Unicode
..................
ရန်ကုန်နွေကအရမ်းပူတာမို့ ရောက်ကတည်းကဘယ်မှမသွားဘဲ အခန်းထဲသာအောင်းနေလိုက်သည်။ အကိုလာပေးသော မုန်တွေကိုစားရင်း အကို့အနားကိုသွားလိုက်သည်။
မျက်မှန်လေးကိုချွတ်ကာ အလုပ်လုပ်နေရင်း လက်လေးထောက်၍ အိပ်ပျော်နေသော အကို့ကိုကြည့်၍ပြုံးကာ
"အကိုကချစ်စရာလေးဗျ.... "
အသက်အရွယ်အားဖြင့် 2 နှစ်ကွာသော အကိုကသူ့ထက်ကိုပင်ပို၍နုနေသေးသည်။
အကိုကကျွန်တော့်ဆိုအရမ်းဆူတာပဲဗျာ...ဒါပေမယ့်သ်ိလား အဲ့နေ့က အကို့အတွက်ကျွန်တော် သူချိန်းတဲ့နေရာက်ိုသွားခဲ့တာ အကြောင်းဖန်လာတော့ အကိုနဲ့ ၃ နှစ်တောင်ဝေးခဲ့တာပဲနော်.....ကျွန်တော်မပျော်ဘူး ။ အကိုမရှိရင် ကျွန်တော်တကယ်မပျော်ဘူး ။
ဟုသာပြုံး၍တွေးတောရင်း အ်ိပ်ပျော်နေသော ဘုန်းစစ်၏မျက်နှာလေးကိုလက်ဖြင့်ပွတ်ကာ အနမ်းမဆိုသောအနမ်းတို့ကို
ကြဲလိုက်လေသည်။
ထိုက် လည်းဘုန်းစစ်ဘေးနားမှထကာ အိပ်ရာပြင်၍ ဘုန်းစစ်ကိုချီမပြီးအိပ်ရာပေါ်တွင်အိပ်စက်စေသည်။
ထို့နောက် သူလည်းငယ်ငယ်လေးကတည်းက ဖက်အိပ်လာသည့် ဘုန်းစစ်ကိုဖက်ကာဘေးနားတွင်အိပ်လိုက်သည်။
.
.
.
.
.
.
အင်း.....ထိုက် နဲ့ ဘုန်းစစ် ရဲ့ဆက်ဆံရေးကဘယ်လိုပြောနိုင်မလဲ? လွန်ခဲ့တဲ့ နှစ်ကာလတွေကပေါ့ ။ ကောင်လေးတစ်ယောက်ဟာ ဘောလုံးလေးကိုကိုင်ရင်းငိုနေလေသည်။ ငိုနေသော ကောင်လေးကို ကောင်လေးတစ်ယောက်ကတွေ့ကာ
" ဟေး.....ပုစိ ဘာလို့ငိုနေတာလဲ "
မေးလိုက်သော ကောင်လေးသည် အသက်အရွယ်အားဖြင့် ၈ နှစ်လောက်သာရှိဦးမည်ထင်၏ ။ ငိုနေသော ကောင်လေးက မော့ကြည့်လာကာ
" တား(သား) ဘောလုံးလေး လေပေါက်သွားလို့ "
"အဲ့တာများ လာကိုကိုကအသစ်ဝယ်ပေးမယ် "
ဟုပြောရင်း ပုစိရဲ့လက်ကိုဆွဲကာ ဘောလုံးဆိုင်ကိုသွား၍ ၂၀၀ တန်ဘောလုံးလေးတစ်လုံးကိုဝယ်ပေးလိုက်သည်။
