Non Romantic System(Completed)

By bobo_poompat

496K 29.4K 975

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-30(Final Part)
Extra-1

Part-29

11.3K 624 35
By bobo_poompat

Zawgyi

ဗိုက္ကေလးကိုပြတ္ရင္း ေယာတစ္ေယာက္ စိတ္လႈပ္႐ွားေနသည္။ ဆတ္သာလည္း ထိုနည္းတူစြာပင္ျဖစ္သည္။ ေယာရဲ႕လက္ကေလးကို ဖြဖြေလးဆုပ္ကိုင္ထားရင္း အေႏြးေထြးဆံုးျပံဳးျပ၏။

"ကိုယ္တို႔ကဆႏၵ႐ွိတယ္ဆိုရင္ နတ္ဘုရားေတြကေတာင္ လြန္ဆန္လို႔မရပါဘူး။ အဲ့ဆုေတာင္းကို ျဖည့္ဆည္းေပးၾကလိမ့္မယ္"

"အင္း..ဟုတ္တယ္ေနာ္ ဆတ္။ ၿပီးေတာ့ ေယာေလ မေန႔ညက က်ားျဖဴေလးကို အိပ္မက္မက္တယ္။အဲ့တာ သားသမီးရဖို႔ အတိတ္တဲ့ ​ေမႀကီးကိုေမးေတာ့"

ေယာလည္း ခပ္ဖြဖြျပန္ျပံဳးျပရင္းေျပာ၏။

T/N -[..]ထဲကEnglishလို ေျပာထားတာေတြပါ။

ေယာတို႔နွစ္ေယာက္အေရွ႕မွာထိုင္ရင္း ေဆးစစ္ထားတဲ့ စာရြက္စာတမ္းေတြကိုၾကည့္ေနတဲ့ အသက္ငါးဆယ္ေက်ာ္ ႏိုင္ငံျခားသူေဒါက္တာ Hellaက တစ္ခုခုကို အေက်နပ္ႀကီးေက်နပ္သြားဟန္နဲ႔ ျပံဳးလိုက္သည္။

"[Congratulationsပါ sweetiesတို႔ေရ။ မင္းတို႔ရဲ႕ရင္ေသြးေလးက ေကာင္းေကာင္းမြန္မြန္နဲ႔ ျကီးထြားလာေတာ့မွာပါ။ လက္ခံသူမိခင္ရဲ႕ကိုယ္မွာ အဆင္ေျပေျပ႐ွိေနပါၿပီ"]

ဆတ္သာနဲ႔ေယာလည္း ထခုန္မတတ္ေပ်ာ္ရႊင္သြားၿပီး မ်က္ရည္ၾကည္တို႔ေဝ့ဝဲလ်က္ တစ္ေယာက္ကိုတစ္ေယာက္ ေပြ႔ဖက္လိုက္ျကသည္။

ဒီနည္းလမ္းကိုအားကိုးၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ကိုယ္ပိုင္ရင္ေသြးေလးရဖို႔ အေတာ္ေလး စဥ္းစားခဲ့ၾကရသည္။ Reciprocal Effortless IVFျဖစ္စဥ္နဲ႔
Same-Sex coupleအတြက္ ကေလးတစ္ေယာက္ရဖို႔ဆိုတာ အေတာ္ေလးမလြယ္တဲ့အျပင္ ကံတရားက ထပ္ေလာင္းေပါင္းထည့္မွရဦးမည္။

ဆတ္သာတို႔လို႔ အသက္သံုးဆယ္ေအာက္ လူငယ္စံုတြဲေတြအတြက္ေတာင္ ​ေအာင္ျမင္ႏိုင္ေခ် 46.2%ပဲ႐ွိတဲ့ ျဖစ္စဥ္ျဖစ္သည္။ အဆင့္ဆင့္ကို ျဖတ္ေက်ာ္ရတာမို႔ စဥ္းစားစရာအမ်ိဳးမ်ိဳးလည္း၏။ ပထမဆံုးအေနနဲ႔ sperm(သုတ္ပိုး) အလႉ႐ွင္ပင္ျဖစ္သည္။ ဆတ္သာနဲ႔ေယာတို႔ရဲ႕ ရင္ေသြးေလးအတြက္ အလႉ႐ွင္ကို ဆတ္သာတို႔ႏွစ္ေယာက္စလံုးမသိၾက။ သိဖို႔လည္းမႀကိဳးစားခ်င္။ အေမရိကန္ႏိုင္ငံမွာ အေျခဆိုက္တဲ့ဒီေဆးရံုက spermအလႉ႐ွင္ကို သူတို႔ဘက္ကပဲ စီစဥ္ေပးထားသည္။ေသခ်ာတာေတာ့ လူျဖဴတစ္ေယာက္ျဖစ္သည္။ spermအလႉ႐ွင္ရဲ႕spermနဲ႔ ဆတ္သာရဲ႕မမ်ိဳးဥကို
capsule-like deviceထဲမွာ သိမ္းဆည္းၿပီး ဆတ္သာရဲ႕ကိုယ္ထဲမွာ ဥမ်ိဳးေအာင္ဖို႔ကို ငါးရက္တာထည့္ထားရသည္။ ထိုအဆင့္မွာတည္းက မေအာင္ျမင္သြားတဲ့သူေတြလည္း ႐ွိတာမို႔ ရင္တမမန ဲ႔ေစာင့္ဆိုင္းခဲ့ရသည္။ အဆံုးမွာေတာ့ ဆတ္သာရဲ႕ကိုယ္ထဲက ဆတ္သာရဲ႕ေသြးပါတဲ့ သေႏၶသားေလာင္းဥေလးက ေအာင္ေအာင္ျမင္ျမင္ ျဖစ္တည္လာၿပီး ေနာက္ဆံုးလက္ခံသူျဖစ္တဲ့ ေယာရဲ႕ သားအိမ္ထဲကို ကူးေျပာင္းရသည္။ အဆင့္တိုင္းလိုလိုက ေအာင္ျမင္ပါ့မလားေတြးၿပီး ရင္တမမျဖစ္ရသည္။ အခုေတာ့ မိခင္ႏွစ္ေယာက္စလံုးရဲ႕ေသြးနဲ႔ မ်ိဳးရိုးဗီဇအျပည့္အစံုပါတဲ့
သေႏၶသားေလာင္းေလးက ေယာရဲ႕ကိုယ္ထဲမွာ ေကာင္းေကာင္းမြန္မြန္ ႀကီးထြားလာေတာ့မယ္လို႔ ၾကားလိုက္ရေတာ့ ႏွစ္ေယာက္စလံုးရဲ႕ေပ်ာ္ရႊင္မႈက
အတိုင္းအဆမ႐ွိပင္။

ေနေရာင္ျခည္ျဖာေနတဲ့ အခန္းေလးထဲမွာ ေပ်ာ္ရႊင္ေနတဲ့ အမ်ိဳးသမီးေလးႏွစ္ေယာက္ကိုၾကည့္ၿပီး ေဒါက္တာHellaဆီ အေပ်ာ္ေတြကူးစက္လာသည္။

"[ကိုယ္ဝန္ကို အထိခိုက္မခံပဲေစာင့္ေ႐ွာက္ၾကေနာ္ ကေလးတို႔။ "]

"[ဟုတ္။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာရယ္။ ေယာတို႔လိုအိမ္ေထာင္ေရးအတြက ္အခုလိုေဆးရံုမ်ိဳး႐ွိေနတာ တကယ္ကံေကာင္းျခင္းပါပဲ။"]

