Hate Poem Written With Love࿐

By --KO--

41.7K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[5]

803 33 1
By --KO--

Unicode/

သာယာပြီးကြည်လင်တဲ့ မနက်ခင်းတစ်ခုဖြစ်သည် ။ စိတ်အစဥ်အား လန်းဆန်းအောင်ဖြည့်ဆည်းနိုင်စွမ်းရှိသည့် လေထုသည်ပတ်ဝန်းကျင်အား အပိုင်သိမ်းထားလျက်ရှိသည်။လေတစ်ချက်အဝှေ့တွင် သင်းပျံ့တဲ့မွေးရနံ့တို့က  အတားအဆီးမရှိ လိုက်ပါလာသည်။ မြေပြင်ပေါ်တွင်နေရောင်ခြည် နွေးနွေးကဖြာကျလျက်ရှိပြီး ဆင့်ရဲ့ နှလုံးသားထဲအထိပါ ကျူးကျော်ဝင်ရောက်လျက် နွေးထွေးမှုကိုပေးစွမ်းလျက် ရှိသည်။

သို့သော် ထိုသဘာဝအလှတရားတို့အား ရှင်း မခံစားနိုင်ပေ။ မနက်စောစောစီးစီး အိမ်ကိုလာပြီးနှောက်ယှက်နေသည့် မကောင်းဆိုးဝါးတစ်ကောင်ကြောင့် နိုးတစ်ဝက်အိပ်ပျော်တစ်ဝက်ဖြင့်  coffee ဆိုင်တစ်ဆိုင်သို့ ရောက်နေရသည်။ မပွင့်တပွင့်ဖြစ်နေသည့် မျက်လုံးအစုံအား ကြိုးစား၍ပင်ဖွင့်မနေတော့ပဲ ခေါင်းမှာလည်း ၃၆၀° ဘယ်ညာယိမ်းလျက်ရှိသည်။ ရှင်းတစ်ယောက် coffeeဆိုင်ထဲတွင် အတော့်ကိုပုံဆိုးပန်းဆိုးဖြစ်နေသော်လည်း ခန့်ညားကာချောမောသည့် ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် ရှင်း အဖို့ ဘယ်လိုအရာမျိုးကမှ သူ့အားရုပ်ဆိုး အကျဥ်းတန်အောင်လုပ်နိုင်စွမ်းမရှိ​ပေ။ ထိုအမှုအရာလေးကပင် ရှင်း ကိုယ်တိုင်တောင် သတိမထားမိခဲ့သည့် ချစ်စရာကောင်းသော အမှုအရာလေးကို ဆောင်ကျဥ်းပေးလျက်ရှိသည်။ နောက်ဆုံးတွင်တော့ ရှင်း နတ်ဆိုးတစ်ကောင်အား အနိုင်ယူလိုက်သည့်နှယ် မျက်ဝန်းအစုံအား ဖွင့်လိုက်ပြီး အမှတ်မရှိစွာဖြင့် သိလိုစိတ်ကို ထိန်းချုပ်မနေတော့ပဲ  ထပ်မံမေးလိုက်သည်။

"ဆင့်....... ဒီမှာဘယ်သူနဲ့ တွေ့ဖို့ချိန်းထားတာလဲ ၈ နာရီ ထိုးတော့မယ်" ထို့နောက် ရှင်း တစ်ချက်သမ်းဝေလိုက်ပြီး "ငါ့ကိုခေါ်လာပြီး ဘယ်သူ့ကိုစောင့်နေတာလဲ"

"အချိန်တန်ရင် သိလိမ့်မယ်"

"မေးမိတာကိုက ရှင်း အမှားပါ"  မေးတိုင်း ဒီတစ်ခွန်းပဲပြန်ဖြေနေပြီး ဆင့် ကတော့ဆိုင်အပြင်ဘက်ရှိ ရှုခင်းကိုသာ ငေးမောကြည့်‌နေပြီး စိတ်ဝင်စားလျက်ရှိသည်။ ရှင်းလည်း အဖတ်လုပ်မနေတော့ဘဲ  စားပွဲပေါ်ခေါင်းမှောက်၍ ပြန်အိပ်ရန် ပြင်လိုက်သော်လည်း coffee ဆိုင်တံခါးကိုဖွင့်ပြီး သူတို့ဝိုင်းဆီတန်းတန်းမတ်မတ် လမ်းလျှောက်လာနေသော လူတစ်ယောက်ကြောင့် ရှင်း ထို့သူ့၏ အမူအရာအားလုံးကို ခေါင်းအစခြေအဆုံး အကဲခတ်ရန် မျက်လုံးတို့ကို အလုပ်ပေးလိုက်‌ လေသည်။

အသက်အရွယ်အားဖြင့် သူတို့နှင့်မတိမ်းမယိမ်း သို့တည်းမဟုတ် ရွယ်တူလောက်တော့ရှိပေလိမ့်မည်။ အနက်ရောင်လက်ရှည်အင်္ကျီအား တံတောင်ဆစ်ထိခေါက်တင်ထားပြီး ဖြူစင်ကြည်လင်သည့် အသားအရည်နှင့် ထူးခြားစွာပနံသင့်နေသည်။ ခန့်မှန်းခြေအားဖြင့် အရပ်အမောင်းသည် ရှင်းနှင့်အတူတူလောက်ရှိနိုင်ပေသည်။ တောက်ပ၍ မဟူရာထက်နက်‌သော လှပသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး မျက်တောင်များက သွယ်လျဖြောင့်စင်းနေကာ ထိုမျက်ဝန်းအား ပို၍တောက်ပစေလျက် ညို့ငင်ဆွဲဆောင်နိုင်သော ဓာတ်များကိုဖြည့်တင်းပေးလျက် ရှိနေပေသည်။ မျက်နေအနေအထားသည်ကား ရှည်သွယ်၍ ဥပတိရုပ် လွန်စွာကောင်းပေသည်။ စိတ်ဓာတ်ခိုင်မာမှု၊ ယုံကြည်ချက်ရှိမှု၊ လေးနက်တည်ကြည်မှုတို့ကိုလည်း အတိုင်းသား ခံစားနေရသည်။
ဆင့်ကတော့ ထိုသူ့ကိုမမြင်ဘဲ မှန်အပြင်ဘက်ရှိလောကကြီးဆီသာ အာရုံရောက်လျက်ရှိသည်။

"ကျွန်တော့်နာမည်က ပြဒါးရံ ပါ။ ကျွန်တော်က အလုပ်ကိစ္စကမ်းလှမ်းထားတဲ့သူပါ"။

မိတ်ဆက်ပြီးချိန်တွင်ထိုသူက ရှင်းနဲ့ ဆင့်တို့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုအခါမှ coffee ဆိုင်အပြင်ဘက်ကို အာရုံရောက်နေသည့် ဆင့် ခန္ဓာကိုယ်အတွင်းသို့  ဝိဉာဥ်ပြန်ဝင်လာဝင်လာသည့်အလား စကားစတင်ပြောလာခဲ့သည်။ ဆင့်က ရှေ့တည့်တည့်မှာထိုင်နေသည့် လူကိုကြည့်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်မှုရှိနေဟန် သို့တည်းမဟုတ် မြင်ဖူးနေဟန် ခံစားချက်အနည်းငယ် ရရုံမှတစ်ပါး မည့်သည့်နေရာတွင် တွေ့ဖူးမြင်ဖူးခဲ့သည်ကို စိုးစဥ်းမှမမှတ်မိပေ။ စိတ်ထဲ၌အမှတ်မှားနေတာပင်ဖြစ်မည်ဟု ကိုယ့်ကိုကိုယ် သတိပေးလိုက်ပြီး နှုတ်ခမ်းပါးတို့ကို ဖွင့်ဟကာစကားပြောလိုက်သည်။

"ခင်ဗျားပြောပုံအရဆိုရင် ကျွန်တော်က ခင်ဗျားတို့ company ရဲ့ပင်တိုင် model ဖြစ်လာပေးရမယ်ပေါ့"။

နူးလည်းမနူးညံ မာလည်းမမာကျောသောအသံသည် စကားဝိုင်းအတွင်း ပျံ့နှံ့ဖြတ်သန်းသွားသည်။စကားပုလ္လင်များခံကာ သွယ်ဝိုက်မနေတော့ဘဲ မေးလိုက်သည်။

"ဟုတ်ပါတယ် "

"ကျွန်တော်ကဘာလို့ အဲ့လိုလုပ်ရမှာလဲ ပြီးတော့ အရင် company နဲ့စာချုပ်ချုပ်ထားတာကလည်း ၂လ တောင်လိုသေးတယ်.......ကျွန်တော့်ကိုခုချိန်ထိ သူတို့ပိုင်နေသေးတယ်"။

မည့်သို့ပင်ဖြစ်နေပါစေ တိမ်ယံဆင့်ဟူသည် ချပြီးသားဆုံးဖြတ်ချက်ကို လုံးဝ ပြန်ပြင်မည်မဟုတ်ပေ။ပြင်ရိုးထုံးစံလည်း မရှိပေ။ တစ်ဖက်လူက လက်မြှောက်အရှုံးပေးသွားသည်အထိ သူကအဆုံးတိုင်ဆန့်ကျင်ပြမည် ဖြစ်သည်။ သို့သော် သူရင်ဆိုင်နေရသည့်သူမှာ ရိုးရိုးသာမန်လူမဟုတ်ဘဲ လိုချင်တက်မက်မိပြီဆိုပါက မဖြစ်ဖြစ်အောင်ရယူတတ်သော ပြဒါးရံဖြစ်နေခဲ့သည်ပင်။ တိမ်ယံဆင့် ထိုသူ့အားလျော့တွက်ခဲ့မိလေသည်။

"ဒါဆိုလည်း ပြဒါးရံ ဆိုတဲ့ ကျွန်တော့်အပိုင်ဖြစ်လာပေးပါ"

ထိုစကားအဆုံးတွင် ဆင့်တို့ ပတ်ဝန်းကျင်အားအနည်းငယ်တိတ်ဆိတ်စေလိုက်ပြီး  အကြည့်ချင်းစစ်ထိုးလိုက်‌လေသည်။ ဆင့် ပြဒါးရံကိုကြည့်နေပြီး အတွေးများကထောင်ချီရှိနေခဲ့သည်။ အမှန်ပင် မျက်နှာပြောင်တိုက်လှသော စကားကို ပေါ့ပေါ့ပေါ့ပါးပါးပင် တွန့်ဆုတ်ခြင်းမရှိဘဲ ပြောထွက်ခဲ့သည်မဟုတ်ပါလား။ ဆင့်စိုက်ကြည့်နေရင်းမှပင် ပို၍ပင်နားမလည်နိုင်အောင် ဖြစ်လာခဲ့သည်။ ထိုပြဒါးရံဆိုသူသည် ဆင့် ပြောလိုက်သည့်စကားများအား တစ်ဖက်နားမှဝင်၍ တစ်ဖက်နားမှထွက်သွားသည်လား၊ မကြားလိုက်၍ဘဲလား ၊သူစကားအား နားမလည်တာလား ဒါမှမဟုတ် လက်ပေါက်ကပ်တာလား မသိတော့ပေ။ စာချုပ်ပြည့်ဖို့ရက်က ၂လ လိုသေးတယ်ဟု သူရှင်းရှင်းလင်းလင်း ပြောလိုက်သည်တောင် ဇွဲမရှော့ဘဲရှေ့ဆက်တိုးတယ်ဆိုတော့ ခေါင်းပဲမာလွန်းနေတာလား ဘယ်ဟာကပြဒါးရံနှင့်ကိုက်ညီနေလဲ ဆင့်ဆက်မတွေးနိုင်တော့။ ထို့နောက်ပြဒါးရံက ဆင့်ရဲ့အမူအရာကိုခန့်မှန်းမိသည့်အလား မက်မောလောက်မည့်ပမာဏများဖြင့် ကမ်းလှမ်းလာပြန်သည်။

