ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...

By yeolli_khin

114K 19.2K 566

NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More

Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update

Chapter 1.6

3.8K 723 10
By yeolli_khin

Chapter 1.6

က်န္းယြဲ႕ယြဲ႕ ဥကၠဌရဲ႕ရုံးခန္းအျပင္ကေန အထဲကုိဝင္ဖုိ႔ သတၱိေမြးေနတာ အေတာ္ၾကာၿပီ။
ဘာလု႔ိေက်ာင္းေဟာ္က သူမကုိ ဥကၠဌနဲ႔အတင္း
ရင္းႏွီးေအာင္လုပ္ခုိင္းလဲ မသိဘူး။ခ်ဴခ်န္းရန္နဲ႔
သူမကုိ ျဖစ္ႏုိင္ရင္ မရႈပ္မရွပ္ဆက္ဆံေရး
တစ္ခုေတာင္ျဖစ္ေစခ်င္ေနတယ္။

က်န္းယြဲ႕ယ့ဲ့ ေက်ာင္းေဟာ္ရဲ႕ေတာင္းဆုိခ်က္ကုိနားမလည္ေပမယ့္ သူက သူမနဲ႔၃ႏွစ္ေတာင္တြဲလာတဲ့ ခ်စ္သူဆုိေတာ့ ဒီလုိဘာမဟုတ္တဲ့ကိစၥ
နဲ႔ ရန္မျဖစ္ခ်င္ဘူး အဲ့ဒါေၾကာင့္ သူမသေဘာတူ
ခဲ့တယ္။

က်န္းယြဲ႕ယြဲ႕လက္ထဲမွာ ဘူးတစ္ဘူးကုိကုိင္ထားၿပီး အခန္းထဲဝင္ဖုိ႔ကုိ တြန္႔ဆုတ္ေနမိတယ္။အဲ့ဒီအခ်္ိန္ ရုတ္တရက္ တံခါးပြင့္လာကာ ခ်ဴခ်န္းရန္နဲ႔ ေတြ႕လုိ္က္ရေတာ့ က်န္းယြဲ႕ယြဲ႕ေခါင္းထဲမွာ
ဘာေျပာရမွန္းမသိျဖစ္သြားတယ္။

"ဥကၠဌ,...ကၽြန္မ..."က်န္းယြဲ႕ယြဲ႕ အရမ္းစိတ္လႈပ္ရွားေနမိၿပီး သူမေျပာဖုိ႔ျပင္ထားတဲ့ စကားေတြကုိေတာု္ မမွတ္မိေတာ့ဘူး။

ခ်ဴခ်န္းရန္ သူ႔ရုံးခန္းထဲကေနဖုန္းေျပာေနရင္းထြက္လာတယ္။က်န္းယြဲ႕ယြဲ႕ကုိျမင္ေတာ့
သူ႔မ်က္ဝန္းေတြတစ္ခ်က္ႏူးညံ့သြားကာ ေခါင္း
ၿငိမ့္ၿပၿပီး ဆက္ေလၽွာက္သြားလုိက္တယ္။

က်န္းယြဲ႕ယြဲ႕ စိတ္လႈပ္ရွားကာ သူမလက္ထဲက
ပန္းေရာင္ဘူးေလးကုိကုိင္ထားတယ္။
ခ်ဴခ်န္းရန္က သူမကုိတစ္ခြန္းမွမေျပာဘဲ
ေက်ာ္သြားတာကုိေတြ႕ေတာ့ သူမမသက္မသာခံစားလုိက္ရၿပီး သတၱိေမြးကာ ေျပာလုိက္တယ္
"ဥကၠဌ! ခဏေလာက္ေစာင့္ပါဦး!"

ခ်ဴခ်န္းရန္ ရပ္လုိက္ၿပီး က်န္းယြဲ႕ယြဲ႕ဘက္ကုိ လွည့္ကာ ဖုန္းခ်လုိက္တယ္
"ဘာျဖစ္လုိ႔လဲ?"

"ကၽြန္...ကၽြန္မ..."ခ်ဴခ်န္းရန္သူမကုိ ေအးစက္စြာ ၾကည့္ေနတာကုိျမင္ေတာ့ သူမခုေလးတင္
ေျပာဖုိ႔လုပ္ထားတဲ့အရာေတြ ခ်က္ခ်င္းေပ်ာက္သြားတယ္။

ခ်ဴခ်န္းရန္ မ်က္ေမွာင္ၾကဳတ္လုိက္တယ္။
သူအမုန္းဆုံးက သူ႔အခ်ိန္ေတြကုိလာျဖဳန္းတာကုိဘဲ
"မင္း ဘာလုိလုိ႔လဲ?"

ခ်ဴခ်န္းရန္ စိတ္မရွည္လာတာကုိ ျမင္ေတာ့
က်န္းယြဲ႕ယြဲ႕ထပ္မတြန္႔ဆုတ္ေတာ့ဘဲ သူမေခါင္း
ကုိငုံလုိက္ကာ ခပ္တု္ိးတုိးေလးေျပာလုိက္တယ္
"ဥကၠဌ  ကၽြန္မေျပာခ်င္တာကုိ အဲ့ဒါက
ဟုိတစ္ေခါက္ျဖစ္တုန္းက ကၽြန္မဖိနပ္ေတြ
ညစ္ပတ္သြားခဲ့တယ္ေလ။အဲ့ဒါ ကၽြန္မ ဘယ္သူ႔ကုိမွ အျပစ္တင္တာမ်ဳိးမလုပ္ခ်င္ေတာ့ဘူူး
အဲ့ဒါေၾကာင့္....ကၽြန္မတုိ႔ ....အာ...ရွင္ဒီဖိနပ္
ကုိျပန္ယူၿပီး ေငြသားဘဲျပန္ေပးလုိက္ပါလား?"

သူမအသက္တစ္ခ်က္မရွဴဘဲ တစ္ဆက္ထဲ
ေျပာၿပီးတဲ့ေနာက္ က်နး္ယြဲ႕ယြဲ႕ ဖိနပ္ကုိဘူးကုိ
တင္းတင္းက်ပ္က်ပ္ ဆုပ္ကုိင္ထားမိတယ္။
သူမအခုခ်ိိန္မွာ ခ်ဴခ်န္းရန္ မ်က္ႏွာဘယ္လုိ
ျဖစ္ေနလဲ မၾကည့္ရဲဘူး အရမ္းရွက္ဖုိ႔ေကာင္းတယ္။
ခ်ဴခ်န္းရန္ က်န္းယြဲ႕ယြဲ႕ကုိင္ထားတဲ့ ဘူးကုိ
တစ္ခ်က္ၾကည့္လုိက္တယ္ၿပီး ခက္ထန္စြာ
"ဘယ္ေလာက္လဲ?"
က်န္းယြဲ႕ယြဲ႕ မ်က္ေတာင္ခတ္လုိက္ၿပီး
ေက်ာင္းေဟာ္ေျပာခုိင္းတဲ့အတုိင္း
ေစ်းႏႉန္းကုိေျပာလုိက္တယ္
"ယြမ္တစ္ေသာင္း"

