Zawgyi
ထက္ဘုန္း၏ကြန္ဒိုကိုေရာက္ေတာ့ ထက္ဘုန္းကသူတို႔အားလုံးကို ဆိုဖာမွာထိုင္ခိုင္းေစလိုက္သည္။
"ခဏေနၾကဦးေနာ္။ငါေရသြားခ်ိဳးလိုက္ဦးမယ္"
"ရတယ္ ရတယ္ ဒါနဲ႔မင္းဆီမွာေသာက္စရာေရာရွိလို႔လား"
"အဲ မရွိဘူး ကုန္ေနတာကိုေမ့ေနတာကြာ ဟဲဟဲ။ဒါေပမယ့္ေအာက္ထပ္မွာmini martရွိတယ္။အဲ့ကေနဝယ္လို႔ရတယ္"
"ဟုတ္လား အဲ့ဒါဆိုငါနဲ႔ေစာျမတ္သြားဝယ္လိုက္မယ္"
"အဲ့လိုရတယ္ဆိုသြားဝယ္လိုက္ေလ။ပိုက္ဆံမရွိရင္ငါ့လြယ္အိတ္ထဲကယူသြားလို႔ရတယ္"
"ငါတို႔လည္းအခုရက္ပိုင္းပိုက္ဆံျပတ္ေနတာနဲ႔အေတာ္ပဲ ေက်းဇူး"
"ၿဖိဳးဉာဏ္နဲ႔ေဆာင္းဦး ဒီမွာခဏေနဦးေနာ္။TVၾကည့္ရင္ၾကည့္ေနေလ"
"ငါတို႔ကရတယ္။မင္းတို႔သာေအးေဆးသြား"
"အဲ့ဒါဆိုလည္းၿပီးေရာ"
ေကာင္းထက္တို႔ကထက္ဘုန္းလြယ္အိတ္ထဲမွာ ပိုက္ဆံကိုယူကာ အခန္းအျပင္သို႔ထြက္သြားသည္။ထက္ဘုန္းလည္းေနရတာ နည္းနည္းၿငီးစီစီျဖစ္ေနသည့္အတြက္ ေရခ်ိဳးရန္သူ႔အခန္းထဲကိုဝင္သြားေတာ့ ဧည့္ခန္းထဲမွာ ၿဖိဳးဉာဏ္ႏွင့္ေဆာင္းဦးသာက်န္ေတာ့သည္။
ၿဖိဳးဉာဏ္လည္းဘာလုပ္ရမလဲမသိေသာေၾကာင့္ TV remoteကိုယူကာTVဖြင့္လိုက္သည္။ေဆာင္းဦးကေတာ့ သူ႔လြယ္အိတ္ထဲမွ သူဒီေန႔ငွါးလာသည့္စာအုပ္တစ္အုပ္ကိုထုတ္ၿပီးဖတ္ဖို႔ျပင္လိုက္သည္။ဘာမွမလုပ္ဘဲေနတာထက္စာရင္ စာအုပ္ဖတ္ေနတာကမွပိုအက်ိဳးရွိေသးတယ္မလား။
"ဘာလဲ ေဆာင္းဦး စာအုပ္ဖတ္မလို႔လား"
"အင္းေလ စာအုပ္ႀကီးကိုင္ေနတာျမင္ေနတာကိုစာအုပ္မဖတ္ဘဲငါကဘာလုပ္ရမွာလဲ အ႐ူးရဲ႕"
"မင္းကေတာ့ေလ စာအုပ္နဲ႔မ်က္ႏွာနဲ႔တစ္ခ်ိန္လုံးကပ္ေနတာပဲ။ဘယ္ေတာ့မွခြါမယ့္ပုံလည္းမေပၚဘူး။မေျပာေတာ့ဘူး ဖတ္ ဖတ္"
ေဆာင္းဦးသူ႔ကိုေခါင္းညိမ့္ျပလိုက္ၿပီးေနာက္ မ်က္မွန္ကိုပင့္တင္ရင္း စာအုပ္ကိုစဖတ္ဖို႔ျပင္လိုက္သည္။စာတစ္ေၾကာင္းခ်င္းစီကို ေသခ်ာဖတ္ေနေသာ ေဆာင္းဦးသည္ စာအုပ္ထဲမွာဘယ္ေလာက္နစ္ဝင္ေနလဲဆိုတာ သိသာသည္။
ၿဖိဳးဉာဏ္ကေတာ့သူ႔ေဘးကစာဂ်ပိုးေကာင္ကို ၾကည့္ၿပီး အိပ္ေတာင္ငိုက္လာသည္။ဘာလို႔မ်ားအဲ့ေလာက္စာအုပ္ဖတ္ရတာတို႔၊စာလုပ္ရတာတို႔ႀကိဳက္လဲ စဥ္းစားလို႔မရဘူး။ေဆာင္းဦးကစာမလုပ္ရင္ေတာင္ စာေတာ္တဲ့အထဲမွာ ပါေနၿပီးသားကို ဘာလို႔မ်ားအဲ့ေလာက္ေတာင္ စာႀကိဳးစားေနရတာလဲ။
