Unicode
...................
မာန် သည် အိပ်နေသော ခွန်း ဘေးနားသို့ထိုင်ကာ ဝိုင်းစက်နေသော မျက်နှာလေးကိုကြည့်လိုက်သည်။
"အရမ်းကိုနာကျင်ခဲ့မှာပဲ "
ပြောရင်း ကောင်လေးကိုဖွဖွလေး ကိုင်မိသည်။
ခဏနေတော့ ခွန်းလည်းနိုးလာကာ
"နိုးနေရင်လည်းထ မင်းကိုပြုစုဖို့အချိန်မရှိဘူး"
မာန် ပြောလိုက်တဲ့စကားကြောင့် ခွန်း ချက်ချင်းပင်ထထိုင်ကာ အိပ်ရာသိမ်းလိုက်သည်။
"ဒီနေ့ကစပြီးအရင်လိုပဲ ငါ့အခန်းမှာပြန်လာနေ "
"ဟုတ် "
ခွန်း ကတစ်ခုခုပြောချင်နေတဲ့ပုံစံနဲ့ကြည့်လာတာမို့
"ပြောစရာရှိလို့လား"
"ဗျာ.....ဟင့်အင်း မဟုတ်...."
"ငါလိမ်တာကိုမကြိုက်ဘူးနော်!!! "
မာန် ကအော်လိုက်တာမို့ ခွန်းလည်းတုန်တတ်သွားသည်။
"ခွန်း....ခွန်း...ကျောင်းဆက်တတ်ချင်တယ်"
"ဘာ.....အခုချိန်မင်းကငါ့မယားဖြစ်နေပြီလေ ဘာကိုကျောင်းတတ်ဦးမှာလဲ။ အိမ်မှာနေတာတောင် မင်းမယားတစ်ယောက်တာဝန် ကျေပွန်လို့လား?"
မာန် ပြောလိုက်တဲ့ 'မယား' ဆိုတဲ့စကားကြောင့် ခွန်းဒေါသထွက်လာသလို ရှက်လည်းရှက်မိသည်။
"ခွန်း ကမိန်းမမှမဟုတ်ဘဲ"
"ဘာ.....!"
"ခွန်း ကယောက်ျားပါ မိန်းမ မဟုတ်ဘူး "
"ငါယူထားရင် ငါ့မိန်းမပဲ ။ နေပါဦး ဒီရက်ပိုင်းအတွင်းမင်းကိုအလိုလိုက်မိလို့လား ဟမ်!ငါ့ကိုပြန်ခံပြောနေတာ "
ပြောလိုက်တော့ ခွန်း ခေါင်းငုံ့သွားသည်။ ကြမ်းပြင်ပေါ်သို့ကျလာတဲ့ရေစက်တွေကိုမြင်လိုက်ရတာမို့ မာန်စကားတို့ကိုဆက်ပြောလိုက်သည်။
"အေး ပြောလိုက်ရင်ငိုဖို့ပဲ ၊ မင်းငိုတာကလွဲရင်ဘာတတ်သေးလဲ ဟမ်!"
ခွန်းကတော့ ဘာမှပြန်မပြောဘဲ ငိုသာငိုနေလေသည်။
ခွန်း ကယောက်ျားပါ။ ပြီးတော့ လက်ထပ်ထားတဲ့သူကလည်းယောက်ျားတစ်ယောက်။ ယောက်ျားချင်းတူတာတောင် ခွန်း က အခြားယောက်ျားတစ်ယောက် လိုချင်တိုင်းပေးဆပ်နေရတဲ့ ယောက်ျားတစ်ယောက်။
"ကျစ်....! အလုပ်သွားခါနီးဆို ပြသနာတွေကစပြီ ။ အလုပ်မှာပြသနာကတစ်မျိုး၊ မင်းပြသနာကတစ်မျိုး "
"ခွန်း ကျောင်းဆက်တတ်ချင်တယ်လို့်ပြောလိုက်မိတာ အပြစ်ရှိလို့လား? "
မာန် လည်းပြန်ခံပြောနေတဲ့ ခွန်းကိုဒေါသထွက်သွားကာ
ဆံပင်နုနု တို့ကိုနောက်ပြန်ဆောင့်ဆွဲလိုက်သည်။
"ပြန်ပြောစမ်း!"