(*ယြမ္တစ္ေယာင္းက$160 USD ရွိပါတယ္)

အင္း... ဒီလုိဖိနပ္စုတ္တစ္ရံအတြက္ ေဒၚလာတစ္ေသာင္းေတာင္းတယ္ဆုိေတာ့ ဒီမိန္းမက
တကယ္ကုိမလြယ္ဘူး။

"ေကာင္းၿပီ မင္းကုိၿပီးရင္လႊဲလုိက္မယ္"
က်န္းယြဲ႕ယြဲ႕ လက္ထဲဘူးကုိယူလုိက္ၿပီး
ခ်ဴခ်န္းရန္ ေျပာကာ ဓာတ္ေလွကားထဲဝင္သြားလုိက္တယ္။

အမွန္တုိင္းေျပာရင္ဒီလုိဖိနပ္စုတ္တစ္ရံကုိ
ေဒၚလာတစ္ေသာင္း ေတာင္းတယ္ဆုိေတာ့
ေသခ်ာေပါက္ ခ်ဴစားတာဘဲေလ။

က်န္းယြဲ႕ယြဲ႕ သူမရဲ႕လက္ေတြကုိၾကည့္လုိက္မိိယ္။ သူမဖိနပ္ထက္ပုိအေရးႀကီးတဲ့အရာကုိ
ဆုံးရႈံးသြားသလုိ ခံစားလုိက္ရတယ္။
ဘာဘဲျဖစ္ျဖစ္ သူမခဏေနေတာ့ သူမကုိ
ေက်ာင္းေဟာ္ခုိင္းထားတာလုပ္ၿပီးၿပီမုိ႔
ကုိယ့္ဘာသာကုိယ္ႏွစ္သိမ့္လုိက္တယ္။

ခ်ဳခ်န္းရန္ ဓာတ္ေလွကားထဲမွာ သူ႔ရဲ႕ေအးစက္
ၿပီးခက္ထန္ေနတယ္။အဲ့အခ်ိန္မွာ ဖုန္းျမည္လာတယ္။

ခ်ဴခ်န္းရန္ ဖုန္းမွာေပၚလာတဲ့နံပါတ္ကုိၾကည့္ကာ အသက္ျပင္းျပင္းရွဴလုိက္ၿပီး ကိုင္လုိက္တယ္။

တစ္ဖက္က လူငယ္ဆန္ဆန္ အသံေလးက
ဓာတ္ေလွကားထဲမွာက်ယ္ေလာင္သြားတယ္
"ဝမ္းကဲြအစ္ကုိ! ေတာင္းပန္ပါတယ္ အစ္ကုိ
ေအာက္ဆင္းစရာမလုိေတာ့ဘူး ပါဆယ္ထုတ္က အိမ္ကုိေရာက္လာၿပီ ကုမၸဏီလိပ္စာမဟုတ္ဘူးတဲ့ ကၽြန္ေတာ္ကအဲ့ဒါကုိမသိဘဲ အစ္ကုိ႔ကုိ
ေအာက္ဆင္းယူခုိင္းခဲ့မိၿပီ ကၽြန္ေတာ္
ေတာင္းပန္ပါတယ္"

လူငယ္ဆန္တဲ့အသံေလးကုိ ၾကားလုိက္ၿပီးတဲ့
ေနာက္မွာ ခ်ဴခ်န္းရန္ရဲ႕စိတ္ေတြ ျပန္ေကာင္းလာတယ္။ေသခ်ာေပါက္ သူအခုဓာတ္ေလွကားထဲ ေရာက္ေနေပမယ့္ တစ္ဖက္သူကုိ စိတ္မညစ္
ေစခ်င္လုိ႔ "ဘာမွမျဖစ္ပါဘူး ကုိယ္လဲေအာက္ကုိ မဆင္းရေသးဘူး"

"အဲ့ဒါဆုိ ေတာ္ေသးတာေပါ့ ဒါဆုိလဲဝမ္းကြဲ
အစ္ကုိ အလုပ္ဆက္လုပ္ပါအုန္း ကၽြန္ေတာ္
အေႏွာင့္အယွက္မေပးေတာ့ဘူးေနာ္"

ခ်ဴခ်န္းရန္ ဖုန္းခ်လုိက္ၿပီး အေပၚတက္ဖုိ႔လုပ္လုိက္တယ္။သူ ဖိနပ္ဘူးကုိတစ္ခ်က္ဖြင့္ၾကည့္လုိက္တယ္။အျဖဴစြတ္စြတ္ ဖိနပ္ကုိၾကည့္ၿပီး
ေရရြတ္လုိက္တယ္
"ဒီလုိ ပုံဆုိးပန္းဆုိး ဖိနပ္ကုိဝယ္ထားၿပီး
ငါ့ကုိအျပစ္လာတင္ခုိင္းေနေသးတယ္..."

ခ်ဴအိမ္မွာ ရွိေနတဲ့စုယီြကေတာ့ သူ႔ရဲ႕ဖက္ရွင္
အျမင္ကုိ ေဝဖန္ေနမွန္းမသိဘူး။စုယြီကေတာ့
အခုသူ႔plan ေအာင္ျမင္သြားတာမုိ႔ေပ်ာ္ေနတယ္။ က်န္းယြဲ႕ယြဲ႕ကသူမရဲ႕ ျဖဴစင္တဲ့ ပုံစံေလးကုိထိန္းဖုိ႔အတြက္နဲ႔ သူမမလုပ္ႏုိင္မွာစုိးလုိ႔
စုယြီကခ်ဴခ်န္းရန္ကုိဖုန္းေခၚၿပီး deliveryေရာက္လာတယ္ဆုိၿပီး လိမ္ေျပာလုိက္ကာ
သူတုိ႔၂ေယာက္ကုိေပးေတြ႕ေစတာျဖစ္တယ္။

သူလိမ္တာကုိဖုန္းဖုိ႔အတြက္ စုယြီအခု ပါဆယ္တစ္ခုကုိ ခ်ဴခ်န္းရန္အတြက္ျပင္ထားတယ္။

"Host ေက်ာင္းေဟာ္ကေတာ့ မူလဇာတ္ေၾကာင္းအတုိင္းသြားေနၿပီ ဇာတ္လုိက္မကလဲ အခု
ဇာတ္လုိက္ကုိ ပုိက္ဆံေတြစေတာင္းေနၿပီ။
ကၽြန္ေတာ္တုိ႔ ဒီmissionကုိရပ္လုိက္ရေတာ့မလား?"
ေဘာလုံးေလး စုယြီလုပ္တာကုိၾကည့္ၿပီး
စိတ္ပူေနတယ္ အခုဆုိ ဇာတ္လုိက္က
ဇာတ္လုိက္မေတာင္းတာကုိ မ်က္ေတာင္တစ္ခ်က္ မခတ္ဘဲေပးလုိက္ၿပီေလ။

