အပိုင်း(၃၄)
တကျော့ပြန်
လွန်းငယ် ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်များကြောင့် ကြောင်အနေမိသည်။ သူ၏ အပေါ်မိုးထားသူ၏ မျက်နှာတွင် နာကျင်မှုတို့ ထင်အပ်သွားကြောင်း တွေ့မြင်လိုက်ရ၏။
"Kren အဆင်ပြေရဲ့လား...ဘယ်နားထိခိုက်သွားသေးလဲ"
"Boss အဆင်ပြေရဲ့လား"
အနားရောက်လာသူများအသံကြောင့် အပေါ်မှ အုပ်မိုးထားသူသည် သူ့အပေါ်မှ ထကာ မတ်တပ်ရပ်လိုက်လေသည်။ မတ်တပ်မရပ်နိုင်သေးပဲကြောင်အနေသော သူ့အား Zenoမှ တွဲထူပေးလာ၏။
"Zeno ဘယ်လိုဖြစ်.."
"မီးဆိုင်း ပြုတ်ကျတာ Kren...မင်းအပေါ်တည့်တည့်ပဲ...သူမြန်လို့ မင်းကံကောင်းသွားတာ"
"သူ...သူ ထိခိုက်သွားသေးလား Zeno"
"ငါ မသိဘူး...မီးထိုးတဲ့ မီးဆိုင်းရှေ့က မှန်စတွေတော့ လွင့်စင်သွားတယ်...သူ အရမ်းထိခိုက်သွားလားတော့ ငါ မသိဘူး"
လွန်းငယ် အနောက်တွင်ရှိနေသူအား လှည့်ကြည့်ချင်မိသော်လည်း ဆုံးဖြတ်ချက်ချကာ မကြည့်ဘဲနေလိုက်သည်။ ကြားနိုင်အောင် သူ၏အသံအား မြှင့်၍ ပြောလိုက်၏။
"ကျေးဇူး...ဂရုစိုက်ပါ...Zeno သွားရအောင်"
ချက်ချင်းပင် accident ဖြစ်ရာနေရာမှ ခြေလှမ်းသွက်သွက် ထွက်သွားသူကြောင့် Zenoလည်း နောက်မှ အမြန် အမှီလိုက်သွားရသည်။
"Boss ထိခိုက်သွားတယ်မလား"
ကိုဆက် အခြေအနေအားမှန်းဆကာ bossအား မေးလိုက်သည်။
ခွန်းသုရှင် ရှုပ်ယှက်ခတ် အော်ငေါက်ဆူပူမှုများ၊ စကားများနေမှုများအား ဝေ့ဝဲကြည့်လိုက်ပြီးနောက် ကိုဆက်ဖက်လှည့်ကာ ပြောလိုက်၏။
"အင်း...ဆေးသွားဝယ်ခဲ့...ငါ နားနေဆောင်ဘက်က စောင့်နေမယ်"
"ဟုတ်ကဲ့ boss"
ကိုဆက်ထွက်သွားပြီးနောက် ပွဲစီစဉ်သူရောက်ရှိလာကာ သူ့အား တောင်းပန်လေသည်။ အဆင်ပြေကြောင်းပြောကာ မပေါ့ဆရန် သတိပေးလိုက်ပြီး ထိုနေရာမှ သူ ထွက်လာခဲ့လိုက်သည်။
နားနေဆောင်တွင် ခဏနေလိုက်ပြီးနောက် ဆေးပစ္စည်းပစ္စယများအား ကိုင်ကာ ကိုဆက်ရောက်ရှိလာ၏။
"Boss"
"နောက်ကျောဘက်မို့ ငါ မမှီဘူး...ဆေးထည့်ဖို့ တစ်ချက်ကူညီပေး"
ခွန်းသုရှင် ဝတ်ထားသောအင်္ကျီအားချွတ်ကာ နောက်ကျောပေးနေလိုက်သည်။
ကျောပြင်ရှိ သွေးစို့နေသောရှရာအများအပြားအား ကြည့်ကာ ကိုဆက်အံ့အားသင့်သွားရသည်။
"Boss အနာရှိန်နဲ့အဖျားဝင်နိုင်တယ်...အရင် ဆေးခန်းသွားရအောင်"
"ရတယ် ကိုဆက်...ငါဒဏ်ရာရတာ ငါရဲ့ကျောမဟုတ်ဘူး ကိုဆက်...ငါ့ရဲ့နှလုံးသား...ဒီကျောပြင်က ဒဏ်ရာလောက်ကို ငါမနာတော့ဘူး"
"Boss ရယ်"
ကိုဆက် အရက်ပြန်စွတ်ထားသော ဂွမ်းစအားကိုင်ရင်း တိုးညှင်းသောအသံဖြင့် ရေရွတ်လိုက်မိသည်။
"ငါ့ကို အရမ်းမုန်းနေတယ်ထင်တယ်...ငါ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်နိုင်လောက်အောင်ထိ ငါ့ကို နာကျည်းနေတယ်"
"Boss အဲလိုမတွေးပါနဲ့"
"အားလုံးငါ့အမှားတွေ ကိုဆက်...ငါ့ဘက်က မှားခဲ့တာကြီးပဲ"
"ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်ပါနဲ့ boss...ပြင်ဆင်လို့ မရတဲ့အမှားဆိုတာ မရှိပါဘူး...ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းက လွန်းငယ်နဲ့ဆိုင်ပေမဲ့ အမှားပြင်ဆင်ခြင်းကတော့ bossနဲ့ပဲသက်ဆိုင်တယ်...မှားမှန်းသိပြီး အားလုံးကို လက်လျော့လိုက်မဲ့အစား အတတ်နိုင်ဆုံးပြင်ဆင်ကြည့်ပါ"
"သူငါ့ကို တစ်သက်လုံးခွင့်မလွှတ်ရင်ရော"
ကိုဆက် bossအား ဂရုစိုက်ဆေးလိမ်းပေးနေရင်း ပြန်ဖြေလိုက်သည်။
"Boss တစ်ခုခုကို တွေးပူနေမဲ့အစား အရင်ကြိုးစားကြည့်လိုက်ပါ"
အတွေးနယ်ထဲ ဝင်ရောက်သွားပုံရသော bossက ဘာမှပြန်ဖြေမလာတော့။
ကိုဆက် ဆေးလိမ်းပေးပြီးသွားသောအခါ ဆေးပစ္စည်းများအား ပြန်လည်သိမ်းဆည်းလိုက်သည်။
"Boss ကုမ္ပဏီ မသွားတော့ဘူးမလား"
"အရေးကြီးတဲ့ အချိန်ဇယားရှိလား ကိုဆက်"
"မရှိဘူး boss...ကျွန်တော် ကြည့်စီစဉ်လိုက်လို့ရတယ်"
"အဲဒါဆို ကိုဆက် ကြည့်စီစဉ်လိုက်ပါ"
"ဟုတ်ကဲ့ boss"
အင်္ကျီအား ပြန်ဝတ်ပြီး အခန်းအပြင်ထွက်သွားသော bossနောက်ကျောအား ငေးရင်း ကိုဆက်သက်ပြင်းချလိုက်မိသည်။ အရာအားလုံးသည် မပွင့်လင်းခြင်း၏ အကျိုးဆက်များသာ...။
လိပ်ပြာတွေဟာ
ပန်းပွင့်တွေရဲ့ဝတ်ရည်ကို
စုပ်ယူသုံးဆောင်ကြတယ်။
လိပ်ပြာနဲ့ပန်းပွင့်
ကိုယ်ရွေးချယ်ခွင့်ရခဲ့ရင်
ပန်းပွင့်ကိုပဲ ရွေးချယ်ခွင့်ပြုပါ။
ချစ်ရပါသော ကိုယ့်ရဲ့လိပ်ပြာ
ကိုယ်ဟာ မင်းစုပ်ယူတာခံမယ့်
ပန်းလေးတစ်ပွင့်ဖြစ်ပါရစေ။
*******************
"Zeno ဖုန်းပြန်ပေးစမ်း"
"Six...မင်းခေါင်းဆောင် kazutoကို ဖုန်းမဆက်ဘူးလို့ကတိပေးရင် ငါဖုန်းပြန်ပေးမယ်"