ဆံပင်ကိုဆုပ်ဆွဲထားသော မာန့်ရဲ့လက်တို့သည် ပိုမိုတင်းကြပ်လာတာကြောင့် ဆံပင်တွေအုံလိုက်ကျွတ်ထွက်မတတ် နာကျင်လာရသည်။
"နာ....နာတယ်...."
"ကျစ်....! သောက်ကျိုးကိုမပေးဘူး"
မာန် လည်းဆုပ်ကိုင်ထားသော ဆံပင်တို့ကိုလွှတ်ပေးကာ လက်ဆွဲအိတ်ကိုယူ၍ ကုမ္ပဏီ သို့သာထွက်ခဲ့လိုက်သည်။
..........။
"တကယ်ကိုစိတ်ရှုပ်စရာပဲ "
ရုံးခန်းမှာထိုင်နေရင်း အလိုမကျသလိုပြောတော့ စစ်ကို ကမေးလေသည်။
"ဘာဖြစ်လို့လဲ Boss"
"ဘာမှမဟုတ်ဘူး။ စိတ်ထဲမထားနဲ့ အခြေအနေပြောဦး"
"အခြေအနေကတကယ်ကိုအဆင်ပြေတယ် Boss သိန်း ၄၀၀၀ မှာဈေးတည့်သွားတယ် Boss မနက်ဖြန် စာချုပ်ကိုအပြီးချုပ်မယ် Boss "
"အင်း အဆင်ပြေရင်ပြီးတာပဲ "
"Boss ကိုယ်တိုင်သွားမှာလား "
"အင်း ငါကိုယ်တိုင်သွားမယ် "
"Yes Boss အဆင်သင့်ပြင်ထားလိုက်ပါ့မယ် "
"ဒီနေ့ရော ဘယ်အချိန်တွေရှိသေးလဲ"
"၂ နာရီခွဲမှာ meeting တစ်ခုရှိပါတယ် တိုးချဲ့မယ့်mallအတွက် ဆောက်လုပ်ရေးခေါင်းဆောင် တစ်ယောက်နဲ့ အတူသူအဖွဲ့သားတွေနဲ့ တွေ့ဆုံဆွေးနွေးရပါမယ် "
" ငါတို့ Mall အတွက် ခေါင်းဆောင်ကဘယ်သူလဲ? "
" ဘုန်းစစ်ဟန် လို့တော့ပြောတယ် Boss အဓိကအပိုင်းကိုတာဝန်ယူထားရတဲ့သူပါ "
"ကောင်းပြီ ။ meeting မှာအမှားအယွင်းမဖြစ်ပါစေနဲ့ ပြီးတော့ ခွန်းဘာကြိုက်တတ်လဲ မင်းသိတယ်မဟုတ်လား? အောက်ကဆိုင်မှာဝယ်ပြီးသွားပို့ပေးလိုက် ငါညဘက်အိမ်ပြန်မလာဘူးဆိုတာကိုပါထည့်ပြော "
"Yes Boss"
စစ်ကို လည်း လုပ်ငန်းကိစ္စတိုင်ပင်ပြီး၍ Boss မှာကြားတာတွေကြောင့် ထွက်လာလိုက်သည်။ အောက်ကဆိုင်မှာ ခွန်းအတွက်ဝင်ဝယ်၍ အိမ်ကိုသာ ဦးတည်မောင်းလာလိုက်သည်။
.............................။
မာန်ထွက်သွားပြီးကတည်းက အခန်းထဲမှာတစ်ယောက်ထဲ ကြိတ်ငိုခဲ့ရသည်။ သူ့အတွက် ဘဝရှေ့ရေးဆိုတာမရှိနိုင်တော့ဘူးလေ ။
ဖြစ်ချင်နေတဲ့ အင်ဂျင်နီယာဆိုတဲ့အိမ်မက်ကိုတောင်စွန့်လွှတ်ရတော့မည် ။
ကြီးကြီး ကိုကူဖို့အတွက်အခန်းထဲမှထွက်ကာ ပန်းကန်တွေဆေးပေးလိုက်သည်။ သို့သော် ဘာမှတော့မလုပ်တတ်ပေ။ ကြီးကြီးလုပ်တာကိုသာထိုင်ကြည့်နေရသည်။ ခဏနေတော့ ခြံထဲက ကားဟွန်းတီးသံကြားတာမို့ မာန် ပြန်လာပြီအထင်နဲ့ ထွက်လာလိုက်သည်။
မာန် မဟုတ်ဘဲ ကိုစစ် ဖြစ်နေလေသည်။
"လာလေ ကိုစစ် ထိုင်ပါဦး"
"ရတယ် ခွန်း အကိုမထိုင်တော့ဘူး Boss ကပေးခိုင်းလိုက်တာ စားထားပါတဲ့ ၊ပြီးတော့ ဒီညအိမ်ပြန်မလာဘူးတဲ့"
"ဟုတ်..."
