Unicode
....................
မာန် လည်းဟေဇယ့် ကိုလိုက်ပို့ပေးပြီး၍အိမ်သို့ပြန်လာသည်။ ဒီနေ့ မာန်အတော်ဒေါသထွက်သွားသည်။ အိမ်ကိုလာတဲ့ဧည့်သည်ကို ခွန်းက ဘယ်လိုတောင်ဆက်ဆံလိုက်ရတာလဲဟုသာတွေးနေမိသည်။
အခန်းထဲဝင်လာတော့ စောင်ထဲတစ်ကိုယ်လုံးသွင်းကာ အိပ်နေသော ခွန်းရဲ့ဘေးမှာပဲဝင်အိပ်ခဲ့သည်။
ခွန်း လည်းနောက်ဆုံးအကြိမ်အဖြစ် မာန်ရဲ့လက်တစ်စုံရောက်လာမလားဟုမျှော်လင့်ခဲ့သော်လည်း မာန်သည်ညတ်ိုင်းသူ့ကိုဖက်အိပ်နေကြပေမယ့် ဒီနေ့မှာတော့ ခွန်းကိုကျောခိုင်းကာ အိပ်နေလေသည်။
ခွန်း လည်းအများကြီးစဉ်းစားမနေတော့ဘဲ အိပ်လိုက်တော့သည်။
................................။
"ထိုက် ထစမ်း "
"အွန်း...ဟင်း...."
ဘုန်းစစ် ရဲ့တကိုယ်လုံးကိုသိမ်းကြုံးဖက်ထားတာမို့ နိုးနေသောဘုန်းစစ်လည်းထမရပေ။ အော်၍နှိုးလိုက်သော်လည်း အိပ်နေတာပုံတောင်မပျက်ဘဲ ညည်းသံတွေထွက်လာသည်။
" ပုစိ ထလို့ပြောနေတယ်လေ ကိုကိုအလုပ်သွားရဦးမယ် "
ထလိုထညား ညင်သာစွာပြောမိသော်လည်း နည်းနည်းလေးမှလှုပ်မလာတာမို့ ဆဲလည်းဆဲစေတော့ ဟုတွေးကာကုတင်ပေါ်မှကန်ချလိုက်သည်။
" အား... အကို့....."
ငိုမဲ့မဲ့ရုပ်ဖြင့် ဘုန်းစစ်ကိုမကျေနပ်ဟန်ကြည့်နေလေသည် ။
" ထလို့ပြောနေတာကို ထမှမထတာ.... "
ကုတင်အောက်တွင် ခါးကိုကိုင်ကာ ငိုမဲ့မဲ့ဖြစ်နေသော ထိုက်ကို ဘုန်းစစ်ကျော်ခွကာ ထလိုက်သည်။
" ထိုင်မနေနဲ့ထတော့ ငါနဲ့ဆိုက်ထဲလိုက်ခဲ့"
"ဟာ...မလိုက်ဘူး...ပူတယ် "
" မင်းအသက်ဘယ်လောက်လဲ ၂၃ တောင်ရှိနေပြီ ကလေးလို့ထင်နေတုန်းလား... လုပ်တတ်တာဘာရှိလဲ "
"ဟင်း....."
ထိုက် လည်းမနိုင်တဲ့အဆုံး ဘုန်းစစ်သဘောအတိုင်းသာ ပြင်ဆင်၍ကုမ္ပဏီကိုလိုက်လာရသည်။
"ဘာမှမစားရေသးဘူးမဟုတ်လား? တစ်ခုခုအရင်စားကြရအောင်"
"ပြီးရော...."
စားသောက်ဆိုင်တစ်ဆိုင်ဝင်၍ စားချင်တာကိုမှာလိုက်ကြသည်။ စားပွဲထိုးလေးကလာချပေးသော မုန့်တို့ကိုစား၍ ပိုက်ဆံရှင်းကာကုမ္ပဏီ ကိုထွက်လာခဲ့လိုက်ကြသည်။
"ဘယ်သွားနေတာလဲအကို? ကုမ္ပဏီလမ်းလည်းမဟုတ်ဘူးနော် "
" အေး.....မုန်းမာန်စစ်သွေး တို့အိမ်သွားမှာ "
"ဘာ.....မဟုတ်တာတွေမလုပ်နဲ့နော်....ကျွန်တော်မလိုက်ဘူး ကားရပ်ပေး...."
"အခုထိကြောက်နေတုန်းလား ရှောင်ပုန်းနေတာလား....?အဲ့တာဆိုလည်း အစောကတည်းက ဘာလို့ပတ်သက်ခဲ့သေးလဲ"
"ကျွန်တော် အရမ်းကိုပတ်သက်ချင်တယ်များထင်နေလို့လား!ရူးတော့မလိုဘဲဆိုတာကိုရောသိရဲ့လား? "
ထိုက် လည်းဒေါသထွက်၍ ဘုန်းစစ်ကိုအော်ပြောလိုက်သည်။ သူအော်သာပြောလိုက်ချင်သည် ကိုကို့အတွက် ပတ်သက်ခဲ့ရတာ ။ ကိုကို့ကြောင့်ဆိုပြီး .....။
သူတို့၂ယောက်ရဲ့အခြေအနေဟာ တင်းမာနေတာမို့ ဘုန်းစစ်လည်းကားကိုရပ်လိုက်သည်။ ထိုက်ကတော့ ဘုန်းစစ် ကိုမျက်ရည်ဝဲနေသော မျက်လုံးတွေနှင့်ကြည့်ကာ ကားထဲကထွက်သွားလေသည်။
ဝုန်း!
