{Unicode🌾}
အပိုင်း (၃၃)
တွဲလက်
.... တွဲပေးထါးတဲ့ လက်တစ်စုံသာ
မြဲဖို့ လိုပါတယ်...
ခရီးလမ်းလည်း ကြမ်းပါစေ..
အတူ လျှောက်လှမ်းဖို့.
ရဲပါတယ်...။
ကျေးဇူးတင်ပါတယ်ဗျာ..
မောင့်အနား အမြဲရှိနေပေးခဲ့လို့...
*****
ရာသီတွေကတော့ တရိပ်ရိပ်နဲ့ လွန်မြောက်ခဲ့လေပြီ...။ အခုဆို ပိစိကောင်က ၅နှစ်ပင် ပြည့်တော့မည်...။ မည်းနက်ပြီး ဘုတ်သုတ်ဖြစ်နေသော ဆံပင်မွှေးများက လိပ်ထော်ပြီး ခေါင်းပေါ်မှာ ရှိသည်....။ အပေါ်ယံ အင်္ကျီမပါ ကိုယ်တုံးလုံးနဲ့ပင်...။ အောက်က ဘောင်းဘီအကွက် ပေါင်လယ်ကျော်ကျော်လောက်နှင့် နစ်ဖက်က ခါးအကြား ဘာတွေ လိပ်တင်ထားလည်း မသိ...။ တစ်ပင်တို၊ တစ်ဖက်ရှည်နဲ့ပင်....။ ခြေထောက်မှာလဲ သားရေပင်များက ဟိုတစ်ဖက် ဒီတစ်ဖက်နဲ့ပင်...။ လက်မှာလဲ အပြည့်နဲ့ပင် သူကြည့်ရတာ ရှေးခေတ် လူမျိုးစု တစ်စုနဲ့ပင် ကျွန်တော်ကိုယ်တိုင်သာ မမွေးခဲ့ရင် အဲ့လိုထင်နေတော့မှာ.....။
"ခါးတွေ နာလို့လား? နာရင် နားလေ... မောင်က ပြီးတော့မှာ..."
နှစ်ယောက်သား ကောက်ပင်ရှည်ရှည်များအကြားမှ မြက်ရွက်ကြီး၊ ဗေဒါပေါင်းတစ်ချို့ကို နုတ်နေမိသည်...။ မနက်ကိုးနာရီပင် ရှိသေး ပူအိုက်နေသော နေရောင်နဲ့ လယ်ကွင်းထဲမှ သမန်းပူတို့... ထို့အပြင် သန်စွမ်းနေသော စပါးပင်များအကြား ဖြုတ်ကောင်တစ်ချို့ကြောင့် ပူအိုက်စပ်နေသည်....။
"မဟုတ်ပါဘူး... မောင်ရယ်... ထူးကဲကို ကြည့်နေတာပါ...။ သားကလေ ကြည့်ရင်း ကြည့်ရင်း လူရိုင်းပေါက်လေးနဲ့ အတော်တူလာတာ... မောင့်နဲ့သာ မတူရင် အတော် ရုပ်ဆိုးမှာ..."
ထိုစကားကြားလေတော့ မောင်က မြက်ပင်တစ်ချို့ အားပါးတရ ဆွဲနူတ်ပြီး ကျွန်တော့်ထံ ကြည့်လာသည်...။
"မောင် ချောတာ အခုမှ သိတာလား?"
မောင်ကတော့ လက်ထဲမှ ပေါင်းပင်တစ်ချို့ လိမ်လျက်ချည်ပြီး တစ်နေရာ၌ အသာပုံထားသည်...။ ဂျုံဦးထုပ်လေးကို ဆောင်းပြီး မောင်ကတော့ ထုံးစံအတိုင်း အကွက်လက်ရှည် ပုဆိုးတိုတိုနဲ့ပင်...။ ပုဆိုးတိုတိုက အောက်က အားကစားဘောင်းဘီ အနက်ကိုပင် မြင်နေရသည့်အထိ....။
"မဟုတ်ပါဘူး... နဂိုကတည်းက သိတာပေါ့... ဒီလူရဲ့ အမျိုးသားဆိုမှာတော့ ချောတော့မှာပေါ့..."
မောင်ကတော့ သူ့နေရာမှ ပေါင်းပင်များကို အမြန်အပြီး နှုတ်အပြီး ကျွန်တော့်အနားမှ ပေါင်းတစ်ချို့ကိုမှ လာရောက်နှုတ်ပေးနေသည်...။ မောင်က ကျွန်တော့်အနားမှ ပေါင်းမြက်တစ်ချို့ သုတ်သင်နေရင်းမှ ရုတ်တရက်ဆိုသလို ရပ်ပြီး ကျွန်တော့်ကို အံံ့သြသလို အကြာကြီး ရပ်ကြည့်နေတာကြောင့် ကျွန်တော်တောင် ယောင်ပြီး ကျွန်တော့်အနောက်ကို တစ်ချက်ကြည့်မိသည်...။ ဘာမှ ထူးဆန်းမှုမရှိသော မြင်ကွင်းကြောင့် မောင်ရှိရာသို့ ပြန်အကြည့်ရောက်လာပြီး နားမလည်သလို ငေးကြည့်နေမိသည်......။
အတန်ကြာ၌ မောင်က ကျောက်ရုပ်လို ရပ်တည်ပြီး ငေးနေရာမှ ပြုံးပြီး ပေါင်းမြက်တစ်ချို့ကိုသာ တစ်ဖန်ပြန်လည် နှုတ်နေသည်....။
"ခင်ဗျားက ခေါင်းပေါင်းထားလည်း ကြည့်ကောင်းတာပဲ..."
"ဟမ်?"
"ဒီပုံစံလေးနဲ့လည်း လိုက်တယ်လို့... "
"ဟမ်? ငါ့ရဲ့ ဒီပုံစံကို ပြောတာလား?"
သူပြောမှပဲ ကျွန်တော့်ကိုယ်ကိုကိုယ် ပြန်ပြီး သုံးသပ်မိသည်...။ အဝတ်ဟောင်းနွမ်းပင် သိပ်ပြီး မရှိတာကြောင့် မောင့်အင်္ကျီ အကွက်လက်ရှည်ဖားဖားကြီးက ခါးကိုကျော်ပြီး ပေါင်းတစ်ဝတ်ထိ အောက်က ပုဆိုးက ဒူးဆစ်အောက် ရောက်နေသည်....။ ပုခုံးလက်ပြင်တို့က မောင့်လောက် မကျယ်သည်မို့ လျောကျနေသော လက်ပြင်အင်္ကျီချိုးများက ပုခုံးအောက် ရောက်နေပြီ.....။ မောင်နဲ့ဆို ကွက်တိဖြစ်နေသော ရင်ဘတ်မှ အိပ်ကပ်တစ်ဖက်က ကျွန်တော်နဲ့ဆို ရင်ခေါင်းအထိ ရောက်နေသည်....။
ခေါင်းပေါ်မှ ပေါင်းထားသော မောင့်ပုဆိုးက အတော်လေး ထူးသည်မို့ လူက ဘာရုပ်ပေါက်နေသလဲ မသိတော့ပါ...။ လက်စသပ်တော့ မောင်က ကျွန်တော့်ကို လှောင်နေသည်ပဲ....။
"မောင်က လှောင်နေတာပဲ..."
"မဟုတ်တာဗျာ... မောင်က အတည်ပြောတာ... ခင်ဗျားသပ်သပ်ရပ်ရပ်နဲ့ တည်တည်တံံ့တံံ့ပုံဆို ကျက်သရေ ရှိရှိလှတယ်... ။အဲ့ဒီအချိန်ဆို မောင်သိပ်ပြီး မကပ်ရဲဘူး စိုးရိမ်လို့.... ဟော အခုလိုလေးကျ ကလေးလေးနဲ့ တူသလား? သေချာတော့ မသိပေမယ့် ချစ်စရာလေး..... "
"ဟင်း~~ မောင့်အကြောင်း ငါ အသိဆုံးပါ... အဲ့လို ကောင်းတဲ့အဓိပ္ပါယ်နဲ့ ငါ့ကို ရယ်တာ မဟုတ်ဘူး မလား?"
"သြော်ဗျာ.... ဟုတ်ပါတယ်ဆို... နေပါဦး မောင့်အကြောင်း ခင်ဗျားပဲ အသိဆုံး ဖြစ်ရမှာပေါ့... ခင်ဗျားက ကျုပ်လူပဲကို..."
"ဟုတ်လား? ငါက မောင့်လူလား? "
"ဟုတ်လို့ပဲ ကလေးတစ်ယောက်တောင် ရထားပြီးပြီကို... ထပ်ပြီး မောင့်လူ လိုက်ရရင်လည်း သုံးရာသီလုံး ခင်ဗျား ကလေး ထိုင်မွေးဖို့ပဲ လိုတော့တယ်...."
"အ! ရောင်ဖြာရယ်.... ဒါက အရိုအသေးပေးရတဲ့ လယ်ကွင်းမဟုတ်ဘူးလား? မင်းကတော့ တကယ်ပဲ နတ်ကိုင်ခံရတော့မှာ..."
"ဟုတ်တယ်လေ... စိတ်မရှည်တော့ဘူး... သိသိကြီးနဲ့ ရစ်နေတာကို..."
"ဟုတ်ပြီ... ဟုတ်ပြီ.... ငါက အမြဲတမ်း မောင့်လူ ဟုတ်ပြီလား? ငါကပဲ အမြဲတမ်း အလျှော့ပေးနေရတယ်..."
"ဟုတ်တယ်လေ... အလျှော့ပေးရမှာပေါ့... ခင်ဗျားကို အချစ်တွေ ပေးထါးပြီးပြီလေ..ခင်ဗျားက အလျှော့ပေးပေါ့...."
"ဟုတ်ပြီ.. ဟုတ်ပြီ မောင့်ကိုတော့ လုံးဝကို မနိုင်ဘူး... ဆက်ပြီး အလျှော့ပေးမှာ ဟုတ်ပြီလား? ဂျစ်မနေနဲ့တော့...."
"ခင်ဗျား ချစ်အောင် မောင်က အမြဲတမ်း ရစ်တယ် ဆိုရင်ရော?"
သူ့ပြောစကားကြောင့် ကျွန်တော့်မှာ အသက်ဝဝရှုဖို့ မေ့နေလေပြီ...။ သူ့ကို အံံ့သြသလို အကြာလေး ငေးကြည့်နေမိတာမို့...။
"နောက်နေ့ကျ မခေါ်တော့ဘူး... ပေါင်းနူတ်တာ ခိုတယ်နော်... ညနေ နေ့စားခကို လျှော့ပေးမှ ရတော့မယ်..."
လူကို သူအိမ်ခေါ်ထားသော အလုပ်သမား သဘောမျိုးနဲ့ ပြောလိုက်တာမို့...။
"ဟုတ်ပြီ... ရတယ် နေ့စားခ မပေးနဲ့ ရတယ်... ညကျ ငါနဲ့လာမအိပ်နဲ့..."
"အာ~~ အဲ့ဒါလိုတော့ မဟုတ်ဘူးလေ...."
"ဟုတ်တယ် အလုပ်သမားလေ... အလုပ်ရှင်နဲ့ အိပ်လို့မှ မရတာ..."
"ဟင်း~~ မောင်က တစ်ယောက်တည်း မအိပ်ရဲဘူး..."
"သားခေါ်အိပ်..."
"အာ... ပိစိကောင်နဲ့ မအိပ်ချင်ပါဘူး...။ အဲ့ကောင်က ညစ်ပတ်တယ်... မောင်က ဖက်လိုက်တိုင်း မွှေးနေတဲ့ လည်တိုင်လေး ရှိမှ လက်ခံချင်တာ..."
"အဲ့တာဆို ဖက်လုံးကို ရေမွှေးဖြန်းအိပ်...."
"ဟင့်အင်း.. မောင်က ကိုက်လည်း ကိုက်တော့လေ... ဖက်လုံးကျ အရသာ ရှိမှ မဟုတ်ဘူး....."
"ငှက်ပျောတုံးကို ရေမွှေး ဖြန်းအိပ်လေ..."
"မောင်က တောင့်ဆတ်ဆတ်ကြီးတွေ မကြိုက်လို့တောင် ဖက်လိုက်တိုင်း နွေးထွေးပြီး ပျော်ဝင်သွားမယ့် ခန္ဓာကိုယ်ပိုင်ရှင်လေးကို ယူထားတာလေ... ။ မရဘူး... မောင်ဖက်လိုက်တိုင်း ရင်ခွင်ထဲ အံကိုက်ဖြစ်နေတဲ့ အရာမျိုးမှ....."
"ရတယ်လေ ငှက်ပျောတုံးကို ငါ့အရပ်နဲ့တိုင်းပြီး ခုတ်ပြီးမှ မင်းကို ပေးမယ်လေ...."
"ရတယ်လေ..... ခင်ဗျားနဲ့ ပုံတူထုပြီး ပေးလိုက်... ဒါပေမယ့် သိပ်ပြီးတော့ အာမ မခံနိုင်ဘူးနော်... သက်ရှိလူဆိုရင်တောင် ခင်ဗျားနဲ့ပဲ ကျင့်သားရနေတဲ့ ဒီရင်ခွင်က အဲ့ငှက်ပျောတုံး အတွက်က စိတ်မကောင်းပါဘူးဗျာ.... အများကြီးကို ငြင်းပယ်... အနည်းငယ်ထဲမှ တစ်ယောက်ဆို တစ်ယောက်တည်း သူကို ရွေးချယ်ခဲ့တာမျိုးလေ..."
