Zawgyi
ညေနအိမ္သို႔မျပန္မွီမွာ ထက္ဘုန္းတို႔က သူတို႔ရဲ႕ရလဒ္ကိုၾကည့္ရန္ notice boardနားသို႔သြားၾကသည္။ေဆာင္းဦးကေတာ့ လြန္ခဲ့တဲ့ႏွစ္ရက္က စာၾကည့္တိုက္မွငွါးထားေသာ စာအုပ္ကိုျပန္ေပးၿပီး စာအုပ္အသစ္ထပ္ငွါးရန္အတြက္ ၿဖိဳးဉာဏ္ကိုေျပာကာ စာၾကည့္တိုက္ဘက္ကိုထြက္သြားေတာ့သည္။
Notice boardနားမွာ လူေတြကၿပဳံေနေသာေၾကာင့္ ထက္ဘုန္းတို႔ကမတိုးေတာ့ဘဲ အေနာက္မွာသာေအးေဆးရပ္ေစာင့္ေနေတာ့သည္။သူတို႔အဖြဲ႕ကအမွတ္အမ်ားဆုံးရမွာ ၈၀ရာခိုင္ႏႈန္းေလာက္ေသခ်ာသည့္အတြက္ ထက္ဘုန္းကေတာ့ ထင္သေလာက္စိတ္လႈပ္ရွားမေနပါ။
လူနည္းနည္းက်ဲသြားေတာ့မွ ေကာင္းထက္တို႔သုံးေယာက္သားကအေျပးသြားၾကည့္ၾကသည္။ထက္ဘုန္းတစ္ေယာက္ကသာ မ်က္ႏွာကိုေမာ့ၿပီးnotice boardနားသို႔တစ္လွမ္းစီေလွ်ာက္လာသည္။
"ဘယ္လိုလဲ ငါတို႔အမွတ္အမ်ားဆုံးရတာမလား"
"ဟုတ္တယ္ ေဟ့ေရာင္ရ ငါတို႔ကထိပ္ဆုံးပဲ"
သုံးေယာက္သားကေပ်ာ္လြန္း၍ ထခုန္ၾကေသာ္လည္း ထက္ဘုန္းကေတာ့ "ငါေျပာသားပဲ" ဆိုေသာပုံစံႏွင့္ တစ္ေယာက္တည္းႀကိတ္၍ဂုဏ္ဆာေနသည္။ထို႔ေနာက္ေကာင္းထက္က လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ကာ စကားျပန္စလာသည္။
"ငါတို႔ရဲ႕ေအာင္ျမင္မႈကိုဂုဏ္ျပဳတဲ့အေနနဲ႔ ဒီေန႔ထက္ဘုန္းအခန္းမွာ ေသာက္ၾကရေအာင္"
ေစာျမတ္ကေကာင္းထက္ေခါင္းကိုတစ္ခ်က္ေခါက္လိုက္သည္။
"မင္းကဂုဏ္ျပဳစရာရွိရွိ၊မရွိရွိအားေနေသာက္ဖို႔ပဲေတြးေနတာပဲ ေခြးေကာင္"
"ဟဲဟဲ တစ္ခါတေလမွပါ မင္းကလည္း။ၿဖိဳးဉာဏ္မင္းဒီေန႔ဘာမွလုပ္စရာမရွိဘူးမလား ငါတို႔နဲ႔လိုက္ခဲ့ေလ"
"အင္း ငါကေတာ့ရတယ္။ဒါေပမယ့္ေဆာင္းဦးကအဆင္ေျပပါ့မလားမသိဘူး။သူ႔ကိုေမးၾကည့္ရဦးမယ္"
"ေမးၾကည့္ ဒါနဲ႔ေဆာင္းဦးေရာ"
"ဪ သူစာၾကည့္တိုက္ဘက္သြားတယ္။ေနဦး ငါသြားေခၚလိုက္........."
