Under The Moonlight Dreamใ€ Co...

By Epiphany_Jinah

146K 12.2K 1.4K

๐—” ๐—–๐—ผ๐—บ๐—ฝ๐—น๐—ฒ๐˜๐—ฒ๐—ฑ ๐—ฉ๐—ธ๐—ผ๐—ผ๐—ธ ๐—™๐—ถ๐—ฐ๐˜๐—ถ๐—ผ๐—ป " โ„Ž๐‘’๐‘ฆ ๐‘๐‘œ๐‘ฆ , ๐‘– ๐‘‘๐‘œ๐‘›'๐‘ก ๐‘™๐‘œ๐‘ฃ๐‘’ ๐‘ฆ๐‘œ๐‘ข " " ๐‘–๐‘ก'๐‘  ๐‘œ... More

Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26 โ€ข The Final โ€ข
Like This Again
Hidden Memory

Episode 11

3.6K 408 31
By Epiphany_Jinah

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့ချစ်အိပ်မက် *
* အပိုင်း ၁‌၁ *

“ မင် ဘာစားချင်လဲ ကိုယ်ဘာလုပ်ပေးရမလဲ နာနေသေးလားဟင် ... နာရင်ကိုယ့်ကိုပြော မင် ... ကိုယ်သက်သာအောင်လုပ်ပေးမယ် ”

မျက်စိရှေ့မှာတင် အလုပ်တွေရှုပ်နေတဲ့မင်ယွန်ဂီကိုကြည့်ရင်း ဂျီမင် သက်ပြင်းချမိသည်။ လှုပ်ရှားနေတဲ့အမူအယာရယ် စိုးထိတ်နေတဲ့မျက်ဝန်းကျဉ်းကျဉ်းလေးတွေက အစစ်အမှန်ဖြစ်ကြောင်းပြသနေပေမဲ့ ဂျီမင်းရင်ထဲမှာတော့ သံသယတွေက ကြီးထွားလာနေသလို....။

.... မင်းအဖေကို သတ်ခဲ့တာ မင်ယွန်ဂီရဲ့အဖေ.... ဒါကို မင်ယွန်ဂီ သူကိုယ်တိုင်လဲသိတယ် ဂျီမင် ....

ထိုစကားကို ပြန်ကြားယောင်ရင်း သူ့အတွက် ဂျင်ဆင်းလက်ဖက်ရည်လေးပြင်ဆင်ပေးနေတဲ့မင်ယွန်ဂီကို စေ့စေ့စပ်စပ်ကြည့်မိသည်။ အမြဲတမ်းအနက်ရောင်ကိုသာဝတ်ဆင်တတ်တဲ့ယွန်းဂီက အခုလဲအနက်ရောင်တီရှပ် ၊ ဘောင်းဘီအနက်နဲ့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်။ ဂျီမင် မတောင်းဆိုပါဘဲနဲ့ သည်းသည်းလှုပ်အောင် ဂရုစိုက်တဲ့ယွန်းဂီသည် တစ်ချိန်တစ်ခါက သူ့ကို ပစ်ပစ်ခါခါလမ်းခွဲပြီး အထင်သေးအမြင်သေးစော်ကားခဲ့တဲ့လူမှ ဟုတ်ပါရဲ့လား။ 


ဘာလို့ ဂရုစိုက်နေရတာလဲ မင်ယွန်ဂီ ...

ချစ်လို့လား.. ဒါမှမဟုတ် ... တခြားအကြောင်းပြချက်နဲ့လား.... ပြီးတော့ အခု သူတို့နှစ်ယောက်ရဲ့အခြေအနေက လက်ထပ်ထားတယ်တဲ့။ ဘာအခမ်းအနား ဘာကတိသစ္စာဆိုခြင်းမှမပါဘဲ လက်ထပ်လက်စွပ်ကသာ   အတည်ပြုပေးထားတဲ့လက်ထပ်ပွဲ။ အဲ့ဒါထက် အခုတလော ဘာလို့ ယွန်းဂီက သူ့ကို ဖွက်ထားတယ်လို့ခံစားနေရလဲသူမသိ။ လူသိရှင်ကြားတွဲနေတာမျိုးမဟုတ်ဘဲ တိတ်တိတ်ပုန်းနေနေရသလိုခံစားလာရသည်။


“ ရော့... ပူတုန်းလေး သောက်လိုက်ဦး မင်းခန္ဓာကိုယ်အတွက်ကောင်းတယ် မင် ”

ချပေးလာတဲ့ဂျင်ဆင်းခွက်ကို လှမ်းယူပြီးလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်သည်။ ထို့နောက် တစ်ငုံလောက်သောက်ကာ မင်ယွန်ဂီကိုကြည့်မိတော့ သူ့ကို စိုက်ကြည့်နေတဲ့မျက်ဝန်းမှေးမှေးတွေနဲ့ရင်ဆိုင်ရသည်။


“ မင် ဘာဖြစ်လို့လဲ သောက်မကောင်းလို့လား ”


သူ့အမေးကို ဂျီမင်အသာလေး ခေါင်းခါရင်းပြုံးလိုက်မိသည်။ ထို့နောက်

“ ကျွန်တော့်ကို ဖုံးကွယ်ထားတာ ဘာမှမရှိဘူးဟုတ်လား ယွန်ဂီ ”

သူမေး‌မိတော့ သူ့မျက်ဝန်းတွေမှာ အဖြေရှာလာပုံရတဲ့ ယွန်ဂီ။

“ ဘာကို ဖုံးကွယ်ရမှာလဲ ဘာမှမရှိဘူးမင် ... အခုလိုနေနေရတဲ့အခြေအနေမျိုးကို သဘောမကျတာလို့လား... မင် ကိုယ်ပြောပြမယ် ... မင့်ကို ကိုယ်တို့ကတရားဝင်လက်ထပ်လို့မရပေမဲ့ အခုလက်ရှိအနေအထားက မင်းကိုကိုယ်လက်ထပ်ထားတာနော် ... ဥပဒေအရချည်နှောင်ခွင့်မရှိပေမဲ့ မင် သဘောမကျရင် ကိုယ်တို့ ဥရောပသွားပြီး... ”


“ ရတယ် မလိုဘူး မင်ယွန်ဂီ ... ကျွန်တော်မေးလိုက်တာ အဲ့လိုအဓိပ္ပါယ်နဲ့မဟုတ်ဘူး ... ခင်ဗျား ကျွန်တော့်အပေါ် ဟန်‌မဆောင်နေရင်ပဲရပြီ ....”


စကားရှည်လာဦးမယ့် ယွန်းဂီ့စကားစကို ဖြတ်ကာ ဂျီမင် နေရာမှထလိုက်မိသည်။ ဓားထိုးခံထားရတဲ့နေရာက ဆစ်ကနဲ့နာကျင်ပေမဲ့ သူမမဲ့မိ။

“ မင် !! ”


“ ဂျင်ဆင်းလက်ဖက်ရည်က ကောင်းပါတယ် ယွန်းဂီ ဒါပေမဲ့ ကျွန်တော် ပင်ပန်းနေတာမို့ နားချင်ပြီ ”


ဘာသာမဲ့တဲ့မျက်ဝန်းတွေက အကြည့်လွှဲသွားလေတော့ ယွန်းဂီသက်ပြင်းချလိုက်မိသည်။

မဟုတ်မှလွဲ

မင် ...  ရိပ်မိနေပြီလား... မင်သိနေပြီလား... မင့်အဖေကိုအမိန့်ပေးပြီးသတ်စေခဲ့တာ သူ့အဖေဆိုတာကို....

မင် .... အမှန်တရားတွေသိရင် မင်း ကိုယ့်ကို ဘယ်လိုဆက်ဆံ‌မလဲ ... ကိုယ့်ကိုယ်မောင်းထုတ်မှာလား ကိုယ့်ကို ခါးသီးမှာလား ... ရတယ်မင် ကြိုက်သလိုခါးသီး ကြိုက်သလိုမုန်း... ကိုယ်ကတော့ မင်းကို ဘယ်မှမသွားနိုင်အောင် ထိန်းချုပ်ထားမှာ ကိုယ့်ရင်ခွင်မှာ ပိတ်လှောင်ထားမှာ ... ဒါဟာ ကိုယ် မင်းကိုချစ်လွန်းလို့ မင်....

အတွေးများနဲ့ ပူနေသော ယွန်ဂီရှိသလို တစ်ဖက်မှာလဲ

  ဝန်ကြီးများအိမ်ယာ မင်စံအိမ်တော်ကြီး...။


“ ခင်ဗျားရဲ့ ချစ်လှစွာသောသားက ခင်ဗျားရဲ့စကားလဲ နားမထောင်ပါလား မင်ဟွန်ဂျေး ”

[ မင်ဟွန်ဂျေး = မင်ယွန်းဂီ၏ဖခင် ]

“ မင်းစကားကို ဆင်ခြင်ပြော  လီမင် ”

[ လီမင် = မင်ဟွန်ဂျေး၏မွေးစားသား၊ မင်ယွန်းဂီရဲ့ညီ ]

“ ဟုတ်ကဲ့ပါ ဝန်ကြီးချုပ်မင် ... ခင်ဗျားသားက လင်တရူးနေပြီပဲ ... ဒါပေမဲ့လဲ ခိုင်းတဲ့အတိုင်း ကျုပ်လုပ်ပေးတယ်နော် ... ပက်ဂျီမင်လိုအခြေအမြစ်မရှိတဲ့ကောင်ကို သတ်ပစ်လိုက်ရင် ပိုလွယ်မဲ့ဟာ ... ခင်ဗျား ဘာလို့ ကျုပ်ကိုတားနေရတာလဲ ”

လီမင်စကားကြောင့် ဟွန်ဂျေး မသိမသာလေးသက်ပြင်းချမိသည်။

သေစေချင်တာပေါ့ ကိုယ့်သားရဲ့ဘဝလမ်းကို ပိတ်ထားတဲ့ကောင်လေးကို ....

သေအောင်မုန်းတာပေါ့ သားနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့အချိန်ကြားဝင်လာတဲ့ကောင်လေးကို...

တစ်စစီဖျောက်ပစ်ချင်တာပေါ့ ချစ်လှတဲ့သားနဲ့ အမြဲတမ်း ပြသနာတက်စေခဲ့တဲ့ကောင်လေးကို...

