူက ျပည္ပျပန္ တင္ပို႔ေရာင္းခ်တဲ့ကုန္သည္ျဖစ္ေနေတာ့ သူ႕ဆီမွာ နည္းနည္းပဲခ်န္ထားၿပီး မေန႕ကပဲ ကုန္ေတြကိုတင္ပို႔လိုက္တယ္တဲ့ေလ......ကြၽန္ေတာ္တို႔ ျပန္ဝယ္ရမယ့္ ပမာဏေလာက္ မရွိဘူးျဖစ္ေနတယ္..... ျပည္ပကေန ျပန္ဝယ္မယ္ဆိုရင္လည္း ေစ်းက၂ဆျပန္ေပးေနရမွာ......
🖤 : ဟူးးးးးးး..... အင္း..... တစ္ခုခုစဥ္းစားၾကတာေပါ့.... ဒါနဲ႕ ဒီေန႕ အခင္းေတြထဲ ရႈတင္ရွိတာလား.....
🍷 : ဗ်ာ... ကြၽန္ေတာ္ေတာ့ မၾကားမိဘူးဆရာ...... ဘာလို႔လဲ စက္အဖြဲ႕ေတြ ေရာက္ေနလို႔လား.......
🖤 : ဟိုမယ္ေလ..... ေတာ္ေတာ္မ်ားမ်ား ၾကည့္ေနၾကလို႔..... မ်က္မွန္နဲ႕တစ္ေယာက္ မင္းသားက်ေနတာပဲ.........အရင္ မျမင္ဖူးဘူးလားလို႔..........
🍷 : ဟို အခင္းနားက Suit ဝတ္ထားၿပီး ေနကာမ်က္မွန္တပ္ထားတဲ့ တစ္ေယာက္ကိုေမးတာလား ဆရာ......
🖤 : ေအး.....ကဲပါ မင္းသားမဟုတ္လည္း လာတည္းတဲ့ ဧည့္သည္ပဲေနမွာေပါ့.......ဒီေခတ္က ႐ုပ္နည္းနည္းေခ်ာရင္ကို Social Media Celeဆိုၿပီး ေခတ္က ထေနတာမလား.........
ငါ ခုပဲ ဘုတ္အဖြဲ႕နဲ႕ ေတာ္ေတာ္မ်ားမ်ား ဒီဇိုင္းေတြေတာ့ ေ႐ြးထားၿပီးၿပီ......နားေနခန္းထဲ သြားၿပီး ေန႕လည္စာစားရင္း ဖ႐ုံသီးကိစၥတစ္ခ်က္ စဥ္းစားၾကရေအာင္ကြာ.......
🍷 : အင္း ကြၽန္ေတာ္ အိမ္ေတာ္ထိန္းႀကီးကို လွမ္းစီစဥ္ခိုင္းလိုက္မယ္......
အစည္းအေဝးခန္းထဲကေနထြက္ကာ ဆရာတပည့္၂ေယာက္ နားေနခန္းထဲသြားလိုက္ၾကရင္း..........
🖤 : ေအာ္ Reo..... အိမ္ေတာ္ထိန္းႀကီးကို ေန႕လည္စာ စီစဥ္ခိုင္းရင္း ဥကၠဌနဲ႕ Miloတို႔ကို ဒီမွာေနလည္စာလာစားဖို႔ ငါေခၚေနတယ္ဆိုတာပါ ေျပာခိုင္းလိုက္ဦးကြာ.......
🍷 : ဟုတ္ ဟုတ္ဆရာ.......ေျပာလိုက္မယ္......
Reoထြက္သြားမွပဲ ကြၽန္ေတာ့္ကေလးလည္း အလုပ္ေဇာကတ္တတ္လာလြန္းလို႔ အစာမလြန္ေအာင္ အခ်ိန္နဲ႕အခ်ိန္ အစားမွန္မွန္စားဖို႔ ကြၽန္ေတာ့္မွာ သတိထားဂ႐ုစိုက္ေပးရေသးတယ္......
ကိုယ္ကသာ ေပေတခဲ့ေပမယ့္ သူ႕ကိုေတာ့ က်န္းက်န္းမာမာနဲ႕ ေအာင္ျမင္ေစခ်င္တာေၾကာင့္ပါ....... အလႉအတန္းနဲ႕ ဆက္စပ္ထားတဲ့ စီးပြားေရးေလးျဖစ္တာေၾကာင့္ နာမည္ရလာတာနဲ႕အမွ် သူ႕အလုပ္ကိစၥေတြနဲ႕သူ လုံးပန္းေနရရွာတာပါပဲ.......
အခုလည္း ေန႕လည္စာအတူတူစားခ်င္ေပမယ့္ ဒီကို လာေနရရင္ အခ်ိန္ထပ္ကုန္ေနမွာစိုးတာေၾကာင့္ Alex🌶နဲ႕အတူတူ ေန႕လည္စာ စားျဖစ္ေအာင္ စားလိုက္ဖို႔ မက္ေဆ့လွမ္း ပို႔ထားရေသးသည္......
🍷🏰 ဆရာ့ကိုႏႈတ္ဆက္ၿပီး အခန္းအျပင္ထြက္လိုက္ေတာ့ အေစာက ဆရာေမးေနတဲ့ မင္းသားနဲ႕ ပက္ပင္း တိုးမိၿပီ.........
❤ : အင့္ ေသပါၿပီ..... ေအာ္ P'ကိုးးး.... ကြၽန္ေတာ္က မ်က္မွန္နဲ႔ ေမွာင္ေနေတာ့မျမင္လို႔......
🍷 : ေအာင္မေလးေလး....... မင္းသားမွတ္တယ္.... အေမာင္ Saint!ျဖစ္ေနတာကိုး....ဟုတ္သလား......
❤ : အသံၿဗဲနဲ႕ P'ကလည္း ဟုတ္တယ္.....ကြၽန္ေတာ္ Saint supဗ်...... ေနကာမ်က္မွန္နဲ႕ ကြၽန္ေတာ္ကေတာင္ မွတ္မိတယ္ P'ကဘယ္လိုျဖစ္လို႔ မမွတ္မိေနလဲ........
