Part- 6

11.3K 1.2K 55
                                    

နောက်နေ့ပါး ရောက်လာကာ ရုံးခန်းမှာ လက်မှတ်ထိုးပြီးနောက် ထုံးစံအတိုင်း Yiboကို ဒေါသတကြီး နဲ့ဆူပူကြိမ်းမောင်းကာ တဖြန်းဖြန်း နဲ့ ရိုက်ပါတော့သည်။ ပါး ကပဲ လက်သံပြောင်းတာလား။ Yibo အသားအရည် ကပဲ နုတာလားမသိ။ ရိုက်ပြီးသွားရင် Yibo ကျောတွေပေါ် လက်ဖဝါးရာတွေက နီရဲကာ ကျန်နေခဲ့သည်။

ဒီဒဏ်ရာတွေက လှန်ကြည့်မှသိတာကြောင့် Yiboက ကြည့်လိုက်တာ နဲ့သိသာသည့် ဒဏ်ရာဖြစ်အောင် စကိတ်ကွင်းထဲ စကိတ်ကို တမင် ချော်ချအောင်စီးပြီး ဒဏ်ရာ ရအောင် ကြံဖန်လာခဲ့သည်။ဒီလောက်ဆို လုံလောက်ပြီထင်ပါရဲ့။

..........................................

Yibo အဆောင် ပြန်ရောက်သည့် အချိန်မှာ Xiaozhan က ရေမိုးချိုးပြီး မွေးနေ့ ပွဲသွားဖို့ ပြင်ဆင်နေသည်နဲ့တိုးသည်။ ထော့နဲ့ ထော့နဲ့ နဲ့ ဝင်လာသည့် Yiboကို Xiaozhan က စူးစိုက်ကြည့်ကာ

"တစ်နေကုန် ဘယ်ပျောက်နေတာလဲ..နေ့လည်ထဲက ထွက်သွားတာ အတန်းလဲမတက်..အခုမှ ပြန်လာတယ်"

"ပါးရောက်လာလို့ "

Xiaozhan က အလန့်တကြား နဲ့သူ့နား ရောက်လာကာ

"ရောက်လာတာကိုဘာလို့ ငါ့ကို မပြောရတာလဲ "

"မင်းက ဟိုတစ်ယောက်မွေးနေ့ပွဲသွားဖို့ ပြင်နေတာမလား....ငါ့ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"

"ကျွတ်..ဖြစ်စရာလားကွာ..ဟင်...ဒူးက ဘာဖြစ်လာတာလဲ"

ဘောင်းဘီ ကိုခေါက်တင်ထားတာကြောင့် ဒူးခေါင်းက ပွန်းပဲ့ကာ သွေးထွက်နေသည့် ဒဏ်ရာက ဖြူဥနေသည့် အသားပေါ်မှာ အထင်းသား...

"ပါးရိုက်တာ လန့်ပြီး ရှောင်လိုက်လို့ ချော်လဲတာ"

"ကျွတ်...Yiboရာ...ဆေးထည့်ရမယ်...မဟုတ်ရင် အမာရွတ်ကျန်နေခဲ့မယ် "

"ငါ့ဘာသာငါ ထည့်လိုက်ပါမယ်..မင်း သွားစရာရှိတာ နောက်ကျနေဦးမယ်"

"နောက်ကျလဲ ဘာမှ မဖြစ်ဘူး"

Xiaozhan က Yibo အနာကို သေချာ ဆေးထည့်ပေးနေသည်ကို ကြည့်ကာ Yiboက ကျောကို ဆန့်ပြီး အခနဲ ထအော်လိုက်သည်။

"ဘာဖြစ်တာလဲ"

ဆေးထည့်နေရင်း တန်းလန်းကနေ Xiaozhan က မျက်မှောင်ကြုံ့ကာ မော့ကြည့်လာသည်။

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now