ဒါပေမဲ့ ထိုကောင်လေးက သားရဲ့အသက်ပဲ ... ထိုကောင်လေးသာ သေသွားခဲ့ရင် သားဖြစ်သူ ယွန်းဂီသည်လဲ အသက်ရှင်နေမှာမဟုတ်တော့။ သားစိတ်ကို သူကောင်းကောင်းသိသည်။

“ စိတ်မပူပါနဲ့ ကျုပ် ပြောပြခိုင်းခဲ့တယ် ခင်ဗျားက ပက်ဂျယ်ရှင်းကိုသတ်ခဲ့တယ်ဆိုတာ

ပက်ဂျယ်ရှင်းရဲ့သား ပက်ဂျီမင်ကို ပြောပြခဲ့တယ် ”

“ ဘာ !! မင်း ရူးနေလား လီမင် ... ”


“  အေးဆေးပေါ့  ခင်ဗျားကို ဝန်ကြီးချုပ်မှန်းသူမသိသလို ... မင်ယွန်ဂီရဲ့အဖေဆိုတာကိုလဲ သူမသိဘူး...  ယွန်းဂီအနားက ထွက်သွားစေချင်တယ်မဟုတ်လား ... အုပ်စုလိုက်ဝိုင်းရိုက် အနိုင်ကျင့်မဲ့အစား စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တာ တယောက်ကိုတယောက် အယုံအကြည်မရှိရင် ကြာရှည်ခံမှာမဟုတ်ဘူး .... ”

လီမင်စကားကြောင့် ဟွန်ဂျေး ဘာမှမပြောတော့ဘဲ ငြိမ်သက်နေလိုက်သည်။


“ မင်း ဓားထိုးခဲ့တယ်ဆို !! မတော်တဆသေသွားရင် ငါအမှုလိုက်ရှင်းပေးမှာ မဟုတ်ဘူးနော် ... ”


“ သေမဲ့နေရာကို မထိုးခဲ့ဘူး သတိပေးရုံလောက်ပဲလုပ်ခဲ့တာ ယွန်းဂီအနားမှာ အဲ့ကောင်လေးမရှိတော့ရင် ခင်ဗျားပြောတဲ့အတိုင်း ရှယ်ယာတွေခွဲပေး
ဖို့မမေ့နဲ့ ”

“ မင်းသာ လုပ်နိုင်တယ်ဆိုရင် ငါမုန့်ဖိုးတောင် ပိုပေးမှာ လီမင် ”


ထိုစကားအဆုံးမှာ လီမင် နှုတ်ခမ်းကိုရွဲ့ကာပြုံးလိုက်သည်။

“ အဲ့အချိန်ရောက်တဲ့အခါ ဒီစကားမှတ်မိပါစေ ဝန်ကြီးချုပ်မင် ”

ထို့နောက် လီမင် ခပ်ရွဲ့ရွဲ့အပြုံးကိုချိတ်ဆွဲကာ ထွက်အိမ်တော်ထဲမှ လာခဲ့တော့သည်။

တကယ်တမ်းပြောရရင် ဝန်ကြီးချုပ်ခိုင်းထားတဲ့အလုပ်က ဂျီမင်ကို ယွန်းဂီအနားကနေ မောင်းထုတ်ဖို့တစ်ခုတည်း....

သို့ပေမဲ့ ဂျီမင်ဆီမှာရှိနေတဲ့ဖိုင်တစ်ခုက သူ့အား Kim Groupတစ်ခုလုံး လက်ဝယ်ရအောင် လုပ်ပေးနိုင်သည်... Kim Groupရဲ့ဥက္ကဌ အီဂျောင်ကို ဆွဲချကာ အရင်ဥက္ကဌရဲ့ညီ ကင်ထယ်ယောင်းကို သူအပိုင်သိမ်းနိုင်သည်။

သူ့ဘဝရဲ့ရည်မှန်းချက်က ငွေရှိဖို့နဲ့ ကင်ထယ်ယောင်းကိုအပိုင်ရဖို့ ...

ကင်ထယ်ယောင်းကိုချစ်လားမေးရင် သူ ချစ်တယ်လို့ပဲပြန်ဖြေမှာထက် အပိုင်သိမ်းချင်တာလို့ပဲ သူပြန်ဖြေမည်။ တစ်ကြိမ်တစ်ခါက သူ့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးတဲ့ကင်ထယ်ယောင်းကို အဲ့အချိန်ကတည်းကအပိုင်လိုချင်ခဲ့တာ ကင်ထယ်ယောင်းမသိပေမဲ့လို့ပေါ့....

ဒါပေမဲ့ ငွေနဲ့ထယ်ယောင်း
ဘယ်ဟာယူမလဲမေးရင် အဖြေကတစ်ခုတည်း...
အဲ့ဒါက “ ငွေ ”...

ဟုတ်တယ်လေ ငွေရှိမှတော့ လိုချင်တာအကုန်ရမှာပဲ အခုလက်ရှိလဲ ဂျောင်က ထယ်‌ယောင်းကို အဲ့ဒီလိုလက်ဝါးကြီးအုပ်ထားတာမလား ...

အေးဆေးပေါ့ ထယ် ... မင်း စုတ်ပြတ်သပ်အောင် အချေခံရလဲ ငါ မင်းကို အပိုင်ယူမှာ ... ဘာလို့လဲဆိုတော့ ငါ ကိုယ်တိုင်ကလဲ  ဖြူစင်နေခဲ့တာမဟုတ်လို့

ထို့နောက် လီမင် ဖုန်းကိုထုတ်လိုက်ကာ နံပါတ်တစ်ခုကိုဆက်သွယ်လိုက်သည်။

“ အင်း ဒီညတော့ ကောင်လေးတစ်ယောက်ခေါ်ထားပေး အသစ်ထဲက .... ကောင်းကောင်းမပြုစုတက်လဲရတယ် ငါကိုယ်တိုင် ထရိန်နင်ဆင်းပေးလိုက်မယ် ”

အဲ့ဒီ့နောက်မှာတော့ ဝန်ကြီးများအိမ်ယာထဲက ကားလေးဟာ ‌ဖြတ်ကနဲ့ ထိုးထွက်သွားတော့သည်။


💠💠💠


လက်ထဲဖုန်းကိုကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေမိတဲ့သူ။ အဲ့ဒါထက် မနက်ကတည်းက  ပြန်ဖြေမဲ့သူမရှိတဲ့ ဖုန်းနံပါတ်တစ်ခုကိုဆက်နေရတာ သူမောလှပြီ... ဒါပေမဲ့လဲ လက်လျော့ဖို့မရှိ။ ည ၁၁ နာရီထိုးပြီ။ ချစ်ရပါသောHyungက အခုထက်ထိ အိမ်ကိုမရောက်သေး။မနက်ခင်းကတည်းက သူ့ကိုဘယ်မှမသွားနဲ့ ပြန်မလာမချင်း ဒီမှာပဲနေလို့အမိန့်ပေးသွားတဲ့ချစ်ရသူလေး အခုထိပြန်မရောက်လာခဲ့သေးပါ။ ဘာရယ်မဟုတ်ပေမဲ့ သူအရမ်းစိတ်ပူမိနေပြီ။ ဖုန်းဆက်လဲ ဖုန်းမကိုင်။


ဂျောင်ကုတစ်ယောက် ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း Hyungအပြန်လာကိုမျှော်နေမိသည်။ သူ့မှာ ရင်ပူနေတာတစ်ခုတည်းနဲ့ မနက်က Hyung ချက်ကျွေးတဲ့မနက်စာကလွဲပြီး ကျန်တာ မစားရသေး။ မစားရသေးတာထက် မစားချင်တာ။ Hyungရဲ့ထိတ်လန့်နေတဲ့မျက်နှာကြီးက သူ့အာရုံထဲကမထွက်။ ထို့ကြောင့် Hyung ဒီည မပြန်လာရင် သူ အိပ်တောင်မပျော်နိုင်ဘူးထင်ပါ့။

Hyungရယ် တစ်ခုခုများဖြစ်နေတာလား ....
Hyungသာတစ်ခုခုဖြစ်ရင်  ဘယ်လိုလုပ်ရမလဲ ကျွန်တော်တကယ်မသိတော့ဘူး....

ဂျောင်ကု စိတ်တွေယောက်ယက်ခတ်နေတုန်းမှာပဲ အခန်းတံခါးဖွင့်သံကို ကြားလိုက်ရသည်။ ဂျောင်ကု ခပ်မြန်မြန်ပဲ အပြေးသွားမိတော့ ယိုင်တိယိုင်တိုင်နဲ့ ဖိနပ်ချွတ်နေတဲ့Hyung...


“ Hyung!!!! ”

သူစိုးရိမ်တကြီးခေါ်ပြီး ပြေးပွေ့မိ‌တော့ Hyungက သူ့ကို တွန်းထုတ်သည်။

“ သွား ... မလာနဲ့... ငါ့အနား ယောင်လို့မကပ်နဲ့ ”


ဒေါသ‌တွေစွတ်တဲ့Hyungအသံမှာ ဝမ်းနည်းခြင်းတွေပါသည်မို့ ဂျောင်ကုအံ့ဩရသည်။ Hyung ဘာတွေဖြစ်လာတာလဲ Hyungဘာတွေခံစားနေရတာလဲ

“ ကျွန်တော်ကူတွဲပေးမယ် ... Hyung ဟိုတခါတုန်းကလို ရေချိုးဦးမယ်မလား ”

အခန်းဝမှာတင် ယိုင်တိုင်တိုင်ဖြစ်နေတဲ့Hyungကို ဒုတအကြိမ်ထပ်ဆွဲခေါ်မိတော့ ပထမနည်းတူ သူ့ကို ဖယ်ထုတ်တဲ့Hyung. ဒီတစ်ခါတော့ ဂျောင်ကုတကယ်ကို စိတ်မကောင်းဖြစ်ရသည်။

မူးနေလို့.... မူးနေလို့...  Hyungကမူးနေလို့ပါ ဂျောင်ကု...

သူ့ကိုယ်သူအတင်းပြောရင်း Hyungကိုတွဲဖို့လုပ်တော့ Hyungက သူ့ကို တွန်းဖယ်ကာ ယိုင်တိယိုင်တိုင်နဲ့ပဲ ဧည့်ခန်းထဲကဆိုဖာဆီအရောက်သွားတော့သည်။ ဆိုဖာပေါ်ရောက်တာနဲ့ ပစ်လှဲပြီးကားယားကြီးမှေးနေတဲ့Hyungအနား ဂျောင်ကု အသာလေးထိုင်ချလိုက်သည်။ ထို့နောက် အရင်တခါလိုရေချိုးမယ်အထင်နဲ့ Hyungအင်္ကျီကို ဆွဲချွတ်ပေးဖို့ကြိုးစားမိတော့ သူ့လက်တွေကို အားနဲ့ဆုပ်ကိုင်ကာ ဆိုဖာပေါ်ဖိချပြီး သူ့အပေါ် ငုံ့မိုးလာတဲ့Hyung... မျက်နှာချင်းနီးကပ်လာလေ Hyungဆီက အရက်နံ့တွေက ထောင်းကနဲ့ဖြစ်လာလေမို့ သူ မျက်နှာမဲ့လိုက်မိသည်။

“ မင်း ငါ့ဆီကနေ လိုချင်နေတာက ဘာလဲ ? ငွေ???? ဘယ်လောက်ပေးရမလဲ ... ဘယ်လောက်ပေးရင် ငါ့နားကနေ ထွက်မလဲ ”

ရီဝေဝေနဲ့မေးတဲ့မေးခွန်းအဆုံး ဂျောင်ကု ရင်ထဲအဖြေရှာမတတ်တဲ့ပုစ္ဆာကကြီးထွားလာရသည်။

ငွေ?? ငွေက ဘာမှလုပ်လို့မရဘူး Hyung...