သူဆိုေဆာင္းဦးကိုအခ်ိန္တိုင္း စာလုပ္ဖို႔ေနေနသာသာ (၅)မိနစ္ေလာက္စာေရးစားပြဲမွာ ထိုင္လိုက္တာနဲ႔ကို အလိုလိုေနရင္းအိပ္ငိုက္လာေရာ။အခုလည္းေဆာင္းဦးကိုၾကည့္ရင္း မ်က္လုံးေတြကအလိုလိုေမွးဆင္းလာသည္။ထို႔ေၾကာင့္ ေဆာင္းဦးစာအုပ္ကိုပိတ္ကာလုယူလိုက္သည္။
"ဟာ ၿဖိဳးဉာဏ္ ငါစာဖတ္ေနတယ္ေလကြာ။ကိုယ့္ဘာသာကိုယ္ေအးေဆးTVၾကည့္ေနေလ"
"မရဘူးကြာ ငါအိပ္ငိုက္လာၿပီ"
"မင္းအိပ္ငိုက္တာငါနဲ႔ဘာဆိုင္လို႔လဲ"
"မင္းကစာဖတ္ေနေတာ့ငါကအိပ္ငိုက္တာေပါ့။စာမဖတ္နဲ႔ေတာ့ ငါနဲ႔စကားေျပာေပး"
"မင္းတမင္ငါ့ကိုစာမဖတ္ေစခ်င္လို႔အက်င့္ယုတ္တာမလား"
"ဟုတ္တယ္ ဘာျဖစ္လဲ ဘာျဖစ္လဲ။မင္းကလည္းတစ္ခါတေလစာအုပ္နဲ႔မ်က္ႏွာနဲ႔ခြါပါဦး။အခ်ိန္တိုင္းဘာလို႔စာဖတ္ေနတာလဲ ဒီေလာက္ပ်င္းစရာႀကီးကို"
"ေတာ္ၿပီ မင္းကိုဒီေန႔စကားမေျပာေတာ့ဘူး"
ထိုသို႔ေျပာကာ သူကတစ္ဖက္သို႔လွည့္သြားသည္။မ်က္ေမွာင္ႀကီးကိုႀကဳံ႔ကာ ႏႈတ္ခမ္းကိုဆူၿပီး TVကိုစူးစိုက္ၾကည့္ေနေသာ ေဆာင္းဦးသည္ျဖတ္႐ိုက္ခ်င္စရာေကာင္းလွသည္။ၿဖိဳးဉာဏ္တစ္ဖက္သို႔လွည့္ကာ ရီလိုက္ေတာ့ ေဆာင္းဦးကမ်က္ေစာင္းထိုးကာ ၾကည့္လာသည္။
"ဘာရီတာလဲ။ရီစရာတစ္ခုမွမပါဘဲနဲ႔"
"ဘာမွမဟုတ္ပါဘူး မင္းစိတ္ေကာက္ေနတဲ့ပုံစံကရီစရာေကာင္းလို႔ပါကြာ။မင္းကလည္းကေလးမဟုတ္ဘဲနဲ႔ စိတ္မေကာက္နဲ႔ေတာ့ေလေနာ္"
"ေတာ္စမ္း ကေလးမွစိတ္ေကာက္ရမယ္လို႔မင္းကိုဘယ္သူေျပာလဲ။ငါ့ကိုေျပာတုန္းကက်ေျပာထားၿပီးေတာ့ ေခြးေကာင္ မင္းကိုမေခၚဘူး"
ေျပာရင္းဆိုရင္းဟိုဘက္လွည့္သြားျပန္ေတာ့ ၿဖိဳးဉာဏ္သူ႔ေမးေစ့ကိုသူပြတ္ကာ အႀကံထုတ္လိုက္သည္။ၿပီးမွလူယုတ္မာၿပဳံးၿပဳံးလိုက္ကာ ကိုင္ထားေသာစာအုပ္ကိုစားပြဲေပၚမွာခ်လိုက္ၿပီး ေဆာင္းဦးနားကိုကပ္ကာ ပါးႏွစ္ဖက္ကိုအားႏွင့္ဆြဲလိုက္သည္။
"အား ၿဖိဳးဉာဏ္ ေခြးေကာင္ လႊတ္စမ္း။ငါ့ပါးေတြနာေနၿပီ"
"အဲ့ဒါဆိုငါ့ကိုစိတ္မဆိုးေတာ့ဘူးလို႔ေျပာ။အဲ့ဒါဆိုလႊတ္ေပးမယ္"
"အာ့ အရင္လႊတ္ေပးေလ။ၿပီးရင္ေျပာမယ္ေနာ္။ငါအရမ္းနာေနၿပီ"
"မယုံဘူး မင္းကို။အရင္ဆုံးစိတ္မဆိုးေတာ့ဘူးလို႔ေျပာ"
"အား နာတယ္လို႔ ၿဖိဳးဉာဏ္ေသာ္!!!"
ထက္ဘုန္းေရခ်ိဳးၿပီးေနာက္ အဝတ္အစားလဲေနရာ အျပင္ကေဆာင္းဦး၏ေအာ္သံကိုၾကားေသာေၾကာင့္ အဝတ္ကိုျမန္ျမန္ဝတ္ကာ အျပင္ကိုေျပးထြက္သြားေတာ့သည္။
"ေဆာင္းဦး ဘာျဖစ္....."