ၿဖိဳးဉာဏ္၏စကားမဆုံးခင္ ထက္ဘုန္းကအျမန္ျဖတ္၍ ဝင္ေျပာလိုက္သည္။
"ရတယ္ မင္းေနခဲ့လိုက္ ငါသြားေခၚလိုက္မယ္ သူ႔ကို"
"အမ္ အဲ့လိုရလား။အဲ့ဒါဆိုလည္းသြားေခၚလိုက္ေနာ္"
"အင္း"
ထက္ဘုန္းကၿဖိဳးဉာဏ္ကိုေခါင္းညိမ့္ျပၿပီးေနာက္ စာၾကည့္တိုက္ဘက္သို႔ေျပးသြားသည္။စာၾကည့္တိုက္နားကိုေရာက္ေတာ့ သူေျပးတာကိုအရွိန္ေလွ်ာ့လိုက္ၿပီး စာၾကည့္တိုက္ထဲကိုဝင္လာသည္။ေက်ာင္းဆင္းတဲ့အခ်ိန္မို႔လို႔ လူသိပ္မရွိေတာ့ေပမယ့္ တစ္ေယာက္စ၊ႏွစ္ေယာက္စေတာ့က်န္ေသးသည္။စာၾကည့္တိုက္မႉးကေတာ့ ခုံမွာထိုင္ကာ ငိုက္ျမည္းေနသည္။အခုခ်ိန္တစ္ခုခုခိုးသြားရင္ေတာင္ သိမည့္ပုံမေပၚ။
စာအုပ္စင္ေတြကအမ်ားႀကီးမို႔လို႔ ထက္ဘုန္းေဆာင္းဦးကိုေသခ်ာရွာရသည္။သူကိုယ္တိုင္ကတစ္လတစ္ခါေတာင္ စာၾကည့္တိုက္ပုံမွန္လာသူမဟုတ္လို႔ စာအုပ္စင္ေတြၾကားထဲမွာတစ္ေယာက္တည္းမူးေနာက္ေနသည္။တစ္တန္းခ်င္းစီေလွ်ာက္ရွာရင္း ေနာက္ဆုံးေတြ႕သြားေသာေၾကာင့္ သူ႔ေျခလွမ္းေတြကိုရပ္လိုက္သည္။
ေဆာင္းဦး၏နာမည္ကိုမေခၚေသးဘဲ စာအုပ္စင္ကိုမွီရပ္ကာ သူ႔ရဲ႕လႈပ္ရွားမႈတစ္ခုခ်င္းစီကို ၿငိမ္ၿငိမ္ေလးလိုက္ၾကည့္ေနမိသည္။စာအုပ္ေတြစီကိုသာ အာ႐ုံေရာက္ေနသည့္ေကာင္ေလးက သူရွိေနသည္ဆိုတာကိုေတာင္ သတိထားမိသည့္ပုံမေပၚေပ။
ေဆာင္းဦးကစာအုပ္ေတြကိုရွာေနရင္း တစ္ခုခုအလိုမက်ျဖစ္တာကို သူဖ်တ္ခနဲေတြ႕လိုက္ရသည္။႐ုတ္တရက္ေဆာင္းဦးက သူ႔ဘက္လွည့္လာေသာေၾကာင့္ သူတစ္ဖက္သို႔လွည့္ကာေဆာင္းဦး မျမင္ေအာင္ပုန္းလိုက္ရသည္။ေဆာင္းဦးဘာလုပ္တာလဲဆိုတာၾကည့္လိုက္ေတာ့ သူကစာအုပ္ယူဖို႔မမွီလို႔ခုံကိုသြားယူတာျဖစ္သည္။သူတိတ္တိတ္ေလးရီလိုက္ၿပီးေတာ့ ေဆာင္းဦးကိုဆက္ေစာင့္ၾကည့္ေနသည္။
ေဆာင္းဦးကခုံေပၚတက္ၿပီး ေျခဖ်ားကိုေထာက္ကာ သူလိုခ်င္သည့္စာအုပ္ကိုလွမ္းယူေနသည္။စာအုပ္ကအတြင္းဘက္ကိုနည္းနည္းေရာက္ေနသည့္အတြက္ သူေသခ်ာဆြဲထုတ္ေနရသည္။ျဖစ္ခ်င္ေတာ့ ေျခေထာက္ကေခ်ာ္ကာ ယိုင္ၿပီးေအာက္သို႔ျပဳတ္က်ေတာ့သည္။ဒါကိုေတြ႕ေသာထက္ဘုန္းက ခ်က္ခ်င္းပင္သြားေျပးဖမ္းလိုက္ေသာေၾကာင့္ ေဆာင္းဦးက သူ႔ရင္ခြင္ထဲကိုတန္းကနဲက်လာသည္။