ခွန်း လည်းစစ်ကိုပေးလိုက်တဲ့မုန့်ထုတ်ကိုယူ၍ မီးဖိုချောင်ထဲကိုဝင်ကာပန်းကန်ထဲထည့်လိုက်သည်။ တို့ဟူးနွေး ကိုအရမ်းကြိုက်ပေမယ့် စားချင်စ်ိတ်မရှိတာကြောင့် ကြီးကြီးနဲ့ဘဘကိုသာကျွေးလိုက်သည်။
အခုချိန်မှာ ဖုန်းဆိုလို့လည်းလက်ထဲမရှိပေ။ အပြင်လောကနဲ့အဆက်ပြတ်နေတာ ၂ လတောင်ပြည့်တော့မည်။
လွန်ခဲ့သော ၂ လက
.
.
.
.
.
.
.
"အဒေါ်တို့ အကြွေးတွေပုံနေပြီထင်တယ်နော် "
"သားမာန်ရယ် အန်တီတို့ပိုက်ဆံရတာနဲ့ ပြန်ဆပ်ပါ့မယ် "
"ဘယ်တော့လဲ "
မာန် က ခပ်ပြတ်ပြတ်ပင်မေးကာ ခြေထောက်တို့ကိုယှက်နွယ်၍ခုံမှာထိုင်နေသည်။
"အန်တီ့ယောက်ျားကလည်းတစ်နေ့တစ်နေ့မူးနေလို့ပါ အန်တီရတာနဲ့ပြန်ပေးပါ့မယ်"
"အဲ့တာဆို အစောကြီးကတည်းကမလုပ်ခဲ့သင့်ဘူးလေ"
"........"
"အန်တီ့ယောက်ျားကုမ္ပဏီ ကိုဖောက်စားလုပ်သွားတာ သိန်းထောင်ဂဏန်းနဲ့ချီတယ်နော် "
"အန်တီသိပါတယ်..... "
ဒေါ်မြဟန် လည်း ခဏစဉ်းစား၍ ရလာသောအကြံတို့ကိုထုတ်ပြောလိုက်သည်။
စိတ်ထဲတွင်လည်း " ယောက်ျားငယ်လေးတွေကြိုက်တတ်တဲ့ပုံစံမျိုးလား" ဟုတွေး၍
"အကြွေးအနေနဲ့ အန်တီ့သား ပေးမယ်ဆိုရင်ရော "
ဒေါ်မြဟန်လည်း မတတ်သာပေ ၊ တစ်မိသားစုလုံးထောင်ထဲတော့အရောက်မခံနိုင် ။
"ဟက်! ဘယ်သူကခင်ဗျားသားကိုလိုချင်နေလို့လဲ"
ကျောင်းကပြန်လာသော ခွန်း။
အိမ်ရှေ့တွင် ကားအနက်ရောင် တစ်စီးတွေ့တာမို့ နည်းနည်းစ်ိတ်ဝင်စားသွားသည်။
ဘယ်သူရောက်နေတာလဲ ဟုအ်ိမ်ထဲဝင်သွားတော့မှ ထိုလူက ခွန်းကိုစိုက်ကြည့်လာသည်။
"ဒါ အန်တီရဲ့ သားပါ ခွန်းဆက်အိမ်"
မာန် ခွန်းကို မြင်မြင်ချင်းသဘောကျသွားကာ ခဏအသံတိတ်နေ၍