တံခါးကိုအရှိန်နှင့်ဆောင့်ပိတ်လိိုက်တာမို့ ဘုန်းစစ် လည်းလန့်သွားသည်။ ဘာလဲ ကိုယ်ကသူတို့ကိုတွေ့ပေးချင်တာလေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သံသယတွေဖြစ်နေမှာဆိုးလို့ အချင်းချင်းတွေ့ပြီး ဖြေရှင်းစေချင်တာလေ ။
ဘုန်းစစ် လည်းသက်ပြင်းချ၍ တစ်ယောက်တည်းသာ မာန့်ရဲ့အိမ်ကိုရောက်လာလေသည်။
...........................။
ထိုက်လည်း အကိုနဲ့ရန်ဖြစ်ပြီး ခြေဦးတည့်ရာလျှောက်သွားနေမိသည် ။ ဟုတ်တယ်လေ ဘယ်သူက အတိတ်မှာပတ်သတ်ခဲ့တဲ့ မကောင်းတဲ့အတိတ်တွေရှိတဲ့သူနဲ့ပြန်တွေ့ချင်လို့လဲ ?
အကိုက အရူးမို့လို့လား ?
တစ်ညနေလုံး ခြေညောင်းအောင်လျှောက်ပြီးမှ အိမ်ကိုဆူပုတ်ပုတ်ပြန်လာလေသည် ။
......................။
အိမ်ရှေ့မှာကားရပ်သံကြားတာမို့ မာန်လည်း ခွန်း ဘက်ကိုလှည့်၍
" အပြင်ကိုလုံးဝထွက်မလာမိစေနဲ့ကြားလား"
မာန် ပြောနေတာတွေကို ခွန်းလည်းနားမလည်ပေမယ့် ခေါင်းသာငြိမ့်ပြလိုက်သည် ။ မထွက်နဲ့ဆိုမှတော့မထွက်ရဘူးပေါ့။
မာန် လည်းနေမကောင်းတာမို့ ကုမ္ပဏီမသွားနိုင်ပေ။ အဲ့တာကြောင့် ဘုန်းစစ်ကလည်း အခြားရက်တွေမအားဘူးဆိုတာကြောင့် အိမ်ကိုပဲလာတွေ့ခိုင်းလိုက်ရသည်။ ခွန်း ကိုသာတွေ့သွားခဲ့ရင်ဆိုတဲ့စိတ်ကကြီးစိုးနေတာမို့ အခန်းထဲထည့်၍သော့ပိတ်ထားခဲ့ရသည်။
အဝတ်အစားကိုသပ်သပ်ရပ်ရပ်ပြင်ဆင်၍ ရှည်လျားလှသော လှေကားထစ်ကိုဆင်းပြီး မာန် လည်း အောက်ထပ်သို့ရောက်လာလေသည်။
" ကိုဘုန်းစစ် ထိုင်ပါ "
" ဆွေးနွေးစရာလေးတွေရှိလို့ပါ "
မာန် လည်းအခုချိန်အိမ်မှာသူတစ်ယောက်တည်းဖြစ်သည်။ ဘဘ တော့ရှိပေမယ့် ကြီးကြီးကေတာ့ တူမလေးဆုံးတယ်ဆို၍ ရွာကိုခဏပြန်သွားလေသည်။ စစ်ကို ကိုလည်း အိမ်ခေါ်ထားလို့မရ ။ ကုမ္ပဏီမှာဘယ်သူမှမရှိဘူးလေ ။
" စီမံကိန်းကို နောက်တစ်ပတ်ကိုရွေ့ချင်တယ် ကျူပ်ဇယားဆွဲပေးပြီပြီ "
ဘုန်းစစ်သည် ပုံဆွဲထားသည့် စက္ကူပိတ်စတစ်ခုကို မာန့်ကိုပေးလိုက်သည်။ ဆွဲထားတာကတော့ တိုက်တစ်ခုပုံစံ။
" အဆင်ပြေလား"
ဘုန်းစစ် ကမေးတော့ မာန်ကခေါင်းငြိမ့်ပြလေသည်။
ဒါလေးဟာ သူနဲ့ခွန်းနေဖို့သီးသန့်ဆောက်ခိုင်းထားတဲ့အဆောက်အဦးတစ်ခု။
" ပြေတယ်....ဒါပေမယ့် ဒီနားကိုပန်းခြံလေးလုပ်ပေး "
"အိုကေ...အဆင်ပြေသလိုလေး ကြည့်လုပ်ပေးမယ်လေ"
"ကောင်းပြီ "
"တစ်ခုခုသောက်ပါဦးလား ကိုဘုန်းစစ် "
" အားနာပါတယ်ဗျ ကျွန်တော်လည်းကိစ္စလေးရှိနေလို့ပါ "
" ဂရုစိုက်ပြန်ပါ ကျွန်တော်လိုက်မပို့တော့ဘူး အဖျားကူးမှာဆိုးလို့ "
"အာ....ရပါတယ် အဲ့တာဆိုကျုပ်သွားပြီ "
မာန် လည်း ဘုန်းစစ်ကိုအိမ်အဝင်အဝအထိ လိုက်ပို့ပေးလိုက်လေသည်။
