My Nerdy Boy

By serenity_han

48.1K 4.4K 381

You're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my ima... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56||Final||
Thank You!
New Fiction!

Chapter-20

790 82 16
By serenity_han

Zawgyi

အားကစားခန္းမထဲတြင္အားေပးသံမ်ား၊ေအာ္ဟစ္သံမ်ားႏွင့္ဆူညံေနသည္။ဒီေန႔ကသူတို႔ေက်ာင္းရဲ႕ basketball ၿပိဳင္ပြဲေနာက္ဆုံးေန႔။ခဏအၾကာခန္းမထဲသို႔ႏွစ္ဖက္အသင္းမွ ကစားသမားမ်ားဝင္ေရာက္လာေတာ့ ခုနကထက္ပင္အသံေတြကပို၍ဟိန္းထြက္သြားသည္။ပြဲၾကည့္ပရိသတ္ေနရာမွာထိုင္ေနေသာၿဖိဳးဉာဏ္ကေတာ့ နားေတြၿငီးလြန္း၍ လက္ျဖင့္နားကိုပိတ္ထားရသည္။ဘာျဖစ္လို႔မ်ားဒီေလာက္အသံၿပဲႀကီးေတြႏွင့္ေအာ္ေနၾကရတာလဲ။

အထူးသျဖင့္ခန္းမထဲတြင္ "ထက္ဘုန္းညီ" ဟုေအာ္သံမ်ားႏွင့္ဖုံးလႊမ္းေနသည္။ဒါကေတာ့သူႏွစ္တိုင္းၾကားေနရတာမို႔လို႔ အထူးအဆန္းမဟုတ္ေတာ့ေပ။ၿဖိဳးဉာဏ္သူ႔ေပါင္ေပၚမွာတင္ထားေသာ မုန္႔ထုပ္ကိုေဖာက္ကာ ၾကည့္ဖို႔အသင့္ျပင္ေနလိုက္ေတာ့သည္။

ႏွစ္ဖက္အသင္းကတစ္ေယာက္ကိုတစ္ေယာက္ႏႈတ္ဆက္ၿပီးေနာက္ ပြဲကိုစဖို႔ျပင္ေတာ့သည္။ေဆာင္းဦးကေတာ့စစခ်င္းမပါေသးသည္မို႔လို႔ တျခားသူမ်ားႏွင့္အရန္ေနရာမွာထိုင္ေနလိုက္သည္။ၿပိဳင္ပြဲစေတာ့ခုနကအားေပးေနၾကေသာသူမ်ားက အသံတိတ္သြားကာ ၿပိဳင္ပြဲကိုစိတ္ဝင္တစားေစာင့္ၾကည့္ေနၾကသည္။

ေဆာင္းဦးအတြက္က ဒါကပထမဆုံးအႀကိမ္လို႔မဆိုသာေပမယ့္လည္း အလြန္စိတ္လႈပ္ရွားေနသည္။ၿပိဳင္ပြဲစစခ်င္းသိပ္မၾကာခင္မွာပဲ ထက္ဘုန္းတို႔ဘက္ကအရင္အမွတ္စရသြားသည္ႏွင့္တစ္ၿပိဳင္နက္ အားေပးသံမ်ားကလည္း က်ယ္ေလာင္စြာထြက္ေပၚလာသည္။ၿဖိဳးဉာဏ္ကလည္းမုန္႔ပင္မစားႏိုင္ေတာ့ဘဲ ၿပိဳင္ပြဲကိုမ်က္လုံးျပဴး၊မ်က္ဆံျပဴးႏွင့္ေသခ်ာၾကည့္ေနသည္။

ပြဲအလယ္ကိုေရာက္လာေလေလ၊ၿပိဳင္ပြဲကလည္းပိုပိုၿပီးျပင္းထန္လာသည္။တစ္ဖက္အသင္းႏွင့္ယွဥ္လွ်င္ သူမသာ၊ကိုယ္မသာျဖစ္ေနေသာေၾကာင့္ ပြဲၾကည့္သည့္သူမ်ားကလည္း အေတာ္ေလးစိတ္ဝင္စားေနၾကသည္။ပထမပိုင္းအၿပီးမွာေတာ့ ထက္ဘုန္းတို႔ဘက္က (၃)မွတ္ႏွင့္အသာစီးရေနသည္။

သူတို႔ခဏနားခ်ိန္ေရာက္ေတာ့ ထက္ဘုန္းကေဆာင္းဦးထိုင္ေနသည့္နားကိုေျပးသြားၿပီး သူ႔ေဘးမွာထိုင္ခ်လိုက္သည္။ေဆာင္းဦးကလည္းအလိုက္တသိႏွင့္ ေရဘူးအဖုံးကိုဖြင့္ကာ သူ႔အားေပးလိုက္သည္။ေဆာင္းဦးေပးတဲ့ေရကိုေသာက္ၿပီးေနာက္ သူ႔ေဘးရွိသဘက္ႏွင့္ေခြၽးမ်ားကိုသုတ္ေနလိုက္သည္။

"ကိုထက္ကစားတာအရမ္းမိုက္တာပဲ သိလား။ကြၽန္ေတာ္ဆိုမ်က္ေတာင္ေတာင္မခတ္ႏိုင္ဘူး"

"ဟားဟား အဲ့ေလာက္လည္းမဟုတ္ပါဘူးကြာ မင္းကလည္း"

ထက္ဘုန္းရယ္ကာေျပာလိုက္ၿပီးေနာက္ ေဆာင္းဦးဆံပင္ကိုဖြလိုက္ေတာ့ သူကၿပဳံး၍ၿငိမ္ခံေနျပန္သည္။ခဏေနေတာ့ သူတို႔အသင္းရဲ႕နည္းျပက သူတို႔နားကိုေရာက္လာေသာေၾကာင့္ ေဆာင္းဦးဆံပင္ကိုဖြေနတာကိုရပ္ကာ သူ႔လက္ကို႐ုတ္လိုက္သည္။

"ေဆာင္းဦး ေနာက္တစ္ပိုင္းမွာမင္း ေကာင္းထက္နဲ႔လူစားလဲလိုက္ေနာ္"

"အယ္ ကြၽန္ေတာ္ကလား"

"ဟုတ္တယ္။အဲ့ဒါအဆင္သင့္ျပင္ထားေနာ္။ေနာက္ထပ္ အင္း....(၃)မိနစ္ေလာက္ေနရင္ျပန္စေတာ့မွာ"

"ဟုတ္ ဟုတ္"

နည္းျပကသူ႔ပုခုံးကိုပုတ္ကာျပန္ထြက္သြားသည္။ေဆာင္းဦးေၾကာက္ေၾကာက္ႏွင့္ ထက္ဘုန္းလက္ကိုဆုပ္ကိုင္လိုက္ေတာ့ ေရခဲလိုေအးစက္ေနေသာေဆာင္းဦးလက္ေၾကာင့္ သူပင္နည္းနည္းတြန္႔သြားသည္။

