* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၁၇ *
“ ဂျွန်ထယ်ရေ ... ဆေးသောက်မယ် ... ”
ထယ်ယောင်း ဗန်းလေးတစ်ဗန်းကိုင်ကာ အခန်းထဲဝင်မိတော့ မျက်ဝန်းတွေကိုမှေးထားသည့်ကောင်လေး ...။ သူ့အသံကြားမှ ဖြည်းညင်းစွာပွင့်ကျလာတဲ့မျက်ဝန်းတွေ ...။
“ Hyungတော့ ပင်ပန်းရပြီ ကျွန်တော့်ကြောင့်နဲ့ .. ”
ဂျွန်ထယ့်စကားကြောင့် သူ မျက်စောင်းလေးချီလိုက်မိသည်။
“ မပင်ပန်းစေချင်ရင် ဆေးကောင်းကောင်းသောက် .. "
ယူလာတဲ့ဆေးနဲ့ ရေခွက်ကိုပေးကာ သောက်စေတော့ ဂျွန်ထယ်ကအလိုက်တသိသောက်သည်။
“ ကျွန်တော့်အနားမှာပဲနေပါလား Hyung... Hyungအနားမှာရှိရင် ပိုသက်သာတယ် "
ဖျော့တော့စွာပြောလာတဲ့ကောင်လေးကို ထယ်ယောင်းမငြင်းရက်ပါ။ မဟုတ်ရင်တောင် ဂျွန်ထယ့်အနားမှာအချိန်ရှိသလောက် နေပေးဖို့သူဆုံးဖြတ်ပေးပြီးသား။
ထယ်ယောင်းပြုံးလိုက်မိရင်း ဂျွန်ထယ့်ဘေးနားဝင်လှဲကာ စောင်ကိုပါ အကျအနခြုံလိုက်မိသည်။ ဂျွန်ထယ်ကတော့ သူ့အနားကိုပိုတိုးကပ်ကာ သူ့ကို ခြေတွေလက်တွေပါမကျန် အကုန်သိမ်းကျုံးဖက်ပစ်ထားသည်။
“ Hyung... ”
“ အင်း ပြော နားထောင်နေတယ် "
" ထယ်ထယ်!! ထယ်ထယ်လို့ခေါ်လို့ရမလား "
တောင်းဆိုလာတဲ့ဂျွန်ထယ့်လေသံသေးသေးက သူ့နှလုံးအိမ်ကို ကိုင်ဆွဲလှုပ်ခတ်နိုင်တာမို့ သူခေါင်းညိတ်လိုက်မိသည်။
“ ရတာပေါ့ မင်းက ကိုယ့်အပိုင်ပဲဟာ "
" ထယ်ထယ် .. ထယ်ထယ် ... ထယ်ထယ်က သိပ်လှတယ် "
အစမရှိအဆုံးမရှိပြောလာတဲ့ဂျွန်ထယ်ကြောင့်ထယ်ယောင်းအံ့ဩမိသည်။
“ ပုံမှန်ဆို ကုကီးက ကုကီးသဘောကျတဲ့ဟာတွေဆို သူများထိတာမကြိုက်သလို ... တခြားသူတွေလုယူမှာလဲ အမုန်းဆုံးပဲ "
ပြောရင်းဆိုရင်း အခေါ်အဝေါ်တွေပြောင်းကုန်တာမို့ ထယ်ယောင်းအနည်းငယ်ကြောင်အမိသည်။ ဘယ်လိုတောင် သူ့ကိုယ်သူ ကုကီးလို့သုံးလိုက်တာလဲ ။
“ ဒါပေမဲ့လေ ... ထယ်ထယ်ကတော့ ခြွင်းချက်ပဲ ... ထယ်ထယ် ကုကီးကိုမထားခဲ့ရင်ရပါပြီ... ထယ်ထယ်ကျန်တဲ့လူတွေနဲ့အသားချင်းမထိရင်ရပြီ ... တွဲလို့ရတယ် ... ပတ်သက်လို့ရတယ် ... ဒါပေမဲ့ ထယ်ထယ့်ကိုစတွေ့တုန်းကလို တခြားသူကြောင့်ရလာတဲ့အမှတ်အသားတွေ ထယ်ထယ့်ဆီမှာမရှိရင် ကုကီးကျေနပ်ပြီ "
ပြောရင်းဆိုရင်းအသံတိုးလျသွားတဲ့ကောင်လေးကြောင့် ထယ်ယောင်းရင်ဘတ်ကြီးတုန်ခါသွားရသည်။
တခြားသူထိတာ မကြိုက်ဘူးတဲ့လား ... ဒါဆို သူရော ဘာထူးလို့လဲ ... ဂျွန်ထယ့်ကို ဘယ်သူ့မှအထိမခံနိုင်ပါ ထိမိရင် အဲ့ဒီ့လူကို သူသတ်ပြီးထောင်ထဲဝင်မှာပင်၊ ဒါပေမဲ့ ဂျွန်ထယ်ကြည်ဖြူရင်တော့ တမျိုးသွားတာပေါ့...