“ ငွေ ... ငွေမလိုဘူး Hyung ... ကျွန်တော်က Hyung... Hyungကိုပဲ လိုချင်တာ ...”


ရှက်ရွံ့ဟန်လေးနဲ့ပြောလာတဲ့ သူ့အောက်ကအကောင်ပေါက်ကိုကြည့်ပြီး ထယ်ယောင်းတွေဝေသွားမိသည်။ မူးနေသည်ဆိုသော်လည်း သူ့မှာ အသိတွေရှိသေးသည်။ ဝမ်းနည်းဒေါသဖြစ်နေတာမို့ ပေါက်ကွဲပစ်ခဲ့ချင်ပေမဲ့ ဒီအနှီကောင်လေးအပေါ် သူမလုပ်ရက်..။ အခုလဲ ‘ Hyungကိုပဲ လိုချင်တာ ’ ဆိုတဲ့စကားကြောင့် သူ ကောင်လေးရဲ့မျက်ဝန်းတွေကို သေချာကြည့်မိတော့ အရောင်လဲ့လဲ့မျက်ဝန်း‌တွေက သူ့စိတ်ကို ယိမ်းယိုင်စေသည်။ အစစ်အမှန်လို့ခံစားရစေသည်။ သို့ပေမဲ့  ဒီကောင်လေး သူ့အနားမှာရှိနေရင် ဒုက္ခရောက်မှာ ... မီနာနဲ့ မမဂျင်ဆိုက ဥပမာပဲလေ... ဂျောင်က ဒီကောင်လေးကိုလဲ အသက်ရှင်လျက်အတိုင်းထားမယ်လို့ အာမ မခံနိုင်။ အဲ့ဒီလိုပဲ သူလဲ မကာကွယ်ပေးနိုင်ပါ။ ကာကွယ်ဖို့အင်အား အလုံအလောက်လဲ သူ့မှာမရှိ။ ဒါကြောင့် ... မောင်းထုတ်ရမယ် ... အထူးသဖြင့် ဒီနုနုနယ်နယ်ကလေးလေးကို ထိခိုက်မှာမလိုလား။ ချစ်လို့လား မေးရင် မဟုတ်။ သေချာတယ် ဒီကလေးကို သူမချစ်ဘူး။ မထိခိုက်စေချင်ရုံလေးပဲ ...။


“ ငါ့ကိုလိုချင်တာ သေချာလား ... ကောင်းပြီ ငါက ဘာလဲ ဆိုတာကို ပြပေးမယ် ”

ပြောရင်းဆိုရင်း ခက်ထန်လာတဲ့Hyungမျက်ဝန်းတွေကြောင့် ဂျောင်ကု ထိတ်လန့်လာသည်။ အရောင်ပြောင်းသွားတဲ့Hyungမျက်ဝန်းတွေနဲ့အတူ ဆိုဖာပေါ်ကနေ ချက်ချင်းထပြီး သူ့ကို ခါးကနေ ဆွဲကိုင်ကာ ပခုံးပေါ် Hyungကောက်တင်လိုက်သည်။

“ Hy...hyung.. ဘာလုပ် မလို့လဲ ... Hyung ”


အသံတွေတုန်ရင်စွာထွက်သွားပေမဲ့ Hyungကတော့ဂရုမစိုက်။ ခြေလှမ်းကျဲတွေနဲ့သာ အခန်းထဲထိရောက်အောင်သွားသည်။ အခန်းထဲရောက်သည်ဆိုရင်ဖြင့် ကုတင်ပေါ်ပစ်ချကာ Hyungသူ့ကိုယ်ပေါ်ကို ခွထိုင်လိုက်သည်။ သူ့ကိုယ်ပေါ်မှာ Hyungရှိနေသည်မို့ သူရုန်းထဖို့မဖြစ်နိုင် ။

“ မင်းလိုချင်တာ ဒါမလား ငါပေးမယ်”


ပြောချင်ရာတွေဇွတ်ပြောပြီး သူဝတ်ထားတဲ့ရှပ်အပါးလေးကို အားနဲ့ဆွဲဖြဲလိုက်တဲ့Hyung...

“ ဟင်အင်း... မလုပ်နဲ့ Hyung... မှားနေပြီ.. မလုပ်ပါနဲ့ ”


Hyungကိုကြောက်လို့လား  စိတ်မပါတဲ့အထိအတွေ့တွေကိုကြောက်လို့လား ဒါမှမဟုတ် အသံကျယ်တာကြောင့်လားတော့သူမသိ။ သူငြင်းဆန်မိသည်။

Hyungကတော့ သူ့အင်္ကျီကိုဆွဲဖြဲကာ သူ့လက်တွေကိုချုပ်ကိုင်ပြီး သူ့လည်တိုင်နား တိုးကပ်လာသည်။ ထို့နောက် လျှာဖျားတွေနဲ့ လည်တိုင်ကို သပ်တင်တော့ သူကြောက်လာရသည်။

မဟုတ်ဘူး... သူလိုချင်ခဲ့တာ ဒီပုံစံမဟုတ်ဘူး ... သူလိုချင်ခဲ့တာ Hyungရဲ့အချစ်တွေ... သာယာမှုတွေမဟုတ်... ။

ကြောက်လဲကြောက်တာရော ဒါပထမဆုံးအကြိမ်ဆိုတာရောကြောင့် ဂျောင်ကုမျက်ဝန်းတွေ မျက်ရည်ဝဲလာရသည်။ သူ့လည်တိုင်ကို လျှာတွေနဲ့ ဆော့ကစားနေရင်းနဲ့မှ Hyungက သူ့ဆံပင်တွေကိုဆွဲဆောင့်ကာ ခေါင်းကိုမော့စေရင်း သူ့နှုတ်ခမ်းဖျားတွေဆီရောက်လာသည်။  အကြမ်းပတမ်းနမ်းနေတဲ့Hyungနှုတ်ခမ်းတွေကို သူမတုံ့ပြန်မိဘဲ ခပ်တင်းတင်းစေ့ထားမိတော့ Hyungက သူ့နှုတ်ခမ်းတွေကို လျှာတွေနဲ့ဝင်ခွင့်တောင်းသည်။ အားမရတော့တဲ့အဆုံး Hyungလက်နှစ်ဖက်က သူ့မေးရိုးတွေကနေ ညစ်ကိုင်ပြီး ခေါင်းကိုမော့စေလိုက်သည်။ အတင်းညစ်ထားတာမို့ ခပ်ဟဟဖြစ်လာတဲ့သူ့နှုတ်ခမ်းတွေကြား Hyungနှုတ်ခမ်းတွေဝင်ရောက်လာသည်။ ဒါတောင် သွားကိုအတင်းစေ့ထားသည်မို့ Hyungလိုချင်တဲ့ပုံစံကိုမရောက်နိုင်။ သို့ပေမဲ့ ဒီလိုအရာတွေနဲ့ နောကျေနေပုံရတဲ့Hyungလက်တဖက်က သူ့ဘောင်းဘီထဲဝင်ရောက်လာသည်ဆိုရင်ဖြင့် မနေနိုင် မထိုင်နိုင် အသံထွက်ဖို့ကြိုးစားမိလိုက်သည်။ ပွင့်ဟသွားတဲ့အဆုံးမှာတော့ Hyungရဲ့လျှာတွေက သူ့ခံတွင်းထဲဝင်လာသည်။ ခါးသပ်သပ်အရသာက လည်ချောင်းတစ်လျှောက်ဖြတ်ဆင်းသွားပေမဲ့ သူကြောက်မိသည်။ နူးညံ့ညံ့အနမ်းတွေမဟုတ်ဘဲ ဒီလိုအားပါတဲ့ ရမ္မက်ဆန်ဆန်အနမ်းတွေကြောင့် Hyungကို သူတကယ်ကြောက်လာရသည်။ Hyungကတော့ ရပ်တန့်ပေးမဲ့ပုံမပေါ်တာမို့ သူတင်းခံရင်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ Hyungကို ဖက်တွယ်မိသည်။

Hyungကိုချစ်တယ် ... အဲ့ဒါကြောင့်မို့ Hyungအဆင်ပြေရင် မင်းလဲအဆင်ပြေရမယ် ... သည်းခံလိုက်ဂျောင်ကု ... နောက်ဆိုနေသားကျသွားမှာ ... ကြောက်ရင်လဲ ခဏလေးသည်းခံလိုက် ....

ကျောပြင်ပေါ်ကျရောက်လာတဲ့ လက်သီးဆုပ်လေးတွေကြောင့် ထယ်ယောင်း ဖျတ်ကနဲ့အသိဝင်လာသည်။ အစကတော့ ခြောက်ရုံလောက် အင်္ကျီတွေဆွဲဖြဲကာ ကြမ်းကြမ်းတမ်းတမ်းပြောဖို့ပါပဲ ... ဒါပေမဲ့ အင်္ကျီကိုဆွဲအဖြဲပြီးမှာ ထွက်ပေါ်လာတဲ့ လည်တိုင်နုနုလေး... ဘာလို့သူ့အမြင်မှာအဲ့လောက်ထိလှနေလဲ သူမသိ။ ထို့ကြောင့် အနာတရမဖြစ်စေဖို့ ကိုက်ရာလေးတောင်မလုပ်မိဘဲ လျှာဖျားတွေနဲ့ဆော့ကစားမိသည်။
ဒါကိုမှ အတောမသတ်နိုင်သေးပဲ စူအိအိနှုတ်ခမ်းတွေကို နမ်းရှိုက်မိတော့ သူနစ်မွန်းသွားသည် ထင်ပါရဲ့...
ပြင်းရှရှအနမ်းတွေကိုပါ ဖန်တီးမိလာတော့သည်။ နေသားမကျသေးတာထက် အခုထိ နမ်းမတတ်သေးတဲ့ထိုကောင်လေးကြောင့် ကြမ်းကြမ်းရမ်းရမ်းလုပ်မိသည်။ဒါတောင် သူ့ကိုတွန်းထုတ်ရမဲ့အစား  ကြောက်ကြောက်လန့်လန့် လက်ခံပေးဖို့ကြိုးစားနေတဲ့ထိုကောင်လေးကြောင့် ထယ်ယောင်း ရပ်တန့်ကာ ငုံ့မိုးကြည့်လိုက်မိတော့ မျက်ရည်စတွေနဲ့အတင်းမှိတ်ထားတဲ့မျက်ဝန်းတွေက ဖျတ်ကနဲ့ပွင့်လာသည်။

နီရဲနေတဲ့မျက်ဝန်းအိမ်ရယ် ကြောက်ရွံ့နေတဲ့အငွေ့အသက်တွေရယ် မျက်ရည်ကြည်တွေဖုံးလွှမ်းနေတဲ့မျက်ဝန်းလှလှရယ်ကြောင့် ထယ်ယောင်း ရင်ထဲအေးကနဲ့။

ဘာခံစားချက်ကြီးလဲ ...