🍷: မင္း ဒီေရာက္ကတည္းက ေနကာမ်က္မွန္တက္တာမွ မျမင္ဘူးပဲကြာ.......ဘာစိတ္ကူးေတြေပါက္လာတာတုန္း.......မင္းသားေတြေတာင္ ရႈံးေလာက္ပါတယ္......
❤ : ဟဲဟဲ ကြၽန္ေတာ့္ အကိုက အျမင္မွန္ေတြ ရေနတာပဲ ဟမ္...... ေအာ္ ဒီလိုပါ အေတြး အျမင္သစ္ေလးေတြ ရေအာင္လို႔ ပုံစံေျပာင္းၾကည့္တာ.......
🍷 : ဟား ဟား ဟား မင္းကေတာ့ တကယ္ေကာင္ပဲကြာ.....
❤ : ဟား ဟား ဒါနဲ႕ P'က ဘယ္တုန္း..... P'Perthကေရာ..... ကြၽန္ေတာ္ သူ႕႐ုံးခန္းနားက အတြင္းေရးမႉးကို ေမးေတာ့ ခုပဲအစည္းအေဝးၿပီးလို႔ နားေနခန္းမွာ ရွိေလာက္တယ္တဲ့ေလ......
🍷 : ေအးဟုတ္တယ္ မင္းအခ်စ္က အခန္းထဲမယ္ ရွိတယ္..... ခုကို ေန႕လည္စာ သြားစီစဥ္ခိုင္းရင္း ဥကၠဌတို႔ကို သြားေခၚခိုင္းလို႔ သြားေခၚေပးမလို႔......
❤ : ဟင္ ေဖေဖတို႔က ျပန္သြားၿပီေလ P'ရ......ကြၽန္ေတာ္လိုက္ပို႔လိုက္တာ
🍷 : အမေလး မင္းအစြယ္အပြားေလးေတြကို ေျပာေနတာ.......သူတို႔ကလည္း စံအိမ္ရဲ႕ CEOေတြပဲ......
❤ : ေအာ္ Miloတို႔လား......ဟား ဟား ဟားးးး......
🍷 : ေအး ဟုတ္တယ္ ဟုတ္တယ္......ကဲကဲ သြားသြား ဝင္.....ငါလည္း သြားလိုက္ဦးမယ္.....
❤ : အိုေကဗ်ာ......
Tin~ 📲 ႐ုတ္တရက္ ဖုန္းမက္ေဆ့ဝင္လာလို႔ၾကည့္လိုက္ေတာ့ ကိုကို႔ဆီက........
❤ : ေအာ္ ဒီမွာ သူ႕ဆီက Message.....
🍷 : အမေလးကြာ...... ငါ့ကိုနည္းနည္းမွ အားမနာၾကဘူး......ေနလည္စားဖို႔ကို မွာၾကားေနရတဲ့အထိတဲ့လား....... ဗိုက္က ဆာတယ္ မဆာဘူး အေၾကာင္းၾကားမွာေပါ့ကြ.....အံ့ၾသပါတယ္....
❤ : ေအာ္ အခ်စ္ေလ.... အခ်စ္ P'ရ..... Jack အၿပဳံးေလးေတြကို ျမင္ေယာင္ၾကည့္လိုက္စမ္းပါ P'သေဘာေပါက္ပါတယ္ေနာ္ ......
🍷 : သြားစမ္းပါကြာ အဆင္ေတြမေျပေနရတဲ့အထဲ မေတြးပရေစနဲ႕ဦး.......ေလာင္ရလြန္းလို႔.....
❤ : ဟားးးး ဟားးးးး ဟားးးးး ကြၽန္ေတာ့္အတြက္ တစ္ေယာက္စာ ပိုျပင္ခိုင္းခဲ့ေပးဦးေနာ္P'......
🍷 : ေအးေအး.......ေယွာင့္ ဟာ မင္း အရိပ္ထဲေရာက္ေနလည္း မ်က္မွန္ႀကီးက ျပန္ တပ္ဦးမွာလားကြ......
❤ : ရႉးးးး ကြၽန္ေတာ့္ ကိစၥပါ P'ကလည္း......
ေျပာလိုက္ေတာ့မွပဲ ႏွစ္ခ်ိဳ႕ဝိုင္ႀကီးက ေခါင္းတစ္ကုတ္ကုတ္နဲ႕ ေအးပါကြာ တစ္ခြန္းေျပာၿပီး ထြက္သြားတာမို႔ ေနကာမ်က္မွန္ျပန္တပ္လိုက္ရင္း အခန္းထဲဝင္လိုက္ေတာ့ ဆိုဖာေပၚ စာအုပ္တစ္အုပ္နဲ႕ လွဲေနတဲ့ ကိုကို႔ ကို ေတြ႕လိုက္ရသည္.......
တံခါးကို ခပ္ဆဆေခါက္ၿပီး ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ေတာ့မွပဲစာအုပ္ဖယ္ၿပီး လွမ္းၾကည့္သည္........
ေမွ်ာ္လင့္ထားတာက တျခား ျဖစ္သြားတာက တျခားဆိုသလိုပဲ....ဟိုလူႀကီးေလ လူကိုအေရးမလုပ္ခ်က္......တစ္ခ်က္လွမ္းၾကည့္ၿပီး စာအုပ္ေတာင္ ျပန္ဖတ္ေနလိုက္ေသး........ ငါဒီေလာက္ေခ်ာခန့္ေနတာကို ဒင္းႀကီးေပးတဲ့ Feedbackက အဲ့ဒါပဲလား........
🖤🏰 အေစာကတင္ ႏွစ္ခ်ိဳ႕ဝိုင္ကို ေမးေနတာေလ.......ခုက်ဘယ့္နယ့္ နားေနခန္းထဲထိေတာင္ အဲ့ေနကာမ်က္မွန္နဲ႕ တစ္ေယာက္ကို ျမင္ေနရတာတုန္း......မဟုတ္ေသးပါဘူး ေတြးလိုက္ရင္း ေခါင္းကို တစ္ခ်က္ခါလိုက္ၿပီး စာျပန္ဖတ္ဖို႔လုပ္ေတာ့မွ ထြက္က်လာတဲ့ အသံေလးေၾကာင့္ လူက ပိုေၾကာင္အသြားရၿပီ........