......................................။
အခန်းတံခါးကသော့ခတ်ထားတာမို့ ခွန်းလည်းဘာမှလုပ်မရပေ။ မနက်ကတည်းက သူ့စ်ိတ်တွေလေးနေသည်။ တစ်ခုခုကိုတားခဲ့ရေတာ့မလိုလား? တစ်ခုခုကိုဆုံးရှုံးရတော့မလိုလား? သူလည်းမသိပေမယ့် ထူးဆန်းတဲ့ခံစားချက်ကဖြစ်ပေါ်နေသည်။
ကုတင်ပေါ်တွင် ဒူးလေးနှစ်ဖက်ကိုပိုက်ကာထိုင်နေသည်။
တစ်ချိန်တည်းမှာပင် အတွေးတို့သည်ဘူးပေါ်သလိုပေါ်လာလေသည်။
သူစဉ်းစားမိသည်။ ဧည့်သည်လာတယ်ဆိုတော့ မာန် သူ့ကိုဂရုမစိုက်မိလောက်ဘူးမဟုတ်လား? သူကိုယ်တိုင်ဂရုမစိုက်နိုင်လို့ သူ့ကိုသော့ခတ်ခဲ့တာပဲ ဟုတွေးမိသည်။
ထပ်ပြီးတွေးမိသေးသည်။ အကယ်၍ အခုအချိန်မှသာ သူထွက်မသွားဘူးဆိုရင် ဘယ်အချိန်မှလဲ အခွင့်အရေးဟာနှစ်ခါမရနိုင်မှန်း ခွန်းသိသည်။ အဲ့တာကြောင့် ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ ဘယ်သူမှရှိမနေပေ။
ပြတင်းပေါက်ကနေ အောက်ရဲ့အမြင့်ကိုကြည့်တော့ အတော်မြင့်သည်။ အရှေ့ပြတင်းပေါက်ကဆို မာန်သိသွားလိမ့်မည်။
ဖြစ်ချင်တော့ သူတို့ရဲ့အခန်းကထောင့်စွန်းဖြစ်နေတာမို့ ကားဂိုဒေါင်နှင့်နီးသည်။
သူစဉ်းစားတာက အောက်ရောက်သွားရင် ကားဂိုဒေါင်တွင်ပုန်းကာ မာန်သူ့အခန်းကိုဝင်လာတော့မှ ခြံရဲ့အနောက်ပေါက်ကနေထွက်ပြေးမည်ဟုပင်။ ဒီတစ်ခါတော့လွှတ်မြောက်အောင် မရ ရအောင်ထွက်သွားမှာ ဆွဲထားလို့ကိုမရအောင် ထွက်ပြေးတော့မည် ဟုဆုံးဖြတ်လိုက်သည် ။
သစ်ပင်တွေနဲ့ဆိုတော့ ချုံတိုးသွားရင် မာန်မမြင်လောက်ဟုတွေး၍ အနောက်ပြတင်းပေါက်ကိုလေ့လာလိုက်သည်။
အမြင့်သည် အတော်မြင့်တာမို့ ခွန်း လည်းရှိသမျှ အိပ်ရာခင်းတွေ သိမ်းထားတာတွေရော ထုတ်သုံးထားတဲ့စောင်တွေရော မာန့်ရဲ့လောင်းကုတ် တွေကိုပါယူ၍နသူရဲ့လက်လေးဖြင့် ခိုင်ခံစွာ တွဲလျောင်းစုပြုံချည်လိုက်သည်။
ထို့နောက် ပိတ်စတွေရဲ့အရှည်သည် အခန်းတစ်ပတ်လည်စာလောက်ရသွားတာမို့ ခွန်းလည်းပြုံးလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘောင်နှင့် အဝတ်စတစ်ခုကိုခိုင်ခံစွာချည်၍ မာန်ထွက်အလာကိုစောင့်နေလိုက်သည်။ ဧည့်သည်ကိုဒီအတိုင်းထားမှာတော့မဟုတ် ၊ သေချာပေါက်ကိုလိုက်ပို့လိမ့်မည်။
ဝရန်တာကနေဆင်းရင်ရပေမယ့် အိမ်ရှေ့မျက်နှာကြီးလေ တစ်ခါတည်းကိုသေမှာပေါ့ ။ အဲ့တာကြောင့် အခန်းရဲ့အနောက်ပြတင်းပေါက်နေပဲဆင်းဖို့ကြံရသည်။ ဝရန်တာမှာရပ်၍ မာန် ထွက်အလာကိုစောင့်နေလိုက်သည်။
ခဏကြတော့ မာန်နှင့်အတူ လူတစ်ယောက်ကပါထွက်လာ၍ မာန်တို့ရဲ့ကျယ်လောင်သော ရယ်မောသံတွေ စကားပြောသံတွေကိုကြားလိုက်ရသည်။
ခွန်း လည်းစိတ်ကိုတင်းကာ လွှတ်ရင်လွှတ် မလွှတ်ရင်သေပဲ။