"ဟင္ ေဆာင္းဦး လက္ေတြကဘာလို႔အဲ့ေလာက္ေအးစက္ေနတာလဲ"

"ကြၽန္ေတာ္ေၾကာက္လို႔။ကြၽန္ေတာ္ေကာင္းေကာင္းမလုပ္ႏိုင္ရင္ဘယ္လိုလုပ္မလဲဟင္။ကြၽန္ေတာ့္ေၾကာင့္ရႈံးသြားရင္ေရာဘယ္လိုလုပ္မလဲ"

"အာ ေဆာင္းဦးကလည္းမဟုတ္တာေတြေလွ်ာက္ေတြးမေနနဲ႔ေလ။Training ဆင္းတုန္းကေတာင္ေကာင္းေကာင္းလုပ္ခဲ့တာပဲမလား။အေရွ႕ကတုန္းကလည္းေသခ်ာကစားခဲ့တယ္ေလ။ေၾကာက္မေနပါနဲ႔။ၿပီးေတာ့ကိုယ္ယုံတယ္ ေဆာင္းဦးလုပ္ႏိုင္မယ္ဆိုတာ။ဒီတိုင္း Training မွာတုန္းကလိုပဲ စိတ္ကိုေအးေအးထားၿပီးကစား။အဲ့ဒါဆိုအဆင္ေျပသြားလိမ့္မယ္ေနာ္"

ထက္ဘုန္းအတတ္ႏိုင္ဆုံးသူ႔ကိုအားေပးေနလိုက္သည္။အနည္းႏွင့္အမ်ားေတာ့ သူလည္းေၾကာက္ေနမွာပဲမဟုတ္လား။ၿပိဳင္ပြဲျပန္စေတာ့ ေဆာင္းဦးကတုန္တုန္ယင္ယင္ႏွင့္ကြင္းထဲကိုေလွ်ာက္သြားသည္။ၿဖိဳးဉာဏ္ကေတာ့ သူ႔သူငယ္ခ်င္းကိုအစြမ္းကုန္အားေပးေနသည္။ဒုတိယပိုင္းစၿပီး(၅)မိနစ္ေလာက္အၾကာမွာ တစ္ဖက္အသင္းကစ၍ဦးစြာအမွတ္ရသြားေသာေၾကာင့္ ထက္ဘုန္းတို႔အသင္းႏွင့္တစ္မွတ္သာကြာေတာ့သည္။

႐ုတ္တရက္ေစာျမတ္ကေဘာလုံးကို ေဆာင္းဦးဆီကိုပစ္ေပးလိုက္ေတာ့ ေဆာင္းဦး႐ုတ္တရက္လန္႔ကာ ေဘာလုံးကိုပစ္ခ်လိုက္သည္။ဒါကိုတစ္ဖက္အသင္းကအခြင့္ေကာင္းယူကာ ေဘာလုံးကိုျဖတ္ယူသြားၿပီး ေနာက္ထပ္တစ္ေခါက္ဂိုးသြင္းလိုက္ျပန္သည္။အားေပးေနတဲ့သူေတြထံမွ 'ဟာ'ခနဲအသံထြက္သြားေတာ့ ေဆာင္းဦးရဲ႕စိတ္ကလည္း ဟိုးေအာက္ကိုထိုးက်သြားသည္။ေစာျမတ္ႏွင့္ထက္ဘုန္းကသူ႔ကိုၾကည့္ကာ 'Fighting' ဟူေသာအမူအရာလုပ္ျပေတာ့ သူလည္းစိတ္ကိုျပန္ၿငိမ္ေအာင္ထားကာ ေခါင္းညိမ့္ျပလိုက္သည္။

တစ္ဖန္ျပန္စေတာ့ တစ္ဖက္အသင္းကေဘာလုံးကိုလက္ျဖင့္ပုတ္ကာ သူတို႔အသင္းရဲ႕ဂိုးတိုင္ဘက္ကိုေျပးလာတာေၾကာင့္ ေဆာင္းဦးသူ႔အေရွ႕မွာသြားကာလိုက္သည္။တစ္ဖက္လူကလြတ္လမ္းကိုရွာေနရင္း ေဆာင္းဦးသတိတစ္ခ်က္အလြတ္မွာ သူ႔ကိုေက်ာ္ကာ ေနာက္ထပ္တစ္ဂိုးထပ္သြင္းလိုက္ျပန္သည္။ေဆာင္းဦးသက္ျပင္းခ်မိျပန္သည္။ဒီေန႔တစ္ေန႔တည္းသူသက္ျပင္းခ်မိတာ ဘယ္ႏွစ္ခါရွိေနၿပီမွန္းေတာင္မသိေတာ့ေပ။ၿဖိဳးဉာဏ္ကလည္းပြဲကိုၾကည့္ေနရင္း ပါးစပ္ကေနပြစိပြစိႏွင့္ဆုေတာင္းေပးေနသည္။

ပြဲၿပီးဖို႔(၅)မိနစ္အလိုမွာေတာ့ ပြဲကနဂိုကထက္ပိုၿပီးစိတ္ဝင္စားစရာေကာင္းလာသည္။ထက္ဘုန္းတို႔ဘက္ကအမွတ္တူေအာငိအမွီလိုက္လိုက္၊တစ္ဖက္အသင္းကျပန္ဦးေဆာင္သြားလိုက္ႏွင့္ ၾကည့္ေနတဲ့သူေတြေတာင္ဘယ္သူႏိုင္မလဲခန္႔မွန္းမရျဖစ္ေနၾကသည္။ထက္ဘုန္းတို႔ကတျဖည္းျဖည္းမွီေအာင္လိုက္ရင္းႏွင့္(၁)မိနစ္အလိုမွာေတာ့ ႏွစ္သင္းလုံးအမွတ္တူသြားၾကသည္။

ထက္ဘုန္းတို႔အသင္းကတစ္ေယာက္ကေဘာလုံးကိုဂိုးတိုင္ဘက္ကိုဆြဲသြားတုန္း ၾကားထဲကေနျဖတ္လုခံလိုက္ရေသာေၾကာင့္ အားေပးေနတဲ့သူေတြေဇာေခြၽးျပန္သြားၾကသည္။ဒီပုံအတိုင္းဆိုတျခားအသင္းႏိုင္ဖို႔ရာခိုင္ႏႈန္းမ်ားေနၿပီမလား။အခ်ိန္ကိုၾကည့္လိုက္ေတာ့လည္း စကၠန္႔သုံးဆယ္သာက်န္ေတာ့သည္။ထိုစဥ္ဘယ္ကေပၚလာမွန္းမသိတဲ့ေဆာင္းဦးက ထိုလူ႔ကိုထပ္ကာလိုက္ေသာေၾကာင့္ သူအၾကပ္႐ိုက္သြားသည္။ဘယ္ကေနေဖာက္ထြက္ရင္ေကာင္းမလဲစဥ္းစားေနတုန္း ေဆာင္းဦးကသူ႔လက္ထဲကေနျပန္လုသြားေသာေၾကာင့္ ၾကည့္ေနတဲ့သူေတြေမွ်ာ္လင့္ခ်က္ရွိသြားျပန္သည္။