❤ : အားးး ငါဒီေလာက္ သန့္ေနတာကို ဒင္းက အေရးေတာင္မလုပ္ဘူးလားးးးးး
🖤 : ဟင္.... မ်က္မွန္ႀကီးနဲ႕..... ကေလးလား......
❤ : ဘာ!!! ဘယ္ကေလးမွ မဟုတ္ဘူး လူႀကီးဗ်ာ လူႀကီး...... စိတ္ေတြတိုလိုက္တာ ရွိုးေတြ ပဲ့တယ္...... စိုက္ခင္းတစ္ခင္းလုံးေရာ Resort တစ္ခုလုံးထဲက လူေတြ မ်က္ေတာင္ မခတ္စတမ္း ေငးၾကည့္တာကို ခံလာရတာေလဗ်ာ..... ခင္ဗ်ားႀကီးနဲ႕ေတြ႕မွပဲ ငါးပါးမက ေမွာက္တယ္.......
ေျပာကာ ေနကာမ်က္မွန္ကို မ်က္မွန္ဆြဲျဖဳတ္ရင္း ေျခတစ္ေဆာင့္ေဆာင့္နဲ႕ ဆိုဖာနား ေလွ်ာက္လာေတာ့မွ အျမန္ထထိုင္လိုက္ရင္း ႀကိတ္သေဘာက်ရေတာ့သည္.........
သူထုတ္လာသမွ် ရွိုးေတြပဲ့ရလို႔တဲ့ေလ...... ဟုတ္လည္းဟုတ္တာပါပဲ......ေအာင္မေလး အရပ္ရွစ္မ်က္ႏွာကို သူေျပာတဲ့ ျမဴစြမ္ကတိုက္လာေသး...... ၾကယ္သီးတစ္လုံးျဖဳတ္ထားရင္း နက္ကတိုင္ပါ ျဖဳတ္ထားပစ္ခဲ့ေသးတယ္........ဒီေကာင္ကေလးကေတာ့ တစ္ေန႕တစ္မ်ိဳးမရိုးေအာင္ အခ်စ္ေတြကို သိမ္းယူတတ္တယ္ဗ်ာ.......
🖤 : အရင္ကေလးက ေနကာမ်က္မွန္မွ မတတ္ပဲကို.......ငယ့္မ်က္မွန္လား???
❤ : ကြၽန္ေတာ့္ဟာဟုတ္ဘူး.... ေလဆိပ္လိုက္ပို႔ရင္း ဂိတ္ထဲမဝင္ခင္ Wyaneဆီက ဓါးျပတိုက္လာတာ......သူက မ်က္မွန္ Crazyေလ........
🖤 : ထင္တယ္......႐ုတ္တရက္ဆိုေတာ့ ကေလးမွန္း ကိုက ဘယ္သိမွာလဲကြာ မင္းသားမွတ္ေနတာကို....... Reoကိုေတာင္ ေမးေနေသးတာ မယုံရင္ သူလာေတာ့ ေမးၾကည့္......
❤ : ကြၽန္ေတာ္က မင္းသားထက္ေခ်ာတာ သိၿပီးသား.......
🖤 : ဟား ဟား ဟား ဒါနဲ႕ ေနစမ္းပါဦး ေအာင္မေလး ကိုယ္ေတာ္ေခ်ာ ေမးစမ္းပါရေစဦး နက္ကတိုင္ေရာ.....
ရွပ္ေကာ္လံစြန္းကို တစ္ခ်က္ပြတ္ကိုင္ၿပီး နက္ကတိုင္ဘယ္မွာလဲေမးေနေတာ့ စိတ္ကသာဆိုးခ်င္တာ ႏွလုံးသားက အၿငိမ္မေနခ်င္.........
🖤 : ဘယ္အရပ္ေဒသမွာ နက္ကတိုင္က စခန္းခ်ေနခဲ့တာတုန္း.......ၾကယ္သီးကလည္း ျဖဳတ္ထားေသးတယ္.........
ေမးေနတာကို မေျဖဘဲ ၿပဳံးစိစိနဲ႕ ေခါင္းေမာ့ၿပီး ဟိုၾကည့္ဒီၾကည့္နဲ႕ မၾကားသလိုေလးလုပ္ျပေနတာမ်ား အသည္းေတြကို ကလိကလိနဲ႕ျဖစ္ေနရၿပီ......... Perth ကို ဒီလိုလာေၾကာလို႔မရဘူးေလ........
႐ုတ္တရက္ ဟိုလူႀကီး လူနားတိုးထိုင္ေနရာကေန ေနာက္ဆုတ္သြားၿပီး သူ႕လည္ပင္းထက္က နက္ကတိုင္ကိုဆြဲျဖဳတ္ရင္း ရွပ္အကၤ်ီလက္ကို ေခါက္ၿပီး ပင့္တင္ကာ သူ႕ရွပ္အကၤ်ီၾကယ္သီးေတြသူ ျဖဳတ္ေနေတာ့ လူက ပူထူသြားရသည္.........
❤ : အဲ့... ကို ကို ဘာ... ဘာလုပ္မလို႔တုန္း......
🖤 : ဘာလုပ္ေနတာျမင္လို႔တုန္း......
လူကို ျပန္ေမးေနတာမ်ား အားရေအာင္ ကုန္းကိုက္ပစ္လိုက္ခ်င္စရာ........
❤ : ဟာ ဟာ ၾကည့္ေနလို႔ အေကာင္းမွတ္ေနတာ အကုန္ျဖဳတ္မလို႔လား ဗိုက္ထိေရာက္ေတာ့မယ္ေလ ကိုကိုရ.........
ကြၽန္ေတာ့္အေမးကို စကားခြန္းတုံ႕မျပန္ဘဲ ဆတ္ခနဲ မတ္တပ္ထရပ္ကာ ရင္ဘတ္ကို မေပၚေပၚေအာင္ အကၤ်ီကို ဆြဲဟရင္း အခန္းထဲက ထြက္ဖို႔လုပ္ေတာ့ ကိုယ္ကပဲ မေနနိုင္မထိုင္နိုင္ ေျပးတားရၿပီ.........
❤ : ကိုကိုးးးးး အဲ့လိုႀကီး ျပင္ဆင္ၿပီး ဘယ္သြားမလို႔တုန္းလို႔.....