သူ့အတွက် တော့အရှုံးမရှိ၊ လွှတ်မြောက်ခဲ့ရင်တော့ပိုကောင်းတာပေါ့ ၊ မလွှတ်မြောက်ခဲ့ရင်လည်း ဒီဘဝမှာမနေချင်တော့တာပဲ နောက်ဆုံးလမ်းက ကိုယ့်ကိုကိုယ်သတ်သေခြင်းတဲ့။
အဖန်ငါးရာငါးကမ္ဘာလား?ထားပါ အဲ့တာ အနာဂတ်မှာမှ ၊ ပစ္စုပ္ပန်မှာတော့ သူတကယ်ကိုအသက်မရှင်ချင်တော့ပေ။
မာန် ထွက်လာတာကိုတွေ့တာမို့ ချည်နှောင်ထားသော အ၀တ်ထုံးကို အောက်သို့ချကာ တန်းလန်းဖြစ်နေသော အဝတ်စတွေကိုကိုင်၍ အောက်သို့တစ်ဖြည်းဖြည်းချင်းဆင်းလာလိုက်သည်။
သို့ပေမယ့် အဝတ်တွေကိုအဲ့လောက်များအောင်ဆက်ထားတာတောင် အဝတ်ပုံစံကြိုးထုံးသည် အောက်အထိမရောက်ပေ ၊ မြေပြင်နှင့်အတော်တောင်လွတ်နေလေသည်။
ခွန်း လည်းဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးစုံမှိတ်၍ခုံချလိုက်လေသည်။
အ့......!
အသံထွက်သွားတာမို့ ခွန်းလည်းပါးစပ်ကိုပိတ်ကာ ထောင့်လေးတစ်ထောင့်ကိုကပ်၍ ပါးစပ်ကိုပိတ်ထားလိုက်သည်။ ခြေထောက်သည်လည်းအရမ်းကိုနာနေလေပြီ၊ အရှိန်နဲ့ကျတာရယ် မြင့်သောအမြင့်ရယ်ကြောင့်ရော ခြေထောက်က အတော်နာသည်။
မာန် ကဲ့သို့သောဖိနပ်အသံကိုကြားရတာမို့ ခွန်း လည်း သေပြီဟုတွေးကာ လက်ကိုပါးစပ်တွင်ကျစ်ကျစ်ပါအောင် ကိုက်ထားလိုက်သည်။ မျက်စိရှေ့တွင် မာန်စီးနေကြဖိနပ်ထိပ်ဟာပေါ်လာတာမို့ မျက်ရည်တွေကျလာသည် ။ တကယ်ကိုမလွှတ်မြောက်နိုင်တော့ဘူးထင်ပါရဲ့ ။
စိတ်ထဲတွင်လည်း "ပြန်သာမိသွားခဲ့ရင် သေပြီ " ဟုပင်သူတွေးမိလိုက်သည်။
......................................။
ဖတ်ရတာအဆင်ပြေတယ် ကြိုက်တယ်ဆိုရင် အခြားသူတွေကိုမျှပေးပါဦး အသစ်လေးမို့လို့ပါ ။
ဒါနဲ့ မောင် နဲ့ လွန်း တို့ viwer 100k ပြည့်သွားပါပြီ ။ အျခားficတွေနဲ့ယှဉ်ရင်နည်းနေပေမယ့် ကိုယ့်လိုအာသာပေါက်စအနေနဲ့ဆိုရင်တော့ မမှန်းရဲတဲ့ပမာနပါ အားပေးခဲ့ကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်
#မောင်စေရင်100viwer
#VeraVicki
Zawgyi
....................
မာန္ လည္းေဟဇယ့္ ကိုလိုက္ပို႔ေပးၿပီး၍အိမ္သို႔ျပန္လာသည္။ ဒီေန႕ မာန္အေတာ္ေဒါသထြက္သြားသည္။ အိမ္ကိုလာတဲ့ဧည့္သည္ကို ခြန္းက ဘယ္လိုေတာင္ဆက္ဆံလိုက္ရတာလဲဟုသာေတြးေနမိသည္။
အခန္းထဲဝင္လာေတာ့ ေစာင္ထဲတစ္ကိုယ္လုံးသြင္းကာ အိပ္ေနေသာ ခြန္းရဲ႕ေဘးမွာပဲဝင္အိပ္ခဲ့သည္။
ခြန္း လည္းေနာက္ဆုံးအႀကိမ္အျဖစ္ မာန္ရဲ႕လက္တစ္စုံေရာက္လာမလားဟုေမွ်ာ္လင့္ခဲ့ေသာ္လည္း မာန်သည်ညတ်ိုင်းသူ့ကိုဖက်အိပ်နေကြပေမယ့် ဒီေန႕မွာေတာ့ ခြန္းကိုေက်ာခိုင္းကာ အိပ္ေနေလသည္။
ခြန္း လည္းအမ်ားႀကီးစဥ္းစားမေနေတာ့ဘဲ အိပ္လိုက္ေတာ့သည္။
................................။
"ထိုက္ ထစမ္း "
"အြန္း...ဟင္း...."