ဥကၠဌခ်ဴ အတြက္ကေတာ့ ေဒၚလာတစ္ေသာင္း
ကဘာမွမဟုတ္ေပမယ့္ ေဘာလုံးေလးကေတာ့
အရမ္းစုိးရိမ္ေနမိတယ္။

စုယြီ ေဘာလုံးေလးကုိ မ်က္လုံးေထာင့္ကေန
တစ္ခ်က္ၾကည့္လုိက္ၿပီး
"ခ်ဴခ်န္းရန္ကIQ 45%ရွိေနရက္နဲ႔ က်န္းယြဲ႕ယြဲ႕ကုိ  ပုိက္ဆံေတြ ဆက္ေပးေနမယ္ဆုိရင္
ဒီကမာၻရဲ႕pointေတြက တကယ္သုံးစားမရတာဘဲ"

"ဒါေပမယ့္ သူကအခု...''
ေဘာလုံးေလးတကယ္နားမလည္ေတာ့ဘူး
Hostကအခုtaskကုိ ေသခ်ာမလုပ္တာကုိျမင္ရေတာ့ တကယ္စိတ္ညစ္မိတယ္။
"က်န္းယြဲ႕ယြဲ႕ကုိ ခ်ဴခ်န္းရန္က
ေဒၚလာတစ္ေသာင္းဘဲ သုံးခြင့္ေပးမွာ။ တကယ္လုိ႔ သူ႔ရဲ႕IQတုိးတက္မတက္ သိခ်င္ရင္
ဆက္ေစာင့္ၾကည့္ေလ" စုယြီ ခ်ဴခ်န္းရန္
ၾကဳိက္ေလာက္မယ့္ ပစၥည္းကုိorderမွာေနရင္း
ေျပာလုိက္တယ္၊

ေဘာလုံးေလး သူ႔Hostရဲ႕ကုိစကားကုိဘဲယုံ
လုိက္ေတာ့တယ္။

စုယြီ ဆုိင္တစ္ဆုိင္ကေန orderမွာလုိက္ၿပီး အိမ္ကုိလာပုိ႔ခုိင္းလုိက္တယ္။ ႏွစ္နာရီၾကာေတာ့
ပစၥည္းေရာက္လာေပမယ့္ စုယြီမေဖာက္ဘဲထားထားလုိက္တယ္။ သူခ်ဴခ်န္းရန္အတြက္
အထူးမွာေပးထားတာေလ ခ်ဴခ်န္းရန္
ကုိယ္တုိင္ေဖာက္မွ သူကုမၸဏီကုိလိမ္ေျပာထားတာမေပၚမွာ။

ခ်ဴခ်န္းရန္မၾကာခင္ ျပန္ေရာက္ေတာ့မွာမုိ႔
အထုတ္ကုိ ထမင္းစားပြဲေပၚတင္ထားလုိက္ကာ
ညစာအတြက္ျပင္ေနလုိက္တယ္။

ခ်ဴခ်န္းရန္အိမ္ျပန္ေရာက္ေတာ့ စားပြဲေပၚမွာ
အထုတ္တစ္ထုတ္ရွိေနမွန္း သူသတိထားလုိက္မိတယ္။ ၿပီးေတာ့သူ မီးဖုိေခ်ာင္က အသံေဖ်ာ့ေဖ်ာ့ကုိ ၾကားလုိက္ေတာ့မွဘဲ ဒီေန႔စိတ္ညစ္ခဲ့ရသမၽွ ေျပေပ်ာက္သြားတယ္။ ခ်ဴခ်န္းရန္ ကုိယ္တုင္ ေတာင္မသိလုိက္ဘဲ သူျပဳံးလုိက္မိတယ္။

စုယြီ အိမ္ေရွ႕ကတံခါးဖြင့္သံၾကားေတာ့
ဟင္းခ်က္ဇြန္းကုိကုိင္ထားရင္းနဲ႔ဘဲ ေခါင္းေလးျပဴကာ ႏႈတ္ဆက္လုိက္တယ္။ ခ်ဴခ်န္းရန္ရဲ႕မည္းေမွာင္ေနတဲ့မ်က္ႏွာကုိဘဲ ႏႈတ္ဆက္ရေတာ့မယ္လုိ႔ ထင္လုိက္ေပမယ့္ အခုခ်ဴခ်န္းရန္က
ျပဳံးေနတယ္???

ဒီေန႔အမ်ားႀကီးျဖစ္ပ်က္ခဲ့တာမွန္ေပမယ့္
ခ်ဴခ်န္းရန္ကုိေတာ့ရူးမသြားေစဘူးမလား?

"ဘာေတြခ်က္ေနတာလဲ?ကုိယ္ကူေပးရမလား?"
ခ်ဴခ်န္းရန္ သူ႔ကုတ္အက်ႋကုိခၽြတ္ကာ ေျပာလုိက္တယ္။

စုယြီ ေတာ္ေတာ္ေလးထူးဆန္းသလုိ ခံစားလုိက္ရေပမယ့္ သူ႔မ်က္ႏွာကေတာ့ ျပဳံးလုိက္ကာ
"ကၽြန္ေတာ္ ဒီတုိင္းရုိးရုိးဟင္းေတြဘဲ ခ်က္ေနတာပါ ဒီမွာခဏထုိင္ၿပီးေစာင့္ေန ကၽြန္ေတာ္
ၿပီးေတာ့မယ္"

"ခ်ဴခ်န္းရန္ေခါင္းၿငိမ့္လုိက္ကာ ဆုိဖာေပၚမွာ
ထုို္င္ေနလုိက္တယ္။စားပြဲေပၚကပါဆယ္ထုတ္ေလးကုိ ယူလုိက္ၿပီး ေဖာက္လုိက္တယ္။စုယြီ
မီးဖုိေခ်ာင္ထဲျပန္သြားကာ စဥး္စားေနမိတယ္။
ခ်ဴခ်န္းရန္ သူ႔ကုိသတိမထားမိပါဘူးေနာ္?