သူ႔စကားစက ေဆာင္းဦး၏ပါးကိုအားႏွင့္ဆြဲထားေသာ ၿဖိဳးဉာဏ္ကိုေတြ႕လိုက္ရေသာေၾကာင့္ ျပတ္သြားေတာ့သည္။သူၿဖိဳးဉာဏ္ကိုမၾကည္ၾကည့္ၾကည့္လိုက္သည္။သူ႔အသားမဟုတ္တိုင္း သူမ်ားပါးကိုဘာလို႔အဲ့ေလာက္နာေအာင္ဆြဲေနရတာလဲ။သူ႔ရဲ႕လက္ၾကမ္းႀကီးနဲ႔ ေဆာင္းဦးရဲ႕ပါးကိုဆြဲေနလိုက္တာမ်ား အား ေဒါသေတြထြက္လာၿပီ မရေတာ့ဘူး။
သူေျခလွမ္းက်ဲႀကီးေတြႏွင့္ ေဆာင္းဦးတို႔ထိုင္ေနေသာ ေနရာကိုေလွ်ာက္သြားလိုက္သည္။ထို႔ေနာက္ၿဖိဳးဉာဏ္ႏွင့္ေဆာင္းဦးၾကားေနရာ က်ဥ္းက်ဥ္းေလးမွာ အတင္းတိုးဝင္ထိုင္ေတာ့ ၿဖိဳးဉာဏ္ကေၾကာင္ေတာင္ေတာင္ႏွင့္ေဆာင္းဦးကိုဆြဲထားတာကို လႊတ္ေပးလိုက္သည္။
ေဆာင္းဦးကေတာ့ နီရဲေနေသာပါးႏွစ္ဖက္ကိုပြတ္ကာ ငိုမဲ့မဲ့ႏွင့္ျဖစ္ေနသည္။ဒါကိုေတြ႕ေသာထက္ဘုန္းကိုၿဖိဳးဉာဏ္ဘက္ကို လွည့္ၾကည့္လာေသာေၾကာင့္ ၿဖိဳးဉာဏ္ပင္နည္းနည္းလန္႔သြားသည္။ထက္ဘုန္ရဲ႕အၾကည့္ေတြကမသိရင္သူ႔ကိုသတ္ေတာ့မလိုပဲ။မေကာင္းတဲ့အေငြ႕အသက္ေတြကို သူခံစားေနရတယ္။
"ၿဖိဳးဉာဏ္"
"အင္း ေျပာ...ေျပာေလ ထက္ဘုန္း"
"ေနာက္ဆိုေဆာင္းဦးပါးကိုအရမ္းမဆြဲပါနဲ႔"
"ငါတို႔ကသူငယ္ခ်င္းအခ်င္းခ်င္းဒီတိုင္းစ......"
"သူငယ္ခ်င္းဆိုတာကိုသိေပမယ့္အရမ္းမလုပ္ပါနဲ႔။ေဆာင္းဦးအရမ္းနာသြားၿပီ"
"ငါကဖြဖြေလးပဲဆြဲ....."
"ေဆာင္းဦး နာသြားတယ္မလား"
"အင္း အရမ္းနာတယ္။အခုထိကိုနာေနတုန္းပဲ"
ၿဖိဳးဉာဏ္ ေဆာင္းဦးကိုစိတ္ထဲကက်ိန္ဆဲေနလိုက္သည္။ဒီေကာင္အေျခအေနနဲ႔အခ်ိန္အခါကိုလိုက္ၿပီး နည္းနည္းပါးပါးလိမ္ေျပာေပးလိုက္လို႔မရဘူးလား။အခုထက္ဘုန္းသူ႔ကိုၾကည့္ေနတဲ့အၾကည့္ေတြကခုနကထက္ပိုဆိုးလာသလိုပဲ။အေမေရ.....ကယ္ပါဦး သား ငယ္ငယ္႐ြယ္႐ြယ္နဲ႔မေသခ်င္ေသးဘူးေနာ္။ၿဖိဳးဉာဏ္ေၾကာက္ေနတာကို ထိန္းကာ အသံကိုအတတ္ႏိုင္ဆုံးေဖ်ာ့၍ေျပာလိုက္သည္။မဟုတ္ရင္အေျခအေနမေကာင္းမွန္းသူသိတယ္ေလ။
"အင္းပါ ေနာက္ဆိုအရမ္းအရမ္းမလုပ္ေတာ့ပါဘူး။ေတာင္းပန္ပါတယ္။အဲ့ဒါေၾကာင့္ငါ့ကိုအဲ့လိုေၾကာက္စရာေကာင္းတဲ့မ်က္လုံးႀကီးနဲ႔မၾကည့္ပါနဲ႔။ၾကက္သီးေတြေတာင္ထတယ္"
"ဪ အဟမ္း အဲ့လိုျဖစ္သြားလား ေဆာရီး"
ထက္ဘုန္းမ်က္ႏွာပူကာ တစ္ဖက္ကိုလွည့္လိုက္သည္။သူ႔မ်က္ႏွာကအဲ့ေလာက္ေတာင္ဆိုး႐ြားသြားတာလား။ထားပါေတာ့ေလ မသိခ်င္ေယာင္ပဲေဆာင္ေနလိုက္ေတာ့မယ္။
"ေဆာင္းဦး အဆင္ေျပရဲ႕လား"
"အင္း ေျပပါတယ္။ၿဖိဳးဉာဏ္ကဆြဲေနက်ဆိုေတာ့ အက်င့္ျဖစ္ေနၿပီ ဟီးဟီး"