ေဆာင္းဦးကသူ႔လက္ထဲရွိေဘာလုံးကို ေစာျမတ္ဆီကိုပစ္ေပးလိုက္သည္။ေစာျမတ္ကသူ႔ကိုကာထားသည့္လူေတြကို ျဖတ္ေက်ာ္ၿပီးေနာက္ ဂိုးတိုင္ႏွင့္အနီးဆုံးရွိထက္ဘုန္းအားေဘာလုံးကိုပစ္ေပးလိုက္သည္။ထက္ဘုန္းကတိုင္နားကိုသယ္သြားဖို႔လုပ္ေပမယ့္ သူ႔ကိုကာထားေသာတစ္ဖက္လူေၾကာင့္ ဘယ္လိုမွလုပ္လို႔မရ။အခ်ိန္ကလည္း(၅)စကၠန္႔ေလာက္သာက်န္ေတာ့သည္။သူလည္းျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ဒူးကိုေကြးၿပီးေနာက္ခုန္လိုက္ၿပီး ေဘာလုံးကိုပစ္သြင္းလိုက္သည္။လူတိုင္းကလည္းေဘာလုံးရဲ႕သြားရာကို စိတ္ဝင္တစားလိုက္ၾကည့္ၾကသည္။

၃စကၠန္႔......၂စကၠန္႔......၁စကၠန္႔

"ေရး"

ေဘာလုံးကဂိုးဝင္ေပါက္ထဲကိုဝင္သြားေသာေၾကာင့္ ခန္းမတစ္ခုလုံးအားေပးသံမ်ားထြက္လာသည္။ၿဖိဳးဉာဏ္ကလည္းအားေပးလြန္ၿပီး သူကိုင္ထားေသာမုန္႔ထုပ္ကိုလႊင့္ပစ္မိေသာေၾကာင့္ တစ္ဖက္သူအေပၚမုန္႔ေတြက်သြားရာ ေတာင္းပန္လိုက္ရေသးသည္။ထက္ဘုန္းလည္းအခုမွပင္အသက္ကိုဝဝရွဴၿပီးအျပည့္အဝၿပဳံးႏိုင္ေတာ့သည္။အာ.....ဒီႏွစ္လည္းသူတို႔ေမဂ်ာႏိုင္သြားျပန္ၿပီပဲ။

ထက္ဘုန္းကိုသူတို႔အသင္းကလူေတြကေျပးၿပီးလာဖက္ၾကသည္။အားေပးတဲ့သူေတြကလည္းသူ႔နာမည္ကိုေအာ္ဟစ္ေနၾကသည္။ထက္ဘုန္းသူ႔အသင္းကလူေတြနဲ႔စကားေျပာေနေပမယ့္ သူ႔အၾကည့္ေတြကေတာ့ သူနဲ႔ခပ္လွမ္းလွမ္းမွာရပ္ၿပီး သူ႔ကိုၿပဳံးျပေနေသာေဆာင္းဦးဆီမွာသာ။ထက္ဘုန္းသူတို႔ၾကားကေနထြက္လိုက္ၿပီး ေဆာင္းဦးဆီကိုေျခလွမ္းေတြလွမ္းလိုက္သည္။

ေဆာင္းဦးနားကိုေရာက္ေတာ့ ထက္ဘုန္းကသူ႔ကိုဖက္လိုက္တာေၾကာင့္ သူ႔ကိုယ္ေလးေတာင့္သြားတာကိုခံစားလိုက္ရသည္။မိန္းကေလးေတြဆီမွလည္း 'ဝိုး' ဆိုေသာအသံေတြကထြက္ေပၚလာသည္။ၿဖိဳးဉာဏ္ကလည္းေမးေထာက္ကာ ထက္ဘုန္းကိုစူးစမ္းသလိုၾကည့္ေနသည္။ခဏေနေတာ့မွ သူကဖက္ထားတာကိုလႊတ္ေပးလိုက္ၿပီး ေဆာင္းဦးကိုခ်ီးက်ဴးလာသည။

"ေဆာင္းဦး အရမ္းေတာ္တယ္သိလား။ေဆာင္းဦးေၾကာင့္သာမဟုတ္ရင္ကိုယ္တို႔ႏိုင္ေလာက္မွာမဟုတ္ဘူး"

"အယ္ အဲ့လိုလည္းမဟုတ္ဘူးေလ။ကိုထက္က....."

"ရွဴး ဘာမွမေျပာနဲ႔။ေဆာင္းဦးသာသူ႔ဆီကေဘာလုံးမလုလိုက္ရင္ ကိုယ္ကဘယ္လိုလုပ္ဝင္ေအာင္သြင္းႏိုင္မွာလဲ ဟုတ္တယ္မလား။အဲ့ဒါေဆာင္းဦးေတာ္လို႔ကိုယ္တို႔အသင္းႏိုင္သြားတာ"

"ဟီးဟီး အဲ့လိုလား။ေပ်ာ္လိုက္တာ"

"အဟမ္း အဟမ္း မင္းတို႔ႏွစ္ေယာက္ဒီနားမွာပဲ အၾကည္စိုက္မေနၾကနဲ႔။သြားၾကမယ္ေလ"

ေကာင္းထက္ႏွင့္ေစာျမတ္ကလာသတိေပးေတာ့ ထက္ဘုန္းသူ႔ကို႐ိုက္လိုက္သည္။ဒီေကာင္ေတြအခ်ိန္ေကာင္းဆိုဝင္ဝင္ေႏွာင့္တာဘာအက်င့္လဲကိုမသိဘူး။

"လာၿပီ လာၿပီ"

ေနာက္ဆုံးကြင္းအလယ္မွာတစ္ဖက္အသင္းကလူေတြႏွင့္အခ်င္းခ်င္းႏႈတ္ဆက္ၿပီးေတာ့မွ ၿပိဳင္ပြဲကလည္းၿပီးသြားေတာ့သည္။ၿဖိဳးဉာဏ္လည္းခန္းမထဲကေနထြက္ကာ ကားပါကင္မွာေဆာင္းဦးအလာကိုေစာင့္ေနလိုက္သည္။ထက္ဘုန္းကအဝတ္လဲၿပီးအရင္ထြက္လာတာကိုျမင္ေတာ့ သူထက္ဘုန္းနားကိုသြားကာ ပုခုံးကေနေျပးဖက္လိုက္သည္။

"ထက္ဘုန္း"

"ၿဖိဳးဉာဏ္ပါလား။ဘယ္လိုလဲ ဒီေန႔ငါတို႔ကစားတာမိုက္လား"

"ေသခ်ာေပါက္ေပါ့"

"ေဆာင္းဦးကအဝတ္လဲေနတုန္းတန္းလန္းထင္တယ္။သူ႔ကိုေစာင့္ေနတာလား"