“ ဂျွန်... ဂျွန်ထယ်!! ”

နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လာတဲ့အထိ သူ့အကြည့်စူးစူးတွေကို ကြောက်ရွံ့နေပုံရတဲ့ထိုကောင်လေးကြောင့် သူ ထိုကောင်လေးနာမည်ကိုရေရွတ်မိသည်။ လက်သီးဆုပ်လျက်အတိုင်း သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ အားကုန်သုံးပြီး သူ့ကိုယ်ကို ဘေးနားလှဲချလိုက်တဲ့ထိုကောင်လေးကြောင့် သူအံ့ဩရပြန်ပါသည်။ အမှန်ဆိုရင် သူ့ကိုတွန်းထုတ်ပြီး တစ်ချက်လောက်တော့ ထိုးရမှာမဟုတ်လား။

ကောင်လေးဘေးနားကိုရောက်တာနဲ့ ထိုကောင်လေးက သူ့ရင်ခွင်ထဲ အတင်းခိုဝင်ကာ မျက်နှာကို ရင်ဘတ်နဲ့ အပ်သည်။ တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်အရ ငိုနေမယ်ဆိုတာ သေချာသည်မို့ ထယ်ယောင်း ဘာမှဆက်မပြောဖြစ်တော့ ။ ‌တုန်ရင်နေတဲ့ကျောပြင်လေးကိုတောင် ပြန်မပွေ့ဖက်ပေးနိုင်ခဲ့။

မှားပြန်ပြီ? ထပ်ပြီးအမှားလုပ်မိပြန်ပြီ ကင်ထယ်ယောင်း... ဘာမှမသိတဲ့ကလေးလေးကို .. ဘာတွေလုပ်လိုက်တာလဲ ကင်ထယ်ယောင်းရဲ့...

ထယ်ယောင်းတစ်ယောက် သူ့ကိုဖက်ကာ ငိုကြွေးနေတဲ့ ကောင်လေးကိုပြန်မပွေ့ဖက်မိသလို နှစ်သိမ့်စကားလေးတောင် မဆိုဖြစ်ခဲ့။ ကုတင်ပေါ်မှာ ကျောက်ရုပ်လိုငြိမ်သက်ရင်းတဖက်နံရံက ပန်းချီကားကိုသာ စိုက်ကြည့်နေမိခဲ့တော့သည်။

မမ ... ဒီကောင်လေးမထိခိုက်အောင်လို့ ကာကွယ်ပေးလို့ရမလားဟင်...


အချိန်တစ်ခုအရောက်မှာတော့ တုန်ရင်နေတဲ့ကျောပြင်လေးငြိမ်သက်သွားသလို အသက်ရှူသံတွေကို ပုံမှန်ကြားနေရပြီမို့ ထယ်ယောင်း သူ့ရင်ခွင်ထဲကအကောင်ပေါက်ကို ဆွဲထုတ်လိုက်မိသည်။ မျက်ရည်စီးကြောင်းတွေအပြင် မျက်တောင်ကော့ကော့လေးမှာ  မျက်ရည်တွေကြောင့် ဟိုတစ်စု ဒီတစ်စုဖြစ်နေတာမို့ ပါးပြင်လေးကိုခပ်ဖွဖွကိုင်ပြီး ပွတ်သပ်ပေးလိုက်မိသည်။ 

သူ့တုန်းကတောင် ပထမဆုံးအကြိမ်မှာ ဂျောင်ရဲ့ကြမ်းတမ်းမှုတွေကြောင့် သေအောင်ကြောက်ပြီးရွံရှာမုန်းတီးခဲ့ရတာ ...၊ အခုဒီကောင်လေးကရော.. သူ့ကိုရွံပြီး ကြောက်ရွံ့သွားရင် သိပ်ကောင်းမှာပဲ.. ဒါပေမဲ့ မဖြစ်နိုင်ဘူး သူခံစားမိတယ် ဒီကောင်လေးက သူ့ကိုမတွန်းဖယ်တဲ့အပြင် အဆုံးထိကြိတ်မှိတ်နေပေးဖို့ ဆန္ဒရှိခဲ့တာ...။

ထယ်ယောင်း တစ်ယောက် ကုတင်ပေါ်မှာငုတ်တုပ်လေးထိုင်ကာ ဂျောင်ကုပါးပြင်တွေကို ပွတ်သပ်ရင်း ပြုံးလိုက်မိသည်။ ထို့နောက် ဘေးတစ်စောင်းအနေအထားနဲ့ ခွေခွေလေးအိပ်နေတဲ့ကောင်လေးကို ထယ်ယောင်း နေရာကျအောင် ထားကာ အမှတ်တမဲ့ အဝတ်မဲ့နေတဲ့ကောင်လေးကိုယ်ပေါ် အကြည့်ရောက်မိသည်။

ထူးတော့ထူးဆန်းတယ် ... အထက်တန်းပြီးကာခါစကောင်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်က ဘာကြောင့်များ ရှိသင့်တာထက်ပိုနေရလဲမသိ။ သူ့လောက်တော့မဟုတ်ပေမဲ့  ခန္ဓာကိုယ်က သန်မာတဲ့အမျိုးစားထဲကပင်။ မျက်နှာက ကလေးတစ်ယောက်လို ချစ်စရာကောင်းပေမဲ့ ခန္ဓာကိုယ်ကတော့ ပါးပါးကျစ်ကျစ်နဲ့ စွဲမက်စရာကောင်းသည်။

ဒါနဲ့များ ခုနက သူအကြမ်းအတမ်းလုပ်နေတာကို တင်းခံနေသေးတယ် !! ထယ်ယောင်းဆိုတာက ဂျွန်ထယ် တစ်ချက်လောက် အားသုံးရင် လဲသွားမဲ့အနေအထားဆိုတာ ကောင်လေးမသိတာများလား။

ထယ်ယောင်းအကြည့်တွေလွှဲပြီး စောင်ခြုံပေးလိုက်မိသည်။ မူးနေတာတောင် အမူးပြေသွားရတဲ့သူ။ ကုတင်ထက်မှာ ငုပ်တုတ်ထိုင်ပြီး အတွေးတွေကိုရွက်လွှင့်မိတော့သည်။


မထိခိုက်စေချင်ပေမဲ့ မင်းကို ငါလောဘကြီးမိပြီထင်တယ် ထွက်သွားစေချင်ပေမဲ့ ငါ့အနားမှာရှိစေချင်ပြန်တယ် အနည်းဆုံး ငါမချစ်ရင်တောင် အထီးမကျန်ချင်ဘူး ဂျွန်ထယ် ငါဘာလုပ်သင့်လဲ???

ညနက်လာတာနဲ့ ကုတင်စွန်းမှာခွေခွေလေးလှဲချလိုက်မိတော့ မကြာတဲ့အချိန်မှာပဲ အိပ်စက်ခြင်းကသူ့ကိုအုပ်စိုးလာသည်။ မနက်အာရုံတက်ခါနီးမှာတော့ စောင်အောက်က ကောင်ငယ်လေးနိုးလာပြီး သူ့ကိုထွေးပွေ့ကာ စောင်အောက်ထဲ ဝင်စေခဲ့တာကိုတော့ ထယ်ယောင်း မသိတော့။

အဲ့ဒီလိုပဲ ထယ်ယောင်းနားရွက်တွေနဲ့ လည်တိုင်တွေကို ခပ်ဖွဖွအနမ်းတွေခြွေချခဲ့တာ ထယ်ယောင်းမသိ‌ခဲ့။

အဲ့ဒီလိုပဲ ထယ်ယောင်းနှုတ်ခမ်းတွေကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ခဲ့တာလဲ ထယ်ယောင်းမသိခဲ့ပါ။


သိပ်ချစ်တာမို့ ထယ် ဘာလုပ်လုပ် ကိုယ်အကုန်ကြည်ဖြူတယ် ထယ် ... ကိုယ် နာကျင်နေရင်လဲအဆင်ပြေတယ်ထယ်


💠💠💠

Dec 03,2020 (Thursday)
By Epiphany_Jinah

____________________________________

* 𝗭𝗮𝘄𝗴𝘆𝗶  *
* လေရာင္လႊမ္းတဲ့ခ်စ္အိပ္မက္ *
* အပိုင္း ၁‌၁ *

“ မင္ ဘာစားခ်င္လဲ ကိုယ္ဘာလုပ္ေပးရမလဲ နာေနေသးလားဟင္ ... နာရင္ကိုယ့္ကိုေျပာ မင္ ... ကိုယ္သက္သာေအာင္လုပ္ေပးမယ္ ”

မ်က္စိေရွ႕မွာတင္ အလုပ္ေတြရႈပ္ေနတဲ့မင္ယြန္ဂီကိုၾကည့္ရင္း ဂ်ီမင္ သက္ျပင္းခ်မိသည္။ လႈပ္ရွားေနတဲ့အမူအယာရယ္ စိုးထိတ္ေနတဲ့မ်က္ဝန္းက်ဥ္းက်ဥ္းေလးေတြက အစစ္အမွန္ျဖစ္ေၾကာင္းျပသေနေပမဲ့ ဂ်ီမင္းရင္ထဲမွာေတာ့ သံသယေတြက ႀကီးထြားလာေနသလို....။

.... မင္းအေဖကို သတ္ခဲ့တာ မင္ယြန္ဂီရဲ႕အေဖ.... ဒါကို မင္ယြန္ဂီ သူကိုယ္တိုင္လဲသိတယ္ ဂ်ီမင္ ....

ထိုစကားကို ျပန္ၾကားေယာင္ရင္း သူ႔အတြက္ ဂ်င္ဆင္းလက္ဖက္ရည္ေလးျပင္ဆင္ေပးေနတဲ့မင္ယြန္ဂီကို ေစ့ေစ့စပ္စပ္ၾကည့္မိသည္။ အၿမဲတမ္းအနက္ေရာင္ကိုသာဝတ္ဆင္တတ္တဲ့ယြန္းဂီက အခုလဲအနက္ေရာင္တီရွပ္ ၊ ေဘာင္းဘီအနက္နဲ႔ မီးဖိုေခ်ာင္ထဲမွာ အလုပ္ရႈပ္ေနသည္။ ဂ်ီမင္ မေတာင္းဆိုပါဘဲနဲ႔ သည္းသည္းလႈပ္ေအာင္ ဂ႐ုစိုက္တဲ့ယြန္းဂီသည္ တစ္ခ်ိန္တစ္ခါက သူ႔ကို ပစ္ပစ္ခါခါလမ္းခြဲၿပီး အထင္ေသးအျမင္ေသးေစာ္ကားခဲ့တဲ့လူမွ ဟုတ္ပါရဲ႕လား။ 


ဘာလို႔ ဂ႐ုစိုက္ေနရတာလဲ မင္ယြန္ဂီ ...

