Part-4

13.2K 968 9
                                    

Zawgyi

ဆတ်သာ ရုံးတတ်တာ တစ်ပတ်ပြည့်ပြီ။ တစ်ပတ်အတွင်းတော့ ထူးထူးခြားခြား ဖြစ်စဉ်ရယ် မရှိခဲ့။ယော ကိုလည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကောင်းကောင်း ခွဲခြားထားပြီး ဆက်ဆံတာမို့ အဆင်ပြေနေသည်။

ယော ကအလုပ်လုပ်တာတော့ တော်သည်။ တိကျတယ်။ကြိုးစားတယ်။ စိတ်ပါ လက်ပါလုပ်တယ်။အဲ့အချက်လေးတွေ ကိုတော့ ဆတ်သာ သဘောကျမိတယ်။

ဆတ်သာ တွေးလို့ မဆုံးသေးခင်မှာပဲ ကားပါကင်ကို ရောက်လာတဲ့ ​ယော။ အဝါရောင် T-Shirt အပွ​ကို ဂျင်းဘောင်းဘီအပွလေးနဲ့ တွဲဝတ်ထားတာက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေတာ။ hk... အခု ငါချစ်ဖို့​ကောင်းတယ်လို့ ​တွေးလိုက်တာလား။ ဒါနဲ့ ရုံးချိန်တောင် မရောက်သေးဘူး ဘာလို့အစောကြီး ရောက်နေတာလဲ။

ထိုအချိန် အိတ်ထဲက အဝါရောင် post cardလေး တစ်ခုကို ထုတ်လိုက်တဲ့ ယော။ ဆတ်သာရဲ့ Velocity Blue Ford Fusionကား လေးက one way privacy window မှန်ကို သုံးထားတော့ အထဲက ဆတ်သာကို ယော မမြင်ရပေ။

ယောတစ်ယောက် ဒီနေ့ ရှိန်းအတွက် အောင်သွယ်တော်မမ လုပ်ဖို့ ရုံးကို အစောကြီးလာပြီး Bossကားနားမှာ ယောင်လည်လည် လုပ်နေခြင်းသာ။ကားပါကင်မှာက CCTV မရှိတော့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ post card အဝါရောင်လေး ကိုထုတ်ပြီး Bossကားရဲ့ wiper မှာ ညှပ်ဖို့ ပြင်လိုက်သည်။

"အဲ့တာ ဘာလုပ်နေတာလဲ"

"F**k လန့်လိုက်တာ"

ဆတ် ကားထဲက ထွက်လာပြီး နေသစ်ရဲ့ကား wiperမှာ card ထည့်ဖို့ ပြင်နေတဲ့ ယောကို လှမ်းဟန့်လိုက်တာကြောင့် ​ယောတစ်ယောက် ထခုန်မိမတတ် လန့်ဖြန့်သွားပြီး ယောင်လိုက်မိခြင်း ဖြစ်တယ်။

"ဟို.......Head ..."

ခွန်နေသစ်ကားဘေးမှာ ရပ်ထားတဲ့ ကားထဲမှာ ဆတ်သာ ရှိနေမှန်း ယော မသိခဲ့ရိုးအမှန်။အခုတော့ ဘယ်လို ရှင်းပြရမှာလဲ ။ တကယ် ကံဆိုးတဲ့နေ့ပဲ ယောရေ။

ဆတ်သာ ​ဒေါသကို ထိန်းချုပ်ထားချင် ပေမယ့် ယောရဲ့ မထုံတထေးပုံကို ကြည့်ရင်း ပိုပိုပြီး ဒေါသထွက် လာမိသည်။ ဘာလို့လဲ? ဖြူစင်တဲ့ ပုံလေးနဲ့ ဘာလို့ အခုလောက် ဥာဏ်များရတာလဲ?

Non Romantic System(Completed)Hikayelerin yaşadığı yer. Şimdi keşfedin