Part-2

18.9K 1K 11
                                    

Zawgyi

ည ကိုးနာရီကျော် ဆယ်နာရီ နီးပါးအချိန်
်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှလူအများကြားမှာ ခွန်နေသစ်က Shirtမိုးပြာရောင်ကိုskinny jean pant အဖြူနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားပြီး halfshoe လေးနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်နေပေမယ့် အရှိန်အဝါတစ်ခုကတော့ ထင်ကျန်နေသည်။

ဒီနေ့ ခွန်နေသစ် တစ်ယောက် ပြည်တော်ပြန် ညီမလေးကို အကြိုတော်လုပ်ဖို့ ​ရောက်နေခြင်း သာဖြစ်သည်။ ရုပ်ရှင်တွေ ထဲကလို အနှစ်နှစ် အလလ​​​ဝေးကွာနေတယ့် မောင်နှမ တွေပြန်ဆုံ သလို ပြေးဖက်ပြီး ထွားလာလိုက်တာ ဘာညာတော့ ပြောဖြစ်မှာ မဟုတ်တာ
သေချာ၏ ။သေချာဆို ခွန်နေသစ် နဲ့ ခွန်ဆတ်သာ ဆိုတဲ့မောင်နှမက တစ်ရက် တစ်ခါမှ vdcall မခေါ်ရရင် မနေနိုင်အောင် ချစ်ကြတဲ့ သွေးသားရင်းချာတွေဖြစ်၏။

"ဟော ကိုကို "

မြန်မာ့စံနှုန်း နဲ့ဆို မိန်းကလေးတစ်ယောက် အနေနဲ့ မြင့်တယ် လို့ဆိုရမယ့် အရပ်အမောင်း။ဖြူတာထက် ဝင်းနေတဲ့ ရွှေအိုရောင် အသားအရည် ပိုင်ရှင်။
ကျောလယ် လောက်ရှိတဲ့ ပိတုန်းရောင် ဆံသားတို့ကိုမြှောက်စီးထားတာကပဲ သွယ်လျတဲ့ မျက်နှာကျနဲ့ သေသပ်
လှပတဲ့ နဖူးပြင်ကိုပိုမို ပေါ်လွင်စေသယောင်။ ဖြောင့်စင်းသော နှာတံ တိရိပြတ်သား လှသော နှုတ်ခမ်းသားများ နဲ့ Phoenixငှက်အသွင် စူးရဲသော မျက်လုံးတို့က တစ်ဖက်လူကို ရှိန်စေတာ တော့အမှန်။ကျော့ရှင်းတဲ့ကိုယ်ဟန်အနေအထား။ ဟာဝါအီရှပ် လက်ရှည် ကို သားရေ jacket နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ရှည်လျား တဲ့ခြေတံတွေ ထင်းနေစေတဲ့ jean pantနဲ့ ရဲဝင့်စွာ လျှောက်လှမ်းလာသော ကောင်မလေး။
လက် နှစ်ဖက်စလုံး မှာလည်း ပစ္စည်း အပြည့်နဲ့။ ပါးချိုင့်လေး တွေပေါ်အောင် ပြုံးပြ နေတဲ့ ကောင်မလေး။ခွန်နေသစ်ရဲ့ တစ်ဦးတည်းသော ညီမလေး ခွန်ဆတ်သာ က လွဲရင် ဘယ်သူ ဖြစ်နိုင်ပါ့ ဦးမလဲ ။

ရုပ်ရည် အသွင်အပြင် ကြည့်ရုံနဲ့ မောင်နှမ မှန်းသိသာတဲ့ ခွန်နေသစ် နဲ့ ခွန်ဆတ်သာ။

ဆတ်သာ လက်ထဲက ဆွဲလာတဲ့ luggage ကိုနေသစ်တစ်ယောက် ဆွဲယူလိုက်သည်။

Non Romantic System(Completed)Where stories live. Discover now