အားနဲ႕မာန္နဲ႕ ျပင္ဆင္ၿပီး Sexyက်က်နဲ႕ အခန္းတံခါးဖြင့္ဖို႔အလုပ္ ကေလးေပါက္ရဲ႕ ကိုကိုဆိုတဲ့ ခြၽဲအီသံေလးမွာ ႏွလုံးသားတစ္ခုလုံးတင္မက ေရွ႕ဆက္လွမ္းမယ့္ ေျခလွမ္းေတြပါ အရည္ေပ်ာ္က်သြားရၿပီ.........စိတ္ကိုျပန္တင္းရင္း အေကာင္ေပါက္ေလးကို စခ်င္တာေၾကာင့္.........
🖤 : Resort ထဲေပါ့ကြ......
❤ : သူမ်ားေတြ ၾကည့္ကုန္မယ္ေလဗ်ာ........
🖤 : ၾကည့္ၾကည့္ေပါ့....... ႐ူပဒါနဆိုတာ ျပဳေကာင္းပါတယ္ ကေလးရဲ႕..... တစ္လက္စထဲ ပိုၿပီး ကုသိုလ္ရေအာင္ ကို႔ကို မ်က္မွန္ေလးငွားလိုက္ဦး.........
❤ : အားးးးး အျမင္ေတြကတ္လိုက္တာ....... ရိုးရိုးေျပာျပေနလို႔ကို မရဘူး ဟုတ္လား.......
မေပးဘူး!!! ျပန္ထိုင္ေန!!! တဖဝါးမွ အခန္းထဲကေန ေျခႂကြဖို႔ မျပင္နဲ႕!!!! ႂကြလို႔ကေတာ့ ေဖေဖနဲ႕ကို တိုင္ပစ္မယ္.......
အသံတေၾကာ္ေၾကာ္နဲ႕ ယုံၾကည္ခ်က္ရွိရွိေျပာေနတာမ်ား အသည္းယားစရာ......ဟုတ္ေတာ့လည္းဟုတ္သည္......ေဖေဖ့ခမ်ာ သူ႕သားအရင္းျဖစ္တဲ့ ကြၽန္ေတာ့္ထက္ သူ႕သားမက္ေလးကို ပိုခ်စ္ရွာတာပါပဲ........ဒီကေလးကိုကလည္း ဆုေတာင္းျပည့္ကေလးျဖစ္လို႔ လူတိုင္းအခ်စ္ကို ခံထားရတာမလားေလ.......
ဆိုဖာေပၚျပန္ထိုင္ကာ မ်က္ေစာင္းေလးတစ္ခ်က္ထိုးၾကည့္ၿပီး ကြၽန္ေတာ့္ ရင္ဘတ္ အကၤ်ီလွစ္ဟာေနတဲ့ ေနရာကို ျဖန္းကနဲ လာရိုက္ရင္း.........
❤ : ဟင္း တစ္လုံးမက်န္ျပန္တပ္ထား အကုန္.........
🖤 : ဟား ဟား လက္သံကေတာ့ မေျပာင္းလဲဘူးကြာ...... ကေလးရဲ႕ ကိုကို အေခ်ာႀကီးကို သဝန္တိုေနတာမလား.......
❤ : စိတ္ကူးေတြယဥ္ေန.......ကြၽန္ေတာ့္ကို မွီလို႔လား....... Resort ထဲမွာ အငမ္းခံရဖို႔ပဲ ခင္ဗ်ားႀကီး ေမွ်ာ္လင့္ေန........အဲ့လို ျပသပုံမ်ိဳးနဲ႕ ကေလးေတြက ကြၽန္ေတာ့္ ဆိုင္နဲ႕ေနရာမွားၿပီး ေခ်ာကလက္ေရခဲမုန့္ႀကီးဆိုၿပီး လာစားတာ ခံေနရမယ္ဗ်.......
🖤 : ဟား ဟား ဟားးးးးး အမေလး ငယ္ရာ.......
တဟားဟားနဲ႕ သေဘာတက်ရယ္ေတာ့ ႏႈတ္ခမ္းဖူးေလးက ေအာ္တိုဆူထြက္လို႔........
🖤 : ဒီမွာ ေကာင္ေလး ကိုက မင္းထက္ေတာင္ ပိုသဝန္တိုတတ္ေသးတယ္........
တစ္ခြန္းေျပာကာ သူ႕ခါးသြယ္သြယ္ေလးကေန တိုးကပ္ဖက္ထားရင္း ျဖဳတ္ထားတဲ့ ၾကယ္သီးကို ျပန္တပ္ေပးေတာ့ စည္းခ်က္မမွန္တဲ့ သူ႕အသက္ရႈေငြ႕ေႏြးေႏြးေလးေတြက ကြၽန္ေတာ့္မ်က္ႏွာတစ္ဝိုက္ရိုက္ခတ္လို႔...........
ဂြီ~~~~
❤ : အဲ ဗိုက္ထဲက အခ်က္ေတြျပေနၿပီ ဟီးးးးး
🖤 : အခ်ိဳပြဲ အရင္စားထားမလား......
❤ : ဟင္.....
🖤 : မွာထားတယ္ ခုမွခ်က္ေနတာဆိုေတာ့ လာေတာ့မွာပါ......ကေလးဗိုက္ဆာေနမွာေၾကာင့္.......ကြတ္ကီးရွိဦးမယ္ထင္တယ္ ေနဦး......
ေနဦးတစ္ခြန္းဆိုကာ ခပ္လွမ္းလွမ္းစားပြဲေပၚမွာ တင္ထားတဲ့ ကြတ္ကီးဗူးကို ထယူေပးရင္း အဖုံးဖြင့္ၿပီး ကြၽန္ေတာ့္လက္ထဲထည့္ေပးေတာ့ ကြၽန္ေတာ္လည္း ကြက္တီးတစ္ခု ယူစားလိုက္ကာ......
🖤 : ေကာင္းလား.....
❤ : အြန္း.... စားမွာလား.....
🖤 : အင္း....