ထက္ဘုန္းကမ်က္ေမွာင္ႀကဳံ႔ကာ ေဆာင္းဦးမ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္ပင့္လိုက္ၿပီး ဟိုဘက္ၾကည့္လိုက္၊ဒီဘက္ၾကည့္လိုက္ႏွင့္လုပ္ေနသည္။ေဆာင္းဦးမွာေတာ့ေခါင္းေတြေတာင္မူးေနာက္ေနၿပီျဖစ္သည္။ၿဖိဳးဉာဏ္ကေတာ့ ပါးစပ္သာဟႏိုင္ေတာ့သည္။ထက္ဘုန္းကေဆာင္းဦးကို ဘယ္လိုျဖစ္လို႔အဲ့ေလာက္ေတာင္ သည္းသည္းလႈပ္ေနရတာလဲ။
မဟုတ္မွလြဲေရာ သူကေဆာင္းဦးကိုမ်ားႀကိဳက္ေနတာလား။ၿဖိဳးဉာဏ္ေသာ္ရယ္ ဘာေတြေတြးေနတာလဲ။ထက္ဘုန္းကေဆာင္းဦးလို စာဂ်ပိုးကိုႀကိဳက္မလား ငတုံးရဲ႕ နည္းနည္းပါးပါးစဥ္းစားေလ။ၿဖိဳးဉာဏ္သူ႔ဘာသာသူတစ္ေယာက္တည္း အေတြးေတြနဲ႔ေယာက္ယက္ခက္ေနတုန္း ေကာင္းထက္တို႔က ဧည့္ခန္းထဲကိုအထုတ္ေတြကိုင္ကာ ဝင္လာၾကသည္။
ေဆာင္းဦးမ်က္ႏွာကို ဟိုဘက္၊ဒီဘက္လွည့္ရင္း ၾကည့္ေနေသာ ထက္ဘုန္းကိုေတြ႕ေတာ့ စခ်င္စိတ္ေပၚလာကာ ႐ုပ္တည္ႀကီးေတြႏွင့္ ေခ်ာင္းဟန္႔လိုက္သည္။
"အဟမ္း အဟမ္း"
'ျဖန္း'
ေခ်ာင္းဟန္႔သံၾကားေသာေၾကာင့္ ထက္ဘုန္းလက္ကိုအလန္႔တၾကားယုတ္လိုက္ရာ ကံဆိုးခ်င္ေတာ့ေဆာင္းဦးမ်က္ႏွာကို မေတာ္တဆ႐ိုက္မိသြားသည္။ေဆာင္းဦးမွာမ်က္ရည္ေတြ တေပါက္ေပါက္ႏွင့္က်လာသည္။မက်ဘဲေနမလား ႐ိုက္လိုက္တာကအားႀကီးနဲ႔ေလ။ထက္ဘုန္းကအစတုန္းကေၾကာင္ေတာင္ေတာင္နဲ႔ၾကည့္ေနရင္း ေနာက္မွအသိဝင္ကာ ပ်ာပ်ာသလဲေတာင္းပန္ရသည္။ေစာျမတ္တို႔ကေတာ့ တခြိခြီႏွင့္ႀကိတ္ရီေနၾကသည္။ထက္ဘုန္းကေတာ့လုပ္လိုက္ရင္တလြဲေတြႀကီးပဲ။
"ေဆာင္း.....ေဆာင္းဦး ကိုယ္ေတာင္းပန္ပါတယ္။ဟိုေကာင္ေတြကေခ်ာင္းဆိုးလိုက္ေတာ့ မေတာ္တဆ လန္႔ၿပီးလုပ္လိုက္မိတာ"
"ခုနကၿဖိဳးဉာဏ္လုပ္တာေတာင္အဲ့ေလာက္မနာဘူး။ကိုထက္ ကြၽန္ေတာ့္ကိုတမင္လုပ္တာေတာ့မဟုတ္ဘူးမလား"
"အာ ဘယ္ကတမင္လုပ္ရမွာလဲ။တကယ္မေတာ္တဆပါကြာ။စိတ္ဆိုးသြားတာလား"
"ဟင့္အင္း မဆိုးပါဘူး"
"အင္း ေတာ္ေသးတာေပါ့ နာေနေသးလား"
"နာတယ္"
"ထက္ဘုန္းညီတို႔ကေတာ့အျဖစ္သည္းေနတယ္ေဟး"
"ဟုတ္ပါ့ကြာ မ်က္ႏွာကိုလည္းၾကည့္ဦး။ငိုေတာ့မလို႐ုပ္နဲ႔ အစိုးရိမ္လြန္ေနတာမ်ား"
"တိတ္စမ္း ငါလုပ္လိုက္လို႔ သူ႔မ်က္ႏွာနာသြားတာေလ။အဲ့ဒါမင္းတို႔အျပစ္လည္းမကင္းဘူး"
"အယ္ ငါတို႔နဲ႔ဘာဆိုင္လို႔လဲ"
"မင္းတို႔ေခ်ာင္းဟန္႔လိုက္လို႔ ငါကလန္႔ၿပီးလက္ကို႐ုတ္လိုက္မိတာေလ။အဲ့ဒါမင္းတို႔အျပစ္လည္းပါတယ္"
"ေအးပါကြာ ငါတို႔ပဲမွားတာပါ"
"သိရင္ၿပီးေရာ"
