ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...
By yeolli_khin
114K 19.2K 566
NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More
Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update
Chapter 1.11
3.9K 738 23
By yeolli_khin
Chapter 1.11
လုပ်ရဲတယ်ပေါ့!
ရယ်လိုက်တယ်။သူ့လက်ကို ညင်သာစွာ
"ကျွန်မ...."
အဲ့ဒါဆိုမရဘူးလား?"
ဆွံ့အသွားစေတယ်။
ဟာသကားကြည့်နေသလိုဘဲ။ လုံးဝပျင်းစရာ
ကောင်းမနေဘူး၊
တွေဝေစွာ မေးလိုက်တယ်
အတိုင်းဆက်ကစားကာ
ကြည့်လိုက်ပြီး
အဲ့ဒါအမှန်ဘဲလား?"
တယ်
လှည့်လိုက်တယ်။မျက်တောင်လေး ပုတ်ခတ်
ပုတ်ခတ်လုပ်ကာ
တော့နော်"
"တော်တယ်"
ပိုသေချာသွားတယ်။
ဖျက်ဆီးလိုက်တယ်
ထလိုက်ပြီး
လျော့ပေါ့ပေးပါတယ်။ ဒါပေမယ့် ခင်ဗျား
ဥက္ကဌရုံးခန်းထဲကိုခိုးဝင်ပြီး ကုမ္ပဏီလျို့ဝှက်
"ကျွန်တော် မလိမ်ပါဘူး"
ပြီလား"
ယူကာ ပြောလိုက်တယ်
သဘောကျနေတယ်ဆိုတာကို။ ကျွန်မ
"ခဏလေး"
"အားကျန်း ကိုယ်...."
လျှောက်သွားလိုက်တယ်။သူ ကျန်းယွဲ့ယွဲ့ကို
______________________________________
Chapter 1.11
ကျန်းယွဲ့ယွဲ့ ပိုပြီးဆူညံစွာ ငိုကြွေးလာတယ်။
အခုချိန်မှာ သူမအရမ်းပျာယာခတ်နေကာ ဘာမှတွေးလို့မရဘူး။ချူချန်းရန်ရှေ့မှာ သူမဒူးထောက်ပြီး ငိုကာ
"ကျွန်မမှားတယ်ဆိုတာ သိပါတယ်
ဒါပေမယ့် ကျွန်မတကယ်မသိခဲ့တာပါ!
နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး!
ကျွန်မတောင်းပန်ပါတယ် ကျွန်မကိုလွှတ်ပေးပါ!"
ချူချန်းရန်ကတော့ဆက်ပြီး ကျန်းယွဲ့ယွဲ့ကို
လွှတ်ပေးမှာမဟုတ်တော့ဘူး။ သူတစ်ဖက်ကို
ကြည့်လိုက်တော့ စုယွီက သူ့ကိုကြည့်နေတာကို
သိလိုက်ပြီး ကျန်းယွဲ့ယွဲ့ကိုမေးလိုက်တယ်။
"ဒါဆိုငါတို့ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ?"
"ကျွန်မ..." ကျန်းယွဲ့ယွဲ့တွေးလိုက်တယ်
စုယွီက အရင်တစ်ခေါက်တုန်းက သူမကိုပြောထားတယ်လေ ပြဿနာတစ်ခုရှိရင် သူ့ကိုပြော သူကူညီပေးမယ်လို့ပြောထားဖူးတယ်လေ။
သူမမျက်ရည်တွေနဲ့အရောင်လဲ့ကာ
ကျန်းယွဲ့ယွဲ့ စုယွီ လက်ကိုကိုင်လိုက်ပြီး
တောင်းပန်လိုက်ပေမယ်သူမစိတ်ထဲမှာ မနာလိုမှုတွေနဲ့ပြည့်နှက်နေတယ်
"ကျွန်မပြင်ပါ့မယ် ကျွန်မနောက်ဆို အလုပ်သေချာလုပ်ပြီး ဥက္ကဌကို ကျေးဇူးပြန်ဆပ်ပါ့မယ်"
ချူချန်းရန် အဲ့ဒီမိန်းမကစုယွီလက်ကိုကိုင်ထားတာကိုမြင်တော့ မျက်နှာကြီး မည်းမှောင်သွားတယ်။အဲ့အရှက်မရှိတဲ့မ်ိန်းမကို စကားပြောခွင့်ပေးလိုက်တာကိုနောင်တရသွားတယ် အဲ့မိန်းမက
စကားပြောခွင့်ပေးထားတာကို အခွင့်အရေးယူ
ပြီးစုယွီ လက်ကိုကိုင်ထားတယ်လေ။ သူတောင်
စုယွီ လက်ကိုမကိုင်ရသေးတာ ကျန်းယွဲ့ယွဲ့က
လုပ်ရဲတယ်ပေါ့!