ခ်စ္လို႔လား.. ဒါမွမဟုတ္ ... တျခားအေၾကာင္းျပခ်က္နဲ႔လား.... ၿပီးေတာ့ အခု သူတို႔ႏွစ္ေယာက္ရဲ႕အေျခအေနက လက္ထပ္ထားတယ္တဲ့။ ဘာအခမ္းအနား ဘာကတိသစၥာဆိုျခင္းမွမပါဘဲ လက္ထပ္လက္စြပ္ကသာ   အတည္ျပဳေပးထားတဲ့လက္ထပ္ပြဲ။ အဲ့ဒါထက္ အခုတေလာ ဘာလို႔ ယြန္းဂီက သူ႔ကို ဖြက္ထားတယ္လို႔ခံစားေနရလဲသူမသိ။ လူသိရွင္ၾကားတြဲေနတာမ်ိဳးမဟုတ္ဘဲ တိတ္တိတ္ပုန္းေနေနရသလိုခံစားလာရသည္။


“ ေရာ့... ပူတုန္းေလး ေသာက္လိုက္ဦး မင္းခႏၶာကိုယ္အတြက္ေကာင္းတယ္ မင္ ”

ခ်ေပးလာတဲ့ဂ်င္ဆင္းခြက္ကို လွမ္းယူၿပီးလက္ႏွစ္ဖက္နဲ႔အုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ တစ္ငုံေလာက္ေသာက္ကာ မင္ယြန္ဂီကိုၾကည့္မိေတာ့ သူ႔ကို စိုက္ၾကည့္ေနတဲ့မ်က္ဝန္းေမွးေမွးေတြနဲ႔ရင္ဆိုင္ရသည္။


“ မင္ ဘာျဖစ္လို႔လဲ ေသာက္မေကာင္းလို႔လား ”


သူ႔အေမးကို ဂ်ီမင္အသာေလး ေခါင္းခါရင္းၿပဳံးလိုက္မိသည္။ ထို႔ေနာက္

“ ကြၽန္ေတာ့္ကို ဖုံးကြယ္ထားတာ ဘာမွမရွိဘူးဟုတ္လား ယြန္ဂီ ”

သူေမး‌မိေတာ့ သူ႔မ်က္ဝန္းေတြမွာ အေျဖရွာလာပုံရတဲ့ ယြန္ဂီ။

“ ဘာကို ဖုံးကြယ္ရမွာလဲ ဘာမွမရွိဘူးမင္ ... အခုလိုေနေနရတဲ့အေျခအေနမ်ိဳးကို သေဘာမက်တာလို႔လား... မင္ ကိုယ္ေျပာျပမယ္ ... မင့္ကို ကိုယ္တို႔ကတရားဝင္လက္ထပ္လို႔မရေပမဲ့ အခုလက္ရွိအေနအထားက မင္းကိုကိုယ္လက္ထပ္ထားတာေနာ္ ... ဥပေဒအရခ်ည္ေႏွာင္ခြင့္မရွိေပမဲ့ မင္ သေဘာမက်ရင္ ကိုယ္တို႔ ဥေရာပသြားၿပီး... ”


“ ရတယ္ မလိုဘူး မင္ယြန္ဂီ ... ကြၽန္ေတာ္ေမးလိုက္တာ အဲ့လိုအဓိပၸါယ္နဲ႔မဟုတ္ဘူး ... ခင္ဗ်ား ကြၽန္ေတာ့္အေပၚ ဟန္‌မေဆာင္ေနရင္ပဲရၿပီ ....”


စကားရွည္လာဦးမယ့္ ယြန္းဂီ့စကားစကို ျဖတ္ကာ ဂ်ီမင္ ေနရာမွထလိုက္မိသည္။ ဓားထိုးခံထားရတဲ့ေနရာက ဆစ္ကနဲ႔နာက်င္ေပမဲ့ သူမမဲ့မိ။

“ မင္ !! ”


“ ဂ်င္ဆင္းလက္ဖက္ရည္က ေကာင္းပါတယ္ ယြန္းဂီ ဒါေပမဲ့ ကြၽန္ေတာ္ ပင္ပန္းေနတာမို႔ နားခ်င္ၿပီ ”


ဘာသာမဲ့တဲ့မ်က္ဝန္းေတြက အၾကည့္လႊဲသြားေလေတာ့ ယြန္းဂီသက္ျပင္းခ်လိုက္မိသည္။

မဟုတ္မွလြဲ

မင္ ...  ရိပ္မိေနၿပီလား... မင္သိေနၿပီလား... မင့္အေဖကိုအမိန႔္ေပးၿပီးသတ္ေစခဲ့တာ သူ႔အေဖဆိုတာကို....

မင္ .... အမွန္တရားေတြသိရင္ မင္း ကိုယ့္ကို ဘယ္လိုဆက္ဆံ‌မလဲ ... ကိုယ့္ကိုယ္ေမာင္းထုတ္မွာလား ကိုယ့္ကို ခါးသီးမွာလား ... ရတယ္မင္ ႀကိဳက္သလိုခါးသီး ႀကိဳက္သလိုမုန္း... ကိုယ္ကေတာ့ မင္းကို ဘယ္မွမသြားႏိုင္ေအာင္ ထိန္းခ်ဳပ္ထားမွာ ကိုယ့္ရင္ခြင္မွာ ပိတ္ေလွာင္ထားမွာ ... ဒါဟာ ကိုယ္ မင္းကိုခ်စ္လြန္းလို႔ မင္....

အေတြးမ်ားနဲ႔ ပူေနေသာ ယြန္ဂီရွိသလို တစ္ဖက္မွာလဲ

  ဝန္ႀကီးမ်ားအိမ္ယာ မင္စံအိမ္ေတာ္ႀကီး...။


“ ခင္ဗ်ားရဲ႕ ခ်စ္လွစြာေသာသားက ခင္ဗ်ားရဲ႕စကားလဲ နားမေထာင္ပါလား မင္ဟြန္ေဂ်း ”

[ မင္ဟြန္ေဂ်း = မင္ယြန္းဂီ၏ဖခင္ ]

“ မင္းစကားကို ဆင္ျခင္ေျပာ  လီမင္ ”

[ လီမင္ = မင္ဟြန္ေဂ်း၏ေမြးစားသား၊ မင္ယြန္းဂီရဲ႕ညီ ]

“ ဟုတ္ကဲ့ပါ ဝန္ႀကီးခ်ဳပ္မင္ ... ခင္ဗ်ားသားက လင္တ႐ူးေနၿပီပဲ ... ဒါေပမဲ့လဲ ခိုင္းတဲ့အတိုင္း က်ဳပ္လုပ္ေပးတယ္ေနာ္ ... ပက္ဂ်ီမင္လိုအေျခအျမစ္မရွိတဲ့ေကာင္ကို သတ္ပစ္လိုက္ရင္ ပိုလြယ္မဲ့ဟာ ... ခင္ဗ်ား ဘာလို႔ က်ဳပ္ကိုတားေနရတာလဲ ”

လီမင္စကားေၾကာင့္ ဟြန္ေဂ်း မသိမသာေလးသက္ျပင္းခ်မိသည္။

ေသေစခ်င္တာေပါ့ ကိုယ့္သားရဲ႕ဘဝလမ္းကို ပိတ္ထားတဲ့ေကာင္ေလးကို ....

ေသေအာင္မုန္းတာေပါ့ သားနဲ႔အဆင္ေျပဖို႔ႀကိဳးစားေနတဲ့အခ်ိန္ၾကားဝင္လာတဲ့ေကာင္ေလးကို...

တစ္စစီေဖ်ာက္ပစ္ခ်င္တာေပါ့ ခ်စ္လွတဲ့သားနဲ႔ အၿမဲတမ္း ျပသနာတက္ေစခဲ့တဲ့ေကာင္ေလးကို...

ဒါေပမဲ့ ထိုေကာင္ေလးက သားရဲ႕အသက္ပဲ ... ထိုေကာင္ေလးသာ ေသသြားခဲ့ရင္ သားျဖစ္သူ ယြန္းဂီသည္လဲ အသက္ရွင္ေနမွာမဟုတ္ေတာ့။ သားစိတ္ကို သူေကာင္းေကာင္းသိသည္။

“ စိတ္မပူပါနဲ႔ က်ဳပ္ ေျပာျပခိုင္းခဲ့တယ္ ခင္ဗ်ားက ပက္ဂ်ယ္ရွင္းကိုသတ္ခဲ့တယ္ဆိုတာ

ပက္ဂ်ယ္ရွင္းရဲ႕သား ပက္ဂ်ီမင္ကို ေျပာျပခဲ့တယ္ ”

“ ဘာ !! မင္း ႐ူးေနလား လီမင္ ... ”


“  ေအးေဆးေပါ့  ခင္ဗ်ားကို ဝန္ႀကီးခ်ဳပ္မွန္းသူမသိသလို ... မင္ယြန္ဂီရဲ႕အေဖဆိုတာကိုလဲ သူမသိဘူး...  ယြန္းဂီအနားက ထြက္သြားေစခ်င္တယ္မဟုတ္လား ... အုပ္စုလိုက္ဝိုင္း႐ိုက္ အႏိုင္က်င့္မဲ့အစား စိတ္ဓာတ္စစ္ဆင္ေရးလုပ္လိုက္တာ တေယာက္ကိုတေယာက္ အယုံအၾကည္မရွိရင္ ၾကာရွည္ခံမွာမဟုတ္ဘူး .... ”

လီမင္စကားေၾကာင့္ ဟြန္ေဂ်း ဘာမွမေျပာေတာ့ဘဲ ၿငိမ္သက္ေနလိုက္သည္။


“ မင္း ဓားထိုးခဲ့တယ္ဆို !! မေတာ္တဆေသသြားရင္ ငါအမႈလိုက္ရွင္းေပးမွာ မဟုတ္ဘူးေနာ္ ... ”


“ ေသမဲ့ေနရာကို မထိုးခဲ့ဘူး သတိေပး႐ုံေလာက္ပဲလုပ္ခဲ့တာ ယြန္းဂီအနားမွာ အဲ့ေကာင္ေလးမရွိေတာ့ရင္ ခင္ဗ်ားေျပာတဲ့အတိုင္း ရွယ္ယာေတြခြဲေပး
ဖို႔မေမ့နဲ႔ ”

“ မင္းသာ လုပ္ႏိုင္တယ္ဆိုရင္ ငါမုန႔္ဖိုးေတာင္ ပိုေပးမွာ လီမင္ ”


ထိုစကားအဆုံးမွာ လီမင္ ႏႈတ္ခမ္းကို႐ြဲ႕ကာၿပဳံးလိုက္သည္။

“ အဲ့အခ်ိန္ေရာက္တဲ့အခါ ဒီစကားမွတ္မိပါေစ ဝန္ႀကီးခ်ဳပ္မင္ ”

ထို႔ေနာက္ လီမင္ ခပ္႐ြဲ႕႐ြဲ႕အၿပဳံးကိုခ်ိတ္ဆြဲကာ ထြက္အိမ္ေတာ္ထဲမွ လာခဲ့ေတာ့သည္။

တကယ္တမ္းေျပာရရင္ ဝန္ႀကီးခ်ဳပ္ခိုင္းထားတဲ့အလုပ္က ဂ်ီမင္ကို ယြန္းဂီအနားကေန ေမာင္းထုတ္ဖို႔တစ္ခုတည္း....

