ငါ့ Crushက ငါ့ကို ႀကိတ္ ႀကိဳက...

Hara1805

217K 20.9K 1.5K

ေသၿပီးတဲ့ေနာက္ ျပန္ေမြးဖြားလာၿပီး Crush ျပန္ႀကိဳက္ရင္ ေသရတာ တန္သြားၿပီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြ... Еще

Part- 0.0
Part- 1
Part- 2
Part- 4
Part- 5
Part- 6
Part- 7
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part- 13
Part- 14
Part -15 (Ending)

Part- 3

11.8K 1.2K 33
Hara1805

"အရမ္းေအာင့္ေနလား"

ကားေမာင္းေနရင္းကေန Xiaozhan က သူ႔ဘက္ကိုလွည့္ၾကည့္ကာ စိုးရိမ္တႀကီး မ်က္ဝန္းေတြနဲ႔ ၾကည့္သည္။

ဒီအခ်ိန္မွာ အရင္တုန္းက Wang Yiboသာဆိုရင္....

"ဘာလဲ..တကယ္ႀကီး ငါဗိုက္ေအာင့္ေနတယ္ ထင္သြားတာလား..ငါဘာမွ မျဖစ္ဘူး..Xiaozhan.. မင္းက ငတံုးပဲ"

ဟု မစဥ္းစားမဆင္ေျခပဲ ေျပာလိုက္မိမွာ ျဖစ္ေပမယ့္ အခု Wang Yiboကေတာ့ ဗိုက္ကို လက္ျဖင့္ ကိုင္ကာ မ်က္ႏွာငယ္ေလးျဖင့္ Xiaozhan ကို ၾကည့္ကာ

"အင္း...အရမ္းေအာင့္တယ္"

"ခဏေလး သည္းခံေနာ္..ငါ ျမန္ျမန္ေမာင္းေပးမယ္"

"အင္း"

Yiboက Xiaozhan လက္တစ္ဖက္ကို ကိုင္လိုက္ကာ..

"မင္းလက္တစ္ဖက္ထဲနဲ႔ ကားေမာင္းလို႔ ရလား"

"ဟမ္"

"ငါ ဗိုက္အရမ္းေအာင့္ေနလို႔ ...မင္းလက္ကို ခဏ ကိုင္ထားလို႔ရမလား"

Yiboစိတ္ထင္လို႔ပဲလားမသိ။ သူေျပာလိုက္တဲ့ အခ်ိန္မွာ Xiaozhan ပံုစံက တစ္မ်ိဴးျဖစ္သြားသလိုခံစားလိုက္ရသည္။

"အဆင္မေျပရင္လဲ..ရပါတယ္"

Xiaozhan က ခ်သြားသည့္ Yiboလက္ကို ျပန္ဆြဲကာ

"ကိုင္ထားလို႔ရတယ္"

အင္း..Xiaozhan လက္က Yiboလက္ထက္ေသးပင္မယ့္ ေႏြးေထြးၿပီး ႏူးညံ့ေနတာပဲ။ လက္ေလး ကိုင္ထားလိုက္႐ုံနဲ႔ အရမ္းလံုျခံဳသြားသလို ခံစားရတယ္။
အရင္တုန္းက Yiboက Xiaozhan လက္ကို ဒီလို ဆုပ္ကိုင္ဖို႔ စိတ္ကူးယဥ္ခဲ့တာ အႀကိမ္ေပါင္းမနည္းပဲ။ ဒါေပမယ့္ သူ ကိုင္ခြင့္ မရခဲ့ဘူး။
ေႏြးေထြးတယ္..အရမ္းေႏြးေထြးတာပဲ။ ေႏြးေထြးလြန္းလို႔ မလႊတ္ခ်င္ေတာ့ဘူး။ အေၾကာစိမ္းေလးနဲ႔ လက္ေခ်ာင္း သြယ္သြယ္ေလးေတြက မထိရက္ မကိုင္ရက္ ျဖစ္ေလာက္ေအာင္ကို လွရက္လြန္းတယ္။

"ေဆး႐ုံ ေရာက္ၿပီ"

Xiaozhan က Yibo ကို ကားထဲက ထြက္ေစၿပီး တြဲကာ

"ဒီတစ္ခါ မင္းဆရာဝန္စကားကို ေသခ်ာနားေထာင္.. ေဆးမွန္မွန္ေသာက္"

"အင္း"

"အစားေတြ အခ်ိန္မွန္ မစားလို႔ အခု ျဖစ္ၿပီေလ..မင္းက ဂိမ္းမ်ားႏွိပ္ရမယ္ဆို ထမင္းေမ့ဟင္းေမ့.."