စုယွီ ကျန်းယွဲ့ယွဲ့ရဲ့ ဥာဏ်မရှိတာကိုကြည့်ပြီး
ရယ်လိုက်တယ်။သူ့လက်ကို ညင်သာစွာ
ရုန်းလိုက်ပြီး အံ့ဩတဲ့အသံလေးနဲ့ဖြေလိုက်တယ်
"ဒီလိုကိစ္စတွေလုပ်ပြီးတာတောင်မှ ဒီမှာ
အလုပ်လုပ်ဖို့ မျက်နှာရှိသေးတယ်လား?
ခင်ဗျားကို ဒီလိုလုပ်လို့ရတယ်လို့ဘယ်သူပြောလဲ? ကြည့်ရတာ ခင်ဗျားက ခင်ဗျားလုပ်ခဲ့တဲ့
ကိစ္စက ဘယ်လောက်အမှုကြီးလဲဆိုတာမသိသေးတဲ့ပုံဘဲ"
"ကျွန်မ...."
ကျန်းယွဲ့ယွဲ့ စကားလုံးတွေ ပျောက်ဆုံးသွားတယ်။သူမကိုယ်သူမတောင် ဘာလုပ်ရမှန်းမသိတော့ဘူး။သူမ အသံတိုးတိုးလေးနဲ့သာပြောနိုင်တော့တယ်
"ဒါပေမယ့် ကျွန်မဆက်ပြီးရှိတာက ကုမ္ပဏီကို
ဘာမှမပျက်စီးစေဘူးလေ ပြီးတော့
ကျွန်မနောက်ဆို ဒီလိုမလုပ်တော့ပါဘူး
အဲ့ဒါဆိုမရဘူးလား?"
စုယွီ သူ့ကိုသူမထိန်းနိုင်ဘဲ ထရယ်လိုက်တယ်။
ကျန်းယွဲ့ယွဲ့ရဲ့ခံယူချက်နဲ့ logicတွေက သူ့ကို
ဆွံ့အသွားစေတယ်။
ဒါပေမယ့် သူဆက်ပြီး သူမကိုမေးရမှာမို့
စုယွီ ဖြည်းဖြည်းချင်း အရယ်ရပ်လိုက်တယ်
ရယ်ရလွန်းလို့မျက်လုံးထောင့် ကမျက်ရည်တွေကိုအသာလေးသုတ်ကာ သူ့စိတ်ထဲမှာတော့
ဟာသကားကြည့်နေသလိုဘဲ။ လုံးဝပျင်းစရာ
ကောင်းမနေဘူး၊
ကျန်းယွဲ့ယွဲ့ကိုသေချာပြန်ကြည့်လိုက်ကာ
သူမရဲ့ဇာတ်လမ်းကို သေချာမေးကြည့်လိုက်တယ်
"ကျွန်တော်တကယ်သိချင်မိတယ်။
ဘာလို့ခင်ဗျားက ကုမ္ပဏီရဲ့လျို့ဝှက်စာရင်းတွေကိုခိုးချင်ရတာလဲ? ဒါက ခိုးမှုမြောက်တယ်ဆိုတာ မသိဘူးလား?"
