Unicode
..................
မာန် လည်း ခွန်း ရဲ့ကိစ္စကိုသိပြီးကတည်းက ဘုန်းစစ် ကိုတောင်လိုက်မပို့နိုင်တော့ဘဲ အလျင်အမြန် အိမ်ပြန်လာခဲ့ရသည်။
"ကြီးကြီး ဘယ်လိုဖြစ်တာလဲ "
စိတ်ပူတကြီးမေးမ်ိတော့ ကြီးကြီးက
"နောက်မှမေးပါ သားမာန်ရယ် ဆေးရုံအရင်ပို့ကြရအောင်"
ကြီးကြီး အပြောကိုမာန်လည်းခေါင်းငြိမ့်ပြ၍ ဘဘကိုအိမ်စောင့်ထားခဲ့ကာ ဆေးရုံသို့ထွက်လာကြသည်။ ဘဘလည်း ခွန်းအကြောင်းကြားပြီး မြန်မြန်ပြန်လာရသည် ။
ဆေးရုံရောက်တော့ မာန်ကကားပေါ်ကဆင်း၍ ခွန်းကိုချီကာဆေးရုံဝန်းအတွင်းသို့ ပြေးဝင်သွားတော့သည်။
"တစ်ယောက်ယောက်လာဦး!!! သူ့ကိုရအောင်ကယ်ပေး မရရင်မင်းတို့ဆေးရုံကိုငါမီးရှို့ပစ်မယ်...!!!"
မာန့် ပြောသံအဆုံးမှာ ဆရာဝန် ၂ ယောက်လောက်နဲ့ သူနာပြုလေးတွေ စုပြုံလာကြကာ ခွန်း ကိုကုတင်ပေါ်တင်၍ ခေါ်သွားကြသည်။
ဆေးစစ်တဲ့အခန်းထဲသို့ရောက်တော့ မာန် လည်း အခန်းရှေ့တင်နေခဲ့ရသည်။
ဘေးနားက ခုံလေးမှာထိုင်ရင်း....မာန်ခေါင်း ငိုက်ငိုက်စိုက်ကျလေသည်။
အစောကြီးကတည်းက သူ့ကိုဖုန်းခေါ်နေခဲ့တာတောင် မအားဘူးဆိုပြီး ဖုန်းကိုချပစ်တာတောင်မလုံလောက်သေးဘဲ သူဖုန်းတောင်ပိတ်မိခဲ့သည်။
ထိုင်နေရာမှ ထ၍ ကြီးကြီး ဆီကိုသြားကာ
"ကြီးကြီး ခွန်း ဘယ်လိုဖြစ်တာလဲ "
"မနက်က ကြီးကြီး နားလိုက်ပါလို့ ပြောပေမယ့် ခွန်းကဟင့်အင်း ပဲလုပ်နေတယ် ထမင်းစားချိန်ရောက်တော့လည်း နောက်မှဆက်လုပ်ထမင်းအရင်စားလို့ပြောတာကို အလုပ်တွေမပြီးရင် သားမာန် ကဆူလိမ့်မယ် ဆိုပြီးဆက်လုပ်နေတယ် ထမင်းတောင် ၂ နာရီလောက်မှစားရတယ်ထင်တယ် ကြီးကြီး အဝတ်တွေလျှော်ပြီး လှန်းနေတုန်း အိမ်ရှေ့ထွက်လာတော့ အိမ်တိုက်တဲ့အဝတ်စကိုကိုင်ပြီး ရေခဲသေတ္တာရှေ့မှာလဲကျနေတာကိုတွေ့လိုက်ရတာ ဘယ်အချိန်ကတည်းက သတိလစ်နေလဲတော့မသိဘူး ကြီးကြီးတို့တွေ့တာတောင် နာရီဝက်ကျော်နေပြီ "
"အခုတောင် ၅ နာရီလေ ကျစ် "
မာန် က လက်ပတ်နာရီကိုကြည့်ကာ အခုလက်ရှိအချိန်ကိုပြောမှ ကြီးကြီးလည်း အံ့သြသွားသည်။ ကြီးကြီး လည်း ခွန်းလေး ကိုစိတ်ပူနေတာနဲ့ပဲ နာရီကိုမကြည့်မိခဲ့ပေ။
"အဲ့တာဆို ခွန်းလေးမေ့လဲတာ ခန့်မှန်းချေဆို ၃ နာရီလောက်ဖြစ်မယ်ထင်တယ် "