"ကျစ် Zeno မင်းအရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ"
Six ဒေါသထွက်စွာ ရှေ့စားပွဲရှိ ပန်းအိုးအား ကြမ်းပြင်ပေါ် တွန်းချပစ်လိုက်သည်။
"ခွမ်း"
"ခုက မတော်တဆဖြစ်တာပါ...မင်းသာ ခေါင်းဆောင်ကိုအသိပေးလိုက်ရင် Kren ချက်ချင်း ဂျပန်ပြန်ရလိမ့်မယ်...သူ ကြိုးစားထားရတဲ့ ဖျော်ဖြေပွဲအကုန်အလဟသဖြစ်ကုန်လိမ့်မယ် Six"
"တကယ်လို့ ဒီကြား သခင်လေး Kren ပြသနာထပ်ဖြစ်ခဲ့ရင် မင်းတာဝန်ယူမှာလား"
"ငါတာဝန်ယူမယ် Six...ခေါင်းဆောင် ငါ့ကိုသတ်ရင်သတ်ပါစေ...Krenအတွက် ငါသေရဲတယ်"
"မင်းသိလား...ငါက အမြဲတာဝန်ကျေတဲ့လူတစ်ယောက်ဆိုတာ...အဲဒါကြောင့် ခေါင်းဆောင် ငါ့ကို ယုံကြည်ပြီးထည့်လိုက်တာ"
Zeno၏ အကြည့်များသည် သူ့ထံတွင် အလုံးစုံကျရောက်နေသည်။ စိတ်ဝင်စားမှုအပြည့်ဖြင့် သူ၏အဖြေကိုမျှော်လင့်နေသည့်အလား။
"ကျစ် ငါမင်းကြောင့်အကျင့်ပျက်နေပြီ...ငါဖုန်းမဆက်တော့ဘူး"
ရုတ်တရက် သူ၏ လက်များအား အားကိုးတကြီးဆုပ်ကိုင်လာသော Zeno။
"Six မင်းကျေးဇူးတွေ ငါမှတ်ထားပါ့မယ်....ခုလို ဆုံးဖြတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်"
"မလိုပါဘူး...မင်းသာ ခဏခဏငါ့ကို နားမပူနဲ့"
Six စိတ်ရှုပ်စွာ Zeno လက်ထဲမှဖုန်းအား ဆွဲယူလိုက်ပြီး အနားမှ အမြန်ထွက်လာရသည်။ သူ ထိုကောင်လေးနားဆက်နေရင် ကြာလာတဲ့အခါ သူ့အကျင့်တွေအကုန် ပြောင်းလဲသွားမည်လား မသိတော့။ မတတ်နိုင်။ မြန်မာပြည်နေစဉ်အတွင်းတော့ ထိုကောင်လေးဘေးနားဆက်ရှိနေကာ ဂျီကျသမျှ ခံရပေဦးမည်။
ဆွဲဆောင်မှုမရှိသော cute typeက သူ့ပုံစံမဟုတ်သော်လည်း သူအခုလို Zeno ပြောသမျှ ဘာလို့လက်ခံနေမိမှန်း ကိုယ်တိုင်ပင်မသိတော့။ ရှုပ်ထွေးနောက်ကျိသွားသော စိတ်အခြေအနေကြောင့် ဆက်စဉ်းစားမနေတော့ဘဲ ခြေလှမ်းအမြန်အရှိန်မြှင့်ကာ ခပ်သွက်သွက် ထွက်လာခဲ့လိုက်တော့သည်။
တာဝန်ကျေသူကိုယ်ဟာ
မင်းရဲ့တောင်းဆိုမှုအောက်
အကြိမ်များစွာ လမ်းပျောက်ခဲ့ရတယ်။
ကိုယ့်ကိုလမ်းလွဲစေသူ မင်းကို
တစ်ခါလေးမှ
ကိုယ် မငြိုငြင်နိုင်ခဲ့။
ဒါဟာ မင်းမှာရှိတဲ့
ကိုယ့်အပေါ်သက်ရောက်နိုင်သော
စွမ်းအားလေးပေါ့။
******************
"ကိုကို သက်သာရဲ့လား"
ကွန်ပျူတာ ဖန်သားပြင်ပေါ် မြင်နေရသောကိုကို့မျက်နှာအား ကြည့်ကာ လွန်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
"ကိုကို ဘာမှမဖြစ်ပါဘူး ငယ်ရဲ့...ငယ်ရော အစစအရာရာ အဆင်ပြေရဲ့လား"
"ဟုတ် ကိုကို...ငယ် အဆင်ပြေတယ်"
"ဘာစားထားလဲ ငယ်...ဆေးတွေရော မှန်မှန်သောက်ရဲ့လား"
စေထားရာအနောက်ဘက် မလှမ်းမကမ်းစားပွဲတွင် ကိတ်မုန့်လှီးနေသော Ka-kochan တစ်ယောက် စေထားရာအား မကြည်သောအကြည့်ဖြင့်ကြည့်လိုက်မိသည်။
"Kazuto...ရောဂါရှိတာ မင်းနော်...သူ မဟုတ်ဘူး... ဆေးမှန်မှန်သောက်ရဲ့လားဆိုတာ မင်းကိုယ်မင်း မေးရမှာ...မင်း ညီကို မေးရမှာ မဟုတ်ဘူး"
"Ka-kochan မင်းပါးစပ်ပိတ်ထား...ငါ စကားပြောနေတာ မမြင်ဘူးလား"
Ka-kochan ဒေါသထွက်စွာ လှီးပြီးသော ကိတ်မုန့်တစ်ချပ်အား ပါးစပ်ထဲကောက်ထည့်ကာ စားပစ်လိုက်၏။
Screen ပေါ် တွေ့မြင်နေရသော မတည့်အတူနေ မြင်ကွင်းအား ကြည့်ကာ လွန်းငယ် ရယ်လိုက်မိသည်။ ဒေါက်တာ kakochanသာ ကိုကို့အနား အမြဲရှိရင် လွန်းငယ် ကိုကို့အတွက် စိတ်သက်သာရာရသည်။
"ငယ်က ထမင်းစားထားတယ် ကိုကို...အစားအချိန်မှန် စားတာမို့ စိတ်မပူနဲ့နော်...ကိုကိုသာ ဆေးဒဏ်ခံနိုင်အောင် အစားများများစားပေး"
"ငယ် ဘာဟင်းနဲ့စားတာလဲ"
"ငါးကလေးအိုးကပ်နဲ့ စားထားတာ ကိုကို...မြန်မာပြည် ပြန်ရောက်တုန်း မြန်မာအစားအစာတွေ အကုန် လျှောက်စားနေတာ...ကြာရင် ငယ် ဝလာတော့မယ်"
"ကိုကို့ရဲ့ ငယ်က ဝလည်း ချစ်စရာကောင်းတယ်...အရင်လိုကျန်းမာရေး မကောင်းတာထက်စာရင် ခုလိုမြင်ရတာ ကိုကို့ကို ပိုစိတ်ချမ်းသာစေတယ်"
"ကိုကို ပိန်သွားတယ်"
လွန်းငယ် ဝမ်းနည်းစွာ screenပေါ်ရှိ ကိုကို့မျက်နှာအား ထိ၍ ပြောလိုက်မိသည်။
"ပိန်သွားပေမဲ့ ကိုကို ကြည့်ကောင်းတုန်းပဲမလား"
မျက်ရည်ရစ်ဝဲလာသော မျက်ဝန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ လွန်းငယ်ပြုံးရယ်လိုက်မိသည်။
"အင်း အရမ်းကြည့်ကောင်းတယ်...ကိုကို အချောဆုံးပဲ"
"ကိုကိုက ငယ် အဲလိုပြောရင် အရမ်းသဘောကျတာ သိတယ်မလား"
ကိုကိုက လွန်းငယ်ကို အမြဲ ဝမ်းနည်းမှုမရှိ ပြုံးရယ်နေအောင် ဖန်တီးနိုင်လွန်းသည်။ လွန်းငယ် မျက်တောင်များအား အကြိမ်များစွာခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"အင်း"