"တိမ်ယံဆင့်ဘက်က မနစ်နာစေရဘူးလို့ အာမခံပါတယ် ၊အရင်companyက ရတဲ့အကျိုးအမြတ်ထက် ၂ဆ ရစေရမယ်လို့လည်း ကတိပေးတယ်။ တိမ်ယံဆင့်သာ ခေါင်းတစ်ချက်ငြိမ့်လိုက်တာနဲ့ အခုလက်တွဲပြီးလုပ်နေတဲ့ company နဲ့အဆင်ပြေအောင်ညှိနှိုင်းပြီး KKကိုပြောင်းဖို့ကအစကျွန်တော်တို့ဘက်က အားလုံးတာဝန်ယူမှာပါ"။

တိမ်ယံဆင့်က ပြဒါးရံရဲ့ စကားလုံးများအားခပ်ဖွဖွရယ်လိုက်ရင်းဖြင့် သိမ်းငှက်သဖွယ်စူးရှသည့် မျက်လုံးများကိုအနည်းငယ် ကျဥ်းမြောင်းလိုက်ပြီး ပြန်လည်ချေပလိုက်သည်။

"ကိုပြဒါးရံ အထင်မှားနေတဲ့ပုံပဲ .......ကျွန်တော်ကပိုက်ဆံပိုပေးတိုင်း company ပြောင်းပေးတတ်တဲ့အစားထဲမှာမပါဘူး .......ကမ်းလှမ်းတာကို ကျေးဇူးတင်ပေမဲ့ တစ်ခါတည်းငြင်းလိုက်ပါရစေ"။

ထိုသို့ပြောအပြီး တိမ်ယံဆင့် ထိုင်ရာမှထရပ်ကာ  ထွက်သွားရန်ပြင်လိုက်သော်လည်း ပြဒါးရံ ကစကားလုံးအချို့ဖြင့် ဟန့်တားလိုက်ပြန်သည်။

"ခုချိန်က မာနကိုရှေ့တန်းတင်နေရမဲ့ အချိန်မဟုတ်ဘူးထင်တယ်။ ဒီလိုပဲ ရှေ့ဆက်သွားမယ်ဆိုရင် နစ်နာမဲ့သူကမင်းပဲ ဖြစ်နေလိမ့်မယ်"။

"မင်းတို့ဘာတွေပြောနေကြတာလဲ......ငါတစ်လုံးမှနားမလည်တော့ဘူး"

ထိုချိန်တွင် အားလုံးကိုနားမလည်ဘဲ ပါးစပ်အဟောင်းသားဖြင့် ထိုင်နားထောင်နေတဲ့ ရှင်း က ဝင်ပြောလာခဲ့သည်။ သို့သော် 'ရှင်း'အားမရှိတဲ့လူတစ်ယောက်နှယ်သဘောထားကာ သူတို့နှစ်ယောက် ဆက်ပြီးငြင်းခုန်နေကြသည်။

"ဒီမှာ.....ကြည့်ကြည့်လိုက်"

ပြဒါးရံ ဘက်မှစာရွက်တစ်ရွက်ပေးလာတာကြောင့် မတ်တပ်ရပ်လျက်အနေအထားနှင့်ပင် ဆင့် ယူကြည့်လိုက်သည်။ စာရွက်မှာရိုးရှင်းသော်လည်း တိမ်ယံဆင့်လိုမင်းသားတစ်ယောက်ကို မင်သက်သွားပေသည်။ တစ်စုံတစ်ယောက်အား ချက်ချင်းပင် ပြန်လည်အမှတ်ရသွားပေသည်။

"ဟမ်....ဒါက....ခင်ဗျားအဲ့နေ့ကတစ်ယောက်ပဲ.....ဒါကြောင့်မြင်ဖူးတယ်ဆိုပြီး ကြည့်နေတာ"
"ပြီးတော့.... ဒါကဘာလဲ"

"ကားပြင် ဘောင်ချာ"

စာရွက်ကိုကြည့်ပြီး မျက်လုံးအစုံပြူးနေတဲ့ တိမ်ယံဆင့် ကို  ပြဒါးရံ ကပြောလိုက်ခြင်းရယ်ပါ။

"ကျွန်တော်သိတယ်.... ကားပြင်ဘောင်ချာမှန်း
ဒါပေမဲ့ ......(သုည)တွေကဘာကြောင့် အဲ့လောက်များနေ ရတာလဲ"

"ကိုယ့်ကားက ဒီနိုင်ငံကဝယ်တာမဟုတ်ဘူးလေ နိုင်ငံခြားကဝယ်ထားတာ ။အဲ့တော့ ပြင်တဲ့ပစ္စည်းတွေကလည်း ဒီနိုင်ငံကဝယ်လို့မရဘူး နိုင်ငံခြားကမှာရတာ အဲ့တာက (သုည)တွေတိုးလာရတဲ့အကြောင်းရင်းပဲ"

"ကျွန်တော်ပြန်လျော်ပေးမယ်"

"မလိုချင်ဘူး"

"ခင်ဗျား ဒါသက်သက်ညစ်တာပဲ ကျွန်တော်ပြန်လျော်ပေးမယ်လို့ ပြောပြီးပြီလေ"

"ကိုယ်က တရားဆွဲချင်တာ"

"ခင်ဗျား....."

ရှေ့ဆက်ပြီးပြောချင်ပေမဲ့ ဒေါသကြောင့် ဆင့် ပြောစရာစကားတွေ လမ်းတစ်ဝက်မှာတင် ပျောက်ရှကုန်သည်။

"တကယ်လို့ ကိုယ်ကမ်းလှမ်းတဲ့ အလုပ်ကိုသာလက်ခံပေးရင် တရားဆွဲမဲ့ကိစ္စကို မရှိခဲ့သလို သဘောထားပေးမယ်.......သေချာစဥ်းစားကြည့်ပါ...... အခုထွက်နေတဲ့သတင်းတွေကို ပျောက်သွားစေချင်တယ်မလား...... KKကိုလာခဲ့......KKကိုလာပြီး ကိုယ်နဲ့အတူ အလုပ်တွဲလုပ်လှည့်ပါ .....တိမ်ယံဆင့် လိုချင်တဲ့ လွတ်လပ်မှုမျိုး ကျွန်တော်ပေးမယ် "။

"မက်မောလောက်တဲ့ ကမ်းလှမ်းမှုပေမဲ့ ကျွန်တော့်အတွက်တော့ အသုံးမဝင်ဘူး ။ဒီကိစ္စကိုမရှိခဲ့ဘူးလို့ပဲ ယူဆလိုက်မယ်"။ စာချုပ်ချုပ်မဲ့ကိစ္စ
"ကျွန်တော်...သ...ဘော...မ...တူ...နိုင်...ဘူး"

"သဘောတူရမယ် ဘာလို့ဆိုမင်းမှာရွေးချယ်စရာ ဒီတစ်လမ်းပဲရှိတယ်"

ဆင့် ခနဲ့တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ရင်း

"ခင်ဗျားမှားနေပြီ ကိုပြဒါးရံ ကျွန်တော်ရွေးမဲ့ဒုတိယနည်းလမ်းက KKနဲ့စာချုပ်ချုပ်ဖို့ကို သဘောမတူနိုင်ဘူးဆိုတာပဲ"

သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေဟာ ဒေါသကြောင့်နီရဲနေကြပြီး အသံတွင်လည်း နှစ်ယောက်သားထသတ်တော့မဲ့ အရှိန်အဝါတွေပါဝင်နေသည်။ နှစ်ယောက်လုံးမှာ အပြိုင်အဆိုင်ချောမောလှပသူများဖြစ်ကြသော်လည်း မြင်မကောင်းလောက်အောင် ကြည့်ရဆိုးစွာ ရန်ဖြစ်နေကြသည်ပင်။ ရှင်းမှာတော့ စကားပြောသူတွေကိုအမောလိုက်ကြည့်နေရတာကြောင့် သူ၏မျက်လုံးအစုံသည် ဆင့် ဆီရောက်လိုက် ပြဒါးရံ ဆီရောက်လိုက်ဖြစ်နေတော့သည်။ ထိုနှစ်ယောက်၏ပြောစကားများကို နားမလည်သည့်အပြင် ရန်ဖြစ်တော့မည့်အရိပ်အယောင်တွေမြင်နေရတဲ့အတွက် ရှင်းရဲ့ ခေါင်းမှာ ၃၆၀° သာမက သွက်သွက်ခါအောင်လည်လျက် မူးဝေလျက်ရှိသည်။ ထိုစကားဝိုင်းတွင် သူကအပိုလူတစ်ယောက်လိုခံစားနေရသည်။သူ့ကိုအဖတ်လုပ်ပြီး ရှင်းပြမည့်သူတစ်ယောက်တစ်လေတောင်မရှိတာကြောင့် အခုဖြစ်နေသည့်ပြဿနာအား နားလည်ရန်ဦးနောက်ကို အတော်ပင်အလုပ်ပေးထားလိုက်ရသည်။သို့သော် ထိုနှစ်ယောက်ကတော့ ရန်ဖြစ်မြဲ ရန်ဖြစ်ဆဲပင်။

"သေချာလား"

"လုံးဝပဲ........လုံးဝကိုသဘောမတူတာသေ...."

"ကျွန်တော်သဘောတူတယ်"

သူတို့နှစ်ယောက် သဘောတူပါ.....မတူဘူး....ငြင်းနေတဲ့အချိန်ကြားမှာထိုင်နေတဲ့ ရှင်းကဝင်ပြောလိုက်ခြင်းရယ်ပါ။ ထိုသို့ပြောအပြီး ပြဒါးရံနဲ့ တိမ်ယံဆင့် တို့ရဲ့မီးတောက်နေတဲ့မျက်လုံးအစုံဟာ ဦးတည်ချက်ပြောင်းလာပြီး သူ့ကိုစိုက်ကြည့်လာကြသည်။ ခဏအကြာတွင်ပြဒါးရံရဲ့ မျက်နှာထက်၌အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုစကားအပြီး အပိုရလိုက်တာကတော့ ချစ်လှစွာသော သူငယ်ချင်းရဲ့ အော်သံစူးစူးပါ။

"ရှင်း......."