အားလုံးခ်က္ၿပီးသြားေတာ့ စုယြီ အားအင္
အျပည့္နဲ႔ျပဳံးလုိက္ၿပီး ဟင္းေတြကုိသယ္ကာ
မီးဖုိေခ်ာင္ကေနထြက္လာလုိက္တယ္။
"ဝမ္းကြဲအစ္ကုိ ပါဆယ္ကုိေဖာက္လုိက္တာလား? ကၽြန္ေတာ္ အစ္ကုိ႔ကုိေက်းဇူးတဲ့အေနနဲ႔
ေပးတဲ့ ဝယ္ေပးထားတာ  အစ္ကုိမၾကဳိက္ဘဲ
မေနရဘူးေနာ္ ဟုတ္ၿပီလား"

"အင္း ေကာင္းပါတယ္"
ခ်ဴခ်န္းရန္ပုံမွန္အတုိုုင္း တုံ႔ျပန္လုိက္ေပမယ့္
သူ႔မ်က္ႏွာၾကည့္ရင္ ခ်ဴခ်န္းရန္လက္ေဆာင္ေတြကုိ အရမ္းၾကဳိက္ေနမွန္းသိသာတယ္။

စုယြီ စားပြဲေပၚမွာ ဟင္းခြက္ေတြကုိေနရာခ်ကာ
ခ်ဴခ်န္းရန္ကုိ တူကမ္းေပးလုိက္တယ္
ရုတ္တရက္သူ ခ်ဴခ်န္းရန္ရဲ႕အိတ္ထဲကေဖာင္းေနတာကုိျမင္ေတာ့
"ဝမ္းကြဲအစ္ကုိ အိတ္ထဲကုိတစ္ခုခုျပန္သယ္လာတာလား? အဲ့ဒါဘာႀကီးလဲ?"

ခ်ဴခ်န္းရန္ရဲ႕မ်က္ႏွာျပန္ေအးစက္သြားၿပီး
ဝါးေနရင္းျပန္ေျဖလုိက္တယ္။သူ႔ရဲ႕သိကၡာကုိ
ထိန္းဖုိ႔အတြက္ တူကုိခ်လိုက္ကာ
"ဒီတုိင္း ပစၥည္းအခ်ဳိ႕ပါ စားလုိက္ဦး"

စုယြီက ဘယ္လြယ္လြယ္လႊတ္ေပးမတုန္း
သူ မ်က္လုံးေလးျပဴးကာျပဳံးလုိက္ၿပီး
ဆက္ေမးလိုက္တယ္
"ဝမ္း္ကြဲအစ္ကုိ အိမ္ကုိပစၥည္းသယ္လာတာ
ဒါပထမဆုံးဘဲ။ ေတာ္ေတာ္အေရးႀကီးပုံရတယ္ ကၽြန္ေတာ္ေျပာတာ မွန္တယ္မလား?"

ခ်ဴခ်န္းရန္ စုယြီကုိေသခ်ာစုိက္ၾကည့္လုိက္ၿပီး
ျပန္မေျဖဘဲ
"စား"

"ဟုတ္.."
စုယြီဆက္မေမးေတာ့ေပမယ့္ သူစိတ္ထဲမွာေတာ့
ရယ္ေနတယ္။စုယြီရဲ႕ေခါင္းနားမွာ ဝဲေနတဲ့
ေဘာလုံးေလးကေတာ့ သူ႔hostကုိတကယ္နားမလည္ေတာ့ဘူး။သူ႔hostကစားတာကုိခံေနရတဲ့
ဇာတ္လုိက္ကုိေတာင္ သနားလာတယ္။

ညစာစားၿပီးေတာ့ ခ်ဴခ်န္းရန္ကမည္းေမွာင္သြားကာ သူ႔အိတ္ကိုယူၿပီး အေပၚကုိတက္သြား
တယ္။သူတစ္ခ်ိန္လုံး စုယြီကုိမၾကည့္ခဲ့ဘူး။

စုယြီ ခ်ဴခ်န္းရန္ရဲ႕ေနာက္ေက်ာကုိ ျပဳံးကာ
ၾကည့္ေနတယ္။ေဘာလုံးေလး စိတ္ညစ္စြာနဲ႔
"*သခင္ေလး host"
(*ေဘာလုံးေလးက စုယြီကုိအရင္ကေခၚတဲ့hostကဒီလုိပါ 宿主‘ အခုဒီလုိေျပာင္းေခၚလုိက္တာပါ ‘宿主大人.)

"က်န္းယြဲ႕ယြဲ႕အခုဘာလုပ္ေနလဲေျပာျပ"
စုယြီ ေဘာလုံးေလးကုိ ရယ္ကာလွမ္းပုတ္လုိက္တယ္။

ေဘာလုံးေလး အစီရင္ခံဖုိ႔ ႏွစ္ခ်က္ေလာက္ေတာင္သြားၿပီး "က်န္းယြဲ႕ယြဲ႕ ကေက်ာင္းေဟာ္ကုိ
ပုိက္ဆံေပးလုိက္ၿပီး အခုသူတုိ႔ႏွစ္ေယာက္
အျပင္ထြက္စားေနၾကတယ္။အခု သူတုိ႔ပုံၾကည့္ရတာ ခုနကကေတာက္ကဆျဖစ္ၿပီး
အခုျပန္အဆင္ေျပသြားတဲ့ပုံဘဲ"

"ေက်ာင္းေဟာ္လုိလူမ်ဳိးက ဒီအေျခအေနကုိ
ယာယီဘဲ လက္ခံမွာ။ သူ႔လုိလူမ်ဳိးက အလြယ္တကူနဲ႔ေရာင့္ရဲတင္းတိ္မ္မွာမဟုတ္ဘူး
သူဘာဆက္လုပ္မလဲ ငါတကယ္ဘဲသိခ်င္မိတယ္"
စုယြီ ေမးေစ့ကုိပြတ္လုိက္ကာ ေလွာင္ျပဳံးျပဳံးလုိက္တယ္။ ေဘာလုံးေလး ရုတ္တရက္ေက်ာင္းေဟာ္နဲ႔ဇာတ္လုိက္မအတြက္ သနားသြားတယ္။

ခ်ဴခ်န္းရန္ မူလဇာတ္ေၾကာင္းထဲကလုိ ဦးေႏွာက္မရွိတဲ့သူေဌးမဟုတ္ေတာ့ဘူး ဒါေပမယ့္
ေက်ာင္းေဟာ္ကေတာ့ ဆက္ၿပီးေလာဘႀကီးေနတုန္းဘဲ။ဒီလုိဆုိေတာ့ ေက်ာင္းေဟာ္ရဲ႕ဇာတ္သိမ္းက မူလဇာတ္ေၾကာင္းထဲကထက္ ပိုရက္စက္
ၿပီး စုတ္ျပတ္လိမ့္မယ္လုိ႔ေျပာလုိ႔ရတယ္။
စုယြီေတာ္ေတာ္ေလး ေမွ်ာ္လင့္ေနၿပီ။

စုယြီရဲ႕အစီအစဥ္နဲ႔ပတ္သက္ၿပီး ေဘာလုံးေလး
ေမးခြန္းထုတ္စရာမရွိေပမယ့္လဲ
"သခင္ေလးhostသာ ဘာမွမလုပ္ဘဲ ဇာတ္လုိက္ကုိ ေန႔တုိင္းႏႈတ္ဆက္ေနမယ္ဆုိရင္ေတာင္
သူ႔IQကတျဖညး္ျဖည္းမ်ားလာၿပီး ဇာတ္သိမ္း
ေျပာင္းသြားမွာဘဲကုိ"

ေဘာလုံးေလး ေျပာတာကုိ စုယြီနားလည္တယ္
တကယ္လုိ႔ အဲ့လုိဘဲလုပ္ေနမယ္ဆုိရင္
ဇာတ္ေၾကာင္းကသူ႔ဟာသူေျပာင္းဖုိ႔
သူကထုိင္ေစာင့္ရုံကလြဲၿပီး ဘာအလုပ္မွမရွိဘူး

စုယြီ ေဘာလုံးေလးကုိ ဂရုမစုိက္စြာ
"ငါပ်င္းလုိ႔ေလၽွာက္လုပ္တာေလ အဲ့ဒါဘာျဖစ္လုိ႔လဲ?"