"ဒါဆို ငါမေမ့ေအာင္ မင္းဂ႐ုစိုက္ေပးေလ"

Yiboစကားေၾကာင့္ Xiaozhan က သူ႔ကို ျပဴးၾကည့္ကာ

"ဘယ္လို.."

"ငါေရာဂါ မျဖစ္ေအာင္ အခ်ိန္မွန္စားဖို႔ မင္းကူညီမယ္မလား..ဒါဆို ဗိုက္ေအာင့္ ေတာ့မွာမဟုတ္ဘူး..ဘယ္လိုလဲ"

"မင္းဟာမင္း ဂိမ္းႏွိပ္ၿပီး ထမင္းအခ်ိန္မွန္ မစားတာကိုး ငါက ကူညီရမယ္ တဲ့လား"

"ဘာလဲ..မင္းက မကူညီဘူးလား..ငါဗိုက္ေအာင့္တာက် ဆူၿပီးေတာ့"

Yiboက မ်က္ႏွာငယ္ေလးနဲ႔ ေျပာေတာ့ Xiaozhan က သက္ျပင္းခ်ကာ

"ေကာင္းၿပီ..ငါကူညီမယ္..ဒါေပမဲ့ မင္းလဲ တစ္ခု ျပန္လုပ္ေပးရမယ္"

"ဘာလဲ"

"ထမင္းစားရင္ ထမင္းကို အာ႐ုံစိုက္စား..ဂိမ္းေဆာ့ ရင္း မစားနဲ႔"

"Xiaozhan... ဒါက"

"သေဘာမတူခ်င္ဘူးလား"

"မဟုတ္ဘူး..တူတယ္..တူတယ္.."

"အိုေခ..ဒါဆို ဒီေန႔ကစၿပီး မနက္စာကေန ညစာအထိ မင္းငါနဲ႔ တူတူ ထမင္းစားရမယ္"

"အင္း"

Yiboရဲ႕ ဉာဏ္မ်ားမႉ့ေတြက တကယ္ပဲ Crushနဲ႔ အနီးကပ္ဆံုး ေနခြင့္ေတြရသြားတာပဲ။ ဒီေန႔ကစၿပီး Crushေလးက သူ႔စားေရးေသာက္ေရးကို ေသခ်ာ ဂ႐ုစိုက္​ ေပးမယ့္အျပင္ ထမင္းသံုးနပ္ကိုလဲ လက္ဆံု စားရဦးမယ္။

............

Yiboက ကုတင္ေပၚ မွာ ထိုင္ကာ ေတြးေနမိသည္။ ေက်ာက္႐ွင္းအာ နဲ႔ Xiaozhan ရင္းႏွီးမႈ့ကို ဒီတစ္ခါ သူ တားလိုက္ႏုိင္တယ္ဆိုေပမယ့္ တစ္ခ်ိန္ခ်ိန္မွာ ရင္းႏွီးသြားၾကရင္ ဘယ္လို လုပ္မလဲ။
အင္း..မျဖစ္ႏုိင္ေလာက္ပါဘူးေလ။ သူက အခုခ်ိန္ကစၿပီး Xiaozhan နားမွာ တစ္ဖဝါးမွ မခြာပဲ ႐ွိေနမွာ။ လံုးဝ ရင္းႏွီးခြင့္ ေပးမွာမဟုတ္ဘူး။

"Yibo....ထမင္းစားရေအာင္"

"အင္း...လာၿပီ"

Yiboက Xiaozhan သူ႔ေ႐ွ႕ကို ခ်ေပးသည့္ ဆန္ျပဳတ္ပန္းကန္ကို ၾကည့္ကာ ႏွာေခါင္း႐ႈံ့ၿပီး..