" ... ထယ်ထယ်ကြည်ဖြူတယ်ဆိုရင်တောင် ကုကီးမကြိုက်ဘူး ထယ်ထယ် !! ဘာလို့လဲသိလား ... ထယ်ထယ့်ကို သာယာစရာတစ်ခုလိုအသုံးချနေတာလို့ ကုကီးမြင်လို့ ... ထယ်ထယ့်ကို အရင်တွေ့တဲ့နေ့တုန်းကလို ထယ်ထယ် ထပ်မဆိုးနဲ့တော့နော် ... ထယ်ထယ်ဆန္ဒရှိရင် ကုကီး အချိန်မရွေး နေရာမရွေး အဆင်သင့်ပဲ ... အဲ့ဒါကြောင့် ထယ်ထယ် တွဲလို့ရတယ် တခြားသူတွေနဲ့တော့ မအိပ်ပါနဲ့ "
အသံတွေတုန်ဆင်းသွားတဲ့အထိ ပြောလာတဲ့ကောင်လေးကြောင့် ထယ်ယောင်း ပိုပြီးတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။ ဖျားနေတာမို့ အရင်ကအကြောင်းတွေပြန်တွေးပြီး ဝမ်းနည်းနေတာလဲ ဖြစ်နိုင်သည်လေ။ ထို့ကြောင့် ထယ်ယောင်းကတိပေးလိုက်မိသည်။
“ အင်း စိတ်ချ ... ဘယ်သူ့နဲ့မှလဲ မပတ်သတ်တော့ဘူး ဘယ်သူနဲ့မှလဲ လျှောက်မအိပ်တော့ဘူး ဂျွန်ထယ် ... အရင်ကကိစ္စတွေက မင်းနဲ့မတွေ့ခင်တုန်းက အကြောင်းတွေမို့ မေ့ထားလိုက်တော့ ပြန်တွေးပြီးဝမ်းနည်းမနေနဲ့ ဂျွန်ထယ်လေး "
သူချော့ပြောတော့ ဂျွန်ထယ်က ခေါင်းညိတ်ကာ သူ့ကိုမော့ကြည့်လာသည်။ ချစ်စရာကောင်းတဲ့မြင်ကွင်းလေးမို့ သူလဲ ဂျွန်ထယ့်မျက်ဝန်းတွေကို နူးနူးညံ့ညံ့ပြန်ကြည့်မိတော့ မျက်ရည်ဝဲလာတဲ့ကောင်ငယ်လေး..။
“ ဘာဖြစ်လို့လဲ ... နာလို့လား .. ဘယ်နား နာလို့လဲပြော ကိုယ် ဘာလုပ်ပေးရမလဲ ဂျွန်ထယ် ”
ဂျောင်ကုမျက်ရည်တွေကိုမြင်တော့ ပျာယာခတ်သွားရတဲ့ထယ်ယောင်း။
“ ဟင်အင်း မဟုတ်ဘူး ပျော်လို့ ... ထယ်ထယ့်ဆီက ဒီလိုအကြည့်မျိုးရမယ်ဆိုတာ .. မယုံကြည်နိုင်လို့ ... ကုကီးလေ .. ကုကီးအရမ်းပျော်တယ် ... ထယ်ထယ် ပစ်မထားလို့ ကုကီးအရမ်းပျော်တယ် ... ”
ပြောရင်းဆိုရင်း တင်းတင်းကျပ်ကျပ်ဖက်တွယ်လာတဲ့ကောင်လေးရဲ့လက်ကို ထယ်ယောင်းတယုတယဆုပ်ကိုင်ရင်း ထယ်ယောင်း နှုတ်ခမ်းသားတွေနဲ့ဖွဖွလေးဖိကပ်နမ်းသည်။
“ ကိုယ် မင်းကို ဘယ်တောမှ မထားသွားဘူး ဂျွန်ထယ် ”
ထို့နောက် ဂျောင်ကုနဖူးလေးကို ခပ်ဖွဖွနမ်းကာ အသက်ရှူသံတွေပြင်းနေတဲ့ကောင်လေး အိပ်ပျော်စေရန် ကျောပြင်ကို ပုတ်ပေးနေခဲ့မိတော့သည်။
သိပ်ချစ်တယ် ဂျွန်ဂျောင်ကု ...
ဒါပေမဲ့ ... မင်းလက်ကိုတွဲနိုင်ဖို့ ကိုယ် ရင်ဆိုင်ရမဲ့အရာတွေရှိတယ်
🔹🔹🔹
အေးစက်ခြင်းကြီးစိုးနေတဲ့ရုံးခန်း...