"...ဘာမွမျဖစ္ပါဘူး."
ေဘာလုံးေလး ဆြံ႕အသြားတယ္။

စုယြီထင္တာက က်န္းယြဲ႕ယြဲ႕က ဒီေလာက္နဲ႔ဘဲ
ရပ္မယ္ေပါ့။ဘယ္သူသိမလဲ ေနာက္တစ္ေန႔မွာလဲခ်ဴခ်န္းရန္ လက္ထဲမွာ အိတ္တစ္အိတ္ပါလာခဲ့တယ္။

အိတ္ကုိျမင္ေတာ့ စုယြီထင္တာကေက်ာင္းေဟာ္
က်န္းယြဲ႕ယြဲ႕ကုိ ထပ္ခုို္င္းတယ္လုိ႔ဘဲထင္လုိက္မိိတယ္။ သူဒီအေျခအေနကုိ ေသခ်ာမစဥး္စားရေသးခင္မွာဘဲ
ခ်ဴခ်န္းရန္က သူ႔ကုိလွမ္းေပးလာတယ္
"ဒီမွာ "
______________________________________
Chapter 1.6

ကျန်းယွဲ့ယွဲ့ ဥက္ကဌရဲ့ရုံးခန်းအပြင်ကနေ အထဲကိုဝင်ဖို့ သတ္တိမွေးနေတာ အတော်ကြာပြီ။
ဘာလုိ့ကျောင်းဟော်က သူမကို ဥက္ကဌနဲ့အတင်း
ရင်းနှီးအောင်လုပ်ခိုင်းလဲ မသိဘူး။ချူချန်းရန်နဲ့
သူမကို ဖြစ်နိုင်ရင် မရှုပ်မရှပ်ဆက်ဆံရေး
တစ်ခုတောင်ဖြစ်စေချင်နေတယ်။

ကျန်းယွဲ့ယဲ့ ကျောင်းဟော်ရဲ့တောင်းဆိုချက်ကိုနားမလည်ပေမယ့် သူက သူမနဲ့၃နှစ်တောင်တွဲလာတဲ့ ချစ်သူဆိုတော့ ဒီလိုဘာမဟုတ်တဲ့ကိစ္စ
နဲ့ ရန်မဖြစ်ချင်ဘူး အဲ့ဒါကြောင့် သူမသဘောတူ
ခဲ့တယ်။

ကျန်းယွဲ့ယွဲ့လက်ထဲမှာ ဘူးတစ်ဘူးကိုကိုင်ထားပြီး အခန်းထဲဝင်ဖို့ကို တွန့်ဆုတ်နေမိတယ်။အဲ့ဒီအခ်ျိန် ရုတ်တရက် တံခါးပွင့်လာကာ ချူချန်းရန်နဲ့ တွေ့လိုက်ရတော့ ကျန်းယွဲ့ယွဲ့ခေါင်းထဲမှာ
ဘာပြောရမှန်းမသိဖြစ်သွားတယ်။

"ဥက္ကဌ,...ကျွန်မ..."ကျန်းယွဲ့ယွဲ့ အရမ်းစိတ်လှုပ်ရှားနေမိပြီး သူမပြောဖို့ပြင်ထားတဲ့ စကားတွေကိုတောု မမှတ်မိတော့ဘူး။

ချူချန်းရန် သူ့ရုံးခန်းထဲကနေဖုန်းပြောနေရင်းထွက်လာတယ်။ကျန်းယွဲ့ယွဲ့ကိုမြင်တော့
သူ့မျက်ဝန်းတွေတစ်ချက်နူးညံ့သွားကာ ခေါင်း
ငြိမ့်ပြပြီး ဆက်လျှောက်သွားလိုက်တယ်။

ကျန်းယွဲ့ယွဲ့ စိတ်လှုပ်ရှားကာ သူမလက်ထဲက
ပန်းရောင်ဘူးလေးကိုကိုင်ထားတယ်။
ချူချန်းရန်က သူမကိုတစ်ခွန်းမှမပြောဘဲ
ကျော်သွားတာကိုတွေ့တော့ သူမမသက်မသာခံစားလိုက်ရပြီး သတ္တိမွေးကာ ပြောလိုက်တယ်
"ဥက္ကဌ! ခဏလောက်စောင့်ပါဦး!"

ချူချန်းရန် ရပ်လိုက်ပြီး ကျန်းယွဲ့ယွဲ့ဘက်ကို လှည့်ကာ ဖုန်းချလိုက်တယ်
"ဘာဖြစ်လို့လဲ?"

"ကျွန်...ကျွန်မ..."ချူချန်းရန်သူမကို အေးစက်စွာ ကြည့်နေတာကိုမြင်တော့ သူမခုလေးတင်
ပြောဖို့လုပ်ထားတဲ့အရာတွေ ချက်ချင်းပျောက်သွားတယ်။

ချူချန်းရန် မျက်မှောင်ကြုတ်လိုက်တယ်။
သူအမုန်းဆုံးက သူ့အချိန်တွေကိုလာဖြုန်းတာကိုဘဲ
"မင်း ဘာလိုလို့လဲ?"

ချူချန်းရန် စိတ်မရှည်လာတာကို မြင်တော့
ကျန်းယွဲ့ယွဲ့ထပ်မတွန့်ဆုတ်တော့ဘဲ သူမခေါင်း
ကိုငုံလိုက်ကာ ခပ်တုိးတိုးလေးပြောလိုက်တယ်
"ဥက္ကဌ  ကျွန်မပြောချင်တာကို အဲ့ဒါက
ဟိုတစ်ခေါက်ဖြစ်တုန်းက ကျွန်မဖိနပ်တွေ
ညစ်ပတ်သွားခဲ့တယ်လေ။အဲ့ဒါ ကျွန်မ ဘယ်သူ့ကိုမှ အပြစ်တင်တာမျိုးမလုပ်ချင်တော့ဘူး
အဲ့ဒါကြောင့်....ကျွန်မတို့ ....အာ...ရှင်ဒီဖိနပ်
ကိုပြန်ယူပြီး ငွေသားဘဲပြန်ပေးလိုက်ပါလား?"