"အတော် စကားတတ်လာတာနော်... မင်းက သင်လာတာလဲ?"
ထိုအခါတော့ မောင်က သူ့ရင်ဘတ်ကို ပုတ်ပြပြီး....။
"ချစ်တတ်ဖို့ပဲ လိုတယ်လေကွာ... အဲ့ဘာသာက သူ့အထိုက်အလျောက် တက်ကျွမ်းတာလေ..."
"သေချာတယ်.... ငါကတော့ မတတ်ကျွမ်းဘူး... စိတ်လည်း မဝင်စားဘူး..."
ကျွန်တော့်က မောင့်ကို ရွဲ့ပြီး ဖြေလေတော့ မောင်က ကျေနပ်အားရစွာပင် ရီလေသည်..။ ကောင်းကင်မှ နေကို တစ်ချက်မော့ကြည့်လိုက်ပြီး ကျွန်တော့်အနားမှာ မြက်ပြင်တစ်ချို့ကို သူကိုယ်တိုင် ပြီးအောင် နူတ်ပေးပြီး ပုံထားသော မြက်ပင်များကိုလည်း သူကိုယ်တိုင် ကန်သင်းရိုးများအပေါ် ရွေ့တင်ထားသည်...။ ကျွန်တော်က ကျွန်တော့်အနား ရှိနေသော မြက်တစ်ချို့ကို အပြီး သုတ်သင်လေတော့...."
"သွားပါကွာ... တက်တော့ မျက်နှာတစ်ခုလုံး နီရဲနေပြီ... နေပူတာကို စိတ်တိုပြီး မောင့်ကို မဲနေပြီ... အပေါ်တက်တော့...."
"ရတယ် ဒီအပုံတွေ အကုန်ပြီးအောင် သယ်မယလေ... "
"ရတယ် မောင်သယ်လိုက်မယ်..."
"နှစ်ယောက်သယ်တော့ မပြီးဘူးလား? မရှည်နဲ့..."
"ဟုတ်ကဲ့ပါဗျာ...."
ကျွန်တော်တို့နှစ်ယောက် ပေါင်းပင်တစ်ချို့ကို ကန်သင်းရိုးပေါ် ရွေ့တင်ပြီး နောက်မှာတော့ တဲအိမ်ငယ်လေးဆီသို့သာ....။ သရက်ပင်အောက်၌ တူးထားသော ဘုံဘိုင်တွင်းမှ ရေတစ်ချို့နဲ့ သုတ်သင်ပြီး ခန္ဓာကိုယ်မှ ရွံံ့ညွှန်တစ်ချို့ကို ဖယ်ခွာစေသည်.....။
သူ့ခန္ဓာကိုယ်မှ ရွံ့ညွှန်တစ်ချို့ကို အရင်ဆေးစေပြီး တဲပေါ် အရင်နားစေသည်...။ ကျွန်တော်ကတော့ သူဝတ်ပြီး ပေါင်းမြက်သင်ထားသော အဝတ်လက်အိတ်ကိုပါ ဆေးကြောပြီး နေလှန်းထားသည်....။ ပြီးတာနဲ့ တဲပေါ်မှာ ဒီအတိုင်း ခြေနှစ်ဖက်ကို အောက်ချလွဲပြီး ထိုင်နေသော သူ့အပေါ်သို့ ဦးထုပ်ချွတ်ပြီး ခေါင်းဦးလိုက်သည်...။
"ကြည့်ပါဦး.... ပါးပေါ်မှာလည်း ရွံ့တွေချည်းပဲ... မျက်နှာလည်း နီရဲနေတာပဲ... အဲ့ဒါကြောင့် အဲ့လိုမျိုး ဖြစ်မှာစိုးလို့... ခင်ဗျားကို မောင့်ဘဝထဲ ခေါ်ဖို့ အတော်လေး စဥ်းစားခဲ့မိတာ...."
မောင်ကတော့ ကျွန်တော့်ပါးပြင်ပေါ်မှ ရွံံ့ရည်စက်များကို သူ့ဘက်နဲ့ပင် ဖယ်ခွာနေသည်...။
"ရွံ့စက်တွေက မျက်နှာတစ်ခုလုံး အကုန်လုံး စင်နေလို့လား?"
"ဘာလို့လဲ?"
"အခုထက်ထိ ခွာလို့ မပြီးသေးဘူးလေ... မျက်နှာတစ်ခုလုံး ပွတ်သပ်နေတာကို..."
"အာ... ဖွဖွလေး ထိနေတာပါကွာ... ဖွဖွလေး ထိတယ်ဆိုတာ မြတ်နိုးလို့ ဖြစ်တာမျိုးပါ..."
"ဒါဆို ကိုက်တာကရော...."
"သွားယားလို့..."
"အင့်ဟာ... ကိုက်ချင်ဦး..."
ချွေးစတစ်ချို့နဲ့ မောင့်ဆံပင်တွေကို နဖူးပြင်မှ အကုန်ကျွန်တော့်လက်နဲ့ ဖိသိပ်လိုက်ပြီး လှစ်ဟာနေသော သူ့နဖူးပြင်ကို ကျန်လက်တစ်ဖက်နဲ့ပင် နှစ်ချက်မျှ ရိုက်လိုက်တော့ မောင်က ကျွန်တော့်လက်တွေ တားဆီးသလိုနဲ့ပင် ဖမ်းချုပ်ထားပြီး ပြန်မလွှတ်တော့....။
"ကျေးဇူးတင်ပါတယ်... မောင့်အနား အမြဲရှိနေပေးလို့..."
"ကျေးဇူးတင်စရာ မလိုပါဘူး... မောင်ရယ်... ဒီရက်ပိုင်း ငါလေ မောင့်စကားတွေ နားမထောင်ခဲ့မိရင်လည်း တောင်းပန်တယ်နော်..."
"မဟုတ်တာဗျာ... မောင့်ကို ဘာလို့ ခင်ဗျားက တောင်းပန်နေတာလဲ? မောင်က ခင်ဗျားကို အပြစ်မှ မယူတာ..."
"ငါ့အနား အမြဲရှိနေပေးမှာမလား?"
"ဒါပေါ့ ဒီလက်လေးတွေ... ဒီလိုလက်နုနုလေးတွေကို ဆုပ်ကိုင်နိုင်ဖို့ မောင် အတော်လေး ကြိုးစားခဲ့ရတာလေ.... ဆုပ်ကိုင်ပြီးကတည်းက လွှတ်ပေးဖို့ ဆိုတာ ဆန္ဒမှာ မရှိခဲ့တာ..."
မောင်ကတော့ ကျွန်တော့်လက်တို့ကို သူ့လက်ဖဝါးကြီးကြီးများနဲ့ပင် ဆုပ်ထွေးထားသည်...။ ကျွန်တော့်ကို ငေးကြည့်နေပြီး....
"မောင့်ကို မနမ်းချင်ဘူးလား?"
"ဘာလို့ နမ်းရမှာလဲ?မနမ်းဘူး..."
"လုပ်ပါကွာ ခင်ဗျားကလဲ မောင်က အနမ်းခံချင်တာကို... ။တစ်ခါတည်းပဲကွာနော်... ။နိုမို့ဆိုရင် မောင့် အကြောင်း သိတယ်မလား?"
"မောင့်အကြောင်းက ဘာလဲ?"
ရုတ်တရက်ဆိုသလို သူမထင်ထားသော စကားလုံးကိုမှ ရွေးပြီး ပြောလိုက်သည်မို့ မောင့်မျက်နှာ အလိုမကျမှုက အထင်သား ...။ ချက်ချင်း မျက်နှာ ဆူပုတ်လာပြီး သူ့လက်ထဲ ရှိနေသော ကျွန်တော့်လက်တို့ကို သူ့သွားစွယ် ချွန်ချွန်နဲ့ပင် ကိုက်လေပြီ...။
"အာ... မောင်ကလဲ နာတယ်လေ... ဘာလို့ ခဏ ခဏ ကိုက်နေတာလဲ?"
"အဲ့ဒါဆိုနမ်းလေ..."
"မနမ်းဘူးကွာ..."
"နမ်းရမယ်ကွာ..."
"လုံးဝပဲကွာ..."
"အေးဗျ... ခင်ဗျားနော် ကျွန်တော် အသည်းယားလာပြီ...."
"တစ်ချိိန်လုံး အသည်းယားပြီး ကိုက်နေတာပဲ... မင်းမကိုက်တဲ့နေ့ရော ရှိလား?"
"အဲ့ဆို နမ်း..."
"မနမ်းဘူးကွာ..."
တမင်တကာ သူဆတ်ဆတ်ထိ မခံအောင် စချင်သည်မို့ သူမကြိုက်သော စကားလုံးများကိုသာ ရွေးချယ်ပြီး ပြောနေမိသည်....။ ဒါကိုပင် သူကတော့ အတော်လေးကို အူယားနေသည် ထင်သည်။ ကျွန်တော့်လက်နှစ်ဖက်လုံး သူ့လက်တစ်ဖက်နဲ့ပက် ချုပ်ပြီး ကျန်လက်တစ်ဖက်က ကျွန်တော့်ပုခုံးနှိမ်ယူလိုက်ပြီး နမ်းဖို့ ပြင်လေတော့.....။
"ဖေကြီး! ဖေကြီးက ပါးပါးကို ဘာလုပ်ဖို့လဲ?"
အဲ့လိုပါပဲ စိန်ကောင်း ကျောက်ကောင်း ရောင်းတယ်ဆိုရင် ဆေးရိုးသည်ကတော့ ကန့်လန့် ကန့်လန့်...။ဟုတ်ပါ့ တစ်ချိန်လုံး အဲ့ပိစိကို မေ့နေတာ ဒီကောင်က ဘယ်သွားပြီး အခုမှ ပြန်လာတာလဲ?
ဦးသဝဏ်လွှာကတော့ သူ့သားအသံကြားသည်နှင့် ချက်ချင်းဆိုသလို ကျွန်တော့်လက်မှ ရုန်းထွက်ဖို့ ပြင်လေတော့ ကျွန်တော်ဆိုတာ မရမက နှိမ်ယူလိုက်ပြီး နူတ်ခမ်းချင်း တစ်ချက်မျှ အထိအတွေ့ကိုတော့ ရအောင် ယူနိုင်ခဲ့ပါသည်....။
ကျွန်တော်တို့နှစ်ယောက် လူချင်းကွာသွားတော့ ပိစိကောင်က ချက်ချင်း ကျွန်တော့်ဗိုက်ပေါ်သို့ တက်လာပြီး ကျွန်တော့်အကျီ်စကို ဆွဲကာ...
"ဖေကြီး... ထ ထ.. ပါးပါးကို ဘာလုပ်တာလဲ? သူ့ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်းကြီးနဲ့ ပါးပါးက သေးသေးလေးပါဆို... ပါးပါးကို တမင်နှိပ်စက်နေတာမလား?"
ကျွန်တော်ကတော့ မောင်နဲ့သားလေးအကြား မပြေလည်မှုကို ဒီအတိုင်း ငေးကြည့်ပြီး ပြုံးနေမိသည်....။ ဒီသားအဖ နှစ်ယောက်ကလေ အဲ့လိုပါပဲ... ကျွန်တော့်ကို လုနေကျပင်....။ မောင်ကလဲ သားလေး မခံချင်အောင် ငိုအောင် စသည်...။ သားကလဲ ကျွန်တော့်ကို သူ့အဖေ မထိရေးသာ တွေးပြီး အသားကုန် ကာကွယ်သည်...။ အခုလဲ ထိုပြဿနာက...
"ဘာဖြစ်လဲကွာ? ဖေကြီးလူမို့ ဖေကြီး အိပ်တာလေ.... မင်းပါးပါးက ဖေကြီးကို အဲ့လိုအိပ်လို့ ပြောတာ..."
"မဟုတ်တာ ပါးပါးက အဲ့လိုပြောမှာ မဟုတ်ဘူး... ပါးပါး မညစ်ပတ်နဲ့....။ ပါးပါးသနားပါတယ်... သေးသေးလေးနဲ့ ဖေကြီး ခန္ဓာကိုယ်ကြီး တင်ထားရတာ... ဖယ်လိုက်နော်..."
"ဟေ့ရောင် မင်းမသိသေးတဲ့ တစ်ချို့အရာတွေတောင် မင်းပါးပါးက ခံနိုင်ရည် ရှိပါတယ်..."
"ရောင်ဖြာ! ကလေးကို ဘာတွေ ပြောနေတာလဲ??"
"သြော် ခင်ဗျားကလဲဗျာ... လောကဓံလေ... လောကဓံဆိုတာ လူတိုင်း ထမ်းပိုးရတဲ့ အလေးဆုံး အရာမလား?"
"မသိဘူး.... ဖေကြီးထ.. ဖေကြီးထနော်... ပါးပါးကြည့် ဟိုမှာ ငိုတော့မယ်... ဖေကြီးက လိမ္မာပါတယ်..."
"အဲ့ဒါဆို ဖေကြီးနဲ့ ပိစိ... ပါးပါးကို လုမလား?"