အကြိမ်ကြိမ်လာပြီး တစ်စုံတစ်ယောက်အတွက် အကြိမ်ကြိမ်အသုံးတော်ခံခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့မတူ။ ထယ်ယောင်းစိတ်တွေလှုပ်ရှားနေမိသည်။ ဂျောင် အလိုမကျဖို့ပဲ အမြဲမျှောင်လင့်ခဲ့သောသူသည် အခုတစ်ခါမှာတော့ ဂျောင်အလိုကျဖို့မျှော်လင့်နေမိသည်။ ဂျောင်သဘောမကျတဲ့ နားကပ်အရှည်တွဲတွဲကိုလဲ သူမတပ်ဆင်လာခဲ့။ ရှုပ်ယှက်ခတ်နေတဲ့အဝတ်အစားလဲ သူမဝတ်လာသလို မျက်နှာပေါ်က အမာရွတ်ဖုံးဖို့အတွက် မိတ်ကပ်တွေလဲ သူ မသုံးလာမိ။ ရိုးရိုးရှပ်လက်ရှည်တစ်ထည်ကိုသာ စတိုင်ပန်အညိုနဲ့တွဲဖက်ထားသည်။ ထို့ထက် သူဒီအခန်းထဲဝင်တိုင်းဂျောင့်ကို အကြောင်းကြားခဲ့ပေမဲ့ အခုတော့ ဂျောင့်အလာကိုသာ သူစောင့်မျှော်နေမိသည်။ အတွင်းရေးမှူးမလေးလာချထားပေးတဲ့အအေးကိုလဲ သူမသောက်နိုင်။ ရင်တွေသာ ပူနေမိသည်။
မကြာပါ အစည်းအဝေးပြီးတော့ ရုံးခန်းထဲ ဝင်လာတဲ့
ဂျောင့်ကို သူတွေ့လိုက်ရသည်။ သူ့ကိုမြင်တာနဲ့ ဂျောင်က တအံ့တဩ အနားပြေးလာသည်။
“ ဘေဘီ ... ဘာလို့ ကိုယ့်ကို ကြိုမပြောတာလဲ.. ဘေဘီရောက်နေမှန်းသိရင် ကိုယ်ထွက်ခဲ့မှာပေါ့ "
စကားတွေပြောရင်း အနားရောက်လာတဲ့ ဂျောင့်ကို တစ်ချက်ကြည့်ပြီး ထိုင်ဖို့ပြောလိုက်မိသည်။
" အရင်ထိုင်ပါဦး "
သူ့စကားကြောင့် ထိုင်ဖို့သတိရတော့တဲ့ဂျောင်က အနားမှာ ဝင်ထိုင်ရင်း သူ့လက်တွေကို ဆွဲယူသည်။ ဂျွန်ထယ့်ရဲ့ ' အသားချင်းမထိပါနဲ့ ' ဆိုတဲ့စကားကြောင့် သူ ချက်ချင်းရုန်းထွက်လိုက်မိတော့ ဂျောင့်မျက်နှာပျက်ယွင်းသွားသည်။
“ ကျွန်တော် ဒီကိုလာတာ ဒါတွေလုပ်ဖို့မဟုတ်ဘူး ဂျောင် "
ကောင်းမွန်စွာပြောလာတဲ့သူ့ကို ဂျောင်က ထူးဆန်းသလို ဆန်းစစ်သည်။
" ဒါဆို .. "
ဂျောင့်ရဲ့အမေးဆန်တဲ့ စကားလုံးကြောင့် ထယ်ယောင်းသက်ပြင်းချလိုက်မိသည်။
“ တောင်းပန်တယ်ဂျောင်! "
သူ့နှုတ်ဖျားက ထွက်ကျလာတဲ့ထိုစကားကို ဂျောင် အံ့ဩသွားပုံရသည်။
“ ကလေး ... ဘာပြောလိုက်တာ .. ”
“ ကျွန်တော့်ကိုအမြဲတမ်းအနှောင့်အယှက်ပေးနေတာ ခင်ဗျားလို့ထင်ခဲ့မိလို့ ဆောရီးဂျောင် ခင်ဗျားအမှန်ကို ပြောတာတောင် ကျွန်တော်မယုံခဲ့ဘူးလေ အဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရတယ် ”
မျက်ဝန်းတွေတည့်တည့်မကြည့်ဘဲ သူပြောမိတော့ ဂျောင်က သူ့ကိုယ်ကိုရင်ခွင်ထဲဆွဲပွေ့သည်။ သူရုန်းထွက်ချင်ပေမဲ့ မရုန်းထွက်ခဲ့။ လိုချင်တဲ့ Targetကိုသူမရောက်သေးဘူးလေ။
“ မလိုပါဘူး ဘေဘီရာ .. ကိုယ်က ဘေဘီ ထိခိုက်မှာစိုးရိမ်လွန်းလို့ပါ ... အခုရော .. ဘေဘီ ကိုယ်နဲ့အတူတူပြန်လာနေမယ်မို့လားဟင် ... အိမ်ပြန်လာမယ် မဟုတ်လား ... အပြင်မှာ တစ်ယောက်တည်းမနေပါနဲ့တော့လား ... ကိုယ်စိုးရိမ်လွန်းလို့ ဘေဘီရယ် .. ”
တရစပ်ပြောလာတဲ့ဂျောင့်စကားတွေကြား ထယ်ယောင်းအကွက်မြင်မိတာမို့ ပြုံးလိုက်မိသည်။