တိမ်ယံဆင့်၏ ‌စူးရှသည့်အော်သံအား အရေးမစိုက်ဘဲ လေပြေရှင်း ဆက်ပြောသည်။

"လုံးဝကို သဘောတူတယ်"

"ရှင်း မင်းဘာတွေပြော......အွန်း.....အွန်း...."

ရှင်းတစ်ယောက်လည်း ထိုင်ရာမှထရပ်ကာ အတင်းကန့်ကွက်နေတဲ့ သူ့သူငယ်ချင်းရဲ့ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ပြဒါးရံ ဘက်ပြန်လှည့်ကာ

"ကျွန်တော့်နာမည် လေပြေရှင်း.... တိမ်ယံဆင့်ရဲ့  manager ပါ။သူ့အလုပ်ကိစ္စမှန်သမျှ ကျွန်တော်နဲ့ပြောလို့ရပါတယ်.....ပြီးတော့ အခုကိစ္စကိုလည်း ကျွန်တော်တို့ဘက်က အကျွင်းမဲ့ သဘောတူပါတယ်"။

"ဟင်း...,ဟင့်အင်း....အွန်း....."

ဆင့်က ရှင်း ပါးစပ်ပိတ်ထားသည့်ကြားမှ အတင်းငြင်းပယ်၍ ကန့်ကွက်နေသေးသည်။ ထို့နောက် ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး ဟုဆိုကာ ရှင်းတစ်ယောက် ဆင့်ကို ပါးစပ်ပိတ်လျက်အနေအထားဖြင့်ပင် ဆိုင်အပြင်ဘက်ကို ဆွဲခေါ်သွားသည်။

ဆိုင်အပြင်သို့ရောက်ရောက်ချင်း ဆင့်...ရှင်းရဲ့ လက်မှအတင်းရုန်းထွက်ကာ

"မင်းရူးသွားပြီလား....ဘယ်လိုလုပ်လိုက်တာလဲ......မင်းအခုလုပ်လိုက်တာ ငါ့ကိုရောင်းစားလိုက်တာနဲ့တူတူပဲဆိုတာကော သိရဲ့လား.....မရဘူး ငါပြန်သွားပြောမယ်."...

"အား....."

အသံသည် ဆင့်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

"ရှင်း မင်းငါ့ခေါင်းကို လက်ဆစ်နဲ့ခေါက်တယ်ဟုတ်လား......"

"ဟုတ်တယ်.......တုံးနေတဲ့မင်းခေါင်းများ ဉာဏ်ထက်လာမလားလို့  KKကဒီလောက်နာမည်ကြီးတဲ့ company တစ်ခု .....ခုcompanyထက်လည်း အခွင့်အလမ်းတွေအများကြီးပိုရမှာ။ ပြီးတော့ ဆူးသစ္စာနဲ့ သတင်းကလည်းငြိမ်သေးတာ မဟုတ်ဘူး......KKနဲ့သာအလုပ်တွဲလုပ်လိုက်ရင်ကို ပြဒါးရံပြောသလို သတင်းတွေပျောက်သွားမှာ...... ကျန်သေးတယ် အဲ့နေ့က ကားချိုင့်လာတာ ကိုပြဒါးရံရဲ့ကားကို ဝင်တိုက်လာတာမလား...မင်းသဘောမတူရင် ဟိုဘက်ကထောင်ချမှာ....မင်း မင်းသားဘဝကနေအလုပ်ပြောင်းပြီး ထောင်ထဲဝင်ချင်နေတာလား...."

"အော်.......ကောင်းလိုက်တဲ့ ရှင်း။ မင်းဘာဖြစ်နေတာလဲ....သူ့ဘက်ကတရားစွဲမယ်လို့ပဲပြောတာလေ...မင်းကဘာလို့ ထောင်ချတဲ့အထိတွေးပစ်တာလဲ....သူကတရားစွဲတော့လဲငါက ရှေ့နေကောင်းငှားပြီး အမှုနိုင်အောင် လုပ်လိုက်မှာပေါ့"။

"မနိုင်ဘူး....."

"ဘာ....."

ဟုတ်တယ်...... မင်းအမှုနိုင်မှာ မဟုတ်ဘူး.....မင်းကဝင်တိုက်ပြီး....မတောင်းပန်တဲ့အပြင် ထွက်ပြေးသွားတာ အဲ့တော့ ကားတိုက်ပြီးထွက်ပြေးတဲ့အမှုကထင်ရှားတယ်။ အော်....ပြီးတော့ မင်းရဲ့နာမည်ကတော့ အဖတ်တောင် ဆယ်လို့ရတော့မယ်မထင်ဘူး ။ ဆူးသစ္စာနဲ့သတင်းတောင်မပျောက်သေးပဲ KKက ဆက်ခံသူရဲ့ကားကိုဝင်တိုက်ပြီး ထွက်ပြေးတယ်ဆိုတဲ့သတင်းတွေသာပေါက်သွာရင်..... ဆင့်.....မင်း.......ဂိတ်ဆုံးပြီပဲ။ ကြိုပြောထားမယ်နော် မွဲသွားလို့ကတော့ငါ့ဆီမလာနဲ့... လက်မခံဘူး။

ရှင်းကိုကြည့်ပြီး ဆင့်တစ်ကယ်သြချမိသည်။ သူပြောမှချက်ချင်းပဲ ထောင်ထဲဝင်ပေးရတော့မလို၊ ကိုယ်ကပဲ ချက်ချင်းမွဲပြာကျတော့မလို ဒီလောက်အားကိုးရတဲ့ သူငယ်ချင်းကို ဘယ်လိုရှာပြီးခင်မိမှန်းမသိတဲ့ ကိုယ့်ကိုကိုယ် လဲလေးစားမိသည်။ မချိတင်ကဲ ဖြစ်ပေါ်လာသော စိတ်တိုမှုများကြောင့် ရှင်းအား ဆူပူနေလိုက်တော့သည်။

"ရှင်း..မင်းဘယ်သူ့ဘက်က ဝင်ပြောနေတာလဲ....ငါ့သူငယ်ချင်းကောဟုတ်ရဲ့လား.....ငါမင်းကိုအလုပ်ထုတ်တယ်......ခုချိန်ကစပြီး မင်းငါ့ manager မဟုတ်တော့ဘူး"။

အတော်အတန်ကြာသည်အထိ ရှင်းဆီကအသံမလာတော့တာကြောင် ဆင့်အနည်းငယ်စိတ်မကောင်း ဖြစ်မိသည် ။သူပြောတာ အတော်လွန်သွားသလားဟုလည်း ပြန်တွေးတော့လျက်ရှိသည်။ ထို့ကြောင့် ဒေါသထွက်နေတဲ့ စိတ်ကို ထိန်းပြီး ရှင်းကိုပြန်ချော့ရန်အတွက် ခေါင်းမော့လိုက်ချိန်တွင် ရှင်းကသူ့ကိုမျက်နှာလွှဲထားပြီး မလုပ်မယှက်ရပ်နေသည်။ထို့ကြောင့် သာယာပြီး ဆည်းလည်းသံကဲ့သို့သော အသံလေးဖြင့် ဆင့် စကားစပြောလိုက်သည်။

"ရှင်း မင်းသာအစထဲက ငါ့ကို လာမစရင်..."

သို့သော်စကားမဆုံးမှီပင် တစ်ဖက်လူ၏ဖြတ်ပြောခြင်းကို ခံလိုက်ရသည်။

"မင်းတကယ်ပြောတာလား....ဆင့်"

ရှင်း၏အသံသည် လုံးဝကောင်းမွန်မနေပေ။ဆင့်စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းနေသည့် အရိပ်အယောင်ပါဝင်နေသလိုရှိသည်။ထို့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအား တောင်းပန်၍ ပြန်ချော့ရန်သာ ဆင့် ရွေးချယ်လိုက်သည်။

"ငါ......တောင်း...."

ပြီးဆုံးအောင်ပင် မပြောလိုက်ရဘဲ တက်ကြွရွှင်လန်းနေသော အသံတစ်ခုက ထက်လှစွာသောဓားသွားနှယ် တိမ်ယံဆင့်၏စကားတို့အား ရက်စက်စွာ ထက်ပိုင်းဖြတ် ခုတ်ဖြတ်လိုက်လေသည်။

"ငါဘာလို့ အသိနောက်ကျခဲ့ရတာလဲကွာ.....အဲ့လိုမှန်းသိရင်အစထဲက ဒီနည်းကိုသုံးခဲ့ပါတယ်...."

ရှင်းပြောလိုက်တဲ့စကားကြောင့် ဆင့် အံသြပြီးစကားတစ်လုံးသာ ထွက်ကျလာတော့သည်။

"အမ်......."

"မင်းတကယ်ပြောနေတာမလား ဆင့်.......လိမ်နေတာတော့မဟုတ်ပါဘူးနော် "ဟုဆိုကာ ရှင်းတစ်ယောက် ဆင့်ပုခုံးနှစ်ဖက်ကို  လှုပ်ကိုင်ပြီ သေချာအောင် ထပ်ကာတစ်လဲလဲမေးနေသည်။

"အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့ ငါလွတ်လွတ်"လပ်လပ်နေလို့ရပြီပေါ့နော်။ အဲ့လိုမှန်းအစောက သိခဲ့ရင် မင်းကိုနေ့တိုင်းဒေါသထွက်စရာတွေပြောခဲ့ရမှာ.....ဘာလို့ခုမှအလုပ်ထုတ်ရတာလဲ ဆင့်ရာ..... မင်းစောစောထုတ်ခဲ့သင့်တယ်။"

ဆင့်မှာတော့ အံသြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေပြီး ရှင်းကတော့ သူနဲ့ဆန့်ကျင်စွာ အပျော်လွန်ပြီးထခုန်မိမတတ်ပင်ဖြစ်နေသည်။ ဆင့်အတွေးထဲ၌ အလုပ်ထုတ်ခံရတာ သူလား၊ငါလား..... သူကဘာလို့အဲ့လောက်ပျော်နေရလဲ...... နားမလည်နိုင်တော့ပေ။ အသိစိတ်ပြန်ဝင်ချိန်တွင် ရှင်းကအဝေးသို့ရောက်နေပြီဖြစ်သည်။ ထို့နောက် တစ်ခုခုအားသတိရသွားဟန်ဖြင့် နောက်လှည့်ကာ အော်ပြောလေသည်။

"အော်.....ငါကမင်းmanager မဟုတ်တော့ဘူးဆိုတော့ လိုက်မပို့တော့ဘူးနော် ကိုယ့်ဘာသာပြန်လိုက်တော့ ငါသွားပြီ"။

"ရှင်း.....နေဦးလေ.....ရှင်း.....လေပြေရှင်း..... ငါကစနေတာပါ .....မင်းကိုအလုပ်မထုတ်ဘူး....ပြန်လာခဲ့....."

