☕ ❤ 💋 Part 26

917 83 69
                                    

ကန့်သတ် စည်းမျဥ်း​တွေနဲ့
ချမှတ်ထားတဲ့အချစ်ဥပ​ဒေ​​တွေရဲ့
အပြင်​ဘက်အထိ အချစ်​​တွေနဲ့သာ
ဆွဲ​​​ခေါ်ထုတ်သွား​ပေးမှာမို့
ယုံကြည်​မှု​တွေနဲ့သာ ​ဆက်ချစ်ပေးပါ.....❤

​အောက်ချင်းငှက်တို့ရဲ့သစ္စာတိုင်း
​လောကဓံရဲ့ ပစ်ခတ်မှုကို
ခါးစီးခံရင်း ကံတရားရဲ့ ကျီစယ်မှုနဲ့
ပြုတ်ကျခဲ့ရင် ထပ်ကြပ်မခွာ လိုက် အသက်​စွန့်ပေးမှာကို က​လေးယုံကြည်​ပေး......☕

❤ 🌃 ည​နေ​ရောက်လို့ ရုံးဆင်းတာနဲ့ ​ဆေးရုံ​ပြေးဖို့ ပြင်လိုက်ရပြီ........

​​ဆေးရုံကို​ရောက်တာနဲ့ ညကသူ​ပြောထားတဲ့ စကားလုံး​တွေရဲ့ ဆန့်ကျင်ဘက်​တွေနဲ့သူ့အကြည့်​တွေကို ရင်မဆိုင်နိုင်​သေးတာ​ကြောင့် နောက်က​နေလိုက်ခဲ့ဖို့သာ​ပြောပြီး.....

Porတို့ဆီ လှမ်းသွားလိုက်​တော့ အခန်း​​လျှောက်လမ်းနားမှာ ​တွေ့လိုက်ရတဲ့ ကျွန်​တော့်Mae... Porအတွက် ​ဆေးယူပြီးပြန်လာတယ်နဲ့တူပါတယ်.......

တ​စ်နေကုန် သူအဆင်​ပြေ​စေဖို့​တွေး​​ပြီးနေ​ပေးရင်း ကိုယ့်စိတ်ကိုတင်းထိန်းထားသမျှက Mae ကို မြင်တာနဲ့ ပြိုပျက်ရပြီ​​လေ...

ကျွန်​တော်လှမ်း​ခေါ်လိုက်​တော့ အပြုံးပန်း​တွေနဲ့​ရပ်​​စောင့်​ပေး​နေသည်မို့ ရင်ခွင်ထဲ​ပြေးဝင်မိ​လိုက်တော့သည်.........

ကျွန်မအသည်း​ပေါက်စ​က​​လေး မနက်လာကတည်းက သူတစ်ခုခုခံစား​နေရတာကို ရင်ထဲက​နေ မ​ပြောလည်းသိ​ပေမယ့် သူ​ပြောလာမှာကိုပဲ ​စောင့်​နေမိတာပါ.......

ဇွတ်အတင်း မ​မေးတာ ဘာကိုမှ ထပ်မခံစား​စေချင်တာ​ကြောင့်​​လေ....... ဘာကိုမှ မဖုံးကွယ်ထားတတ်တဲ့ ဒီက​လေး​လေးကို ကျွန်မတို့ ပိုင်ဆိုင်ထားရတာ ဘယ်​လောက်​တောင်မှ ကံ​ကောင်းရသလဲ......

ခုလည်း ရင်ဝင်ထဲ​ပြေးဝင်ပြီး ရှိက်​နေပြန်ပြီ​လေ........သူ့အလိုကျ ခဏ​​လေးပွေ့ဖက်ထား​ပေးပြီးမှ......

"သား​လေး..... အဆင်​ပြေရဲ့လားဟင်.... အလုပ်က....."

❤ : ​ပြေတယ်Mae~ သားချစ်မိတာ....သားချစ်မိတာ မမှားဘူးမလားဟင် Mae~~~

Classic Love 🖤 ❤Where stories live. Discover now