“ အိမ်ပြန်လာစေချင်တာလား ”
“ အင်း .. ဘေဘီစိတ်ပါမှ ဘေဘီ့ကိုထိမယ် ... ကိုယ်ကတိပေးတယ် အိမ်သာပြန်လာပေးပါ ဘေဘီ ... ”
“ ဒါဆို အပေးအယူလေး လုပ်ကြရအောင်ဂျောင် "
ထိုစကားရဲ့အဆုံးမှာတော့ ဂျောင်က သူ့ကိုရင်ခွင်ထဲကနေ ဆွဲထုတ်ကာ အဖြေရှာသလိုသူ့မျက်ဝန်းတွေကို ကြည့်လာသည်။
“ ဂျောင်... ကျွန်တော့်ကို ရာထူးပြန်ပေးပါ .. မမရှိစဉ်ခါတုန်းက ကျွန်တော်သေချာပေါက်ရမဲ့ မန်းနေဂျင်းဒါရိုက်တာ ရာထူးပြန်ပေးပါ ဂျောင် .... ဒါ ကျွန်တော့်အလွန်တော့မဟုတ်ဘူးမလား ”
သူပြောတော့ ချက်ချင်းခေါင်းတန်းညိတ်တဲ့ဂျောင်။
“ အင်း ဖြစ်စေရမယ် ဘေဘီ ... လက်ရှိ MDကို တခြားနေရာပို့ပြီး ဘေဘီ့စိတ်တိုင်းကျဖြစ်စေရမယ် ”
" ဘာလို့တန်းပြီးလက်ခံရတာလဲ အကြောင်းပြချက်တောင်မမေးတော့ဘူးလား ... မတော်လို့များ Kim Groupကိုဖျက်ဆီးဖို့ လာတာဆိုရင် ဘယ်လိုလုပ်မလဲ ခင်ဗျားမစိုးရိမ်ဘူးလားဂျောင် "
ခပ်ငေါ့ငေါ့မေးမိတော့ ဂျောင်က ရယ်သည်။
“ ကိုယ်အရူးမဟုတ်ဘူးဘေဘီ ဒီကုမ္ပဏီကို ဘေဘီ့အဖေရဲ့ သွေးချွေးတွေနဲ့တည်ထောင်ခဲ့တာလေ ... ဘေဘီဖျက်စီးချင်ရင်တောင် ဘေဘီမလုပ်နိုင်ဘူး ဘေဘီ ... ”
ထိုစကားကြောင့် ထယ်ယောင်းအကြည့်လွှဲလိုက်မိသည်။ ထို့နောက်
“ နေ့တိုင်းအိမ်ပြန်လာမယ်လို့ ကတိမပေးနိုင်ဘူး ဒါပေမဲ့ လေးရက်လောက်တော့အိမ်မှာရှိမှာပါ ... စိတ်မပူပါနဲ့ ရာထူးရတာနဲ့ ကုမ္ပဏီimageကျစေမဲ့အလုပ်တွေ မလုပ်တော့ဘူး ... ပြီးတော့ ... လီမင်ဂျွန်းရော အခြေအနေဘယ်လိုရှိလဲ ... သူနဲ့ ဖြေရှင်းဖို့ကျန်သေးတာမို့ သေခါနီးဆိုရင်တောင် သေခွင့်မပေးနဲ့ ဂျောင် "
" မသေသေးပါဘူး နေ့လည်လောက်သတိပြန်ရပေမဲ့ ဆေးရုံကနေဆင်းပြေးတယ်လေ ... ဒါပေမဲ့ ဘယ်လိုပြောရမလဲ ဆေးရုံရှေ့မှာ ကားထပ်တိုက်ပြီး အခုထိ သတိပြန်မလည်လာဘူး ဘေဘီ ... စိတ်ချ ... အကုန်လုံးဘေဘီ့အလိုကျအတိုင်းပဲဘေဘီ ... ကိုယ်အကုန်ဖြည့်ဆည်းပေးမှာ "
" အကုန်ဖြည့်ဆည်းပေးမယ်ဆိုရင် ကွာရှင်းလိုက်လေ ... လုပ်ပေးနိုင်တာလဲမဟုတ်ဘဲနဲ့ မပြောစမ်းနဲ့ ...
သုံးရက်အချိန်ရတယ် သုံးရက်အတွင်း ကျုပ်အလုပ်ဆင်းနိုင်ဖို့ ခင်ဗျားပြင်စရာရှိတာ ပြင်ထား... ကျုပ်သွားတော့မယ် "
နှုတ်ဆက်အနမ်းတစ်ပွင့်တောင် မချန်ဘဲ ကျောခိုင်းသွားပြီဖြစ်တဲ့ကင်ထယ်ယောင်းကို အီဂျောင်ကြည့်ရင်း ဒေါသတွေနဲ့ ရယ်လိုက်မိသည်။
လိုလို့လား..
အဲ့ကောင်လေးတစ်ယောက်အတွက်နဲ့ ကိုယ့်ဆီမှာအောက်ကျခံပြီး ရာထူးပြန်တောင်းတဲ့အထိ လိုလို့လား ... အရင်လိုပဲ ဆိုးမိုက်စမ်းပါ ... ကိုယ်လိုက်ဖြေရှင်းပေးမယ် ...
မပြောင်းလဲလာပါနဲ့ ...
အဲ့ကလေးကိုကာကွယ်ဖို့အတွက်နဲ့ တည်ငြိမ်ရင့်ကျက်တဲ့လူတစ်ယောက်အသွင်ကို မယူချင်စမ်းပါနဲ့ဘေဘီရယ် ... ကိုယ်အရမ်းသဝန်တိုလွန်းတယ်..