ေဒါက္တာ Hellaက ခပ္ဖြဖြျပံဳးျပ၏။

ဆတ္သာကလည္း ေယာရဲ႕ေခါင္းေလးကိုဖြဖြေလးပုတ္ေပးရင္း ရယ္က်ဲက်ဲေျပာလာ၏။

"ကိုယ္ေတာ့ ကေလးႏွစ္ေယာက္ ထိန္းရေတာ့မွာပဲ"

ေယာကဘုၾကည့္ၾကည့္ရင္းေမး၏။

"ဘာလဲ မထိန္းခ်င္ဘူးလား"

"မဟုတ္ပါဘူးကြာ။ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ပိစိေလးေယာကို အခုထပ္ပိုၿပီး ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ ထားမွာပါ။ ခ်စ္လြန္းလို႔ အေကာင္လိုက္ကို ပါးစပ္ထဲမွာေတာင္ ထည့္ငံုထားခ်င္တာ။"

ဆတ္သာ ေျပာေနတဲ့စကားကို ေဒါက္တာHellaနားမလည္တာ ေတာ္ေသးသည္ဟု ​ေယာေတြးမိသြားသည္။ ဒီခြန္ဆတ္သာဟာေလ တေန႔တျခား ေျပာရဲဆိုရဲလာတာ။

******

ကိုယ္ဝန္႐ွိေနၿပီဆိုတည္းက ေယာခမ်ာဆတ္သာရဲ႕ကြန္ဒိုမွာ ေျခခ်ဳပ္မိေလသည္။ ေမႀကီးေရာ ေယာလေရာင္ေရာပါ ေရာက္ေနၿပီး တခါတေလ ႀကီးညိဳပါ အစစ္ပါေသးသည္။အစားအေသာက္ကို ဘာစားရမလဲ ၊ဘယ္အခ်ိန္စားရမလဲ၊ေဆးဘယ္အခ်ိန္ေသာက္ရမယ္ကို သံုးေယာက္ေပါင္းၿပီး
တရစပ္သတိေပးသည္။ ေယာေမေမနဲ႔ႀကီးညိဳက ဆတ္သာကို ျကံဳရင္ျကံုသလို အဂုၤလိမာလသုတ္ကို အလွည့္က် သင္ေပးတတ္ေသးသည္။

ေယာလေရာင္ကလည္း ကိုရီးယား၊ တ႐ုတ္နဲ႔ထိုင္းက ႐ွိသမ်ွအဆင္ေလးေတြပံု လာလာျပသည္။ အေၾကာင္းက သူ႔တူေလးေမြးလာရင္ ​ေခ်ာေခ်ာေလး ျဖစ္ေအာင္တဲ့။ေနသစ္နဲ႔႐ွိန္းကလည္း ကြန္ဒိုကို တစ္ပတ္တစ္ခါေလာက္ကိုေရာက္ၿပီး ကေလးအတြက္ ပစၥည္းေတြေပးသြားလိုက္ မုန္႔ေတြဝယ္လာေပးလိုက္နဲ႔မို႔ ဆတ္သာ တို႔ စရိတ္ၿငိမ္းျဖစ္ေနသည္။

ဆတ္သာဆိုသည္မွာလည္း သဲသဲကဲကဲ။ ကုမၸဏီကို တစ္လ​ေနမွတစ္ခါေလာက္သြားၿပီး အိမ္ကေနသာ အလုပ္လုပ္သည္။ ေရခ်ိဳးတာကအစ လိုက္ခ်ိဳးေပးခ်င္ပံုရသည္။ ေယာေရခ်ိဳးခန္းထဲဝင္ၿပီဆိုတာနဲ႔ တပတ္တစ္ထည္ကုိင္ၿပီး လိုက္ေစာင့္သည္။ တံခါးကိုလည္း သူငယ္တန္းကေလးေတြလို တစ္ေယာက္က အိမ္သာထဲဝင္ရင္ တစ္ေယာက္က လိုက္ေစာင့္သလို တံခါးထဲလက္ထည့္ၿပီး ေစာင့္သည္။ ယုတ္စြအဆံုး အိမ္သာတတ္ခ်ိန္ေတာင္ အလြတ္မေပး။
ဆတ္သာကို ေဒၚႀကီးေတာ္ေတာ္ျဖစ္ဆိုၿပီး ေျပာင္းေခၚေတာ့သည္။

"ေဒၚႀကီးေတာ္ေတာ္ျဖစ္ေရ ေခါက္ဆြဲျပဳတ္ေလးစားခ်င္လိုက္တာ"

ကေလးေလးအတြက္ ပံုျပင္ေျပာျပေနတုန္း ညဘက္အိပ္ခါနီးႀကီးမွ ေခါက္ဆြဲျပဳတ္ စားခ်င္တယ္ေျပာလာေသာ ခ်စ္ဇနီးေလး ေယာစႏၵာေမာင္ကို ဆတ္သာ ေခါင္းခါျပလိုက္သည္။ ေယာရဲ႕ႏႈတ္ခမ္းက တစ္ေတာင္ေလာက္ဆူထြက္လာၿပီး ဆတ္သာရဲ႕ေပါင္ေပၚေခါင္းေလးတင္ၿပီး ဗိုက္သားနားကို တ႐ွံု႕႐ွံု႕လုပ္ေနသည္။ ေခြးေလးက သခင္ကို အစာေတာင္းေနသလို။

ဆတ္သာလက္ထဲက ပံုျပင္စာအုပ္ေလးကိုပဲ အာရံုစိုက္ေနလိုက္သည္။ ျပံဳးစိစိျဖစ္ခ်င္တဲ့ မ်က္ႏွာပိုးကိုသတ္ၿပီး ေနလိုက္သည္။

"ခြန္ဆတ္သာလို႔... ေခါက္ဆြဲျပဳတ္စားခ်င္တယ္လို႔ ေနာ္ေနာ္ေနာ္"

ဗိုက္သားနားကို သိသိသာသာပိုတိုးလာၿပီး အတင္းအက်ပ္တိုး
ေဝြ႔ေနတာေၾကာင့္ ဆတ္သာဆက္ၿပီး ဟန္မေဆာင္ႏိုင္ပဲ ျပံဳးလိုက္မိသည္။ ေယာရဲ႕ဆံႏြယ္ေတြကို သပ္တင္းေပးၿပီး

"ေခါက္ဆြဲျပဳတ္ကစားလို႔မရဘူးေလ ေယာရဲ႕။ေယာေမေမေရာ ႀကီးညိဳေရာ ဆူလိမ့္မယ္"

"ဟာ..တစ္ခါတစ္ေလပဲေလ။ ဒီတစ္ခါေလးပဲစားမွာကိုး"

သနားစဖြယ္မ်က္ေတာင္ေလးကို ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ေျပာလာတာေၾကာင့္ ဆတ္သာ အဆံုးမွာေတာ့ မီးဖိုေခ်ာင္ထဲဝင္ရေတာ့သည္။

ေခါက္ဆြဲျပဳတ္ကို ေယာစိတ္တိုင္းက် ပုစြန္နဲ႔ဟင္းသီးဟင္းရြက္တစ္ခ်ိဳ႕ပါ ထည့္ျပဳတ္ေပးထားတာေၾကာင့္ ခနေလးအတြင္း သံုးပံုႏွစ္ပံုေလာက္ ကုန္သြားသည္။ ႐ုတ္တရက္ႀကီး မီးဖိုေခ်ာင္မီးေတြ လင္းလာတာေၾကာင့္ အရိပ္အကဲခတ္တာျမန္တဲ့ ေယာက ေခါက္ဆြဲပန္းကန္ကို ေဘးက ဆတ္သာဆီတြန္းပို႔လိုက္သည္။ ကိုယ္တိုင္က် စားလက္စေခါက္ဆြဲဖတ္ကေလးကို ႐ွလြတ္ခနဲ ဆြဲစုပ္လိုက္သည္။ လက္စေဖ်ာက္လို႔အၿပီးမွာေတာ့ အလီဘိုင္ျပဖို႔ ဆတ္သာကို စကားစလိုက္သည္။