ဘုန္းစစ္ ရဲ႕တကိုယ္လုံးကိုသိမ္းႀကဳံးဖက္ထားတာမို႔ နိုးေနေသာဘုန္းစစ္လည္းထမရေပ။ ေအာ္၍ႏွိုးလိုက္ေသာ္လည္း အိပ္ေနတာပုံေတာင္မပ်က္ဘဲ ညည္းသံေတြထြက္လာသည္။
" ပုစိ ထလို႔ေျပာေနတယ္ေလ ကိုကိုအလုပ္သြားရဦးမယ္ "
ထလိုထညား ညင္သာစြာေျပာမိေသာ္လည္း နည္းနည္းေလးမွလႈပ္မလာတာမို႔ ဆဲလည္းဆဲေစေတာ့ ဟုေတြးကာကုတင္ေပၚမွကန္ခ်လိဳက္သည္။
" အား... အကို႔....."
ငိုမဲ့မဲ့႐ုပ္ျဖင့္ ဘုန္းစစ္ကိုမေက်နပ္ဟန္ၾကည့္ေနေလသည္ ။
" ထလို႔ေျပာေနတာကို ထမွမထတာ.... "
ကုတင္ေအာက္တြင္ ခါးကိုကိုင္ကာ ငိုမဲ့မဲ့ျဖစ္ေနေသာ ထိုက္ကို ဘုန္းစစ္ေက်ာ္ခြကာ ထလိုက္သည္။
" ထိုင္မေနနဲ႕ထေတာ့ ငါနဲ႕ဆိုက္ထဲလိုက္ခဲ့"
"ဟာ...မလိုက္ဘူး...ပူတယ္ "
" မင္းအသက္ဘယ္ေလာက္လဲ ၂၃ ေတာင္ရွိေနၿပီ ကေလးလို႔ထင္ေနတုန္းလား... လုပ္တတ္တာဘာရွိလဲ "
"ဟင္း....."
ထိုက္ လည္းမနိုင္တဲ့အဆုံး ဘုန္းစစ္သေဘာအတိုင္းသာ ျပင္ဆင္၍ကုမၸဏီကိုလိုက္လာရသည္။
"ဘာမြမစားေရသးဘူးမဟုတ္လား? တစ္ခုခုအရင္စားၾကရေအာင္"
"ၿပီးေရာ...."
စားေသာက္ဆိုင္တစ္ဆိုင္ဝင္၍ စားခ်င္တာကိုမွာလိုက္ၾကသည္။ စားပြဲထိုးေလးကလာခ်ေပးေသာ မုန႔္တို႔ကိုစား၍ ပိုက္ဆံရွင္းကာကုမၸဏီ ကိုထြက္လာခဲ့လိုက္ၾကသည္။
"ဘယ္သြားေနတာလဲအကို? ကုမၸဏီလမ္းလည္းမဟုတ္ဘူးေနာ္ "
" ေအး.....မုန္းမာန္စစ္ေသြး တို႔အိမ္သြားမွာ "
"ဘာ.....မဟုတ္တာေတြမလုပ္နဲ႕ေနာ္....ကြၽန္ေတာ္မလိုက္ဘူး ကားရပ္ေပး...."
"အခုထိေၾကာက္ေနတုန္းလား ေရွာင္ပုန္းေနတာလား....?အဲ့တာဆိုလည္း အေစာကတည္းက ဘာလို႔ပတ္သက္ခဲ့ေသးလဲ"
"ကြၽန္ေတာ္ အရမ္းကိုပတ္သက္ခ်င္တယ္မ်ားထင္ေနလို႔လား!႐ူးေတာ့မလိုဘဲဆိုတာကိုေရာသိရဲ႕လား? "
ထိုက္ လည္းေဒါသထြက္၍ ဘုန္းစစ္ကိုေအာ္ေျပာလိုက္သည္။ သူေအာ္သာေျပာလိုက္ခ်င္သည္ ကိုကို႔အတြက္ ပတ္သက္ခဲ့ရတာ ။ ကိုကို႔ေၾကာင့္ဆိုၿပီး .....။
သူတို႔၂ေယာက္ရဲ႕အေျခအေနဟာ တင္းမာေနတာမို႔ ဘုန္းစစ္လည္းကားကိုရပ္လိုက္သည္။ ထိုက္ကေတာ့ ဘုန္းစစ္ ကိုမ်က္ရည္ဝဲေနေသာ မ်က္လုံးေတြႏွင့္ၾကည့္ကာ ကားထဲကထြက္သြားေလသည္။
ဝုန္း!