သို႔ေပမဲ့ ဂ်ီမင္ဆီမွာရွိေနတဲ့ဖိုင္တစ္ခုက သူ႔အား Kim Groupတစ္ခုလုံး လက္ဝယ္ရေအာင္ လုပ္ေပးႏိုင္သည္... Kim Groupရဲ႕ဥကၠဌ အီေဂ်ာင္ကို ဆြဲခ်ကာ အရင္ဥကၠဌရဲ႕ညီ ကင္ထယ္ေယာင္းကို သူအပိုင္သိမ္းႏိုင္သည္။

သူ႔ဘဝရဲ႕ရည္မွန္းခ်က္က ေငြရွိဖို႔နဲ႔ ကင္ထယ္ေယာင္းကိုအပိုင္ရဖို႔ ...

ကင္ထယ္ေယာင္းကိုခ်စ္လားေမးရင္ သူ ခ်စ္တယ္လို႔ပဲျပန္ေျဖမွာထက္ အပိုင္သိမ္းခ်င္တာလို႔ပဲ သူျပန္ေျဖမည္။ တစ္ႀကိမ္တစ္ခါက သူ႔အေရွ႕မွာ မားမားမတ္မတ္ ရပ္တည္ေပးတဲ့ကင္ထယ္ေယာင္းကို အဲ့အခ်ိန္ကတည္းကအပိုင္လိုခ်င္ခဲ့တာ ကင္ထယ္ေယာင္းမသိေပမဲ့လို႔ေပါ့....

ဒါေပမဲ့ ေငြနဲ႔ထယ္ေယာင္း
ဘယ္ဟာယူမလဲေမးရင္ အေျဖကတစ္ခုတည္း...
အဲ့ဒါက “ ေငြ ”...

ဟုတ္တယ္ေလ ေငြရွိမွေတာ့ လိုခ်င္တာအကုန္ရမွာပဲ အခုလက္ရွိလဲ ေဂ်ာင္က ထယ္‌ေယာင္းကို အဲ့ဒီလိုလက္ဝါးႀကီးအုပ္ထားတာမလား ...

ေအးေဆးေပါ့ ထယ္ ... မင္း စုတ္ျပတ္သပ္ေအာင္ အေခ်ခံရလဲ ငါ မင္းကို အပိုင္ယူမွာ ... ဘာလို႔လဲဆိုေတာ့ ငါ ကိုယ္တိုင္ကလဲ  ျဖဴစင္ေနခဲ့တာမဟုတ္လို႔

ထို႔ေနာက္ လီမင္ ဖုန္းကိုထုတ္လိုက္ကာ နံပါတ္တစ္ခုကိုဆက္သြယ္လိုက္သည္။

“ အင္း ဒီညေတာ့ ေကာင္ေလးတစ္ေယာက္ေခၚထားေပး အသစ္ထဲက .... ေကာင္းေကာင္းမျပဳစုတက္လဲရတယ္ ငါကိုယ္တိုင္ ထရိန္နင္ဆင္းေပးလိုက္မယ္ ”

အဲ့ဒီ့ေနာက္မွာေတာ့ ဝန္ႀကီးမ်ားအိမ္ယာထဲက ကားေလးဟာ ‌ျဖတ္ကနဲ႔ ထိုးထြက္သြားေတာ့သည္။


💠💠💠


လက္ထဲဖုန္းကိုၾကည့္လိုက္ နာရီကိုၾကည့္လိုက္နဲ႔အလုပ္ရႈပ္ေနမိတဲ့သူ။ အဲ့ဒါထက္ မနက္ကတည္းက  ျပန္ေျဖမဲ့သူမရွိတဲ့ ဖုန္းနံပါတ္တစ္ခုကိုဆက္ေနရတာ သူေမာလွၿပီ... ဒါေပမဲ့လဲ လက္ေလ်ာ့ဖို႔မရွိ။ ည ၁၁ နာရီထိုးၿပီ။ ခ်စ္ရပါေသာHyungက အခုထက္ထိ အိမ္ကိုမေရာက္ေသး။မနက္ခင္းကတည္းက သူ႔ကိုဘယ္မွမသြားနဲ႔ ျပန္မလာမခ်င္း ဒီမွာပဲေနလို႔အမိန႔္ေပးသြားတဲ့ခ်စ္ရသူေလး အခုထိျပန္မေရာက္လာခဲ့ေသးပါ။ ဘာရယ္မဟုတ္ေပမဲ့ သူအရမ္းစိတ္ပူမိေနၿပီ။ ဖုန္းဆက္လဲ ဖုန္းမကိုင္။


ေဂ်ာင္ကုတစ္ေယာက္ ဧည့္ခန္းထဲမွာ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ရင္း Hyungအျပန္လာကိုေမွ်ာ္ေနမိသည္။ သူ႔မွာ ရင္ပူေနတာတစ္ခုတည္းနဲ႔ မနက္က Hyung ခ်က္ေကြၽးတဲ့မနက္စာကလြဲၿပီး က်န္တာ မစားရေသး။ မစားရေသးတာထက္ မစားခ်င္တာ။ Hyungရဲ႕ထိတ္လန႔္ေနတဲ့မ်က္ႏွာႀကီးက သူ႔အာ႐ုံထဲကမထြက္။ ထို႔ေၾကာင့္ Hyung ဒီည မျပန္လာရင္ သူ အိပ္ေတာင္မေပ်ာ္ႏိုင္ဘူးထင္ပါ့။

Hyungရယ္ တစ္ခုခုမ်ားျဖစ္ေနတာလား ....
Hyungသာတစ္ခုခုျဖစ္ရင္  ဘယ္လိုလုပ္ရမလဲ ကြၽန္ေတာ္တကယ္မသိေတာ့ဘူး....

ေဂ်ာင္ကု စိတ္ေတြေယာက္ယက္ခတ္ေနတုန္းမွာပဲ အခန္းတံခါးဖြင့္သံကို ၾကားလိုက္ရသည္။ ေဂ်ာင္ကု ခပ္ျမန္ျမန္ပဲ အေျပးသြားမိေတာ့ ယိုင္တိယိုင္တိုင္နဲ႔ ဖိနပ္ခြၽတ္ေနတဲ့Hyung...


“ Hyung!!!! ”

သူစိုးရိမ္တႀကီးေခၚၿပီး ေျပးေပြ႕မိ‌ေတာ့ Hyungက သူ႔ကို တြန္းထုတ္သည္။

“ သြား ... မလာနဲ႔... ငါ့အနား ေယာင္လို႔မကပ္နဲ႔ ”


ေဒါသ‌ေတြစြတ္တဲ့Hyungအသံမွာ ဝမ္းနည္းျခင္းေတြပါသည္မို႔ ေဂ်ာင္ကုအံ့ဩရသည္။ Hyung ဘာေတြျဖစ္လာတာလဲ Hyungဘာေတြခံစားေနရတာလဲ

“ ကြၽန္ေတာ္ကူတြဲေပးမယ္ ... Hyung ဟိုတခါတုန္းကလို ေရခ်ိဳးဦးမယ္မလား ”

အခန္းဝမွာတင္ ယိုင္တိုင္တိုင္ျဖစ္ေနတဲ့Hyungကို ဒုတအႀကိမ္ထပ္ဆြဲေခၚမိေတာ့ ပထမနည္းတူ သူ႔ကို ဖယ္ထုတ္တဲ့Hyung. ဒီတစ္ခါေတာ့ ေဂ်ာင္ကုတကယ္ကို စိတ္မေကာင္းျဖစ္ရသည္။

မူးေနလို႔.... မူးေနလို႔...  Hyungကမူးေနလို႔ပါ ေဂ်ာင္ကု...

သူ႔ကိုယ္သူအတင္းေျပာရင္း Hyungကိုတြဲဖို႔လုပ္ေတာ့ Hyungက သူ႔ကို တြန္းဖယ္ကာ ယိုင္တိယိုင္တိုင္နဲ႔ပဲ ဧည့္ခန္းထဲကဆိုဖာဆီအေရာက္သြားေတာ့သည္။ ဆိုဖာေပၚေရာက္တာနဲ႔ ပစ္လွဲၿပီးကားယားႀကီးေမွးေနတဲ့Hyungအနား ေဂ်ာင္ကု အသာေလးထိုင္ခ်လိုက္သည္။ ထို႔ေနာက္ အရင္တခါလိုေရခ်ိဳးမယ္အထင္နဲ႔ Hyungအက်ႌကို ဆြဲခြၽတ္ေပးဖို႔ႀကိဳးစားမိေတာ့ သူ႔လက္ေတြကို အားနဲ႔ဆုပ္ကိုင္ကာ ဆိုဖာေပၚဖိခ်ၿပီး သူ႔အေပၚ ငုံ႔မိုးလာတဲ့Hyung... မ်က္ႏွာခ်င္းနီးကပ္လာေလ Hyungဆီက အရက္နံ႔ေတြက ေထာင္းကနဲ႔ျဖစ္လာေလမို႔ သူ မ်က္ႏွာမဲ့လိုက္မိသည္။

“ မင္း ငါ့ဆီကေန လိုခ်င္ေနတာက ဘာလဲ ? ေငြ???? ဘယ္ေလာက္ေပးရမလဲ ... ဘယ္ေလာက္ေပးရင္ ငါ့နားကေန ထြက္မလဲ ”

ရီေဝေဝနဲ႔ေမးတဲ့ေမးခြန္းအဆုံး ေဂ်ာင္ကု ရင္ထဲအေျဖရွာမတတ္တဲ့ပုစာၦကႀကီးထြားလာရသည္။

ေငြ?? ေငြက ဘာမွလုပ္လို႔မရဘူး Hyung...


“ ေငြ ... ေငြမလိုဘူး Hyung ... ကြၽန္ေတာ္က Hyung... Hyungကိုပဲ လိုခ်င္တာ ...”