"မင္းက်ေတာ့ ထမင္းစားၿပီး ငါက်ေတာ့ ဘာလို႔ ဆန္ျပဳတ္လဲ"

"မင္းအစာအိမ္က မွ မေကာင္းေသးတာ..ဆန္ျပဳတ္ပဲ ေသာက္ဦး..ဆရာဝန္ လဲ ေျပာထားတယ္ေလ"

"ဆန္ျပဳတ္ငါမႀကိဳက္ဘူး...မစားခ်င္ဘူး"

"ဆန္ျပဳတ္က အရသာေကာင္းပါတယ္..မင္း စားေစခ်င္လို႔ ငါ ေက်ာင္းကန္တင္းက ဆိုင္မွာ ကိုယ္တိုင္ ဝင္ခ်က္ခဲ့တာ..စား ၾကည့္ပါ"

Xiaozhan စကားေၾကာင့္သူ႔ရင္ထဲ ေႏြးခနဲ ျဖစ္သြားသည္။

"မင္းကိုယ္တိုင္ ခ်က္ထားတာ..မင္းက ခ်က္တက္တယ္ေပါ့"

"အင္း"

Yiboက ျပံဳးကာ ဆန္ျပဳတ္ကို တစ္ဇြန္းယူစားၾကည့္ေတာ့ အရသာ႐ွိမႈ့ေၾကာင့္ သူျပံဳးမိသြားကာ

"Xiaozhan...အရမ္းေကာင္းတယ္"

"အင္း"

Yiboက အားရပါးရစားကာ..

"ဒီလို ဆန္ျပဳတ္မ်ိဳးဆို ငါေန႔တိုင္းစားႏုိင္တယ္...Xiaozhan ရဲ႕ Cooking Skillက တကယ့္ Perfect ပဲ"

"ဟိတ္..ဟိတ္..အဲ့ေလာက္မေျမႇာက္နဲ႔..ငါ မေနတက္ေတာ့ ဘူး"

"တကယ္ေျပာတာ..ဒါေပမယ့္"

Yiboက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ လုပ္ကာ Xiaozhan ကို ၾကည့္ၿပီး..

"မင္းပန္းကန္ထဲက အသားေၾကာ္ေလး နည္းနည္းေကြၽးပါလား..ငါစားခ်င္လို႔"

"မရဘူး..ဒါက စပ္တယ္..မင္းနဲ႔ မတည့္ဘူး"

"တစ္တံုးထဲပဲဟာ..ဘာမွ မျဖစ္ပါဘူး..ေကြၽးပါေနာ္..ငါ ဝက္ဝံ သံုးေကာင္ အက က ျပမယ္... ဒီမွာၾကည့္"

Yiboက မတ္တပ္ရပ္ကာ ...

"ဝက္ဝံ ေလးသံုးေကာင္႐ွိပါတယ္..အေဖ ဝက္ဝံ.. အေမဝက္ဝံ..."

(A. N ခ်စ္စံအိမ္Full House ထဲမွာ မင္းသမီးကျပတဲ့ ဝက္ဝံသံုးေကာင္အကပါ)

Xiaozhan က သူ႔ကို ၾကည့္ကာ သေဘာတက်နဲ႔ ရယ္ကာ..

"ဟားဟား...မင္းက တကယ္ ဝက္ဝံနဲ႔တူတယ္..ခ်စ္စရာေလး"

Xiaozhan စကားေၾကာင့္ Yiboက ေနတာကို ရပ္လိုက္ကာ Xiaozhan နဲ႔ မ်က္လံုးခ်င္းဆံုေစၿပီး

"ငါက တကယ္ခ်စ္ဖို႔ ေကာင္းတယ္ေပါ့"

Xiaozhan က သူ႔အၾကည့္ေတြကို ေ႐ွာင္ကာ

"အဟမ္း..ဟုတ္တယ္..လံုးလံုးေလးနဲ႔ ဝက္ဝံ ေလးက်ေနတာပဲ"

"ဒါဆို အသားတစ္ဖတ္ေကြၽး...အာ.."

Xiaozhan က ရယ္ကာ ဟထားသည့္ Yiboပါးစပ္ထဲကို အသားတစ္ဖတ္ ခြံ႔ကာ..

"ခ်စ္စရာ ေကာင္းလို႔ ေကြၽးလိုက္မယ္"

Xiaozhan စကားေၾကာင့္ Yiboရင္ထဲ က်ည္ဆန္ရထား အစီးတစ္ရာေလာက္ ျဖတ္ေျပးသလို ခံစားလိုက္ရသည္။ ေနပါဦး..အခု ငါ့ Crushက ငါ့ကို ခ်စ္ စရာေကာင္းတယ္လို႔ ေျပာလိုက္တာလား။
အား....ေသရတာ တန္သြားၿပီ။ အရမ္းတန္သြားၿပီ။

............