"ကိုကို့ ငယ်လေး အရမ်းရင့်ကျက်လာတာပဲ"
ကိုကို့ ချီးကျူးစကားအဆုံး လွန်းငယ် ပြုံးလိုက်မိသည်။
"အာ အခုမှသတိရတယ်...လွန်းငယ်ဆီ ကိုကို့သွားတိုက်တံ မှားပါလာတယ်...သွားတိုက်တံဆင်တော့လေ ငယ် မှားယူလာမိတာ"
"ကိုကို့ဆီ သွားတိုက်တံအသစ်တွေ အများကြီးရှိတာပဲ...အဲဒါထားလိုက်တော့ ငယ်လေး...လွှင့်ပစ်လိုက်တော့"
"ဟုတ် ကိုကို"
ထို့နောက် လွန်းငယ် ကွန်ပျူတာဖန်သားပြင်တွင်မြင်နေရသော ကိုကို့ပုံရိပ်အား မေးထောက်ကာ ငေးကြည့်နေလိုက်မိသည်။ စကားအဆက်စပ်မရှိ တိတ်ဆိတ်သွားသော သူတို့ကြား ကိုကိုက စကားစလာ၏။
"ကိုကို မှတ်မိသေးတယ်...ငယ်ရဲ့ ပထမဆုံးဟင်းလက်ရာကို ကိုကိုစားခဲ့ရတာ...ငယ်ပထမဆုံးချက်တာ ငါးကလေးအိုးကပ်"
ခုချိန်ထိ ကိုကို မှတ်မိနေသေးတာပဲဟု တွေးကာ ထပ်၍ ပြုံးရယ်မိသွားရပြန်သည်။
"အဲတုန်းက ငါးကလေးအိုးကပ်ကို အိုးကပ်တာထက်ကျော်ပြီး တူးသွားအောင်ထိ ချက်ခဲ့တာ...ခုလို အိုးအရမ်းကပ်တာကမှ ငါးကလေးအိုးကပ်အစစ်ဆိုပြီးလည်း ပြောလိုက်သေးတယ်"
"ကိုကိုလည်း အဲဒါကို ဟင်းတစ်ခွက်လုံးကုန်အောင် တစ်ယောက်တည်းစားခဲ့တာပဲမလား...မကောင်းဘူး မစားပါတော့နဲ့ဆိုတာ လွှင့်ပစ်မခံဘူး"
"ငယ့် ပထမဆုံးလက်ရာလေ...ကိုကို လွှင့်ပစ်ရက်ပါ့မလား"
ကိုကို့ အပြောကြောင့်လွန်းငယ်ရင်ထဲ ကြည်နူးသွားရသည်။
"ငယ့်ဆီက ကိုကို ပထမဆုံးတွေ တော်တော်များများ ရခဲ့တာပဲ...ငယ် တစ်ခုခုလုပ်တတ်သွားတိုင်း ပထမဆုံးအရာတွေကို ကိုကို့ကို ပေးခဲ့တာချည်းပဲ"
"ကိုကိုက ငယ့်အတွက် အရမ်းအဖိုးတန်တဲ့ကိုကိုမို့"
ချစ်စရာကောင်းလွန်းနေသော ငယ့်ကြောင့်စေထားရာ ပြုံးလိုက်မိသည်။
"ငယ်က ပထမဆုံးဆိုတာတွေကို အရမ်းသဘောကျလွန်းတယ်..ငယ့်အတွက် ပထမဆုံးအရာတွေ လုပ်ပေးတဲ့သူကိုတော့ ကိုကိုလို့မထင်ခဲ့ဘူးမလား"
လွန်းငယ် ရင်ထဲတုန်လှုပ်သွားကာပြုံးနေရာမှ မျက်နှာပျက်သွားရသည်။ ကိုကို သိနေတယ်ဟူသော အတွေးက သူ့အား ခြောက်ခြားသွားစေသည်။
"တကယ်တော့ ငယ့်ရဲ့ပထမဆုံး တော်တော်များများကို ကိုကို လုပ်ပေးခဲ့ဖူးတာပဲ...ငယ်က မမြင်နိုင်ခဲ့တာ...အမြဲတမ်းလက်ခံရနေရင် ပေးသူရဲ့စေတနာကို မမြင်တတ်ကြဘူးတဲ့"
အပြုံးမပျက် ထိုစကားတို့ ပြောနေသောကိုကို့ပုံက အရမ်းထူးဆန်းနေသည်။ ကိုကိုက ငယ့်အပေါ်တစ်ခါမှ ထိုကဲ့သို့ မပြောဖူးခဲ့။
"Kazuto တော်တော့...ခဏနားလိုက်ဦး...နေမကောင်းဖြစ်လိမ့်မယ်"
ကိုကို့အနီးရောက်လာသော ဒေါက်တာ Ka-kochan က ကိုကို့စကားအား ဖြတ်၍ပြောလာ၏။
"Kren...Kazuto နေသိပ်မကောင်းလို့ video call ချလိုက်တော့မယ်နော်...ကျန်းမာရေးဂရုစိုက်ဦး..see you"
နှုတ်ဆက်စကားအဆုံး မှောင်မဲကာ ပိတ်ကျသွားသောကွန်ပျူတာ ဖန်သားပြင်။ လွန်းငယ် အသက်မဲ့သူတစ်ယောက်လို ဆွံ့အသွားရတော့သည်။
နေရောင်ဟာ
ကြယ်ရောင်ထက်
တောက်ပတဲ့လာအခါ
လူတွေဟာ
ကြယ်လေးတွေရဲ့ထွန်းလင်းမှုကို
မမြင်နိုင်ကြတော့ဘူး။
၂၄နာရီလုံးထွန်းလင်းနေတဲ့
ကြယ်လေးတွေရဲ့စေတနာကို
သူတို့ မသိနိုင်ကြတော့ဘူး။
အဲလိုပဲ....အမြဲရရှိနေတဲ့
ကိုယ့်ဂရုစိုက်မှုတွေကိုလည်း
မင်းဟာ အသိအမှတ်မပြုနိုင်ခဲ့ဘူး။
**********************
"Kazuto မင်းဘာတွေဖြစ်နေတာလဲ"
လေသံမာသွားသော သူ့အား kazuto က စိုက်ကြည့်လာ၏။
"အင်း ငါလည်း ဘာဖြစ်လို့ဖြစ်သွားမှန်း မသိတော့ဘူး"
"Krenကို စိတ်မကောင်းဖြစ်အောင် နည်းနည်းလေးမှ မလုပ်ရက်တဲ့မင်းက ခုလိုပုံစံမျိုး လုပ်မလာနဲ့ Kazuto...အခုလို မင်းရဲ့ပုံစံက ငါ့ကိုစိုးရိမ်လာစေတယ်"
"ငါ ငယ်လေးကို ဝမ်းနည်းအောင် လုပ်ဖို့မရည်ရွယ်ဘူး Ka-kochan...အခုတလော ငါ့စိတ်တွေ အရမ်းလွတ်ထွက်နေတယ်...ဘယ်လိုကြောင့် အဲစကားတွေထွက်လာလဲ ငါမသိတော့ဘူး"
မျက်နှာအား လက်နှစ်ဖက်ဖြင့်အုပ်ကာ စိတ်ပျက်နေပုံရသော Kazutoအား ကြည့်ရင်း Ka-kochan ရင်ဘတ်ထဲမှ နာကျင်လာရသည်။
အမြဲအရှိန်အဝါတစ်ခုရှိနေတတ်သော Kazuto,ဘယ်သူ့ကိုမှ အရှုံးမပေးသော Kazuto,တော်လွန်းထက်မြက်လွန်းသော သူချစ်ရသည့် Kazutoက ခုလိုပုံစံမျိုးမှ မဟုတ်တာ။
ကြည့်ရင်း ရင်ထဲက နာကျင်မှူက ပို၍ပို၍ ဆိုးရွားလာရသည်။
"မင်း နာကျင်ရင် ငါ့ကိုဖွင့်ပြောလို့ရတယ် Kazuto...မင်းရင်ထဲ တင်းကျပ်နေတဲ့ ခံစားချက်တွေအကုန် ငါ့ကို ရင်ဖွင့်လို့ရတယ်...အဲဒါတွေရဲ့ထွက်ပေါက်အဖြစ် မင်းညီဘက်ကို ဖွင့်မချပါနဲ့...သူ စိတ်မကောင်းဖြစ်တာထက် မင်းကနှစ်ဆပိုနာကျင်ရလို့ Kazuto...မင်း နာကျင်ရတာမြင်ရတိုင်း ငါက မင်းထက် အဆများစွာ ပိုနာကျင်ရတယ်"