💠💠💠
Dec 09, 2020
By Epiphany_Jinah
2ရက်လောက်နားပါမယ် မျက်လုံးအခြေအနေက MAMAပြီးကတည်းက အဆင်မပြေတော့လို့
________________________________
* 𝗭𝗮𝘄𝗴𝘆𝗶 *
* လေရာင္လႊမ္းတဲ့အခ်စ္အိပ္မက္ *
* အပိုင္း ၁၇ *
“ ဂြၽန္ထယ္ေရ ... ေဆးေသာက္မယ္ ... ”
ထယ္ေယာင္း ဗန္းေလးတစ္ဗန္းကိုင္ကာ အခန္းထဲဝင္မိေတာ့ မ်က္ဝန္းေတြကိုေမွးထားသည့္ေကာင္ေလး ...။ သူ႔အသံၾကားမွ ျဖည္းညင္းစြာပြင့္က်လာတဲ့မ်က္ဝန္းေတြ ...။
“ Hyungေတာ့ ပင္ပန္းရၿပီ ကြၽန္ေတာ့္ေၾကာင့္နဲ႔ .. ”
ဂြၽန္ထယ့္စကားေၾကာင့္ သူ မ်က္ေစာင္းေလးခ်ီလိုက္မိသည္။
“ မပင္ပန္းေစခ်င္ရင္ ေဆးေကာင္းေကာင္းေသာက္ .. "
ယူလာတဲ့ေဆးနဲ႔ ေရခြက္ကိုေပးကာ ေသာက္ေစေတာ့ ဂြၽန္ထယ္ကအလိုက္တသိေသာက္သည္။
“ ကြၽန္ေတာ့္အနားမွာပဲေနပါလား Hyung... Hyungအနားမွာရွိရင္ ပိုသက္သာတယ္ "
ေဖ်ာ့ေတာ့စြာေျပာလာတဲ့ေကာင္ေလးကို ထယ္ေယာင္းမျငင္းရက္ပါ။ မဟုတ္ရင္ေတာင္ ဂြၽန္ထယ့္အနားမွာအခ်ိန္ရွိသေလာက္ ေနေပးဖို႔သူဆုံးျဖတ္ေပးၿပီးသား။
ထယ္ေယာင္းၿပဳံးလိုက္မိရင္း ဂြၽန္ထယ့္ေဘးနားဝင္လွဲကာ ေစာင္ကိုပါ အက်အနၿခဳံလိုက္မိသည္။ ဂြၽန္ထယ္ကေတာ့ သူ႔အနားကိုပိုတိုးကပ္ကာ သူ႔ကို ေျခေတြလက္ေတြပါမက်န္ အကုန္သိမ္းက်ဳံးဖက္ပစ္ထားသည္။
“ Hyung... ”
“ အင္း ေျပာ နားေထာင္ေနတယ္ "
" ထယ္ထယ္!! ထယ္ထယ္လို႔ေခၚလို႔ရမလား "
ေတာင္းဆိုလာတဲ့ဂြၽန္ထယ့္ေလသံေသးေသးက သူ႔ႏွလုံးအိမ္ကို ကိုင္ဆြဲလႈပ္ခတ္ႏိုင္တာမို႔ သူေခါင္းညိတ္လိုက္မိသည္။
“ ရတာေပါ့ မင္းက ကိုယ့္အပိုင္ပဲဟာ "
" ထယ္ထယ္ .. ထယ္ထယ္ ... ထယ္ထယ္က သိပ္လွတယ္ "
အစမရွိအဆုံးမရွိေျပာလာတဲ့ဂြၽန္ထယ္ေၾကာင့္ထယ္ေယာင္းအံ့ဩမိသည္။
“ ပုံမွန္ဆို ကုကီးက ကုကီးသေဘာက်တဲ့ဟာေတြဆို သူမ်ားထိတာမႀကိဳက္သလို ... တျခားသူေတြလုယူမွာလဲ အမုန္းဆုံးပဲ "
ေျပာရင္းဆိုရင္း အေခၚအေဝၚေတြေျပာင္းကုန္တာမို႔ ထယ္ေယာင္းအနည္းငယ္ေၾကာင္အမိသည္။ ဘယ္လိုေတာင္ သူ႔ကိုယ္သူ ကုကီးလို႔သုံးလိုက္တာလဲ ။
“ ဒါေပမဲ့ေလ ... ထယ္ထယ္ကေတာ့ ႁခြင္းခ်က္ပဲ ... ထယ္ထယ္ ကုကီးကိုမထားခဲ့ရင္ရပါၿပီ... ထယ္ထယ္က်န္တဲ့လူေတြနဲ႔အသားခ်င္းမထိရင္ရၿပီ ... တြဲလို႔ရတယ္ ... ပတ္သက္လို႔ရတယ္ ... ဒါေပမဲ့ ထယ္ထယ့္ကိုစေတြ႕တုန္းကလို တျခားသူေၾကာင့္ရလာတဲ့အမွတ္အသားေတြ ထယ္ထယ့္ဆီမွာမရွိရင္ ကုကီးေက်နပ္ၿပီ "
ေျပာရင္းဆိုရင္းအသံတိုးလ်သြားတဲ့ေကာင္ေလးေၾကာင့္ ထယ္ေယာင္းရင္ဘတ္ႀကီးတုန္ခါသြားရသည္။
တျခားသူထိတာ မႀကိဳက္ဘူးတဲ့လား ... ဒါဆို သူေရာ ဘာထူးလို႔လဲ ... ဂြၽန္ထယ့္ကို ဘယ္သူ႔မွအထိမခံႏိုင္ပါ ထိမိရင္ အဲ့ဒီ့လူကို သူသတ္ၿပီးေထာင္ထဲဝင္မွာပင္၊ ဒါေပမဲ့ ဂြၽန္ထယ္ၾကည္ျဖဴရင္ေတာ့ တမ်ိဳးသြားတာေပါ့...