အင္းတစ္ခြန္းေျပာရင္း လွမ္းခြံ႕ေပးထားတဲ့ ကြက္ကီးကို လ်စ္လ်ဴရႈကာ တစ္ဝက္က်န္ေနတဲ့ ကြၽန္ေတာ့္ပါးစပ္နားက ကြက္ကီးကို လာကိုက္စားေတာ့ နီးကပ္ေနတဲ့ အေျခအေနေၾကာင့္ ကြတ္ကီးရနံ႕ခ်ိဳေတြနဲ႕အၿပိဳင္ ရင္ခုန္ျခင္းႀကိမ္ႏႈန္းေတြက ျမင့္တက္ေနရသည္.......
အသက္ရႈေငြ႕ လမ္းေၾကာင္း ၂ခုကလည္း တစ္ေယာက္ပါးျပင္ေပၚ တစ္ေယာက္ ရိုက္ခတ္ေနေစေတာ့ ခ်စ္ျခင္းတရားအခ်ိဳပြဲကို ကြက္ကီးေတြစားသုံးၿပီးတာနဲ႕ မ်က္လႊာၿပိဳင္တူခ်ကာ ထပ္မံစားသုံးမိလိုက္ၿပီ........
အခ်စ္ေတြ ဆုံစည္းသြားခိုက္ ခုံေပၚက ကြက္ကီးခ်ိဳေတြကလည္း ခ်စ္ျခင္းတရားပ်ားရည္ေတြရဲ႕ ေပ်ာ္ဝင္မႈေၾကာင့္ ယခင္ရက္ေတြကထက္ အရသာ ထူးကဲၿပီး ခ်ိဳၿမိန္ေနမွာ အမွန္ပင္.........
☕❤☕❤☕❤
❤🏰 ေန႕လည္စာတူတူစားရင္း စကားလက္စုံက်ျဖစ္ေတာ့ P'🍷ေျပာျပပုံအရ ဖ႐ုံသီးျပသနာက အဆင္မေျပေသး........
ပြဲမစမွီ ၾကားထဲမွာ တစ္လေက်ာ္ေလာက္အခ်ိန္ရေသးေပမယ့္ Resort ႀကီး တစ္ခုလုံးအတြက္ ပုံေဖာ္ၿပီး ျပင္ဆင္ရမွာေတြက ရွိေသးတယ္ေလ........
ေဖေဖကေတာ့ ဝယ္ေနက် ဖ႐ုံခင္းအျပင္ ေနာက္ထပ္ ဖ႐ုံခင္းရွိမယ့္ေနရာေတြကို အရင္ တစ္ခ်က္ျပန္ စုံစမ္းၿပီး ေမးၾကည့္ဖို႔ရာ အႀကံေပးသြားသည္...........
ကြၽန္ေတာ္ကေတာ့ Plan Bအေနနဲ႕ တစ္ခါထဲ တစ္ဦးတစ္ေယာက္ထဲဆီကေန အလုံအေလာက္မရဘူးဆိုရင္ တစ္ေယာက္ခ်င္းတစ္ေယာက္ခ်င္းဆီကေန တစ္လအတြင္းမွာ ရသေလာက္နည္းနည္းခ်င္း ျပန္ဝယ္စုၾကည့္ဖို႔ အႀကံေပးၾကည့္ေတာ့ ကိုကိုက ကြၽန္ေတာ္ေပးတဲ့အႀကံကို လက္ခံေပးတယ္.........
🖤🏰 ေဖေဖတို႔ စံအိမ္ျပန္သြားေတာ့မွ ကေလးငယ္ကလည္း ႐ုံးခဏျပန္သြားရဦးမယ္ေျပာရင္း ႏႈတ္ဆက္ေတာ့ ၂ေယာက္ထဲအခ်ိန္ ခဏေလးရေအာင္ လာဖန္တီးေပးတဲ့ ေပါက္စေလးကို တေလးတနက္နဲ႕ ေက်းဇူးတင္စကားဆိုရေသးသည္..........
ကေလးေရာ ေဖေဖေရာ ျပန္သြားေတာ့မွပဲ ကြၽန္ေတာ္လည္း Reoနဲ႕အတူ ခ်င္းမိုင္ၿမိဳ႕အတြင္းနဲ႕ ၿမိဳ႕အနီးတစ္ဝိုက္မွာရွိမယ့္ ဖ႐ုံစိုက္ခင္းေတြကို စီးပြားေရးလမ္းၫႊန္စာအုပ္ေတြနဲ႕ Googleကေနတဆင့္ ရွာေဖြေရးဆင္းၾကရၿပီ.........
👨🍳🏰 မေန႕တုန္းက ပါးစပ္မွာေပသြားတဲ့ မေရာနစ္ကို ဂ႐ုတစိုက္သုတ္ေပးတာခံလိုက္ရတဲ့ အထိအေတြ႕ကို ခုထိ တသိမ့္သိမ့္ေတြးရင္းခံစားေနမိေတာ့ ကိုယ့္ Teamsကို အရင္ရက္ေတြလို ဂ႐ုတစိုက္ မၾကည့္လိုက္မိတဲ့ တခဏအတြင္း စားဖိုေဆာင္တစ္ခုလုံးထဲ အကုန္ ကေသာင္းကနင္းျဖစ္ကုန္ရၿပီ..........
"Excuse me, Sir ေဆာ့(စ္)စပ္တာ မွားသြားလို႔....... အဲ့ဒီ ၆ပြဲက ေဝဖန္ေရးသတင္းေရးတဲ့သူေတြ ျမည္းစမ္းၾကည့္မယ့္ ဟင္းပြဲေတြတဲ့......
"အခ်ိန္ကနည္းနည္းပဲရေတာ့တယ္......"
"ေအာ္ဒါအသစ္!!"
"အခ်ိဳပြဲ အတြက္ရၿပီ....."
စားဖိုေဆာင္ထဲမွာ ေၾကာ္ေလွာ္ခ်က္ျပဳတ္ေနတဲ့ အသံေတြရယ္ အခ်င္းခ်င္းေျပာဆိုေနတဲ့ အသံေတြထဲ ေကာင္းေကာင္းၾကားလိုက္ရတာ Samဆီကေန "ေဝဖန္ေရးသတင္းသမားေတြ ျမည္းစမ္းမယ့္ ဟင္းပြဲ" ဆိုတဲ့ စကားတစ္ခြန္း........