"ဟုတ္တယ္။ဒါေပမယ့္မင္းကိုလည္းေမးစရာရွိလို႔။ငါအဲ့ေမးခြန္းကိုေမးခ်င္ေနတာေတာ္ေတာ္ၾကာၿပီ"

"အင္း ေမးစရာရွိတာမ်ားေမးေပါ့"

"မင္းအမွန္တိုင္းေျဖရမယ္ေနာ္"

"ေျဖမယ္ ေမး"

"မင္းေဆာင္းဦးကိုစိတ္ဝင္စားေနတာလား"

"ဟမ္"

သူတို႔ႏွစ္ေယာက္ၾကားတစ္ခဏမွ်တိတ္ဆိတ္သြားသည္။အဲ့လိုမ်ိဳးတည့္တိုးႀကီးေမးေတာ့ ထပ္ဘုန္းလည္းခ်က္ခ်င္းႀကီးဘာျပန္ေျဖရမလဲ။သူကေရာဘယ္လိုလုပ္သိသြားတာလဲ။

"ေဟ့ေကာင္ ေျဖေလလို႔"

"အမ္ အင္း အင္း ဒါနဲ႔မင္းကေမးၿပီးဘာလုပ္မလို႔လဲ"

"ငါ့မ်က္လုံးထဲမွာကြာမင္းေဆာင္းဦးကိုၾကည့္တဲ့ပုံစံကတစ္မ်ိဳးပဲ။အဲ့ဒါငါသိခ်င္လို႔"

"အိုေက ငါေျပာျပမယ္။ဒါေပမယ့္မင္းေဆာင္းဦးကိုျပန္သြားမေျပာရဘူးေနာ္"

"စိတ္ခ် မေျပာဘူး"

"အင္း ငါေဆာင္းဦးကိုခ်စ္တယ္"

"ထင္သားပဲ။အဲ့ဒါေၾကာင့္ငါဒီရက္ပိုင္းအတြင္းထူးဆန္းသလိုခံစားေနရတာကို"

"ငါလည္းမင္းကိုေမးစရာရွိတယ္"

"အင္း ေမးေလ"

"မင္းေရာေဆာင္းဦးကိုစိတ္ဝင္စားေနတာလား"

"ဟမ္ ဘယ္လို၊ငါကေဆာင္းဦးကိုစိတ္ဝင္စားတယ္ ဟုတ္လား။မင္းဘယ္လိုဦးေႏွာက္နဲ႔မ်ားေတြးလိုက္တာလဲ"

"မင္းနဲ႔ေဆာင္းဦးနဲ႔ကအရမ္းရင္းႏွီးတဲ့ပုံေပါက္တယ္ေလ။မင္းကလည္းေဆာင္းဦးကိုဂ႐ုစိုက္တယ္။ေဆာင္းဦးကလည္းမင္းကိုဆိုအရမ္းကပ္တယ္ေလ"

"အာ မင္းအထင္လြဲေနတာပဲ။ေဆာင္းဦးနဲ႔ငါက႐ိုး႐ိုးသူငယ္ခ်င္းပါ။ခင္တယ္ဆိုတာကလည္းႏွစ္စကတည္းကေပါင္းလာလို႔ပါကြာ။ၿပီးေတာ့ အင္း မေျပာဘူးလုပ္ထားေပမယ့္လည္း မင္း ငါနဲ႔သူ႔ကိုမယုံမွာစိုးလို႔ေျပာျပမယ္။မင္းအဲ့ဒါကိုေကာင္းထက္တို႔ကလြဲၿပီး ဘယ္သူမွကိုေျပာလို႔မျဖစ္ဘူးေနာ္"

"အင္း အင္း ဘာလဲ ေျပာျပ"

"တကယ္ေတာ့ငါနဲ႔ေဆာင္းဦးရဲ႕အစ္ကိုေလျပည္ဦးနဲ႔ကမွခ်စ္သူေတြ"

"မင္းကgayလား"

"Sh*t တိုးတိုးေနပါဆိုေနမွ။အကုန္ၾကားကုန္မယ္"

"ေအးပါ ငါနည္းနည္းလန္႔သြားလို႔။အဲ့ဒါဆိုမင္းနဲ႔ေဆာင္းဦးကတကယ္ဘာမွမဆိုင္ဘူးေနာ္"

"ဪ မယုံရင္လည္းေဆာင္းဦးကိုသာသြားေမးေတာ့"

"ယုံပါတယ္ ဟဲဟဲ။အဲ့ဒါဆိုမင္းငါနဲ႔ေဆာင္းဦးအဆင္ေျပဖို႔ကူညီေပး"

"ကူညီေပးတာကဟုတ္ပါတယ္။မင္းကသူ႔ကိုဖြင့္ေျပာၿပီးၿပီလား"

"ဟင့္အင္း ငါေၾကာက္လို႔"

"အယ္ ေၾကာက္တယ္တဲ့လား"

"ငါဖြင့္ေျပာလိုက္လို႔ေဆာင္းဦးကငါ့ကိုေရွာင္ဖယ္ေရွာင္ဖယ္လုပ္မွာေၾကာက္လို႔"

"ဒါေပမယ့္ဒီတိုင္းႀကီးေနသြားလို႔လည္းမရဘူးေလ။မင္းသာသူ႔ကိုခ်စ္တယ္ဆိုဖြင့္ေျပာရမွာေပါ့"

"အင္း င....ငါဖြင့္ေျပာမွာပါ"

"အဲ့လိုဆိုရင္ေတာ့ေကာင္းတာေပါ့။ငါလည္းမင္းကိုအတတ္ႏိုင္ဆုံးကူညီမယ္"

"ေက်းဇူးပါကြာ"

သူတို႔စကားတိုးတိုးေလးေျပာေနတုန္းေဆာင္းဦးကလြယ္အိတ္လြယ္ကာ ထြက္လာေသာေၾကာင့္ သူတို႔ႏွစ္ေယာက္လူခ်င္းခြါလိုက္ၾကသည္။ထက္ဘုန္းကိုေတြ႕ေတာ့ၿပဳံးကာသူကႏႈတ္ဆက္လာသည္။

"ကိုထက္ မျပန္ေသးဘူးလား"

"ဪ အင္း ၿဖိဳးဉာဏ္ကေဆာင္းဦးကိုေစာင့္ေနတုန္းကိုယ္သူနဲ႔စကားခဏေျပာေနတာ"

"အဲ့လိုကို"

"ေဆာင္းဦး အဲ့ဒါဆိုငါတို႔သြားရေအာင္ေလ"

"ဟုတ္ၿပီေလ။ကိုထက္ တာ့တာေနာ္။ကြၽန္ေတာ္တို႔သြားေတာ့မယ္"

"ဟုတ္ၿပီ ေကာင္းေကာင္းသြားေနာ္ ေဆာင္းဦး"

"ေဆာင္းဦးတစ္ေယာက္တည္းကိုပဲကကြက္ႏႈတ္ဆက္တယ္ေပါ့ ဟုတ္လား"

"ၿဖိဳးဉာဏ္ကလည္း သူမ်ားကို"