"ဟမ်?? ဖေကြီးက ဘယ်လို လုမှာလဲ?"
"ဒီလိုကွာ... မင်းပါးပါးက အရင်နမ်းတဲ့သူကို ဖေကြီးက အချစ်ဆုံးလို့ မှတ်လိုက်မယ်...။ ဥပမာ ပိစိကို နမ်းရင် ပိစိသဘောအတိုင်း ဖေကြီး ပါးပါးအနား မကပ်ဘူး.... တကယ်လို့မှ ဖေကြီးကို ရွေးခဲ့ရင်-"
"သေချာတယ် ပါးပါးက ဖေကြီးကို ရွေးမှာ မဟုတ်ဘူး...။ ဖေကြီးက ရုပ်ဆိုးတယ်... ညစ်ပတ်တယ်...။ ပြီးတော့ မုတ်ဆိတ်မွှေးတွေနဲ့..."
"သြော်ဗျာ... ဟုတ်ပြီ စိန်မလား?"
"စပြီ..."
ကျွန်တော်ကတော့ ဦးသဝဏ်လွှာ ပေါင်ပေါ် အိပ်နေရင်းပင် သားလေးကတော့ ကျွန်တော့် ရင်ဘတ်ပေါ် အိပ်နေသည်...။ မောင်နဲ့ သားကတော့ အသင့်အနေအထားနဲ့ ကျွန်တော့်ကို ငေးကြည့်နေသည်....။ မောင်ကတော့ ထုံးစံအတိုင်း သားငယ်နဲ့ သူ့ကို ရွေးခိုင်း ပြန်လေပြီ....။ အမြဲတမ်း မောင်ဆိုသည်မှာ ငါးနှစ်သား ကိုယ့်သားလေးနဲ့တောင်...။ ကျွန်တော့်မှာ ရွေးချယ်ရ ခက်နေစွာ ကြည့်နေဆဲပင် မောင်က ကျွန်တော့်ကို မျက်လုံးမှိတ်ပြသည်...။
ကျွန်တော်ကတော့ ထိုမျက်နှာ နှစ်ခုအကြား မျက်နှာငုံ့၍ ရှိနေစဥ်မှာတော့....။ မောင့်မျက်နှာက ကျွန်တော့် နှာခေါင်းအနား တိုးကပ်၍ပင် ထိလိုက်သည်.....။
"ဟား~~~ မြင်တယ်နော် ပိစိ... မင်းရှုံးသွားပြီ... မင်း ပါးပါးက ဖေကြီးကို ပိုချစ်တယ်ကွ..."
သားငယ်လေးကတော့ မျက်ရည်တလည်လည်နဲ့ပင် သူ့ဖေကြီးကို အသာထုနေပြီး...။
"အား... ဖေကြီးက ပါးပါးကို ညစ်ပတ်ပြီး ယူတာလေ... တကယ်တော့ ပါးပါးက ကျွန်တော့်ကို နမ်းမှာလေ..... ဖေကြီးက ညစ်ပတ်လိုက်တာ..."
"အဲ့လို ညစ်ပတ်လို့ မင်းထွက်လာတာလေကွာ..... မင်းပါးပါးက မင်းထက် ဖေကြီးကို ပိုချစ်လို့ မင်း အခုလို ပါးပါးတို့နဲ့ အတူရှိနေတာပေါ့... အဲ့ဒါကြောင့် ပိစိကောင်က ဘယ်လို နေရမလဲ ဆိုတော့... "
ကျွန်တော့်ပါးကို တစ်ချက်မျှ နမ်းရှိုက်လိုက်ပြီး....။
"အဲ့လိုနမ်းလည်း မသိချင်ယောင်ဆောင်နေလိုက်ကွာ..."
"အာ ဖေကြီးက ပါးပါးကို နမ်းပြန်ပြီ... ပါးပါး အနမ်းမခံနဲ့... ဖေကြီး မုတ်ဆိတ်မွှေးတွေက စူးတယ်... "
သားငယ်လေးက ထိုသို့ပြောလေ မောင်က ရွဲ့သလို နမ်းပြလေနဲ့ ကြာတော့ ပိစိကောင်က ငိုလေပြီ...။
"သားကလဲ မငိုနဲ့လေ... ပါးပါးက ထူးကဲလေးကို ချစ်တာပေါ့... မင်း ဖေကြီး အကြောင်း သိတယ်မလား? ဖေကြီးက လူဆိုးကြီး.... လူမိုက်ဆိုတာ ရှောင်ကျဥ်ရတယ်...."
ကျွန်တော်ကတော့ မျက်ရည်ရွဲများဖြင့် ငိုကြွေးနေသော သားငယ်လေးကို ရင်ဝယ်ပိုက်ပြီး ချော့နေသည်..။ မောင်ကတော့ သားငယ်ရောက်လာသည်နှင့် သူ့နေရာပျောက်သွားတာကြောင့် ဘေးနားကနေ ကျွန်တော်နဲ့ ပိစိကို စိတ်ဆိုးနေသော အမူအရာနဲ့ပင် လက်နှစ်ဖက်ထောက်ပြီး ကြည့်နေသည်....။
"ခင်ဗျား မရှောင်ဖို့ပဲ လိုတယ်... ကျန်တာ ဘယ်သူ ရှောင်ရှောင်..."
"ရောင်ဖြာ... ကလေးကို ချော့နေတယ်လေ... ဘာလို့ ဂျစ်နေတာလဲ? တောထဲမှာလေ... ကလေး မငိုကောင်းဘူး..."
"မသိဘူးကွာ... အဲ့ကောင်လာရင် မောင့်နေရာ ပျောက်တာပဲ သိတယ်..."
"မောင်!"
သတိပေးသလိုပင် သူ့ကို ခေါ်လိုက်မိတာကြောင့် မောင်က ချက်ချင်း မျက်နှာတည်လိုက်ပြီး ကျွန်တော့်လက်ထဲမှ သားငယ်လေးကို လွှဲပြောင်းချီပွေ့ပြီး....။
"ဟုတ်ပြီကွာ... ပါးပါးကို မနှိပ်စက်တော့ဘူး... ဟေ့ရောင်ပိစိ မင်းပါးပါးကို ငါက အားလုံးနဲ့ ပြိုင်လုလာတာနော်... မင်း ငါ့သားမိုလို့ အဆုံးပေးတါ..... ကဲ ထမင်းစားရအောင် ညနေ ရေပေါက် တစ်ချက်ကြည့်ပြီး အိပ်ပြန်မယ်နော်.... "
သားငယ်ကတော့ မောင့်လက်ထဲ ရောက်မှပင် အငိုတိတ်သွားပြီး ရှိုက်သံတစ်ချို့တော့ ထွက်နေသည်...။ ကျွန်တော်ကတော့ မောင့်ကို တစ်ချက်ကြည့်ပြီး...."
"မောင့် ဆံပင်တွေ ရှည်နေတယ်နော်... ညနေကျ တစ်ချက် သွားပြီး ညှပ်လိုက်ဦး..."
"အင်း... ဟုတ်ကဲ့ပါဗျာ..."
"မောင် ထူးကဲလေး ရှင်လောင်းဝတ်ဖို့က ဦးဇဥ်းဆီက ခွင့်ရခဲ့လား?"
"ဒီနှစ်လဲ မြို့က လူတွေက အစောကြီး ကတည်းက ခွင့်တောင်းထားလို့တဲ့... ရပါတယ်ကွာ... မောင်တို့ ဘယ်အချိန်လှူလှူ ဖြစ်ပါတယ်...."
မောင်ကတော့ စကားရော ပွဲရောနဲ့ ကျွန်တော့်ထမင်းခွက်ထဲမှ ဇွန်းတစ်ဇွန်းနဲ့ ထမင်းတစ်ဇွန်းခပ်စားလေတော့... သားငယ်လေးက....
"ဖေကြီး... ဘာလို့ ပါးပါးထဲက ယူစားနေတာလဲ? သားဆီကစား.."
သားငယ်လေးကတော့ အပြောနဲ့အတူ သူ့အဖေထမင်းခွက်ထဲသို့ ထမင်းကို လက်နဲ့ဆုပ်ပြီး ထည့်ပေးလေသည်...။
"ထူးကဲ ... အဲ့လိုလုပ်တာ ငရဲကြီးတယ်လေ.. သား"
ကျွန်တော်က သူ့အပြုအမူအတွက် သွန်သင်ဆုံးမဖို့ ပြင်သော်ငြား မောင်က ခေါင်းကို ခါရမ်းပြလိုက်ပြီး သားငယ်ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး..... ။
"ပိစိက ဖေကြီးကို စားစေချင်တာ မလား? ငါ့သားလေးက လိမ္မာတယ်ကွာ... မင်းပါးပါးနဲ့များကွာပါ့.."
ထိုစကားကြောင့် ပိစိကောင်က အတွေးလေး အတွေးတစ်ခု ဝင်သွားသည် ထင်သည် ။ ချက်ချင်း ကျွန်တော့်ကို ကြည့်လာသည်...။
"ပါးပါးက ဖေကြီး စားချင်တာကို မကျွေးဘူးလား?"
ထိုစကားကြောင့် ကျွန်တော့်မှာ ဖြေစရာ လမ်းမရှိတော့...။ မောင်ကတော့ ထမင်းလုတ်ကို ပါးစပ်ထဲ သွတ်ပြီး ဝါးနေရင်းမှ တခွီခွီနဲ့ပင်...။ ကျွန်တော်ကတော့ မောင့်ကို မျက်မှောင်ကျုံ့ပြီး ငေးလိုက်သည်...။
"ရောင်ဖြာ...."
ကျွန်တော့်ရဲ့ ခေါ်သံအဆုံးမှာတော့ မောင်မထိန်းနိုင်တော့...။ ပါးစပ်ထဲမှ ထမင်းလုတ်ကို ကုန်အောင်ဝါးပြီး ရေသောက်ကာ ထရယ်တော့သည်.. ။ သားငယ်လေးကတော့ ကျွန်တော်တို့ နှစ်ယောက်သားကို အတွေးများဖြင့်ပင် ငေးကြည့်နေသည်...။ ပါးပါးက မျက်နှာစူပုတ်နေပြီး ဖေကြီးကတော့ တခွီးခွီး ရယ်နေသည်ဟူ၍....။
နေ့လည်နှစ်နာရီ...။
ကျွန်တော်တို့ စပါးပင်များကို ပေါင်းနူတ်ဖို့ ရေဖြတ်ထားသည်မို့ ပေါင်းနူတ်ပြီးတာနဲ့ ရေကို ထိန်းပြီး သွင်းပြီးနေသည်...။ မောင်ကတော့ တစ်နာရီခြား တစ်ခါ ရေသွားကြည့်ပြီး ပြန်လာတတ်သည်...။ သားငယ်လေးကိုတော့ ကျွန်တော့်လက်မောင်းပေါ်မှပဲ မနည်းငေါက်ငမ်းပြီး အိပ်ခိုင်းထားရသည်...။
"သားငယ် အိပ်နေပြီလား?"
"အင်း အိပ်သွားပြီ.. ရေကရော လိုသေးလား?"
"တစ်နာရီလောက်တော့ လိုသေးတယ်... ခင်ဗျား ပြန်ရင် ပြန်နှင့်လေ... "
"နေ့လည် နှစ်နာရီလောက်လေ... ငါ့ကို လမ်းမှာပဲ ခြောက်သွေ့ပြီး မင်းပြောသလို ဂိသွားစေချင်လို့လား?"
"အာ ဖွ! ဖွ! ခင်ဗျားလေးရာ ပေါက်ကရတွေ မထွက်စမ်းပါနဲ့.... မပြန်နဲ့... မောင်နဲ့မှပဲ ပြန်တော့..။. မောင်ကလဲ ခင်ဗျားကို စိတ်မချပါဘူး... အိမ်ရောက်ရင်လည်း ခင်ဗျားက ထမင်းချက်ရမှာမလို့လေ....။ ရတယ် နေပါစေတော့ အိမ်ပြန် မောင်ပဲ ချက်ကျွေးတော့မယ်...."
မောင်ကတော့ ပြောပြောဆိုဆိုနဲ့ပင် ကျွန်တော့်လက်ကို သားငယ်ခေါင်းအောက်မှ အသာဖယ်ထုတ်ပြီး ကျွန်တော့်ခေါင်းအောက်မှ ပုဆိုးကို သားငယ်လေးအောက် အသာခုခံပေးသည်....။ ကျွန်တော့်ကိုတော့ သူ့လက်မောင်းပေါ်၌ ပြန်တင်၍ သိပ်သည်...။
"မောင်တို့ ပြန်စကြမလား?"
"ဟမ်?"
"မဟုတ်ပါဘူးကွာ မအံ့သြပါနဲ့... မောင်က ဒီအတိုင်း နမ်းတာကို ပြောတာပါ..."
"ဘာလဲ? မောင်ကရော ခဏ ခဏ နမ်းရတာ မပျင်းဘူးလား?"
"အလိုင်ဝါ? ဘာလားကွာ? နမ်းတာ ပျင်းပါ့မလား? "
"မရဘူး.... ငါအနမ်း မခံချင်လို့ မောင်ပျင်းရမယ်..."
"အင်း အင်း ပျင်းလိုက်မယ်ကွာ... ညကျမှ နှစ်ဆယ်တိုးနဲ့..."