သူမအသက်တစ်ချက်မရှူဘဲ တစ်ဆက်ထဲ
ပြောပြီးတဲ့နောက် ကျန်းယွဲ့ယွဲ့ ဖိနပ်ကိုဘူးကို
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတယ်။
သူမအခုချိန်မှာ ချူချန်းရန် မျက်နှာဘယ်လို
ဖြစ်နေလဲ မကြည့်ရဲဘူး အရမ်းရှက်ဖို့ကောင်းတယ်။
ချူချန်းရန် ကျန်းယွဲ့ယွဲ့ကိုင်ထားတဲ့ ဘူးကို
တစ်ချက်ကြည့်လိုက်တယ်ပြီး ခက်ထန်စွာ
"ဘယ်လောက်လဲ?"
ကျန်းယွဲ့ယွဲ့ မျက်တောင်ခတ်လိုက်ပြီး
ကျောင်းဟော်ပြောခိုင်းတဲ့အတိုင်း
ဈေးနှူန်းကိုပြောလိုက်တယ်
"ယွမ်တစ်သောင်း"

(*ယွမ်တစ်ယောင်းက$160 USD ရှိပါတယ်)

အင်း... ဒီလိုဖိနပ်စုတ်တစ်ရံအတွက် ဒေါ်လာတစ်သောင်းတောင်းတယ်ဆိုတော့ ဒီမိန်းမက
တကယ်ကိုမလွယ်ဘူး။

"ကောင်းပြီ မင်းကိုပြီးရင်လွှဲလိုက်မယ်"
ကျန်းယွဲ့ယွဲ့ လက်ထဲဘူးကိုယူလိုက်ပြီး
ချူချန်းရန် ပြောကာ ဓာတ်လှေကားထဲဝင်သွားလိုက်တယ်။

အမှန်တိုင်းပြောရင်ဒီလိုဖိနပ်စုတ်တစ်ရံကို
ဒေါ်လာတစ်သောင်း တောင်းတယ်ဆိုတော့
သေချာပေါက် ချူစားတာဘဲလေ။

ကျန်းယွဲ့ယွဲ့ သူမရဲ့လက်တွေကိုကြည့်လိုက်မိယ်။ သူမဖိနပ်ထက်ပိုအရေးကြီးတဲ့အရာကို
ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်။
ဘာဘဲဖြစ်ဖြစ် သူမခဏနေတော့ သူမကို
ကျောင်းဟော်ခိုင်းထားတာလုပ်ပြီးပြီမို့
ကိုယ့်ဘာသာကိုယ်နှစ်သိမ့်လိုက်တယ်။

ချုချန်းရန် ဓာတ်လှေကားထဲမှာ သူ့ရဲ့အေးစက်
ပြီးခက်ထန်နေတယ်။အဲ့အချိန်မှာ ဖုန်းမြည်လာတယ်။

ချူချန်းရန် ဖုန်းမှာပေါ်လာတဲ့နံပါတ်ကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကိုင်လိုက်တယ်။

တစ်ဖက်က လူငယ်ဆန်ဆန် အသံလေးက
ဓာတ်လှေကားထဲမှာကျယ်လောင်သွားတယ်
"ဝမ်းကွဲအစ်ကို! တောင်းပန်ပါတယ် အစ်ကို
အောက်ဆင်းစရာမလိုတော့ဘူး ပါဆယ်ထုတ်က အိမ်ကိုရောက်လာပြီ ကုမ္ပဏီလိပ်စာမဟုတ်ဘူးတဲ့ ကျွန်တော်ကအဲ့ဒါကိုမသိဘဲ အစ်ကို့ကို
အောက်ဆင်းယူခိုင်းခဲ့မိပြီ ကျွန်တော်
တောင်းပန်ပါတယ်"

လူငယ်ဆန်တဲ့အသံလေးကို ကြားလိုက်ပြီးတဲ့
နောက်မှာ ချူချန်းရန်ရဲ့စိတ်တွေ ပြန်ကောင်းလာတယ်။သေချာပေါက် သူအခုဓာတ်လှေကားထဲ ရောက်နေပေမယ့် တစ်ဖက်သူကို စိတ်မညစ်
စေချင်လို့ "ဘာမှမဖြစ်ပါဘူး ကိုယ်လဲအောက်ကို မဆင်းရသေးဘူး"

"အဲ့ဒါဆို တော်သေးတာပေါ့ ဒါဆိုလဲဝမ်းကွဲ
အစ်ကို အလုပ်ဆက်လုပ်ပါအုန်း ကျွန်တော်
အနှောင့်အယှက်မပေးတော့ဘူးနော်"

ချူချန်းရန် ဖုန်းချလိုက်ပြီး အပေါ်တက်ဖို့လုပ်လိုက်တယ်။သူ ဖိနပ်ဘူးကိုတစ်ချက်ဖွင့်ကြည့်လိုက်တယ်။အဖြူစွတ်စွတ် ဖိနပ်ကိုကြည့်ပြီး
ရေရွတ်လိုက်တယ်
"ဒီလို ပုံဆိုးပန်းဆိုး ဖိနပ်ကိုဝယ်ထားပြီး
ငါ့ကိုအပြစ်လာတင်ခိုင်းနေသေးတယ်..."

ချူအိမ်မှာ ရှိနေတဲ့စုယွီကတော့ သူ့ရဲ့ဖက်ရှင်
အမြင်ကို ဝေဖန်နေမှန်းမသိဘူး။စုယွီကတော့
အခုသူ့plan အောင်မြင်သွားတာမို့ပျော်နေတယ်။ ကျန်းယွဲ့ယွဲ့ကသူမရဲ့ ဖြူစင်တဲ့ ပုံစံလေးကိုထိန်းဖို့အတွက်နဲ့ သူမမလုပ်နိုင်မှာစိုးလို့
စုယွီကချူချန်းရန်ကိုဖုန်းခေါ်ပြီး deliveryရောက်လာတယ်ဆိုပြီး လိမ်ပြောလိုက်ကာ
သူတို့၂ယောက်ကိုပေးတွေ့စေတာဖြစ်တယ်။

သူလိမ်တာကိုဖုန်းဖို့အတွက် စုယွီအခု ပါဆယ်တစ်ခုကို ချူချန်းရန်အတွက်ပြင်ထားတယ်။

"Host ကျောင်းဟော်ကတော့ မူလဇာတ်ကြောင်းအတိုင်းသွားနေပြီ ဇာတ်လိုက်မကလဲ အခု
ဇာတ်လိုက်ကို ပိုက်ဆံတွေစတောင်းနေပြီ။
ကျွန်တော်တို့ ဒီmissionကိုရပ်လိုက်ရတော့မလား?"
ဘောလုံးလေး စုယွီလုပ်တာကိုကြည့်ပြီး
စိတ်ပူနေတယ် အခုဆို ဇာတ်လိုက်က
ဇာတ်လိုက်မတောင်းတာကို မျက်တောင်တစ်ချက် မခတ်ဘဲပေးလိုက်ပြီလေ။