ထိုမေးခွန်းကိုကြားတော့ ကျန်းယွဲ့ယွဲ့ မှိုင်နေရာကနေ မျက်လုံးပင့်လိုက်တယ် သူမနှုတ်ခမ်းကို
ကိုက်လိုက်ပြီး အဖြေကို သေချာမဖြေဘဲ
တစ်ခုခုကို ဖုံးကွယ်ထားလိုက်တယ်
"ကောင်းပြီ ထားပါတော့။ ကျွန်တော်က ခင်ဗျားကို ကူညီပေးမလို့ပါ ဒါပေမယ့် ခင်ဗျားက
မပြောချင်မှတော့ ထားလိုက်တော့"
သေချာတာပေါ့ သူမကို ရိုက်စားလုပ်နေတာ
ဒါပေမယ့် စုယွီက သူ့စကားကိုလှည့်ကာ
နောက်ကွယ်ကသူကိုသိချင်နေတာဖြစ်တယ်
စုယွီ ကျန်းယွဲ့ယွဲ့ကို သနားစဖွယ်ကြည့်လိုက်ကာ နောင်တရနေသလို သက်ပြင်းချလိုက်တယ်
"ဒီလိုဘဲဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားတစ်
ယောက်ဘဲ အကုန်တာဝန်ယူရမှာနော် "
ကျန်းယွဲ့ယွဲ မျက်တောင်နှစ်ကြိမ်လောက် ခတ်လိုက်ကာ သူမမျက်လုံးတွေထဲမှာ အခက်အခဲဖြစ်နေတာကိုသိလိုက်တယ်။စုယွီ အလျင်စလိုမ
လုပ်ဘူး သူစိတ်ရှည်ရှည်နဲ့ ဆက်စောင့်နေတယ်။
အချိန်အတော်ကြာတော့ ကျန်းယွဲ့ယွဲ့
တွေဝေစွာ မေးလု်ိက်တယ်
"တ...တကယ်လို့ ဒီကိစ္စမှာ တခြားတစ်ယောက်ပါ ပါနေမယ်ဆိုရင် ရှင်တို့သူ့ကိုလဲ အရေးယူကြမှာလား?"
စုယွီ ကျန်းယွဲ့ယွဲ့ပြောတဲ့တခြားတစ်ယောက်ဆိုတဲ့သူကိုသေချာသိတာပေါ့ ဒါပေမယ့် သူမ
အတိုင်းဆက်ကစားကာ
"တကယ်လို့ တခြားသူကလဲ ဒီကုမ္ပဏီကဘဲဆိုရင် ခင်ဗျားလိုဘဲအရေးယူခံရမှာပေါ့"
"တကယ်လို့ ဒီကအလုပ်သမားမဟုတ်ရင်ကော?"ကျန်းယွဲ့ယွဲ့ မျှော်လင့်စွာနဲ့မေးလိုက်တယ်
စုယွီ မေးစေ့ကို သူ့ရဲ့လက်သွယ်သွယ်လေးတွေနဲ့ ပုတ်လိုက်ကာ
"တကယ်လို့ ဒီကအလုပ်သမားမဟုတ်ရင်
ကုမ္ပဏီစည်းမျဉ်းအရ သူ့ကိုအရေးယူလို့မရဘူး"
စုယွီရဲ့ဥာဏ်များနေတဲ့မျက်နှာလေးကို ကြည့်
ပြီး ချူချန်းရန် သူ့ကိုနောက်ဆုတ်ခိုင်းလိုက်ကာ
"တကယ်လို့ ဒီကအလုပ်သမားမဟုတ်ရင်
ကုမ္ပဏီက သူ့ကိုတိုက်ရိုက်အရေးယူလို့မရဘူး"
သူတို့နှစ်ယောက်ရဲ့ ထိုစကားကိုကြားတော့
ကျန်းယွဲ့ယွဲ့တစ်ခုခုကိုဆုံးဖြတ်ချက်ချလိုက်တယ် သူမချူချန်းရန်ရဲ့ အေးစက်နေတဲ့မျက်နှာကို
ကြည့်လိုက်ပြီး
"ဒီကိစ္စကို.....တခြားသူကကျွန်မကိုလုပ်ခိုင်းခဲ့တာ"
"တခြားတစ်ယောက်က လုပ်ခိုင်းတာ?
အဲ့ဒါအမှန်ဘဲလား?"