"အာ မောင်ရေ ငါက အကြွေးရှင် မဟုတ်ဘူးလေ.."
"အာ ဟုတ်တယ်... တောင်ပိုင်းက အပျိုကြီး တစ်ယောက်ရဲ့ နှစ်ဆတိုးကို သတိရသွားလို့..."
"အပျိုကြီး? ဟုတ်လား?"
ကျွန်တော့်မျက်နှာထားကို အတတ်နိုင်ဆုံး တည်တံ့လိုက်ပြီး မောင့်ကို မျက်လုံးစူးစူးနဲ့ မေးလေတော့...။
"အာ... ဟိတ် ဟိတ်... မောင်က အဲ့လိုမဟုတ်ဘူးနော်... အဲ့ဒီအပျိုကြီးက ၄၀ကေျာ်နေပါပြီ...။ တစ်ချို့ဟာတွေလည်း ဆုံးကုန်ပါပြီ..။ ခင်ဗျားက သဝန်တိုနေတာလား?"
"ဟုတ်တယ် သဝန်တိုတယ်..."
"အယ်ဗျာ... ဘယ်နှယ့် ခင်ဗျား အဲ့လောက် ပွင့်လင်းသွားတာလဲ?"
"မကြိုက်ဘူးလား?"
"အာ.... ကြိုက်တယ်.. ကြိုက်တယ်... မောင်က ခင်ဗျား ဘာလုပ်လုပ်နဲ့ ကြိုက်တယ်..."
"မောင်က ကြိုက်ရုံပဲလား?"
"သြော.... ချစ်ရော ချစ်တာပေါ့ဗျာ..."
"ဖြေပုံကြီးက စိတ်မပါလိုက်တာ..."
"ကျွန်တော် စိတ်အထင်တော့ ဟောဒီ့ပါးစပ်လေးတွေက မောင် ပိတ်ပေးဖို့ လိုပြီပဲ..."
"အာ မဟုတ် အွင်း-"
ကျွန်တော်က သူ့အနမ်းတို့မှ လွဲဖယ်ဖို့ စိတ်ကူးရှိသော်ငြား မောင်ကတော့ သူလိုချင်ရာကို ရအောင်ယူတတ်သည့် အမျိုး မလား?
ညနေ လေးနာရီ...။
"မောင် အိတ်ထဲက ဘာတွေလဲ?"
မောင်ကတော့ လွယ်အိတ်နဲ့အပြည့် ဟင်းရွက်တစ်ချို့ကြောင့် အံံ့သြပြီး မေးကြည့်ရသည်...။ မောင်ကတော့ အရွက်တစ်ချို့နဲ့ ပြည့်နေသော လွယ်အိတ်လေးကို ကိုယ်၌ သိုင်းဝယ်ပြီး သားငယ်လေးကို ပုခုံးပေါ် ထမ်းဖို့ ပြင်သည်.....။
"ခင်ဗျား ကြိုက်မယ့်အရာတွေချည်းပါ... မောင် ယာတဲဘက်က တောင်းလာတာ... ဂဏန်တွေရော ပါတယ်..."
"အတည်ပေါ့... ဂဏန်းတောင် မစားရတာ ကြာပြီ..."
"ပိုးကြေး ပန်းကြေးပဲ စားဖူးတာ မလား? အခု ယောကျာ်းချက်တာ စားရမယ်လေ..."
"မောင်ကလေ.. ဘယ်တော့မှကို စကားကောင်းပြောလို့မရဘူး..."
"ဟုတ်ပ.. ဖေကြီးက ပါးပါးကိုဆို အမြဲတမ်း အနေခက်အောင် စတယ်... ဖေကြီးက တကယ်ကို အပေါကြီးနေမှာ..."
ကျွန်တော်တို့ အိမ်အပြန်လမ်းမှာတော့ သားငယ်လေးကို မောင်က ပုခုံးပေါ်ထမ်းသည်...။ ထမင်းထုပ်၊ ရေဘူး အကုန်လုံးကို သူသယ်လာပြီး ကျွန်တော့်ကိုတော့ သူ့အင်္ကျီကိုသာ သယ်လာစေသည်....။
မောင်ကတော့ အဲ့လိုပင်...။ ယောကျာ်းကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အပြုအမူ၊ ကာကွယ်လိုခြင်း အကုန်လုံးနဲ့ ပြည့်စုံသည်။ တကယ်ဆို မိမိက ယောကျာ်းတစ်ယောက်အနေနဲ့ သူနဲ့ တန်းတူ ရှိနေနိုင်သော်ငြား သူကတော့ ဘယ်တော့မှ ခွင့်မပြု..... ။ မောင်ပြောဖူးသည်... သူသိပါသည် ကျွန်တော်လည်း သူနဲ့ အမျိုးတူ ယောကျာ်းတစ်ယောက်... သိပ်ပြီးတော့ ဂရုစိုက် ငဲ့ညှာစရာ မရှိသော်ငြား....။
"သိတာပေါ့... ခင်ဗျား ယောကျာ်းလေးဆိုတာ.... ဒါပေမယ့် မောင့်လူဆိုကတည်းက ခင်ဗျားအားနည်းသည်ဖြစ်စေ၊ အားသာသည် ဖြစ်စေ... မြတ်နိူးမှုနဲ့ စောင့်ရှောက်ရမယ်... ခင်ဗျားကို ယောကျာ်းတစ်ယောက်ဆိုတာထက် မောင်လူလိုမျိုး မောင်ချစ်တဲလူမျိုး ၊ မောင်မြတ်နိူးတဲ့လူမျိုး... အဲ့လိုလေး... မောင် အများကြီး သေချာလေး မပြောတတ်တော့ ကျေးဇူးပြုပြီး နားလည်ကွာ......"
ညနေဘက်ရောက်သည်နှင့် အိပ်တန်းတက်သည့် ငှက်တစ်ချို့၊ လုပ်ငန်းခွင် ပြီးစီးသွားသည့် အချိန်မို့... ဆည်းဆာနေအေးအေးကတော့ အနက်တောင်စွယ်အကြား ကွယ်ပျောက်၍ နူတ်ဆက်နေသယောင်....။ တဖြည်းဖြည်းနဲ့ မှိုင်းထလာခဲ့သော ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်မှုအပြည့်နဲ့ပင်...။ ကောင်းကင်ယံထက် ကြယ်ရောင်တစ်ချို့နဲ့အတူ တိမ်မျှင်တစ်ချို့က မျှောလွင့်နေသည်...။ မြစိမ်းရောင်ဖြစ်နေသော လယ်ကွင်းပြင်ကျယ်ကျယ်များကတော့ လေပြည်လေး ကျီစားမေရာအတိုင်း မျှောလွင့်နေသည်....။
နေရီရီ... တောင်စွယ်အကြား...ကွယ်လေပြီ...။
ကောင်းကင်ယံထက် ကြယ်တစ်ချို့...
တိုက်ခတ်နေသော လေအေးအေးလေးကတော့
စပါးပင်အပေါ်တိုက်ခတ်၍ လှိုင်းထစေသည်...။
တောင်စွယ်မှာ နေကွယ်လေပြီ...။
ကျွန်တော့်ရှေ့မှ တရိပ်ရိပ်နဲ့ မောင်ခြေလှမ်းတို့ မှန်နေသည်...။ လောကတစ်ခုလုံး အမှောင်ကျနေသော်ငြား အထီးမကျန်တော့...။
တွဲလက်တစ်စုံကတော့ ကျွန်တော့်လက်ဖဝါး တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး...."
"ခင်ဗျားလေးရေ... ဂရုစိုက်ပါဗျာ... လဲကျမယ် ကြံတိုင်း မောင် လက်ကို ဆွဲထားပါ... မောင်အမြဲ ခင်ဗျားဘေးနား... ရှိနေတယ်တဲ့..."
"မောင်ရေ... မင်းနဲ့သာ ဆိုရင်လေ... ငါ့အတွက် ဘဝလမ်းက ကြမ်းတမ်းပြီး ကြောက်ရွံ့စိတ်တို့ တိုးဝင်နေရင်တောင်..... ဆုပ်ကိုင်ထားသော လက်ဖဝါးကြီးကြီးရဲ့ နွေးထွေးမှုကြောင့်.... "
"မောင်ရှေ့က လျှောက်တော့... နောက်မှာ လဲကျသွားရင် ခင်ဗျားလဲကျသွားမှ သိဖြစ်မယ်လေ... ဟော... ရှေ့မှာဆိုတော့... လဲကျမယ် ပြင်ကတည်းက မောင်ပွေ့ထိန်းလို့ရမယ်..."
တကယ်ပါ....။
ဒီအမျိုးသားဆိုတာကလေ... ငါ လဲပြိုနေရင်တောင် ဘေးနားမှာ အမြဲရှိနေမယ် ထင်တယ်..။
"မကြောက်နဲ့နော်.... မောင် အမြဲ ခင်ဗျား ဘေးနား ရှိနေတယ်...."
••• ဤခရီးကြမ်းရင်တောင် မောင်နှင့်အတူ လျှောက်ဖို့•••
___________________________________________
စိတ်က မျောက်စိတ်ဖြစ်နေလို့ အတွေးတစ်မျိုး ရေးတာ တစ်မျိုးနဲ့ Roတာမျိုးလေး ရေးမပေးနိုင်လို့ ထပ်ပြီး အခုလဲ အားနာရပြန်ပြီ...။
Good night🍁
သဘောကျရင်လည်း comလေးတွေ ပေးခဲ့ဗျာ...။ ကျွန်တော်နဲ့ mentမှာ အာလူးဖုတ်ပြီး သုပ်စားကြတာပေါ့😂 စတာ စတာ..။
With fully thz, love and respect🖤
ဂရုစိုက်ကြပါဗျာ..။
ဆောင်းရာသီဆိုတာ မထင်ရင် မထင်သလို နေမကောင်းစေတဲ့ ရာသီမျိုး...။
Zphoowai (6/12/2020: Sunday:17:58PM..)
{Zawgyi🌾}
.... တြဲေပးထါးတဲ့ လက္တစ္စုံသာ
ၿမဲဖို႔ လိုပါတယ္...
ခရီးလမ္းလဲ ၾကမ္းပါေစ..
အတူ ေလွ်ာက္လွမ္းဖို႔.
ရဲပါတယ္...။
ေက်းဇူးတင္ပါတယ္ဗ်ာ..
ေမာင့္အနား အၿမဲရွိေနေပးခဲ့လို႔...
*****
ရာသီေတြကေတာ့ တရိပ္ရိပ္နဲ႔ လြန္ေျမာက္ခဲ့ေလၿပီ...။ အခုဆို ပိစိေကာင္က ၅ႏွစ္ပင္ ျပည့္ေတာ့မည္...။ မည္းနက္ၿပီး ဘုတ္သုတ္ျဖစ္ေနေသာ ဆံပင္ေမႊးမ်ားက လိပ္ေထာ္ၿပီး ေခါင္းေပၚမွာ ရွိသည္....။ အေပၚယံ အက်ီ္မပါ ကိုယ္တုံးလုံးနဲ႔ပင္...။ ေအာက္က ေဘာင္းဘီအကြက္ ေပါင္လယ္ေက်ာ္ေက်ာ္ေလာက္ႏွင့္ နစ္ဖက္က ခါးအၾကား ဘာေတြ လိပ္တင္ထားလည္း မသိ...။ တစ္ပင္တို၊ တစ္ဖက္ရွည္နဲ႔ပင္....။ ေျခေထာက္မွာလဲ သားေရပင္မ်ားက ဟိုတစ္ဖက္ ဒီတစ္ဖက္နဲ႔ပင္...။ လက္မွာလဲ အျပည့္နဲ႔ပင္ သူၾကည့္ရတာ ေရွးေခတ္ လူမ်ိဳးစု တစ္စုနဲ႔ပင္ ကြၽန္ေတာ္ကိုယ္တိုင္သာ မေမြးခဲ့ရင္ အဲ့လိုထင္ေနေတာ့မွာ.....။
"ခါးေတြ နာလို႔လား?? နာရင္ နားေလ... ေမာင္က ၿပီးေတာ့မွာ..."
ႏွစ္ေယာက္သား ေကာက္ပင္ရွည္ရွည္မ်ားအၾကားမွ ျမက္႐ြက္ႀကီး၊ ေဗဒါေပါင္းတစ္ခ်ိဳ႕ကို ႏုတ္ေနမိသည္...။ မနက္ကိုးနာရီပင္ ရွိေသး ပူအိုက္ေနေသာ ေနေရာင္နဲ႔ လယ္ကြင္းထဲမွ သမန္းပူတို႔... ထို႔အျပင္ သန္စြမ္းေနေသာ စပါးပင္မ်ားအၾကား ျဖဳတ္ေကာင္တစ္ခ်ိဳ႕ေၾကာင့္ ပူအိုက္စပ္ေနသည္....။
"မဟုတ္ပါဘူး... ေမာင္ရယ္... ထူးကဲကို ၾကည့္ေနတာပါ... သားကေလ ၾကည့္ရင္း ၾကည့္ရင္း လူ႐ိုင္းေပါက္ေလးနဲ႔ အေတာ္တူလာတာ... ေမာင့္နဲ႔သာ မတူရင္ အေတာ္ ႐ုပ္ဆိုးမွာ..."