Resort မွာ ၾကယ္ငါးပြင့္သတ္မွတ္ျခင္းခံထားရတဲ့ ဟင္းလ်ာေတြျဖစ္လို႔ တစ္ခုခုခြၽတ္ယြင္းတာနဲ႕ ၾကယ္ကေလ်ာ့က်သြားရမယ့္အျဖစ္မ်ိဳးေတာ့ လုံးဝအေရာက္မခံနိုင္......
ကြၽန္ေတာ္ ဒီစားဖိုမႉး အလုပ္ကို စသင္ယူခဲ့စဥ္တုန္းက ဆိုင္တစ္ဆိုင္ဆိုရင္ ဝန္ထမ္းေတြရဲ႕ ေပါ့ဆမႈနဲ႕ စီမံခန့္ခြဲမႈအားေလ်ာ့ခဲ့တာေတြေၾကာင့္ ေဝဖန္ေရးသတင္းသမားေတြရဲ႕ စိတ္ေက်နပ္မႈ မရရွိခဲ့လို႔ ၾကယ္သုံးပြင့္ရွိေနရာကေန တစ္ပြင့္ထိ ေလွ်ာက်ခဲ့ရင္း ေနာက္ဆုံးဆိုင္ပါ ပိတ္ပစ္လိုက္ရတဲ့အထိ.........
အေရွ႕တိုင္းမွာ ခုမွစတင္လာေပမယ့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အာ႐ုံကို ဖမ္းစားနိုင္တာ သူတို႔ေရးတဲ့ ေဝဖန္စာေတြပါပဲ.......ကြၽန္ေတာ္တို႔ Resort ႀကီးကေတာ့ နိုင္ငံျခားသားေတြ အေရာက္မ်ားတဲ့ေနရာႀကီးတစ္ခုျဖစ္လို႔ သူတို႔ဆီက ေဝဖန္ေရးဆရာေတြက ပိုၿပီးလာေရာက္သုံးေဆာင္ရင္း ေဝဖန္ခ်က္ေတြ ေပးေလ့ရွိသည္......
ဒါေၾကာင့္ ေဝဖန္ေရးသမားေတြ လာေရာက္ျမည္းစမ္းေဖာ္ျပမယ့္ ဟင္းပြဲေတြဆိုရင္ အလုပ္သင္ကေလးေတြမဆိုထားနဲ႕ ၄ႏွစ္ေလာက္ ကြၽန္ေတာ့္ညာလက္႐ုံးသဖြယ္အလုပ္လုပ္ခဲ့ၿပီး ကြၽမ္းက်င္မႈအဆင့္သတ္မွတ္ခံထားရတဲ့ Samေတာင္ စိတ္လႈပ္ရွားရတုန္း.......
👨🍳 : ေဆာ့(စ္)ကဘယ္လိုျဖစ္တာလဲ.......
"အရသာက ဆရာ့လက္ရာတုန္းကေလာက္ အဆင္မေျပေနတာဆရာ......"
ဇြန္းနဲ႕အနည္းငယ္ယူျမည္းၾကည့္ေတာ့မွ ဟင္းရဲ႕အရသာျပည့္စုံမႈက မွန္းထားတဲ့အဆင့္မွာရွိမေန.......
👨🍳 : ငါဒီေလာက္ ဒီဟင္းလ်ာကို သင္ျပေျပာျပ ရွင္းျပထားတာကိုကြာ.......
ဟင္းပြဲကို ေသခ်ာလိုက္ၾကည့္လိုက္ေတာ့ ေဆာ့(စ္)ဆမ္းထားတာက ဟင္းပြဲအလွကို ေကာင္းေကာင္းမေဖာ္ျပနိုင္........
အသားႏွစ္ခုအလယ္ကေန ၾကက္သြန္ဥတစ္ခုကလည္း ေဘးကိုေခ်ာ္ထြက္ေနေတာ့ တာဝန္ယူျပင္ဆင္ေပးထားတဲ့ ဒီကေလးေတြကိုလည္း ခ်က္ခ်င္းလည္း အျပစ္မတင္ခ်င္.......
👨🍳 : ငါဒီဟင္းပြဲကို အႀကိမ္ေပါင္းမ်ားစြာ ေျပာျပထားတယ္ေလ.........ခုမွစလုပ္ရတဲ့ အသစ္အဆန္းလည္း မဟုတ္ဘူးေလကြာ........ အသားႏွစ္ခုၾကားမွာပဲ က်န္တဲ့အဆာပလာကို ဝင္ဆံ့ေအာင္ ထည့္ျပရမယ္.....ေဆာ့(စ္)ကို ထိန္းၿပီး ဟင္းပြဲတစ္ခုလုံးကို ၿခဳံငုံမိေအာင္ ဝိုက္ၿပီးဆမ္း........
ေဆာ့(စ္)ကိုအခု ျပန္ျပင္.......
လုပ္လုပ္လုပ္......အာ႐ုံအျပည့္စိုက္ထား.......
ပန္းကန္ထဲျပင္မယ့္အခ်ိန္ ငါ့ကိုေခၚ.......
ခုတစ္ဖြဲ႕ခ်င္း ျပန္လိုက္ ၾကည့္ေပးမယ္.......
ကိုယ့္ Teamတစ္ခုလုံးရဲ႕ လုပ္ေဆာင္မႈေတြကို လိုက္လံၾကည့္ရႈေျပာဆိုေပးရင္း စိမ့္ထြက္လာရတဲ့ ေခြၽးစက္တို႔က အေနာက္မွာရွိေနတဲ့ မုန့္ဖုတ္ဖိုရဲ႕ အပူရွိန္ထက္ ရင္ထဲပိုပူေနရတာပါပဲဗ်ာ...........
တာဝန္ခ်ိန္မွာ အခ်စ္ဆိုတဲ့ ခံစားခ်က္မဝင္ေအာင္ေတာ့ လုပ္ထားရဦးမယ္ေတြးရင္း ရင္ထဲျဖစ္တည္ေနတဲ့ ခံစားခ်က္ေတြကို ျပန္ေမ့ေဖ်ာက္ထားကာ စားဖိုေဆာင္ကေန ဟင္းပြဲ၆ပြဲ ေအာင္ေအာင္ျမင္ျမင္နဲ႕ စားသုံးသူဆီေရာက္ရွိသြားဖို႔သာ ေခါင္းထဲေရာ ရင္ထဲပါအျပည့္ထည့္ထားလိုက္ရေတာ့သည္........