"ဟဲဟဲ မင္းကိုႏႈတ္ဆက္ဖို႔ကေမ့သြားလို႔။ေဆာင္းဦးကိုအိမ္ေသခ်ာျပန္ပို႔ေပးလိုက္ေနာ္"

ၿဖိဳးဉာဏ္မ်က္ႏွာမဲ့က်သြားသည္။ေဆာင္းဦးကိုက် 'ေကာင္းေကာင္းသြား' တဲ့။သူ႔ကိုက် 'ေဆာင္းဦးကိုေသခ်ာျပန္ပို႔ေပးလိုက္' တဲ့။ထက္ဘုန္းညီဆိုတဲ့ေကာင္ကသိပ္ကိုဘက္လိုက္တာပဲ။

"စိတ္ခ်ပါဗ် ေသခ်ာျပန္ပို႔ေပးလိုက္ပါ့မယ္"

ၿဖိဳးဉာဏ္တို႔ႏွစ္ေယာက္စလုံးက သူ႔ကိုေနာက္ဆုံးတစ္ေခါက္ ထပ္ႏႈတ္ဆက္ၿပီးမွ ကားေပၚကိုတက္ကာ ေမာင္းထြက္သြားၾကေတာ့သည္။သူတို႔သြားေတာ့မွထက္ဘုန္းလည္းအိမ္သို႔ျပန္ခဲ့ေတာ့သည္။

♤♤♤♤♤♤♤♤♤♤

Unicode

အားကစားခန်းမထဲတွင်အားပေးသံများ၊အော်ဟစ်သံများနှင့်ဆူညံနေသည်။ဒီနေ့ကသူတို့ကျောင်းရဲ့ basketball ပြိုင်ပွဲနောက်ဆုံးနေ့။ခဏအကြာခန်းမထဲသို့နှစ်ဖက်အသင်းမှ ကစားသမားများဝင်ရောက်လာတော့ ခုနကထက်ပင်အသံတွေကပို၍ဟိန်းထွက်သွားသည်။ပွဲကြည့်ပရိသတ်နေရာမှာထိုင်နေသောဖြိုးဉာဏ်ကတော့ နားတွေငြီးလွန်း၍ လက်ဖြင့်နားကိုပိတ်ထားရသည်။ဘာဖြစ်လို့များဒီလောက်အသံပြဲကြီးတွေနှင့်အော်နေကြရတာလဲ။

အထူးသဖြင့်ခန်းမထဲတွင် "ထက်ဘုန်းညီ" ဟုအော်သံများနှင့်ဖုံးလွှမ်းနေသည်။ဒါကတော့သူနှစ်တိုင်းကြားနေရတာမို့လို့ အထူးအဆန်းမဟုတ်တော့ပေ။ဖြိုးဉာဏ်သူ့ပေါင်ပေါ်မှာတင်ထားသော မုန့်ထုပ်ကိုဖောက်ကာ ကြည့်ဖို့အသင့်ပြင်နေလိုက်တော့သည်။

နှစ်ဖက်အသင်းကတစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီးနောက် ပွဲကိုစဖို့ပြင်တော့သည်။ဆောင်းဦးကတော့စစချင်းမပါသေးသည်မို့လို့ တခြားသူများနှင့်အရန်နေရာမှာထိုင်နေလိုက်သည်။ပြိုင်ပွဲစတော့ခုနကအားပေးနေကြသောသူများက အသံတိတ်သွားကာ ပြိုင်ပွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

ဆောင်းဦးအတွက်က ဒါကပထမဆုံးအကြိမ်လို့မဆိုသာပေမယ့်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ပြိုင်ပွဲစစချင်းသိပ်မကြာခင်မှာပဲ ထက်ဘုန်းတို့ဘက်ကအရင်အမှတ်စရသွားသည်နှင့်တစ်ပြိုင်နက် အားပေးသံများကလည်း ကျယ်လောင်စွာထွက်ပေါ်လာသည်။ဖြိုးဉာဏ်ကလည်းမုန့်ပင်မစားနိုင်တော့ဘဲ ပြိုင်ပွဲကိုမျက်လုံးပြူး၊မျက်ဆံပြူးနှင့်သေချာကြည့်နေသည်။

ပွဲအလယ်ကိုရောက်လာလေလေ၊ပြိုင်ပွဲကလည်းပိုပိုပြီးပြင်းထန်လာသည်။တစ်ဖက်အသင်းနှင့်ယှဉ်လျှင် သူမသာ၊ကိုယ်မသာဖြစ်နေသောကြောင့် ပွဲကြည့်သည့်သူများကလည်း အတော်လေးစိတ်ဝင်စားနေကြသည်။ပထမပိုင်းအပြီးမှာတော့ ထက်ဘုန်းတို့ဘက်က (၃)မှတ်နှင့်အသာစီးရနေသည်။

သူတို့ခဏနားချိန်ရောက်တော့ ထက်ဘုန်းကဆောင်းဦးထိုင်နေသည့်နားကိုပြေးသွားပြီး သူ့ဘေးမှာထိုင်ချလိုက်သည်။ဆောင်းဦးကလည်းအလိုက်တသိနှင့် ရေဘူးအဖုံးကိုဖွင့်ကာ သူ့အားပေးလိုက်သည်။ဆောင်းဦးပေးတဲ့ရေကိုသောက်ပြီးနောက် သူ့ဘေးရှိသဘက်နှင့်ချွေးများကိုသုတ်နေလိုက်သည်။

"ကိုထက်ကစားတာအရမ်းမိုက်တာပဲ သိလား။ကျွန်တော်ဆိုမျက်တောင်တောင်မခတ်နိုင်ဘူး"

"ဟားဟား အဲ့လောက်လည်းမဟုတ်ပါဘူးကွာ မင်းကလည်း"

ထက်ဘုန်းရယ်ကာပြောလိုက်ပြီးနောက် ဆောင်းဦးဆံပင်ကိုဖွလိုက်တော့ သူကပြုံး၍ငြိမ်ခံနေပြန်သည်။ခဏနေတော့ သူတို့အသင်းရဲ့နည်းပြက သူတို့နားကိုရောက်လာသောကြောင့် ဆောင်းဦးဆံပင်ကိုဖွနေတာကိုရပ်ကာ သူ့လက်ကိုရုတ်လိုက်သည်။

"ဆောင်းဦး နောက်တစ်ပိုင်းမှာမင်း ကောင်းထက်နဲ့လူစားလဲလိုက်နော်"

"အယ် ကျွန်တော်ကလား"

"ဟုတ်တယ်။အဲ့ဒါအဆင်သင့်ပြင်ထားနော်။နောက်ထပ် အင်း....(၃)မိနစ်လောက်နေရင်ပြန်စတော့မှာ"

"ဟုတ် ဟုတ်"

နည်းပြကသူ့ပုခုံးကိုပုတ်ကာပြန်ထွက်သွားသည်။ဆောင်းဦးကြောက်ကြောက်နှင့် ထက်ဘုန်းလက်ကိုဆုပ်ကိုင်လိုက်တော့ ရေခဲလိုအေးစက်နေသောဆောင်းဦးလက်ကြောင့် သူပင်နည်းနည်းတွန့်သွားသည်။