"ျမန္ျမန္စားေနာ္ ဆတ္။ ၿပီးရင္သြားအိပ္မယ္"

ဆတ္သာခမ်ာ မၾကာခင္ အမိန္႔က်ေတာ့မဲ့ တရားခံေလးလိုျဖစ္ေနသည္။ႀကီးညိဳကလည္း ခါးႀကီးေထာက္လို႔ ဓာတ္ျပားေဟာင္းႀကီးဖြင့္
ေတာ့သည္။

"ဆတ္ကို အဲ့လိုအသင့္စားေခါက္ဆြဲေတြ မစားပါနဲ႔လို႔ေျပာထားတယ္ေလ။ အခုၾကည့္ မေပါ့မပါးနဲ႔သူကိုပါႏိႈးၿပီး ေခါက္ဆြဲထျပဳတ္ခိုင္းရတယ္လို႔။ ေယာေလးကို နားနားေနေန ေနခိုင္းပါ"

ဆတ္သာရဲ႕လည္ေခ်ာင္းမွာ စကားလံုးေပါင္းမ်ားစြာ ဆို႔တတ္လာသည္။ ေျပာဖို႔ျပင္လိုက္ေပမယ့္ ေယာက ေဘးကေန သြားၿဖီးျပေနတာေၾကာင့္ ထြက္လာေတာ့မဲ့စကားလံုးတိုင္းကို ေခါက္ဆြဲျပဳတ္ရည္နဲ႔ ေမ်ွာခ်လိုက္ေတာ့သည္။ ေမေမေယာနဲ႔ ကေလးႏွစ္ေယာက္ေပါင္းၾကံစည္မႈႀကီးေၾကာင့္  မာမီဆတ္သာခမ်ာ တုတ္တုတ္ေတာင္ မလႈပ္ႏိုင္ခဲ့။

*****

ကိုယ္ဝန္ေျခာက္လမွာ အဝါေရာင္တီ႐ွပ္အပြႀကီးကိုဝတ္ၿပီး ဆြဲသားေဘာင္းဘီနဲ႔ ေယာတစ္ေယာက္ မေရာက္တာၾကာၿပီျဖစ္တဲ့ ကုမၸဏီကို ျပန္ေရာက္လာသည္။
အသစ္ေရာက္လာေသာ ဝန္ထမ္းမ်ားမွအပ လူတိုင္းက ေယာဘယ္သူဘယ္ဝါဆိုတာ သိထားၾကသည္။

"ကိုယ္meeting႐ွိတာမို႔ ႏွစ္နာရီေလာက္ပဲ ေစာင့္ေနာ္။ ဘယ္မွမသြားနဲ႔ ။ စားခ်င္တာ႐ွိရင္ ကိုယ့္အတြင္းေရးမႉးကို မွာလိုက္။ေယာက ၿငိမ္ၿငိမ္ေလးထိုင္ေန။ ဟုတ္ၿပီလား။လိမၼာတယ္ေနာ္"

ကိုယ္ဝန္ရၿပီးမွ တအားေတြ လက္လက္ထလာသည့္ေယာကို ျငိမ္ၿငိမ္ေလးေနဖို႔ ဆတ္သာ တရစပ္မွာေနသည္။ေယာကေတာ့ လူလိမၼာေလးအသြင္ ​ေခါင္းတဆက္ဆက္ၿငိမ့္ျပရင္း သြားၿဖီးျပသည္။အဲ့လိုသြားၿဖီးတာကို ဆတ္သာ အေၾကာက္ဆံုးပင္။သူလုပ္ခ်င္တာလုပ္ေတာ့မယ္လို႔ စစ္ေၾကျငာသလို ခံစားရသည္။

စိတ္မခ်ျခင္းမ်ားစြာနဲ႔ ဆတ္သာ ထြက္လာလိုက္သည္။အတြင္းေရးမႉးကိုလည္း ေသေသခ်ာခ်ာေလး မွာထားခဲ့ရသည္။

ဆတ္သာထြက္သြားၿပီး ဆယ္မိနစ္ေလာက္ေနေတာ့ ေယာတစ္ေယာက္ လြယ္အိတ္ကို ​ေကာက္လြယ္လိုက္သည္။ခိုးယူလာသည့္ ကင္မရာကိုပါ ေသခ်ာျပန္စစ္ၿပီး အိတ္ထဲေသခ်ာျပန္ထည့္ကာ အခန္းေ႐ွ႕ထြက္သြား၏။

"ညီမေလး ေယာဘယ္သြားမလို႔လဲ"

ဆတ္သာရဲ႕အတြင္းေရးမႉးျဖစ္သူက ေမးလာသည္။ေယာက သြားၿဖီးျပရင္းေျဖ၏။

"Accountဌာနဘက္ သြားမလို႔မမ။အဲ့ဘက္က ေယာအရင္တုန္းက အလုပ္လုပ္တာေလ။သတိရလို႔ သြားၾကည့္မလားလို႔ ဟဲဟဲ"

"အဲ့တာဆို အစ္မလည္း လိုက္ခဲ့မယ္ေလ။
MD ကမွာထားတယ္ ေယာကို ဘယ္ေနရာမွ တစ္ေယာက္တည္းမလႊတ္ဖို႔"

ေျပာမရတဲ့အဆံုးေတာ့ ေယာ လိုက္ခြင့္ေပးလိုက္သည္။ေနာင္ခါလာ ေနာင္ခါ႐ွင္းေပါ့။ ကုမၸဏီကို ထံုးလိုေမႊ ​ေရလိုေႏွာက္ထားတဲ့ ​ေယာက
Account ဌာနေရာက္ေတာ့ Toiletသြားဦးမယ္ဆိုၿပီး လစ္ထြက္လာခဲ့သည္။ ကုမၸဏီအျပင္ေရာက္ေတာ့မွ အသက္ဝဝ တစ္ခ်က္႐ွဴရင္း ေအာင္ႏိုင္သူလိုျပံဳးလိုက္သည္။

အတြင္ေရးမႉးမမခမ်ာေတာ့ Accountဌာန​ေရွ႕မွာ ငါးမိနစ္ေလာက္ေနတဲ့အထိ ေယာက ျပန္ေရာမလာေတာ့ ေခါင္းနပမ္းႀကီးၿပီး Toiletထဲကို ဝင္႐ွာလိုက္သည္။ Toiletထဲမွာ႐ွိေနတဲ့ ေကာင္မေလးတခ်ိဳ႕ကို ကိုယ္ဝန္နဲ႔ေကာင္မေလး လာသလားေမးေတာ့ တစ္ေယာက္မွ ျမင္မိတယ္မေျပာ။ ၾကံရာမရတဲ့အဆံုး MDဆီကို ဖုန္းလွမ္းဆက္ရေတာ့သည္။

အစည္းအေဝးခန္းထဲမွာ ဖုန္းသံက ထျမည္တာေၾကာင့္
ဆတ္သာ ခပ္ျမန္ျမန္ကိုင္လိုက္သည္။ တစ္ဖက္ကစကားေၾကာင့္ ဆတ္သာ vocalအျမင့္ဆံုးနဲ႔ ေအာ္မိသြားသည္။

"ဘာ"