"ငါ့ကိုအရမ်းမကောင်းပါနဲ့လား Ka-kochan...တစ်စုံတစ်ယောက်ပေါ် အရမ်းကောင်းပေးတာက ကိုယ့်ကိုကိုယ်နာကျင်ရဖို့ အခွင့်အရေးပေးလိုက်တာပဲတဲ့"
"လူအချင်းချင်း စာနာမှုထားဖို့တောင် ငါတို့ငယ်ငယ်က သင်ခဲ့ရသေးတာပဲ...ကိုယ် ဂရုစိုက်ရတဲ့ တစ်စုံတစ်ယောက်ကို ကောင်းပေးရတာက နာကျင်ရမယ်ဆိုလည်း ထိုက်တန်ပါတယ်"
စေထားရာ မျက်နှာတွင်အုပ်ထားသော လက်အား ဖယ်၍ ပြုံးကာ Ka-kochanအား ကြည့်လိုက်မိသည်။
သူ့အချစ်ဆုံး သူငယ်ချင်းက အရမ်းကြင်နာတတ်ပြီး စေတနာကောင်းလွန်းသည်။ အဲဒါကြောင့် လူ့အသက်ကယ်တင်ရသော မွန်မြတ်သည့်စေတနာရှင်ဆရာဝန်တစ်ယောက်ဖြစ်လာပုံရသည်။
သူကတော့ လူ့အသက်အား စက္ကန့်ပိုင်းအတွင်း နှုတ်ယူနိုင်သည့် လက်တွင်သွေးများစွာ စွန်းထင်းနေသူ။ သူတို့နှစ်ယောက်သည် ဒွန်တွဲမရသော အလုပ်အကိုင်လုပ်ကိုင်နေကြသူများ။
"ငါ့ကို အရမ်းမျှော်လင့်မထားနဲ့ဦး...ငါ့ရောဂါအခြေအနေ မင်းသိတာပဲ...မျှော်လင့်ထားသလိုဖြစ်မလာရင် မင်းဝမ်းနည်းရလိမ့်မယ်"
"မျှော်လင့်ချက် မရှိရင် ဘဝက အဓိပ္ပါယ်မဲ့တယ်တဲ့...မင်းက ငါ့မျှော်လင့်ချက်ဖြစ်လာတာ မင်းဘယ်လောက်ကံကောင်းလိုက်လဲ"
"ငါကတော့ ကံမကောင်းဘူးထင်တယ်...မင်းကြောင့်လက်ရှိ ငါအကျယ်ချုပ်ကျနေတယ်လေ"
"မင်းအစားမှန်မှန်စား ဆေးမှန်မှန်သောက်အောင် ငါကြိုးစားနေရတာတွေကျ မမြင်ဘူးပေါ့"
"အားး နားညီးလိုက်တာ...အိပ်ပြီ...မင်းအပြင်ထွက်ရင် မီးပိတ်သွားပေး"
Ka-kochan စောင်ခြုံကာ ကျောပေးအိပ်သွားသော Kazutoအား ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် အခန်းမီးပိတ်၍ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
မီးရောင်ကို တိုးဝှေ့ကာ
အသေခံနေကြသော
ပိုးဖလံလေးများအား
မိုက်ရူးရဲဆန်သည်ဟု
အပြစ်တင်ခဲ့ဖူးတယ်။
မီးရောင်ရဲ့လှပမှုဟာ
သူတို့ကို စိတ်လွတ်သည်ထိ
ဆွဲဆောင်ထားလွန်းတယ်ဆိုတာ
ကိုယ်မှ မသိခဲ့ဘဲ။
******************
"ဒေါက်တာ duty ပြီးပြီပေါ့"
"အင်း ဟုတ်တယ်...အခုအိမ်ပြန်နားတော့မလို့လေ"
"ဂရုစိုက်ဦးနော် ဒေါက်တာ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ကြယ်လွှဲမိုး ခေါင်းအား ဘယ်ညာယိမ်းကာ ဇက်ကြောအား ဖြေလျှော့လိုက်ပြီး ရှေ့ဆက်လျှောက်လိုက်သည်။
"သေချာစစ်ဆေးပြီးတဲ့နောက် အခုအဖြစ်အပျက်ကို မတော်တဆမှုလို့ သတ်မှတ်ထားပါတယ်...ထိခိုက်ဒဏ်ရာရရှိသူ အများအပြားမရှိဘဲ အနည်းငယ် ထိခိုက်သွားတဲ့ PS & High Risk ဥက္ကဋ္ဌခွန်းသုရှင်တစ်ယောက်သာရှိကြောင်း ကြားသိရပါတယ်ရှင်...ပွဲစီစဉ်သည့် အကြီးအကဲများဘက်မှ စန္ဒယားပညာရှင် Kren နဲ့ ဥက္ကဋ္ဌခွန်းသုရှင်ကို တောင်းပန်ထားတယ်လို့လည်း ထပ်ပြီးသိရပါတယ်ရှင်"
ဆေးရုံတွင် ဖွင့်ထားသော သတင်းအစီအစဉ်မှ ပျံ့လွင့်လာသောအသံကြောင့် ကြယ်လွှဲမိုးအကြည့်များအားလုံး တီဗီဖန်သားပြင်ဆီ ရောက်ရှိသွားသည်။ မတော်တဆမှု အဖြစ်အပျက်အား ပြသနေသည်အား မျက်တောင်မခတ်စူးစိုက်ကြည့်လိုက်သည်။
လွန်းငယ်နှင့်တူလွန်းသော ရွှေရောင်မျက်နှာဖုံးတပ်ကာ ငွေရောင်ဆံနွယ်များနှင့် ကောင်လေးတစ်ယောက်။ ထိုကောင်လေးပေါ်ကျလာသော မီးဆိုင်းကြောင့် ထိခိုက်ဒဏ်ရာမရစေရန် အမြန်တွန်းထိုးကာ ကယ်တင်လိုက်သော ကို။
သူ(မ)အနေဖြင့် ထိုကောင်လေးသည် လွန်းငယ်မှန်း ပိုသေချာသွားစေသည်။ ကိုယ်တိုင်အထိခိုက်ခံကာ ကို စွန့်စားကယ်တင်သည့်သူသည် ထိုကောင်လေးမှလွဲ၍ တခြားသူ မဖြစ်နိုင်။
တီဗီမှ အကြည့်လွှဲမဖယ်ခင် သူ(မ)ပြုံးလိုက်မိသည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
ထို့နောက် ခြေလှမ်းမှန်မှန်ဖြင့် ဆေးရုံထဲမှ သူ(မ)ထွက်ခွာလာခဲ့တော့သည်။
ချက်ကောင်းကိုထိ
သေစေနိုင်တဲ့
မြားချွန်ဟာ
တနုံ့နုံ့ခံစားသေစေတဲ့
အဆိပ်လူးမြားလောက်
မထိရောက်ဘူး။
မုန်းတီးသူကို
နာကျင်စေခြင်းထက်
ထိုသူ တန်ဖိုးထားသောအရာကို
ဖျက်ဆီးခြင်းက
ကိုယ့်အတွက်အကောင်းဆုံး
လက်စားချေခြင်းတစ်ခုဆိုတာ
လျော့တွက်လွန်းသူကို
သိစေချင်မိတယ်။
******************
အပိုင္း(၃၄)
တေက်ာ့ျပန္
လြန္းငယ္ ႐ုတ္တရက္ျဖစ္သြားေသာ အျဖစ္အပ်က္မ်ားေၾကာင့္ ေၾကာင္အေနမိသည္။ သူ၏ အေပၚမိုးထားသူ၏ မ်က္ႏွာတြင္ နာက်င္မႈတို႔ ထင္အပ္သြားေၾကာင္း ေတြ႕ျမင္လိုက္ရ၏။
"Kren အဆင္ေျပရဲ႕လား...ဘယ္နားထိခိုက္သြားေသးလဲ"
"Boss အဆင္ေျပရဲ႕လား"
အနားေရာက္လာသူမ်ားအသံေၾကာင့္ အေပၚမွ အုပ္မိုးထားသူသည္ သူ႕အေပၚမွ ထကာ မတ္တပ္ရပ္လိုက္ေလသည္။ မတ္တပ္မရပ္နိုင္ေသးပဲေၾကာင္အေနေသာ သူ႕အား Zenoမွ တြဲထူေပးလာ၏။
"Zeno ဘယ္လိုျဖစ္.."