ဆင့်အော်ပြောနေပေမဲ့.....ရှင်းကတော့ မျက်စိရှေ့ကပင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ဟက်....တော်တော်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းဟု ဆင့် စိတ်ထဲ၌အလိုမကျစွာ တွေးလိုက်ပြီး.....ရှင်း နောက်သို့အပြေးလိုက်ရတော့သည်။

သူတို့ပြောဆိုသမျှ  အားလုံးကို ဆိုင်ထဲကနေကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကတော့..... coffee ခွက်အား နူးညံ့စွာမယူလိုက်ပြီး တစ်ငုံမျှအာခံတွင်းထဲထည့်ကာ ချိုစိမ့်စိမ့်အရသာကို ခံစားလျက်ရှိပြီး မွေးပျံ့တဲ့ကော်ဖီနံ့သင်းသင်းကို နမ်းရှိုက်လျက်ရှိသည်။ ထို့နောက် နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးလျက် နှုတ်ဖျားမှ ခပ်တိုးတိုးရေရွတ်လိုက်သည်။

"တော်တော်ရှင်းနှီးတဲ့ ဆက်ဆံရေးပဲ"
_____________________________________

ရှင်းတစ်ယောက် မနေ့ကကော ဒီနေ့မနက်ထိပါ ဆင့် ကိုရှောင်နေကာ မှတ်လောက်အောင်ပညာပေးမည်ဟု ဆုံးဖြတ်ထားသည်။ ထိုစဥ် အရှေ့မှာ လာရပ်တဲ့ အနက်ရောင်ဝတ်စုံနဲ့ လူ ၃ယောက်ကြောင့် စိတ်ပျက်တဲ့အမှုအရာကို ဖော်ပြလိုက်သည်။

"ကျွတ်.....ဘာလာလုပ်တာလဲ ....ဒီလိုလက်လွတ်စပါယ် ပေါ်မလာနဲ့လို့ ပြောထားတယ်လေ...... တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ....."

"တောင်းပန်ပါတယ်......သခင်လေး......ဆရာက ခေါ်ခိုင်းလိုက်လို့ပါ.....ကျေးဇူးပြုပြီးလိုက်ခဲ့ပေးပါ" ။

"ငါမအားဘူးလို့ ဒယ်ဒီ့ကိုပြောလိုက်"

တောင်းပန်ပါတယ် သခင်လေး ၊ ဆရာက အနုနည်းနဲ့ ခေါ်လို့မရရင် အကြမ်းနည်းသုံးခဲ့ဖို့ မှာလိုက်ပါတယ်။ ရိုင်းပြတဲ့အတွက် ခွင့်လွှတ်ပါဟုဆိုကာ သူတို့မှာ ပါလာတဲ့ လက်ကိုင်ပုဝါနဲ့ ရှင်းရဲ့ပါးစပ်နဲ့နှာခေါင်းကိုအုပ်ပြီး ကားထဲသို့အတင်းဆွဲခေါ် မောင်းထွက်သွားကြသည်။

ရှင်းသတိပြန်ရလာချိန်၌ ဆိုဖာတစ်ခုပေါ်တွင် အိပ်ပျော်လျက် အနေအထားဖြင့် ဖြစ်သည်။ ထို့ကြောင့်ထထိုင်ကာ နောက်ကျိနေတဲ့ခေါင်းကို အဖိုးထိုက်တန်တဲ့ ရတနာတစ်ပါးလို့ပင် တင်စားရလောက်အောင် ဖြူဥနေသော လက်ချောင်းများဖြင့်ဖိပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သို့သော် အမြင်အာရုံက ကြည်လင်ခြင်းအလျင်းမရှိဘဲ ဝေဝါးလျက်ရှိသည်။ ရှင်း သေချာသိလိုက်တာကတော့ သူတို့သုံးတဲ့လက်ကိုင်ပုဝါမှာ မေ့ဆေးပါတယ်ဆိုတာပင်ဖြစ်သည်။

"ဒီနည်းနဲ့မှမခေါ်ရင် မင်းအိမ်ပြန်လာမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်"

ရှင်းအနောက်ဘက်မှ အသံပိုင်ရှင်ကို လှည့်ကြည့်စရာပင်မလိုဘဲ ' ဒယ်ဒီ ' ဟုနှုတ်မှတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ရှင်းကလက်ခုပ်တီးလိုက်ပြီး  မနှစ်မြို့အမြင်ကပ်စရာ အပြုံးမျိုးကို မျက်နှာထက်၌ ပုံဖော်လိုက်သည်။

"ကောင်းလိုက်တဲ့ အကွက်ဗျာ....ဒယ်ဒီ့လူတွေကျွန်တော်ကို မနိုင်မှန်းသိလို့ မေ့ဆေးသုံးပြီး ကိုယ့်သားကိုယ် ပြန်ပေးဆွဲလိုက်တာပေါ့လေ"။

"မင်း အိမ်ပြန်လာဖို့ဆို ဒီနည်းလမ်းက အကောင်းဆုံး နည်းလမ်းပဲ "

"အခုကဘာကိစ္စလဲ.....ဒယ်ဒီ့အလုပ်တွေကူလုပ်ခိုင်းမယ်လို့တော့ မပြောနဲ့နော် ကျွန်တော်တို့သဘောတူထားတာ ၂လ တောင်ကျန်သေးတယ်"

သို့သော် ရှင်း၏စကားအား လေထဲ၌အငွေ့သဖွယ်ပျောက်သွားသည့်နှယ် တစ်ဖက်လူကအရေးမလုပ်ဘဲ ဆက်ပြောသည်။

နောက်တစ်ပါတ်နေရင်...... နယ်စပ်ကိုပို့ရမယ့် ပစ္စည်းတွေရှိတယ် တန်ဖိုးအရမ်းကြီးတယ်။ တခြားမာဖီးယားဂိုဏ်းတွေကလည်း ဒီပစ္စည်းတွေကို လိုချင်နေကြတာ.....သွားပို့ရင် အနှောက်အယှက်တွေဖြစ်လာမှာ ဒယ်ဒီစိုးရိမ်တယ်.....ပြီတော့ သားထက်ပိုပြီးယုံကြည်ရတဲ့သူလည်း ဒယ်ဒီ့မှာမရှိဘူး.....ရှင်း ဒီကိစ္စကို သားဦးဆောင်ပေးရမယ်။

"ဒီနိုင်ငံမှာ ဒယ်ဒီ့ကိုပြိုင်နိုင်တဲ့တခြား မာဖီးယားဂိုဏ်းတွေရှိသေးလို့လား......ဘာကိုစိုးရိမ်နေတာလဲ"

"သေချာပေါက်မရှိဘူးပေါ့....... ဦးစစ်ဟန်ကလွဲလို့"

လေပြေရှင်း သူ့အဖေဒီလောက်စိုးရိမ်ပူပန်နေတာကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အဖေကိုတောင် ထိတ်လန့်အောင် လုပ်နိုင်းစွမ်းရှိသည့် ထိုသူ့နာမည်ကို ရေရွတ်လိုက်သည်။

"ဦးစစ်ဟန်"

ဟုတ်တယ်....... ဦးစစ်ဟန်.... သူကဒယ်ဒီ့ရဲ့ ပြိုင်ဘက်ပဲ တော်တယ်၊ ထက်မြက်တယ်၊ စေ့စပ်သေချာတယ်။ ဒါပေမဲ့ အကြံချင်းတူရင်တော့ ရန်သူပဲလေ။အရင်က ရုရှားကတင်ပို့တဲ့စိန်တွေကို သူတို့နဲ့အပြိုင် စျေးကြီးပေးပြီးဝယ်လိုက်ထဲက ပြိုင်ဘက်တွေဖြစ်လာတာပဲ။ အဲ့နောက်ကိစ္စတော်တော်များများလည်း ဒယ်ဒီတို့ပြိုင်ဖို့ဖြစ်လာကြတယ်။ ဒီတစ်ခေါက်ကိစ္စကလည်း သူတို့ဝင်နှောက်ယှက်ဖို့က သေချာသလောက်ပဲ.....သားတစ်ယောက်ပဲ ဒယ်ဒီ့ကို ကူညီနိုင်လိမ့်မယ်။

ရှင်း  သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး

"ဒီကိစ္စကို ဒယ်ဒီ့ဆန္ဒအတိုင်း ကျွန်တော်လိုက်လျော ပေးမယ်......ခုတော့ပြန်လိုက်ဦးမယ်ဟုဆိုကာ နန်းတော်လိုကြီးမားတဲ့အိမ်ကြီးထဲကနေ ထွက်လာခဲ့သည်" ။

________________________________

Zawgyi/

သာယာၿပီးၾကည္လင္တဲ့ မနက္ခင္းတစ္ခုျဖစ္သည္ ။ စိတ္အစဥ္အား လန္းဆန္းေအာင္ျဖည့္ဆည္းနိုင္စြမ္းရွိသည့္ ေလထုသည္ပတ္ဝန္းက်င္အား အပိုင္သိမ္းထားလ်က္ရွိသည္။ေလတစ္ခ်က္အေဝွ႕တြင္ သင္းပ်ံ့တဲ့ေမြးရနံ႕တို႔က  အတားအဆီးမရွိ လိုက္ပါလာသည္။ ေျမျပင္ေပၚတြင္ေနေရာင္ျခည္ ေနြးေနြးကျဖာက်လ်က္ရွိၿပီး ဆင့္ရဲ႕ ႏွလုံးသားထဲအထိပါ က်ဴးေက်ာ္ဝင္ေရာက္လ်က္ ေနြးေထြးမႈကိုေပးစြမ္းလ်က္ ရွိသည္။

သို႔ေသာ္ ထိုသဘာဝအလွတရားတို႔အား ရွင္း မခံစားနိုင္ေပ။ မနက္ေစာေစာစီးစီး အိမ္ကိုလာၿပီးေႏွာက္ေနသည့္ မေကာင္းဆိုးဝါးတစ္ေကာင္ေၾကာင့္ နိုးတစ္ဝက္အိပ္ေပ်ာ္တစ္ဝက္ျဖင့္  coffee ဆိုင္တစ္ဆိုင္သို႔ ေရာက္ေနရသည္။ မပြင့္တပြင့္ျဖစ္ေနသည့္ မ်က္လုံးအစုံအား ႀကိဳးစား၍ပင္ဖြင့္မေနေတာ့ပဲ ေခါင္းမွာလည္း ၃၆၀° ဘယ္ညာယိမ္းလ်က္ရွိသည္။ ရွင္းတစ္ေယာက္ coffeeဆိုင္ထဲတြင္ အေတာ့္ကိုပုံဆိုးပန္းဆိုးျဖစ္ေနေသာ္လည္း ခန့္ညားကာေခ်ာေမာသည့္ ႐ုပ္ရည္ကိုပိုင္ဆိုင္ထားသည့္ ရွင္း အဖို႔ ဘယ္လိုအရာမ်ိဳးကမွ သူ႕အား႐ုပ္ဆိုး အက်ဥ္းတန္ေအာင္လုပ္နိုင္စြမ္းမရွိေပ။ ထိုအမႈအရာေလးကပင္ ရွင္း ကိုယ္တိုင္ေတာင္ သတိမထားမိခဲ့သည့္ ခ်စ္စရာေကာင္းေသာ အမႈအရာေလးကို ေဆာင္က်ဥ္းေပးလ်က္ရွိသည္။ ေနာက္ဆုံးတြင္ေတာ့ ရွင္း နတ္ဆိုးတစ္ေကာင္အား အနိုင္ယူလိုက္သည့္ႏွယ္ မ်က္ဝန္းအစုံအား ဖြင့္လိုက္ၿပီး အမွတ္မရွိစြာျဖင့္ သိလိုစိတ္ကို ထိန္းခ်ဳပ္မေနေတာ့ပဲ ထပ္မံေမးလိုက္သည္။