အစည္းအေဝးခန္းထဲကေန ဘယ္လိုအလ်င္ႏႈန္းနဲ႔
ထြက္လာသလဲကိုေတာင္ မမွတ္မိေတာ့။ကုမၸဏီေ႐ွ႕မွာ ေယာနဲ႔တူတဲ့သူဆိုလ႔ို တစ္ေယာက္မွ႐ွိမေန။ေယာဖုန္းကိုေခၚေတာ့လည္းမကိုင္။ဆတ္သာရဲ႕စိုးရိမ္မႈlevelက ထိပ္ဆံုးကို တတ္လာသည္။

လံုျခံဳေရးဦးေလးႀကီးကေတာ့ ေျပာ႐ွာပါတယ္။ MDရဲ႕ဇနီးက Taxiတစ္စီးငွါးၿပီး ထြက္သြားတယ္တဲ့။လက္ထဲမွာလည္း ကင္မရာတစ္ခု ကိုင္ထားတယ္ဆိုပဲ။ ေယာ ဘယ္ေရာက္ေနတယ္ဆိုတာသိဖို႔ ဘယ္သူ႔ကိုေမးသင့္လဲဆိုတာကို ဆတ္သာ ခ်က္ခ်င္းတန္းသိလိုက္သည္။

"တီ တီ တီ....ဟယ္လို"

တစ္ဖက္လူက ျပန္ေျဖလာေတာ့မွ ဆတ္သာ သက္ျပင္းတစ္ခ်က္ခ်ၿပီး ေမးလိုက္သည္။

"ကိုယ္ ခြန္ဆတ္သာပါ။ ေယာ ဘယ္သြားလဲဆိုတာ အိုင္သိတယ္မဟုတ္လား"

နံ႔သာအိုင္ဆီကေန ခနေလာက္ၿငိမ္က်သြားၿပီးမွ ျပန္ေျဖလာ၏။

"အာ...မမေယာက အခုပြဲကို လာမယ္လို႔ အိုင္ မထင္ထားခဲ့ဘူး။ ဟိုးတေန႔ကေတာ့ ပြဲလက္မွတ္အေၾကာင္း လာေမးေသးတယ္"

ဆတ္သာ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းလားၿပီး ျပာျပသလဲ ​ေမးလိုက္သည္။

"ဘယ္ပြဲလဲ"

"Fan meeting ပြဲ။ ပြဲကGandamar Wholesaleမွာ လုပ္မွာ။ အိုင္က ေရာက္ေနၿပီ"

နာရီဝက္ေလာက္သြားရံုနဲ႔ ေရာက္မဲ့ေနရာမို႔လို႔ ဆတ္သာ
စိတ္ေအးသြားသည္။ ကားကို
Gandamar Wholesaleဆီ ဦးတည္ရင္း ေျပာလိုက္၏။

"ေယာလာရင္ ျကည့္ၿပီး ဂ႐ုစိုက္ေပးထားပါ အိုင္။အကူအညီေတာင္းပါတယ္ေနာ္"

နံ႔သာအိုင္ဆိုတဲ့ကေလးမကလည္း ကူညီပါ့မယ္ဆိုတဲ့အေၾကာင္း ေျပာတာမို႔ ဆတ္သာ စိတ္နည္းနည္္းေအးသြားသည္။ေယာကိုေတာ့ ေနာက္မ ွမွတ္ေလာက္သားေလာက္ေအာင္ ဆူထားရဦးမယ္လို႔ ျကိမ္းလိုက္သည္။