ဘောလုံးလေး ကိုလှမ်းပေးတော့ ပုစိကမော့ကြည့်လာကာ
" ဒီက ကိုကိုကတား(သား)ကိုလည်းမသိဘဲ ဝယ်ပေးတာလား "
" အယ်.... အဲ့တာဆို အခုမိတ်ဆက်ကြတာပေါ့ ပုစိနာမည်ဘယ်လိုခေါ်လဲ "
ပုစိ ကဘောလုံးလေးကိုပိုက်ကာ ခေါင်းလေးကိုကုပ်၍
" မေမေကတော့ တားတား(သားသား )ကို ထိုက်စိုးစံ လို့ခေါ်တာပဲ"
" ကိုကိုက ထိုက်လို့ခေါ်မယ် ကိုကို့်နာမည်က ဘုန်းစစ်ဟန် မှတ်ထားနော် မေမေဆူတော့မှာမို့ ကိုကိုသွားပြီ "
ဟုပြောရင်း သူ့ကိုတာ့တာ ပြရင်းထွက်သွားသော ဘုန်းစစ်ဟန်ကိုသူသေချာကိုစိုက်ကြည့်မိနေသည်။ ထိုနေ့ကစပြီး ဘုန်းစစ်သည်သူ့ဘဝရဲ့အလင်းရောင်ဖြစ်ခဲ့လေသည်။
နောက်တစ်နေ့မနက် ဘုန်းစစ်လည်း ပုစိကိုတွေ့ချင်တာမို့ စက်ဘီးလေးစီးရင်း ပုစိတို့ခြံဘက်ကို နင်းလာခဲ့သည်။
" ပုစိ! "
ခြံထဲကခုံပေါ်တွင်ထိုင်ကာဆော့နေသော ပုစိ ကို မြင်တာမို့ ဘုန်းစစ်လက်ပြ၍အော်ခေါ်လိုက်သည်။
ပုစိ ကတံခါးနားကိုအပြေးလေးလာ၍ ဘုန်းစစ် ကိုတံခါးဖွင့်ပေးလိုက်သည်။
"သား ဘယ်သူလဲ "
အိမ်ထဲကမိန်းမတစ်ယောက်ထွက်လာကာ မေးတော့ ပုစိက
"တား ရဲ့ ကိုကို အသစ် ၊ ကိုကိုက အရမ်းသဘောကောင်းတာ မေမေ ရဲ့ "
"သားကဟိုဘက်လမ်းက ကလေးနဲ့တူတယ် အန်တီဈေးသွားရင်တွေ့တွေ့နေကြကလေး "
"ဟုတ်တယ် သားလည်းအန်တီ့ကိုတွေ့ဖူးတယ် "
"ကဲ လာကွယ် အိမ်ထဲဝင်လေ "
ပုစိရဲ့အမေကခေါ်နေတာမို့ ဘုန်းစစ်လည်းအိမ်ထဲဝင်ကာ ပုစိနဲ့စက်ရုပ်လေးတွေဆက်ရင်း စကားတွေပြောကာ အတူတူဆော့နေလိုက်သည်။
ပုစိ ကသူ့ကိုမော့ကြည့်လာ၍ မေးခွန်းတို့ကိုမေးလေသည်။
"ကိုကို ကဘယ်မှာနေတာလဲဟင် တားသိလို့ရမလား"
"သိချင်ရင် ခဏနေခေါ်သွားပေးမယ်ဟုတ်ပြီလား"
"ဟုတ်...."
ဘုန်းစစ် အသည်းယားလာတာမို့ ဖောင်းနေတဲ့ပါးလေး၂ဖက်ကို ဆွဲညှစ်လိုက်တော့ ပုစိကရယ်ပြလာသည်။
"ကဲ တတ်...."