" ... ထယ္ထယ္ၾကည္ျဖဴတယ္ဆိုရင္ေတာင္ ကုကီးမႀကိဳက္ဘူး ထယ္ထယ္ !! ဘာလို႔လဲသိလား ... ထယ္ထယ့္ကို သာယာစရာတစ္ခုလိုအသုံးခ်ေနတာလို႔ ကုကီးျမင္လို႔ ... ထယ္ထယ့္ကို အရင္ေတြ႕တဲ့ေန႔တုန္းကလို ထယ္ထယ္ ထပ္မဆိုးနဲ႔ေတာ့ေနာ္ ... ထယ္ထယ္ဆႏၵရွိရင္ ကုကီး အခ်ိန္မေ႐ြး ေနရာမေ႐ြး အဆင္သင့္ပဲ ... အဲ့ဒါေၾကာင့္ ထယ္ထယ္ တြဲလို႔ရတယ္ တျခားသူေတြနဲ႔ေတာ့ မအိပ္ပါနဲ႔ "
အသံေတြတုန္ဆင္းသြားတဲ့အထိ ေျပာလာတဲ့ေကာင္ေလးေၾကာင့္ ထယ္ေယာင္း ပိုၿပီးတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္သည္။ ဖ်ားေနတာမို႔ အရင္ကအေၾကာင္းေတြျပန္ေတြးၿပီး ဝမ္းနည္းေနတာလဲ ျဖစ္ႏိုင္သည္ေလ။ ထို႔ေၾကာင့္ ထယ္ေယာင္းကတိေပးလိုက္မိသည္။
“ အင္း စိတ္ခ် ... ဘယ္သူ႔နဲ႔မွလဲ မပတ္သတ္ေတာ့ဘူး ဘယ္သူနဲ႔မွလဲ ေလွ်ာက္မအိပ္ေတာ့ဘူး ဂြၽန္ထယ္ ... အရင္ကကိစၥေတြက မင္းနဲ႔မေတြ႕ခင္တုန္းက အေၾကာင္းေတြမို႔ ေမ့ထားလိုက္ေတာ့ ျပန္ေတြးၿပီးဝမ္းနည္းမေနနဲ႔ ဂြၽန္ထယ္ေလး "
သူေခ်ာ့ေျပာေတာ့ ဂြၽန္ထယ္က ေခါင္းညိတ္ကာ သူ႔ကိုေမာ့ၾကည့္လာသည္။ ခ်စ္စရာေကာင္းတဲ့ျမင္ကြင္းေလးမို႔ သူလဲ ဂြၽန္ထယ့္မ်က္ဝန္းေတြကို ႏူးႏူးညံ့ညံ့ျပန္ၾကည့္မိေတာ့ မ်က္ရည္ဝဲလာတဲ့ေကာင္ငယ္ေလး..။
“ ဘာျဖစ္လို႔လဲ ... နာလို႔လား .. ဘယ္နား နာလို႔လဲေျပာ ကိုယ္ ဘာလုပ္ေပးရမလဲ ဂြၽန္ထယ္ ”
ေဂ်ာင္ကုမ်က္ရည္ေတြကိုျမင္ေတာ့ ပ်ာယာခတ္သြားရတဲ့ထယ္ေယာင္း။
“ ဟင္အင္း မဟုတ္ဘူး ေပ်ာ္လို႔ ... ထယ္ထယ့္ဆီက ဒီလိုအၾကည့္မ်ိဳးရမယ္ဆိုတာ .. မယုံၾကည္ႏိုင္လို႔ ... ကုကီးေလ .. ကုကီးအရမ္းေပ်ာ္တယ္ ... ထယ္ထယ္ ပစ္မထားလို႔ ကုကီးအရမ္းေပ်ာ္တယ္ ... ”
ေျပာရင္းဆိုရင္း တင္းတင္းက်ပ္က်ပ္ဖက္တြယ္လာတဲ့ေကာင္ေလးရဲ႕လက္ကို ထယ္ေယာင္းတယုတယဆုပ္ကိုင္ရင္း ထယ္ေယာင္း ႏႈတ္ခမ္းသားေတြနဲ႔ဖြဖြေလးဖိကပ္နမ္းသည္။
“ ကိုယ္ မင္းကို ဘယ္ေတာမွ မထားသြားဘူး ဂြၽန္ထယ္ ”
ထို႔ေနာက္ ေဂ်ာင္ကုနဖူးေလးကို ခပ္ဖြဖြနမ္းကာ အသက္ရႉသံေတြျပင္းေနတဲ့ေကာင္ေလး အိပ္ေပ်ာ္ေစရန္ ေက်ာျပင္ကို ပုတ္ေပးေနခဲ့မိေတာ့သည္။
သိပ္ခ်စ္တယ္ ဂြၽန္ေဂ်ာင္ကု ...
ဒါေပမဲ့ ... မင္းလက္ကိုတြဲႏိုင္ဖို႔ ကိုယ္ ရင္ဆိုင္ရမဲ့အရာေတြရွိတယ္
🔹🔹🔹
ေအးစက္ျခင္းႀကီးစိုးေနတဲ့႐ုံးခန္း...