"ဒီတစ္ခါ စာေမးပြဲ မွာ မင္းအမွတ္ေတြက ေအာင္မွတ္ေတာင္မရဘူး....ေက်ာင္း ေခၚခ်ိန္ေတြကလဲ မ႐ွိသေဘလာက္ပဲ...မိဘေတြေခၚခဲ့ Wang Yibo...ဒီကိစၥကို ေဆြးေႏြးရေအာင္"

ပါေမာကၡစကားေၾကာင့္ Yibo စိတ္ပ်က္လက္ပ်က္ ျဖစ္သြားသည္။ ဒီ ဝဋ္ေတြက ထပ္ခံရဦးမယ္။ ဒီလိုဆို ေသရတာ မတန္ေတာ့ဘူး။
Yiboက တကၠသိုလ္တက္ၿပီဆိုထဲက စာဆိုတာ လွည့္ကို မၾကည့္ဘူး။ အတန္းဆိုလဲ စိတ္ကူးေပါက္မွ တက္တာ။ မေပါက္ရင္ ေျခဦးေတာင္ မလွည့္ဘူး။ သူစိတ္ကူးေပါက္တာကလဲ တစ္လမွာ တစ္ႀကိမ္ဆိုရင္ေတာင္ခပ္႐ွား႐ွားရယ္။
အရင္တုန္းက အဲ့ ျပသနာေၾကာင့္ ပါးက ေက်ာင္းကို လာၿပီး ပါေမာကၡနဲ႔ ေတြ႔ရေတာ့ ႐ွက္ၿပီး သူ႔ကို ႐ုိက္ဆံုးမတာ သူႏွစ္ရက္ေလာက္ အိပ္ရာထဲ က မထႏုိင္ဘူး။သူ႔ပါးက စည္းကမ္းႀကီးလြန္းသူ ျဖစ္တာေၾကာင့္ လံုးဝခြင့္လႊတ္မွာ မဟုတ္ဘူး။ ဘယ္လို လုပ္ရမလဲ။ ဒီဘဝလဲ ေသေအာင္ ထပ္႐ုိက္ခံရဦးမယ္။
စိတ္ပ်က္လက္ပ်က္နဲ႔ လမ္းေလ်ွာက္ လာတုန္း ျမင္လိုက္ရသည့္ ျမင္ကြင္း ေၾကာင့္ သူေျခလွမ္းေတြ ရပ္သြားသည္။

"ေက်ာက္႐ွင္းအာ "

သူမက Xiaozhan နဲ႔ ရယ္ေမာကာ စကားေျပာေနသည္။ တကယ္ပဲ ကံၾကမၼာက ပဲ ေျပာင္းလို႔မရတာလား။ ဒီမိန္းမပဲ ဇြဲေကာင္းတာလားမသိဘူး။ ေက်ာင္းထိကို လိုက္လာတာပဲ။

Yiboက Xiaozhan နဲ႔ ရယ္ေမာကာ စကားေျပာေနသည့္ ေက်ာက္႐ွင္းအာ ကို ၾကည့္ကာ မဲ့ ျပံဳးျပံဳးလိုက္ၿပီး ေက်ာပိုးအိတ္ ထဲက ပ႐ုပ္ဆီ ဘူးကို ထုတ္ကာ ပ႐ုပ္ဆီ ေတြကို ယူၿပီး မ်က္လံုးေတြကို ပြတ္လိုက္သည္။
ခဏေလးအတြင္းမွာပင္ မ်က္လံုးေတြရဲၿပီး စပ္လာကာ မ်က္ရည္ေတြ ဝဲလာသည္။

Yiboက Xiaozhan အနားသြားကာ မ်က္ရည္ေတြ ဝဲကာ နီရဲေနသည့္ မ်က္လံုးေတြျဖင့္ ၾကည့္လိုက္ၿပီး

"Xiaozhan...."

Xiaozhan သူ႔ကို စိုးရိမ္တႀကီး လွည့္ၾကည့္လာကာ

"ဘာျဖစ္လာတာလဲ...ဘာျဖစ္လို႔လဲ Yibo"

"ငါ...."

Yiboက ေက်ာက္႐ွင္းအာ ကို တစ္ခ်က္ၾကည့္ကာ ေျပာလက္စကို ရပ္လိုက္ေတာ့ Xiaozhan က သေဘာေပါက္သြားၿပီး...