တစ္ဖက္မွာေတာ့ နံ႔သာအိုင္ေလးဟာျဖင့္ ေယာတစ္ေယာက္ ကားေပၚကဆင္းတယ္ဆိုရင္ပဲ မ်က္စိေအာက္က အေပ်ာက္မခံေအာင္ ေစာင့္ၾကည့္ေပးေနပါသတဲ့။

~~~♥~~~

ေယာေလးေတာ့ အဆူခံထိေတာ့မယ္ ><

The author has someting to say:

အရင္ဆံုးupdateေလး ေနာက္က်သြားတာ တကယ္တကယ္ ေတာင္းပန္ပါတယ္ေနာ္။ ၾကားထဲမွာ ကိစၥေလးတစ္ခ်ိဳ႕႐ွိသြားလို႔ပါ။ အခုေတာင္ဖ်ားခ်င္ေနတာTT.ခင္ေစာလည္းေယာေလးလိုပါပဲ ေနမေကာင္းရင္ဒီပ်က္ရွင္တအားဝင္ပါတယ္။ အဲ့တာေၾကာင့္မဆူပါနဲ႕ •~•

Reciprocal Effortless IVFအေၾကာင္းေလး႐ွင္းျပခ်င္ပါတယ္။

ေျပာခဲ့သလိုပါပဲ ငယ္ရြယ္တဲ့စံုတြဲေတြအတြက္ေတာင္46.2%ပဲ
​ေအာင္ျမင္ႏိုင္ေခ်႐ွိတဲ့အတြက္ ျဖစ္ေျမာက္တဲ့စံုတြဲက ႐ွားပါတယ္။ သူက တစ္ေယာက္တည္းရဲ႕ေသြးသားမဟုတ္ပဲ မိခင္ႏွစ္ေယာက္စလံုးရဲ႕ေသြးသားမို႔လို႔ပါ။သာမာန္ဖန္ႁပြန္သေႏၶသားဆိုရင္ တစ္ေယာက္ရဲ႕မမ်ိဳးဥကိုပဲ သံုးခြင့္႐ွိမွာပါ။ အဲ့နည္းလမ္းကိုစၿပီး လုပ္တာကေတာ့ အေမရိကန္ႏိုင္ငံTexasျပည္နယ္က
ဆရာဝန္ႏွစ္ေယာက္ပါ။
Kevin Doody, M.D.(The Center fir AR)နဲ႔
Kathy Doody, M.D.(Care Fertility)။

ပထမဆံုးေအာင္ျမင္သြားတဲ့ အတြဲကေတာ့
Bliss Coulterနဲ႔ Ashleigh Coulterဆိုတဲ့lesbian coupleပဲျဖစ္ပါတယ္။
2015ခုႏွစ္ေလာက္က ျဖစ္ပါတယ္။
googleကေန ႐ွာဖတ္ထားတာမို႔ အမွားအယြင္းေလးေတြ႐ွိရင္လည္း ခြင့္လႊတ္ၾကပါ။ ဖတ္ထားတာေတြကေတာ့ အမ်ားႀကီးပါပဲ။ ခ်ေရးမိရင္း မွားသြားရင္ မ်က္ႏွာပူရမွာဆိုးလ ို႔အတိုခ်ံဳးပ ဲ႐ွင္းျပထားပါတယ္။

ခင္ေစာ ဒါကိုစဥ္းစားတုန္းက spermပိုင္႐ွင္အတြက္ အေတာ္ေလး ေခါင္းစားပါတယ္။ေပးရေလာက္တဲ့သူလည္းမ႐ွိဘူး။တကယ္လို႔ေပးတဲ့သူကို သိမယ္ပဲထားပါေတာ့ တမ်ိဳးႀကီးျဖစ္ေနမွာေတာ့ အေသအခ်ာပဲေလ။အဲ့ေတာ့ေနာက္ဆံုးမွာ spermအလႉ႐ွင္ကို ထုတ္မျပေတာ့ပါဘူး။ ဒီတိုင္းဆရာဝန္ေတြက အလႉခံထားၿပီး သေႏၶသားျဖစ္ေျမာက္ေရးအတြက္ ကိုက္ညီမႈ႐ွိတဲ့သူလို႔ပဲ မွတ္လိုက္ပါတယ္။ ဘာပဲေျပာေျပာ ကေလးေလးက ဆတ္သာနဲ႔ေယာရဲ႕ေသြးအျပည့္ပါတဲ့ ကေလးေလးပါ။ ဝမ္းနဲ႔လြယ္ေမြးရတဲ့ေယာကိုမွ မိခင္အစစ္လို႔ တစ္ဖက္သတ္
မမွတ္ၾကပါနဲ႔။ ဆတ္သာရဲ႕မ်ိဳးဥလည္းပါပါတယ္။ ႏွစ္ေယာက္စလံုးက ကေလးေလးရဲ႕ မိခင္ျဖစ္ထိုက္တဲ့သူေတြပါပဲ။ဒီအမ်ိဳးသမီးေလးႏွစ္ေယာက္ကို မိခင္အျဖစ္ ပိုင္ဆိုင္ရမဲ့ကေလးေလးက ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ။

ကိုယ္တို႔ကဆႏၵရွိတယ္ဆိုရင္ နတ္ဘုရားေတြကေတာင္ လြန္ဆန္လို႔မရပါဘူး။ အဲ့ဆုေတာင္းကို ျဖည့္ဆည္းေပးၾကလိမ့္မယ္ ဆိုတာေလးက ဖန္တီးသူရဲ႕ႏွလုံးသားဆိုတဲ့ ဘာသာျပန္စာအုပ္ေလးထဲကေန သေဘာက်လိဳ႕ယူသုံးထားတာပါ။

ေနာက္တစ္ပိုင္းကFinal Partပါ။
Love u guys❤

Unicode

ဗိုက်ကလေးကိုပွတ်ရင်း ယောတစ်ယောက် စိတ်လှုပ်ရှားနေသည်။ ဆတ်သာလည်း ထိုနည်းတူစွာပင်ဖြစ်သည်။ ယောရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ထားရင်း အနွေးထွေးဆုံးပြုံးပြ၏။

"ကိုယ်တို့ကဆန္ဒရှိတယ်ဆိုရင် နတ်ဘုရားတွေကတောင် လွန်ဆန်လို့မရပါဘူး။ အဲ့ဆုတောင်းကို ဖြည့်ဆည်းပေးကြလိမ့်မယ်"

"အင်း..ဟုတ်တယ်နော် ဆတ်။ ပြီးတော့ ယောလေ မနေ့ညက ကျားဖြူလေးကို အိပ်မက်မက်တယ်။အဲ့တာ သားသမီးရဖို့ အတိတ်တဲ့ မေကြီးကိုမေးတော့"

ယောလည်း ခပ်ဖွဖွပြန်ပြုံးပြရင်းပြော၏။

T/N -[..]ထဲကEnglishလို ပြောထားတာတွေပါ။

ယောတို့နှစ်ယောက်အရှေ့မှာထိုင်ရင်း ဆေးစစ်ထားတဲ့ စာရွက်စာတမ်းတွေကိုကြည့်နေတဲ့ အသက်ငါးဆယ်ကျော် နိုင်ငံခြားသူဒေါက်တာ Hellaက တစ်ခုခုကို အကျေနပ်ကြီးကျေနပ်သွားဟန်နဲ့ ပြုံးလိုက်သည်။

"[Congratulationsပါ sweetiesတို့ရေ။ မင်းတို့ရဲ့ရင်သွေးလေးက ကောင်းကောင်းမွန်မွန်နဲ့ ကြီးထွားလာတော့မှာပါ။ လက်ခံသူမိခင်ရဲ့ကိုယ်မှာ အဆင်ပြေပြေရှိနေပါပြီ"]

ဆတ်သာနဲ့ယောလည်း ထခုန်မတတ်ပျော်ရွှင်သွားပြီး မျက်ရည်ကြည်တို့ဝေ့ဝဲလျက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။

ဒီနည်းလမ်းကိုအားကိုးပြီး သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ရင်သွေးလေးရဖို့ အတော်လေး စဉ်းစားခဲ့ကြရသည်။ Reciprocal Effortless IVFဖြစ်စဉ်နဲ့
Same-Sex coupleအတွက် ကလေးတစ်ယောက်ရဖို့ဆိုတာ အတော်လေးမလွယ်တဲ့အပြင် ကံတရားက ထပ်လောင်းပေါင်းထည့်မှရဦးမည်။

ဆတ်သာတို့လို့ အသက်သုံးဆယ်အောက် လူငယ်စုံတွဲတွေအတွက်တောင် အောင်မြင်နိုင်ချေ 46.2%ပဲရှိတဲ့ ဖြစ်စဉ်ဖြစ်သည်။ အဆင့်ဆင့်ကို ဖြတ်ကျော်ရတာမို့ စဉ်းစားစရာအမျိုးမျိုးလည်း၏။ ပထမဆုံးအနေနဲ့ sperm(သုတ်ပိုး) အလှူရှင်ပင်ဖြစ်သည်။ ဆတ်သာနဲ့ယောတို့ရဲ့ ရင်သွေးလေးအတွက် အလှူရှင်ကို ဆတ်သာတို့နှစ်ယောက်စလုံးမသိကြ။ သိဖို့လည်းမကြိုးစားချင်။ အမေရိကန်နိုင်ငံမှာ အခြေဆိုက်တဲ့ဒီဆေးရုံက spermအလှူရှင်ကို သူတို့ဘက်ကပဲ စီစဉ်ပေးထားသည်။သေချာတာတော့ လူဖြူတစ်ယောက်ဖြစ်သည်။ spermအလှူရှင်ရဲ့spermနဲ့ ဆတ်သာရဲ့မမျိုးဥကို