အန်တီ့ကိုပြော၍ ပုစိကိုခေါ်လာကာ စက်ဘီးပေါ်သ်ို့တက်ခိုင်းလေသည်။
" တား ကြောက်တယ် "
"ပုစ်ိ ကိုကို့ကိုယုံလား? ကိုကိုရှိနေတာပဲ မကြောက်နဲ့ "
အဲ့စကားလေးက အခုအချိန်ထိ ထိုက်စိတ်ဓာတ်ကျနေရင် အမြဲတမ်းပြောပေးတဲ့ ဘုန်းစစ်ရဲ့စကားလေးပင်ဖြစ်သည်။
ဘုန်းစစ်ကပြောတော့ ပုစိကခေါင်းငြိမ့်ပြလာသည်။
ပုစိ လည်းကိုကို့ခါးကိုဖက်၍နောက်မှလိုက်ပါလာခဲ့သည်။
"ပုစိ စက်ဘီးစီးရတာပျော်လား"
မေးလိုက်တော့ ကောင်ငယ်လေးကခေါင်းကိုငြိမ့်ပြလေသည်။
" နောက်နေ့လည်းလာခေါ်မယ် ဟုတ်ပြီလား"
ဘုန်းစစ် ရဲ့အိမ်ကိုလိုက်ပြပေးပြီး ပုစိကိုသူ့အိမ်သူပြန်ပို့ထားခဲ့ရသည်။
ကလေးငယ် အတွက်အလင်းရောင်သည် ဘုန်းစစ်ဖြစ်ခဲ့သည်။ ကလေးငယ်၏ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို ဘုန်းစစ်သာအပိုင်ရခဲ့သည်။
ထိုက်လည်း အိပ်နေသော ဘုန်းစစ်ကိုကြည့်၍ ဘေးမှထကာ သူ့ရဲ့အဝတ်အိတ်ကိုဖွင့်လိုက်သည်။ သေသေချာချာ သိမ်းထားသော အရာလေးသည် လေမရှိတော့ဘဲပြားကပ်နေသော ဘောလုံးလေး တစ်လုံးဖြစ်သည် ။ ထိုဘောလုံးလေးက်ိုကြည့်၍ ထိုက်မျက်ရည်ဝဲမိသည်။
သူတို့ရဲ့တွေ့ဆုံချိန်လေးက အရမ်းကိုလှခဲ့တာ အမှတ်တရတွေ ရှင်သန်မှုတွေနဲ့ပေါ့ ။ ဒါပေမယ့် အခုလက်ရှိမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဘုန်းစစ်ဟာ သူ့အပေါ်အေးစက်လာခဲ့သည်။ ထိုက်လည်းဘုန်းစစ်ကိုအမြဲတမ်းပြောနေကြစကားတစ်ခုရှိခဲ့သည်။
"ကျွန်တော် တောင်းပန်ပါတယ် ကိုကို " တဲ့
..............................။
၂ ရက်ကြာပြီးနောက်
ဒီနေ့ ဟေဇယ် အလုပ်စလုပ်တဲ့ရက်မို့ စိတ်တွေလှုပ်ရှားမိနေသည်ကတော့အမှန်ပင်ဖြစ်သည်။
" မာန်....အာ sorry Boss "
မာန် လာတာကိုမြင်၍ နှုတ်ဆက်နေကြအတိုင်း မာန် ဟုသာနှုတ်ဆက်လိုက်သည်။ ပြီးကျမှသတိရသွားကာ Boss ဟူ၍ပြောလိုက်သည်။
"ရတယ် မာန်လို့ပဲခေါ် "
မာန့် ရဲ့စကားကြောင့် ဟေဇယ်မိုးပြုံးလိုက်သည်။
"ဒီနေ့က အလုပ်စတာဆိုတော့ စစ်က်ိုဆီမှာပဲလိုအပ်တာတွေကိုမေးလိုက် မင်းအခန်းကဘေးခန်း "
ဟုပြောရင်း မာန်လည်းစာချုပ်တွေကိုစစ်၍ ထွက်သွားလေသည်။
..................................။
ညနေရောက်တော့ ခွန်းလည်းမာန့် ကိုစောင့်မနေတော့ဘဲ ကိုယ့်ဘာသာကိုယ် ထမင်းခူးခပ်စားလိုက်သည်။
ခဏနေတော့ ကားဟွန်းတီးသံကြောင့် ခွန်း လည်းထကာ သွားကြိုမယ်အလုပ် ကားပေါ်မှ အဖြူရောင်လက်ပြက်အင်္ကျီ ကိုဝတ်ဆင်ထားသော မိန်းမတစ်ဦးကပါ ကားပေါ်မှဆင်းလာလေသည်။
" လာလေ...."
