☕Treasure Moment❤ Part 75(A)

306 24 119
                                    

🖤🏰 ​မိုး​သောက်ချိန်​ရောက်တာနဲ့ နေ​ရောင်ခြည်ပြပြက ခန်းစီးလိုက်ကာအဖြူကို စတင်ထိုး​​ဖောက်ဝင်​​ရောက် နေသည်....... မြေသင်းရနံ့သဲ့သဲ့နဲ့အတူ ​​မေ​မေ့အခန်းဝရန်တာမှာ စိုက်ထားတဲ့ ရေ​မွှေးနှင်းဆီရနံ့သဲ့သဲ့က ​လေအ​ဝှေ့မှာ အနံ့ခံအာရုံတစ်ခုလုံးကို အပိုင်သိမ်းထားလို့.........

ညကလည်း မိုး​အေး​နေ​တော့ အဲကွန်းမဖွင့်​တော့ဘဲ ပြတင်း​ပေါက်တစ်​ပေါက်​လောက်ပဲ ဖွင့်ထားရင်း သဘာဝက​ပေးတဲ့ အ​အေးဓါတ်​​လေးနဲ့ အိပ်စက်ဖြစ်လိုက်တာပါ........

မျက်လုံး​​ပေါ်  ဖြာကျ​နေတဲ့​နေ​ရောင်ကို လက်နဲ့တစ်ချက် ကာထားလိုက်ရင်း မျက်လုံး​တွေကို အားပြုဖွင့်ကြည့်လိုက်​တော့ အမြဲရင်ဘတ်​ပေါ် ​လာမှောက်အိပ်​နေကြ အ​ကောင်​ပေါက်​လေးက ​ဖက်မထားမိလိုက်တဲ့ တစ်ခဏအတွင်း နေရာ​ပြောင်း​ရွေ့သွားရပြီ.........

​​​ဘေးနားက​ခေါင်းအုံး​ပေါ်မှာလည်းမရှိ ကိုယ့်လက်​မောင်း​ပေါ်လည်း မအိပ်ဘဲ ​မွေ့ယာအလယ်မှာ ဝမ်းယား​မှောက်ရက်နဲ့ အိပ်​နေသတဲ့ဗျာ......ဇာတ်​တွေဘာညာနာကုန်မှဖြင့် ဒီက​လေးက​တော့....... ၂​ယောက်အတူ အိပ်လာတဲ့ ကာလတစ်​လျှောက် ဖက်မအိပ်မိလိုက်ရင် ကုတင်​အောက်မ​ရောက်ယုံတမယ် အဲ့လို တတိတိချင်း တစ်နာရီကို ၃​လက်မနှုန်းနဲ့ အောက်​ကိုလျှော​လျှောဆင်းသွားလွန်းလို့ တ​ရေးနှိုးတစ်ခါ ထထကြည့်ပြီး အ​ပေါ်ပြန်ပြန်ဆွဲတင်ရတာ အ​မောပါပဲ.......

ခုလည်း ညကကျွန်​တော်လည်းသူနဲ့အတူ အလုပ်ပန်းထား​ရတော့ ညဘက်တစ်ခါ တ​ရေးကိုပြန်မနှိုးလိုက်ရ​ဘူး​လေ.....အဲ့ဒါကြောင့် ဒီက​လေး ကိုယ့်ရင်ခွင်ထဲက​​​နေ ဘယ်အချိန်ကတည်းက ခုန်ထွက်သွားလည်းကိုမသိလိုက်..........

ကျွန်​တော် ဒါတွေ​ကြောင့် သားပိုက်​ကောင်အ​မေကြီးဖြစ်ချင်တယ်​ပြောတာ​ပေါ့ဗျာ........ အိတ်ကပ်ထဲသာ ထည့်ထားလို့ရရင် ခုလိုမျိုး ​လျှောထွက်သွားမယ်မထင်ဘူး​လေ...... မျက်နှာ​လေးကလည်း ဟိုဘက်လှည့်ထား​တော့ ​ကောင်း​ကောင်း မမြင်ရ...... အခုများဆို ​နှိုးနှိုးချင်း သူမျက်နှာ​လေးကို မြင်ချင်​မိတာက ကိုယ့်နံနက်ခင်းရဲ့ အ​ရေးအကြီးဆုံး လုပ်ငန်း​ဆောင်တာတစ်ရပ်ကို ဖြစ်လို့.......

Classic Love 🖤 ❤Where stories live. Discover now