"ေတာင္းပန္ပါတယ္ ညီမ..ေနာက္မွ ေတြ႔ၾကတာေပါ့..အခု အစ္ကို႔ သူငယ္ခ်င္း က တစ္ခု ခု ျဖစ္ေနတယ္ထင္တယ္..ခြင့္ျပဳပါဦး "

Xiaozhan က ေက်ာက္႐ွင္းအာ ကို ႏႈတ္ဆက္ ၿပီး Yiboကို ဆြဲကာ

"လာ...သြားမယ္.."

YiboကXiaozhanဆြဲေခၚရာေနာက္ လိုက္သြားကာ မ်က္စိမ်က္ႏွာပ်က္ကာ က်န္ေနခဲ့သည့္ ေက်ာက္႐ွင္းအာ ကို ၾကည့္ၿပီး ေက်နပ္သြားမိသည္။
Second Lesson Done!!!
ငါေျပာပါတယ္။ နင့္အၾကံအစည္ေတြအားလံုးကို ငါရေအာင္ ဖ်က္မွာပါလို႔။

TBC

Unicode

"အရမ်းအောင့်နေလား"

ကားမောင်းနေရင်းကနေ Xiaozhan က သူ့ဘက်ကိုလှည့်ကြည့်ကာ စိုးရိမ်တကြီး မျက်ဝန်းတွေနဲ့ ကြည့်သည်။

ဒီအချိန်မှာ အရင်တုန်းက Wang Yiboသာဆိုရင်....

"ဘာလဲ..တကယ်ကြီး ငါဗိုက်အောင့်နေတယ် ထင်သွားတာလား..ငါဘာမှ မဖြစ်ဘူး..Xiaozhan.. မင်းက ငတုံးပဲ"

ဟု မစဉ်းစားမဆင်ခြေပဲ ပြောလိုက်မိမှာ ဖြစ်ပေမယ့် အခု Wang Yiboကတော့ ဗိုက်ကို လက်ဖြင့် ကိုင်ကာ မျက်နှာငယ်လေးဖြင့် Xiaozhan ကို ကြည့်ကာ

"အင်း...အရမ်းအောင့်တယ်"

"ခဏလေး သည်းခံနော်..ငါ မြန်မြန်မောင်းပေးမယ်"

"အင်း"

Yiboက Xiaozhan လက်တစ်ဖက်ကို ကိုင်လိုက်ကာ..

"မင်းလက်တစ်ဖက်ထဲနဲ့ ကားမောင်းလို့ ရလား"

"ဟမ်"

"ငါ ဗိုက်အရမ်းအောင့်နေလို့ ...မင်းလက်ကို ခဏ ကိုင်ထားလို့ရမလား"

Yiboစိတ်ထင်လို့ပဲလားမသိ။ သူပြောလိုက်တဲ့ အချိန်မှာ Xiaozhan ပုံစံက တစ်မျိူးဖြစ်သွားသလိုခံစားလိုက်ရသည်။

"အဆင်မပြေရင်လဲ..ရပါတယ်"

Xiaozhan က ချသွားသည့် Yiboလက်ကို ပြန်ဆွဲကာ

"ကိုင်ထားလို့ရတယ်"

အင်း..Xiaozhan လက်က Yiboလက်ထက်သေးပင်မယ့် နွေးထွေးပြီး နူးညံ့နေတာပဲ။ လက်လေး ကိုင်ထားလိုက်ရုံနဲ့ အရမ်းလုံခြုံသွားသလို ခံစားရတယ်။
အရင်တုန်းက Yiboက Xiaozhan လက်ကို ဒီလို ဆုပ်ကိုင်ဖို့ စိတ်ကူးယဉ်ခဲ့တာ အကြိမ်ပေါင်းမနည်းပဲ။ ဒါပေမယ့် သူ ကိုင်ခွင့် မရခဲ့ဘူး။
နွေးထွေးတယ်..အရမ်းနွေးထွေးတာပဲ။ နွေးထွေးလွန်းလို့ မလွှတ်ချင်တော့ဘူး။ အကြောစိမ်းလေးနဲ့ လက်ချောင်း သွယ်သွယ်လေးတွေက မထိရက် မကိုင်ရက် ဖြစ်လောက်အောင်ကို လှရက်လွန်းတယ်။

"ဆေးရုံ ရောက်ပြီ"

Xiaozhan က Yibo ကို ကားထဲက ထွက်စေပြီး တွဲကာ

"ဒီတစ်ခါ မင်းဆရာဝန်စကားကို သေချာနားထောင်.. ဆေးမှန်မှန်သောက်"

"အင်း"

"အစားတွေ အချိန်မှန် မစားလို့ အခု ဖြစ်ပြီလေ..မင်းက ဂိမ်းများနှိပ်ရမယ်ဆို ထမင်းမေ့ဟင်းမေ့.."