"မီးဆိုင္း ျပဳတ္က်တာ Kren...မင္းအေပၚတည့္တည့္ပဲ...သူျမန္လို႔ မင္းကံေကာင္းသြားတာ"
"သူ...သူ ထိခိုက္သြားေသးလား Zeno"
"ငါ မသိဘူး...မီးထိုးတဲ့ မီးဆိုင္းေရွ႕က မွန္စေတြေတာ့ လြင့္စင္သြားတယ္...သူ အရမ္းထိခိုက္သြားလားေတာ့ ငါ မသိဘူး"
လြန္းငယ္ အေနာက္တြင္ရွိေနသူအား လွည့္ၾကည့္ခ်င္မိေသာ္လည္း ဆုံးျဖတ္ခ်က္ခ်ကာ မၾကည့္ဘဲေနလိုက္သည္။ ၾကားနိုင္ေအာင္ သူ၏အသံအား ျမႇင့္၍ ေျပာလိုက္၏။
"ေက်းဇူး...ဂ႐ုစိုက္ပါ...Zeno သြားရေအာင္"
ခ်က္ခ်င္းပင္ accident ျဖစ္ရာေနရာမွ ေျခလွမ္းသြက္သြက္ ထြက္သြားသူေၾကာင့္ Zenoလည္း ေနာက္မွ အျမန္ အမွီလိုက္သြားရသည္။
"Boss ထိခိုက္သြားတယ္မလား"
ကိုဆက္ အေျခအေနအားမွန္းဆကာ bossအား ေမးလိုက္သည္။
ခြန္းသုရွင္ ရႈပ္ယွက္ခတ္ ေအာ္ေငါက္ဆူပူမႈမ်ား၊ စကားမ်ားေနမႈမ်ားအား ေဝ့ဝဲၾကည့္လိုက္ၿပီးေနာက္ ကိုဆက္ဖက္လွည့္ကာ ေျပာလိုက္၏။
"အင္း...ေဆးသြားဝယ္ခဲ့...ငါ နားေနေဆာင္ဘက္က ေစာင့္ေနမယ္"
"ဟုတ္ကဲ့ boss"
ကိုဆက္ထြက္သြားၿပီးေနာက္ ပြဲစီစဥ္သူေရာက္ရွိလာကာ သူ႕အား ေတာင္းပန္ေလသည္။ အဆင္ေျပေၾကာင္းေျပာကာ မေပါ့ဆရန္ သတိေပးလိုက္ၿပီး ထိုေနရာမွ သူ ထြက္လာခဲ့လိုက္သည္။
နားေနေဆာင္တြင္ ခဏေနလိုက္ၿပီးေနာက္ ေဆးပစၥည္းပစၥယမ်ားအား ကိုင္ကာ ကိုဆက္ေရာက္ရွိလာ၏။
"Boss"
"ေနာက္ေက်ာဘက္မို႔ ငါ မမွီဘူး...ေဆးထည့္ဖို႔ တစ္ခ်က္ကူညီေပး"
ခြန္းသုရွင္ ဝတ္ထားေသာအကၤ်ီအားခြၽတ္ကာ ေနာက္ေက်ာေပးေနလိုက္သည္။
ေက်ာျပင္ရွိ ေသြးစို႔ေနေသာရွရာအမ်ားအျပားအား ၾကည့္ကာ ကိုဆက္အံ့အားသင့္သြားရသည္။
"Boss အနာရွိန္နဲ႕အဖ်ားဝင္နိုင္တယ္...အရင္ ေဆးခန္းသြားရေအာင္"
"ရတယ္ ကိုဆက္...ငါဒဏ္ရာရတာ ငါရဲ႕ေက်ာမဟုတ္ဘူး ကိုဆက္...ငါ့ရဲ႕ႏွလုံးသား...ဒီေက်ာျပင္က ဒဏ္ရာေလာက္ကို ငါမနာေတာ့ဘူး"
"Boss ရယ္"
ကိုဆက္ အရက္ျပန္စြတ္ထားေသာ ဂြမ္းစအားကိုင္ရင္း တိုးညွင္းေသာအသံျဖင့္ ေရ႐ြတ္လိုက္မိသည္။
"ငါ့ကို အရမ္းမုန္းေနတယ္ထင္တယ္...ငါ့ကိုတစ္ခ်က္ေလးေတာင္ လွည့္မၾကည့္နိုင္ေလာက္ေအာင္ထိ ငါ့ကို နာက်ည္းေနတယ္"
"Boss အဲလိုမေတြးပါနဲ႕"
"အားလုံးငါ့အမွားေတြ ကိုဆက္...ငါ့ဘက္က မွားခဲ့တာႀကီးပဲ"
"ကိုယ့္ကိုကိုယ္ အရမ္းအျပစ္မတင္ပါနဲ႕ boss...ျပင္ဆင္လို႔ မရတဲ့အမွားဆိုတာ မရွိပါဘူး...ခြင့္လႊတ္ျခင္း ခြင့္မလႊတ္ျခင္းက လြန္းငယ္နဲ႕ဆိုင္ေပမဲ့ အမွားျပင္ဆင္ျခင္းကေတာ့ bossနဲ႕ပဲသက္ဆိုင္တယ္...မွားမွန္းသိၿပီး အားလုံးကို လက္ေလ်ာ့လိုက္မဲ့အစား အတတ္နိုင္ဆုံးျပင္ဆင္ၾကည့္ပါ"
"သူငါ့ကို တစ္သက္လုံးခြင့္မလႊတ္ရင္ေရာ"
ကိုဆက္ bossအား ဂ႐ုစိုက္ေဆးလိမ္းေပးေနရင္း ျပန္ေျဖလိုက္သည္။
"Boss တစ္ခုခုကို ေတြးပူေနမဲ့အစား အရင္ႀကိဳးစားၾကည့္လိုက္ပါ"
အေတြးနယ္ထဲ ဝင္ေရာက္သြားပုံရေသာ bossက ဘာမွျပန္ေျဖမလာေတာ့။
ကိုဆက္ ေဆးလိမ္းေပးၿပီးသြားေသာအခါ ေဆးပစၥည္းမ်ားအား ျပန္လည္သိမ္းဆည္းလိုက္သည္။
"Boss ကုမၸဏီ မသြားေတာ့ဘူးမလား"
"အေရးႀကီးတဲ့ အခ်ိန္ဇယားရွိလား ကိုဆက္"
"မရွိဘူး boss...ကြၽန္ေတာ္ ၾကည့္စီစဥ္လိုက္လို႔ရတယ္"
"အဲဒါဆို ကိုဆက္ ၾကည့္စီစဥ္လိုက္ပါ"
"ဟုတ္ကဲ့ boss"
အကၤ်ီအား ျပန္ဝတ္ၿပီး အခန္းအျပင္ထြက္သြားေသာ bossေနာက္ေက်ာအား ေငးရင္း ကိုဆက္သက္ျပင္းခ်လိဳက္မိသည္။ အရာအားလုံးသည္ မပြင့္လင္းျခင္း၏ အက်ိဳးဆက္မ်ားသာ...။
လိပ္ျပာေတြဟာ
ပန္းပြင့္ေတြရဲ႕ဝတ္ရည္ကို
စုပ္ယူသုံးေဆာင္ၾကတယ္။
လိပ္ျပာနဲ႕ပန္းပြင့္
ကိုယ္ေ႐ြးခ်ယ္ခြင့္ရခဲ့ရင္
ပန္းပြင့္ကိုပဲ ေ႐ြးခ်ယ္ခြင့္ျပဳပါ။
ခ်စ္ရပါေသာ ကိုယ့္ရဲ႕လိပ္ျပာ
ကိုယ္ဟာ မင္းစုပ္ယူတာခံမယ့္
ပန္းေလးတစ္ပြင့္ျဖစ္ပါရေစ။
*******************
"Zeno ဖုန္းျပန္ေပးစမ္း"
"Six...မင္းေခါင္းေဆာင္ kazutoကို ဖုန္းမဆက္ဘူးလို႔ကတိေပးရင္ ငါဖုန္းျပန္ေပးမယ္"
"က်စ္ Zeno မင္းအရမ္းစိတ္ရႈပ္ဖို႔ေကာင္းတာပဲ"
Six ေဒါသထြက္စြာ ေရွ႕စားပြဲရွိ ပန္းအိုးအား ၾကမ္းျပင္ေပၚ တြန္းခ်ပစ္လိုက္သည္။
"ခြမ္း"
"ခုက မေတာ္တဆျဖစ္တာပါ...မင္းသာ ေခါင္းေဆာင္ကိုအသိေပးလိုက္ရင္ Kren ခ်က္ခ်င္း ဂ်ပန္ျပန္ရလိမ့္မယ္...သူ ႀကိဳးစားထားရတဲ့ ေဖ်ာ္ေျဖပြဲအကုန္အလဟသျဖစ္ကုန္လိမ့္မယ္ Six"