capsule-like deviceထဲမှာ သိမ်းဆည်းပြီး ဆတ်သာရဲ့ကိုယ်ထဲမှာ ဥမျိုးအောင်ဖို့ကို ငါးရက်တာထည့်ထားရသည်။ ထိုအဆင့်မှာတည်းက မအောင်မြင်သွားတဲ့သူတွေလည်း ရှိတာမို့ ရင်တမမနဲ့ ​
စောင့်ဆိုင်းခဲ့ရသည်။ အဆုံးမှာတော့ ဆတ်သာရဲ့ကိုယ်ထဲက ဆတ်သာရဲ့သွေးပါတဲ့ သ​ န္ဓေသားလောင်းဥလေးက အောင်အောင်မြင်မြင် ဖြစ်တည်လာပြီး နောက်ဆုံးလက်ခံသူဖြစ်တဲ့ ယောရဲ့ သားအိမ်ထဲကို ကူးပြောင်းရသည်။ အဆင့်တိုင်းလိုလိုက အောင်မြင်ပါ့မလားတွေးပြီး ရင်တမမဖြစ်ရသည်။ အခုတော့ မိခင်နှစ်ယောက်စလုံးရဲ့သွေးနဲ့ မျိုးရိုးဗီဇအပြည့်အစုံပါတဲ့
သန္ဓေသားလောင်းလေးက ယောရဲ့ကိုယ်ထဲမှာ ကောင်းကောင်းမွန်မွန် ကြီးထွားလာတော့မယ်လို့ ကြားလိုက်ရတော့ နှစ်ယောက်စလုံးရဲ့ပျော်ရွှင်မှုက
အတိုင်းအဆမရှိပင်။

နေရောင်ခြည်ဖြာနေတဲ့ အခန်းလေးထဲမှာ ပျော်ရွှင်နေတဲ့ အမျိုးသမီးလေးနှစ်ယောက်ကိုကြည့်ပြီး ဒေါက်တာHellaဆီ အပျော်တွေကူးစက်လာသည်။

"[ကိုယ်ဝန်ကို အထိခိုက်မခံပဲစောင့်ရှောက်ကြနော် ကလေးတို့။ "]

"[ဟုတ်။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာရယ်။ ယောတို့လိုအိမ်ထောင်ရေးအတွက် အခုလိုဆေးရုံမျိုးရှိနေတာ တကယ်ကံကောင်းခြင်းပါပဲ။"]

ဒေါက်တာ Hellaက ခပ်ဖွဖွပြုံးပြ၏။

ဆတ်သာကလည်း ယောရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်ပေးရင်း ရယ်ကျဲကျဲပြောလာ၏။

"ကိုယ်တော့ ကလေးနှစ်ယောက် ထိန်းရတော့မှာပဲ"

ယောကဘုကြည့်ကြည့်ရင်းမေး၏။

"ဘာလဲ မထိန်းချင်ဘူးလား"

"မဟုတ်ပါဘူးကွာ။ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပိစိလေးယောကို အခုထပ်ပိုပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားမှာပါ။ ချစ်လွန်းလို့ အကောင်လိုက်ကို ပါးစပ်ထဲမှာတောင် ထည့်ငုံထားချင်တာ။"

ဆတ်သာ ပြောနေတဲ့စကားကို ဒေါက်တာHellaနားမလည်တာ တော်သေးသည်ဟု ယောတွေးမိသွားသည်။ ဒီခွန်ဆတ်သာဟာလေ တနေ့တခြား ပြောရဲဆိုရဲလာတာ။

******

ကိုယ်ဝန်ရှိနေပြီဆိုတည်းက ယောခမျာဆတ်သာရဲ့ကွန်ဒိုမှာ ခြေချုပ်မိလေသည်။ မေကြီးရော ယောလရောင်ရောပါ ရောက်နေပြီး တခါတေလ ကြီးညိုပါ အစစ်ပါသေးသည်။အစားအသောက်ကို ဘာစားရမလဲ ၊ဘယ်အချိန်စားရမလဲ၊ဆေးဘယ်အချိန်သောက်ရမယ်ကို သုံးယောက်ပေါင်းပြီး
တရစပ်သတိပေးသည်။ ယောမေမေနဲ့ကြီးညိုက ဆတ်သာကို ကြုံရင်ကြုံသလို အဂုၤလိမာလသုတ်ကို အလှည့်ကျ သင်ပေးတတ်သေးသည်။

ယောလရောင်ကလည်း ကိုရီးယား၊ တရုတ်နဲ့ထိုင်းက ရှိသမျှအဆင်လေးတွေပုံ လာလာပြသည်။ အကြောင်းက သူ့တူလေးမွေးလာရင် ချောချောလေး ဖြစ်အောင်တဲ့။နေသစ်နဲ့ရှိန်းကလည်း ကွန်ဒိုကို တစ်ပတ်တစ်ခါလောက်ကိုရောက်ပြီး ကလေးအတွက် ပစ္စည်းတွေပေးသွားလိုက် မုန့်တွေဝယ်လာပေးလိုက်နဲ့မို့ ဆတ်သာတို့ စရိတ်ငြိမ်းဖြစ်နေသည်။

ဆတ်သာဆိုသည်မှာလည်း သဲသဲကဲကဲ။ ကုမ္ပဏီကို တစ်လနေမှ တစ်ခါလောက်သွားပြီး အိမ်ကနေသာ အလုပ်လုပ်သည်။ ရေချိုးတာကအစ လိုက်ချိုးပေးချင်ပုံရသည်။ ယောရေချိုးခန်းထဲဝင်ပြီဆိုတာနဲ့ တပတ်တစ်ထည်ကိုင်ပြီး လိုက်စောင့်သည်။ တံခါးကိုလည်း သူငယ်တန်းကလေးတွေလို တစ်ယောက်က အိမ်သာထဲဝင်ရင် တစ်ယောက်က လိုက်စောင့်သလို တံခါးထဲလက်ထည့်ပြီး စောင့်သည်။ ယုတ်စွအဆုံး အိမ်သာတတ်ချိန်တောင် အလွတ်မပေး။
ဆတ်သာကို ဒေါ်ကြီးတော်တော်ဖြစ်ဆိုပြီး ပြောင်းခေါ်တော့သည်။

"ဒေါ်ကြီးတော်တော်ဖြစ်ရေ ခေါက်ဆွဲပြုတ်လေးစားချင်လိုက်တာ"

ကလေးလေးအတွက် ပုံပြင်ပြောပြနေတုန်း ညဘက်အိပ်ခါနီးကြီးမှ ခေါက်ဆွဲပြုတ် စားချင်တယ်ပြောလာသော ချစ်ဇနီးလေး ယောစန္ဒာမောင်ကို ဆတ်သာ ခေါင်းခါပြလိုက်သည်။ ယောရဲ့နှုတ်ခမ်းက တစ်တောင်လောက်ဆူထွက်လာပြီး ဆတ်သာရဲ့ပေါင်ပေါ်ခေါင်းလေးတင်ပြီး ဗိုက်သားနားကို တရှုံ့ရှုံ့လုပ်နေသည်။ ခွေးလေးက သခင်ကို အစာတောင်းနေသလို။

ဆတ်သာလက်ထဲက ပုံပြင်စာအုပ်လေးကိုပဲ အာရုံစိုက်နေလိုက်သည်။ ပြုံးစိစိဖြစ်ချင်တဲ့ မျက်နှာပိုးကိုသတ်ပြီး နေလိုက်သည်။

"ခွန်ဆတ်သာလို့... ခေါက်ဆွဲပြုတ်စားချင်တယ်လို့ နော်နော်နော်"

ဗိုက်သားနားကို သိသိသာသာပိုတိုးလာပြီး အတင်းအကျပ်တိုး
ဝွေ့နေတာကြောင့် ဆတ်သာဆက်ပြီး ဟန်မဆောင်နိုင်ပဲ ပြုံးလိုက်မိသည်။ ယောရဲ့ဆံနွယ်တွေကို သပ်တင်းပေးပြီး

"ခေါက်ဆွဲပြုတ်ကစားလို့မရဘူးလေ ယောရဲ့။ယောမေမေရော ကြီးညိုရော ဆူလိမ့်မယ်"

"ဟာ..တစ်ခါတစ်လေပဲလေ။ ဒီတစ်ခါလေးပဲစားမှာကိုး"

သနားစဖွယ်မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလာတာကြောင့် ဆတ်သာ အဆုံးမှာတော့ မီးဖိုချောင်ထဲဝင်ရတော့သည်။

ခေါက်ဆွဲပြုတ်ကို ယောစိတ်တိုင်းကျ ပုစွန်နဲ့ဟင်းသီးဟင်းရွက်တစ်ချို့ပါ ထည့်ပြုတ်ပေးထားတာကြောင့် ခနလေးအတွင်း သုံးပုံနှစ်ပုံလောက် ကုန်သွားသည်။ ရုတ်တရက်ကြီး မီးဖိုချောင်မီးတွေ လင်းလာတာကြောင့် အရိပ်အကဲခတ်တာမြန်တဲ့ ယောက ခေါက်ဆွဲပန်းကန်ကို ဘေးက ဆတ်သာဆီတွန်းပို့လိုက်သည်။ ကိုယ်တိုင်ကျ စားလက်စခေါက်ဆွဲဖတ်လေးကို ရှလွတ်ခနဲ ဆွဲစုပ်လိုက်သည်။ လက်စဖျောက်လို့အပြီးမှာတော့ အလီဘိုင်ပြဖို့ ဆတ်သာကို စကားစလိုက်သည်။

"မြန်မြန်စားနော် ဆတ်။ ပြီးရင်သွားအိပ်မယ်"

