☕❤Wonderland✨ Part 48

507 42 84
                                    

🖤🏰မ​နေ့ညကပါလာတဲ့ ​ခေါင်းထဲကအမှိုက်​လက်ကျန်တွေကို ရှင်းလင်းဖို့ရယ် အိမ်အတွက် စား​သောက်ဖို့ကုန်​နေတာ​တွေဝယ်ဖို့နဲ့ Milo​လေးတို့အတွက် လိုအပ်တာ​တွေ ဝယ်ခြမ်းဖို့ ဒီ​နေ့​တော့ Shoppingထွက်ဖို့ လုပ်ကြရပြီ​လေ.......

​ဖေ​ဖေတို့နဲ့ Wyaneတို့ကို က​လေး​မွေး​နေ့​လေးမှာ တူတူရှိဖို့ရာ အလုပ်အားမအား​မေး​ကြည့်တော့ အကုန်လုံး က​​လေး​မွေး​နေ့ပြီးမှပဲ ပြန်ကြမယ်ဆိုပြီး မ​နေ့ညက တိုးတိုးတိတ်တိတ်​ ပြောထားကြတာ​​ကြောင့် စိတ်​အေးသွားရ​သေးသည်......

ဒီ​နေ့ Shoppingထွက်တာမှာ Wyane တို့ကလည်း လိုက်ဖို့ပြင်​တော့ က​လေး မပျင်းရ​အောင် စ​​နောက်ဖို့ရာနဲ့ ​အ​ဖော်ရ​အောင်ဆိုပြီး လိုက်ချင်လည်း လိုက်ခဲ့ကြဖို့​ ​​ပြောထားရတာ​လေ.......

Reoကို​တော့ Ellaနဲ့အတူတူစီစဥ်စရာ​တွေ စီစဥ်ဖို့ လွတ်ထား​ပေးလိုက်ပြီး က​​လေးကို​တော့ အလုပ်ကိစ္စ​တစ်ချို့ကြောင့်လို့ပဲ ​​ပြောထားလိုက်တာပါ......

အတူတူ Shopping မထွက်ရတာလည်းကြာ​နေပြီ ဖြစ်လို့ မိုးလင်းလို့ နှိုးလာကတည်းက သွားဖို့ တက်ကြွ​နေတာ ခုလည်း မနက်စာစား​သောက်ပြီး ပြင်ဆင်ပြီးသွားတာများ မြန်မှမြန်......

❤ : ကိုကို​ရေ~~~ ကိုကို​ရေ~~

ဟိတ် ဒီအထဲက ​ကော်ဖီတုံးကြီးးးးး

ပြီး​သေးဘူးလား မြန်မြန်လုပ်ပါဗျာ သွားမယ်လို့.....

အဝတ်လဲခန်း​ရှေ့က​​နေ ​တံခါးကို တဒုန်းဒုန်းထုရင်း အော်ဟစ်​​နေတာ​ကြောင့် ​ဂျင်းဘောင်းဘီကို အမြန်ထိုးစွပ်ကာ ရှပ်လက်ရှည်အကွက် တစ်ထည် ​ကောက်ဝတ်ပြီး အင်္ကျီကြယ်သီးလဲ အပြည့်မတပ်နိုင် အနားက ခါးပတ်ကြိုး အမြန်ဆွဲယူကာပတ်ရင်း အပြင်ကိုထွက်လိုက်​တာနဲ့ တန်း မိတ်ဆက်သွားရပြီ........

ဖြန်း!!!

🖤 : အားး ​သေပါပြီ က​လေးရယ် ဘာပြုလို့ရိုက်တာတုန်းလို့....

❤ : ဘယ်အရပ်​ဒေသကို မြူစွမ်လှမ်း တိုက်ချင်​နေတာလဲ ခင်ဗျားက!

🖤 : ဟမ် ဘယ်သူက ​နေမ​ကောင်းဘူး​​ပြောလို့လဲက​လေးရ....

❤ : အင့် အင့် နားလည်းမလည်ဘူး....
ဒီမှာ​လေ ဒီမှာ ဒီမှာ အင်္ကျီကဟပြဲနဲ့ ဖွင့်ထားတာ ဗိုက်ထိ​တောင် ​ရောက်​တော့မယ် အ​တော်ဖြစ်​နေတယ် ဟတ်လား.....

Classic Love 🖤 ❤Onde histórias criam vida. Descubra agora