အႀကိမ္ႀကိမ္လာၿပီး တစ္စုံတစ္ေယာက္အတြက္ အႀကိမ္ႀကိမ္အသုံးေတာ္ခံခဲ့ေပမဲ့ ဒီတစ္ႀကိမ္ေတာ့မတူ။ ထယ္ေယာင္းစိတ္ေတြလႈပ္ရွားေနမိသည္။ ေဂ်ာင္ အလိုမက်ဖို႔ပဲ အၿမဲေမွ်ာင္လင့္ခဲ့ေသာသူသည္ အခုတစ္ခါမွာေတာ့ ေဂ်ာင္အလိုက်ဖို႔ေမွ်ာ္လင့္ေနမိသည္။ ေဂ်ာင္သေဘာမက်တဲ့ နားကပ္အရွည္တြဲတြဲကိုလဲ သူမတပ္ဆင္လာခဲ့။ ရႈပ္ယွက္ခတ္ေနတဲ့အဝတ္အစားလဲ သူမဝတ္လာသလို မ်က္ႏွာေပၚက အမာ႐ြတ္ဖုံးဖို႔အတြက္ မိတ္ကပ္ေတြလဲ သူ မသုံးလာမိ။ ႐ိုး႐ိုးရွပ္လက္ရွည္တစ္ထည္ကိုသာ စတိုင္ပန္အညိဳနဲ႔တြဲဖက္ထားသည္။ ထို႔ထက္ သူဒီအခန္းထဲဝင္တိုင္းေဂ်ာင့္ကို အေၾကာင္းၾကားခဲ့ေပမဲ့ အခုေတာ့ ေဂ်ာင့္အလာကိုသာ သူေစာင့္ေမွ်ာ္ေနမိသည္။ အတြင္းေရးမႉးမေလးလာခ်ထားေပးတဲ့အေအးကိုလဲ သူမေသာက္ႏိုင္။ ရင္ေတြသာ ပူေနမိသည္။
မၾကာပါ အစည္းအေဝးၿပီးေတာ့ ႐ုံးခန္းထဲ ဝင္လာတဲ့
ေဂ်ာင့္ကို သူေတြ႕လိုက္ရသည္။ သူ႔ကိုျမင္တာနဲ႔ ေဂ်ာင္က တအံ့တဩ အနားေျပးလာသည္။
“ ေဘဘီ ... ဘာလို႔ ကိုယ့္ကို ႀကိဳမေျပာတာလဲ.. ေဘဘီေရာက္ေနမွန္းသိရင္ ကိုယ္ထြက္ခဲ့မွာေပါ့ "
စကားေတြေျပာရင္း အနားေရာက္လာတဲ့ ေဂ်ာင့္ကို တစ္ခ်က္ၾကည့္ၿပီး ထိုင္ဖို႔ေျပာလိုက္မိသည္။
" အရင္ထိုင္ပါဦး "
သူ႔စကားေၾကာင့္ ထိုင္ဖို႔သတိရေတာ့တဲ့ေဂ်ာင္က အနားမွာ ဝင္ထိုင္ရင္း သူ႔လက္ေတြကို ဆြဲယူသည္။ ဂြၽန္ထယ့္ရဲ႕ ' အသားခ်င္းမထိပါနဲ႔ ' ဆိုတဲ့စကားေၾကာင့္ သူ ခ်က္ခ်င္း႐ုန္းထြက္လိုက္မိေတာ့ ေဂ်ာင့္မ်က္ႏွာပ်က္ယြင္းသြားသည္။
“ ကြၽန္ေတာ္ ဒီကိုလာတာ ဒါေတြလုပ္ဖို႔မဟုတ္ဘူး ေဂ်ာင္ "
ေကာင္းမြန္စြာေျပာလာတဲ့သူ႔ကို ေဂ်ာင္က ထူးဆန္းသလို ဆန္းစစ္သည္။
" ဒါဆို .. "
ေဂ်ာင့္ရဲ႕အေမးဆန္တဲ့ စကားလုံးေၾကာင့္ ထယ္ေယာင္းသက္ျပင္းခ်လိုက္မိသည္။
“ ေတာင္းပန္တယ္ေဂ်ာင္! "
သူ႔ႏႈတ္ဖ်ားက ထြက္က်လာတဲ့ထိုစကားကို ေဂ်ာင္ အံ့ဩသြားပုံရသည္။
“ ကေလး ... ဘာေျပာလိုက္တာ .. ”
“ ကြၽန္ေတာ့္ကိုအၿမဲတမ္းအေႏွာင့္အယွက္ေပးေနတာ ခင္ဗ်ားလို႔ထင္ခဲ့မိလို႔ ေဆာရီးေဂ်ာင္ ခင္ဗ်ားအမွန္ကို ေျပာတာေတာင္ ကြၽန္ေတာ္မယုံခဲ့ဘူးေလ အဲ့အတြက္ အျပစ္ရွိသလိုေတာ့ ခံစားရတယ္ ”
မ်က္ဝန္းေတြတည့္တည့္မၾကည့္ဘဲ သူေျပာမိေတာ့ ေဂ်ာင္က သူ႔ကိုယ္ကိုရင္ခြင္ထဲဆြဲေပြ႕သည္။ သူ႐ုန္းထြက္ခ်င္ေပမဲ့ မ႐ုန္းထြက္ခဲ့။ လိုခ်င္တဲ့ Targetကိုသူမေရာက္ေသးဘူးေလ။
“ မလိုပါဘူး ေဘဘီရာ .. ကိုယ္က ေဘဘီ ထိခိုက္မွာစိုးရိမ္လြန္းလို႔ပါ ... အခုေရာ .. ေဘဘီ ကိုယ္နဲ႔အတူတူျပန္လာေနမယ္မို႔လားဟင္ ... အိမ္ျပန္လာမယ္ မဟုတ္လား ... အျပင္မွာ တစ္ေယာက္တည္းမေနပါနဲ႔ေတာ့လား ... ကိုယ္စိုးရိမ္လြန္းလို႔ ေဘဘီရယ္ .. ”
တရစပ္ေျပာလာတဲ့ေဂ်ာင့္စကားေတြၾကား ထယ္ေယာင္းအကြက္ျမင္မိတာမို႔ ၿပဳံးလိုက္မိသည္။
“ အိမ္ျပန္လာေစခ်င္တာလား ”