ဆတ်သာခမျာ မကြာခင် အမိန့်ကျတော့မဲ့ တရားခံလေးလိုဖြစ်နေသည်။ကြီးညိုကလည်း ခါးကြီးထောက်လို့ ဓာတ်ပြားဟောင်းကြီးဖွင့်
တော့သည်။

"ဆတ်ကို အဲ့လိုအသင့်စားခေါက်ဆွဲတွေ မစားပါနဲ့လို့ပြောထားတယ်လေ။ အခုကြည့် မပေါ့မပါးနဲ့သူကိုပါနှိုးပြီး ခေါက်ဆွဲထပြုတ်ခိုင်းရတယ်လို့။ ယောလေးကို နားနားနေနေ နေခိုင်းပါ"

ဆတ်သာရဲ့လည်ချောင်းမှာ စကားလုံးပေါင်းများစွာ ဆို့တတ်လာသည်။ ပြောဖို့ပြင်လိုက်ပေမယ့် ယောက ဘေးကနေ သွားဖြီးပြနေတာကြောင့် ထွက်လာတော့မဲ့စကားလုံးတိုင်းကို ခေါက်ဆွဲပြုတ်ရည်နဲ့ မျှောချလိုက်တော့သည်။ မေမေယောနဲ့ ကလေးနှစ်ယောက်ပေါင်းကြံစည်မှုကြီးကြောင့် မာမီဆတ်သာခမျာ တုတ်တုတ်တောင် မလှုပ်နိုင်ခဲ့။

*****

ကိုယ်ဝန်ခြောက်လမှာ အဝါရောင်တီရှပ်အပွကြီးကိုဝတ်ပြီး ဆွဲသားဘောင်းဘီနဲ့ ယောတစ်ယောက် မရောက်တာကြာပြီဖြစ်တဲ့ ကုမ္ပဏီကို ပြန်ရောက်လာသည်။
အသစ်ရောက်လာသော ဝန်ထမ်းများမှအပ လူတိုင်းက ယောဘယ်သူဘယ်ဝါဆိုတာ သိထားကြသည်။

"ကိုယ်meetingရှိတာမို့ နှစ်နာရီလောက်ပဲ စောင့်နော်။ ဘယ်မှမသွားနဲ့ ။ စားချင်တာရှိရင် ကိုယ့်အတွင်းရေးမှူးကို မှာလိုက်။ယောက ငြိမ်ငြိမ်လေးထိုင်နေ။ ဟုတ်ပြီလား။လိမ္မာတယ်နော်"

ကိုယ်ဝန်ရပြီးမှ တအားတွေ လက်လက်ထလာသည့်ယောကို ငြိမ်ငြိမ်လေးနေဖို့ ဆတ်သာ တရစပ်မှာနေသည်။ယောကတော့ လူလိမ္မာလေးအသွင် ခေါင်းတဆက်ဆက်ငြိမ့်ပြရင်း သွားဖြီးပြသည်။အဲ့လိုသွားဖြီးတာကို ဆတ်သာ အကြောက်ဆုံးပင်။သူလုပ်ချင်တာလုပ်တော့မယ်လို့ စစ်ကြေငြာသလို ခံစားရသည်။

စိတ်မချခြင်းများစွာနဲ့ ဆတ်သ ထွက်လာလိုက်သည်။အတွင်းရေးမှူးကိုလည်း သေသေချာချာလေး မှာထားခဲ့ရသည်။

ဆတ်သာထွက်သွားပြီး ဆယ်မိနစ်လောက်နေတော့ ယောတစ်ယောက် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ခိုးယူလာသည့် ကင်မရာကိုပါ သေချာပြန်စစ်ပြီး အိတ်ထဲသေချာပြန်ထည့်ကာ အခန်းရှေ့ထွက်သွား၏။

"ညီမလေးယော ဘယ်သွားမလို့လဲ"

ဆတ်သာရဲ့အတွင်းရေးမှူးဖြစ်သူက မေးလာသည်။ယောက သွားဖြီးပြရင်းဖြေ၏။

"Accountဌာနဘက် သွားမလို့မမ။အဲ့ဘက်က ယောအရင်တုန်းက အလုပ်လုပ်တာလေ။သတိရလို့ သွားကြည့်မလားလို့ ဟဲဟဲ"

"အဲ့တာဆို အစ်မလည်း လိုက်ခဲ့မယ်လေ။
MD ကမှာထားတယ် ယောကို ဘယ်နေရာမှ တစ်ယောက်တည်းမလွှတ်ဖို့"

ပြောမရတဲ့အဆုံးတော့ ယော လိုက်ခွင့်ပေးလိုက်သည်။နောင်ခါလာ နောင်ခါရှင်းပေါ့။ ကုမ္ပဏီကို ထုံးလိုမွှေ ရေလိုနှောက်ထားတဲ့ ယောက
Account ဌာနရောက်တော့ Toiletသွားဦးမယ်ဆိုပြီး လစ်ထွက်လာခဲ့သည်။ ကုမ္ပဏီအပြင်ရောက်တော့မှ အသက်ဝဝ တစ်ချက်ရှူရင်း အောင်နိုင်သူလိုပြုံးလိုက်သည်။

အတွင်ရေးမှူးမမခမျာတော့ Accountဌာနရှေ့မှာ ငါးမိနစ်လောက်နေတဲ့အထိ ယောက ပြန်ရောမလာတော့ ခေါင်းနပမ်းကြီးပြီး Toiletထဲကို ဝင်ရှာလိုက်သည်။ Toiletထဲမှာရှိနေတဲ့ ကောင်မလေးတချို့ကို ကိုယ်ဝန်နဲ့ကောင်မလေး လာသလားမေးတော့ တစ်ယောက်မှ မြင်မိတယ်မပြော။ ကြံရာမရတဲ့အဆုံး MDဆီကို ဖုန်းလှမ်းဆက်ရတော့သည်။

အစည်းအဝေးခန်းထဲမှာ ဖုန်းသံက ထမြည်တာကြောင့်
ဆတ်သာ ခပ်မြန်မြန်ကိုင်လိုက်သည်။ တစ်ဖက်ကစကားကြောင့် ဆတ်သာ vocalအမြင့်ဆုံးနဲ့ အော်မိသွားသည်။

"ဘာ"

အစည်းအဝေးခန်းထဲကနေ ဘယ်လိုအလျင်နှုန်းနဲ့
ထွက်လာသလဲကိုတောင် မမှတ်မိတော့။ကုမ္ပဏီရှေ့မှာ ယောနဲ့တူတဲ့သူဆိုလို့ တစ်ယောက်မှရှိမနေ။ယောဖုန်းကိုခေါ်တော့လည်းမကိုင်။ဆတ်သာရဲ့စိုးရိမ်မှုlevelက ထိပ်ဆုံးကို တတ်လာသည်။

လုံခြုံရေးဦးလေးကြီးကတော့ ပြောရှာပါတယ်။ MDရဲ့ဇနီးက Taxiတစ်စီးငှါးပြီး ထွက်သွားတယ်တဲ့။လက်ထဲမှာလည်း ကင်မရာတစ်ခု ကိုင်ထားတယ်ဆိုပဲ။ ယော ဘယ်ရောက်နေတယ်ဆိုတာသိဖို့ ဘယ်သူ့ကိုမေးသင့်လဲဆိုတာကို ဆတ်သာ ချက်ချင်းတန်းသိလိုက်သည်။

"တီ တီ တီ....ဟယ်လို"

တစ်ဖက်လူက ပြန်ဖြေလာတော့မှ ဆတ်သာ သက်ပြင်းတစ်ချက်ချပြီး မေးလိုက်သည်။

"ကိုယ် ခွန်ဆတ်သာပါ။ ယော ဘယ်သွားလဲဆိုတာ အိုင်သိတယ်မဟုတ်လား"

နံ့သာအိုင်ဆီကနေ ခနလောက်ငြိမ်ကျသွားပြီးမှ ပြန်ဖြေလာ၏။

"အာ...မမ ယောက အခုပွဲကို လာမယ်လို့ အိုင် မထင်ထားခဲ့ဘူး။ ဟိုးတနေ့ကတော့ ပွဲလက်မှတ်အကြောင်း လာမေးသေးတယ်"

ဆတ်သာ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလားပြီး ပြာပြသလဲ မေးလိုက်သည်။

"ဘယ်ပွဲလဲ"

"Fan meeting ပွဲ။ ပွဲက
Gandamar Wholesaleမှာ လုပ်မှာ။ အိုင်က ရောက်နေပြီ"

နာရီဝက်လောက်သွားရုံနဲ့ ရောက်မဲ့နေရာမို့လို့ ဆတ်သာ
စိတ်အေးသွားသည်။ ကားကို
Gandamar Wholesaleဆီ ဦးတည်ရင်း ပြောလိုက်၏။

"ယောလာရင် ကြည့်ပြီး ဂရုစိုက်ပေးထားပါ အိုင်။အကူအညီတောင်းပါတယ်နော်"

နံ့သာအိုင်ဆိုတဲ့ကလေးမကလည်း ကူညီပါ့မယ်ဆိုတဲ့အကြောင်း ပြောတာမို့ ဆတ်သာ စိတ်နည်းနည််းအေးသွားသည်။ယောကိုတော့ နောက်မှ မှတ်လောက်သားလောက်အောင် ဆူထားရဦးမယ်လို့ ကြိမ်းလိုက်သည်။

တစ်ဖက်မှာတော့ နံ့သာအိုင်လေးဟာဖြင့် ယောတစ်ယောက် ကားပေါ်ကဆင်းတယ်ဆိုရင်ပဲ မျက်စိအောက်က အပျောက်မခံအောင် စောင့်ကြည့်ပေးနေပါသတဲ့။

