Part- 12

11.5K 1.2K 115
                                    

"အစ်....အစ်ကိုတို့က..."

ကျောက်ရှင်းအာ က အသံတွေပါ တုန်လာကာ Wang Yiboကို ဒေါသမျက်လုံးတွေဖြင့် ကြည့်လာသည်။

"အစ်ကိုနဲ့ Yiboချစ်သူတွေ ဖြစ်သွားကြပြီ"

Xiaozhan က သူ့ပခုံးကို ဆွဲဖက်ကာ ကျောက်ရှင်းအာ ကို အေးစက်စွာ ပြောလိုက်သည်။

"ဟိုနေ့က ပုံကို ညီမ ဘာရည်ရွယ်ချက်နဲ့ Yiboဆီ ပို့လိုက်လဲမသိပေမယ့် အစ်ကို ကတော့ ညီမကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး..ဒါ ညီမ အသိဆုံးနေမှာပါ"

ကျောက်ရှင်းအာ မျက်နှာက ချက်ချင်း ညိုးငယ်သည့် မျက်နှာ အမူအယာ ပြောင်းသွားသည်။

"တောင်းပန်ပါတယ် အစ်ကို..အဲ့ ပုံက ညီမ သူငယ်ချင်းရိုက်လိုက်တာပါ..ညီမတောင် မသိလိုက်ဘူး"

Yibo က တစ်ချက်ရယ်လိုက်ကာ..

"ဟာသပဲ...ဒါဆို ဘာလို့ မင်း ဖုန်းနံပါတ်ကြီးနဲ့ ငါ့ဆီ ရောက်လာရတာ လဲ "

"အဲ့..အဲ့ဒါက..သူငယ်ချင်း က ညီမ Ph ကို ယူပြီး ပို့လိုက်တာ..ညီမ မူးနေလို့ ဘာမှ မသိလိုက်ဘူး"

"Aww...ဟုတ်လား...Aww"

Yiboက ရွဲ့သလို ပြောပြီး လှောင်ရယ်တော့ သူမ မျက်နှာက ထိန်းမရအောင် ပျက်လာသည်။

"ထားလိုက်တော့...နောက် ဒီလို မဖြစ်စေပါနဲ့ ညီမ..လာ..Yibo သွားရအောင် "

Yibo က သူ့ကို ဆွဲကာ ခေါ်နေသည့် Xiaozhan လက်ကို ဖြုတ်ကာ ကျောက်ရှင်းအာ ကို ကြည့်ပြီး

"ခုချိန်ကစပြီး အပြုအမှု တွေကို ဆင်ခြေပေးပါ လို့ အားနာနာနဲ့ ပြောပါစေ..အခု Xiaozhan က  အစ်ကို့ ချစ်သူ ဖြစ်လာပြီဆိုတော့ အစ်ကို့မှာ ပြောခွင့်ရှိပြီ ထင်တယ်..ကျေးဇူး ပြုပြီး စည်းလေး ရှိပေးပါ"

"Yibo ပြောတာ မှန်တယ် ညီမ..နောက်ဆို အစ်ကို့ဆီ ညဘက်ကြီး ဖုန်းဆက် ပြီး မခေါ်ပါနဲ့..ပတ်ဝန်းကျင် က မြင်ရင် မကောင်းဘူး"

"ညီမ နားလည်ပါ ပြီ အစ်ကို"

Yibo Xiaozhan ဆွဲခေါ်ရာနောက် လိုက်သွားရင်း အနောက် ပြန်လှည့်ကာ ကျောက်ရှင်းအာ ကို ကြည့်ပြီး လက်ကို သေနတ် Sign လုပ်ကာ သူမဆီ ပစ်ပြီး..

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Waar verhalen tot leven komen. Ontdek het nu