"ဒါဆို ငါမမေ့အောင် မင်းဂရုစိုက်ပေးလေ"

Yiboစကားကြောင့် Xiaozhan က သူ့ကို ပြူးကြည့်ကာ

"ဘယ်လို.."

"ငါရောဂါ မဖြစ်အောင် အချိန်မှန်စားဖို့ မင်းကူညီမယ်မလား..ဒါဆို ဗိုက်အောင့် တော့မှာမဟုတ်ဘူး..ဘယ်လိုလဲ"

"မင်းဟာမင်း ဂိမ်းနှိပ်ပြီး ထမင်းအချိန်မှန် မစားတာကိုး ငါက ကူညီရမယ် တဲ့လား"

"ဘာလဲ..မင်းက မကူညီဘူးလား..ငါဗိုက်အောင့်တာကျ ဆူပြီးတော့"

Yiboက မျက်နှာငယ်လေးနဲ့ ပြောတော့ Xiaozhan က သက်ပြင်းချကာ

"ကောင်းပြီ..ငါကူညီမယ်..ဒါပေမဲ့ မင်းလဲ တစ်ခု ပြန်လုပ်ပေးရမယ်"

"ဘာလဲ"

"ထမင်းစားရင် ထမင်းကို အာရုံစိုက်စား..ဂိမ်းဆော့ ရင်း မစားနဲ့"

"Xiaozhan... ဒါက"

"သဘောမတူချင်ဘူးလား"

"မဟုတ်ဘူး..တူတယ်..တူတယ်.."

"အိုခေ..ဒါဆို ဒီနေ့ကစပြီး မနက်စာကနေ ညစာအထိ မင်းငါနဲ့ တူတူ ထမင်းစားရမယ်"

"အင်း"

Yiboရဲ့ ဉာဏ်များမှူ့တွေက တကယ်ပဲ Crushနဲ့ အနီးကပ်ဆုံး နေခွင့်တွေရသွားတာပဲ။ ဒီနေ့ကစပြီး Crushလေးက သူ့စားရေးသောက်ရေးကို သေချာ ဂရုစိုက် ပေးမယ့်အပြင် ထမင်းသုံးနပ်ကိုလဲ လက်ဆုံ စားရဦးမယ်။

............

Yiboက ကုတင်ပေါ် မှာ ထိုင်ကာ တွေးနေမိသည်။ ကျောက်ရှင်းအာ နဲ့ Xiaozhan ရင်းနှီးမှု့ကို ဒီတစ်ခါ သူ တားလိုက်နိုင်တယ်ဆိုပေမယ့် တစ်ချိန်ချိန်မှာ ရင်းနှီးသွားကြရင် ဘယ်လို လုပ်မလဲ။
အင်း..မဖြစ်နိုင်လောက်ပါဘူးလေ။ သူက အခုချိန်ကစပြီး Xiaozhan နားမှာ တစ်ဖဝါးမှ မခွာပဲ ရှိနေမှာ။ လုံးဝ ရင်းနှီးခွင့် ပေးမှာမဟုတ်ဘူး။

"Yibo....ထမင်းစားရအောင်"

"အင်း...လာပြီ"

Yiboက Xiaozhan သူ့ရှေ့ကို ချပေးသည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်ကာ နှာခေါင်းရှုံ့ပြီး..

"မင်းကျတော့ ထမင်းစားပြီး ငါကျတော့ ဘာလို့ ဆန်ပြုတ်လဲ"

"မင်းအစာအိမ်က မှ မကောင်းသေးတာ..ဆန်ပြုတ်ပဲ သောက်ဦး..ဆရာဝန် လဲ ပြောထားတယ်လေ"

"ဆန်ပြုတ်ငါမကြိုက်ဘူး...မစားချင်ဘူး"

"ဆန်ပြုတ်က အရသာကောင်းပါတယ်..မင်း စားစေချင်လို့ ငါ ကျောင်းကန်တင်းက ဆိုင်မှာ ကိုယ်တိုင် ဝင်ချက်ခဲ့တာ..စား ကြည့်ပါ"

Xiaozhan စကားကြောင့်သူ့ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။

"မင်းကိုယ်တိုင် ချက်ထားတာ..မင်းက ချက်တက်တယ်ပေါ့"

"အင်း"

Yiboက ပြုံးကာ ဆန်ပြုတ်ကို တစ်ဇွန်းယူစားကြည့်တော့ အရသာရှိမှု့ကြောင့် သူပြုံးမိသွားကာ

"Xiaozhan...အရမ်းကောင်းတယ်"

"အင်း"

Yiboက အားရပါးရစားကာ..