"တကယ္လို႔ ဒီၾကား သခင္ေလး Kren ျပသနာထပ္ျဖစ္ခဲ့ရင္ မင္းတာဝန္ယူမွာလား"
"ငါတာဝန္ယူမယ္ Six...ေခါင္းေဆာင္ ငါ့ကိုသတ္ရင္သတ္ပါေစ...Krenအတြက္ ငါေသရဲတယ္"
"မင္းသိလား...ငါက အၿမဲတာဝန္ေက်တဲ့လူတစ္ေယာက္ဆိုတာ...အဲဒါေၾကာင့္ ေခါင္းေဆာင္ ငါ့ကို ယုံၾကည္ၿပီးထည့္လိုက္တာ"
Zeno၏ အၾကည့္မ်ားသည္ သူ႕ထံတြင္ အလုံးစုံက်ေရာက္ေနသည္။ စိတ္ဝင္စားမႈအျပည့္ျဖင့္ သူ၏အေျဖကိုေမွ်ာ္လင့္ေနသည့္အလား။
"က်စ္ ငါမင္းေၾကာင့္အက်င့္ပ်က္ေနၿပီ...ငါဖုန္းမဆက္ေတာ့ဘူး"
႐ုတ္တရက္ သူ၏ လက္မ်ားအား အားကိုးတႀကီးဆုပ္ကိုင္လာေသာ Zeno။
"Six မင္းေက်းဇူးေတြ ငါမွတ္ထားပါ့မယ္....ခုလို ဆုံးျဖတ္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"မလိုပါဘူး...မင္းသာ ခဏခဏငါ့ကို နားမပူနဲ႕"
Six စိတ္ရႈပ္စြာ Zeno လက္ထဲမွဖုန္းအား ဆြဲယူလိုက္ၿပီး အနားမွ အျမန္ထြက္လာရသည္။ သူ ထိုေကာင္ေလးနားဆက္ေနရင္ ၾကာလာတဲ့အခါ သူ႕အက်င့္ေတြအကုန္ ေျပာင္းလဲသြားမည္လား မသိေတာ့။ မတတ္နိုင္။ ျမန္မာျပည္ေနစဥ္အတြင္းေတာ့ ထိုေကာင္ေလးေဘးနားဆက္ရွိေနကာ ဂ်ီက်သမွ် ခံရေပဦးမည္။
ဆြဲေဆာင္မႈမရွိေသာ cute typeက သူ႕ပုံစံမဟုတ္ေသာ္လည္း သူအခုလို Zeno ေျပာသမွ် ဘာလို႔လက္ခံေနမိမွန္း ကိုယ္တိုင္ပင္မသိေတာ့။ ရႈပ္ေထြးေနာက္က်ိသြားေသာ စိတ္အေျခအေနေၾကာင့္ ဆက္စဥ္းစားမေနေတာ့ဘဲ ေျခလွမ္းအျမန္အရွိန္ျမႇင့္ကာ ခပ္သြက္သြက္ ထြက္လာခဲ့လိုက္ေတာ့သည္။
တာဝန္ေက်သဴကိုယ္ဟာ
မင္းရဲ႕ေတာင္းဆိုမႈေအာက္
အႀကိမ္မ်ားစြာ လမ္းေပ်ာက္ခဲ့ရတယ္။
ကိုယ့္ကိုလမ္းလြဲေစသူ မင္းကို
တစ္ခါေလးမွ
ကိုယ္ မၿငိဳျငင္နိုင္ခဲ့။
ဒါဟာ မင္းမွာရွိတဲ့
ကိုယ့္အေပၚသက္ေရာက္နိုင္ေသာ
စြမ္းအားေလးေပါ့။
******************
"ကိုကို သက္သာရဲ႕လား"
ကြန္ပ်ဴတာ ဖန္သားျပင္ေပၚ ျမင္ေနရေသာကိုကို႔မ်က္ႏွာအား ၾကည့္ကာ လြန္းငယ္ စိုးရိမ္စြာ ေမးလိုက္သည္။
"ကိုကို ဘာမွမျဖစ္ပါဘူး ငယ္ရဲ႕...ငယ္ေရာ အစစအရာရာ အဆင္ေျပရဲ႕လား"
"ဟုတ္ ကိုကို...ငယ္ အဆင္ေျပတယ္"
"ဘာစားထားလဲ ငယ္...ေဆးေတြေရာ မွန္မွန္ေသာက္ရဲ႕လား"
ေစထားရာအေနာက္ဘက္ မလွမ္းမကမ္းစားပြဲတြင္ ကိတ္မုန႔္လွီးေနေသာ Ka-kochan တစ္ေယာက္ ေစထားရာအား မၾကည္ေသာအၾကည့္ျဖင့္ၾကည့္လိုက္မိသည္။
"Kazuto...ေရာဂါရွိတာ မင္းေနာ္...သူ မဟုတ္ဘူး... ေဆးမွန္မွန္ေသာက္ရဲ႕လားဆိုတာ မင္းကိုယ္မင္း ေမးရမွာ...မင္း ညီကို ေမးရမွာ မဟုတ္ဘူး"
"Ka-kochan မင္းပါးစပ္ပိတ္ထား...ငါ စကားေျပာေနတာ မျမင္ဘူးလား"
Ka-kochan ေဒါသထြက္စြာ လွီးၿပီးေသာ ကိတ္မုန႔္တစ္ခ်ပ္အား ပါးစပ္ထဲေကာက္ထည့္ကာ စားပစ္လိုက္၏။
Screen ေပၚ ေတြ႕ျမင္ေနရေသာ မတည့္အတူေန ျမင္ကြင္းအား ၾကည့္ကာ လြန္းငယ္ ရယ္လိုက္မိသည္။ ေဒါက္တာ kakochanသာ ကိုကို႔အနား အၿမဲရွိရင္ လြန္းငယ္ ကိုကို႔အတြက္ စိတ္သက္သာရာရသည္။
"ငယ္က ထမင္းစားထားတယ္ ကိုကို...အစားအခ်ိန္မွန္ စားတာမို႔ စိတ္မပူနဲ႕ေနာ္...ကိုကိုသာ ေဆးဒဏ္ခံနိုင္ေအာင္ အစားမ်ားမ်ားစားေပး"
"ငယ္ ဘာဟင္းနဲ႕စားတာလဲ"
"ငါးကေလးအိုးကပ္နဲ႕ စားထားတာ ကိုကို...ျမန္မာျပည္ ျပန္ေရာက္တုန္း ျမန္မာအစားအစာေတြ အကုန္ ေလွ်ာက္စားေနတာ...ၾကာရင္ ငယ္ ဝလာေတာ့မယ္"
"ကိုကို႔ရဲ႕ ငယ္က ဝလည္း ခ်စ္စရာေကာင္းတယ္...အရင္လိုက်န္းမာေရး မေကာင္းတာထက္စာရင္ ခုလိုျမင္ရတာ ကိုကို႔ကို ပိုစိတ္ခ်မ္းသာေစတယ္"
"ကိုကို ပိန္သြားတယ္"
လြန္းငယ္ ဝမ္းနည္းစြာ screenေပၚရွိ ကိုကို႔မ်က္ႏွာအား ထိ၍ ေျပာလိုက္မိသည္။
"ပိန္သြားေပမဲ့ ကိုကို ၾကည့္ေကာင္းတုန္းပဲမလား"
မ်က္ရည္ရစ္ဝဲလာေသာ မ်က္ဝန္းမ်ားႏွင့္ ဆန႔္က်င္ဘက္ျဖစ္စြာ လြန္းငယ္ၿပဳံးရယ္လိုက္မိသည္။
"အင္း အရမ္းၾကည့္ေကာင္းတယ္...ကိုကို အေခ်ာဆုံးပဲ"
"ကိုကိုက ငယ္ အဲလိုေျပာရင္ အရမ္းသေဘာက်တာ သိတယ္မလား"
ကိုကိုက လြန္းငယ္ကို အၿမဲ ဝမ္းနည္းမႈမရွိ ၿပဳံးရယ္ေနေအာင္ ဖန္တီးနိုင္လြန္းသည္။ လြန္းငယ္ မ်က္ေတာင္မ်ားအား အႀကိမ္မ်ားစြာခတ္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္၏။
"အင္း"
"ကိုကို႔ ငယ္ေလး အရမ္းရင့္က်က္လာတာပဲ"
ကိုကို႔ ခ်ီးက်ဴးစကားအဆုံး လြန္းငယ္ ၿပဳံးလိုက္မိသည္။