စုယွီ မျက်ခုံးပင့်လိုက်ကာ ကျန်းယွဲ့ယွဲ့ပြောတာကို မယုံချင်ယောင်ဆောင်လိုက်တယ်
"Ms.ကျန်း  ကျွန်တော်ခင်ဗျားကို လျော့ပေါ့ပေးမယ်လို့ပြောလိုက်တယ်ဆိုပြီး တခြားသူကို
ဒီကိစ္စထဲဆွဲထည့်လို့်ရဘူးနော်"
သူမအထင်လွဲခံရတာမို့ သူမမြန်မြန်ခေါင်းခါကာ
"မဟုတ်ဘူး! ကျွန်မကို ဒီလိုလုပ်ဖို့ ခိုင်းစေခဲ့တာအမှန်ဘဲ ပြီးတော့ သူကဒီကအလုပ်သမားမဟုတ်ဘူး သူက ကျွန်မ ချစ်....ချစ်သူ"
"ခင်ဗျားရဲ့ချစ်သူ?"ခင်ဗျားချစ်သူက ခင်ဗျားကို
ဘာလို့ဒီလိုရုတ်တစ်ရပ်လုပ်ခိုင်းတာလဲ"
စုယွီသူ့စိတ်ထဲမှာ ပြုံးလိုက်ပေမယ့် သူ့မျက်နှာကတော့ အရမ်းကိုသေချာအာရုံနေသလိုလုပ်ထားတယ်။
ကျန်းယွဲ့ယွဲ့ ခဏငြိမ်သက်သွားကာ ချူချန်းရန်ကို ရှက်ရွံ့စွာ သူမမျက်လုံးထောင့်ကနေ
ကြည့်လိုက်တယ်။ဘာမှဖြစ်မနေတာကိုတွေ့လိုက်တော့ သူမသက်ပြင်းချကာ
"ကျွန်မလဲမသိဘူး သူဘာလို့ဒီလိုလုပ်ခိုင်းတာလဲဆိုတာ ဒါပေမယ့် ကျွန်မသာဒီလိုမလုပ်ရင်
သူကကျွန်မနဲ့လမ်းခွဲမယ်တဲ့။ ကျွန်မသူနဲ့တကယ် လမ်းမခွဲချင်ဘူး..."
"ခင်ဗျားမှာ သက်သေရှိလား" စုယွီသူလိုချင်တဲ့
အချက်ကိုရောက်သွားပြီမို့ သူဆက်ပြီး ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ဘူး။
စုယွီ အားရပါးရရယ်နေတာကိုတွေ့တော့
ကျန်းယွဲ့ယွဲ့ တစ်ခုခုမှားသွားပြီဆိုတာ သိလိုက်တယ်။ဒီအချိန်မှတော့ သူမအကုန်ပြောလိုက်
တယ်
"ကျွန်မပြောခဲ့တာတွေ အကုန်အမှန်တွေကြီးဘဲ!"
စုယွီ ခေါင်းငြိမ့်လိုက်ကာ ချူချန်းရန်ဘက်ကို
လှည့်လိုက်တယ်။မျက်တောင်လေး ပုတ်ခတ်
ပုတ်ခတ်လုပ်ကာ
"ကျန်တာကို ဝမ်းကွဲအစ်ကိုဘဲ ဆက်ရှင်းလိုက်
တော့နော်"
ချူချန်းရန် သူ့လက်ကိုမြောက်ကာ နူးညံ့ခြင်းအ
ပြည့်နဲ့ စုယွီရဲ့ခေါင်းကိုပွတ်လိုက်ပြီး
"တော်တယ်"
ကျန်းယွဲ့ယွဲ့ ဒီညီအစ်ကိုတွေကြည့်ပြီး တစ်ခုခုမှားနေတာကိုခံစားလိုက်ရကာ သူမစိုးရိမ်လာတယ်။
ခဏအကြာတော့ သူမရဲ့စိုးရိမ်နေတာတွေ
ပိုသေချာသွားတယ်။
ချူချန်းရန် ကျန်းယွဲ့ယွဲ့ကိုကြည့်ကာ
သူမရဲ့မျှော်လင့်ချက်တွေကို ကြမ်းတမ်းစွာ
ဖျက်ဆီးလိုက်တယ်
"အခု သူခိုးဘယ်နှယောက်လဲဆိုတာသေချာသွားပြီဆိုတော့ ဒီကိစ္စကို တရားရုံးကိုပို့လိုက်တော့"
ကျန်းယွဲ့ယွဲ့ မျက်တောင်ခတ်ကာ တစ်ကိုယ်လုံးလဲရှော့ခ်ရသွားတယ်။သူမ ဒေါသထွက်စွာ
ထလိုက်ပြီး
"ရှင်!....ဘာလို့ဒီလိုလုပ်ရတာလဲ!"