"ကျစ်....!2နာရီတောင်သတိလစ်နေရတာလား!!! "
"သားမာန် ကိုဖုန်းခေါ်ပါသေးတယ် မကိုင်တာနဲ့ သားစစ်ကို ကိုဖုန်းဆက်လိုက်တာ..... "
မာန် လည်းကြီးကြီးပြောနေတာတွေကိုအာရုံမရတော့ဘဲ ခုံမှာပဲစိတ်ပျက်လက်ပျက်ထိုင်မိသည်။
အဲ့လောက်အချိန်တောင် သတိလစ်နေတာလား? မယုံနိုင်မှုတွေနဲ့ ပြည့်နက်နေလေသည်။ သူ ခွန်းကိုဘာမှမလုပ်ခိုင်းခဲ့ရမှာ ။
ခဏနေတော့ ဆရာဝန်ထွက်လာကာ
"လူနာနဲ့ တစ်ခုခုတော်စပ်တဲ့သူများရှိပါသလား?"
မာန် ကထကာ
"ရှိပါတယ်ဗျ သူ့ယောက်ျားပါ "
ဒေါက်တာ အနေနဲ့လည်း ခွန်းဆီကဒဏ်ရာတွေကိုတွေ့ပြီး မာန်ကခွန်းယောက်ျားဖြစ်နေတာကိုမအံ့သြတော့ပေ ။
"အခန်းထဲခဏလောက်ဝင်ခဲ့ပါလား"
မာန် လည်းဆရာဝန် ကခေါ်နေတာမို့ အခန်းထဲကိုဝင်သွားလိုက်သည်။ အခန်းထဲရောက်တော့
" လက်ထပ်ပြီးသားတွေဆိုပေမယ့်လည်း ဆက်ဆံတဲ့အခါ နည်းနည်းတော့ငြင်သာပေးစေချင်တယ်"
မာန် က ဘာကိုပြောလဲအထာပေါက်သွားတာမို့ ကုတင်ပေါ်ကခွန်း ကိုကြည့်လိုက်တော့ မျက်နှာလေးကဖြူကာ နှုတ်ခမ်းကလည်း ခရမ်းေဖျာ့ရောင်ဖြစ်နေလေသည်။
"လူနာအတွက် သောက်ဆေးလည်းပေးထားခဲ့မယ် ။ ဆေးလဲလိမ်းပေးခဲ့တယ် စိတ်ပူစရာတော့မရှိတော့ပါဘူး အတွင်းသားတွေ ယောင်နေတယ် ယောက်ျားလေးဖြစ်တာမို့ သွေးကျစရာမရှိပေမယ့် အတွင်းသားတွေကအက်ကွဲနေသလို အဝလေးမှာလည်း နည်းနည်းကွဲနေတာကိုတွေ့ရတယ် "
မာန့် ရဲ့စိတ်ထဲမှာတော့ ဆရာဝန်ကိုသိပ်ဘဝင်မကျပေ။ ဘာလို့များ မဆိုင်တဲ့နေရာတွေကို လိုက်ကြည့်နေရတာလဲလိုတွေးရင်း စိတ်ကတိုလာရသည်။
"ဒေါက်တာ ဘယ်လိုသိတာလဲ "
" အမှန်တော့ ဒေါက်တာလည်း ဆေးရုံကုတင်မှာသာ အနီကွက်တွေစွန်းထင်မနေခဲ့ရင် သိနိုင်မှာမဟုတ်ပါဘူး "
ဒေါက်တာကပြောတော့ ခွန်း ကိုကြည့်လိုက်မိသည်။ အောက်ပိုင်းမှ သွေးစတွေသည် ခွန်းရဲ့ဘောင်းဘီကိုဖောက်ကာ ဆေးရုံကုတင်ရဲ့အ်ိပ်ရာခင်းပေါ်သို့တောင် ပေကျံနေလေသည်။
အဲ့လောက်ထိဖြစ်သွားမယ်လို့တော့မထင်တာမို့ မာန် ကိုယ့်ကိုကိုယ်စိတ်ပျက်မိသည်။ အဲ့တာတောင် အလုပ်တွေကိုအဆမတန်ခိုင်းခဲ့မိသေးသည်။
"ဒါနဲ့ ခွန်း ကဘာဖြစ်တာလဲ "