ထိုစကားၾကားေလေတာ့ ေမာင္က ျမက္ပင္တစ္ခ်ိဳ႕ အားပါးတရ ဆြဲႏူတ္ၿပီး ကြၽန္ေတာ့္ထံ ၾကည့္လာသည္...။
"ေမာင္ ေခ်ာတာ အခုမွ သိတာလား??"
ေမာင္ကေတာ့ လက္ထဲမွ ေပါင္းပင္တစ္ခ်ိဳ႕ လိမ္လ်က္ခ်ည္ၿပီး တစ္ေနရာ၌ အသာပုံထားသည္...။ ဂ်ဳံဦးထုပ္ေလးကို ေဆာင္းၿပီး ေမာင္ကေတာ့ ထုံးစံအတိုင္း အကြက္လက္ရွည္ ပုဆိုးတိုတိုနဲ႔ပင္...။ ပုဆိုးတိုတိုက ေအာက္က အားကစားေဘာင္းဘီ အနက္ကိုပင္ ျမင္ေနရသည့္အထိ....။
"မဟုတ္ပါဘူး... နဂိုကတည္းက သိတာေပါ့... ဒီလူရဲ႕ အမ်ိဳးသားဆိုမွာေတာ့ ေခ်ာေတာ့မွာေပါ့..."
ေမာင္ကေတာ့ သူ႔ေနရာမွ ေပါင္းပင္မ်ားကို အျမန္အၿပီး ႏႈတ္အၿပီး ကြၽန္ေတာ့္အနားမွ ေပါင္းတစ္ခ်ိဳ႕ကိုမွ လာေရာက္ႏႈတ္ေပးေနသည္...။ ေမာင္က ကြၽန္ေတာ့္အနားမွ ေပါင္းျမက္တစ္ခ်ိဳ႕ သုတ္သင္ေနရင္းမွ ႐ုတ္တရက္ဆိုသလို ရပ္ၿပီး ကြၽန္ေတာ့္ကို အံံ့ၾသသလို အၾကာႀကီး ရပ္ၾကည့္ေနတာေၾကာင့္ ကြၽန္ေတာ္ေတာင္ ေယာင္ၿပီး ကြၽန္ေတာ့္အေနာက္ကို တစ္ခ်က္ၾကည့္မိသည္...။ ဘာမွ ထူးဆန္းမႈမရွိေသာ ျမင္ကြင္းေၾကာင့္ ေမာင္ရွိရာသို႔ ျပန္အၾကည့္ေရာက္လာၿပီး နားမလည္သလို ေငးၾကည့္ေနမိသည္......။
အတန္ၾကာ၌ ေမာင္က ေက်ာက္႐ုပ္လို ရပ္တည္ၿပီး ေငးေနရာမွ ၿပဳံးၿပီး ေပါင္းျမက္တစ္ခ်ိဳ႕ကိုသာ တစ္ဖန္ျပန္လည္ ႏႈတ္ေနသည္....။
"ခင္ဗ်ားက ေခါင္းေပါင္းထားလဲ ၾကည့္ေကာင္းတာပဲ..."
"ဟမ္??"
"ဒီပုံစံေလးနဲ႔လည္း လိုက္တယ္လို႔... "
"ဟမ္?? ငါ့ရဲ႕ ဒီပုံစံကို ေျပာတာလား??"
သူေျပာမွပဲ ကြၽန္ေတာ့္ကိုယ္ကိုကိုယ္ ျပန္ၿပီး သုံးသပ္မိသည္...။ အဝတ္ေဟာင္းႏြမ္းပင္ သိပ္ၿပီး မရွိတာေၾကာင့္ ေမာင့္အက်ီ္ အကြက္လက္ရွည္ဖားဖားႀကီးက ခါးကိုေက်ာ္ၿပီး ေပါင္းတစ္ဝတ္ထိ ေအာက္က ပုဆိုးက ဒူးဆစ္ေအာက္ ေရာက္ေနသည္....။ ပုခုံးလက္ျပင္တို႔က ေမာင့္ေလာက္ မက်ယ္သည္မို႔ ေလ်ာက်ေနေသာ လက္ျပင္အက်ီ ္ခ်ိဳးမ်ားက ပုခုံးေအာက္ ေရာက္ေနၿပီ.....။ ေမာင္နဲ႔ဆို ကြက္တိျဖစ္ေနေသာ ရင္ဘတ္မွ အိပ္ကပ္တစ္ဖက္က ကြၽန္ေတာ္နဲ႔ဆို ရင္ေခါင္းအထိ ေရာက္ေနသည္....။
ေခါင္းေပၚမွ ေပါင္းထားေသာ ေမာင့္ပုဆိုးက အေတာ္ေလး ထူးသည္မို႔ လူက ဘာ႐ုပ္ေပါက္ေနသလဲ မသိေတာ့ပါ...။ လက္စသပ္ေတာ့ ေမာင္က ကြၽန္ေတာ့္ကို ေလွာင္ေနသည္ပဲ....။
"ေမာင္က ေလွာင္ေနတာပဲ..."
"မဟုတ္တာဗ်ာ... ေမာင္က အတည္ေျပာတာ... ခင္ဗ်ားသပ္သပ္ရပ္ရပ္နဲ႔ တည္တည္တံံ့တံံ့ပုံဆို က်က္သေရ ရွိရွိလွတယ္... အဲ့ဒီအခ်ိန္ဆို ေမာင္သိပ္ၿပီး မကပ္ရဲဘူး စိုးရိမ္လို႔.... ေဟာ အခုလိုေလးက် ကေလးေလးနဲ႔ တူသလား?? ေသခ်ာေတာ့ မသိေပမယ့္ ခ်စ္စရာေလး..... "
"ဟင္း~~ ေမာင့္အေၾကာင္း ငါ အသိဆုံးပါ... အဲ့လို ေကာင္းတဲ့အဓိပၸါယ္နဲ႔ ငါ့ကို ရီတာ မဟုတ္ဘူး မလား??"
"ေၾသာ္ဗ်ာ.... ဟုတ္ပါတယ္ဆို... ေနပါဦး ေမာင့္အေၾကာင္း ခင္ဗ်ားပဲ အသိဆုံး ျဖစ္ရမွာေပါ့... ခင္ဗ်ားက က်ဳပ္လူပဲကို..."
"ဟုတ္လား?? ငါက ေမာင့္လူလား?? "
"ဟုတ္လို႔ပဲ ကေလးတစ္ေယာက္ေတာင္ ရထားၿပီးၿပီကို... ထပ္ၿပီး ေမာင့္လူ လိုက္ရရင္လည္း သုံးရာသီလုံး ခင္ဗ်ား ကေလး ထိုင္ေမြးဖို႔ပဲ လိုေတာ့တယ္...."
"အ! ေရာင္ျဖာရယ္.... ဒါက အ႐ိုအေသးေပးရတဲ့ လယ္ကြင္းမဟုတ္ဘူးလား?? မင္းကေတာ့ တကယ္ပဲ နတ္ကိုင္ခံရေတာ့မွာ..."
"ဟုတ္တယ္ေလ... စိတ္မရွည္ေတာ့ဘူး... သိသိႀကီးနဲ႔ ရစ္ေနတာကို..."
"ဟုတ္ၿပီ... ဟုတ္ၿပီ.... ငါက အၿမဲတမ္း ေမာင့္လူ ဟုတ္ၿပီလား?? ငါကပဲ အၿမဲတမ္း အေလွ်ာ့ေပးေနရတယ္..."
"ဟုတ္တယ္ေလ... အေလွ်ာ့ေပးရမွာေပါ့... ခင္ဗ်ားကို အခ်စ္ေတြ ေပးထါးၿပီးၿပီေလ..ခင္ဗ်ားက အေလွ်ာ့ေပးေပါ့...."
"ဟုတ္ၿပီ.. ဟုတ္ၿပီ ေမာင့္ကိုေတာ့ လုံးဝကို မႏိုင္ဘူး... ဆက္ၿပီး အေလွ်ာ့ေပးမွာ ဟုတ္ၿပီလား?? ဂ်စ္မေနနဲ႔ေတာ့...."
"ခင္ဗ်ား ခ်စ္ေအာင္ ေမာင္က အၿမဲတမ္း ရစ္တယ္ ဆိုရင္ေရာ???"
သူ႔ေျပာစကားေၾကာင့္ ကြၽန္ေတာ့္မွာ အသက္ဝဝရႈဖို႔ ေမ့ေနေလၿပီ...။ သူ႔ကို အံံ့ၾသသလို အၾကာေလး ေငးၾကည့္ေနမိတာမို႔...။
"ေနာက္ေန႔က် မေခၚေတာ့ဘူး... ေပါင္းႏူတ္တာ ခိုတယ္ေနာ္... ညေန ေန႔စားခကို ေလွ်ာ့ေပးမွ ရေတာ့မယ္..."
လူကို သူအိမ္ေခၚထားေသာ အလုပ္သမား သေဘာမ်ိဳးနဲ႔ ေျပာလိုက္တာမို႔...။
"ဟုတ္ၿပီ... ရတယ္ ေန႔စားခ မေပးနဲ႔ ရတယ္... ညက် ငါနဲ႔လာမအိပ္နဲ႔..."
"အာ~~ အဲ့ဒါလိုေတာ့ မဟုတ္ဘူးေလ...."
"ဟုတ္တယ္ အလုပ္သမားေလ... အလုပ္ရွင္နဲ႔ အိပ္လို႔မွ မရတာ..."
"ဟင္း~~ ေမာင္က တစ္ေယာက္တည္း မအိပ္ရဲဘူး..."
"သားေခၚအိပ္..."
"အာ... ပိစိေကာင္နဲ႔ မအိပ္ခ်င္ပါဘူး... အဲ့ေကာင္က ညစ္ပတ္တယ္... ေမာင္က ဖက္လိုက္တိုင္း ေမႊးေနတဲ့ လည္တိုင္ေလး ရွိမွ လက္ခံခ်င္တာ..."
"အဲ့တာဆို ဖက္လုံးကို ေရေမႊးျဖန္းအိပ္...."
"ဟင့္အင္း.. ေမာင္က ကိုက္လည္း ကိုက္ေတာ့ေလ... ဖက္လုံးက် အရသာ ရွိမွ မဟုတ္ဘူး....."
"ငွက္ေပ်ာတုံးကို ေရေမႊး ျဖန္းအိပ္ေလ..."
"ေမာင္က ေတာင့္ဆတ္ဆတ္ႀကီးေတြ မႀကိဳက္လို႔ေတာင္ ဖက္လိုက္တိုင္း ေႏြးေထြးၿပီး ေပ်ာ္ဝင္သြားမယ့္ ခႏၶာကိုယ္ပိုင္ရွင္ေလးကို ယူထားတာေလ... မရဘူး... ေမာင္ဖက္လိုက္တိုင္း ရင္ခြင္ထဲ အံကိုက္ျဖစ္ေနတဲ့ အရာမ်ိဳးမွ....."
"ရတယ္ေလ ငွက္ေပ်ာတုံးကို ငါ့အရပ္နဲ႔တိုင္းၿပီး ခုတ္ၿပီးမွ မင္းကို ေပးမယ္ေလ...."
"ရတယ္ေလ..... ခင္ဗ်ားနဲ႔ ပုံတူထုၿပီး ေပးလိုက္... ဒါေပမယ့္ သိပ္ၿပီးေတာ့ အာမ မခံႏိုင္ဘူးေနာ္... သက္ရွိလူဆိုရင္ေတာင္ ခင္ဗ်ားနဲ႔ပဲ က်င့္သားရေနတဲ့ ဒီရင္ခြင္က အဲ့ငွက္ေပ်ာတုံး အတြက္က စိတ္မေကာင္းပါဘူးဗ်ာ.... အမ်ားႀကီးကို ျငင္းပယ္... အနည္းငယ္ထဲမွ တစ္ေယာက္ဆို တစ္ေယာက္တည္း သူကို ေ႐ြးခ်ယ္ခဲ့တာမ်ိဳးေလ..."
"အေတာ္ စကားတတ္လာတာေနာ္... မင္းက သင္လာတာလဲ??"
ထိုအခါေတာ့ ေမာင္က သူ႔ရင္ဘတ္ကို ပုတ္ျပၿပီး....။
"ခ်စ္တတ္ဖို႔ပဲ လိုတယ္ေလကြာ... အဲ့ဘာသာက သူ႔အထိုက္အေလ်ာက္ တက္ကြၽမ္းတာေလ..."
"ေသခ်ာတယ္.... ငါကေတာ့ မတတ္ကြၽမ္းဘူး... စိတ္လဲ မဝင္စားဘူး..."
ကြၽန္ေတာ့္က ေမာင့္ကို ႐ြဲ႕ၿပီး ေျဖေလေတာ့ ေမာင္က ေက်နပ္အားရစြာပင္ ရီေလသည္..။ ေကာင္းကင္မွ ေနကို တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး ကြၽန္ေတာ့္အနားမွာ ျမက္ျပင္တစ္ခ်ိဳ႕ကို သူကိုယ္တိုင္ ၿပီးေအာင္ ႏူတ္ေပးၿပီး ပုံထားေသာ ျမက္ပင္မ်ားကိုလည္း သူကိုယ္တိုင္ ကန္သင္း႐ိုးမ်ားအေပၚ ေ႐ြ႕တင္ထားသည္...။ ကြၽန္ေတာ္က ကြၽန္ေတာ့္အနား ရွိေနေသာ ျမက္တစ္ခ်ိဳ႕ကို အၿပီး သုတ္သင္ေလေတာ့...."