ဥက္ကဌချူ အတွက်ကတော့ ဒေါ်လာတစ်သောင်း
ကဘာမှမဟုတ်ပေမယ့် ဘောလုံးလေးကတော့
အရမ်းစိုးရိမ်နေမိတယ်။

စုယွီ ဘောလုံးလေးကို မျက်လုံးထောင့်ကနေ
တစ်ချက်ကြည့်လိုက်ပြီး
"ချူချန်းရန်ကIQ 45%ရှိနေရက်နဲ့ ကျန်းယွဲ့ယွဲ့ကို  ပိုက်ဆံတွေ ဆက်ပေးနေမယ်ဆိုရင်
ဒီကမ္ဘာရဲ့pointတွေက တကယ်သုံးစားမရတာဘဲ"

"ဒါပေမယ့် သူကအခု...''
ဘောလုံးလေးတကယ်နားမလည်တော့ဘူး
Hostကအခုtaskကို သေချာမလုပ်တာကိုမြင်ရတော့ တကယ်စိတ်ညစ်မိတယ်။
"ကျန်းယွဲ့ယွဲ့ကို ချူချန်းရန်က
ဒေါ်လာတစ်သောင်းဘဲ သုံးခွင့်ပေးမှာ။ တကယ်လို့ သူ့ရဲ့IQတိုးတက်မတက် သိချင်ရင်
ဆက်စောင့်ကြည့်လေ" စုယွီ ချူချန်းရန်
ကြိုက်လောက်မယ့် ပစ္စည်းကိုorderမှာနေရင်း
ပြောလိုက်တယ်၊

ဘောလုံးလေး သူ့Hostရဲ့ကိုစကားကိုဘဲယုံ
လိုက်တော့တယ်။

စုယွီ ဆိုင်တစ်ဆိုင်ကနေ orderမှာလိုက်ပြီး အိမ်ကိုလာပို့ခိုင်းလိုက်တယ်။ နှစ်နာရီကြာတော့
ပစ္စည်းရောက်လာပေမယ့် စုယွီမဖောက်ဘဲထားထားလိုက်တယ်။ သူချူချန်းရန်အတွက်
အထူးမှာပေးထားတာလေ ချူချန်းရန်
ကိုယ်တိုင်ဖောက်မှ သူကုမ္ပဏီကိုလိမ်ပြောထားတာမပေါ်မှာ။

ချူချန်းရန်မကြာခင် ပြန်ရောက်တော့မှာမို့
အထုတ်ကို ထမင်းစားပွဲပေါ်တင်ထားလိုက်ကာ
ညစာအတွက်ပြင်နေလိုက်တယ်။

ချူချန်းရန်အိမ်ပြန်ရောက်တော့ စားပွဲပေါ်မှာ
အထုတ်တစ်ထုတ်ရှိနေမှန်း သူသတိထားလိုက်မိတယ်။ ပြီးတော့သူ မီးဖိုချောင်က အသံဖျော့ဖျော့ကို ကြားလိုက်တော့မှဘဲ ဒီနေ့စိတ်ညစ်ခဲ့ရသမျှ ပြေပျောက်သွားတယ်။ ချူချန်းရန် ကိုယ်တုင် တောင်မသိလိုက်ဘဲ သူပြုံးလိုက်မိတယ်။

စုယွီ အိမ်ရှေ့ကတံခါးဖွင့်သံကြားတော့
ဟင်းချက်ဇွန်းကိုကိုင်ထားရင်းနဲ့ဘဲ ခေါင်းလေးပြူကာ နှုတ်ဆက်လိုက်တယ်။ ချူချန်းရန်ရဲ့မည်းမှောင်နေတဲ့မျက်နှာကိုဘဲ နှုတ်ဆက်ရတော့မယ်လို့ ထင်လိုက်ပေမယ့် အခုချူချန်းရန်က
ပြုံးနေတယ်???

ဒီနေ့အများကြီးဖြစ်ပျက်ခဲ့တာမှန်ပေမယ့်
ချူချန်းရန်ကိုတော့ရူးမသွားစေဘူးမလား?

"ဘာတွေချက်နေတာလဲ?ကိုယ်ကူပေးရမလား?"
ချူချန်းရန် သူ့ကုတ်အင်္ကျိကိုချွတ်ကာ ပြောလိုက်တယ်။

စုယွီ တော်တော်လေးထူးဆန်းသလို ခံစားလိုက်ရပေမယ့် သူ့မျက်နှာကတော့ ပြုံးလိုက်ကာ
"ကျွန်တော် ဒီတိုင်းရိုးရိုးဟင်းတွေဘဲ ချက်နေတာပါ ဒီမှာခဏထိုင်ပြီးစောင့်နေ ကျွန်တော်
ပြီးတော့မယ်"

"ချူချန်းရန်ခေါင်းငြိမ့်လိုက်ကာ ဆိုဖာပေါ်မှာ
ထို်င်နေလိုက်တယ်။စားပွဲပေါ်ကပါဆယ်ထုတ်လေးကို ယူလိုက်ပြီး ဖောက်လိုက်တယ်။စုယွီ
မီးဖိုချောင်ထဲပြန်သွားကာ စဥ်းစားနေမိတယ်။
ချူချန်းရန် သူ့ကိုသတိမထားမိပါဘူးနော်?

အားလုံးချက်ပြီးသွားတော့ စုယွီ အားအင်
အပြည့်နဲ့ပြုံးလိုက်ပြီး ဟင်းတွေကိုသယ်ကာ
မီးဖိုချောင်ကနေထွက်လာလိုက်တယ်။
"ဝမ်းကွဲအစ်ကို ပါဆယ်ကိုဖောက်လိုက်တာလား? ကျွန်တော် အစ်ကို့ကိုကျေးဇူးတဲ့အနေနဲ့
ပေးတဲ့ ဝယ်ပေးထားတာ  အစ်ကိုမကြိုက်ဘဲ
မနေရဘူးနော် ဟုတ်ပြီလား"

"အင်း ကောင်းပါတယ်"
ချူချန်းရန်ပုံမှန်အတိုင်း တုံ့ပြန်လိုက်ပေမယ့်
သူ့မျက်နှာကြည့်ရင် ချူချန်းရန်လက်ဆောင်တွေကို အရမ်းကြိုက်နေမှန်းသိသာတယ်။

စုယွီ စားပွဲပေါ်မှာ ဟင်းခွက်တွေကိုနေရာချကာ
ချူချန်းရန်ကို တူကမ်းပေးလိုက်တယ်
ရုတ်တရက်သူ ချူချန်းရန်ရဲ့အိတ်ထဲကဖောင်းနေတာကိုမြင်တော့
"ဝမ်းကွဲအစ်ကို အိတ်ထဲကိုတစ်ခုခုပြန်သယ်လာတာလား? အဲ့ဒါဘာကြီးလဲ?"

