Part- 0.0

31.6K 1.6K 114
                                    

အရင်ဘဝက ငယ်ငယ်ထဲက ခိုးကြိုက်ခဲ့ရတဲ့ Crush လေး ရဲ့ အချစ်ကို ဘယ်လို ကြိုးစားကြိုးစား မရခဲ့ဘူး။
အရွယ်ရောက်လာတော့ Crush လေးက သူ့ Crush လေးနဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ စီစဉ်ကြတယ်။
ကိုယ်ချင်းမစာနာ အလိုက်ကမ်းဆိုး မသိတဲ့ Crush ဆိုတဲ့ သတ္တဝါက မင်္ဂလာပွဲမှာ သူ့ကို သတို့်သားအရံ လုပ်ခိုင်းလို့ ဟတ်တက်ကွဲတဲ့ အသည်းကြီးနဲ့ Crush အလိုကျ လုပ်ပေးရသည်။
Crush လေးက မင်္ဂလာဦးညမှာ သူ့သတို့သမီးလောင်းအသစ်စက်စက်လေးနဲ့ ပျော်နေမယ့် Hotel မှာ သူက အရက်တွေ သောက်မူးရူးကွဲ ပြဲ ပြီး Drama တွေထဲက Bathtub ထဲမှာ Feel ဖို့ စိတ်ကူးနဲ့ ရေချိုးခန်း ထဲ မူးမူးနဲ့ ဝင်ခဲ့ချိန် ဘယ်ထဲက ရှိနေမှန်းမသိတဲ့ ကြမ်းပြင်က ချွဲကျိကျိဆပ်ပြာရည်တွေကို နင်းမိပြီး နောက်ပြန်လှဲကျကာ ကြမ်းပြင်နဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ဆောင့်မိသွားသည်။
အရိုးခိုက်အောင် နာကျင်မှု့ကို ​နောက်ဆုံး သိလိုက်ရပြီး ပြန်သတိရလာတဲ့ အချိန်မှာ ကြမ်းပြင်ပေါ်မှာ သွေးတွေကြား ငြိမ်သက်နေတဲ့ သူ့ခန္ဓာကိုယ်ကိုသူ မြင်လိုက်ရသည်။

"ဘာလဲ..ငါတကယ်သေ သွားပြီလား..ဟင့်အင်း..မသေချင်သေးဘူး..Feelပဲ Feelချင်တာ တကယ်မသေချင်ဘူးလေ"

ခန္ဓာကိုယ်​ ထဲ ပြန်ဝင်ဖို့ သူကြိုးစားပေမယ့် မရ။

"နေပါဦး.. ငါက အခု ဝိညာဉ်ဖြစ်နေတာလား..ဒါဆို ငါ့ကို မမြင်ရဘူးပေါ့..ကြိုက်ပြီလေ..Crush ရဲ့ မင်္ဂလာဦး ညကို သွားနှောင့်ယှက်ရမယ်.. ဟိုမိန်းမကို မျက်ဖြူလန်အောင် ခြောက်ပစ်မယ်"

တွေးပြီး ခြေလှမ်းတွေ ပြင်နေတုန်း တစ်စုံ တစ်ယောက်က သူ့ ဂုတ်ကနေ ဆောင့်ဆွဲ လိုက်တာကို ခံစားလိုက်ရသည်။

"စောက်ကျင့်ယုတ်ဖို့ မကြံစမ်းနဲ့"

အဖြူရောင်ဝတ်စုံကို ဝတ်ထားတဲ့သူ့ကို ဆွဲထားတဲ့ သူကို ဘုကြည့်ကြည့်ကာ

"ခင်ဗျား က ဘယ်သူလဲ"

"သေမင်းလေ..သေမင်း..ဘာလဲ အရမ်းချောနေလို့ သေမင်းလို့ မထင်ဘူးမလား..ငါသိပါတယ်.."

"ဖြစ်ရတယ်..ငါ့လောက်တောင် မချောပဲနဲ့များ..လာမပြောနဲ့..တောက်ချလိုက်မယ်"

ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)Where stories live. Discover now