"ဆင့္....... ဒီမွာဘယ္သူနဲ႕ ေတြ႕ဖို႔ခ်ိန္းထားတာလဲ ၈ နာရီ ထိုးေတာ့မယ္" ထို႔ေနာက္ ရွင္း တစ္ခ်က္သမ္းေဝလိုက္ၿပီး "ငါ့ကိုေခၚလာၿပီး ဘယ္သူ႕ကိုေစာင့္ေနတာလဲ"

"အခ်ိန္တန္ရင္ သိလိမ့္မယ္"

"ေမးမိတာကိုက ရွင္း အမွားပါ" ေမးတိုင္း ဒီတစ္ခြန္းပဲျပန္ေျဖေနၿပီး ဆင့္ ကေတာ့ဆိုင္အျပင္ဘက္ရွိ ရႈခင္းကိုသာ ေငးေမာၾကည့္ေနၿပီး စိတ္ဝင္စားလ်က္ရွိသည္။ ရွင္းလည္း အဖတ္လုပ္မေနေတာ့ဘဲ စားပြဲေပၚေခါင္းေမွာက္၍ ျပန္အိပ္ရန္ ျပင္လိုက္ေသာ္လည္း coffee ဆိုင္တံခါးကိုဖြင့္ၿပီး သူတို႔ဝိုင္းဆီတန္းတန္းမတ္မတ္ လမ္းေလွ်ာက္လာေနေသာ လူတစ္ေယာက္ေၾကာင့္ ရွင္း ထို႔သူ႕၏ အမူအရာအားလုံးကို ေခါင္းအစေျခအဆုံး အကဲခတ္ရန္ မ်က္လုံးတို႔ကို အလုပ္ေပးလိုက္ ေလသည္။

အသက္အ႐ြယ္အားျဖင့္ သူတို႔ႏွင့္မတိမ္းမယိမ္း သို႔တည္းမဟုတ္ ႐ြယ္တူေလာက္ေတာ့ရွိေပလိမ့္မည္။ အနက္ေရာင္လက္ရွည္အကၤ်ီအား တံေတာင္ဆစ္ထိေခါက္တင္ထားၿပီး ျဖဴစင္ၾကည္လင္သည့္ အသားအရည္ႏွင့္ ထူးျခားစြာပနံသင့္ေနသည္။ ခန႔္မွန္းေျခအားျဖင့္ အရပ္အေမာင္းသည္ ရွင္းႏွင့္အတူတူေလာက္ရွိနိုင္ေပသည္။ ေတာက္ပ၍ မဟူရာထက္နက္ေသာ လွပသည့္ မ်က္ဝန္းတစ္စုံကို ပိုင္ဆိုင္ထားၿပီး မ်က္ေတာင္မ်ားက သြယ္လ်ေျဖာင့္စင္းေနကာ ထိုမ်က္ဝန္းအား ပို၍ေတာက္ပေစလ်က္ ညို႔ငင္ဆြဲေဆာင္နိုင္ေသာ ဓာတ္မ်ားကိုျဖည့္တင္းေပးလ်က္ ရွိေနေပသည္။ မ်က္ေနအေနအထားသည္ကား ရွည္သြယ္၍ ဥပတိ႐ုပ္ လြန္စြာေကာင္းေပသည္။ စိတ္ဓာတ္ခိုင္မာမႈ၊ ယုံၾကည္ခ်က္ရွိမႈ၊ ေလးနက္တည္ၾကည္မႈတို႔ကိုလည္း အတိုင္းသား ခံစားေနရသည္။
ဆင့္ကေတာ့ ထိုသူ႕ကိုမျမင္ဘဲ မွန္အျပင္ဘက္ရွိေလာကႀကီးဆီသာ အာ႐ုံေရာက္လ်က္ရွိသည္။

"ကြၽန္ေတာ့္နာမည္က ျပဒါးရံ ပါ။ ကြၽန္ေတာ္က အလုပ္ကိစၥကမ္းလွမ္းထားတဲ့သူပါ"။

မိတ္ဆက္ၿပီးခ်ိန္တြင္ထိုသူက ရွင္းနဲ႕ ဆင့္တို႔၏ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္သည္။ ထိုအခါမွ coffee ဆိုင္အျပင္ဘက္ကို အာ႐ုံေရာက္ေနသည့္ ဆင့္ ခႏၶာကိုယ္အတြင္းသို႔  ဝိဉာဥ္ျပန္ဝင္လာဝင္လာသည့္အလား စကားစတင္ေျပာလာခဲ့သည္။ ဆင့္က ေရွ႕တည့္တည့္မွာထိုင္ေနသည့္ လူကိုၾကည့္လိုက္ခ်ိန္တြင္ ရင္းႏွီးကြၽမ္းဝင္မႈရွိေနဟန္ သို႔တည္းမဟုတ္ ျမင္ဖူးေနဟန္ ခံစားခ်က္အနည္းငယ္ ရ႐ုံမွတစ္ပါး မည့္သည့္ေနရာတြင္ ေတြ႕ဖူးျမင္ဖူးခဲ့သည္ကို စိုးစဥ္းမွမမွတ္မိေပ။ စိတ္ထဲ၌အမွတ္မွားေနတာပင္ျဖစ္မည္ဟု ကိုယ့္ကိုကိုယ္ သတိေပးလိုက္ၿပီး ႏႈတ္ခမ္းပါးတို႔ကို ဖြင့္ဟကာစကားေျပာလိုက္သည္။

"ခင္ဗ်ားေျပာပုံအရဆိုရင္ ကြၽန္ေတာ္က ခင္ဗ်ားတို႔ company ရဲ႕ပင္တိုင္ model ျဖစ္လာေပးရမယ္ေပါ့"။

ႏူးလည္းမႏူးညံ မာလည္းမမာေက်ာေသာအသံသည္ စကားဝိုင္းအတြင္း ပ်ံ့ႏွံ႕ျဖတ္သန္းသြားသည္။စကားပုလႅင္မ်ားခံကာ သြယ္ဝိုက္မေနေတာ့ဘဲ ေမးလိုက္သည္။

"ဟုတ္ပါတယ္ "

"ကြၽန္ေတာ္ကဘာလို႔ အဲ့လိုလုပ္ရမွာလဲ ၿပီးေတာ့ အရင္ company နဲ႕စာခ်ဳပ္ခ်ဳပ္ထားတာကလည္း ၂လ ေတာင္လိုေသးတယ္.......ကြၽန္ေတာ့္ကိုခုခ်ိန္ထိ သူတို႔ပိုင္ေနေသးတယ္"။

မည့္သို႔ပင္ျဖစ္ေနပါေစ တိမ္ယံဆင့္ဟူသည္ ခ်ၿပီးသားဆုံးျဖတ္ခ်က္ကို လုံးဝ ျပန္ျပင္မည္မဟုတ္ေပ။ျပင္ရိုးထုံးစံလည္း မရွိေပ။ တစ္ဖက္လူက လက္ျမႇောက္အရႈံးေပးသြားသည္အထိ သူကအဆုံးတိုင္ဆန႔္က်င္ျပမည္ ျဖစ္သည္။ သို႔ေသာ္ သူရင္ဆိုင္ေနရသည့္သူမွာ ရိုးရိုးသာမန္လူမဟုတ္ဘဲ လိုခ်င္တက္မက္မိၿပီဆိုပါက မျဖစ္ျဖစ္ေအာင္ရယူတတ္ေသာ ျပဒါးရံျဖစ္ေနခဲ့သည္ပင္။ တိမ္ယံဆင့္ ထိုသူ႕အားေလ်ာ့တြက္ခဲ့မိေလသည္။

"ဒါဆိုလည္း ျပဒါးရံ ဆိုတဲ့ ကြၽန္ေတာ့္အပိုင္ျဖစ္လာေပးပါ"

ထိုစကားအဆုံးတြင္ ဆင့္တို႔ ပတ္ဝန္းက်င္အားအနည္းငယ္တိတ္ဆိတ္ေစလိုက္ၿပီး အၾကည့္ခ်င္းစစ္ထိုးလိုက္ေလသည္။ ဆင့္ ျပဒါးရံကိုၾကည့္ေနၿပီး အေတြးမ်ားကေထာင္ခ်ီရွိေနခဲ့သည္။ အမွန္ပင္ မ်က္ႏွာေျပာင္တိုက္လွေသာ စကားကို ေပါ့ေပါ့ေပါ့ပါးပါးပင္ တြန႔္ဆုတ္ျခင္းမရွိဘဲ ေျပာထြက္ခဲ့သည္မဟုတ္ပါလား။ ဆင့္စိုက္ၾကည့္ေနရင္းမွပင္ ပို၍ပင္နားမလည္နိုင္ေအာင္ ျဖစ္လာခဲ့သည္။ ထိုျပဒါးရံဆိုသူသည္ ဆင့္ ေျပာလိုက္သည့္စကားမ်ားအား တစ္ဖက္နားမွဝင္၍ တစ္ဖက္နားမွထြက္သြားသည္လား၊ မၾကားလိုက္၍ဘဲလား ၊သူစကားအား နားမလည္တာလား ဒါမွမဟုတ္ လက္ေပါက္ကပ္တာလား မသိေတာ့ေပ။ စာခ်ဳပ္ျပည့္ဖို႔ရက္က ၂လ လိုေသးတယ္ဟု သူရွင္းရွင္းလင္းလင္း ေျပာလိုက္သည္ေတာင္ ဇြဲမေရွာ့ဘဲေရွ႕ဆက္တိုးတယ္ဆိုေတာ့ ေခါင္းပဲမာလြန္းေနတာလား ဘယ္ဟာကျပဒါးရံႏွင့္ကိုက္ညီေနလဲ ဆင့္ဆက္မေတြးနိုင္ေတာ့။ ထို႔ေနာက္ျပဒါးရံက ဆင့္ရဲ႕အမူအရာကိုခန့္မွန္းမိသည့္အလား မက္ေမာေလာက္မည့္ပမာဏမ်ားျဖင့္ ကမ္းလွမ္းလာျပန္သည္။

"တိမ္ယံဆင့္ဘက္က မနစ္နာေစရဘူးလို႔ အာမခံပါတယ္ ၊အရင္companyက ရတဲ့အက်ိဳးအျမတ္ထက္ ၂ဆ ရေစရမယ္လို႔လည္း ကတိေပးတယ္။ တိမ္ယံဆင့္သာ ေခါင္းတစ္ခ်က္ၿငိမ့္လိုက္တာနဲ႕ အခုလက္တြဲၿပီးလုပ္ေနတဲ့ company နဲ႕အဆင္ေျပေအာင္ညွိႏွိုင္းၿပီး KKကိုေျပာင္းဖို႔ကအစကြၽန္ေတာ္တို႔ဘက္က အားလုံးတာဝန္ယူမွာပါ"။