"ဟင် ဆောင်းဦး လက်တွေကဘာလို့အဲ့လောက်အေးစက်နေတာလဲ"

"ကျွန်တော်ကြောက်လို့။ကျွန်တော်ကောင်းကောင်းမလုပ်နိုင်ရင်ဘယ်လိုလုပ်မလဲဟင်။ကျွန်တော့်ကြောင့်ရှုံးသွားရင်ရောဘယ်လိုလုပ်မလဲ"

"အာ ဆောင်းဦးကလည်းမဟုတ်တာတွေလျှောက်တွေးမနေနဲ့လေ။Training ဆင်းတုန်းကတောင်ကောင်းကောင်းလုပ်ခဲ့တာပဲမလား။အရှေ့ကတုန်းကလည်းသေချာကစားခဲ့တယ်လေ။ကြောက်မနေပါနဲ့။ပြီးတော့ကိုယ်ယုံတယ် ဆောင်းဦးလုပ်နိုင်မယ်ဆိုတာ။ဒီတိုင်း Training မှာတုန်းကလိုပဲ စိတ်ကိုအေးအေးထားပြီးကစား။အဲ့ဒါဆိုအဆင်ပြေသွားလိမ့်မယ်နော်"

ထက်ဘုန်းအတတ်နိုင်ဆုံးသူ့ကိုအားပေးနေလိုက်သည်။အနည်းနှင့်အများတော့ သူလည်းကြောက်နေမှာပဲမဟုတ်လား။ပြိုင်ပွဲပြန်စတော့ ဆောင်းဦးကတုန်တုန်ယင်ယင်နှင့်ကွင်းထဲကိုလျှောက်သွားသည်။ဖြိုးဉာဏ်ကတော့ သူ့သူငယ်ချင်းကိုအစွမ်းကုန်အားပေးနေသည်။ဒုတိယပိုင်းစပြီး(၅)မိနစ်လောက်အကြာမှာ တစ်ဖက်အသင်းကစ၍ဦးစွာအမှတ်ရသွားသောကြောင့် ထက်ဘုန်းတို့အသင်းနှင့်တစ်မှတ်သာကွာတော့သည်။

ရုတ်တရက်စောမြတ်ကဘောလုံးကို ဆောင်းဦးဆီကိုပစ်ပေးလိုက်တော့ ဆောင်းဦးရုတ်တရက်လန့်ကာ ဘောလုံးကိုပစ်ချလိုက်သည်။ဒါကိုတစ်ဖက်အသင်းကအခွင့်ကောင်းယူကာ ဘောလုံးကိုဖြတ်ယူသွားပြီး နောက်ထပ်တစ်ခေါက်ဂိုးသွင်းလိုက်ပြန်သည်။အားပေးနေတဲ့သူတွေထံမှ 'ဟာ'ခနဲအသံထွက်သွားတော့ ဆောင်းဦးရဲ့စိတ်ကလည်း ဟိုးအောက်ကိုထိုးကျသွားသည်။စောမြတ်နှင့်ထက်ဘုန်းကသူ့ကိုကြည့်ကာ 'Fighting' ဟူသောအမူအရာလုပ်ပြတော့ သူလည်းစိတ်ကိုပြန်ငြိမ်အောင်ထားကာ ခေါင်းညိမ့်ပြလိုက်သည်။

တစ်ဖန်ပြန်စတော့ တစ်ဖက်အသင်းကဘောလုံးကိုလက်ဖြင့်ပုတ်ကာ သူတို့အသင်းရဲ့ဂိုးတိုင်ဘက်ကိုပြေးလာတာကြောင့် ဆောင်းဦးသူ့အရှေ့မှာသွားကာလိုက်သည်။တစ်ဖက်လူကလွတ်လမ်းကိုရှာနေရင်း ဆောင်းဦးသတိတစ်ချက်အလွတ်မှာ သူ့ကိုကျော်ကာ နောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်ပြန်သည်။ဆောင်းဦးသက်ပြင်းချမိပြန်သည်။ဒီနေ့တစ်နေ့တည်းသူသက်ပြင်းချမိတာ ဘယ်နှစ်ခါရှိနေပြီမှန်းတောင်မသိတော့ပေ။ဖြိုးဉာဏ်ကလည်းပွဲကိုကြည့်နေရင်း ပါးစပ်ကနေပွစိပွစိနှင့်ဆုတောင်းပေးနေသည်။

ပွဲပြီးဖို့(၅)မိနစ်အလိုမှာတော့ ပွဲကနဂိုကထက်ပိုပြီးစိတ်ဝင်စားစရာကောင်းလာသည်။ထက်ဘုန်းတို့ဘက်ကအမှတ်တူအောငိအမှီလိုက်လိုက်၊တစ်ဖက်အသင်းကပြန်ဦးဆောင်သွားလိုက်နှင့် ကြည့်နေတဲ့သူတွေတောင်ဘယ်သူနိုင်မလဲခန့်မှန်းမရဖြစ်နေကြသည်။ထက်ဘုန်းတို့ကတဖြည်းဖြည်းမှီအောင်လိုက်ရင်းနှင့်(၁)မိနစ်အလိုမှာတော့ နှစ်သင်းလုံးအမှတ်တူသွားကြသည်။

ထက်ဘုန်းတို့အသင်းကတစ်ယောက်ကဘောလုံးကိုဂိုးတိုင်ဘက်ကိုဆွဲသွားတုန်း ကြားထဲကနေဖြတ်လုခံလိုက်ရသောကြောင့် အားပေးနေတဲ့သူတွေဇောချွေးပြန်သွားကြသည်။ဒီပုံအတိုင်းဆိုတခြားအသင်းနိုင်ဖို့ရာခိုင်နှုန်းများနေပြီမလား။အချိန်ကိုကြည့်လိုက်တော့လည်း စက္ကန့်သုံးဆယ်သာကျန်တော့သည်။ထိုစဉ်ဘယ်ကပေါ်လာမှန်းမသိတဲ့ဆောင်းဦးက ထိုလူ့ကိုထပ်ကာလိုက်သောကြောင့် သူအကြပ်ရိုက်သွားသည်။ဘယ်ကနေဖောက်ထွက်ရင်ကောင်းမလဲစဉ်းစားနေတုန်း ဆောင်းဦးကသူ့လက်ထဲကနေပြန်လုသွားသောကြောင့် ကြည့်နေတဲ့သူတွေမျှော်လင့်ချက်ရှိသွားပြန်သည်။