ေကာင္းထက္တို႔ကေတာ့ ေခါင္းေတြခါကာ မီးဖိုေခ်ာင္ထဲဝင္သြားေတာ့သည္။ထက္ဘုန္းကေတာ့ေဆာင္းဦးမ်က္ႏွာကိုတၾကည့္ၾကည့္ႏွင့္။သူ႔ပါးကိုကိုင္ကာ မ်က္ႏွာတစ္ခါမဲ့သြားတိုင္း သူ႔ကိုယ္သူ႐ိုက္သတ္ခ်င္စိတ္ေတြေပါက္လာသည္။ေဆာင္းဦးနားေရာက္ရင္ စိတ္လႈပ္ရွားတာကဘာလို႔ထိန္းမရလဲသူလည္းမသိ။ေနာက္ဆိုနည္းနည္းပါးပါးစိတ္တည္ၿငိမ္ေအာင္ လုပ္ဦးမွပါေလ။
♤♤♤♤♤♤♤♤♤♤
Unicode
ထက်ဘုန်း၏ကွန်ဒိုကိုရောက်တော့ ထက်ဘုန်းကသူတို့အားလုံးကို ဆိုဖာမှာထိုင်ခိုင်းစေလိုက်သည်။
"ခဏနေကြဦးနော်။ငါရေသွားချိုးလိုက်ဦးမယ်"
"ရတယ် ရတယ် ဒါနဲ့မင်းဆီမှာသောက်စရာရောရှိလို့လား"
"အဲ မရှိဘူး ကုန်နေတာကိုမေ့နေတာကွာ ဟဲဟဲ။ဒါပေမယ့်အောက်ထပ်မှာmini martရှိတယ်။အဲ့ကနေဝယ်လို့ရတယ်"
"ဟုတ်လား အဲ့ဒါဆိုငါနဲ့စောမြတ်သွားဝယ်လိုက်မယ်"
"အဲ့လိုရတယ်ဆိုသွားဝယ်လိုက်လေ။ပိုက်ဆံမရှိရင်ငါ့လွယ်အိတ်ထဲကယူသွားလို့ရတယ်"
"ငါတို့လည်းအခုရက်ပိုင်းပိုက်ဆံပြတ်နေတာနဲ့အတော်ပဲ ကျေးဇူး"
"ဖြိုးဉာဏ်နဲ့ဆောင်းဦး ဒီမှာခဏနေဦးနော်။TVကြည့်ရင်ကြည့်နေလေ"
"ငါတို့ကရတယ်။မင်းတို့သာအေးဆေးသွား"
"အဲ့ဒါဆိုလည်းပြီးရော"
ကောင်းထက်တို့ကထက်ဘုန်းလွယ်အိတ်ထဲမှာ ပိုက်ဆံကိုယူကာ အခန်းအပြင်သို့ထွက်သွားသည်။ထက်ဘုန်းလည်းနေရတာ နည်းနည်းငြီးစီစီဖြစ်နေသည့်အတွက် ရေချိုးရန်သူ့အခန်းထဲကိုဝင်သွားတော့ ဧည့်ခန်းထဲမှာ ဖြိုးဉာဏ်နှင့်ဆောင်းဦးသာကျန်တော့သည်။
ဖြိုးဉာဏ်လည်းဘာလုပ်ရမလဲမသိသောကြောင့် TV remoteကိုယူကာTVဖွင့်လိုက်သည်။ဆောင်းဦးကတော့ သူ့လွယ်အိတ်ထဲမှ သူဒီနေ့ငှါးလာသည့်စာအုပ်တစ်အုပ်ကိုထုတ်ပြီးဖတ်ဖို့ပြင်လိုက်သည်။ဘာမှမလုပ်ဘဲနေတာထက်စာရင် စာအုပ်ဖတ်နေတာကမှပိုအကျိုးရှိသေးတယ်မလား။
"ဘာလဲ ဆောင်းဦး စာအုပ်ဖတ်မလို့လား"
"အင်းလေ စာအုပ်ကြီးကိုင်နေတာမြင်နေတာကိုစာအုပ်မဖတ်ဘဲငါကဘာလုပ်ရမှာလဲ အရူးရဲ့"
"မင်းကတော့လေ စာအုပ်နဲ့မျက်နှာနဲ့တစ်ချိန်လုံးကပ်နေတာပဲ။ဘယ်တော့မှခွါမယ့်ပုံလည်းမပေါ်ဘူး။မပြောတော့ဘူး ဖတ် ဖတ်"
ဆောင်းဦးသူ့ကိုခေါင်းညိမ့်ပြလိုက်ပြီးနောက် မျက်မှန်ကိုပင့်တင်ရင်း စာအုပ်ကိုစဖတ်ဖို့ပြင်လိုက်သည်။စာတစ်ကြောင်းချင်းစီကို သေချာဖတ်နေသော ဆောင်းဦးသည် စာအုပ်ထဲမှာဘယ်လောက်နစ်ဝင်နေလဲဆိုတာ သိသာသည်။
ဖြိုးဉာဏ်ကတော့သူ့ဘေးကစာဂျပိုးကောင်ကို ကြည့်ပြီး အိပ်တောင်ငိုက်လာသည်။ဘာလို့များအဲ့လောက်စာအုပ်ဖတ်ရတာတို့၊စာလုပ်ရတာတို့ကြိုက်လဲ စဉ်းစားလို့မရဘူး။ဆောင်းဦးကစာမလုပ်ရင်တောင် စာတော်တဲ့အထဲမှာ ပါနေပြီးသားကို ဘာလို့များအဲ့လောက်တောင် စာကြိုးစားနေရတာလဲ။