ချူချန်းရန် ကျန်းယွဲ့ယွဲ့နဲ့တစ်စက္ကန့်တောင်
အခ်ျိန်မဖြုန်းချင်တော့တာကြောင့်
လက်ထောက်ကျန်းကိုခေါ်ကာ ဒီမိန်းမကို ခေါ်
ထုတ်သွားဖို့အချက်ပြလိုက်တယ်။
ချူချန်းရန်ဆီကနေလုံးဝ လျစ်လျူရှုခံလိုက်ရ
တော့ ကျန်းယွဲ့ယွဲ့ စုယွီဆီသွားကာ ငိုယိုပြီး
"ကျွန်မ အမှန်အတိုင်းဝန်ခံတာနဲ့ ကျွန်မကို
လျော့ပေါ့ပေးမယ်လို့ နင်ဘဲပြောခဲ့တာမလား"
"အမှန်တိုင်းဝန်ခံတာက အမှုကိုတကယ်လဲ
လျော့ပေါ့ပေးပါတယ်။ ဒါပေမယ့် ခင်ဗျား
ဥက္ကဌရုံးခန်းထဲကိုခိုးဝင်ပြီး ကုမ္ပဏီလျုိ့ဝှက်
ချက်တွေကို ခိုးတယ်ဆိုတဲ့ အချက်ကတော့
ပြောင်းသွားမှာမဟုတ်ဘူးလေ။ ဒါနဲ့ပတ်သက်
ပြီးတော့ တာဝန်တော့ ယူရမှာပေါ့"
စုယွီ မျက်ခုံးပင့်လိုက်ကာ ကျန်းယွဲ့ယွဲ့ကို
ကြင်နာစွာ နှစ်သိမ့်ပေးလိုက်တယ်။
"ဒါပေမယ့် မပူပါနဲ့ ခင်ဗျား ကို ခင်ဗျားရဲ့ချစ်သူက ခင်ဗျားကိုထောင်ထဲမှာ အတူအဖော်ပြုပေးမှာပါ"
ကျန်းယွဲ့ယွဲ့ ထပ်ပြီးတောင့်သွားတယ်။
ဒီစကားကိုသူမကိုနှစ်သိမ့်ပေးတာမဟုတ်ဘဲ
သူမကိုပိုပြီးငိုအောင်လုပ်စေတယ်။
"အားဟော်က ဒီအလုပ်သမားမဟုတ်လို့ သူ့ကို
အရေးယူလို့မရဘူးလို့ ရှင်ဘဲပြောခဲ့တာလေ"
တစ်ဖက်သူက သူ့ကိုလှောင်ရယ်နေတဲ့အမူအရာကိုတွေ့တော့ ကျန်းယွဲ့ယွဲ့ ဒေါသထွက်လာကာ
"နင်ငါ့ကို အစထဲကလိမ်နေတာဘဲ! ဘယ်လိုတောင် အရှက်မရှိတာလဲ!"
"ကျွန်တော် မလိမ်ပါဘူး"
စုယွီ သူ့ရဲ့သွားဖြူဖြူလေးကို ပေါ်အောင် ပြုံးလိုက်ကာ
"ခင်ဗျားချစ်သူကို ကုမ္ပဏီကအရေးမယူပါဘူး
ဒါပေမယ့်ဥပဒေက တရားမျှတတော့ သူ့ကိုပါ
ထောင်ထဲသွင်းပေးလိမ့်မယ် ခင်ဗျားနားလည်
ပြီလား"
သူမအလုပ်ဖြုတ်ခံရတဲ့အပြင် အဖမ်းပါခံရတော့မယ်။ တကယ်လို့သူမက ကျောင်းဟော်ရဲ့ နာမည်ကိုထုတ်ပြောမိတာကို ကျောင်းဟော်သာ
သိသွားရင် ဆိုတာကိုစဥ်းစားမိတော့
ကျန်းယွဲ့ယွဲ့ စုယွီစကားတွေကိုမတုန့်ပြန်နိုင်
တော့ဘဲ ငိုရုံဘဲတတ်နိုင်တော့တယ်။
လက်ထောက်ကျန်းက လုံခြုံရေးဝန်ထမ်းတွေနဲ့အတူရောက်လာတယ်။ကျန်းယွဲ့ယွဲ့ ဘာလုပ်ရမှန်းမသိတော့ဘဲ အစောင့်တွေလက်ထဲကနေ
ရုန်းထွက်ကာ ချူချန်းရန်ကို အတင်းဆွဲပြီး
"ဥက္ကဌချူ ကျွန်မမှားတာကိုကျွန်မသိပါပြီ!
ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ ကျွန်မတောင်းပန်ပါတယ် ကျွန်မတောင်းပန်ပါတယ်! ရှင်သာကျွန်မကိုလွှတ်ပေးမယ်ဆိုရင် ရှင်ကျွန်မကိုလုပ်ချင်တာကိုလုပ်လို့ရတယ်!"
ချူချန်းရန် မျက်နှာမည်းသွားကာ သူစုယွီကို
လှမ်းကြည့်လိုက်မိတယ်။ စုယွီရဲ့ဝင့်ကြွားနေတဲ့ အမူအရာကိုတွေ့လိုက်ရတော့ သူသိလိုက်တယ်
စုယွီက သူထင်ထားသလို မကျေနပ်ဖြစ်နေတဲ့ပုံစံမဟုတ်ဘူးဆိုတာ။ ချူချန်းရန်မျက်နှာ လုံးဝကို အေးစက်သွားတယ်။
ချူချန်းရန်တိတ်ဆိတ်သွားတာကိုကြည့်ပြီး
ကျန်းယွဲ့ယွဲ့ကချူချန်းရန်ရဲ့
နှလုံးသားပျော့သွားထင်ပြီး ထိုအခွင့်အရေးကို
ယူကာ ပြောလိုက်တယ်
"ကျွန်...ကျွန်မသိတယ် ဥက္ကဌချူကကျွန်မကို
သဘောကျနေတယ်ဆိုတာကို။ ကျွန်မ
ကျောင်းဟော်ကို အခုချက်ချင်းဖြတ်လိုက်မယ်လေ။ဥက္ကဌသာ ကျွန်မကိုလွှတ်ပေးမယ်ဆိုရင်
ရှင်ခိုင်းတာ ကျွန်မအကုန်လုပ်ပေးပါ့မယ်!"
ထိုနောက်ဆုံးစကားကအရမ်းကိုဒွိဟဖြစ်စေ
တယ်။စုယွီရဲ့တုန့်ပြန်ချက်ကိုမစောင့်တော့ဘဲ
ချူချန်းရန် လက်ထောက်ကျန်းကို ကျန်းယွဲ့ယွဲ့ကိုခေါ်ထုတ်သွားဖို့ အမိန့်ပေးလိုက်တယ်။
လုံခြုံရေးဝန်ထမ်းတွေကကျန်းယွဲ့ယွဲ့ကိုလာထိတာနဲ့ ကျန်းယွဲ့ယွဲ့အော်ဟစ်ကာ ချူချန်းရန်ကို
ထပ်ဆွဲဖို့ပြင်တယ်။ ရုတ်တရက် တစ်ချိန်လုံး
ငြိမ်နေတဲ့စုယွီက ဖြည်းဖြည်းချင်းလျှောက်သွားကာပြောလိုက်တယ်
"ခဏလေး"
ချူချန်းရန် စုယွီကိုကြည့်လိုက်ကာ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ဒီအခြေအနေကလက်ထောက်ကျန်းရှေ့မှာတောင်မရှင်းမလင်းဖြစ်နေတာကြောင့် သူပါးစပ်ဖွင့်ကာ ရှင်းပြချင်ပေမယ့်
"အားကျန်း ကိုယ်...."