ဆောင်းဦးကသူ့လက်ထဲရှိဘောလုံးကို စောမြတ်ဆီကိုပစ်ပေးလိုက်သည်။စောမြတ်ကသူ့ကိုကာထားသည့်လူတွေကို ဖြတ်ကျော်ပြီးနောက် ဂိုးတိုင်နှင့်အနီးဆုံးရှိထက်ဘုန်းအားဘောလုံးကိုပစ်ပေးလိုက်သည်။ထက်ဘုန်းကတိုင်နားကိုသယ်သွားဖို့လုပ်ပေမယ့် သူ့ကိုကာထားသောတစ်ဖက်လူကြောင့် ဘယ်လိုမှလုပ်လို့မရ။အချိန်ကလည်း(၅)စက္ကန့်လောက်သာကျန်တော့သည်။သူလည်းဖြစ်ချင်ရာဖြစ်ဆိုပြီး ဒူးကိုကွေးပြီးနောက်ခုန်လိုက်ပြီး ဘောလုံးကိုပစ်သွင်းလိုက်သည်။လူတိုင်းကလည်းဘောလုံးရဲ့သွားရာကို စိတ်ဝင်တစားလိုက်ကြည့်ကြသည်။

၃စက္ကန့်......၂စက္ကန့်......၁စက္ကန့်

"ရေး"

ဘောလုံးကဂိုးဝင်ပေါက်ထဲကိုဝင်သွားသောကြောင့် ခန်းမတစ်ခုလုံးအားပေးသံများထွက်လာသည်။ဖြိုးဉာဏ်ကလည်းအားပေးလွန်ပြီး သူကိုင်ထားသောမုန့်ထုပ်ကိုလွှင့်ပစ်မိသောကြောင့် တစ်ဖက်သူအပေါ်မုန့်တွေကျသွားရာ တောင်းပန်လိုက်ရသေးသည်။ထက်ဘုန်းလည်းအခုမှပင်အသက်ကိုဝဝရှူပြီးအပြည့်အဝပြုံးနိုင်တော့သည်။အာ.....ဒီနှစ်လည်းသူတို့မေဂျာနိုင်သွားပြန်ပြီပဲ။

ထက်ဘုန်းကိုသူတို့အသင်းကလူတွေကပြေးပြီးလာဖက်ကြသည်။အားပေးတဲ့သူတွေကလည်းသူ့နာမည်ကိုအော်ဟစ်နေကြသည်။ထက်ဘုန်းသူ့အသင်းကလူတွေနဲ့စကားပြောနေပေမယ့် သူ့အကြည့်တွေကတော့ သူနဲ့ခပ်လှမ်းလှမ်းမှာရပ်ပြီး သူ့ကိုပြုံးပြနေသောဆောင်းဦးဆီမှာသာ။ထက်ဘုန်းသူတို့ကြားကနေထွက်လိုက်ပြီး ဆောင်းဦးဆီကိုခြေလှမ်းတွေလှမ်းလိုက်သည်။

ဆောင်းဦးနားကိုရောက်တော့ ထက်ဘုန်းကသူ့ကိုဖက်လိုက်တာကြောင့် သူ့ကိုယ်လေးတောင့်သွားတာကိုခံစားလိုက်ရသည်။မိန်းကလေးတွေဆီမှလည်း 'ဝိုး' ဆိုသောအသံတွေကထွက်ပေါ်လာသည်။ဖြိုးဉာဏ်ကလည်းမေးထောက်ကာ ထက်ဘုန်းကိုစူးစမ်းသလိုကြည့်နေသည်။ခဏနေတော့မှ သူကဖက်ထားတာကိုလွှတ်ပေးလိုက်ပြီး ဆောင်းဦးကိုချီးကျူးလာသည။

"ဆောင်းဦး အရမ်းတော်တယ်သိလား။ဆောင်းဦးကြောင့်သာမဟုတ်ရင်ကိုယ်တို့နိုင်လောက်မှာမဟုတ်ဘူး"

"အယ် အဲ့လိုလည်းမဟုတ်ဘူးလေ။ကိုထက်က....."

"ရှူး ဘာမှမပြောနဲ့။ဆောင်းဦးသာသူ့ဆီကဘောလုံးမလုလိုက်ရင် ကိုယ်ကဘယ်လိုလုပ်ဝင်အောင်သွင်းနိုင်မှာလဲ ဟုတ်တယ်မလား။အဲ့ဒါဆောင်းဦးတော်လို့ကိုယ်တို့အသင်းနိုင်သွားတာ"

"ဟီးဟီး အဲ့လိုလား။ပျော်လိုက်တာ"

"အဟမ်း အဟမ်း မင်းတို့နှစ်ယောက်ဒီနားမှာပဲ အကြည်စိုက်မနေကြနဲ့။သွားကြမယ်လေ"

ကောင်းထက်နှင့်စောမြတ်ကလာသတိပေးတော့ ထက်ဘုန်းသူ့ကိုရိုက်လိုက်သည်။ဒီကောင်တွေအချိန်ကောင်းဆိုဝင်ဝင်နှောင့်တာဘာအကျင့်လဲကိုမသိဘူး။

"လာပြီ လာပြီ"

နောက်ဆုံးကွင်းအလယ်မှာတစ်ဖက်အသင်းကလူတွေနှင့်အချင်းချင်းနှုတ်ဆက်ပြီးတော့မှ ပြိုင်ပွဲကလည်းပြီးသွားတော့သည်။ဖြိုးဉာဏ်လည်းခန်းမထဲကနေထွက်ကာ ကားပါကင်မှာဆောင်းဦးအလာကိုစောင့်နေလိုက်သည်။ထက်ဘုန်းကအဝတ်လဲပြီးအရင်ထွက်လာတာကိုမြင်တော့ သူထက်ဘုန်းနားကိုသွားကာ ပုခုံးကနေပြေးဖက်လိုက်သည်။

"ထက်ဘုန်း"

"ဖြိုးဉာဏ်ပါလား။ဘယ်လိုလဲ ဒီနေ့ငါတို့ကစားတာမိုက်လား"

"သေချာပေါက်ပေါ့"

"ဆောင်းဦးကအဝတ်လဲနေတုန်းတန်းလန်းထင်တယ်။သူ့ကိုစောင့်နေတာလား"

"ဟုတ်တယ်။ဒါပေမယ့်မင်းကိုလည်းမေးစရာရှိလို့။ငါအဲ့မေးခွန်းကိုမေးချင်နေတာတော်တော်ကြာပြီ"

"အင်း မေးစရာရှိတာများမေးပေါ့"

"မင်းအမှန်တိုင်းဖြေရမယ်နော်"

"ဖြေမယ် မေး"

"မင်းဆောင်းဦးကိုစိတ်ဝင်စားနေတာလား"

"ဟမ်"

သူတို့နှစ်ယောက်ကြားတစ်ခဏမျှတိတ်ဆိတ်သွားသည်။အဲ့လိုမျိုးတည့်တိုးကြီးမေးတော့ ထပ်ဘုန်းလည်းချက်ချင်းကြီးဘာပြန်ဖြေရမလဲ။သူကရောဘယ်လိုလုပ်သိသွားတာလဲ။

"ဟေ့ကောင် ဖြေလေလို့"

"အမ် အင်း အင်း ဒါနဲ့မင်းကမေးပြီးဘာလုပ်မလို့လဲ"