တိမ္ယံဆင့္က ျပဒါးရံရဲ႕ စကားလုံးမ်ားအားခပ္ဖြဖြရယ္လိုက္ရင္းျဖင့္ သိမ္းငွက္သဖြယ္စူးရွသည့္ မ်က္လုံးမ်ားကိုအနည္းငယ္ က်ဥ္းေျမာင္းလိုက္ၿပီး ျပန္လည္ေခ်ပလိုက္သည္။

"ကိုျပဒါးရံ အထင္မွားေနတဲ့ပုံပဲ .......ကြၽန္ေတာ္ကပိုက္ဆံပိုေပးတိုင္း company ေျပာင္းေပးတတ္တဲ့အစားထဲမွာမပါဘူး .......ကမ္းလွမ္းတာကို ေက်းဇူးတင္ေပမဲ့ တစ္ခါတည္းျငင္းလိုက္ပါရေစ"။

ထိုသို႔ေျပာအၿပီး တိမ္ယံဆင့္ ထိုင္ရာမွထရပ္ကာ ထြက္သြားရန္ျပင္လိုက္ေသာ္လည္း ျပဒါးရံ ကစကားလုံးအခ်ိဳ႕ျဖင့္ ဟန့္တားလိုက္ျပန္သည္။

"ခုခ်ိန္က မာနကိုေရွ႕တန္းတင္ေနရမဲ့ အခ်ိန္မဟုတ္ဘူးထင္တယ္။ ဒီလိုပဲ ေရွ႕ဆက္သြားမယ္ဆိုရင္ နစ္နာမဲ့သူကမင္းပဲ ျဖစ္ေနလိမ့္မယ္"။

"မင္းတို႔ဘာေတြေျပာေနၾကတာလဲ......ငါတစ္လုံးမွနားမလည္ေတာ့ဘူး"

ထိုခ်ိန္တြင္ အားလုံးကိုနားမလည္ဘဲ ပါးစပ္အေဟာင္းသားျဖင့္ ထိုင္နားေထာင္ေနတဲ့ ရွင္း က ဝင္ေျပာလာခဲ့သည္။ သို႔ေသာ္ 'ရွင္း'အားမရွိတဲ့လူတစ္ေယာက္ႏွယ္သေဘာထားကာ သူတို႔ႏွစ္ေယာက္ ဆက္ၿပီးျငင္းခုန္ေနၾကသည္။

"ဒီမွာ.....ၾကည့္ၾကည့္လိုက္"

ျပဒါးရံ ဘက္မွစာ႐ြက္တစ္႐ြက္ေပးလာတာေၾကာင့္ မတ္တပ္ရပ္လ်က္အေနအထားႏွင့္ပင္ ဆင့္ ယူၾကည့္လိုက္သည္။ စာ႐ြက္မွာရိုးရွင္းေသာ္လည္း တိမ္ယံဆင့္လိုမင္းသားတစ္ေယာက္ကို မင္သက္သြားေပသည္။ တစ္စုံတစ္ေယာက္အား ခ်က္ခ်င္းပင္ ျပန္လည္အမွတ္ရသြားေပသည္။

"ဟမ္....ဒါက....ခင္ဗ်ားအဲ့ေန႕ကတစ္ေယာက္ပဲ.....ဒါေၾကာင့္ျမင္ဖူးတယ္ဆိုၿပီး ၾကည့္ေနတာ"
"ၿပီးေတာ့.... ဒါကဘာလဲ"

"ကားျပင္ ေဘာင္ခ်ာ"

စာ႐ြက္ကိုၾကည့္ၿပီး မ်က္လုံးအစုံျပဴးေနတဲ့ တိမ္ယံဆင့္ ကို ျပဒါးရံ ကေျပာလိုက္ျခင္းရယ္ပါ။

"ကြၽန္ေတာ္သိတယ္.... ကားျပင္ေဘာင္ခ်ာမွန္း
ဒါေပမဲ့ ......(သုည)ေတြကဘာေၾကာင့္ အဲ့ေလာက္မ်ားေန ရတာလဲ"

"ကိုယ့္ကားက ဒီနိုင္ငံကဝယ္တာမဟုတ္ဘူးေလ နိုင္ငံျခားကဝယ္ထားတာ ။အဲ့ေတာ့ ျပင္တဲ့ပစၥည္းေတြကလည္း ဒီနိုင္ငံကဝယ္လို႔မရဘူး နိုင္ငံျခားကမွာရတာ အဲ့တာက (သုည)ေတြတိုးလာရတဲ့အေၾကာင္းရင္းပဲ"

"ကြၽန္ေတာ္ျပန္ေလ်ာ္ေပးမယ္"

"မလိုခ်င္ဘူး"

"ခင္ဗ်ား ဒါသက္သက္ညစ္တာပဲ ကြၽန္ေတာ္ျပန္ေလ်ာ္ေပးမယ္လို႔ ေျပာၿပီးၿပီေလ"

"ကိုယ္က တရားဆြဲခ်င္တာ"

"ခင္ဗ်ား....."

ေရွ႕ဆက္ၿပီးေျပာခ်င္ေပမဲ့ ေဒါသေၾကာင့္ ဆင့္ ေျပာစရာစကားေတြ လမ္းတစ္ဝက္မွာတင္ ေပ်ာက္ရွကုန္သည္။

"တကယ္လို႔ ကိုယ္ကမ္းလွမ္းတဲ့ အလုပ္ကိုသာလက္ခံေပးရင္ တရားဆြဲမဲ့ကိစၥကို မရွိခဲ့သလို သေဘာထားေပးမယ္.......ေသခ်ာစဥ္းစားၾကည့္ပါ...... အခုထြက္ေနတဲ့သတင္းေတြကို ေပ်ာက္သြားေစခ်င္တယ္မလား...... KKကိုလာခဲ့......KKကိုလာၿပီး ကိုယ္နဲ႕အတူ အလုပ္တြဲလုပ္လွည့္ပါ .....တိမ္ယံဆင့္ လိုခ်င္တဲ့ လြတ္လပ္မႈမ်ိဳး ကြၽန္ေတာ္ေပးမယ္ "။

"မက္ေမာေလာက္တဲ့ ကမ္းလွမ္းမႈေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ အသုံးမဝင္ဘူး ။ဒီကိစၥကိုမရွိခဲ့ဘူးလို႔ပဲ ယူဆလိုက္မယ္"။ စာခ်ဳပ္ခ်ဳပ္မဲ့ကိစၥ
"ကြၽန္ေတာ္...သ...ေဘာ...မ...တူ...နိုင္...ဘူး"

"သေဘာတူရမယ္ ဘာလို႔ဆိုမင္းမွာေ႐ြးခ်ယ္စရာ ဒီတစ္လမ္းပဲရွိတယ္"

ဆင့္ ခနဲ႕တဲ့အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲလိုက္ရင္း

"ခင္ဗ်ားမွားေနၿပီ ကိုျပဒါးရံ ကြၽန္ေတာ္ေ႐ြးမဲ့ဒုတိယနည္းလမ္းက KKနဲ႕စာခ်ဳပ္ခ်ဳပ္ဖို႔ကို သေဘာမတူနိုင္ဘူးဆိုတာပဲ"

သူတို႔ႏွစ္ေယာက္ရဲ႕ မ်က္ႏွာေတြဟာ ေဒါသေၾကာင့္နီရဲေနၾကၿပီး အသံတြင္လည္း ႏွစ္ေယာက္သားထသတ္ေတာ့မဲ့ အရွိန္အဝါေတြပါဝင္ေနသည္။ ႏွစ္ေယာက္လုံးမွာ အၿပိဳင္အဆိုင္ေခ်ာေမာလွပသူမ်ားျဖစ္ၾကေသာ္လည္း ျမင္မေကာင္းေလာက္ေအာင္ ၾကည့္ရဆိုးစြာ ရန္ျဖစ္ေနၾကသည္ပင္။ ရွင္းမွာေတာ့ စကားေျပာသူေတြကိုအေမာလိုက္ၾကည့္ေနရတာေၾကာင့္ သူ၏မ်က္လုံးအစုံသည္ ဆင့္ ဆီေရာက္လိုက္ ျပဒါးရံ ဆီေရာက္လိုက္ျဖစ္ေနေတာ့သည္။ ထိုႏွစ္ေယာက္၏ေျပာစကားမ်ားကို နားမလည္သည့္အျပင္ ရန္ျဖစ္ေတာ့မည့္အရိပ္အေယာင္ေတြျမင္ေနရတဲ့အတြက္ ရွင္းရဲ႕ ေခါင္းမွာ ၃၆၀° သာမက သြက္သြက္ခါေအာင္လည္လ်က္ မူးေဝလ်က္ရွိသည္။ ထိုစကားဝိုင္းတြင္ သူကအပိုလူတစ္ေယာက္လိုခံစားေနရသည္။သူ႕ကိုအဖတ္လုပ္ၿပီး ရွင္းျပမည့္သူတစ္ေယာက္တစ္ေလေတာင္မရွိတာေၾကာင့္ အခုျဖစ္ေနသည့္ျပႆနာအား နားလည္ရန္ဦးေနာက္ကို အေတာ္ပင္အလုပ္ေပးထားလိုက္ရသည္။သို႔ေသာ္ ထိုႏွစ္ေယာက္ကေတာ့ ရန္ျဖစ္ၿမဲ ရန္ျဖစ္ဆဲပင္။

"ေသခ်ာလား"

"လုံးဝပဲ........လုံးဝကိုသေဘာမတူတာေသ...."

"ကြၽန္ေတာ္သေဘာတူတယ္"

သူတို႔ႏွစ္ေယာက္ သေဘာတူပါ.....မတူဘူး....ျငင္းေနတဲ့အခ်ိန္ၾကားမွာထိုင္ေနတဲ့ ရွင္းကဝင္ေျပာလိုက္ျခင္းရယ္ပါ။ ထိုသို႔ေျပာအၿပီး ျပဒါးရံနဲ႕ တိမ္ယံဆင့္ တို႔ရဲ႕မီးေတာက္ေနတဲ့မ်က္လုံးအစုံဟာ ဦးတည္ခ်က္ေျပာင္းလာၿပီး သူ႕ကိုစိုက္ၾကည့္လာၾကသည္။ ခဏအၾကာတြင္ျပဒါးရံရဲ႕ မ်က္ႏွာထက္၌အၿပဳံးတစ္ခု ျဖစ္ေပၚလာသည္။ ထိုစကားအၿပီး အပိုရလိုက္တာကေတာ့ ခ်စ္လွစြာေသာ သူငယ္ခ်င္းရဲ႕ ေအာ္သံစူးစူးပါ။

"ရွင္း......."

တိမ္ယံဆင့္၏ စူးရွသည့္ေအာ္သံအား အေရးမစိုက္ဘဲ ေလေျပရွင္း ဆက္ေျပာသည္။

"လုံးဝကို သေဘာတူတယ္"

"ရွင္း မင္းဘာေတြေျပာ......အြန္း.....အြန္း...."