ရွက္႐ြံ႕ဟန္ေလးနဲ႔ေျပာလာတဲ့ သူ႔ေအာက္ကအေကာင္ေပါက္ကိုၾကည့္ၿပီး ထယ္ေယာင္းေတြေဝသြားမိသည္။ မူးေနသည္ဆိုေသာ္လည္း သူ႔မွာ အသိေတြရွိေသးသည္။ ဝမ္းနည္းေဒါသျဖစ္ေနတာမို႔ ေပါက္ကြဲပစ္ခဲ့ခ်င္ေပမဲ့ ဒီအႏွီေကာင္ေလးအေပၚ သူမလုပ္ရက္..။ အခုလဲ ‘ Hyungကိုပဲ လိုခ်င္တာ ’ ဆိုတဲ့စကားေၾကာင့္ သူ ေကာင္ေလးရဲ႕မ်က္ဝန္းေတြကို ေသခ်ာၾကည့္မိေတာ့ အေရာင္လဲ့လဲ့မ်က္ဝန္း‌ေတြက သူ႔စိတ္ကို ယိမ္းယိုင္ေစသည္။ အစစ္အမွန္လို႔ခံစားရေစသည္။ သို႔ေပမဲ့  ဒီေကာင္ေလး သူ႔အနားမွာရွိေနရင္ ဒုကၡေရာက္မွာ ... မီနာနဲ႔ မမဂ်င္ဆိုက ဥပမာပဲေလ... ေဂ်ာင္က ဒီေကာင္ေလးကိုလဲ အသက္ရွင္လ်က္အတိုင္းထားမယ္လို႔ အာမ မခံႏိုင္။ အဲ့ဒီလိုပဲ သူလဲ မကာကြယ္ေပးႏိုင္ပါ။ ကာကြယ္ဖို႔အင္အား အလုံအေလာက္လဲ သူ႔မွာမရွိ။ ဒါေၾကာင့္ ... ေမာင္းထုတ္ရမယ္ ... အထူးသျဖင့္ ဒီႏုႏုနယ္နယ္ကေလးေလးကို ထိခိုက္မွာမလိုလား။ ခ်စ္လို႔လား ေမးရင္ မဟုတ္။ ေသခ်ာတယ္ ဒီကေလးကို သူမခ်စ္ဘူး။ မထိခိုက္ေစခ်င္႐ုံေလးပဲ ...။


“ ငါ့ကိုလိုခ်င္တာ ေသခ်ာလား ... ေကာင္းၿပီ ငါက ဘာလဲ ဆိုတာကို ျပေပးမယ္ ”

ေျပာရင္းဆိုရင္း ခက္ထန္လာတဲ့Hyungမ်က္ဝန္းေတြေၾကာင့္ ေဂ်ာင္ကု ထိတ္လန႔္လာသည္။ အေရာင္ေျပာင္းသြားတဲ့Hyungမ်က္ဝန္းေတြနဲ႔အတူ ဆိုဖာေပၚကေန ခ်က္ခ်င္းထၿပီး သူ႔ကို ခါးကေန ဆြဲကိုင္ကာ ပခုံးေပၚ Hyungေကာက္တင္လိုက္သည္။

“ Hy...hyung.. ဘာလုပ္ မလို႔လဲ ... Hyung ”


အသံေတြတုန္ရင္စြာထြက္သြားေပမဲ့ Hyungကေတာ့ဂ႐ုမစိုက္။ ေျခလွမ္းက်ဲေတြနဲ႔သာ အခန္းထဲထိေရာက္ေအာင္သြားသည္။ အခန္းထဲေရာက္သည္ဆိုရင္ျဖင့္ ကုတင္ေပၚပစ္ခ်ကာ Hyungသူ႔ကိုယ္ေပၚကို ခြထိုင္လိုက္သည္။ သူ႔ကိုယ္ေပၚမွာ Hyungရွိေနသည္မို႔ သူ႐ုန္းထဖို႔မျဖစ္ႏိုင္ ။

“ မင္းလိုခ်င္တာ ဒါမလား ငါေပးမယ္”


ေျပာခ်င္ရာေတြဇြတ္ေျပာၿပီး သူဝတ္ထားတဲ့ရွပ္အပါးေလးကို အားနဲ႔ဆြဲၿဖဲလိုက္တဲ့Hyung...

“ ဟင္အင္း... မလုပ္နဲ႔ Hyung... မွားေနၿပီ.. မလုပ္ပါနဲ႔ ”


Hyungကိုေၾကာက္လို႔လား  စိတ္မပါတဲ့အထိအေတြ႕ေတြကိုေၾကာက္လို႔လား ဒါမွမဟုတ္ အသံက်ယ္တာေၾကာင့္လားေတာ့သူမသိ။ သူျငင္းဆန္မိသည္။

Hyungကေတာ့ သူ႔အက်ႌကိုဆြဲၿဖဲကာ သူ႔လက္ေတြကိုခ်ဳပ္ကိုင္ၿပီး သူ႔လည္တိုင္နား တိုးကပ္လာသည္။ ထို႔ေနာက္ လွ်ာဖ်ားေတြနဲ႔ လည္တိုင္ကို သပ္တင္ေတာ့ သူေၾကာက္လာရသည္။

မဟုတ္ဘူး... သူလိုခ်င္ခဲ့တာ ဒီပုံစံမဟုတ္ဘူး ... သူလိုခ်င္ခဲ့တာ Hyungရဲ႕အခ်စ္ေတြ... သာယာမႈေတြမဟုတ္... ။

ေၾကာက္လဲေၾကာက္တာေရာ ဒါပထမဆုံးအႀကိမ္ဆိုတာေရာေၾကာင့္ ေဂ်ာင္ကုမ်က္ဝန္းေတြ မ်က္ရည္ဝဲလာရသည္။ သူ႔လည္တိုင္ကို လွ်ာေတြနဲ႔ ေဆာ့ကစားေနရင္းနဲ႔မွ Hyungက သူ႔ဆံပင္ေတြကိုဆြဲေဆာင့္ကာ ေခါင္းကိုေမာ့ေစရင္း သူ႔ႏႈတ္ခမ္းဖ်ားေတြဆီေရာက္လာသည္။  အၾကမ္းပတမ္းနမ္းေနတဲ့Hyungႏႈတ္ခမ္းေတြကို သူမတုံ႔ျပန္မိဘဲ ခပ္တင္းတင္းေစ့ထားမိေတာ့ Hyungက သူ႔ႏႈတ္ခမ္းေတြကို လွ်ာေတြနဲ႔ဝင္ခြင့္ေတာင္းသည္။ အားမရေတာ့တဲ့အဆုံး Hyungလက္ႏွစ္ဖက္က သူ႔ေမး႐ိုးေတြကေန ညစ္ကိုင္ၿပီး ေခါင္းကိုေမာ့ေစလိုက္သည္။ အတင္းညစ္ထားတာမို႔ ခပ္ဟဟျဖစ္လာတဲ့သူ႔ႏႈတ္ခမ္းေတြၾကား Hyungႏႈတ္ခမ္းေတြဝင္ေရာက္လာသည္။ ဒါေတာင္ သြားကိုအတင္းေစ့ထားသည္မို႔ Hyungလိုခ်င္တဲ့ပုံစံကိုမေရာက္ႏိုင္။ သို႔ေပမဲ့ ဒီလိုအရာေတြနဲ႔ ေနာေက်ေနပုံရတဲ့Hyungလက္တဖက္က သူ႔ေဘာင္းဘီထဲဝင္ေရာက္လာသည္ဆိုရင္ျဖင့္ မေနႏိုင္ မထိုင္ႏိုင္ အသံထြက္ဖို႔ႀကိဳးစားမိလိုက္သည္။ ပြင့္ဟသြားတဲ့အဆုံးမွာေတာ့ Hyungရဲ႕လွ်ာေတြက သူ႔ခံတြင္းထဲဝင္လာသည္။ ခါးသပ္သပ္အရသာက လည္ေခ်ာင္းတစ္ေလွ်ာက္ျဖတ္ဆင္းသြားေပမဲ့ သူေၾကာက္မိသည္။ ႏူးညံ့ညံ့အနမ္းေတြမဟုတ္ဘဲ ဒီလိုအားပါတဲ့ ရမၼက္ဆန္ဆန္အနမ္းေတြေၾကာင့္ Hyungကို သူတကယ္ေၾကာက္လာရသည္။ Hyungကေတာ့ ရပ္တန႔္ေပးမဲ့ပုံမေပၚတာမို႔ သူတင္းခံရင္း ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕နဲ႔ Hyungကို ဖက္တြယ္မိသည္။

Hyungကိုခ်စ္တယ္ ... အဲ့ဒါေၾကာင့္မို႔ Hyungအဆင္ေျပရင္ မင္းလဲအဆင္ေျပရမယ္ ... သည္းခံလိုက္ေဂ်ာင္ကု ... ေနာက္ဆိုေနသားက်သြားမွာ ... ေၾကာက္ရင္လဲ ခဏေလးသည္းခံလိုက္ ....

ေက်ာျပင္ေပၚက်ေရာက္လာတဲ့ လက္သီးဆုပ္ေလးေတြေၾကာင့္ ထယ္ေယာင္း ဖ်တ္ကနဲ႔အသိဝင္လာသည္။ အစကေတာ့ ေျခာက္႐ုံေလာက္ အက်ႌေတြဆြဲၿဖဲကာ ၾကမ္းၾကမ္းတမ္းတမ္းေျပာဖို႔ပါပဲ ... ဒါေပမဲ့ အက်ႌကိုဆြဲအၿဖဲၿပီးမွာ ထြက္ေပၚလာတဲ့ လည္တိုင္ႏုႏုေလး... ဘာလို႔သူ႔အျမင္မွာအဲ့ေလာက္ထိလွေနလဲ သူမသိ။ ထို႔ေၾကာင့္ အနာတရမျဖစ္ေစဖို႔ ကိုက္ရာေလးေတာင္မလုပ္မိဘဲ လွ်ာဖ်ားေတြနဲ႔ေဆာ့ကစားမိသည္။
ဒါကိုမွ အေတာမသတ္ႏိုင္ေသးပဲ စူအိအိႏႈတ္ခမ္းေတြကို နမ္းရႈိက္မိေတာ့ သူနစ္မြန္းသြားသည္ ထင္ပါရဲ႕...
ျပင္းရွရွအနမ္းေတြကိုပါ ဖန္တီးမိလာေတာ့သည္။ ေနသားမက်ေသးတာထက္ အခုထိ နမ္းမတတ္ေသးတဲ့ထိုေကာင္ေလးေၾကာင့္ ၾကမ္းၾကမ္းရမ္းရမ္းလုပ္မိသည္။ဒါေတာင္ သူ႔ကိုတြန္းထုတ္ရမဲ့အစား  ေၾကာက္ေၾကာက္လန႔္လန႔္ လက္ခံေပးဖို႔ႀကိဳးစားေနတဲ့ထိုေကာင္ေလးေၾကာင့္ ထယ္ေယာင္း ရပ္တန႔္ကာ ငုံ႔မိုးၾကည့္လိုက္မိေတာ့ မ်က္ရည္စေတြနဲ႔အတင္းမွိတ္ထားတဲ့မ်က္ဝန္းေတြက ဖ်တ္ကနဲ႔ပြင့္လာသည္။

နီရဲေနတဲ့မ်က္ဝန္းအိမ္ရယ္ ေၾကာက္႐ြံ႕ေနတဲ့အေငြ႕အသက္ေတြရယ္ မ်က္ရည္ၾကည္ေတြဖုံးလႊမ္းေနတဲ့မ်က္ဝန္းလွလွရယ္ေၾကာင့္ ထယ္ေယာင္း ရင္ထဲေအးကနဲ႔။

ဘာခံစားခ်က္ႀကီးလဲ ...