"အာ အခုမွသတိရတယ္...လြန္းငယ္ဆီ ကိုကို႔သြားတိုက္တံ မွားပါလာတယ္...သြားတိုက္တံဆင္ေတာ့ေလ ငယ္ မွားယူလာမိတာ"
"ကိုကို႔ဆီ သြားတိုက္တံအသစ္ေတြ အမ်ားႀကီးရွိတာပဲ...အဲဒါထားလိုက္ေတာ့ ငယ္ေလး...လႊင့္ပစ္လိုက္ေတာ့"
"ဟုတ္ ကိုကို"
ထို႔ေနာက္ လြန္းငယ္ ကြန္ပ်ဴတာဖန္သားျပင္တြင္ျမင္ေနရေသာ ကိုကို႔ပုံရိပ္အား ေမးေထာက္ကာ ေငးၾကည့္ေနလိုက္မိသည္။ စကားအဆက္စပ္မရွိ တိတ္ဆိတ္သြားေသာ သူတို႔ၾကား ကိုကိုက စကားစလာ၏။
"ကိုကို မွတ္မိေသးတယ္...ငယ္ရဲ႕ ပထမဆုံးဟင္းလက္ရာကို ကိုကိုစားခဲ့ရတာ...ငယ္ပထမဆုံးခ်က္တာ ငါးကေလးအိုးကပ္"
ခုခ်ိန္ထိ ကိုကို မွတ္မိေနေသးတာပဲဟု ေတြးကာ ထပ္၍ ၿပဳံးရယ္မိသြားရျပန္သည္။
"အဲတုန္းက ငါးကေလးအိုးကပ္ကို အိုးကပ္တာထက္ေက်ာ္ၿပီး တူးသြားေအာင္ထိ ခ်က္ခဲ့တာ...ခုလို အိုးအရမ္းကပ္တာကမွ ငါးကေလးအိုးကပ္အစစ္ဆိုၿပီးလည္း ေျပာလိုက္ေသးတယ္"
"ကိုကိုလည္း အဲဒါကို ဟင္းတစ္ခြက္လုံးကုန္ေအာင္ တစ္ေယာက္တည္းစားခဲ့တာပဲမလား...မေကာင္းဘူး မစားပါေတာ့နဲ႕ဆိုတာ လႊင့္ပစ္မခံဘူး"
"ငယ့္ ပထမဆုံးလက္ရာေလ...ကိုကို လႊင့္ပစ္ရက္ပါ့မလား"
ကိုကို႔ အေျပာေၾကာင့္လြန္းငယ္ရင္ထဲ ၾကည္ႏူးသြားရသည္။
"ငယ့္ဆီက ကိုကို ပထမဆုံးေတြ ေတာ္ေတာ္မ်ားမ်ား ရခဲ့တာပဲ...ငယ္ တစ္ခုခုလုပ္တတ္သြားတိုင္း ပထမဆုံးအရာေတြကို ကိုကို႔ကို ေပးခဲ့တာခ်ည္းပဲ"
"ကိုကိုက ငယ့္အတြက္ အရမ္းအဖိုးတန္တဲ့ကိုကိုမို႔"
ခ်စ္စရာေကာင္းလြန္းေနေသာ ငယ့္ေၾကာင့္ေစထားရာ ၿပဳံးလိုက္မိသည္။
"ငယ္က ပထမဆုံးဆိုတာေတြကို အရမ္းသေဘာက်လြန္းတယ္..ငယ့္အတြက္ ပထမဆုံးအရာေတြ လုပ္ေပးတဲ့သူကိုေတာ့ ကိုကိုလို႔မထင္ခဲ့ဘူးမလား"
လြန္းငယ္ ရင္ထဲတုန္လႈပ္သြားကာၿပဳံးေနရာမွ မ်က္ႏွာပ်က္သြားရသည္။ ကိုကို သိေနတယ္ဟူေသာ အေတြးက သူ႕အား ေျခာက္ျခားသြားေစသည္။
"တကယ္ေတာ့ ငယ့္ရဲ႕ပထမဆုံး ေတာ္ေတာ္မ်ားမ်ားကို ကိုကို လုပ္ေပးခဲ့ဖူးတာပဲ...ငယ္က မျမင္နိုင္ခဲ့တာ...အၿမဲတမ္းလက္ခံရေနရင္ ေပးသူရဲ႕ေစတနာကို မျမင္တတ္ၾကဘူးတဲ့"
အၿပဳံးမပ်က္ ထိုစကားတို႔ ေျပာေနေသာကိုကို႔ပုံက အရမ္းထူးဆန္းေနသည္။ ကိုကိုက ငယ့္အေပၚတစ္ခါမွ ထိုကဲ့သို႔ မေျပာဖူးခဲ့။
"Kazuto ေတာ္ေတာ့...ခဏနားလိုက္ဦး...ေနမေကာင္းျဖစ္လိမ့္မယ္"
ကိုကို႔အနီးေရာက္လာေသာ ေဒါက္တာ Ka-kochan က ကိုကို႔စကားအား ျဖတ္၍ေျပာလာ၏။
"Kren...Kazuto ေနသိပ္မေကာင္းလို႔ video call ခ်လိဳက္ေတာ့မယ္ေနာ္...က်န္းမာေရးဂ႐ုစိုက္ဦး..see you"
ႏႈတ္ဆက္စကားအဆုံး ေမွာင္မဲကာ ပိတ္က်သြားေသာကြန္ပ်ဴတာ ဖန္သားျပင္။ လြန္းငယ္ အသက္မဲ့သူတစ္ေယာက္လို ဆြံ႕အသြားရေတာ့သည္။
ေနေရာင္ဟာ
ၾကယ္ေရာင္ထက္
ေတာက္ပတဲ့လာအခါ
လူေတြဟာ
ၾကယ္ေလးေတြရဲ႕ထြန္းလင္းမႈကို
မျမင္နိုင္ၾကေတာ့ဘူး။
၂၄နာရီလုံးထြန္းလင္းေနတဲ့
ၾကယ္ေလးေတြရဲ႕ေစတနာကို
သူတို႔ မသိနိုင္ၾကေတာ့ဘူး။
အဲလိုပဲ....အၿမဲရရွိေနတဲ့
ကိုယ့္ဂ႐ုစိုက္မႈေတြကိုလည္း
မင္းဟာ အသိအမွတ္မျပဳနိုင္ခဲ့ဘူး။
**********************
"Kazuto မင္းဘာေတြျဖစ္ေနတာလဲ"
ေလသံမာသြားေသာ သူ႕အား kazuto က စိုက္ၾကည့္လာ၏။
"အင္း ငါလည္း ဘာျဖစ္လို႔ျဖစ္သြားမွန္း မသိေတာ့ဘူး"
"Krenကို စိတ္မေကာင္းျဖစ္ေအာင္ နည္းနည္းေလးမွ မလုပ္ရက္တဲ့မင္းက ခုလိုပုံစံမ်ိဳး လုပ္မလာနဲ႕ Kazuto...အခုလို မင္းရဲ႕ပုံစံက ငါ့ကိုစိုးရိမ္လာေစတယ္"
"ငါ ငယ္ေလးကို ဝမ္းနည္းေအာင္ လုပ္ဖို႔မရည္႐ြယ္ဘူး Ka-kochan...အခုတေလာ ငါ့စိတ္ေတြ အရမ္းလြတ္ထြက္ေနတယ္...ဘယ္လိုေၾကာင့္ အဲစကားေတြထြက္လာလဲ ငါမသိေတာ့ဘူး"
မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္အုပ္ကာ စိတ္ပ်က္ေနပုံရေသာ Kazutoအား ၾကည့္ရင္း Ka-kochan ရင္ဘတ္ထဲမွ နာက်င္လာရသည္။
အၿမဲအရွိန္အဝါတစ္ခုရွိေနတတ္ေသာ Kazuto,ဘယ္သူ႕ကိုမွ အရႈံးမေပးေသာ Kazuto,ေတာ္လြန္းထက္ျမက္လြန္းေသာ သူခ်စ္ရသည့္ Kazutoက ခုလိုပုံစံမ်ိဳးမွ မဟုတ္တာ။
ၾကည့္ရင္း ရင္ထဲက နာက်င္မႉက ပို၍ပို၍ ဆိုး႐ြားလာရသည္။