သူဆိုဆောင်းဦးကိုအချိန်တိုင်း စာလုပ်ဖို့နေနေသာသာ (၅)မိနစ်လောက်စာရေးစားပွဲမှာ ထိုင်လိုက်တာနဲ့ကို အလိုလိုနေရင်းအိပ်ငိုက်လာရော။အခုလည်းဆောင်းဦးကိုကြည့်ရင်း မျက်လုံးတွေကအလိုလိုမှေးဆင်းလာသည်။ထို့ကြောင့် ဆောင်းဦးစာအုပ်ကိုပိတ်ကာလုယူလိုက်သည်။
"ဟာ ဖြိုးဉာဏ် ငါစာဖတ်နေတယ်လေကွာ။ကိုယ့်ဘာသာကိုယ်အေးဆေးTVကြည့်နေလေ"
"မရဘူးကွာ ငါအိပ်ငိုက်လာပြီ"
"မင်းအိပ်ငိုက်တာငါနဲ့ဘာဆိုင်လို့လဲ"
"မင်းကစာဖတ်နေတော့ငါကအိပ်ငိုက်တာပေါ့။စာမဖတ်နဲ့တော့ ငါနဲ့စကားပြောပေး"
"မင်းတမင်ငါ့ကိုစာမဖတ်စေချင်လို့အကျင့်ယုတ်တာမလား"
"ဟုတ်တယ် ဘာဖြစ်လဲ ဘာဖြစ်လဲ။မင်းကလည်းတစ်ခါတလေစာအုပ်နဲ့မျက်နှာနဲ့ခွါပါဦး။အချိန်တိုင်းဘာလို့စာဖတ်နေတာလဲ ဒီလောက်ပျင်းစရာကြီးကို"
"တော်ပြီ မင်းကိုဒီနေ့စကားမပြောတော့ဘူး"
ထိုသို့ပြောကာ သူကတစ်ဖက်သို့လှည့်သွားသည်။မျက်မှောင်ကြီးကိုကြုံ့ကာ နှုတ်ခမ်းကိုဆူပြီး TVကိုစူးစိုက်ကြည့်နေသော ဆောင်းဦးသည်ဖြတ်ရိုက်ချင်စရာကောင်းလှသည်။ဖြိုးဉာဏ်တစ်ဖက်သို့လှည့်ကာ ရီလိုက်တော့ ဆောင်းဦးကမျက်စောင်းထိုးကာ ကြည့်လာသည်။
"ဘာရီတာလဲ။ရီစရာတစ်ခုမှမပါဘဲနဲ့"
"ဘာမှမဟုတ်ပါဘူး မင်းစိတ်ကောက်နေတဲ့ပုံစံကရီစရာကောင်းလို့ပါကွာ။မင်းကလည်းကလေးမဟုတ်ဘဲနဲ့ စိတ်မကောက်နဲ့တော့လေနော်"
"တော်စမ်း ကလေးမှစိတ်ကောက်ရမယ်လို့မင်းကိုဘယ်သူပြောလဲ။ငါ့ကိုပြောတုန်းကကျပြောထားပြီးတော့ ခွေးကောင် မင်းကိုမခေါ်ဘူး"
ပြောရင်းဆိုရင်းဟိုဘက်လှည့်သွားပြန်တော့ ဖြိုးဉာဏ်သူ့မေးစေ့ကိုသူပွတ်ကာ အကြံထုတ်လိုက်သည်။ပြီးမှလူယုတ်မာပြုံးပြုံးလိုက်ကာ ကိုင်ထားသောစာအုပ်ကိုစားပွဲပေါ်မှာချလိုက်ပြီး ဆောင်းဦးနားကိုကပ်ကာ ပါးနှစ်ဖက်ကိုအားနှင့်ဆွဲလိုက်သည်။
"အား ဖြိုးဉာဏ် ခွေးကောင် လွှတ်စမ်း။ငါ့ပါးတွေနာနေပြီ"
"အဲ့ဒါဆိုငါ့ကိုစိတ်မဆိုးတော့ဘူးလို့ပြော။အဲ့ဒါဆိုလွှတ်ပေးမယ်"
"အာ့ အရင်လွှတ်ပေးလေ။ပြီးရင်ပြောမယ်နော်။ငါအရမ်းနာနေပြီ"
"မယုံဘူး မင်းကို။အရင်ဆုံးစိတ်မဆိုးတော့ဘူးလို့ပြော"
"အား နာတယ်လို့ ဖြိုးဉာဏ်သော်!!!"
ထက်ဘုန်းရေချိုးပြီးနောက် အဝတ်အစားလဲနေရာ အပြင်ကဆောင်းဦး၏အော်သံကိုကြားသောကြောင့် အဝတ်ကိုမြန်မြန်ဝတ်ကာ အပြင်ကိုပြေးထွက်သွားတော့သည်။
"ဆောင်းဦး ဘာဖြစ်....."