"လူနာက အဲ့ဒဏ်တွေကြောင့်အားပြတ်သွားတာပါ ။ ဦးခေါင်းထဲကိုအောက်ဆီဂျင်အလုံအလောက်မပို့ပေးနိုင်လို့ဖြစ်သွားတာပါ ကံကောင်းသွားတယ်မှတ်ပါ နည်းနည်းလေးသာထပ်နောက်ကျရင် ထာဝရဆုံးရှုံးသွားနိုင်တယ် သာမာန်စိတ်ပင်ပန်းလို့သတိလစ်တာမျိုးနဲ့ ဦးနှောက်ထဲအောက်ဆီဂျင်အလုံအလောက် မပို့ပေးနိုင်လို့သတိလစ်တာနဲ့က မတူပါဘူး ။ ဒုတိယတစ်ခုကအသက်စိုးရိမ်ရတာမို့ သတိထားဂရုစိုက်စေချင်ပါတယ် ခဏခဏဖြစ်နေတယ်ဆို ရေရှည်မကောင်းနိုင်ဘူး "
ဒေါက်တာ ရဲ့ စကားအဆုံးမှာ မာန် သက်ပြင်းချနိုင်လိုက်သည်။ အနည်းဆုံးတော့ ခွန်းသူ့ဆီကထွက်မသွားသေးပေ ။
ဒေါက်တာနဲ့ ပြောပြီးတော့မှ အခန်းထဲမှ ဒေါက်တာနဲ့အတူထွက်လာလိုက်သည်။ ကြီးကြီးတို့စစ်ကို တို့ကိုအခြေအနေပြောကာ အိမ်ပြန်ခိုင်းလိုက်ရသည်။ မာန်ကတော့ ခွန်း ဘေးမှာသာကျန်ခဲ့လေသည်။
...........................။
ဘုန်းစစ် ကော်ဖီသောက်နေရင်း စဉ်းစားမိသည်။ ဒီနေ့ မာန်ရဲ့အပြုအမူ အဖြစ်အပျက်တွေ ကိုပေါ့။
မာန့် လိုလူကစီးပွားရေးလောကမှာ အအောင်မြင်ဆုံး လူငယ်တစ်ဦး ။ သူ့ကို လိုက်နေကြတဲ့ မိန်းကလေးတွေရှိသလို ယောက်ျားလေးတွေလည်းရှိတာပဲ ။ ဒါပေမယ့် အခုထိမာန့်ကိုချုပ်နိုင်တဲ့သူမရှိသေးပေ ။
ခွန်း ဆိုတဲ့တစ်ယောက်ကဘယ်သူမို့လို့ မာန် ကအဲ့လောက်ထိဖြစ်သွားရတာလဲ ။ ညီ ဆိုရအောင်လည်း မာန်ကတစ်ဦးတည်းသောသားလေ ။ အလုပ်ကိစ္စပြောနေတုန်းတောင် စစ်ကိုကခဏခဏလာပြောနေလို့အော်ထုတ်ခဲ့တဲ့သူက ခွန်း ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ ဘာလို့ပြောင်းလဲသွားရတာလဲ။
မာန့် ကိုအနိုင်လိုချင်ရင် အဓိကပစ်မှတ်က ခွန်းဆိုတဲ့နာမည်သာကြားဖူးတဲ့ ကောင်လေးဖြစ်လိမ့်မည်ဟု ဘုန်းစစ်ဟန်မှတ်ထားလိုက်သည်။
"တစ်နေ့ပေါ့....တစ်နေ့ ခွန်းဆိုတာဘယ်သူလဲသိရမှာပါ "
ကော်ဖီခွက်ကိုချကာ အိမ်ပေါ်ကောင်မလေးကိုသိမ်းခိုင်း၍ အိပ်ရာဝင်လိုက်သည်။
.............................။
နေရောင်ခြည်ဟာ ကြည်လင်တောက်ပစွာ ဖြာကျနေသောကြောင့် မှိတ်ထားသော မျက်လုံးတစ်စုံ နိုးပွင့်လာခဲ့သည်။
မာန် လည်းနိုးတာနဲ့ ခွန်း အတွက် အကုန်ပြင်ဆင်ပေးကာ အခန်းထဲမှခဏထွက်၍ လေကောင်းလေသန့်ရှူရှိုက်လေသည်။
"ဟူး....."