“ ဂြၽန္... ဂြၽန္ထယ္!! ”

ႏႈတ္ခမ္းေတြတဆတ္ဆတ္တုန္လာတဲ့အထိ သူ႔အၾကည့္စူးစူးေတြကို ေၾကာက္႐ြံ႕ေနပုံရတဲ့ထိုေကာင္ေလးေၾကာင့္ သူ ထိုေကာင္ေလးနာမည္ကိုေရ႐ြတ္မိသည္။ လက္သီးဆုပ္လ်က္အတိုင္း သူ႔ကိုတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ကာ အားကုန္သုံးၿပီး သူ႔ကိုယ္ကို ေဘးနားလွဲခ်လိုက္တဲ့ထိုေကာင္ေလးေၾကာင့္ သူအံ့ဩရျပန္ပါသည္။ အမွန္ဆိုရင္ သူ႔ကိုတြန္းထုတ္ၿပီး တစ္ခ်က္ေလာက္ေတာ့ ထိုးရမွာမဟုတ္လား။

ေကာင္ေလးေဘးနားကိုေရာက္တာနဲ႔ ထိုေကာင္ေလးက သူ႔ရင္ခြင္ထဲ အတင္းခိုဝင္ကာ မ်က္ႏွာကို ရင္ဘတ္နဲ႔ အပ္သည္။ တသိမ့္သိမ့္တုန္ေနတဲ့ေက်ာျပင္အရ ငိုေနမယ္ဆိုတာ ေသခ်ာသည္မို႔ ထယ္ေယာင္း ဘာမွဆက္မေျပာျဖစ္ေတာ့ ။ ‌တုန္ရင္ေနတဲ့ေက်ာျပင္ေလးကိုေတာင္ ျပန္မေပြ႕ဖက္ေပးႏိုင္ခဲ့။

မွားျပန္ၿပီ? ထပ္ၿပီးအမွားလုပ္မိျပန္ၿပီ ကင္ထယ္ေယာင္း... ဘာမွမသိတဲ့ကေလးေလးကို .. ဘာေတြလုပ္လိုက္တာလဲ ကင္ထယ္ေယာင္းရဲ႕...

ထယ္ေယာင္းတစ္ေယာက္ သူ႔ကိုဖက္ကာ ငိုေႂကြးေနတဲ့ ေကာင္ေလးကိုျပန္မေပြ႕ဖက္မိသလို ႏွစ္သိမ့္စကားေလးေတာင္ မဆိုျဖစ္ခဲ့။ ကုတင္ေပၚမွာ ေက်ာက္႐ုပ္လိုၿငိမ္သက္ရင္းတဖက္နံရံက ပန္းခ်ီကားကိုသာ စိုက္ၾကည့္ေနမိခဲ့ေတာ့သည္။

မမ ... ဒီေကာင္ေလးမထိခိုက္ေအာင္လို႔ ကာကြယ္ေပးလို႔ရမလားဟင္...


အခ်ိန္တစ္ခုအေရာက္မွာေတာ့ တုန္ရင္ေနတဲ့ေက်ာျပင္ေလးၿငိမ္သက္သြားသလို အသက္ရႉသံေတြကို ပုံမွန္ၾကားေနရၿပီမို႔ ထယ္ေယာင္း သူ႔ရင္ခြင္ထဲကအေကာင္ေပါက္ကို ဆြဲထုတ္လိုက္မိသည္။ မ်က္ရည္စီးေၾကာင္းေတြအျပင္ မ်က္ေတာင္ေကာ့ေကာ့ေလးမွာ  မ်က္ရည္ေတြေၾကာင့္ ဟိုတစ္စု ဒီတစ္စုျဖစ္ေနတာမို႔ ပါးျပင္ေလးကိုခပ္ဖြဖြကိုင္ၿပီး ပြတ္သပ္ေပးလိုက္မိသည္။ 

သူ႔တုန္းကေတာင္ ပထမဆုံးအႀကိမ္မွာ ေဂ်ာင္ရဲ႕ၾကမ္းတမ္းမႈေတြေၾကာင့္ ေသေအာင္ေၾကာက္ၿပီး႐ြံရွာမုန္းတီးခဲ့ရတာ ...၊ အခုဒီေကာင္ေလးကေရာ.. သူ႔ကို႐ြံၿပီး ေၾကာက္႐ြံ႕သြားရင္ သိပ္ေကာင္းမွာပဲ.. ဒါေပမဲ့ မျဖစ္ႏိုင္ဘူး သူခံစားမိတယ္ ဒီေကာင္ေလးက သူ႔ကိုမတြန္းဖယ္တဲ့အျပင္ အဆုံးထိႀကိတ္မွိတ္ေနေပးဖို႔ ဆႏၵရွိခဲ့တာ...။

ထယ္ေယာင္း တစ္ေယာက္ ကုတင္ေပၚမွာငုတ္တုပ္ေလးထိုင္ကာ ေဂ်ာင္ကုပါးျပင္ေတြကို ပြတ္သပ္ရင္း ၿပဳံးလိုက္မိသည္။ ထို႔ေနာက္ ေဘးတစ္ေစာင္းအေနအထားနဲ႔ ေခြေခြေလးအိပ္ေနတဲ့ေကာင္ေလးကို ထယ္ေယာင္း ေနရာက်ေအာင္ ထားကာ အမွတ္တမဲ့ အဝတ္မဲ့ေနတဲ့ေကာင္ေလးကိုယ္ေပၚ အၾကည့္ေရာက္မိသည္။

ထူးေတာ့ထူးဆန္းတယ္ ... အထက္တန္းၿပီးကာခါစေကာင္ေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္က ဘာေၾကာင့္မ်ား ရွိသင့္တာထက္ပိုေနရလဲမသိ။ သူ႔ေလာက္ေတာ့မဟုတ္ေပမဲ့  ခႏၶာကိုယ္က သန္မာတဲ့အမ်ိဳးစားထဲကပင္။ မ်က္ႏွာက ကေလးတစ္ေယာက္လို ခ်စ္စရာေကာင္းေပမဲ့ ခႏၶာကိုယ္ကေတာ့ ပါးပါးက်စ္က်စ္နဲ႔ စြဲမက္စရာေကာင္းသည္။

ဒါနဲ႔မ်ား ခုနက သူအၾကမ္းအတမ္းလုပ္ေနတာကို တင္းခံေနေသးတယ္ !! ထယ္ေယာင္းဆိုတာက ဂြၽန္ထယ္ တစ္ခ်က္ေလာက္ အားသုံးရင္ လဲသြားမဲ့အေနအထားဆိုတာ ေကာင္ေလးမသိတာမ်ားလား။

ထယ္ေယာင္းအၾကည့္ေတြလႊဲၿပီး ေစာင္ၿခဳံေပးလိုက္မိသည္။ မူးေနတာေတာင္ အမူးေျပသြားရတဲ့သူ။ ကုတင္ထက္မွာ ငုပ္တုတ္ထိုင္ၿပီး အေတြးေတြကို႐ြက္လႊင့္မိေတာ့သည္။


မထိခိုက္ေစခ်င္ေပမဲ့ မင္းကို ငါေလာဘႀကီးမိၿပီထင္တယ္ ထြက္သြားေစခ်င္ေပမဲ့ ငါ့အနားမွာရွိေစခ်င္ျပန္တယ္ အနည္းဆုံး ငါမခ်စ္ရင္ေတာင္ အထီးမက်န္ခ်င္ဘူး ဂြၽန္ထယ္ ငါဘာလုပ္သင့္လဲ???

ညနက္လာတာနဲ႔ ကုတင္စြန္းမွာေခြေခြေလးလွဲခ်လိုက္မိေတာ့ မၾကာတဲ့အခ်ိန္မွာပဲ အိပ္စက္ျခင္းကသူ႔ကိုအုပ္စိုးလာသည္။ မနက္အာ႐ုံတက္ခါနီးမွာေတာ့ ေစာင္ေအာက္က ေကာင္ငယ္ေလးႏိုးလာၿပီး သူ႔ကိုေထြးေပြ႕ကာ ေစာင္ေအာက္ထဲ ဝင္ေစခဲ့တာကိုေတာ့ ထယ္ေယာင္း မသိေတာ့။

အဲ့ဒီလိုပဲ ထယ္ေယာင္းနား႐ြက္ေတြနဲ႔ လည္တိုင္ေတြကို ခပ္ဖြဖြအနမ္းေတြေႁခြခ်ခဲ့တာ ထယ္ေယာင္းမသိ‌ခဲ့။

အဲ့ဒီလိုပဲ ထယ္ေယာင္းႏႈတ္ခမ္းေတြကို ျမတ္ျမတ္ႏိုးႏိုးနမ္းရႈိက္ခဲ့တာလဲ ထယ္ေယာင္းမသိခဲ့ပါ။


သိပ္ခ်စ္တာမို႔ ထယ္ ဘာလုပ္လုပ္ ကိုယ္အကုန္ၾကည္ျဖဴတယ္ ထယ္ ... ကိုယ္ နာက်င္ေနရင္လဲအဆင္ေျပတယ္ထယ္


💠💠💠

Dec 03,2020 (Thursday)
By Epiphany_Jinah

Continue Reading

You'll Also Like

57K 4.6K 6
โ€ข แ€™แ€ฌแ€ธแ€™แ€ฌแ€ธ แ€‘แ€šแ€นแ€ฑแ€šแ€ฌแ€„แ€นแ€ธแ€€แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€Ÿแ€ฌแ€ฑแ€”แ€ฌแ€น แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€ฅแ€…แฅแ€ฌแ€ฑแ€”แ€ฌแ€น โ€ข โ€ข แ€™แ€ฌแ€ธแ€™แ€ฌแ€ธ แ€‘แ€šแ€บแ€šแ€ฑแ€ฌแ€„แ€บแ€ธแ€€แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€Ÿแ€ฌแ€”แ€ฑแ€ฌแ€บ แ€žแ€ฌแ€ธแ€žแ€ฌแ€ธแ€ฅแ€…แ€นแ€…แ€ฌแ€”แ€ฑแ€ฌแ€บ โ€ข
94.8K 6.1K 12
Kim Taehyung Jeon Jungkook Park Jimin Min Yoongi Kim Seokjin Kim Namjoon Jung Hoseok
1.1M 36.6K 63
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
744K 27.4K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...