ရွင္းတစ္ေယာက္လည္း ထိုင္ရာမွထရပ္ကာ အတင္းကန့္ကြက္ေနတဲ့ သူ႕သူငယ္ခ်င္းရဲ႕ ပါးစပ္ကိုလက္နဲ႕ပိတ္ၿပီး ျပဒါးရံ ဘက္ျပန္လွည့္ကာ

"ကြၽန္ေတာ့္နာမည္ ေလေျပရွင္း.... တိမ္ယံဆင့္ရဲ႕ manager ပါ။သူ႕အလုပ္ကိစၥမွန္သမွ် ကြၽန္ေတာ္နဲ႕ေျပာလို႔ရပါတယ္.....ၿပီးေတာ့ အခုကိစၥကိုလည္း ကြၽန္ေတာ္တို႔ဘက္က အကြၽင္းမဲ့ သေဘာတူပါတယ္"။

"ဟင္း...,ဟင့္အင္း....အြန္း....."

ဆင့္က ရွင္း ပါးစပ္ပိတ္ထားသည့္ၾကားမွ အတင္းျငင္းပယ္၍ ကန႔္ကြက္ေနေသးသည္။ ထို႔ေနာက္ ကြၽန္ေတာ္တို႔ကိုသြားခြင့္ျပဳပါဦး ဟုဆိုကာ ရွင္းတစ္ေယာက္ ဆင့္ကို ပါးစပ္ပိတ္လ်က္အေနအထားျဖင့္ပင္ ဆိုင္အျပင္ဘက္ကို ဆြဲေခၚသြားသည္။

ဆိုင္အျပင္သို႔ေရာက္ေရာက္ခ်င္း ဆင့္...ရွင္းရဲ႕ လက္မွအတင္း႐ုန္းထြက္ကာ

"မင္း႐ူးသြားၿပီလား....ဘယ္လိုလုပ္လိုက္တာလဲ......မင္းအခုလုပ္လိုက္တာ ငါ့ကိုေရာင္းစားလိုက္တာနဲ႕တူတူပဲဆိုတာေကာ သိရဲ႕လား.....မရဘူး ငါျပန္သြားေျပာမယ္."...

"အား....."

အသံသည္ ဆင့္ဆီမွ ထြက္ေပၚလာျခင္းျဖစ္သည္။

"ရွင္း မင္းငါ့ေခါင္းကို လက္ဆစ္နဲ႕ေခါက္တယ္ဟုတ္လား......"

"ဟုတ္တယ္.......တုံးေနတဲ့မင္းေခါင္းမ်ား ဉာဏ္ထက္လာမလားလို႔ KKကဒီေလာက္နာမည္ႀကီးတဲ့ company တစ္ခု .....ခုcompanyထက္လည္း အခြင့္အလမ္းေတြအမ်ားႀကီးပိုရမွာ။ ၿပီးေတာ့ ဆူးသစၥာနဲ႕ သတင္းကလည္းၿငိမ္ေသးတာ မဟုတ္ဘူး......KKနဲ႕သာအလုပ္တြဲလုပ္လိုက္ရင္ကို ျပဒါးရံေျပာသလို သတင္းေတြေပ်ာက္သြားမွာ...... က်န္ေသးတယ္ အဲ့ေန႕က ကားခ်ိဳင့္လာတာ ကိုျပဒါးရံရဲ႕ကားကို ဝင္တိုက္လာတာမလား...မင္းသေဘာမတူရင္ ဟိုဘက္ကေထာင္ခ်မွာ....မင္း မင္းသားဘဝကေနအလုပ္ေျပာင္းၿပီး ေထာင္ထဲဝင္ခ်င္ေနတာလား...."

"ေအာ္.......ေကာင္းလိုက္တဲ့ ရွင္း။ မင္းဘာျဖစ္ေနတာလဲ....သူ႕ဘက္ကတရားစြဲမယ္လို႔ပဲေျပာတာေလ...မင္းကဘာလို႔ ေထာင္ခ်တဲ့အထိေတြးပစ္တာလဲ....သူကတရားစြဲေတာ့လဲငါက ေရွ႕ေနေကာင္းငွားၿပီး အမႈနိုင္ေအာင္ လုပ္လိုက္မွာေပါ့"။

"မနိုင္ဘူး....."

"ဘာ....."

ဟုတ္တယ္...... မင္းအမႈနိုင္မွာ မဟုတ္ဘူး.....မင္းကဝင္တိုက္ၿပီး....မေတာင္းပန္တဲ့အျပင္ ထြက္ေျပးသြားတာ အဲ့ေတာ့ ကားတိုက္ၿပီးထြက္ေျပးတဲ့အမႈကထင္ရွားတယ္။ ေအာ္....ၿပီးေတာ့ မင္းရဲ႕နာမည္ကေတာ့ အဖတ္ေတာင္ ဆယ္လို႔ရေတာ့မယ္မထင္ဘူး ။ ဆူးသစၥာနဲ႕သတင္းေတာင္မေပ်ာက္ေသးပဲ KKက ဆက္ခံသူရဲ႕ကားကိုဝင္တိုက္ၿပီး ထြက္ေျပးတယ္ဆိုတဲ့သတင္းေတြသာေပါက္သြာရင္..... ဆင့္.....မင္း.......ဂိတ္ဆုံးၿပီပဲ။ ႀကိဳေျပာထားမယ္ေနာ္ မြဲသြားလို႔ကေတာ့ငါ့ဆီမလာနဲ႕... လက္မခံဘူး။

ရွင္းကိုၾကည့္ၿပီး ဆင့္တစ္ကယ္ၾသခ်မိသည္။ သူေျပာမွခ်က္ခ်င္းပဲ ေထာင္ထဲဝင္ေပးရေတာ့မလို၊ ကိုယ္ကပဲ ခ်က္ခ်င္းမြဲျပာက်ေတာ့မလို ဒီေလာက္အားကိုးရတဲ့ သူငယ္ခ်င္းကို ဘယ္လိုရွာၿပီးခင္မိမွန္းမသိတဲ့ ကိုယ့္ကိုကိုယ္ လဲေလးစားမိသည္။ မခ်ိတင္ကဲ ျဖစ္ေပၚလာေသာ စိတ္တိုမႈမ်ားေၾကာင့္ ရွင္းအား ဆူပူေနလိုက္ေတာ့သည္။

"ရွင္း..မင္းဘယ္သူ႕ဘက္က ဝင္ေျပာေနတာလဲ....ငါ့သူငယ္ခ်င္းေကာဟုတ္ရဲ႕လား.....ငါမင္းကိုအလုပ္ထုတ္တယ္......ခုခ်ိန္ကစၿပီး မင္းငါ့ manager မဟုတ္ေတာ့ဘူး"။

အေတာ္အတန္ၾကာသည္အထိ ရွင္းဆီကအသံမလာေတာ့တာေၾကာင္ ဆင့္အနည္းငယ္စိတ္မေကာင္း ျဖစ္မိသည္ ။သူေျပာတာ အေတာ္လြန္သြားသလားဟုလည္း ျပန္ေတြးေတာ့လ်က္ရွိသည္။ ထို႔ေၾကာင့္ ေဒါသထြက္ေနတဲ့ စိတ္ကို ထိန္းၿပီး ရွင္းကိုျပန္ေခ်ာ့ရန္အတြက္ ေခါင္းေမာ့လိုက္ခ်ိန္တြင္ ရွင္းကသူ႕ကိုမ်က္ႏွာလႊဲထားၿပီး မလုပ္မယွက္ရပ္ေနသည္။ထို႔ေၾကာင့္ သာယာၿပီး ဆည္းလည္းသံကဲ့သို႔ေသာ အသံေလးျဖင့္ ဆင့္ စကားစေျပာလိုက္သည္။

"ရွင္း မင္းသာအစထဲက ငါ့ကို လာမစရင္..."

သို႔ေသာ္စကားမဆုံးမွီပင္ တစ္ဖက္လူ၏ျဖတ္ေျပာျခင္းကို ခံလိုက္ရသည္။

"မင္းတကယ္ေျပာတာလား....ဆင့္"

ရွင္း၏အသံသည္ လုံးဝေကာင္းမြန္မေနေပ။ဆင့္စိတ္ထဲတြင္ အနည္းငယ္ ဝမ္းနည္းေနသည့္ အရိပ္အေယာင္ပါဝင္ေနသလိုရွိသည္။ထို႔အတြက္ေၾကာင့္ သူငယ္ခ်င္းျဖစ္သူအား ေတာင္းပန္၍ ျပန္ေခ်ာ့ရန္သာ ဆင့္ ေ႐ြးခ်ယ္လိုက္သည္။

"ငါ......ေတာင္း...."

ၿပီးဆုံးေအာင္ပင္ မေျပာလိုက္ရဘဲ တက္ႂကြ႐ႊင္လန္းေနေသာ အသံတစ္ခုက ထက္လွစြာေသာဓားသြားႏွယ္ တိမ္ယံဆင့္၏စကားတို႔အား ရက္စက္စြာ ထက္ပိုင္းျဖတ္ ခုတ္ျဖတ္လိုက္ေလသည္။

"ငါဘာလို႔ အသိေနာက္က်ခဲ့ရတာလဲကြာ.....အဲ့လိုမွန္းသိရင္အစထဲက ဒီနည္းကိုသုံးခဲ့ပါတယ္...."

ရွင္းေျပာလိုက္တဲ့စကားေၾကာင့္ ဆင့္ အံၾသၿပီးစကားတစ္လုံးသာ ထြက္က်လာေတာ့သည္။

"အမ္......."

"မင္းတကယ္ေျပာေနတာမလား ဆင့္.......လိမ္ေနတာေတာ့မဟုတ္ပါဘူးေနာ္ "ဟုဆိုကာ ရွင္းတစ္ေယာက္ ဆင့္ပုခုံးႏွစ္ဖက္ကို လႈပ္ကိုင္ၿပီ ေသခ်ာေအာင္ ထပ္ကာတစ္လဲလဲေမးေနသည္။

"အလုပ္ထုတ္ခံလိုက္ရၿပီဆိုေတာ့ ငါလြတ္လြတ္"လပ္လပ္ေနလို႔ရၿပီေပါ့ေနာ္။ အဲ့လိုမွန္းအေစာက သိခဲ့ရင္ မင္းကိုေန႕တိုင္းေဒါသထြက္စရာေတြေျပာခဲ့ရမွာ.....ဘာလို႔ခုမွအလုပ္ထုတ္ရတာလဲ ဆင့္ရာ..... မင္းေစာေစာထုတ္ခဲ့သင့္တယ္။"

ဆင့္မွာေတာ့ အံၾသလြန္းလို႔ ပါးစပ္အေဟာင္းသားနဲ႕ ေက်ာက္႐ုပ္တစ္႐ုပ္လိုရပ္ေနၿပီး ရွင္းကေတာ့ သူနဲ႕ဆန့္က်င္စြာ အေပ်ာ္လြန္ၿပီးထခုန္မိမတတ္ပင္ျဖစ္ေနသည္။ ဆင့္အေတြးထဲ၌ အလုပ္ထုတ္ခံရတာ သူလား၊ငါလား..... သူကဘာလို႔အဲ့ေလာက္ေပ်ာ္ေနရလဲ...... နားမလည္နိုင္ေတာ့ေပ။ အသိစိတ္ျပန္ဝင္ခ်ိန္တြင္ ရွင္းကအေဝးသို႔ေရာက္ေနၿပီျဖစ္သည္။ ထို႔ေနာက္ တစ္ခုခုအားသတိရသြားဟန္ျဖင့္ ေနာက္လွည့္ကာ ေအာ္ေျပာေလသည္။

"ေအာ္.....ငါကမင္းmanager မဟုတ္ေတာ့ဘူးဆိုေတာ့ လိုက္မပို႔ေတာ့ဘူးေနာ္ ကိုယ့္ဘာသာျပန္လိုက္ေတာ့ ငါသြားၿပီ"။

"ရွင္း.....ေနဦးေလ.....ရွင္း.....ေလေျပရွင္း..... ငါကစေနတာပါ .....မင္းကိုအလုပ္မထုတ္ဘူး....ျပန္လာခဲ့....."