"ငါ့မျက်လုံးထဲမှာကွာမင်းဆောင်းဦးကိုကြည့်တဲ့ပုံစံကတစ်မျိုးပဲ။အဲ့ဒါငါသိချင်လို့"

"အိုကေ ငါပြောပြမယ်။ဒါပေမယ့်မင်းဆောင်းဦးကိုပြန်သွားမပြောရဘူးနော်"

"စိတ်ချ မပြောဘူး"

"အင်း ငါဆောင်းဦးကိုချစ်တယ်"

"ထင်သားပဲ။အဲ့ဒါကြောင့်ငါဒီရက်ပိုင်းအတွင်းထူးဆန်းသလိုခံစားနေရတာကို"

"ငါလည်းမင်းကိုမေးစရာရှိတယ်"

"အင်း မေးလေ"

"မင်းရောဆောင်းဦးကိုစိတ်ဝင်စားနေတာလား"

"ဟမ် ဘယ်လို၊ငါကဆောင်းဦးကိုစိတ်ဝင်စားတယ် ဟုတ်လား။မင်းဘယ်လိုဦးနှောက်နဲ့များတွေးလိုက်တာလဲ"

"မင်းနဲ့ဆောင်းဦးနဲ့ကအရမ်းရင်းနှီးတဲ့ပုံပေါက်တယ်လေ။မင်းကလည်းဆောင်းဦးကိုဂရုစိုက်တယ်။ဆောင်းဦးကလည်းမင်းကိုဆိုအရမ်းကပ်တယ်လေ"

"အာ မင်းအထင်လွဲနေတာပဲ။ဆောင်းဦးနဲ့ငါကရိုးရိုးသူငယ်ချင်းပါ။ခင်တယ်ဆိုတာကလည်းနှစ်စကတည်းကပေါင်းလာလို့ပါကွာ။ပြီးတော့ အင်း မပြောဘူးလုပ်ထားပေမယ့်လည်း မင်း ငါနဲ့သူ့ကိုမယုံမှာစိုးလို့ပြောပြမယ်။မင်းအဲ့ဒါကိုကောင်းထက်တို့ကလွဲပြီး ဘယ်သူမှကိုပြောလို့မဖြစ်ဘူးနော်"

"အင်း အင်း ဘာလဲ ပြောပြ"

"တကယ်တော့ငါနဲ့ဆောင်းဦးရဲ့အစ်ကိုလေပြည်ဦးနဲ့ကမှချစ်သူတွေ"

"မင်းကgayလား"

"Sh*t တိုးတိုးနေပါဆိုနေမှ။အကုန်ကြားကုန်မယ်"

"အေးပါ ငါနည်းနည်းလန့်သွားလို့။အဲ့ဒါဆိုမင်းနဲ့ဆောင်းဦးကတကယ်ဘာမှမဆိုင်ဘူးနော်"

"ဪ မယုံရင်လည်းဆောင်းဦးကိုသာသွားမေးတော့"

"ယုံပါတယ် ဟဲဟဲ။အဲ့ဒါဆိုမင်းငါနဲ့ဆောင်းဦးအဆင်ပြေဖို့ကူညီပေး"

"ကူညီပေးတာကဟုတ်ပါတယ်။မင်းကသူ့ကိုဖွင့်ပြောပြီးပြီလား"

"ဟင့်အင်း ငါကြောက်လို့"

"အယ် ကြောက်တယ်တဲ့လား"

"ငါဖွင့်ပြောလိုက်လို့ဆောင်းဦးကငါ့ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်မှာကြောက်လို့"

"ဒါပေမယ့်ဒီတိုင်းကြီးနေသွားလို့လည်းမရဘူးလေ။မင်းသာသူ့ကိုချစ်တယ်ဆိုဖွင့်ပြောရမှာပေါ့"

"အင်း င....ငါဖွင့်ပြောမှာပါ"

"အဲ့လိုဆိုရင်တော့ကောင်းတာပေါ့။ငါလည်းမင်းကိုအတတ်နိုင်ဆုံးကူညီမယ်"

"ကျေးဇူးပါကွာ"

သူတို့စကားတိုးတိုးလေးပြောနေတုန်းဆောင်းဦးကလွယ်အိတ်လွယ်ကာ ထွက်လာသောကြောင့် သူတို့နှစ်ယောက်လူချင်းခွါလိုက်ကြသည်။ထက်ဘုန်းကိုတွေ့တော့ပြုံးကာသူကနှုတ်ဆက်လာသည်။

"ကိုထက် မပြန်သေးဘူးလား"

"ဪ အင်း ဖြိုးဉာဏ်ကဆောင်းဦးကိုစောင့်နေတုန်းကိုယ်သူနဲ့စကားခဏပြောနေတာ"

"အဲ့လိုကို"

"ဆောင်းဦး အဲ့ဒါဆိုငါတို့သွားရအောင်လေ"

"ဟုတ်ပြီလေ။ကိုထက် တာ့တာနော်။ကျွန်တော်တို့သွားတော့မယ်"

"ဟုတ်ပြီ ကောင်းကောင်းသွားနော် ဆောင်းဦး"

"ဆောင်းဦးတစ်ယောက်တည်းကိုပဲကကွက်နှုတ်ဆက်တယ်ပေါ့ ဟုတ်လား"

"ဖြိုးဉာဏ်ကလည်း သူများကို"

"ဟဲဟဲ မင်းကိုနှုတ်ဆက်ဖို့ကမေ့သွားလို့။ဆောင်းဦးကိုအိမ်သေချာပြန်ပို့ပေးလိုက်နော်"

ဖြိုးဉာဏ်မျက်နှာမဲ့ကျသွားသည်။ဆောင်းဦးကိုကျ 'ကောင်းကောင်းသွား' တဲ့။သူ့ကိုကျ 'ဆောင်းဦးကိုသေချာပြန်ပို့ပေးလိုက်' တဲ့။ထက်ဘုန်းညီဆိုတဲ့ကောင်ကသိပ်ကိုဘက်လိုက်တာပဲ။

"စိတ်ချပါဗျ သေချာပြန်ပို့ပေးလိုက်ပါ့မယ်"

ဖြိုးဉာဏ်တို့နှစ်ယောက်စလုံးက သူ့ကိုနောက်ဆုံးတစ်ခေါက် ထပ်နှုတ်ဆက်ပြီးမှ ကားပေါ်ကိုတက်ကာ မောင်းထွက်သွားကြတော့သည်။သူတို့သွားတော့မှထက်ဘုန်းလည်းအိမ်သို့ပြန်ခဲ့တော့သည်။

♤♤♤♤♤♤♤♤♤♤

Continue Reading

You'll Also Like

115K 9.4K 53
Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။
357K 45.2K 46
U are 'Someone Ordinary',yet the most precious person to me💫
25.6K 1.2K 51
***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြေ...
By _kpop_world

Fanfiction

7.9K 370 40
" You know, all it takes is one knife in the right place for your life to turn to dust, so a word of advice: shut up." -> Violence and bad worlds