"သြားပါကြာ... တက္ေတာ့ မ်က္ႏွာတစ္ခုလုံး နီရဲေနၿပီ... ေနပူတာကို စိတ္တိုၿပီး ေမာင့္ကို မဲေနၿပီ... အေပၚတက္ေတာ့...."
"ရတယ္ ဒီအပုံေတြ အကုန္ၿပီးေအာင္ သယ္မယေလ... "
"ရတယ္ ေမာင္သယ္လိုက္မယ္..."
"ႏွစ္ေယာက္သယ္ေတာ့ မၿပီးဘူးလား?? မရွည္နဲ႔..."
"ဟုတ္ကဲ့ပါဗ်ာ...."
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေပါင္းပင္တစ္ခ်ိဳ႕ကို ကန္သင္း႐ိုးေပၚ ေ႐ြ႕တင္ၿပီး ေနာက္မွာေတာ့ တဲအိမ္ငယ္ေလးဆီသို႔သာ....။ သရက္ပင္ေအာက္၌ တူးထားေသာ ဘုံဘိုင္တြင္းမွ ေရတစ္ခ်ိဳ႕နဲ႔ သုတ္သင္ၿပီး ခႏၶာကိုယ္မွ ႐ြံံ့ၫြန္တစ္ခ်ိဳ႕ကို ဖယ္ခြာေစသည္.....။
သူ႔ခႏၶာကိုယ္မွ ႐ြံ႕ၫြန္တစ္ခ်ိဳ႕ကို အရင္ေဆးေစၿပီး တဲေပၚ အရင္နားေစသည္...။ ကြၽန္ေတာ္ကေတာ့ သူဝတ္ၿပီး ေပါင္းျမက္သင္ထားေသာ အဝတ္လက္အိတ္ကိုပါ ေဆးေၾကာၿပီး ေနလွန္းထားသည္....။ ၿပီးတာနဲ႔ တဲေပၚမွာ ဒီအတိုင္း ေျခႏွစ္ဖက္ကို ေအာက္ခ်လြဲၿပီး ထိုင္ေနေသာ သူ႔အေပၚသို႔ ဦးထုပ္ခြၽတ္ၿပီး ေခါင္းဦးလိုက္သည္...။
"ၾကည့္ပါဦး.... ပါးေပၚမွာလဲ ႐ြံ႕ေတြခ်ည္းပဲ... မ်က္ႏွာလဲ နီရဲေနတာပဲ... အဲ့ဒါေၾကာင့္ အဲ့လိုမ်ိဳး ျဖစ္မွာစိုးလို႔... ခင္ဗ်ားကို ေမာင့္ဘဝထဲ ေခၚဖို႔ အေတာ္ေလး စဥ္းစားခဲ့မိတာ...."
ေမာင္ကေတာ့ ကြၽန္ေတာ့္ပါးျပင္ေပၚမွ ႐ြံံ့ရည္စက္မ်ားကို သူ႔ဘက္နဲ႔ပင္ ဖယ္ခြာေနသည္...။
"႐ြံ႕စက္ေတြက မ်က္ႏွာတစ္ခုလုံး အကုန္လုံး စင္ေနလို႔လား??"
"ဘာလို႔လဲ??"
"အခုထက္ထိ ခြာလို႔ မၿပီးေသးဘူးေလ... မ်က္ႏွာတစ္ခုလုံး ပြတ္သပ္ေနတာကို..."
"အာ... ဖြဖြေလး ထိေနတာပါကြာ... ဖြဖြေလး ထိတယ္ဆိုတာ ျမတ္ႏိုးလို႔ ျဖစ္တာမ်ိဳးပါ..."
"ဒါဆို ကိုက္တာကေရာ...."
"သြားယားလို႔..."
"အင့္ဟာ... ကိုက္ခ်င္ဦး..."
ေခြၽးစတစ္ခ်ိဳ႕နဲ႔ ေမာင့္ဆံပင္ေတြကို နဖူးျပင္မွ အကုန္ကြၽန္ေတာ့္လက္နဲ႔ ဖိသိပ္လိုက္ၿပီး လွစ္ဟာေနေသာ သူ႔နဖူးျပင္ကို က်န္လက္တစ္ဖက္နဲ႔ပင္ ႏွစ္ခ်က္မွ် ႐ိုက္လိုက္ေတာ့ ေမာင္က ကြၽန္ေတာ့္လက္ေတြ တားဆီးသလိုနဲ႔ပင္ ဖမ္းခ်ဳပ္ထားၿပီး ျပန္မလႊတ္ေတာ့....။
"ေက်းဇူးတင္ပါတယ္... ေမာင့္အနား အၿမဲရွိေနေပးလို႔..."
"ေက်းဇူးတင္စရာ မလိုပါဘူး... ေမာင္ရယ္... ဒီရက္ပိုင္း ငါေလ ေမာင့္စကားေတြ နားမေထာင္ခဲ့မိရင္လည္း ေတာင္းပန္တယ္ေနာ္..."
"မဟုတ္တာဗ်ာ... ေမာင့္ကို ဘာလို႔ ခင္ဗ်ားက ေတာင္းပန္ေနတာလဲ?? ေမာင္က ခင္ဗ်ားကို အျပစ္မွ မယူတာ..."
"ငါ့အနား အၿမဲရွိေနေပးမွာမလား??"
"ဒါေပါ့ ဒီလက္ေလးေတြ... ဒီလိုလက္ႏုႏုေလးေတြကို ဆုပ္ကိုင္ႏိုင္ဖို႔ ေမာင္ အေတာ္ေလး ႀကိဳးစားခဲ့ရတာေလ.... ဆုပ္ကိုင္ၿပီးကတည္းက လႊတ္ေပးဖို႔ ဆိုတာ ဆႏၵမွာ မရွိခဲ့တာ..."
ေမာင္ကေတာ့ ကြၽန္ေတာ့္လက္တို႔ကို သူ႔လက္ဖဝါးႀကီးႀကီးမ်ားနဲ႔ပင္ ဆုပ္ေထြးထားသည္...။ ကြၽန္ေတာ့္ကို ေငးၾကည့္ေနၿပီး....
"ေမာင့္ကို မနမ္းခ်င္ဘူးလား??"
"ဘာလို႔ နမ္းရမွာလဲ?? မနမ္းဘူး..."
"လုပ္ပါကြာ ခင္ဗ်ားကလဲ ေမာင္က အနမ္းခံခ်င္တာကို... တစ္ခါတည္းပဲကြာေနာ္... ႏိုမို႔ဆိုရင္ ေမာင့္ အေၾကာင္း သိတယ္မလား??"
"ေမာင့္အေၾကာင္းက ဘာလဲ??"
႐ုတ္တရက္ဆိုသလို သူမထင္ထားေသာ စကားလုံးကိုမွ ေ႐ြးၿပီး ေျပာလိုက္သည္မို႔ ေမာင့္မ်က္ႏွာ အလိုမက်မႈက အထင္သား ...။ ခ်က္ခ်င္း မ်က္ႏွာ ဆူပုတ္လာၿပီး သူ႔လက္ထဲ ရွိေနေသာ ကြၽန္ေတာ့္လက္တို႔ကို သူ႔သြားစြယ္ ခြၽန္ခြၽန္နဲ႔ပင္ ကိုက္ေလၿပီ...။
"အာ... ေမာင္ကလဲ နာတယ္ေလ... ဘာလို႔ ခဏ ခဏ ကိုက္ေနတာလဲ??"
"အဲ့ဒါဆိုနမ္းေလ..."
"မနမ္းဘူးကြာ..."
"နမ္းရမယ္ကြာ..."
"လုံးဝပဲကြာ..."
"ေအးဗ်... ခင္ဗ်ားေနာ္ ကြၽန္ေတာ္ အသည္းယားလာၿပီ...."
"တစ္ခ်ိိန္လုံး အသည္းယားၿပီး ကိုက္ေနတာပဲ... မင္းမကိုက္တဲ့ေန႔ေရာ ရွိလား??"
"အဲ့ဆို နမ္း..."
"မနမ္းဘူးကြာ..."
တမင္တကာ သူဆတ္ဆတ္ထိ မခံေအာင္ စခ်င္သည္မို႔ သူမႀကိဳက္ေသာ စကားလုံးမ်ားကိုသာ ေ႐ြးခ်ယ္ၿပီး ေျပာေနမိသည္....။ ဒါကိုပင္ သူကေတာ့ အေတာ္ေလးကို အူယားေနသည္ ထင္သည္။ ကြၽန္ေတာ့္လက္ႏွစ္ဖက္လုံး သူ႔လက္တစ္ဖက္နဲ႔ပက္ ခ်ဳပ္ၿပီး က်န္လက္တစ္ဖက္က ကြၽန္ေတာ့္ပုခုံးႏွိမ္ယူလိုက္ၿပီး နမ္းဖို႔ ျပင္ေလေတာ့.....။
"ေဖႀကီး!!! ေဖႀကီးက ပါးပါးကို ဘာလုပ္ဖို႔လဲ??"
အဲ့လိုပါပဲ စိန္ေကာင္း ေက်ာက္ေကာင္း ေရာင္းတယ္ဆိုရင္ ေဆး႐ိုးသည္ကေတာ့ ကန္႔လန္႔ ကန္႔လန္႔...။ဟုတ္ပါ့ တစ္ခ်ိန္လုံး အဲ့ပိစိကို ေမ့ေနတာ ဒီေကာင္က ဘယ္သြားၿပီး အခုမွ ျပန္လာတာလဲ??
ဦးသဝဏ္လႊာကေတာ့ သူ႔သားအသံၾကားသည္ႏွင့္ ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္လက္မွ ႐ုန္းထြက္ဖို႔ ျပင္ေလေတာ့ ကြၽန္ေတာ္ဆိုတာ မရမက ႏွိမ္ယူလိုက္ၿပီး ႏူတ္ခမ္းခ်င္း တစ္ခ်က္မွ် အထိအေတြ႕ကိုေတာ့ ရေအာင္ ယူႏိုင္ခဲ့ပါသည္....။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လူခ်င္းကြာသြားေတာ့ ပိစိေကာင္က ခ်က္ခ်င္း ကြၽန္ေတာ့္ဗိုက္ေပၚသို႔ တက္လာၿပီး ကြၽန္ေတာ့္အက်ီ္စကို ဆြဲကာ...
"ေဖႀကီး... ထ ထ.. ပါးပါးကို ဘာလုပ္တာလဲ?? သူ႔ခႏၶာကိုယ္ ထြားထြားက်ိဳင္းက်ိဳင္းႀကီးနဲ႔ ပါးပါးက ေသးေသးေလးပါဆို... ပါးပါးကို တမင္ႏွိပ္စက္ေနတာမလား???"
ကြၽန္ေတာ္ကေတာ့ ေမာင္နဲ႔သားေလးအၾကား မေျပလည္မႈကို ဒီအတိုင္း ေငးၾကည့္ၿပီး ၿပဳံးေနမိသည္....။ ဒီသားအဖ ႏွစ္ေယာက္ကေလ အဲ့လိုပါပဲ... ကြၽန္ေတာ့္ကို လုေနက်ပင္....။ ေမာင္ကလဲ သားေလး မခံခ်င္ေအာင္ ငိုေအာင္ စသည္...။ သားကလဲ ကြၽန္ေတာ့္ကို သူ႔အေဖ မထိေရးသာ ေတြးၿပီး အသားကုန္ ကာကြယ္သည္...။ အခုလဲ ထိုျပႆနာက...
"ဘာျဖစ္လဲကြာ?? ေဖႀကီးလူမို႔ ေဖႀကီး အိပ္တာေလ.... မင္းပါးပါးက ေဖႀကီးကို အဲ့လိုအိပ္လို႔ ေျပာတာ..."
"မဟုတ္တာ ပါးပါးက အဲ့လိုေျပာမွာ မဟုတ္ဘူး... ပါးပါး မညစ္ပတ္နဲ႔.... ပါးပါးသနားပါတယ္... ေသးေသးေလးနဲ႔ ေဖႀကီး ခႏၶာကိုယ္ႀကီး တင္ထားရတာ... ဖယ္လိုက္ေနာ္..."
"ေဟ့ေရာင္ မင္းမသိေသးတဲ့ တစ္ခ်ိဳ႕အရာေတြေတာင္ မင္းပါးပါးက ခံႏိုင္ရည္ ရွိပါတယ္..."
"ေရာင္ျဖာ! ကေလးကို ဘာေတြ ေျပာေနတာလဲ??"
"ေၾသာ္ ခင္ဗ်ားကလဲဗ်ာ... ေလာကဓံေလ... ေလာကဓံဆိုတာ လူတိုင္း ထမ္းပိုးရတဲ့ အေလးဆုံး အရာမလား??"
"မသိဘူး.... ေဖႀကီးထ.. ေဖႀကီးထေနာ္... ပါးပါးၾကည့္ ဟိုမွာ ငိုေတာ့မယ္... ေဖႀကီးက လိမၼာပါတယ္..."
"အဲ့ဒါဆို ေဖႀကီးနဲ႔ ပိစိ... ပါးပါးကို လုမလား??"