ဆင့္ေအာ္ေျပာေနေပမဲ့.....ရွင္းကေတာ့ မ်က္စိေရွ႕ကပင္ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

ဟက္....ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတဲ့ သူငယ္ခ်င္းဟု ဆင့္ စိတ္ထဲ၌အလိုမက်စြာ ေတြးလိုက္ၿပီး.....ရွင္း ေနာက္သို႔အေျပးလိုက္ရေတာ့သည္။

သူတို႔ေျပာဆိုသမွ် အားလုံးကို ဆိုင္ထဲကေနၾကည့္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကေတာ့..... coffee ခြက္အား ႏူးညံ့စြာမယူလိုက္ၿပီး တစ္ငုံမွ်အာခံတြင္းထဲထည့္ကာ ခ်ိဳစိမ့္စိမ့္အရသာကို ခံစားလ်က္ရွိၿပီး ေမြးပ်ံ့တဲ့ေကာ္ဖီနံ႕သင္းသင္းကို နမ္းရွိုက္လ်က္ရွိသည္။ ထို႔ေနာက္ ႏႈတ္ခမ္းတစ္ဖက္ကိုတြန့္ေကြးလ်က္ ႏႈတ္ဖ်ားမွ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

"ေတာ္ေတာ္ရွင္းႏွီးတဲ့ ဆက္ဆံေရးပဲ"
_____________________________________

ရွင္းတစ္ေယာက္ မေန႕ကေကာ ဒီေန႕မနက္ထိပါ ဆင့္ ကိုေရွာင္ေနကာ မွတ္ေလာက္ေအာင္ပညာေပးမည္ဟု ဆုံးျဖတ္ထားသည္။ ထိုစဥ္ အေရွ႕မွာ လာရပ္တဲ့ အနက္ေရာင္ဝတ္စုံနဲ႕ လူ ၃ေယာက္ေၾကာင့္ စိတ္ပ်က္တဲ့အမႈအရာကို ေဖာ္ျပလိုက္သည္။

"ကြၽတ္.....ဘာလာလုပ္တာလဲ ....ဒီလိုလက္လြတ္စပါယ္ ေပၚမလာနဲ႕လို႔ ေျပာထားတယ္ေလ...... တစ္ေယာက္ေယာက္ျမင္သြားရင္ ဘယ္လိုလုပ္မလဲ....."

"ေတာင္းပန္ပါတယ္......သခင္ေလး......ဆရာက ေခၚခိုင္းလိုက္လို႔ပါ.....ေက်းဇူးျပဳၿပီးလိုက္ခဲ့ေပးပါ" ။

"ငါမအားဘူးလို႔ ဒယ္ဒီ့ကိုေျပာလိုက္"

ေတာင္းပန္ပါတယ္ သခင္ေလး ၊ ဆရာက အႏုနည္းနဲ႕ ေခၚလို႔မရရင္ အၾကမ္းနည္းသုံးခဲ့ဖို႔ မွာလိုက္ပါတယ္။ ရိုင္းျပတဲ့အတြက္ ခြင့္လႊတ္ပါဟုဆိုကာ သူတို႔မွာ ပါလာတဲ့ လက္ကိုင္ပုဝါနဲ႕ ရွင္းရဲ႕ပါးစပ္နဲ႕ႏွာေခါင္းကိုအုပ္ၿပီး ကားထဲသို႔အတင္းဆြဲေခၚ ေမာင္းထြက္သြားၾကသည္။

ရွင္းသတိျပန္ရလာခ်ိန္၌ ဆိုဖာတစ္ခုေပၚတြင္ အိပ္ေပ်ာ္လ်က္ အေနအထားျဖင့္ ျဖစ္သည္။ ထို႔ေၾကာင့္ထထိုင္ကာ ေနာက္က်ိေနတဲ့ေခါင္းကို အဖိုးထိုက္တန္တဲ့ ရတနာတစ္ပါးလို႔ပင္ တင္စားရေလာက္ေအာင္ ျဖဴဥေနေသာ လက္ေခ်ာင္းမ်ားျဖင့္ဖိၿပီး ပတ္ဝန္းက်င္ကို ေလ့လာလိုက္သည္။ သို႔ေသာ္ အျမင္အာ႐ုံက ၾကည္လင္ျခင္းအလ်င္းမရွိဘဲ ေဝဝါးလ်က္ရွိသည္။ ရွင္း ေသခ်ာသိလိုက္တာကေတာ့ သူတို႔သုံးတဲ့လက္ကိုင္ပုဝါမွာ ေမ့ေဆးပါတယ္ဆိုတာပင္ျဖစ္သည္။

"ဒီနည္းနဲ႕မွမေခၚရင္ မင္းအိမ္ျပန္လာမွာ မဟုတ္ဘူးဆိုတာ ငါသိေနတယ္"

ရွင္းအေနာက္ဘက္မွ အသံပိုင္ရွင္ကို လွည့္ၾကည့္စရာပင္မလိုဘဲ ' ဒယ္ဒီ ' ဟုႏႈတ္မွတီးတိုးေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ ရွင္းကလက္ခုပ္တီးလိုက္ၿပီး မႏွစ္ၿမိဳ႕အျမင္ကပ္စရာ အၿပဳံးမ်ိဳးကို မ်က္ႏွာထက္၌ ပုံေဖာ္လိုက္သည္။

"ေကာင္းလိုက္တဲ့ အကြက္ဗ်ာ....ဒယ္ဒီ့လူေတြကြၽန္ေတာ္ကို မနိုင္မွန္းသိလို႔ ေမ့ေဆးသုံးၿပီး ကိုယ့္သားကိုယ္ ျပန္ေပးဆြဲလိုက္တာေပါ့ေလ"။

"မင္း အိမ္ျပန္လာဖို႔ဆို ဒီနည္းလမ္းက အေကာင္းဆုံး နည္းလမ္းပဲ "

"အခုကဘာကိစၥလဲ.....ဒယ္ဒီ့အလုပ္ေတြကူလုပ္ခိုင္းမယ္လို႔ေတာ့ မေျပာနဲ႕ေနာ္ ကြၽန္ေတာ္တို႔သေဘာတူထားတာ ၂လ ေတာင္က်န္ေသးတယ္"

သို႔ေသာ္ ရွင္း၏စကားအား ေလထဲ၌အေငြ႕သဖြယ္ေပ်ာက္သြားသည့္ႏွယ္ တစ္ဖက္လူကအေရးမလုပ္ဘဲ ဆက္ေျပာသည္။

ေနာက္တစ္ပါတ္ေနရင္...... နယ္စပ္ကိုပို႔ရမယ့္ ပစၥည္းေတြရွိတယ္ တန္ဖိုးအရမ္းႀကီးတယ္။ တျခားမာဖီးယားဂိုဏ္းေတြကလည္း ဒီပစၥည္းေတြကို လိုခ်င္ေနၾကတာ.....သြားပို႔ရင္ အေႏွာက္အယွက္ေတြျဖစ္လာမွာ  ဒယ္ဒီစိုးရိမ္တယ္.....ၿပီေတာ့ သားထက္ပိုၿပီးယုံၾကည္ရတဲ့သူလည္း ဒယ္ဒီ့မွာမရွိဘူး.....ရွင္း ဒီကိစၥကို သားဦးေဆာင္ေပးရမယ္။

"ဒီနိုင္ငံမွာ ဒယ္ဒီ့ကိုၿပိဳင္နိုင္တဲ့တျခား မာဖီးယားဂိုဏ္းေတြရွိေသးလို႔လား......ဘာကိုစိုးရိမ္ေနတာလဲ"

"ေသခ်ာေပါက္မရွိဘူးေပါ့....... ဦးစစ္ဟန္ကလြဲလို႔"

ေလေျပရွင္း သူ႕အေဖဒီေလာက္စိုးရိမ္ပူပန္ေနတာကို ပထမဆုံးျမင္ဖူးျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူ႕အေဖကိုေတာင္ ထိတ္လန့္ေအာင္ လုပ္နိုင္းစြမ္းရွိသည့္ ထိုသူ႕နာမည္ကို ေရ႐ြတ္လိုက္သည္။

"ဦးစစ္ဟန္"

ဟုတ္တယ္....... ဦးစစ္ဟန္.... သူကဒယ္ဒီ့ရဲ႕ ၿပိဳင္ဘက္ပဲ ေတာ္တယ္၊ ထက္ျမက္တယ္၊ ေစ့စပ္ေသခ်ာတယ္။ ဒါေပမဲ့ အႀကံခ်င္းတူရင္ေတာ့ ရန္သူပဲေလ။အရင္က ႐ုရွားကတင္ပို႔တဲ့စိန္ေတြကို သူတို႔နဲ႕အၿပိဳင္ ေစ်းႀကီးေပးၿပီးဝယ္လိုက္ထဲက ၿပိဳင္ဘက္ေတြျဖစ္လာတာပဲ။ အဲ့ေနာက္ကိစၥေတာ္ေတာ္မ်ားမ်ားလည္း ဒယ္ဒီတို႔ၿပိဳင္ဖို႔ျဖစ္လာၾကတယ္။ ဒီတစ္ေခါက္ကိစၥကလည္း သူတို႔ဝင္ေနွာက္ယွက္ဖို႔က ေသခ်ာသေလာက္ပဲ.....သားတစ္ေယာက္ပဲ ဒယ္ဒီ့ကို ကူညီနိုင္လိမ့္မယ္။

ရွင္း သက္ျပင္းရွည္ႀကီးကိုခ်လိဳက္ၿပီး

"ဒီကိစၥကို ဒယ္ဒီ့ဆႏၵအတိုင္း ကြၽန္ေတာ္လိုက္ေလ်ာ ေပးမယ္......ခုေတာ့ျပန္လိုက္ဦးမယ္ဟုဆိုကာ နန္းေတာ္လိုႀကီးမားတဲ့အိမ္ႀကီးထဲကေန ထြက္လာခဲ့သည္" ။

________________________________

Continue Reading

You'll Also Like

1.9M 117K 74
စစ္မွန္ေသာ ခ်စ္ျခင္းတရားကိုသာ လိုခ်င္မိပါ၏။
155K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
1.8M 300K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...