မာန် က ခွန်းကိုတောင်ဂရုမစိုက်ဘဲ ဟေဇယ့်ကိုသာအိမ်ပေါ်ခေါ်နေခဲ့သည်။
"မာန် ဒါက? "
"အော်...ကိုယ့် အိမ်ကအဒေါ်ကြီးရဲ့သားပါ အော် ခွန်း ဒါက ဟေဇယ်မိုး "
"ဟုတ်တွေ့ရတာဝမ်းသာပါတယ် "
ခွန်း ကဟေဇယ့်ကိုလက်ဆွဲနှုတ်ဆက်ဖို့ကြံလိုက်ပေမယ့် ဟေဇယ်သည် နှုတ်ဆက်ရန်ကြံပြီးမှ လက်ကိုပြန်ရုပ်ကာ ကောင်းကင်ကိုလက်ညှိုးထိုး၍ မာန့်ကို ကြယ်တွေပြနေလေသည်။နှုတ်ဆက်ရန်လက်ပြင်ထားသည့်ခွန်းမှာတော့ ဒီအတိုင်းကြီးကျန်ခဲ့ကာ သူတို့ကတော့ အိမ်ထဲကိုဝင်သွားလေသည်။
မာန့် ရဲ့ အပြောက်ို ခွန်းမကြိုက်ပေ ။ ယူထားတာယောက်ျားတစ်ယောက်မို့ရှက်နေတာလား ကိုကို? နောက်ဆ်ိုကိုကို ရှက်စရာမလိုပါဘူး ခွန်း ကိုယ်တိုင်ထွက်သွားမှာတော့မှာ ဟုတွေးရင်း ရင်ထဲကအောင့်လာရသည်။
" ခွန်း မင်းချက်ထားတာလား "
မာန် ကပြောတော့ ခွန်းကရယ်ကာခေါင်းငြိမ့်ပြလေသည်။
" ဟေဇယ်လည်း ဖိုင်တွေလာယူတာဆိုတော့ တစ်ခါတည်းစားသွားလိုက်ပါလား "
"အားနာလိုက်တာ...."
"ရတယ် ခွန်းပြင်ထားလိုက် ငါအင်္ကျီသွားလဲဦးမယ် "
ဟုပြောရင်း အခန်းထဲကိုဝင်သွားလေသည်။
ခွန်း လည်းထမင်းပွဲတွေပြင်ပြီး ဟေဇယ့်ကိုပေးတော့ မထိတထိလုပ်၍ ပန်းကန်ကိုလွှတ်ချလိုက်သည်။
ခွန်း ကသိတာမို့ဒေါသထွက်၍ ဟေဇယ့်ကို ပြန်ပြောလိုက်သည်၊
"ခင်ဗျား ကဘယ်လိုမိန်းမလဲ? ပန်းကန်ကို တမင်ပစ်ချရလား?"
"နင့်အဆင့်..... "
ဟေဇယ် လည်းပြန်ပြောရန် ကြံပြီးမှ လှေကားထစ်ကနေ ဆင်းလာသောမာန့်ကိုတွေ့တာမို့
"ဟေဇယ် တောင်းပန်ပါတယ် ဟေဇယ် တကယ်မသိလိုက်တာပါ တကယ်....တကယ်ပါ "
"မင်း! "
"ဘာတွေဖြစ်နေကြတာလဲ "
မာန် လည်းအငြင်းပွားနေသော ၂ ယောက်ကိုတွေ့တာမို့ မေးလိုက်တော့ ဟေဇယ်ကစဖြေလာသည်။
"ဟေဇယ် ကမောင်လေး ထမင်းပန်းကန် ပေးနေတာကို မသိဘဲလက်နဲ့ရိုက်မိလို့ အဲ့.... အဲ့တာ.... အဟင့်...."
ဟေဇယ်လည်း စိတ်မကောင်းဝမ်းနည်းတဲ့ပုံစံကို မာန့် အားလုပ်ပြလိုက်သည်။
"လိမ်တယ်! "
ခွန်းကပြောတော့ မာန်ကမျက်မှောင်ကြုံ့ကာ
"တော်တော့နော် ခွန်းဆက်အိမ်! ဧည့်သည်ကိုပြန်ရန်တွေ့စရာလား? မင်းကိုငါအဲ့လိုပဲ သင်ပေးထားတာလား? ဟမ်! "
"မဟုတ်....သူ....တမင်...."