တံခါးကိုအရွိန္ႏွင့္ေဆာင့္ပိတ္လိိုက္တာမို႔ ဘုန္းစစ္ လည္းလန႔္သြားသည္။ ဘာလဲ ကိုယ္ကသူတို႔ကိုေတြ႕ေပးခ်င္တာေလ တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ သံသယေတြျဖစ္ေနမွာဆိုးလို႔ အခ်င္းခ်င္းေတြ႕ၿပီး ေျဖရွင္းေစခ်င္တာေလ ။
ဘုန္းစစ္ လည္းသက္ျပင္းခ်၍ တစ္ေယာက္တည္းသာ မာန႔္ရဲ႕အိမ္ကိုေရာက္လာေလသည္။
...........................။
ထိုက္လည္း အကိုနဲ႕ရန္ျဖစ္ၿပီး ေျခဦးတည့္ရာေလွ်ာက္သြားေနမိသည္ ။ ဟုတ္တယ္ေလ ဘယ္သူက အတိတ္မွာပတ္သတ္ခဲ့တဲ့ မေကာင္းတဲ့အတိတ္ေတြရွိတဲ့သူနဲ႕ျပန္ေတြ႕ခ်င္လို႔လဲ ?
အကိုက အ႐ူးမို႔လို႔လား ?
တစ္ညေနလုံး ေျခေညာင္းေအာင္ေလွ်ာက္ၿပီးမွ အိမ္လို႔ဆူပုတ္ပုတ္ျပန္လာေလသည္ ။
......................။
အိမ္ေရွ႕မွာကားရပ္သံၾကားတာမို႔ မာန္လည္း ခြန္း ဘက္ကိုလွည့္၍
" အျပင္ကိုလုံးဝထြက္မလာမိေစနဲ႕ၾကားလား"
မာန္ ေျပာေနတာေတြကို ခြန္းလည္းနားမလည္ေပမယ့္ ေခါင္းသာၿငိမ့္ျပလိုက္သည္ ။ မထြက္နဲ႕ဆိုမွေတာ့မထြက္ရဘူးေပါ့။
မာန္ လည္းေနမေကာင္းတာမို႔ ကုမၸဏီမသြားနိုင္ေပ။ အဲ့တာေၾကာင့္ ဘုန္းစစ္ကလည္း အျခားရက္ေတြမအားဘူးဆိုတာေၾကာင့္ အိမ္ကိုပဲလာေတြ႕ခိုင္းလိုက္ရသည္။ ခြန္း ကိုသာေတြ႕သြားခဲ့ရင္ဆိုတဲ့စိတ္ကႀကီးစိုးေနတာမို႔ အခန္းထဲထည့္၍ေသာ့ပိတ္ထားခဲ့ရသည္။
အဝတ္အစားကိုသပ္သပ္ရပ္ရပ္ျပင္ဆင္၍ ရွည္လ်ားလွေသာ ေလွကားထစ္ကိုဆင္းၿပီး မာန္ လည္း ေအာက္ထပ္သို႔ေရာက္လာေလသည္။
" ကိုဘုန္းစစ္ ထိုင္ပါ "
" ေဆြးႏြေးစရာေလးေတြရွိလို႔ပါ "
မာန္ လည္းအခုခ်ိန္အိမ္မွာသူတစ္ေယာက္တည္းျဖစ္သည္။ ဘဘ ေတာ့ရွိေပမယ့္ ႀကီးႀကီးကေတာ့ တူမေလးဆုံးတယ္ဆို၍ ႐ြာကိုခဏျပန္သြားေလသည္။ စစ္ကို ကိုလည္း အိမ္ေခၚထားလို႔မရ ။ ကုမၸဏီမွာဘယ္သူမွမရွိဘူးေလ ။
" စီမံကိန္းကို ေနာက္တစ္ပတ္ကိုေ႐ြ႕ခ်င္တယ္ က်ဴပ္ဇယားဆြဲေပးၿပီၿပီ "
ဘုန္းစစ္သည္ ပုံဆြဲထားသည့္ စကၠဴပိတ္စတစ္ခုကို မာန႔္ကိုေပးလိုက္သည္။ ဆြဲထားတာေကတာ့ တိုက္တစ္ခုပုံစံ။
" အဆင္ေျပလား"
ဘုန္းစစ္ ကေမးေတာ့ မာန္ကေခါင္းၿငိမ့္ျပေလသည္။
ဒါေလးဟာ သူနဲ႕ခြန္းေနဖို႔သီးသန႔္ေဆာက္ခိုင္းထားတဲ့အေဆာက္အဦးတစ္ခု။
" ေျပတယ္....ဒါေပမယ့္ ဒီနားကိုပန္းၿခံေလးလုပ္ေပး "
"အိုေက...အဆင္ေျပသလိုေလး ၾကည့္လုပ္ေပးမယ္ေလ"
"ေကာင္းၿပီ "
"တစ္ခုခုေသာက္ပါဦးလား ကိုဘုန္းစစ္ "