ချူချန်းရန်ရဲ့မျက်နှာပြန်အေးစက်သွားပြီး
ဝါးနေရင်းပြန်ဖြေလိုက်တယ်။သူ့ရဲ့သိက္ခာကို
ထိန်းဖို့အတွက် တူကိုချလိုက်ကာ
"ဒီတိုင်း ပစ္စည်းအချို့ပါ စားလိုက်ဦး"

စုယွီက ဘယ်လွယ်လွယ်လွှတ်ပေးမတုန်း
သူ မျက်လုံးလေးပြူးကာပြုံးလိုက်ပြီး
ဆက်မေးလိုက်တယ်
"ဝမ်းကွဲအစ်ကို အိမ်ကိုပစ္စည်းသယ်လာတာ
ဒါပထမဆုံးဘဲ။ တော်တော်အရေးကြီးပုံရတယ် ကျွန်တော်ပြောတာ မှန်တယ်မလား?"

ချူချန်းရန် စုယွီကိုသေချာစိုက်ကြည့်လိုက်ပြီး
ပြန်မဖြေဘဲ
"စား"

"ဟုတ်.."
စုယွီဆက်မမေးတော့ပေမယ့် သူစိတ်ထဲမှာတော့
ရယ်နေတယ်။စုယွီရဲ့ခေါင်းနားမှာ ဝဲနေတဲ့
ဘောလုံးလေးကတော့ သူ့hostကိုတကယ်နားမလည်တော့ဘူး။သူ့hostကစားတာကိုခံနေရတဲ့
ဇာတ်လိုက်ကိုတောင် သနားလာတယ်။

ညစာစားပြီးတော့ ချူချန်းရန်ကမည်းမှောင်သွားကာ သူ့အိတ်ကိုယူပြီး အပေါ်ကိုတက်သွား
တယ်။သူတစ်ချိန်လုံး စုယွီကိုမကြည့်ခဲ့ဘူး။

စုယွီ ချူချန်းရန်ရဲ့နောက်ကျောကို ပြုံးကာ
ကြည့်နေတယ်။ဘောလုံးလေး စိတ်ညစ်စွာနဲ့
"*သခင်လေး host"
(*ဘောလုံးလေးက စုယွီကိုအရင်ကခေါ်တဲ့hostကဒီလိုပါ 宿主‘ အခုဒီလိုပြောင်းခေါ်လိုက်တာပါ ‘宿主大人.)

"ကျန်းယွဲ့ယွဲ့အခုဘာလုပ်နေလဲပြောပြ"
စုယွီ ဘောလုံးလေးကို ရယ်ကာလှမ်းပုတ်လိုက်တယ်။

ဘောလုံးလေး အစီရင်ခံဖို့ နှစ်ချက်လောက်တောင်သွားပြီး "ကျန်းယွဲ့ယွဲ့ ကကျောင်းဟော်ကို
ပိုက်ဆံပေးလိုက်ပြီး အခုသူတို့နှစ်ယောက်
အပြင်ထွက်စားနေကြတယ်။အခု သူတို့ပုံကြည့်ရတာ ခုနကကတောက်ကဆဖြစ်ပြီး
အခုပြန်အဆင်ပြေသွားတဲ့ပုံဘဲ"

"ကျောင်းဟော်လိုလူမျိုးက ဒီအခြေအနေကို
ယာယီဘဲ လက်ခံမှာ။ သူ့လိုလူမျိုးက အလွယ်တကူနဲ့ရောင့်ရဲတင်းတ်ိမ်မှာမဟုတ်ဘူး
သူဘာဆက်လုပ်မလဲ ငါတကယ်ဘဲသိချင်မိတယ်"
စုယွီ မေးစေ့ကိုပွတ်လိုက်ကာ လှောင်ပြုံးပြုံးလိုက်တယ်။ ဘောလုံးလေး ရုတ်တရက်ကျောင်းဟော်နဲ့ဇာတ်လိုက်မအတွက် သနားသွားတယ်။

ချူချန်းရန် မူလဇာတ်ကြောင်းထဲကလို ဦးနှောက်မရှိတဲ့သူဌေးမဟုတ်တော့ဘူး ဒါပေမယ့်
ကျောင်းဟော်ကတော့ ဆက်ပြီးလောဘကြီးနေတုန်းဘဲ။ဒီလိုဆိုတော့ ကျောင်းဟော်ရဲ့ဇာတ်သိမ်းက မူလဇာတ်ကြောင်းထဲကထက် ပိုရက်စက်
ပြီး စုတ်ပြတ်လိမ့်မယ်လို့ပြောလို့ရတယ်။
စုယွီတော်တော်လေး မျှော်လင့်နေပြီ။

စုယွီရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ဘောလုံးလေး
မေးခွန်းထုတ်စရာမရှိပေမယ့်လဲ
"သခင်လေးhostသာ ဘာမှမလုပ်ဘဲ ဇာတ်လိုက်ကို နေ့တိုင်းနှုတ်ဆက်နေမယ်ဆိုရင်တောင်
သူ့IQကတဖြည်းဖြည်းများလာပြီး ဇာတ်သိမ်း
ပြောင်းသွားမှာဘဲကို"

ဘောလုံးလေး ပြောတာကို စုယွီနားလည်တယ်
တကယ်လို့ အဲ့လိုဘဲလုပ်နေမယ်ဆိုရင်
ဇာတ်ကြောင်းကသူ့ဟာသူပြောင်းဖို့
သူကထိုင်စောင့်ရုံကလွဲပြီး ဘာအလုပ်မှမရှိဘူး

စုယွီ ဘောလုံးလေးကို ဂရုမစိုက်စွာ
"ငါပျင်းလို့လျှောက်လုပ်တာလေ အဲ့ဒါဘာဖြစ်လို့လဲ?"

"...ဘာမှမဖြစ်ပါဘူး."
ဘောလုံးလေး ဆွံ့အသွားတယ်။

စုယွီထင်တာက ကျန်းယွဲ့ယွဲ့က ဒီလောက်နဲ့ဘဲ
ရပ်မယ်ပေါ့။ဘယ်သူသိမလဲ နောက်တစ်နေ့မှာလဲချူချန်းရန် လက်ထဲမှာ အိတ်တစ်အိတ်ပါလာခဲ့တယ်။

အိတ်ကိုမြင်တော့ စုယွီထင်တာကကျောင်းဟော်
ကျန်းယွဲ့ယွဲ့ကို ထပ်ခို်င်းတယ်လို့ဘဲထင်လိုက်မိတယ်။ သူဒီအခြေအနေကို သေချာမစဥ်းစားရသေးခင်မှာဘဲ
ချူချန်းရန်က သူ့ကိုလှမ်းပေးလာတယ်
"ဒီမှာ "
______________________________________

Continue Reading

You'll Also Like

2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.5M 284K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
651K 71.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...