❤🏰 ညေနေရာက္ေတာ့ ကိုကိုက ႐ုံးေရွ႕က ခုံတန္းမွာ ထိုင္ေစာင့္ရင္း ကြၽန္ေတာ့္ကို လာႀကိဳရွာသည္.........P'🍷ကေတာ့ lobby(ဧည့္ႀကိဳေဆာင္)က သူနဲ႕ခင္ေနတဲ့ ဝန္ထမ္းတစ္ခ်ိဳ႕ကို Halloween ပြဲႀကီးအေၾကာင္းေျပာဖို႔ အတူတူ လိုက္မလာခဲ့ေၾကာင္းေျပာျပသည္.........
တေနကုန္ သူေရာကြၽန္ေတာ္ေရာ စိတ္ဖိစီးတာေတြေၾကာင့္ အာ႐ုံခဏေျပေျပေတြးလိုက္ရင္း ေရခဲမုန့္ေၾကာ္ တစ္ဗူးဆီ ဝယ္စားကာ..........
❤ : ကိုကို......Perfect two သီခ်င္းထဲက စာသားတစ္ခ်ိဳ႕လိုပဲ...... စာလုံး2ခုေပါင္းစပ္မွ အဓိပၸါယ္တစ္ခုရွိရတာေတြကို ကိုကို သိတယ္မလား.......
🖤 : အင္း......
❤ : အင္း..... တစ္ခါတုန္းက ကိုကို႔အတြက္ ကြၽန္ေတာ္က စကၠဴၾကယ္ကေလး ျဖစ္ခ်င္တယ္လို႔ ေျပာခဲ့သလိုပဲ..... အခု ကိုကို႔ရဲ႕ ေရဒီယိုကေလး ျဖစ္ခ်င္တယ္.........
ကိုကို႔ ခံစားခ်က္ေတြကို အတတ္နိုင္ဆုံး ထပ္တူခံစားရင္း သံစဥ္ေတြထြက္ေပၚေပးမယ့္ ေရဒီယိုေလး အျဖစ္ေလ.........
ကိုကိုေပ်ာ္ရင္ ေပ်ာ္႐ႊင္စရာသံစဥ္ေတြ ထြက္က်ေပးမွာေပါ့.......
ကိုကို စိတ္မြန္းၾကပ္ရင္ ထပ္တူခံစားေပးၿပီး အားျဖစ္ေစတာေတြျပန္ ေျပာေပးမွာ........
ကိုကို လာၿပီးရင္ဖြင့္တိုင္း ထြက္က်လာမယ့္ နားလည္မႈ၊ ေဖးမမႈ သံစဥ္ေတြထဲမွာ ကိုကို႔အတြက္ ကေလးအခ်စ္ေတြ အျပည့္ပါထားေပးတာကို ယုံေနာ္.......
ၾကည့္စမ္းပါဦး......ေရခဲမုန့္တစ္ဇြန္းေကာ္စားလိုက္ တစ္ခါေျပာလိုက္လုပ္ေနတာမ်ား ဒီကေလးငယ္ကို ခ်စ္ရလြန္းလို႔ ႐ူးမတတ္ပါပဲဗ်ာ......
🖤 : ကေလးရယ္.....
❤ : အဲ့ဒါေၾကာင့္ ေရဒီယိုေလးကို လာဖြင့္နားဆင္မယ့္ လူရွိမွပဲ ေရဒီယိုေလးဆီက သံစဥ္ေတြကလည္း ရွင္သန္ေနမွာ အဓိပၸါယ္ရွိမွာ........
အလုပ္ကိစၥေတြတင္မက ကိုကို႔စိတ္ထဲ ခံစားရတာအကုန္ ကေလးနားေထာင္ေပးနိုင္တယ္ေနာ္ ကိုကို.....
သိပ္ရင့္က်က္လြန္းတဲ့ ကြၽန္ေတာ့္အသည္းေပါက္စေလးရဲ႕ ေခါင္းလုံးေလးက ဆံပင္ေတြကို ဆြဲဖြပစ္လိုက္ေတာ့ ေရခဲမုန့္ဇြန္းကိုက္ရင္း သြားတန္းေဖြးေလးေတြေပၚေအာင္ ၿပဳံးျပလို႔........
🖤 : ဟုတ္ပါၿပီဗ်ာ.....စိတ္ခ်ေနာ္ ကိုကိုေျပာျပမယ္......
❤ : အြန္း~~~
စကားတစ္ေျပာေျပာနဲ႕ သူ႕ရဲ႕ ခ်စ္စဖြယ္ အမူအယာကေလးေတြကို တစိမ့္စိမ့္ေငးရင္း စံအိမ္ေတာင္ ဘယ္လိုျပန္ေရာက္လာမွန္းမသိ.........
စံအိမ္အေပါက္စေရာက္တာနဲ႕ ကြၽန္ေတာ့္ကေလးက Miloတို႔ကို ျပန္ေရာက္ေၾကာင္း အသံေပးေတာ့ လုံးတုံးလုံးတုံးေတြနဲ႕ သားေတာ္ေမာင္၂ေကာင္က အေျပးထြက္လာ ႀကိဳၾကသည္.........
တစ္ေယာက္တစ္ေကာင္ဆီ ေပြ႕ဖက္ယူလိုက္ရင္း ဧည့္ခန္းမွာ ခဏထိုင္ေတာ့ စာထိုင္ဖတ္ေနတဲ့ ေဖေဖက အကဲအသဲ၂ေကာင္ကို သေဘာက်လိဳ႕.......... ေဖေဖ့ကို ႏႈတ္ဆက္ၿပီးမွပဲ ၂ေယာက္စလုံးအခန္းျပန္နားဖို႔လုပ္ရေတာ့သည္..........
🖤🏰 ကြၽန္ေတာ္အရင္ေရဝင္ခ်ိဳးလိုက္ၿပီး ကေလးငယ္ေရဝင္ခ်ိဳးတုန္း ေန႕ခင္းက 🍷နဲ႕အတူရွာေဖြထားတဲ့ အခင္းတစ္ခ်ိဳ႕ကို သြားရမယ့္ ခရီးအနီးအေဝးအရင္ ျပန္ခ်ိန္ကိုက္ေနရၿပီ.........