~~~♥~~~

ယောလေးတော့ အဆူခံထိတော့မယ် ><

The author has someting to say:

အရင်ဆုံးupdateလေး နောက်ကျသွားတာ တကယ်တကယ် တောင်းပန်ပါတယ်နော်။ ကြားထဲမှာ ကိစ္စလေးတစ်ချို့ရှိသွားလို့ပါ။ အခုတောင်ဖျားချင်နေတာTT.
ခင်စောလည်းယောလေးလိုပါပဲ နေမကောင်းရင်ဒီပျက်ရှင်တအားဝင်ပါတယ်။ အဲ့တာကြောင့်မဆူပါနဲ့ •~•

Reciprocal Effortless IVFအကြောင်းလေးရှင်းပြချင်ပါတယ်။

ပြောခဲ့သလိုပါပဲ ငယ်ရွယ်တဲ့စုံတွဲတွေအတွက်တောင်46.2%ပဲ
အောင်မြင်နိုင်ချေရှိတဲ့အတွက် ဖြစ်မြောက်တဲ့စုံတွဲက ရှားပါတယ်။ သူက တစ်ယောက်တည်းရဲ့သွေးသားမဟုတ်ပဲ မိခင်နှစ်ယောက်စလုံးရဲ့သွေးသားမို့လို့ပါ။သာမာန်ဖန်ပြွန်သန္ဓေသားဆိုရင် တစ်ယောက်ရဲ့မမျိုးဥကိုပဲ သုံးခွင့်ရှိမှာပါ။ အဲ့နည်းလမ်းကိုစပြီး စမ်းသပ်တာကတော့ အမေရိကန်နိုင်ငံTexasပြည်နယ်က
ဆရာဝန်နှစ်ယောက်ပါ။
Kevin Doody, M.D.(The Center fir AR)နဲ့
Kathy Doody, M.D.(Care Fertility)။

ပထမဆုံးအောင်မြင်သွားတဲ့ အတွဲကတော့
Bliss Coulterနဲ့ Ashleigh Coulterဆိုတဲ့lesbian coupleပဲဖြစ်ပါတယ်။
2015ခုနှစ်လောက်က ဖြစ်ပါတယ်။
googleကေန ရှာဖတ်ထားတာမို့ အမှားအယွင်းလေးတွေရှိရင်လည်း ခွင့်လွှတ်ကြပါ။ ဖတ်ထားတာတွေကတော့ အများကြီးပါပဲ။ ချရေးမိရင်း မှားသွားရင် မျက်နှာပူရမှာဆိုးလို့ အတိုချုံးပဲ ရှင်းပြထားပါတယ်။

ခင်စော ဒါကိုစဉ်းစားတုန်းက spermပိုင်ရှင်အတွက် အတော်လေး ခေါင်းစားပါတယ်။ပေးရလောက်တဲ့သူလည်းမရှိဘူး။တကယ်လို့ပေးတဲ့သူကို သိမယ်ပဲထားပါတော့ တမျိုးကြီးဖြစ်နေမှာတော့ အသေအချာပဲလေ။အဲ့တော့နောက်ဆုံးမှာ spermအလှူရှင်ကို ထုတ်မပြတော့ပါဘူး။ ဒီတိုင်းဆရာဝန်တွေက အလှူခံထားပြီး
သန္ဓေသားဖြစ်မြောက်ရေးအတွက် ကိုက်ညီမှုရှိတဲ့သူလို့ပဲ မှတ်လိုက်ပါတယ်။ ဘာပဲပြောပြော ကလေးလေးက ဆတ်သာနဲ့ယောရဲ့သွေးအပြည့်ပါတဲ့ ကလေးလေးပါ။ ဝမ်းနဲ့လွယ်မွေးရတဲ့ယောကိုမှ မိခင်အစစ်လို့ တစ်ဖက်သတ်
မမှတ်ကြပါနဲ့။ ဆတ်သာရဲ့မျိုးဥလည်းပါပါတယ်။ နှစ်ယောက်စလုံးက ကလေးလေးရဲ့ မိခင်ဖြစ်ထိုက်တဲ့သူတွေပါပဲ။ဒီအမျိုးသမီးလေးနှစ်ယောက်ကို မိခင်အဖြစ် ပိုင်ဆိုင်ရမဲ့ကလေးလေးက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။

ကိုယ်တို့ကဆန္ဒရှိတယ်ဆိုရင် နတ်ဘုရားတွေကတောင် လွန်ဆန်လို့မရပါဘူး။ အဲ့ဆုတောင်းကို ဖြည့်ဆည်းပေးကြလိမ့်မယ် ဆိုတာလေးက ဖန်တီးသူရဲ့နှလုံးသားဆိုတဲ့ ဘာသာပြန်စာအုပ်လေးထဲကနေ သဘောကျလို့ယူသုံးထားတာပါ။

နောက်တစ်ပိုင်းကFinal Partပါ။
Love u guys❤

Continue Reading

You'll Also Like

386K 7.6K 17
"It's as if I keep myself from being happy, I'm my own obstacle." "That's fine, I'd be willing to fight any obstacles, as long as it's with you." [P...
129K 7.2K 15
In the bustling world of corporate intrigue, this book unfolds the tale of two families ensnared in a longstanding rivalry. When a strategic alliance...
232K 7.1K 83
You and John Watson were old flames back in your high school year. Thankfully, when you broke up, you still remained friends. That was, until the yea...
297K 5.7K 26
You read as Peter Pan's daughter. While trying to find Male yourself and Ben are captured by the Pirates, Uma's crew. Harry keeps you as a prisoner s...