"ဒီလို ဆန်ပြုတ်မျိုးဆို ငါနေ့တိုင်းစားနိုင်တယ်...Xiaozhan ရဲ့ Cooking Skillက တကယ့် Perfect ပဲ"

"ဟိတ်..ဟိတ်..အဲ့လောက်မမြှောက်နဲ့..ငါ မနေတက်တော့ ဘူး"

"တကယ်ပြောတာ..ဒါပေမယ့်"

Yiboက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်ကာ Xiaozhan ကို ကြည့်ပြီး..

"မင်းပန်းကန်ထဲက အသားကြော်လေး နည်းနည်းကျွေးပါလား..ငါစားချင်လို့"

"မရဘူး..ဒါက စပ်တယ်..မင်းနဲ့ မတည့်ဘူး"

"တစ်တုံးထဲပဲဟာ..ဘာမှ မဖြစ်ပါဘူး..ကျွေးပါနော်..ငါ ဝက်ဝံ သုံးကောင် အက က ပြမယ်... ဒီမှာကြည့်"

Yiboက မတ်တပ်ရပ်ကာ ...

"ဝက်ဝံ လေးသုံးကောင်ရှိပါတယ်..အဖေ ဝက်ဝံ.. အမေဝက်ဝံ..."

(A. N ချစ်စံအိမ်Full House ထဲမှာ မင်းသမီးကပြတဲ့ ဝက်ဝံသုံးကောင်အကပါ)

Xiaozhan က သူ့ကို ကြည့်ကာ သဘောတကျနဲ့ ရယ်ကာ..

"ဟားဟား...မင်းက တကယ် ဝက်ဝံနဲ့တူတယ်..ချစ်စရာလေး"

Xiaozhan စကားကြောင့် Yiboက နေတာကို ရပ်လိုက်ကာ Xiaozhan နဲ့ မျက်လုံးချင်းဆုံစေပြီး

"ငါက တကယ်ချစ်ဖို့ ကောင်းတယ်ပေါ့"

Xiaozhan က သူ့အကြည့်တွေကို ရှောင်ကာ

"အဟမ်း..ဟုတ်တယ်..လုံးလုံးလေးနဲ့ ဝက်ဝံ လေးကျနေတာပဲ"

"ဒါဆို အသားတစ်ဖတ်ကျွေး...အာ.."

Xiaozhan က ရယ်ကာ ဟထားသည့် Yiboပါးစပ်ထဲကို အသားတစ်ဖတ် ခွံ့ကာ..

"ချစ်စရာ ကောင်းလို့ ကျွေးလိုက်မယ်"

Xiaozhan စကားကြောင့် Yiboရင်ထဲ ကျည်ဆန်ရထား အစီးတစ်ရာလောက် ဖြတ်ပြေးသလို ခံစားလိုက်ရသည်။ နေပါဦး..အခု ငါ့ Crushက ငါ့ကို ချစ် စရာကောင်းတယ်လို့ ပြောလိုက်တာလား။
အား....သေရတာ တန်သွားပြီ။ အရမ်းတန်သွားပြီ။

............

"ဒီတစ်ခါ စာမေးပွဲ မှာ မင်းအမှတ်တွေက အောင်မှတ်တောင်မရဘူး....ကျောင်း ခေါ်ချိန်တွေကလဲ မရှိသဘေလာက်ပဲ...မိဘတွေခေါ်ခဲ့ Wang Yibo...ဒီကိစ္စကို ဆွေးနွေးရအောင်"