ဆေးလိပ်အငွေ့တို့ကို မှုတ်ထုတ်ကာ သက်ပြင်းချမိသည်။
အခန်းထဲတွင်.....
ခွန်း လည်း နာကျင်မှုဒဏ်ရာမပျောက်သေးတာမို့ ညည်းညူရင်းနဲ့သာ နိုးထလာရသည်။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ ဘယ်သူမှရှိမနေ ။
သို့ပေမယ့် အဝတ်အစား အစားအသောက် မျက်မှာသစ်ဖို့အတွက်ပစ္စည်းတွေ အရာအားလုံးဟာတော့အကုန်အဆင်သင့်ဖြစ်နေလေသည်။
မာန် လုပ်ပေးထားတာလားဆိုတာတွေးတောရင်း တံခါးဖွင့်သံကြားတာမို့ ခေါင်းလေးကိုထောင်ကြည့်လိုက်သည်။
ဆေးလိပ်တိုကိုကိုင်ကာ အခန်းထဲဝင်လာသော မာန့်ကြောင့်ခွန်း အသက်ရှူကြပ်ကာ ချောင်းတွေဆိုးတော့သည်။
"အဟွတ်....ဟွတ်...ဟစ်...ဟွတ်...."
"အာ....ဆောရီး "
ဟုပြောရင်း အခန်းထဲမှပြန်ထွက်သွားလေသည်။ ခွန်း လည်းဆေးလိပ်နံ့မရတော့မှပဲ အသက်ရှူချောင်တော့သည်။
သိပ်မကြာလိုက် မာန်လည်းအခန်းထဲ၀င်လာလေသည် ။ ခွန်းလည်း တံခါးဖွင့်သံကြောင့်လန့်သွားလေသည် ။ အလိုမကျလေသော မျက်လုံးတို့နှင့်မာန့်ကိုတွေ့လေတော့ စိတ်ထဲတွင်လည်း
"ခင်ဗျားက ပြုံးနေရင်အရမ်းချောမှာ " ဟုေတာင်ပြောလိုက်မိသေးသည်။
မျက်မှောင်ကြုံ၍ သူ့ကိုကြည့်နေသော မာန့် ကြောင့် ခွန်းလည်းထွက်ပြေးချင်လာသည်။ ရေချိုးခန်းထဲဖြစ်ဖြစ်ပေါ့ ။ ဒါပေမယ့် ခန္ဓာကိုယ်အောက်ပိုင်းက အခုမှပိုနာလာသလိုလိုနဲ့ လူကလည်းနေမကောင်းတာမို့ မထနိုင်ဘဲ ဖြစ်နေလေသည်။
"ဘာလုပ်နေတာလဲ အခုထိမထသေးဘူးလား နိုးနေတာကို"
မာန် ကဒေါသအသံဖြင့် အော်မိလိုက်တော့ ခွန်း လည်းတုန်သွားသည်။
မာန် လည်းသူ့ကိုယ်သူမကျေနပ်ပေ။ ဘာလို့များ ခွန်းဆိုရင်လေသံကမာနေရတာလဲ သူလည်းမသိပေ။
"ထ....ထ...မရလို့"
ခွန်း ကမျက်ရည်လေးတွေဝေ့သီကာ မာန့် ကိုပြောမိတော့ မာန် က ' ကျစ် ' တစ်ချက်သပ်လာသည်။
"ကဲထ ကိုယ့်ကိုတွဲ"