မာန်ကတော့ ဟေဇယ့်ကိုကျောခိုင်းထားတာမို့ မသိပေ ။ ဟေဇယ်က မာန့်အနောက်တွင်ရပ်ကာ ခွန်း ကိုရယ်ပြနေလေသည်။
"ထွက်သွား "
"နှင်တယ်....ဟုတ်လား? "
"အေး မင်းလို လူမှုရေးနားမလည်တဲ့ကောင်ကို ဆက်မမြင်ချင်ဘူး ထွက်သွား ! "
"ထွက်သွားမှာ အခုတင်မဟုတ်ဘူး.....နောက်ဆုံးအထိ "
ခွန်း ပြောလိုက်သောစကားရဲ့အဓိပ္ပါယ်ကိုသာ မာန် နားလည်ခဲ့မယ်ဆိုရင် သူဆွဲထားမိမှာအမှန်ပင်။
ခွန်း လည်း ဟိုမိန်းမရုပ်ကိုပဲမြင်နေရ၍ဒေါသထွက်ကာ အိပ်ခန်းထဲကိုသာဝင်လာလိုက်သည်။
ကိုကိုက မိန်းမတစ်ယောက်ရှေ့မှာသူ့ကိုအော်ခဲ့တာပဲ ။
ထွက်သွားမှာ ဒီအိမ်ကြီးထဲကရော ကိုကို့ ရင်ခွင်ထဲကရော ။
.............................။
မောင်စေရင် က ရေးရင်ကြာမှာ အဆင်မပြေတာမို့ လှောင်အိမ်ငယ် ကိုပဲရေးလိုက်ရတယ် ဒီည မ up တော့ဘူးလို့ထင်နေကြတယ်မဟုတ်လား? 😁
အိပ်ရေးပျက်ခံပြီးတင်ပေးတာနော် vote လေးတွေတော့လာကြ
#VeraVicki
Zawgyi
..................
"အကိုကချစ်စရာလေးဗျ.... "
အသက်အရွယ်အားဖြင့် 2 နှစ်ကွာသော အကိုသည်သူ့ထက်ကိုပင်ပို၍နုနေသေးသည်။
ကြဲလိုက်လေသည်။
.
.
.
.
.
.
" တား ဘောလုံးလေး လေပေါက်သွားလို့ " (သား)
" ပုစိ! "
"သား ဘယ်သူလဲ "
"သားကဟိုဘက်လမ်းက ကလေးနဲ့တူတယ် န်တီဈေးသွားရင်တွေ့တွေ့နေကြကလေး "
"ကဲ လာကွယ် အိမ်ထဲဝင်လေ "
"ဟုတ်...."
"ကဲ တတ်...."
" တား ကြောက်တယ် "
"ပုဈိ ကိုကို့ကိုယုံလား? ကိုကိုရှိနေတာပဲ မကြောက်နဲ့ "
..............................။
၂ ရက်ကြာပြီးနောက်
" မာန်....အာ sorry Boss "
"ရတယ် မာန်လို့ပဲခေါ် "
..................................။
ခဏေနေတာ့ ကားဟွန်းတီးသံကြောင့် ခွန်း လည်းထကာ သွားကြိုမယ်အလုပ် ကားပေါ်မှ အဖြူရောင်လက်ပြက်အင်္ကျီ ကိုဝတ်ဆင်ထားသော မိန်းမတစ်ဦးကပါ ကားပေါ်မှဆင်းလာလေသည်။
" လာလေ...."
"မာန် ဒါက? "
မာန့် ရဲ့ အပွောကျို ခွန်းမကြိုက်ပေ ။ ယူထားတာယောက်ျားတစ်ယောက်မို့ရှက်နေတာလား ကိုကို? နောကျဆျိုကိုကို ရှက်စရာမလိုပါဘူး ခွန်း ကိုယ်တိုင်ထွက်သွားမှာတော့မှာ ဟုတွေးရင်း ရင်ထဲကအောင့်လာရသည်။
"အားနာလိုက်တာ...."
"နင့်အဆင့်..... "
"မင်း! "
"ဘာတွေဖြစ်နေကြတာလဲ "
"လိမ်တယ်! "
"မဟုတ်....သူ....တမင်...."
"ထွက်သွား "
"နှင်တယ်....ဟုတ်လား? "
.............................။
#VeraVicki