" အားနာပါတယ္ဗ် ကြၽန္ေတာ္လည္းကိစၥေလးရွိေနလို႔ပါ "
" ဂ႐ုစိုက္ျပန္ပါ ကြၽန္ေတာ္လိုက္မပို႔ေတာ့ဘူး အဖ်ားကူးမွာဆိုးလို႔ "
"အာ....ရပါတယ္ အဲ့တာဆိုက်ဳပ္သြားၿပီ "
မာန္ လည္း ဘုန္းစစ္ကိုအိမ္အဝင္အဝအထိ လိုက္ပို႔ေပးလိုက္ေလသည္။
......................................။
အခန္းတံခါးကေသာ့ခတ္ထားတာမို႔ ခြန္းလည္းဘာမွလုပ္မရေပ။ မနက္ကတည္းက သူ့စ်ိတ်တွေလေးနေသည်။ တစ္ခုခုကိုတားခဲ့ရေတာ့မလိုလား? တစ္ခုခုကိုဆုံးရႈံးရေတာ့မလိုလား? သူလည္းမသိေပမယ့္ ထူးဆန္းတဲ့ခံစားခ်က္ကျဖစ္ေပၚေနသည္။
ကုတင္ေပၚတြင္ ဒူးေလးႏွစ္ဖက္ကိုပိုက္ကာထိုင္ေနသည္။
တစ္ခ်ိန္တည္းမွာပင္ အေတြးတို႔သည္ဘူးေပၚသလိုေပၚလာေလသည္။
သူစဥ္းစားမိသည္။ ဧည့္သည္လာတယ္ဆိုေတာ့ မာန္ သူ႕ကိုဂ႐ုမစိုက္မိေလာက္ဘူးမဟုတ္လား? သူကိုယ္တိုင္ဂ႐ုမစိုက္နိုင္လို႔ သူ႕ကိုေသာ့ခတ္ခဲ့တာပဲ ဟုေတြးမိသည္။
ထပ္ၿပီးေတြးမိေသးသည္။ အကယ္၍ အခုအခ်ိန္မွသာ သူထြက္မသြားဘူးဆိုရင္ ဘယ္အခ်ိန္မွလဲ အခြင့္အေရးဟာႏွစ္ခါမရနိုင္မွန္း ခြန္းသိသည္။ အဲ့တာေၾကာင့္ ပတ္ဝန္းက်င္ကိုအကဲခတ္ၾကည့္ေတာ့ ဘယ္သူမွရွိမေနေပ။
ျပတင္းေပါက္ကေန ေအာက္ရဲ႕အျမင့္ကိုၾကည့္ေတာ့ အေတာ္ျမင့္သည္။ အေရွ႕ျပတင္းေပါက္ကဆို မာန္သိသြားလိမ့္မည္။
ျဖစ္ခ်င္ေတာ့ သူတို႔ရဲ႕အခန္းကေထာင့္စြန္းျဖစ္ေနတာမို႔ ကားဂိုေဒါင္ႏွင့္နီးသည္။
သူစဥ္းစားတာက ေအာက္ေရာက္သြားရင္ ကားဂိုေဒါင္တြင္ပုန္းကာ မာန္သူ႕အခန္းကိုဝင္လာေတာ့မွ ၿခံရဲ႕အေနာက္ေပါက္ကေနထြက္ေျပးမည္ဟုပင္။ ဒီတစ္ခါေတာ့လႊတ္ေျမာက္ေအာင္ မရ ရေအာင္ထြက္သြားမွာ ဆြဲထားလို႔ကိုမရေအာင္ ထြက္ေျပးေတာ့မည္ ဟုဆုံးျဖတ္လိုက္သည္ ။
သစ္ပင္ေတြနဲ႕ဆိုေတာ့ ခ်ဳံတိုးသြားရင္ မာန္မျမင္ေလာက္ဟုေတြး၍ အေနာက္ျပတင္းေပါက္ကိုေလ့လာလိုက္သည္။
အျမင့္သည္ အေတာ္ျမင့္တာမို႔ ခြန္း လည္းရွိသမွ် အိပ္ရာခင္းေတြ သိမ္းထားတာေတြေရာ ထုတ္သုံးထားတဲ့ေစာင္ေတြေရာ မာန႔္ရဲ႕ေလာင္းကုတ္ ေတြကိုပါယူ၍နသူရဲ႕လက္ေလးျဖင့္ ခိုင္ခံစြာ တြဲေလ်ာင္းစုၿပဳံခ်ည္လိုက္သည္။
ထို႔ေနာက္ ပိတ္စေတြရဲ႕အရွည္သည္ အခန္းတစ္ပတ္လည္စာေလာက္ရသြားတာမို႔ ခြန္းလည္းၿပဳံးလိုက္သည္။ ထို႔ေနာက္ ျပတင္းေပါက္ေဘာင္ႏွင့္ အဝတ္စတစ္ခုကိုခိုင္ခံစြာခ်ည္၍ မာန္ထြက္အလာကိုေစာင့္ေနလိုက္သည္။ ဧည့္သည္ကိုဒီအတိုင္းထားမွာေတာ့မဟုတ္ ၊ ေသခ်ာေပါက္ကိုလိုက္ပို႔လိမ့္မည္။