သူ့စကားစက ဆောင်းဦး၏ပါးကိုအားနှင့်ဆွဲထားသော ဖြိုးဉာဏ်ကိုတွေ့လိုက်ရသောကြောင့် ပြတ်သွားတော့သည်။သူဖြိုးဉာဏ်ကိုမကြည်ကြည့်ကြည့်လိုက်သည်။သူ့အသားမဟုတ်တိုင်း သူများပါးကိုဘာလို့အဲ့လောက်နာအောင်ဆွဲနေရတာလဲ။သူ့ရဲ့လက်ကြမ်းကြီးနဲ့ ဆောင်းဦးရဲ့ပါးကိုဆွဲနေလိုက်တာများ အား ဒေါသတွေထွက်လာပြီ မရတော့ဘူး။
သူခြေလှမ်းကျဲကြီးတွေနှင့် ဆောင်းဦးတို့ထိုင်နေသော နေရာကိုလျှောက်သွားလိုက်သည်။ထို့နောက်ဖြိုးဉာဏ်နှင့်ဆောင်းဦးကြားနေရာ ကျဉ်းကျဉ်းလေးမှာ အတင်းတိုးဝင်ထိုင်တော့ ဖြိုးဉာဏ်ကကြောင်တောင်တောင်နှင့်ဆောင်းဦးကိုဆွဲထားတာကို လွှတ်ပေးလိုက်သည်။
ဆောင်းဦးကတော့ နီရဲနေသောပါးနှစ်ဖက်ကိုပွတ်ကာ ငိုမဲ့မဲ့နှင့်ဖြစ်နေသည်။ဒါကိုတွေ့သောထက်ဘုန်းကိုဖြိုးဉာဏ်ဘက်ကို လှည့်ကြည့်လာသောကြောင့် ဖြိုးဉာဏ်ပင်နည်းနည်းလန့်သွားသည်။ထက်ဘုန်ရဲ့အကြည့်တွေကမသိရင်သူ့ကိုသတ်တော့မလိုပဲ။မကောင်းတဲ့အငွေ့အသက်တွေကို သူခံစားနေရတယ်။
"ဖြိုးဉာဏ်"
"အင်း ပြော...ပြောလေ ထက်ဘုန်း"
"နောက်ဆိုဆောင်းဦးပါးကိုအရမ်းမဆွဲပါနဲ့"
"ငါတို့ကသူငယ်ချင်းအချင်းချင်းဒီတိုင်းစ......"
"သူငယ်ချင်းဆိုတာကိုသိပေမယ့်အရမ်းမလုပ်ပါနဲ့။ဆောင်းဦးအရမ်းနာသွားပြီ"
"ငါကဖွဖွလေးပဲဆွဲ....."
"ဆောင်းဦး နာသွားတယ်မလား"
"အင်း အရမ်းနာတယ်။အခုထိကိုနာနေတုန်းပဲ"
ဖြိုးဉာဏ် ဆောင်းဦးကိုစိတ်ထဲကကျိန်ဆဲနေလိုက်သည်။ဒီကောင်အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး နည်းနည်းပါးပါးလိမ်ပြောပေးလိုက်လို့မရဘူးလား။အခုထက်ဘုန်းသူ့ကိုကြည့်နေတဲ့အကြည့်တွေကခုနကထက်ပိုဆိုးလာသလိုပဲ။အမေရေ.....ကယ်ပါဦး သား ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူးနော်။ဖြိုးဉာဏ်ကြောက်နေတာကို ထိန်းကာ အသံကိုအတတ်နိုင်ဆုံးဖျော့၍ပြောလိုက်သည်။မဟုတ်ရင်အခြေအနေမကောင်းမှန်းသူသိတယ်လေ။
"အင်းပါ နောက်ဆိုအရမ်းအရမ်းမလုပ်တော့ပါဘူး။တောင်းပန်ပါတယ်။အဲ့ဒါကြောင့်ငါ့ကိုအဲ့လိုကြောက်စရာကောင်းတဲ့မျက်လုံးကြီးနဲ့မကြည့်ပါနဲ့။ကြက်သီးတွေတောင်ထတယ်"
"ဪ အဟမ်း အဲ့လိုဖြစ်သွားလား ဆောရီး"
ထက်ဘုန်းမျက်နှာပူကာ တစ်ဖက်ကိုလှည့်လိုက်သည်။သူ့မျက်နှာကအဲ့လောက်တောင်ဆိုးရွားသွားတာလား။ထားပါတော့လေ မသိချင်ယောင်ပဲဆောင်နေလိုက်တော့မယ်။
"ဆောင်းဦး အဆင်ပြေရဲ့လား"
"အင်း ပြေပါတယ်။ဖြိုးဉာဏ်ကဆွဲနေကျဆိုတော့ အကျင့်ဖြစ်နေပြီ ဟီးဟီး"