"ကျွန်တော်စဉ်းစားဦးမယ် "
ခွန်း ကိုမိတ်ဆက်ပေးတာမို့ ခွန်းလည်းပြုံးပြလိုက်သည်။
ထိုလူသည် အရမ်းကိုခန့်လွန်းသည်။ ယောက်ျားပီသစွာ ဝတ်ဆင်ထားသော အနောက်တိုင်းဝတ်စုံ ၊ တင်းတင်းစိထားသော နှုတ်ခမ်းပါးတို့ နက်မှောင်သော မျက်ခုံး ကြည့်လင်သော မျက်လုံးတို့နှင့် အရမ်းကိုကြည့်ကောင်းသော လူတစ်ဦး။ နက်မှောင်သောဆံသားတို့မှာလည်းပို၍တောက်ပနေသေးသည် ။
မာန် က ဒေါ်မြဟန် နဲ့စကားပြောနေရင်းနဲ့ ခွန်း အနားကို ထလာကာ
" ကိုယ့်နာမည် မုန်းမာန်စစ်သွေး နော် နောက်လိုလာမယ်ထင်လို့ ကိုယ်သွားပြီ"
အညိုရောင် ဆံပင်အုပ်အုပ်လေးကိုလက်နှင့်ဖွခဲ့၍ အိမ်ထဲမှထွက်လာခဲ့လိုက်သည် ။
ခွန်း လည်းဘာမှန်းမသိတာမို့ ရယ်သာရယ်ပြလိုက်သည်။
"မေမေ အဲ့လူကဘာလာလုပ်တာလဲ "
"သား မေမေတို့မိသားစုအတွက်သားဘာမဆို လုပ်ပေးနိုင်လား?"
"ဟုတ် မေမေ "
"အခု မေမေတို့မှာအကြွေးတွေအများကြီးတင်နေတာကိုရော သားသိလား"
"သိပါတယ် မေမေ "
"သား ကို အကြွေးနဲ့ သိမ်းမယ်တဲ့ "
"ဘာ မေမေ မဖြစ်နိုင်တာ သားကယောက်ျားလေးလေ "
ခွန်း လည်းအံ့သြလွန်း၍ ဘာမှကိုပြန်မပြောနိုင်ပေ။
" ဒါပေမယ့် သူကသားကိုကြိုက်မယ်ဆိုရင်ရေ. "
"ဟင့်အင်း သားမလုပ်နိုင်ဘူး"
"ခေါင်းမမာစမ်းနဲ့ ခွန်းဆက်အိမ် "
"မေမေ....."
"ငါဘာမှမကြားချင်ဘူး မင်းအဆင့်ပြင်ပြီးတော့ သူ့နောက်လိုက်သွားဖို့ကိုတွေးထား"
မေမေ ကပြောတော့လည်း ခွန်း ကဘာတတ်နိုင်မှာလဲ အမြဲတမ်း လူတိုင်းရဲ့အနှိမ်ခံအပြောဆိုခံဘဝပဲလေ ။ ဘာတွေများ ထပ်ပြီးကျစရာသိက္ခာကရှိတော့မှာလဲ ?