“ အင္း .. ေဘဘီစိတ္ပါမွ ေဘဘီ့ကိုထိမယ္ ... ကိုယ္ကတိေပးတယ္ အိမ္သာျပန္လာေပးပါ ေဘဘီ ... ”
“ ဒါဆို အေပးအယူေလး လုပ္ၾကရေအာင္ေဂ်ာင္ "
ထိုစကားရဲ႕အဆုံးမွာေတာ့ ေဂ်ာင္က သူ႔ကိုရင္ခြင္ထဲကေန ဆြဲထုတ္ကာ အေျဖရွာသလိုသူ႔မ်က္ဝန္းေတြကို ၾကည့္လာသည္။
“ ေဂ်ာင္... ကြၽန္ေတာ့္ကို ရာထူးျပန္ေပးပါ .. မမရွိစဥ္ခါတုန္းက ကြၽန္ေတာ္ေသခ်ာေပါက္ရမဲ့ မန္းေနဂ်င္းဒါ႐ိုက္တာ ရာထူးျပန္ေပးပါ ေဂ်ာင္ .... ဒါ ကြၽန္ေတာ့္အလြန္ေတာ့မဟုတ္ဘူးမလား ”
သူေျပာေတာ့ ခ်က္ခ်င္းေခါင္းတန္းညိတ္တဲ့ေဂ်ာင္။
“ အင္း ျဖစ္ေစရမယ္ ေဘဘီ ... လက္ရွိ MDကို တျခားေနရာပို႔ၿပီး ေဘဘီ့စိတ္တိုင္းက်ျဖစ္ေစရမယ္ ”
" ဘာလို႔တန္းၿပီးလက္ခံရတာလဲ အေၾကာင္းျပခ်က္ေတာင္မေမးေတာ့ဘူးလား ... မေတာ္လို႔မ်ား Kim Groupကိုဖ်က္ဆီးဖို႔ လာတာဆိုရင္ ဘယ္လိုလုပ္မလဲ ခင္ဗ်ားမစိုးရိမ္ဘူးလားေဂ်ာင္ "
ခပ္ေငါ့ေငါ့ေမးမိေတာ့ ေဂ်ာင္က ရယ္သည္။
“ ကိုယ္အ႐ူးမဟုတ္ဘူးေဘဘီ ဒီကုမၸဏီကို ေဘဘီ့အေဖရဲ႕ ေသြးေခြၽးေတြနဲ႔တည္ေထာင္ခဲ့တာေလ ... ေဘဘီဖ်က္စီးခ်င္ရင္ေတာင္ ေဘဘီမလုပ္ႏိုင္ဘူး ေဘဘီ ... ”
ထိုစကားေၾကာင့္ ထယ္ေယာင္းအၾကည့္လႊဲလိုက္မိသည္။ ထို႔ေနာက္
“ ေန႔တိုင္းအိမ္ျပန္လာမယ္လို႔ ကတိမေပးႏိုင္ဘူး ဒါေပမဲ့ ေလးရက္ေလာက္ေတာ့အိမ္မွာရွိမွာပါ ... စိတ္မပူပါနဲ႔ ရာထူးရတာနဲ႔ ကုမၸဏီimageက်ေစမဲ့အလုပ္ေတြ မလုပ္ေတာ့ဘူး ... ၿပီးေတာ့ ... လီမင္ဂြၽန္းေရာ အေျခအေနဘယ္လိုရွိလဲ ... သူနဲ႔ ေျဖရွင္းဖို႔က်န္ေသးတာမို႔ ေသခါနီးဆိုရင္ေတာင္ ေသခြင့္မေပးနဲ႔ ေဂ်ာင္ "
" မေသေသးပါဘူး ေန႔လည္ေလာက္သတိျပန္ရေပမဲ့ ေဆး႐ုံကေနဆင္းေျပးတယ္ေလ ... ဒါေပမဲ့ ဘယ္လိုေျပာရမလဲ ေဆး႐ုံေရွ႕မွာ ကားထပ္တိုက္ၿပီး အခုထိ သတိျပန္မလည္လာဘူး ေဘဘီ ... စိတ္ခ် ... အကုန္လုံးေဘဘီ့အလိုက်အတိုင္းပဲေဘဘီ ... ကိုယ္အကုန္ျဖည့္ဆည္းေပးမွာ "
" အကုန္ျဖည့္ဆည္းေပးမယ္ဆိုရင္ ကြာရွင္းလိုက္ေလ ... လုပ္ေပးႏိုင္တာလဲမဟုတ္ဘဲနဲ႔ မေျပာစမ္းနဲ႔ ...
သုံးရက္အခ်ိန္ရတယ္ သုံးရက္အတြင္း က်ဳပ္အလုပ္ဆင္းႏိုင္ဖို႔ ခင္ဗ်ားျပင္စရာရွိတာ ျပင္ထား... က်ဳပ္သြားေတာ့မယ္ "
ႏႈတ္ဆက္အနမ္းတစ္ပြင့္ေတာင္ မခ်န္ဘဲ ေက်ာခိုင္းသြားၿပီျဖစ္တဲ့ကင္ထယ္ေယာင္းကို အီေဂ်ာင္ၾကည့္ရင္း ေဒါသေတြနဲ႔ ရယ္လိုက္မိသည္။
လိုလို႔လား..
အဲ့ေကာင္ေလးတစ္ေယာက္အတြက္နဲ႔ ကိုယ့္ဆီမွာေအာက္က်ခံၿပီး ရာထူးျပန္ေတာင္းတဲ့အထိ လိုလို႔လား ... အရင္လိုပဲ ဆိုးမိုက္စမ္းပါ ... ကိုယ္လိုက္ေျဖရွင္းေပးမယ္ ...
မေျပာင္းလဲလာပါနဲ႔ ...
အဲ့ကေလးကိုကာကြယ္ဖို႔အတြက္နဲ႔ တည္ၿငိမ္ရင့္က်က္တဲ့လူတစ္ေယာက္အသြင္ကို မယူခ်င္စမ္းပါနဲ႔ေဘဘီရယ္ ... ကိုယ္အရမ္းသဝန္တိုလြန္းတယ္..
💠💠💠
Dec 09, 2020
By Epiphany_Jinah
2ရက္ေလာက္နားပါမယ္ မ်က္လုံးအေျခအေနက MAMAၿပီးကတည္းက အဆင္မေျပေတာ့လို႔