ထက်ဘုန်းကမျက်မှောင်ကြုံ့ကာ ဆောင်းဦးမျက်နှာကိုလက်နှစ်ဖက်ဖြင့်ပင့်လိုက်ပြီး ဟိုဘက်ကြည့်လိုက်၊ဒီဘက်ကြည့်လိုက်နှင့်လုပ်နေသည်။ဆောင်းဦးမှာတော့ခေါင်းတွေတောင်မူးနောက်နေပြီဖြစ်သည်။ဖြိုးဉာဏ်ကတော့ ပါးစပ်သာဟနိုင်တော့သည်။ထက်ဘုန်းကဆောင်းဦးကို ဘယ်လိုဖြစ်လို့အဲ့လောက်တောင် သည်းသည်းလှုပ်နေရတာလဲ။
မဟုတ်မှလွဲရော သူကဆောင်းဦးကိုများကြိုက်နေတာလား။ဖြိုးဉာဏ်သော်ရယ် ဘာတွေတွေးနေတာလဲ။ထက်ဘုန်းကဆောင်းဦးလို စာဂျပိုးကိုကြိုက်မလား ငတုံးရဲ့ နည်းနည်းပါးပါးစဉ်းစားလေ။ဖြိုးဉာဏ်သူ့ဘာသာသူတစ်ယောက်တည်း အတွေးတွေနဲ့ယောက်ယက်ခက်နေတုန်း ကောင်းထက်တို့က ဧည့်ခန်းထဲကိုအထုတ်တွေကိုင်ကာ ဝင်လာကြသည်။
ဆောင်းဦးမျက်နှာကို ဟိုဘက်၊ဒီဘက်လှည့်ရင်း ကြည့်နေသော ထက်ဘုန်းကိုတွေ့တော့ စချင်စိတ်ပေါ်လာကာ ရုပ်တည်ကြီးတွေနှင့် ချောင်းဟန့်လိုက်သည်။
"အဟမ်း အဟမ်း"
'ဖြန်း'
ချောင်းဟန့်သံကြားသောကြောင့် ထက်ဘုန်းလက်ကိုအလန့်တကြားယုတ်လိုက်ရာ ကံဆိုးချင်တော့ဆောင်းဦးမျက်နှာကို မတော်တဆရိုက်မိသွားသည်။ဆောင်းဦးမှာမျက်ရည်တွေ တပေါက်ပေါက်နှင့်ကျလာသည်။မကျဘဲနေမလား ရိုက်လိုက်တာကအားကြီးနဲ့လေ။ထက်ဘုန်းကအစတုန်းကကြောင်တောင်တောင်နဲ့ကြည့်နေရင်း နောက်မှအသိဝင်ကာ ပျာပျာသလဲတောင်းပန်ရသည်။စောမြတ်တို့ကတော့ တခွိခွီနှင့်ကြိတ်ရီနေကြသည်။ထက်ဘုန်းကတော့လုပ်လိုက်ရင်တလွဲတွေကြီးပဲ။
"ဆောင်း.....ဆောင်းဦး ကိုယ်တောင်းပန်ပါတယ်။ဟိုကောင်တွေကချောင်းဆိုးလိုက်တော့ မတော်တဆ လန့်ပြီးလုပ်လိုက်မိတာ"
"ခုနကဖြိုးဉာဏ်လုပ်တာတောင်အဲ့လောက်မနာဘူး။ကိုထက် ကျွန်တော့်ကိုတမင်လုပ်တာတော့မဟုတ်ဘူးမလား"
"အာ ဘယ်ကတမင်လုပ်ရမှာလဲ။တကယ်မတော်တဆပါကွာ။စိတ်ဆိုးသွားတာလား"
"ဟင့်အင်း မဆိုးပါဘူး"
"အင်း တော်သေးတာပေါ့ နာနေသေးလား"
"နာတယ်"
"ထက်ဘုန်းညီတို့ကတော့အဖြစ်သည်းနေတယ်ဟေး"
"ဟုတ်ပါ့ကွာ မျက်နှာကိုလည်းကြည့်ဦး။ငိုတော့မလိုရုပ်နဲ့ အစိုးရိမ်လွန်နေတာများ"
"တိတ်စမ်း ငါလုပ်လိုက်လို့ သူ့မျက်နှာနာသွားတာလေ။အဲ့ဒါမင်းတို့အပြစ်လည်းမကင်းဘူး"
"အယ် ငါတို့နဲ့ဘာဆိုင်လို့လဲ"
"မင်းတို့ချောင်းဟန့်လိုက်လို့ ငါကလန့်ပြီးလက်ကိုရုတ်လိုက်မိတာလေ။အဲ့ဒါမင်းတို့အပြစ်လည်းပါတယ်"
"အေးပါကွာ ငါတို့ပဲမှားတာပါ"
"သိရင်ပြီးရော"
ကောင်းထက်တို့ကတော့ ခေါင်းတွေခါကာ မီးဖိုချောင်ထဲဝင်သွားတော့သည်။ထက်ဘုန်းကတော့ဆောင်းဦးမျက်နှာကိုတကြည့်ကြည့်နှင့်။သူ့ပါးကိုကိုင်ကာ မျက်နှာတစ်ခါမဲ့သွားတိုင်း သူ့ကိုယ်သူရိုက်သတ်ချင်စိတ်တွေပေါက်လာသည်။ဆောင်းဦးနားရောက်ရင် စိတ်လှုပ်ရှားတာကဘာလို့ထိန်းမရလဲသူလည်းမသိ။နောက်ဆိုနည်းနည်းပါးပါးစိတ်တည်ငြိမ်အောင် လုပ်ဦးမှပါလေ။
♤♤♤♤♤♤♤♤♤♤