"ဟမ္?? ေဖႀကီးက ဘယ္လို လုမွာလဲ??
"ဒီလိုကြာ... မင္းပါးပါးက အရင္နမ္းတဲ့သူကို ေဖႀကီးက အခ်စ္ဆုံးလို႔ မွတ္လိုက္မယ္... ဥပမာ ပိစိကို နမ္းရင္ ပိစိသေဘာအတိုင္း ေဖႀကီး ပါးပါးအနား မကပ္ဘူး.... တကယ္လို႔မွ ေဖႀကီးကို ေ႐ြးခဲ့ရင္-"
"ေသခ်ာတယ္ ပါးပါးက ေဖႀကီးကို ေ႐ြးမွာ မဟုတ္ဘူး... ေဖႀကီးက ႐ုပ္ဆိုးတယ္... ညစ္ပတ္တယ္... ေနာက္ၿပီး မုတ္ဆိတ္ေမႊးေတြနဲ႔..."
"ေၾသာ္ဗ်ာ... ဟုတ္ၿပီ စိမ္မလား??"
"စၿပီ..."
ကြၽန္ေတာ္ကေတာ့ ဦးသဝဏ္လႊာ ေပါင္ေပၚ အိပ္ေနရင္းပင္ သားေလးကေတာ့ ကြၽန္ေတာ့္ ရင္ဘတ္ေပၚ အိပ္ေနသည္...။ ေမာင္နဲ႔ သားကေတာ့ အသင့္အေနအထားနဲ႔ ကြၽန္ေတာ့္ကို ေငးၾကည့္ေနသည္....။ ေမာင္ကေတာ့ ထုံးစံအတိုင္း သားငယ္နဲ႔ သူ႔ကို ေ႐ြးခိုင္း ျပန္ေလၿပီ....။ အၿမဲတမ္း ေမာင္ဆိုသည္မွာ ငါးႏွစ္သား ကိုယ့္သားေလးနဲ႔ေတာင္...။ ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္ရ ခက္ေနစြာ ၾကည့္ေနဆဲပင္ ေမာင္က ကြၽန္ေတာ့္ကို မ်က္လုံးမွိတ္ျပသည္...။
ကြၽန္ေတာ္ကေတာ့ ထိုမ်က္ႏွာ ႏွစ္ခုအၾကား မ်က္ႏွာငုံ႔၍ ရွိေနစဥ္မွာေတာ့....။ ေမာင့္မ်က္ႏွာက ကြၽန္ေတာ့္ ႏွာေခါင္းအနား တိုးကပ္၍ပင္ ထိလိုက္သည္.....။
"ဟား~~~ ျမင္တယ္ေနာ္ ပိစိ... မင္းရႈံးသြားၿပီ... မင္း ပါးပါးက ေဖႀကီးကို ပိုခ်စ္တယ္ကြ..."
သားငယ္ေလးကေတာ့ မ်က္ရည္တလည္လည္နဲ႔ပင္ သူ႔ေဖႀကီးကို အသာထုေနၿပီး...။
"အား... ေဖႀကီးက ပါးပါးကို ညစ္ပတ္ၿပီး ယူတာေလ... တကယ္ေတာ့ ပါးပါးက ကြၽန္ေတာ့္ကို နမ္းမွာေလ..... ေဖႀကီးက ညစ္ပတ္လိုက္တာ..."
"အဲ့လို ညစ္ပတ္လို႔ မင္းထြက္လာတာေလကြာ..... မင္းပါးပါးက မင္းထက္ ေဖႀကီးကို ပိုခ်စ္လို႔ မင္း အခုလို ပါးပါးတို႔နဲ႔ အတူရွိေနတာေပါ့... အဲ့ဒါေၾကာင့္ ပိစိေကာင္က ဘယ္လို ေနရမလဲ ဆိုေတာ့... "
ကြၽန္ေတာ့္ပါးကို တစ္ခ်က္မွ် နမ္းရႈိက္လိုက္ၿပီး....။
"အဲ့လိုနမ္းလဲ မသိခ်င္ေယာင္ေဆာင္ေနလိုက္ကြာ..."
"အာ ေဖႀကီးက ပါးပါးကို နမ္းျပန္ၿပီ... ပါးပါး အနမ္းမခံနဲ႔... ေဖႀကီး မုတ္ဆိတ္ေမႊးေတြက စူးတယ္... "
သားငယ္ေလးက ထိုသို႔ေျပာေလ ေမာင္က ႐ြဲ႕သလို နမ္းျပေလနဲ႔ ၾကာေတာ့ ပိစိေကာင္က ငိုေလၿပီ...။
"သားကလဲ မငိုနဲ႔ေလ... ပါးပါးက ထူးကဲေလးကို ခ်စ္တာေပါ့... မင္း ေဖႀကီး အေၾကာင္း သိတယ္မလား?? ေဖႀကီးက လူဆိုးႀကီး.... လူမိုက္ဆိုတာ ေရွာင္က်ဥ္ရတယ္...."
ကြၽန္ေတာ္ကေတာ့ မ်က္ရည္႐ြဲမ်ားျဖင့္ ငိုေႂကြးေနေသာ သားငယ္ေလးကို ရင္ဝယ္ပိုက္ၿပီး ေခ်ာ့ေနသည္..။ ေမာင္ကေတာ့ သားငယ္ေရာက္လာသည္ႏွင့္ သူ႔ေနရာေပ်ာက္သြားတာေၾကာင့္ ေဘးနားကေန ကြၽန္ေတာ္နဲ႔ ပိစိကို စိတ္ဆိုးေနေသာ အမူအရာနဲ႔ပင္ လက္ႏွစ္ဖက္ေထာက္ၿပီး ၾကည့္ေနသည္....။
"ခင္ဗ်ား မေရွာင္ဖို႔ပဲ လိုတယ္... က်န္တာ ဘယ္သူ ေရွာင္ရွာင္..."
"ေရာင္ျဖာ... ကေလးကို ေခ်ာ့ေနတယ္ေလ... ဘာလို႔ ဂ်စ္ေနတာလဲ?? ေတာထဲမွာေလ... ကေလး မငိုေကာင္းဘူး..."
"မသိဘူးကြာ... အဲ့ေကာင္လာရင္ ေမာင့္ေနရာ ေပ်ာက္တာပဲ သိတယ္..."
"ေမာင္!!!"
သတိေပးသလိုပင္ သူ႔ကို ေခၚလိုက္မိတာေၾကာင့္ ေမာင္က ခ်က္ခ်င္း မ်က္ႏွာတည္လိုက္ၿပီး ကြၽန္ေတာ့္လက္ထဲမွ သားငယ္ေလးကို လႊဲေျပာင္းခ်ီေပြ႕ၿပီး....။
"ဟုတ္ၿပီကြာ... ပါးပါးကို မႏွိပ္စက္ေတာ့ဘူး... ေဟ့ေရာင္ပိစိ မင္းပါးပါးကို ငါက အားလုံးနဲ႔ ၿပိဳင္လုလာတာေနာ္... မင္း ငါ့သားမိုလို႔ အဆုံးေပးတါ..... ကဲ ထမင္းစားရေအာင္ ညေန ေရေပါက္ တစ္ခ်က္ၾကည့္ၿပီး အိပ္ျပန္မယ္ေနာ္.... "
သားငယ္ကေတာ့ ေမာင့္လက္ထဲ ေရာက္မွပင္ အငိုတိတ္သြားၿပီး ရႈိက္သံတစ္ခ်ိဳ႕ေတာ့ ထြက္ေနသည္...။ ကြၽန္ေတာ္ကေတာ့ ေမာင့္ကို တစ္ခ်က္ၾကည့္ၿပီး...."
"ေမာင့္ ဆံပင္ေတြ ရွည္ေနတယ္ေနာ္... ညေနက် တစ္ခ်က္ သြားၿပီး ညႇပ္လိုက္ဦး..."
"အင္း... ဟုတ္ကဲ့ပါဗ်ာ..."
"ေမာင္ ထူးကဲေလး ရွင္ေလာင္းဝတ္ဖို႔က ဦးဇဥ္းဆီက ခြင့္ရခဲ့လား??"
"ဒီႏွစ္လဲ ၿမိဳ႕က လူေတြက အေစာႀကီး ကတည္းက ခြင့္ေတာင္းထားလို႔တဲ့... ရပါတယ္ကြာ... ေမာင္တို႔ ဘယ္အခ်ိန္လႉလႉ ျဖစ္ပါတယ္...."
ေမာင္ကေတာ့ စကားေရာ ပြဲေရာနဲ႔ ကြၽန္ေတာ့္ထမင္းခြက္ထဲမွ ဇြန္းတစ္ဇြန္းနဲ႔ ထမင္းတစ္ဇြန္းခပ္စားေလေတာ့... သားငယ္ေလးက....
"ေဖႀကီး... ဘာလို႔ ပါးပါးထဲက ယူစားေနတာလဲ?? သားဆီကစား.."
သားငယ္ေလးကေတာ့ အေျပာနဲ႔အတူ သူ႔အေဖထမင္းခြက္ထဲသို႔ ထမင္းကို လက္နဲ႔ဆုပ္ၿပီး ထည့္ေပးေလသည္...။
"ထူးကဲ ... အဲ့လိုလုပ္တာ ငရဲႀကီးတယ္ေလ.. သား"
ကြၽန္ေတာ္က သူ႔အျပဳအမူအတြက္ သြန္သင္ဆုံးမဖို႔ ျပင္ေသာ္ျငား ေမာင္က ေခါင္းကို ခါရမ္းျပလိုက္ၿပီး သားငယ္ေခါင္းေလးကို ပြတ္သပ္လိုက္ၿပီး..... ။
"ပိစိက ေဖႀကီးကို စားေစခ်င္တာ မလား?? ငါ့သားေလးက လိမၼာတယ္ကြာ... မင္းပါးပါးနဲ႔မ်ားကြာပါ့.."
ထိုစကားေၾကာင့္ ပိစိေကာင္က အေတြးေလး အေတြးတစ္ခု ဝင္သြားသည္ ထင္သည္ ။ ခ်က္ခ်င္း ကြၽန္ေတာ့္ကို ၾကည့္လာသည္...။
"ပါးပါးက ေဖႀကီး စားခ်င္တာကို မေကြၽးဘူးလား??"
ထိုစကားေၾကာင့္ ကြၽန္ေတာ့္မွာ ေျဖစရာ လမ္းမရွိေတာ့...။ ေမာင္ကေတာ့ ထမင္းလုတ္ကို ပါးစပ္ထဲ သြတ္ၿပီး ဝါးေနရင္းမွ တခြီခြီနဲ႔ပင္...။ ကြၽန္ေတာ္ကေတာ့ ေမာင့္ကို မ်က္ေမွာင္က်ဳံ႕ၿပီး ေငးလိုက္သည္...။
"ေရာင္ျဖာ...."
ကြၽန္ေတာ့္ရဲ႕ ေခၚသံအဆုံးမွာေတာ့ ေမာင္မထိန္းႏိုင္ေတာ့...။ ပါးစပ္ထဲမွ ထမင္းလုတ္ကို ကုန္ေအာင္ဝါးၿပီး ေရေသာက္ကာ ထရယ္ေတာ့သည္.. ။ သားငယ္ေလးကေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္သားကို အေတြးမ်ားျဖင့္ပင္ ေငးၾကည့္ေနသည္...။ ပါးပါးက မ်က္ႏွာဆူပုတ္ေနၿပီး ေဖႀကီးကေတာ့ တခြီးခြီး ရယ္ေနသည္ဟူ၍....။
ေန႔လည္ႏွစ္နာရီ...။
ကြၽန္ေတာ္တို႔ စပါးပင္မ်ားကို ေပါင္းႏူတ္ဖို႔ ေရျဖတ္ထားသည္မို႔ ေပါင္းႏူတ္ၿပီးတာနဲ႔ ေရကို ထိန္းၿပီး သြင္းၿပီးေနသည္...။ ေမာင္ကေတာ့ တစ္နာရီျခား တစ္ခါ ေရသြားၾကည့္ၿပီး ျပန္လာတတ္သည္...။ သားငယ္ေလးကိုေတာ့ ကြၽန္ေတာ့္လက္ေမာင္းေပၚမွပဲ မနည္းေငါက္ငမ္းၿပီး အိပ္ခိုင္းထားရသည္...။
"သားငယ္ အိပ္ေနၿပီလား??"
"အင္း အိပ္သြားၿပီ.. ေရကေရာ လိုေသးလား??"
"တစ္နာရီေလာက္ေတာ့ လိုေသးတယ္... ခင္ဗ်ား ျပန္ရင္ ျပန္ႏွင့္ေလ... "
"ေန႔လည္ ႏွစ္နာရီေလာက္ေလ... ငါ့ကို လမ္းမွာပဲ ေျခာက္ေသြ႕ၿပီး မင္းေျပာသလို ဂိသြားေစခ်င္လို႔လား??"
"အာ ဖြ! ဖြ! ခင္ဗ်ားေလးရာ ေပါက္ကရေတြ မထြက္စမ္းပါနဲ႔.... မျပန္နဲ႔... ေမာင္နဲ႔မွပဲ ျပန္ေတာ့... ေမာင္ကလဲ ခင္ဗ်ားကို စိတ္မခ်ပါဘူး... အိမ္ေရာက္ရင္လဲ ခင္ဗ်ားက ထမင္းခ်က္ရမွာမလို႔ေလ..... ရတယ္ ေနပါေစေတာ့ အိမ္ျပန္ ေမာင္ပဲ ခ်က္ေကြၽးေတာ့မယ္...."