ချူချန်းရန် ပြောတော့မယ့်အချိန်မှာဘဲ စုယွီကို
သူ့ကို အကြည့်နဲ့တားလိုက်တယ်။ချူချန်းရန်
သက်ပြင်းချလိုက်ကာ စုယွီကိုသနားစဖွယ်ကြည့်လိုက်တယ်။
ရုံးခန်းထဲကနေ ဆွဲထုတ်ခံနေရတဲ့ ကျန်းယွဲ့ယွဲ့
ထိုနတ်သားလေးလိုအသံကိုကြားလိုက်ရတော့
သူမရဲ့ဖောင်းအစ်နေတဲ့မျက်လုံးတွေမှာ
မျှော်လင့်ချက်တွေ ပြည့်နှက်သွားတယ်။
စုယွီ ကျန်းယွဲ့ယွဲ့ ရှေ့ကို ဖြည်းဖြည်းချင်း
လျှောက်သွားလိုက်တယ်။သူ ကျန်းယွဲ့ယွဲ့ကို
ဝင့်ကြွားနေတဲ့အမူအရာနဲ့ အပေါ်ကနေအောက်ကိုကြည့်လိုက်ပြီး ထက်မြစွာ ပြုံးလိုက်တယ်
"ခင်ဗျားပြောလိုက်တယ်နော် ချူချန်းရန်က
ခင်ဗျားကိုသဘောကျနေတာဆိုပြီး"
ဒီမေးခွန်းက ကျန်းယွဲ့ယွဲ့ကိုအကျပ်ရိုက်စေတယ်။သူမ နှလုံးတွေခုန်ထွက်လာတော့မလိုဘဲ
ကျောင်းဟော်ကသူမကိုပြောပြခဲ့တာကိုသတိရမိတော့ သူမကံဆိုးသွားလိုခံစားရတယ်။
ဒါပေမယ့် အခုစုယွီ သူမကိုထပ်မေးတော့
ချူချန်းရန်ရဲ့ အေးစက်တဲ့အကြည့်တွေက
ကျန်းယွဲ့ယွဲ့ကိုချွေးအေးတွေထွက်လာစေတယ်။
စုယွီကလဲ ကျန်းယွဲ့ယွဲ့ရဲ့အဖြေကို ဂရုစိုက်မနေဘူး။သူမ တွေဝေနေတုန်း သူပြုံးလိုက်ကာ
ချူချန်းရန်ဘက်ကို လျှောက်သွားလိုက်တယ်။
ကျန်းယွဲ့ယွဲ့ အမူအရာကချူချန်းရန် ဒေါသထွက်စေတာကြောင့် စုယွီရဲ့အမူအရာကိုသတိမထားလိုက်မိဘူး။
ဘယ်သူသိမလဲ စုယွီက သူ့လက်ကိုကိုင်လိုက်ပြီး
လက်ချောင်းချင်းချိတ်လိုက်မယ်လို့
ချူချန်းရန် သူ့နှလုံးခုန်သံကိုတောင်ပြန်ကြားလိုက်ရတယ်။ စုယွီကိုသူဘာမှမပြောရသေးခင်မှာဘဲ စုယွီပြောလိုက်တဲ့စကားကြောင့် သူ့ကိုချာချာလည်သွားစေတယ်။
"ခင်ဗျားဘာလို့ဒီလိုပြောမှန်း ကျွန်တော်သေချာ
မသိပေမယ့် ကျွန်တော်သေချာပေါက်ပြောနိုင်တာတစ်ခုတော့ရှိတယ်" စုယွီ လက်ချင်းတွဲထားတဲ့လက်ကိုမြောက်ပြကာ ပြုံးလိုက်ရင်း
"ကျွန်တော် ချူချန်းရန်နဲ့အတူနေတာ အတော်
ကြာပြီ။အခုဆို ကျွန်တော်တို့ကချစ်သူတွေတောင်ဖြစ်နေကြပြီ။အဲ့ဒါကြောင့် Msကျန်းအနေနဲ့
စကားကိုသေချာပြောပေးရင်ကောင်းမယ်။
ကျွန်တော့်ဆက်ဆံရေးကို ဘာမဟုတ်တဲ့အရာတွေကြောင့် ပျက်စီးမခံနိုင်လို့"
______________________________________
Continue Reading
You'll Also Like
294K 23K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
801K 32K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
150K 16K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...