မာန် လည်း လက်မောင်းကိုထိုးပေးတာမို့ ခွန်း ရဲ့လက်သေးသေးလေးနဲ့ဆုပ်ကိုင်လိုက်သည်။
ထို့နောက် မျက်နှာသစ်၍အစာစားရန်ပြင်တော့ ခွန်းကမာန့်ကိုကြည့်လာတာမို့ မာန် လည်းနားလည်လိုက်သည့်ဟန်ဖြင့်
"ဒါတွေအကုန်လုံး မနက်အစောကြီး ကြီးကြီးလာပြီးပြင်ပေးသွားတာစားစရာရှိစား"
မာန့် ရဲ့စကားအဆုံးမှာတော့ ခွန်းလည်းခေါင်းငုံ့မိလိုက်သည်။
စိတ်ထဲတွင်လည်း
' အင်းလေ....ငါကဘာမို့လို့ သူကိုယ်တိုင်ပြင်ပေးရမှာလဲ အတွေးတွေလွန်နေပြီ ခွန်းဆက်အိမ် ရ '
ခေါင်းမဖော်တမ်းစားနေသော ခွန်း ကိုကြည့်၍ မာန်ပြုံးလိုက်သေးသည်။
ခွန်း နဲ့တွေ့ရင် အရာရာဟာ မာန့်အတွက်တော့ ကျေနပ်မှုအတိပင်။ သို့ပေမယ့် ခံစားချက်တွေကိုတော့ထုတ်မပြချင်သေးပေ။ လွယ်လွန်းရင် တန်ဖိုးမဲ့တတ်တယ်မလား?
............................။
အယွန်းလေး အစ် ကမ်းဘက်ခ်
Hello! 2 ရက်လောက်ပျောက်သွားတာ သတိထားမိကြလား ခေါင်းကိုက်လက်ကိုက်တွေဖြစ်နေလို့ပါ ။ မျက်မှန်ကလည်းပါဝါများတာမို့ မျက်ကြောတွေကိုက်နေလို့ အဆင်ပြေရင် ညကျရင်တစ်ပိုင်းထပ်တင်ပေးပါ့မယ် အရင်ရက်တွေရဲ့အကြွေးလို့မှတ်ပေါ့နော် 😁
Vote လေးတွေနည်းနေတယ်နော် ပေးခဲ့ကြပါဦး
#VeraVicki
Zawgyi
..................
စိတ်ပူတကြီးမေးမ်ိတော့ ႀကီးႀကီးက
"အခုတောင် ၅ နာရီလေ ကျစ် "
မာန် ကထကာ
မာန် က ဘာကိုပြောလဲအထာပေါက်သွားတာမို့ ကုတင်ပေါ်ကခွန်း ကိုကြည့်လိုက်တော့ မျက်နှာလေးကဖြူကာ နှုတ်ခမ်းကလည်း ခရမ်းရောင်ဖြစ်နေလေသည်။
"ဒေါက်တာ ဘယ်လိုသိတာလဲ "
...........................။
.............................။
"ဟူး....."
အခန်းထဲတွင်.....
"အဟွတ်....ဟွတ်...ဟစ်...ဟွတ်...."
"အာ....ဆောရီး "
"ထ....ထ...မရလို့"
"ကဲထ ကိုယ့်ကိုတွဲ"
စိတ်ထဲတွင်လည်း
............................။
#VeraVicki