ပါမောက္ခစကားကြောင့် Yibo စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဒီ ဝဋ်တွေက ထပ်ခံရဦးမယ်။ ဒီလိုဆို သေရတာ မတန်တော့ဘူး။
Yiboက တက္ကသိုလ်တက်ပြီဆိုထဲက စာဆိုတာ လှည့်ကို မကြည့်ဘူး။ အတန်းဆိုလဲ စိတ်ကူးပေါက်မှ တက်တာ။ မပေါက်ရင် ခြေဦးတောင် မလှည့်ဘူး။ သူစိတ်ကူးပေါက်တာကလဲ တစ်လမှာ တစ်ကြိမ်ဆိုရင်တောင်ခပ်ရှားရှားရယ်။
အရင်တုန်းက အဲ့ ပြသနာကြောင့် ပါးက ကျောင်းကို လာပြီး ပါမောက္ခနဲ့ တွေ့ရတော့ ရှက်ပြီး သူ့ကို ရိုက်ဆုံးမတာ သူနှစ်ရက်လောက် အိပ်ရာထဲ က မထနိုင်ဘူး။သူ့ပါးက စည်းကမ်းကြီးလွန်းသူ ဖြစ်တာကြောင့် လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။ ဘယ်လို လုပ်ရမလဲ။ ဒီဘဝလဲ သေအောင် ထပ်ရိုက်ခံရဦးမယ်။
စိတ်ပျက်လက်ပျက်နဲ့ လမ်းလျှောက် လာတုန်း မြင်လိုက်ရသည့် မြင်ကွင်း ကြောင့် သူခြေလှမ်းတွေ ရပ်သွားသည်။

"ကျောက်ရှင်းအာ "

သူမက Xiaozhan နဲ့ ရယ်မောကာ စကားပြောနေသည်။ တကယ်ပဲ ကံကြမ္မာက ပဲ ပြောင်းလို့မရတာလား။ ဒီမိန်းမပဲ ဇွဲကောင်းတာလားမသိဘူး။ ကျောင်းထိကို လိုက်လာတာပဲ။

Yiboက Xiaozhan နဲ့ ရယ်မောကာ စကားပြောနေသည့် ကျောက်ရှင်းအာ ကို ကြည့်ကာ မဲ့ ပြုံးပြုံးလိုက်ပြီး ကျောပိုးအိတ် ထဲက ပရုပ်ဆီ ဘူးကို ထုတ်ကာ ပရုပ်ဆီ တွေကို ယူပြီး မျက်လုံးတွေကို ပွတ်လိုက်သည်။
ခဏလေးအတွင်းမှာပင် မျက်လုံးတွေရဲပြီး စပ်လာကာ မျက်ရည်တွေ ဝဲလာသည်။

Yiboက Xiaozhan အနားသွားကာ မျက်ရည်တွေ ဝဲကာ နီရဲနေသည့် မျက်လုံးတွေဖြင့် ကြည့်လိုက်ပြီး

"Xiaozhan...."

Xiaozhan သူ့ကို စိုးရိမ်တကြီး လှည့်ကြည့်လာကာ

"ဘာဖြစ်လာတာလဲ...ဘာဖြစ်လို့လဲ Yibo"

"ငါ...."

Yiboက ကျောက်ရှင်းအာ ကို တစ်ချက်ကြည့်ကာ ပြောလက်စကို ရပ်လိုက်တော့ Xiaozhan က သဘောပေါက်သွားပြီး...

"တောင်းပန်ပါတယ် ညီမ..နောက်မှ တွေ့ကြတာပေါ့..အခု အစ်ကို့ သူငယ်ချင်း က တစ်ခု ခု ဖြစ်နေတယ်ထင်တယ်..ခွင့်ပြုပါဦး "

Xiaozhan က ကျောက်ရှင်းအာ ကို နှုတ်ဆက် ပြီး Yiboကို ဆွဲကာ

"လာ...သွားမယ်.."

YiboကXiaozhanဆွဲခေါ်ရာနောက် လိုက်သွားကာ မျက်စိမျက်နှာပျက်ကာ ကျန်နေခဲ့သည့် ကျောက်ရှင်းအာ ကို ကြည့်ပြီး ကျေနပ်သွားမိသည်။
Second Lesson Done!!!
ငါပြောပါတယ်။ နင့်အကြံအစည်တွေအားလုံးကို ငါရအောင် ဖျက်မှာပါလို့။

TBC






Продолжить чтение

Вам также понравится

59.9K 3.8K 24
Chanyeol အစအ​ေနာက္​သန္​တဲ့ vampire Baekhyunခပ္​စြာစြာ idol ​ေပါက္​စ ​ေလး သူတို ့ႏွစ္​​ေယာက္​ အလြဲလြဲ အ​ေခ်ာ္​​ေခ်ာ္​ ​ေတြ ့ဆံု မႉ....... funny fic (Y...
17.1K 2.8K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
284K 18K 82
အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ္းခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ေယာက္ဟာ ကံၾကမၼာ လွည့္ကြက္...
105K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