Zawgyi
*ဒေါက်ဒေါက်*
"ဆတ် ပါ ကိုကို "
"ဝင်ခဲ့လေ ငယ်လေး"
ညဆယ့်တစ်နာရီ ရှိပြီဖြစ်သော်လည်း နေသစ်ကတော့ စာကြည့်ခန်းထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်တွေ ရှုပ်နေဆဲဖြစ်သည်။
အခန်းထဲဝင်လာပြီး နေသစ်အလုပ်ရှုပ်နေမှန်း သိလို့ ဘာမှမပြောသေးပဲ တိတ်နေတဲ့ ဆတ်သာကို နေသစ်ကအလိုက်သိစွာနဲ့မေးလိုက်၏။
"ငယ်လေး ဘာပြောမလို့လဲ ပြောလေ ကိုကို အားတယ်"
"ကိုကို အလုပ်ကိစ္စ ကတော့ ဆတ်တို့သဘောတူ ထားတဲ့အတိုင်းပဲနော် ကိုကို"
"အင်း ဟုတ်တယ်လေ မနက်ဖန် အတူတူသွားကြမယ်လေ"
ဆတ်သာပြောဖို့ ကြောက်နေတာတော့ မဟုတ်ပေမယ့် အားနာသလို ခံစားနေမိသည်။
"ပြီးတော့ ကိုကို ဆတ်ကို တိုက်ခန်းလေးတစ်ခုလောက် စီစဉ်ပေးပါလား"
နေသစ် ခန့်မှန်း မိပြီးသား ဖြစ်သည်။ သူနားလည်ပါတယ်။
ငယ်လေးအနေနဲ့ အမှတ်တရတွေ အများကြီးရှိနေတဲ့ ဒီအိမ်ကြီးမှာ ချက်ချင်းကြီး ပြန်နေဖို့ဆိုတာ မလွယ်မှန်း။ နေသစ်လည်း ခံစားရပေမယ့် ဆတ်သာလို အစွဲအလမ်းကြီး ပြီး စိတ်ခံစားချက် ပြင်းထန်တဲ့ သူလောက်တော့ မပြင်းထန်တာ အမှန်။ပြီးတော့ နေသစ် ပြိုလဲလို့ မဖြစ်ဘူး။ငယ်လေးမှာ နေသစ် ပဲရှိတော့မို့လို့။ ဆယ့်နှစ်နှစ် သမီး အရွယ်မှာပဲ ဖေဖေနဲ့မေမေ သူ့မျက်စိရှေ့မှာတင် ဆုံးသွားတာကို မြင်ခဲ့ရတဲ့ ငယ်လေးရဲ့ စိတ်ကို နေသစ် နားလည်တယ်။ ပြီးတော့ နေသစ်အနားမှာ မရှိတဲ့ နှစ်တွေမှာ ငယ်လေး ခင်တွယ်ခဲ့ရတဲ့ ဖိုးဖိုး ကလည်း နောက်ဆုံးတော့ ငယ်လေးကို ထားခဲ့ရပြန်တယ်။
ငယ်လေး အဆင်ပြေဖို့ပဲ သူမျှော်လင့်တာမို့ ငယ်လေးဘာပဲ
တောင်းဆို တောင်းဆို လိုက်လျောပေးမှာပါ။"ငယ်လေး အဆင်ပြေမယ်ဆိုရင် ကိုကို ကစီစဉ်ပေးမှာပေါ့"
"ဆတ် တောင်းပန်ပါတယ်နော် ကိုကို ဆတ် အချိန်ခနပဲ ယူမှာပါ ပြီးရင် ကိုကိုနဲ့ပဲနေမှာ"
ဆတ်သာ ကို အမြဲတမ်း နားလည်ပေးတဲ့ နေသစ် ဆတ်သာအတွက် တန်ဖိုးဖြတ်မရ တဲ့လူသားပင်။
BẠN ĐANG ĐỌC
Non Romantic System(Completed)
Lãng mạnမြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိလျှင် ထိုလူသားကိုသာထပ်ပြောပါမည်..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိလျှင် ထိုလူသားကိုသာထပ်ပြောပါမည်.....