"မင္း နာက်င္ရင္ ငါ့ကိုဖြင့္ေျပာလို႔ရတယ္ Kazuto...မင္းရင္ထဲ တင္းက်ပ္ေနတဲ့ ခံစားခ်က္ေတြအကုန္ ငါ့ကို ရင္ဖြင့္လို႔ရတယ္...အဲဒါေတြရဲ႕ထြက္ေပါက္အျဖစ္ မင္းညီဘက္ကို ဖြင့္မခ်ပါနဲ႕...သူ စိတ္မေကာင္းျဖစ္တာထက္ မင္းကႏွစ္ဆပိုနာက်င္ရလို႔ Kazuto...မင္း နာက်င္ရတာျမင္ရတိုင္း ငါက မင္းထက္ အဆမ်ားစြာ ပိုနာက်င္ရတယ္"
"ငါ့ကိုအရမ္းမေကာင္းပါနဲ႕လား Ka-kochan...တစ္စုံတစ္ေယာက္ေပၚ အရမ္းေကာင္းေပးတာက ကိုယ့္ကိုကိုယ္နာက်င္ရဖို႔ အခြင့္အေရးေပးလိုက္တာပဲတဲ့"
"လူအခ်င္းခ်င္း စာနာမႈထားဖို႔ေတာင္ ငါတို႔ငယ္ငယ္က သင္ခဲ့ရေသးတာပဲ...ကိုယ္ ဂ႐ုစိုက္ရတဲ့ တစ္စုံတစ္ေယာက္ကို ေကာင္းေပးရတာက နာက်င္ရမယ္ဆိုလည္း ထိုက္တန္ပါတယ္"
ေစထားရာ မ်က္ႏွာတြင္အုပ္ထားေသာ လက္အား ဖယ္၍ ၿပဳံးကာ Ka-kochanအား ၾကည့္လိုက္မိသည္။
သူ႕အခ်စ္ဆုံး သူငယ္ခ်င္းက အရမ္းၾကင္နာတတ္ၿပီး ေစတနာေကာင္းလြန္းသည္။ အဲဒါေၾကာင့္ လူ႕အသက္ကယ္တင္ရေသာ မြန္ျမတ္သည့္ေစတနာရွင္ဆရာဝန္တစ္ေယာက္ျဖစ္လာပုံရသည္။
သူကေတာ့ လူ႕အသက္အား စကၠန႔္ပိုင္းအတြင္း ႏႈတ္ယူနိုင္သည့္ လက္တြင္ေသြးမ်ားစြာ စြန္းထင္းေနသူ။ သူတို႔ႏွစ္ေယာက္သည္ ဒြန္တြဲမရေသာ အလုပ္အကိုင္လုပ္ကိုင္ေနၾကသူမ်ား။
"ငါ့ကို အရမ္းေမွ်ာ္လင့္မထားနဲ႕ဦး...ငါ့ေရာဂါအေျခအေန မင္းသိတာပဲ...ေမွ်ာ္လင့္ထားသလိုျဖစ္မလာရင္ မင္းဝမ္းနည္းရလိမ့္မယ္"
"ေမွ်ာ္လင့္ခ်က္ မရွိရင္ ဘဝက အဓိပၸါယ္မဲ့တယ္တဲ့...မင္းက ငါ့ေမွ်ာ္လင့္ခ်က္ျဖစ္လာတာ မင္းဘယ္ေလာက္ကံေကာင္းလိုက္လဲ"
"ငါကေတာ့ ကံမေကာင္းဘူးထင္တယ္...မင္းေၾကာင့္လက္ရွိ ငါအက်ယ္ခ်ဳပ္က်ေနတယ္ေလ"
"မင္းအစားမွန္မွန္စား ေဆးမွန္မွန္ေသာက္ေအာင္ ငါႀကိဳးစားေနရတာေတြက် မျမင္ဘူးေပါ့"
"အားး နားညီးလိုက္တာ...အိပ္ၿပီ...မင္းအျပင္ထြက္ရင္ မီးပိတ္သြားေပး"
Ka-kochan ေစာင္ၿခဳံကာ ေက်ာေပးအိပ္သြားေသာ Kazutoအား ၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္။ ထို႔ေနာက္ အခန္းမီးပိတ္၍ အခန္းထဲမွ ထြက္လာခဲ့လိုက္သည္။
မီးေရာင္ကို တိုးေဝွ႕ကာ
အေသခံေနၾကေသာ
ပိုးဖလံေလးမ်ားအား
မိုက္႐ူးရဲဆန္သည္ဟု
အျပစ္တင္ခဲ့ဖူးတယ္။
မီးေရာင္ရဲ႕လွပမႈဟာ
သူတို႔ကို စိတ္လြတ္သည္ထိ
ဆြဲေဆာင္ထားလြန္းတယ္ဆိုတာ
ကိုယ္မွ မသိခဲ့ဘဲ။
******************
"ေဒါက္တာ duty ၿပီးၿပီေပါ့"
"အင္း ဟုတ္တယ္...အခုအိမ္ျပန္နားေတာ့မလို႔ေလ"
"ဂ႐ုစိုက္ဦးေနာ္ ေဒါက္တာ"
"ဟုတ္ကဲ့ ေက်းဇူးပါ"
ၾကယ္လႊဲမိုး ေခါင္းအား ဘယ္ညာယိမ္းကာ ဇက္ေၾကာအား ေျဖေလွ်ာ့လိုက္ၿပီး ေရွ႕ဆက္ေလွ်ာက္လိုက္သည္။
"ေသခ်ာစစ္ေဆးၿပီးတဲ့ေနာက္ အခုအျဖစ္အပ်က္ကို မေတာ္တဆမႈလို႔ သတ္မွတ္ထားပါတယ္...ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားမရွိဘဲ အနည္းငယ္ ထိခိုက္သြားတဲ့ PS & High Risk ဥကၠ႒ခြန္းသုရွင္တစ္ေယာက္သာရွိေၾကာင္း ၾကားသိရပါတယ္ရွင္...ပြဲစီစဥ္သည့္ အႀကီးအကဲမ်ားဘက္မွ စႏၵယားပညာရွင္ Kren နဲ႕ ဥကၠ႒ခြန္းသုရွင္ကို ေတာင္းပန္ထားတယ္လို႔လည္း ထပ္ၿပီးသိရပါတယ္ရွင္"
ေဆး႐ုံတြင္ ဖြင့္ထားေသာ သတင္းအစီအစဥ္မွ ပ်ံ့လြင့္လာေသာအသံေၾကာင့္ ၾကယ္လႊဲမိုးအၾကည့္မ်ားအားလုံး တီဗီဖန္သားျပင္ဆီ ေရာက္ရွိသြားသည္။ မေတာ္တဆမႈ အျဖစ္အပ်က္အား ျပသေနသည္အား မ်က္ေတာင္မခတ္စူးစိုက္ၾကည့္လိုက္သည္။
လြန္းငယ္ႏွင့္တူလြန္းေသာ ေ႐ႊေရာင္မ်က္ႏွာဖုံးတပ္ကာ ေငြေရာင္ဆံႏြယ္မ်ားႏွင့္ ေကာင္ေလးတစ္ေယာက္။ ထိုေကာင္ေလးေပၚက်လာေသာ မီးဆိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာမရေစရန္ အျမန္တြန္းထိုးကာ ကယ္တင္လိုက္ေသာ ကို။
သူ(မ)အေနျဖင့္ ထိုေကာင္ေလးသည္ လြန္းငယ္မွန္း ပိုေသခ်ာသြားေစသည္။ ကိုယ္တိုင္အထိခိုက္ခံကာ ကို စြန႔္စားကယ္တင္သည့္သူသည္ ထိုေကာင္ေလးမွလြဲ၍ တျခားသူ မျဖစ္နိုင္။
တီဗီမွ အၾကည့္လႊဲမဖယ္ခင္ သူ(မ)ၿပဳံးလိုက္မိသည္။
"ေနာက္ဆုံးေတာ့ ျပန္ေရာက္လာၿပီပဲ"
ထို႔ေနာက္ ေျခလွမ္းမွန္မွန္ျဖင့္ ေဆး႐ုံထဲမွ သူ(မ)ထြက္ခြာလာခဲ့ေတာ့သည္။
ခ်က္ေကာင္းကိုထိ
ေသေစနိုင္တဲ့
ျမားခြၽန္ဟာ
တႏုံ႕ႏုံ႕ခံစားေသေစတဲ့
အဆိပ္လူးျမားေလာက္
မထိေရာက္ဘူး။
မုန္းတီးသူကို
နာက်င္ေစျခင္းထက္
ထိုသူ တန္ဖိုးထားေသာအရာကို
ဖ်က္ဆီးျခင္းက
ကိုယ့္အတြက္အေကာင္းဆုံး
လက္စားေခ်ျခင္းတစ္ခုဆိုတာ
ေလ်ာ့တြက္လြန္းသူကို
သိေစခ်င္မိတယ္။
******************