❤ : ကို ကို ေရ~~~~
ပ်ံ့လြင့္လာတဲ့ အသံခ်ိဳအီကေလးေနာက္မွာ ကြၽန္ေတာ့္အၿပဳံးေတြကလည္း အလိုအေလ်ာက္ ျဖစ္တည္သြားရၿပီ..........
🖤 : လာၿပီ ေပါက္စေရ.....
ေရခ်ိဳးခန္းထဲဝင္ၾကည့္ေတာ့ မေတြ႕တာနဲ႕ အဝတ္လဲခန္းထဲေျပးၾကည့္ရၿပီ........
🖤 : ကေလး ေျပာ......
❤ : အြန္း ဒီမွာ အကၤ်ီကေလ.....
🖤 : အင္း.....
❤ : ကေလးကို စိတ္ေကာက္ေနတယ္......
🖤 : အမ္....
❤ : အကၤ်ီက ကေလးကို စိတ္ေကာက္ေနလို႔ပါဆို.....
🖤 : ဘာျပဳေနလို႔လဲ ျပ ကိုကို႔.....
❤ : ဒီမွာေလ ေတာ္ေတာ့ဘူး......ဗိုက္ဗိုက္ေလး တစ္ေနၿပီ.....ၾကယ္သီးတပ္လို႔ရဘူး......
အမေလးဗ်ာ.....ဒီေကာင္ကေလးေတာ့ အကၤ်ီမေတာ္ေတာ့တာကို အကၤ်ီက သူ႕ကို စိတ္ေကာက္ေနတယ္တဲ့ေလ........
🖤 : ဟား ဟား အမေလး ဘာျပဳေနလို႔လဲလို႔..... ဘယ္တုန္းကအကၤ်ီေတြ ထုတ္ဝတ္ေနတာတုန္း ကေလးရ.......
❤ : အင္း..... ဒီအကၤ်ီက....... Final တုန္းကထင္တယ္......
အကြက္ေလးက လွတယ္ေလကိုကိုရာ......အညိုေလးကို ကိုကို႔အတိုင္းပဲ ဟားဟား.......
🖤 : ဒီေကာင္ေလးကေတာ့ အသားအရည္ကို ထိခိုက္ျပန္ၿပီ...... ကို႔အကၤ်ီဝတ္လိုက္ေရာ့.....ဟိုတစ္ေခါက္က Ella ေပးထားတာေလ...... ပုံစံတူမယ္......
❤ : အားးးး ေစာေစာက မေျပာဘူး ကိုကိုကေတာ့.... ေပး ကြၽန္ေတာ္ယူလိုက္မယ္ေနာ္ ဟီးးးး...... ဒီမွာအဝတ္ခ်ားလဲေတာ့မွာေလ ကိုကိုရ ၿပဳံးၿပဳံးႀကီးပဲ ရပ္ၾကည့္ေန.......ထြက္ထြက္......
တေန႕တေန႕ အသည္းယားမႈေပါင္းခ်ဳပ္ဆိုၿပီး စာရင္းျပဳစုရင္ေတာင္ ဒီကေလးရဲ႕ ခ်စ္ဖို႔ေကာင္းမႈေတြက ကုန္နိုင္မယ္ မထင္ပါဘူးဗ်ာ.......
ၾကည္ႏူးရိပ္ေတြ လႊမ္းၿခဳံရင္း ဝရန္တာဘက္ထြက္ကာ ညေနဆည္းဆာခ်ိန္ကို ခံစားေတာ့ သူ႕မ်က္ႏွာေလးကိုေငးရတာေလာက္ သူ႕အသံေလးကို နားေထာင္ရတာေလာက္ မေႏြး.......
❤ : ေဟ့ တိုတို..... Sunset ကို တစ္ေယာက္ထဲပဲ ၾကည့္တယ္..... အသည္းေတြမာခ်က္ပဲ......ဟြန္း
🖤 : ဒီ ေကာင္ေလး တေနကုန္ ဘာျဖစ္ေနတာလဲကြာ......ငါအသည္းယားလာရင္ တကယ္ ဖ်စ္ညစ္ပစ္လိုက္ေတာ့မွာေနာ္......မေၾကာက္ဘူးလားငါ့ကို.......
❤ : ေၾကာက္ပါဘူး......ကိုကိုက ကေလးကို ခ်စ္မွန္း သိသားပဲ....
🖤 : အလည္ေလး......
တစ္ခြန္းေျပာရင္း ကြၽန္ေတာ့္ေက်ာျပင္တစ္ခုကို သူ႕ရင္ခြင္က်ယ္ႀကီးထဲ ျမဳပ္ေနေအာင္ ေနာက္ကေန သိုင္းဖက္ထားကာ အေနာက္ရိုးမထဲ တတိတိတိုးဝင္ေနတဲ့ ဆည္းဆာအလွတရားကို ခံစားရင္း
နားနား မွာ ရိုက္ခတ္လာတဲ့ အသံၾသရွရွ......
🖤 : My heart is always alive in your heart area bae~~~
တဲ့....... သူ႕ႏွလုံးသားက ကြၽန္ေတာ့္ႏွလုံးသားတည္ရွိရာမွာပဲ ထာဝရရွင္သန္ေနပါတယ္တဲ့ေလ..........
ရင္ထဲျဖစ္ေပၚေနတဲ့ ပီတိေတြနဲ႕ ရင္ခုန္သံေတြကို သူ႕ပါးျပင္ေပၚ အနမ္းတစ္ခ်က္ေပးရင္း သက္ေသထူျပေတာ့ ထိုလူသားက မ်က္လုံးေတြ ပိတ္က်တဲ့အထိၿပဳံးလို႔..........
သူ႕မ်က္ဝန္းက အၿပဳံးေတြနဲ႕ ကြၽန္ေတာ့္ရင္ခုန္သံေတြ သံသရာဆုံးတဲ့ ထိတစ္ထပ္တည္းက်ပါေစဆိုတဲ့ ရင္ထဲက ေတာင္းဆုေတြက ညဘက္ေကာင္းကင္ယံမွာ အလွဆုံး ေတာက္ပမယ့္ ၾကယ္ေလးေတြအျဖစ္ ဝင္စားသြားေလာက္ပါတယ္............☕❤
#Starry
#Classiclove