ဒါပေမယ့် ခွန်းက ယောက်ျားတစ်ယောက် ။
အဲ့နေ့ကစပြီး ခွန်းတို့မိသားစု ရပ်ကွက်ထဲမှပြောင်းကာ မာန့်ရဲ့တိုက်ခန်းတွင်လာနေရသည်။
ထိုကိစ္စကို ခွန်းဆက်အိမ်မသိခဲ့ပေ ။
သို့ပေမယ့် ထိုနေ့ကစပြီးခွန်းရဲ့ငရဲခန်းစတင်ခဲ့လေသည်။
...............................။
"Boss အိမ်မပြန်ရင်ဘယ်သွားမလို့လဲ"
"Bar သွားမယ် one night stand တစ်ယောက်ခေါ်ပေးထား"
"Ok Boss"
မာန် လည်း ရုံးခန်းမှထွက်လာကာ bar ကိုဝင်လိုက်သည်။ မာန် ကမိန်းကလေးတွေကိုမကြိုက်တာမို့ ကောင်လေးတစ်ယောက်ကိုသာရွေးပေးလိုက်သည်။
"Boss ready ပါ"
"အင်း စစ်ကို သွားလို့ရပြီ"
စစ်ကိုလည်းပြောရင်းနဲ့ပင် အခန်းထဲမှထွက်သွားလေသည်။ ခဏနေတော့ ဖြူဖြူသေးသေးနဲ့ကောင်လေးတစ်ယောက် ရောက်လာကာ မာန့်ရဲ့ဘေးနားကိုဝင်ထိုင်လိုက်သည်။
"စကြမလား"
မာန်ပြောလိုက်သည်နှင့် ကောင်လေးကသူ့အဝတ်အစားတွေကိုချွတ်ကာ လုပ်ငန်းစလေသည်။
မခံနိုင်စွာ ညည်းတော့ မာန်ကပါးစပ်ပိတ်ထားဖို့ဆိုလာလေသည်။
အချိန်အတန်ကြာမှ မာန် လည်းပြီးမြောက်ကာ အောက်ကကောင်လေးကိုကြည့်တော့ အသက်ကိုတောင်မနည်းရှူနေရလေသည်။
သူလည်းမကျေနပ်သေးဘူး။ ထက်လုပ်ရင်ဒီကောင်လေးသေလိမ့်မယ် ။ နေမကောင်းတဲ့ ခွန်း ကိုဒုက္ခမပေးချင်ပေမယ့် မကျေနပ်သေးသော စိတ်အစုံကြောင့်အိမ်ကိုသာပြန်လာလိုက်သည်။
.............................။
ပေါ့သွားတယ်ထင်တယ် ။ နောက်တစ်ပိုင်းကိုအားရအောင်ထပ်ကြိုးစားပေးပါ့မယ်
Vote လေးတွေပေးကြပါဦး
2.12.2020
11:51 PM
#VeraVicki
Zawgyi
...........
"ဟုတ် "
"ပြောစရာရှိလို့လား"
"ဗျာ.....ဟင့်အင်း မဟုတ်...."
"ငါလိမ်တာကိုမုန်းတယ်နော်!!! "
"ဘာ.....!"
"ပြန်ပြောစမ်း!"
"နာ....နာတယ်...."
မာန် လည်းဆုပ်ကိုင်ထားသော ဆံပင်တို့ကိုလွှတ်ပေးကာ လက်ဆွဲအိတ်ကိုယူ၍ ကုမ္ပဏီ သို့သာထွင်ခဲ့လိုက်သည်။
..........။
"ဘာဖြစ်လို့လဲ Boss"
"အိုကေ meeting မှာအမှားအယွင်းမဖြစ်ပါစေနဲ့ ပြီးတော့ ခွန်းဘာကြိုက်တတ်လဲ မင်းသိတယ်မဟုတ်လား? အောက်ကဆိုင်မှာဝယ်ပြီးသွားပို့ပေးလိုက် ငါညဘက်အိမ်ပြန်မလာဘူးဆိုတာကိုပါထည့်ပြော "
"Yes Boss"
.............................။
ဖြစ်ချင်နေတဲ့ အင်ဂျင်နီယာဆိုတဲ့အိမ်မက်ကိုတောင်စွန့်လွှတ်ရတော့မယ် ။
"လာလေ ကိုစစ် ထိုင်ပါဦး"
"ဟုတ်..."
လွန်ခဲ့သော ၂ လက
.
.
.
.
.
.
.
"ဘယ်တော့လဲ "
"........"
"အန်တီသိပါတယ်..... "
"အကြွေးအနေနဲ့ အန်တီ့သား ပေးမယ်ဆိုရင်ကော "
"ဟုတ် မေမေ "
"သိပါတယ် မေမေ "
"မေမေ....."
...............................။
"Ok Boss"
"Boss ready ပါ"
"စကြမလား"
.............................။
Vote လေးတွေပေးကြပါဦး
2.12.2020
11:51 PM
#VeraVicki