ဝရန္တာကေနဆင္းရင္ရေပမယ့္ အိမ္ေရွ႕မ်က္ႏွာႀကီးေလ တစ္ခါတည္းကိုေသမွာေပါ့ ။ အဲ့တာေၾကာင့္ အခန္းရဲ႕အေနာက္ျပတင္းေပါက္ေနပဲဆင္းဖို႔ႀကံရသည္။ ဝရန္တာမွာရပ္၍ မာန္ ထြက္အလာကိုေစာင့္ေနလိုက္သည္။
ခဏၾကေတာ့ မာန္ႏွင့္အတူ လူတစ္ေယာက္ကပါထြက္လာ၍ မာန္တို႔ရဲ႕က်ယ္ေလာင္ေသာ ရယ္ေမာသံေတြ စကားေျပာသံေတြကိုၾကားလိုက္ရသည္။
ခြန္း လည္းစိတ္ကိုတင္းကာ လႊတ္ရင္လႊတ္ မလႊတ္ရင္ေသပဲ။
သူ႕အတြက္ ေတာ့အရႈံးမရွိ၊ လႊတ္ေျမာက္ခဲ့ရင္ေတာ့ပိုေကာင္းတာေပါ့ ၊ မလႊတ္ေျမာက္ခဲ့ရင္လည္း ဒီဘဝမွာမေနခ်င္ေတာ့တာပဲ ေနာက္ဆုံးလမ္းက ကိုယ့္ကိုကိုယ္သတ္ေသျခင္းတဲ့။
အဖန္ငါးရာငါးကမၻာလား?ထားပါ အဲ့တာ အနာဂတ္မွာမွ ၊ ပစၥဳပၸန္မွာေတာ့ သူတကယ္ကိုအသက္မရွင္ခ်င္ေတာ့ေပ။
မာန္ ထြက္လာတာကိုေတြ႕တာမို႔ ခ်ည္ႏွောင္ထားေသာ အ၀တ္ထုံးကို ေအာက္သို႔ခ်ကာ တန္းလန္းျဖစ္ေနေသာ အဝတ္စေတြကိုကိုင္၍ ေအာက္သို႔တစ္ျဖည္းျဖည္းခ်င္းဆင္းလာလိုက္သည္။
သို႔ေပမယ့္ အဝတ္ေတြကိုအဲ့ေလာက္မ်ားေအာင္ဆက္ထားတာေတာင္ အဝတ္ပုံစံႀကိဳးထုံးသည္ ေအာက္အထိမေရာက္ေပ ၊ ေျမျပင္ႏွင့္အေတာ္ေတာင္လြတ္ေနေလသည္။
ခြန္း လည္းျဖစ္ခ်င္ရာျဖစ္ဆိုၿပီး မ်က္လုံးစုံမွိတ္၍ခုံခ်လိဳက္ေလသည္။
အ့......!
အသံထြက္သြားတာမို႔ ခြန္းလည္းပါးစပ္ကိုပိတ္ကာ ေထာင့္ေလးတစ္ေထာင့္ကိုကပ္၍ ပါးစပ္ကိုပိတ္ထားလိုက္သည္။ ေျခေထာက္သည္လည္းအရမ္းကိုနာေနေလၿပီ၊ အရွိန္နဲ႕က်တာရယ္ ျမင့္ေသာအျမင့္ရယ္ေၾကာင့္ေရာ ေျခေထာက္က အေတာ္နာသည္။
မာန္ ကဲ့သို႔ေသာဖိနပ္အသံကိုၾကားရတာမို႔ ခြန္း လည္း ေသၿပီဟုေတြးကာ လက္ကိုပါးစပ္တြင္က်စ္က်စ္ပါေအာင္ ကိုက္ထားလိုက္သည္။ မ်က္စိေရွ႕တြင္ မာန္စီးေနၾကဖိနပ္ထိပ္ဟာေပၚလာတာမို႔ မ်က္ရည္ေတြက်လာသည္ ။ တကယ္ကိုမလႊတ္ေျမာက္နိုင္ေတာ့ဘူးထင္ပါရဲ႕ ။
စိတ္ထဲတြင္လည္း "ျပန္သာမိသြားခဲ့ရင္ ေသၿပီ " ဟုပင္သူေတြးမိလိုက္သည္။
..................................။
ဖတ္ရတာအဆင္ေျပတယ္ ႀကိဳက္တယ္ဆိုရင္ အျခားသူေတြကိုမွ်ေပးပါဦး အသစ္ေလးမို႔လို႔ပါ ။
ဒါနဲ႕ ေမာင္ နဲ႕ လြန္း တို႔ viwer 100k ျပည့္သြားပါၿပီ ။ အ်ခားficေတြနဲ႕ယွဥ္ရင္နည္းေနေပမယ့္ ကိုယ့္လိုအာသာေပါက္စအေနနဲ႕ဆိုရင္ေတာ့ မမွန္းရဲတဲ့ပမာနပါ အားေပးခဲ့ၾကတဲ့သူေတြကိုေက်းဇူးတင္ပါတယ္
#ေမာင္ေစရင္100viwer
#VeraVicki