ေမာင္ကေတာ့ ေျပာေျပာဆိုဆိုနဲ႔ပင္ ကြၽန္ေတာ့္လက္ကို သားငယ္ေခါင္းေအာက္မွ အသာဖယ္ထုတ္ၿပီး ကြၽန္ေတာ့္ေခါင္းေအာက္မွ ပုဆိုးကို သားငယ္ေလးေအာက္ အသာခုခံေပးသည္....။ ကြၽန္ေတာ့္ကိုေတာ့ သူ႔လက္ေမာင္းေပၚ၌ ျပန္တင္၍ သိပ္သည္...။
"ေမာင္တို႔ ျပန္စၾကမလား??"
"ဟမ္???"
"မဟုတ္ပါဘူးကြာ မအံ့ၾသပါနဲ႔... ေမာင္က ဒီအတိုင္း နမ္းတာကို ေျပာတာပါ..."
"ဘာလဲ?? ေမာင္ကေရာ ခဏ ခဏ နမ္းရတာ မပ်င္းဘူးလား??"
"အလိုင္ဝါ?? ဘာလားကြာ?? နမ္းတာ ပ်င္းပါ့မလား?? "
"မရဘူး.... ငါအနမ္း မခံခ်င္လို႔ ေမာင္ပ်င္းရမယ္..."
"အင္း အင္း ပ်င္းလိုက္မယ္ကြာ... ညက်မွ ႏွစ္ဆယ္တိုးနဲ႔..."
"အာ ေမာင္ေရ ငါက အေႂကြးရွင္ မဟုတ္ဘူးေလ.."
"အာ ဟုတ္တယ္... ေတာင္ပိုင္းက အပ်ိဳႀကီး တစ္ေယာက္ရဲ႕ ႏွစ္ဆတိုးကို သတိရသြားလို႔..."
"အပ်ိဳႀကီး?? ဟုတ္လား??"
ကြၽန္ေတာ့္မ်က္ႏွာထားကို အတတ္ႏိုင္ဆုံး တည္တံ့လိုက္ၿပီး ေမာင့္ကို မ်က္လုံးစူးစူးနဲ႔ ေမးေလေတာ့...။
"အာ... ဟိတ္ ဟိတ္... ေမာင္က အဲ့လိုမဟုတ္ဘူးေနာ္... အဲ့ဒီအပ်ိဳႀကီးက ၄၀ေက်ာ္ေနပါၿပီ... တစ္ခ်ိဳ႕ဟာေတြလဲ ဆုံးကုန္ပါၿပီ..... ခင္ဗ်ားက သဝန္တိုေနတာလား??"
"ဟုတ္တယ္ သဝန္တိုတယ္..."
"အယ္ဗ်ာ... ဘယ္ႏွယ့္ ခင္ဗ်ား အဲ့ေလာက္ ပြင့္လင္းသြားတာလဲ??"
"မႀကိဳက္ဘူးလား??"
"အာ.... ႀကိဳက္တယ္.. ႀကိဳက္တယ္... ေမာင္က ခင္ဗ်ား ဘာလုပ္လုပ္နဲ႔ ႀကိဳက္တယ္..."
"ေမာင္က ႀကိဳက္႐ုံပဲလား??"
"ေၾသာ.... ခ်စ္ေရာ ခ်စ္တာေပါ့ဗ်ာ..."
"ေျဖပုံႀကီးက သိတ္မပါလိုက္တာ..."
"ကြၽန္ေတာ္ စိတ္အထင္ေတာ့ ေဟာဒီ့ပါးစပ္ေလးေတြက ေမာင္ ပိတ္ေပးဖို႔ လိုၿပီပဲ..."
"အာ မဟုတ္ အြင္း-"
ကြၽန္ေတာ္က သူ႔အနမ္းတို႔မွ လြဲဖယ္ဖို႔ စိတ္ကူးရွိေသာ္ျငား ေမာင္ကေတာ့ သူလိုခ်င္ရာကို ရေအာင္ယူတတ္သည့္ အမ်ိဳး မလား??
ညေန ေလးနာရီ...။
"ေမာင္ အိတ္ထဲက ဘာေတြလဲ??"
ေမာင္ကေတာ့ လြယ္အိတ္နဲ႔အျပည့္ ဟင္း႐ြက္တစ္ခ်ိဳ႕ေၾကာင့္ အံံ့ၾသၿပီး ေမးၾကည့္ရသည္...။ ေမာင္ကေတာ့ အ႐ြက္တစ္ခ်ိဳ႕နဲ႔ ျပည့္ေနေသာ လြယ္အိတ္ေလးကို ကိုယ္၌ သိုင္းဝယ္ၿပီး သားငယ္ေလးကို ပုခုံးေပၚ ထမ္းဖို႔ ျပင္သည္.....။
"ခင္ဗ်ား ႀကိဳက္မယ့္အရာေတြခ်ည္းပါ... ေမာင္ ယာတဲဘက္က ေတာင္းလာတာ... ဂဏန္ေတြေရာ ပါတယ္..."
"အတည္ေပါ့... ဂဏန္းေတာင္ မစားရတာ ၾကာၿပီ..."
"ပိုးေၾကး ပန္းေၾကးပဲ စားဖူးတာ မလား?? အလု ေယာက်ာ္းခ်က္တာ စားရမယ္ေလ..."
"ေမာင္ကေလ.. ဘယ္ေတာ့မွကို စကားေကာင္းေျပာလို႔မရဘူး..."
"ဟုတ္ပ.. ေဖႀကီးက ပါးပါးကိုဆို အၿမဲတမ္း အေနခက္ေအာင္ စတယ္... ေဖႀကီးက တကယ္ကို အေပါႀကီးေနမွာ..."
ကြၽန္ေတာ္တို႔ အိမ္အျပန္လမ္းမွာေတာ့ သားငယ္ေလးကို ေမာင္က ပုခုံးေပၚထမ္းသည္...။ ထမင္းထုပ္၊ ေရဘူး အကုန္လုံးကို သူသယ္လာၿပီး ကြၽန္ေတာ့္ကိုေတာ့ သူ႔အက်ီ္ကိုသာ သယ္လာေစသည္....။
ေမာင္ကေတာ့ အဲ့လိုပင္...။ ေယာက်ာ္းေကာင္းတစ္ေယာက္ရဲ႕ စိတ္ဓာတ္၊ အျပဳအမူ၊ ကာကြယ္လိုျခင္း အကုန္လုံးနဲ႔ ျပည့္စုံသည္။ တကယ္ဆို မိမိက ေယာက်ာ္းတစ္ေယာက္အေနနဲ႔ သူနဲ႔ တန္းတူ ရွိေနႏိုင္ေသာ္ျငား သူကေတာ့ ဘယ္ေတာ့မွ ခြင့္မျပဳ..... ။ ေမာင္ေျပာဖူးသည္... သူသိပါသည္ ကြၽန္ေတာ္လည္း သူနဲ႔ အမ်ိဳးတူ ေယာက်ာ္းတစ္ေယာက္... သိပ္ၿပီးေတာ့ ဂ႐ုစိုက္ ငဲ့ညႇာစရာ မရွိေသာ္ျငား....။
"သိတာေပါ့... ခင္ဗ်ား ေယာက်ာ္းေလးဆိုတာ.... ဒါေပမယ့္ ေမာင့္လူဆိုကတည္းက ခင္ဗ်ားအားနည္းသည္ျဖစ္ေစ၊ အားသာသည္ ျဖစ္ေစ... ျမတ္ႏိူးမႈနဲ႔ ေစာင့္ေရွာက္ရမယ္... ခင္ဗ်ားကို ေယာက်ာ္းတစ္ေယာက္ဆိုတာထက္ ေမာင္လူလိုမ်ိဳး ေမာင္ခ်စ္တဲလူမ်ိဳး ၊ ေမာင္ျမတ္ႏိူးတဲ့လူမ်ိဳး... အဲ့လိုေလး... ေမာင္ အမ်ားႀကီး ေသခ်ာေလး မေျပာတတ္ေတာ့ ေက်းဇူးျပဳၿပီး နားလည္ကြာ......"
ညေနဘက္ေရာက္သည္ႏွင့္ အိပ္တန္းတက္သည့္ ငွက္တစ္ခ်ိဳ႕၊ လုပ္ငန္းခြင္ ၿပီးစီးသြားသည့္ အခ်ိန္မို႔... ဆည္းဆာေနေအးေအးကေတာ့ အနက္ေတာင္စြယ္အၾကား ကြယ္ေပ်ာက္၍ ႏူတ္ဆက္ေနသေယာင္....။ တျဖည္းျဖည္းနဲ႔ မႈိင္းထလာခဲ့ေသာ ဝန္းက်င္သည္ တိတ္ဆိတ္ၿငိမ္သက္မႈအျပည့္နဲ႔ပင္...။ ေကာင္းကင္ယံထက္ ၾကယ္ေရာင္တစ္ခ်ိဳ႕နဲ႔အတူ တိမ္မွ်င္တစ္ခ်ိဳ႕က ေမွ်ာလြင့္ေနသည္...။ ျမစိမ္းေရာင္ျဖစ္ေနေသာ လယ္ကြင္းျပင္က်ယ္က်ယ္မ်ားကေတာ့ ေလျပည္ေလး က်ီစားေမရာအတိုင္း ေမွ်ာလြင့္ေနသည္....။
ေနရီရီ... ေတာင္စြယ္အၾကား...ကြယ္ေလၿပီ...။
ေကာင္းကင္ယံထက္ ၾကယ္တစ္ခ်ိဳ႕...
တိုက္ခတ္ေနေသာ ေလေအးေအးေလးကေတာ့
စပါးပင္အေပၚတိုက္ခတ္၍ လႈိင္းထေစသည္...။
ေတာင္စြယ္မွာ ေနကြယ္ေလၿပီ...။
ကြၽန္ေတာ့္ေရွ႕မွ တရိပ္ရိပ္နဲ႔ ေမာင္ေျခလွမ္းတို႔ မွန္ေနသည္...။ ေလာကတစ္ခုလုံး အေမွာင္က်ေနေသာ္ျငား အထီးမက်န္ေတာ့...။
တြဲလက္တစ္စုံကေတာ့ ကြၽန္ေတာ့္လက္ဖဝါး တင္းၾကပ္စြာ ဆုပ္ကိုင္ထားၿပီး...."
"ခင္ဗ်ားေလးေရ... ဂ႐ုစိုက္ပါဗ်ာ... လဲက်မယ္ ႀကံတိုင္း ေမာင္ လက္ကို ဆြဲထားပါ... ေမာင္အၿမဲ ခင္ဗ်ားေဘးနား... ရွိေနတယ္တဲ့..."
"ေမာင္ေရ... မင္းနဲ႔သာ ဆိုရင္ေလ... ငါ့အတြက္ ဘဝလမ္းက ၾကမ္းတမ္းၿပီး ေၾကာက္႐ြံ႕စိတ္တို႔ တိုးဝင္ေနရင္ေတာင္..... ဆုပ္ကိုင္ထားေသာ လက္ဖဝါးႀကီးႀကီးရဲ႕ ေႏြးေထြးမႈေၾကာင့္.... "
"ေမာင္ေရွ႕က ေလွ်ာက္ေတာ့... ေနာက္မွာ လဲက်သြားရင္ ခင္ဗ်ားလဲက်သြားမွ သိျဖစ္မယ္ေလ... ေဟာ... ေရွ႕မွာဆိုေတာ့... လဲက်မယ္ ျပင္ကတည္းက ေမာင္ေပြ႕ထိန္းလို႔ရမယ္..."
တကယ္ပါ....။
ဒီအမ်ိဳးသားဆိုတာကေလ... ငါ လဲၿပိဳေနရင္ေတာင္ ေဘးနားမွာ အၿမဲရွိေနမယ္ ထင္တယ္..။
"မေၾကာက္နဲ႔ေနာ္.... ေမာင္ အၿမဲ ခင္ဗ်ား ေဘးနား ရွိေနတယ္...."
___________________________________________
စိတ္က ေမ်ာက္စိတ္ျဖစ္ေနလို႔ အေတြးတစ္မ်ိဳး ေရးတာ တစ္မ်ိဳးနဲ႔ Roတာမ်ိဳးေလး ေရးမေပးႏိုင္လို႔ ထပ္ၿပီး အခုလဲ အားနာရျပန္ၿပီ...။
Good night🍁
သေဘာက်ရင္လည္း comေလးေတြ ေပးခဲ့ဗ်ာ...။ ကြၽန္ေတာ္နဲ႔ mentမွာ အာလူးဖုတ္ၿပီး သုပ္စားၾကတာေပါ့😂 စတာ စတာ..။
With fully thz, love and respect🖤
ဂ႐ုစိုက္ၾကပါဗ်ာ..။
ေဆာင္းရာသီဆိုတာ မထင္ရင္ မထင္သလို ေနမေကာင္းေစတဲ့ ရာသီမ်ိဳး...။
Zphoowai (6/12/2020: Sunday:17:58PM..)