ေဆာင္းဦးကေခါင္းအငုံ႔ႏွင့္ သူကေခါင္းအေမာ့ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆုံသြားသည္။ထက္ဘုန္း၏ႏွာဖ်ားမွ ႐ိုက္ခတ္လာေသာဝင္သက္၊ထြက္သက္ႏွင့္ သူ႔ကို႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္ကာ ၿပဳံးေနေသာထက္ဘုန္းေၾကာင့္ ေဆာင္းဦးမ်က္ႏွာေတြနီကာ ေခါင္းကိုငုံ႔လိုက္သည္။ဒီအေျခအေနႀကီးက သူ႔အတြက္ကသိကေအာက္ႏိုင္လိုက္တာ။
"ကို.....ကိုထက္ တစ္ခ်က္ေလာက္လႊတ္ေပးဦး"
"အာ အင္း အင္း"
ေဆာင္းဦးသတိေပးမွ ထက္ဘုန္းလည္းအသိဝင္ကာ ႐ုတ္တရက္လႊတ္ခ်လိုက္ေတာ့ ေဆာင္းဦးခမ်ာၾကမ္းျပင္ေပၚ ဗုန္းကနဲျပဳတ္က်သြားသည္။ထက္ဘုန္းသူ႔ေခါင္းကိုယ္သူတစ္ခ်က္႐ိုက္လိုက္သည္။ထက္ဘုန္းညီရယ္.....လုပ္လိုက္ရင္တလြဲေတြႀကီးပါပဲလား။
"ေဆာရီး အရမ္းနာသြားလား။႐ုတ္တရက္ဆိုေတာ့ ကိုယ္လည္းလႊတ္ခ်လိုက္မိတာ"
"ရတယ္ နည္းနည္းနာသြား႐ုံပဲ"
"အင္း ကိုယ္ထူေပးမယ္ ခဏ"
ထက္ဘုန္းကဆြဲထူေပးလိုက္ေတာ့ ေဆာင္းဦးကရႈံ႕မဲ့မဲ့ႏွင့္ ထလာသည္။
"အဆင္ေျပရဲ႕လား"
"ဟုတ္ ရတယ္။စိတ္မရွိရင္ေလ ကြၽန္ေတာ့္ကိုဟိုအေပၚကစာအုပ္ေလးယူေပးပါလား"
"အိုေက ယူေပးမယ္ေနာ္"
ထက္ဘုန္းလည္းခုနကေဆာင္းဦးတက္ထားသည့္ ခုံေပၚကိုတက္ကာ သူလိုခ်င္ေနသည့္စာအုပ္ကိုလွမ္းယူေပးလိုက္သည္။
"ရၿပီ တျခားစာအုပ္ယူစရာရွိေသးလား"
"ဟင့္အင္း ရၿပီ။ဒီသုံးအုပ္ပဲ"
"ဟုတ္ၿပီ ကိုယ္သယ္ခဲ့ေပးမယ္"
"အယ္ ေနပါဦး။ကိုထက္ကဒီမွာဘာလာလုပ္တာလဲ။စာအုပ္လာငွါးတာလား"
"မဟုတ္ပါဘူး။ေဆာင္းဦးကိုလာေခၚတာ ေျပာစရာရွိလို႔"
"ဪ ဘာေျပာ.....။သိၿပီ သိၿပီ resultအေၾကာင္းလား။ဘယ္လိုလဲဟင္ အေျဖက။ကြၽန္ေတာ္တို႔အဖြဲ႕အမွတ္အမ်ားဆုံးရတာလား"
"ဘယ္လိုထင္လဲ ခန္႔မွန္းၾကည့္ေလ"
"အာ ကိုထက္ကလည္းကြၽန္ေတာ္မွမၾကည့္ရေသးတာ ေျပာျပေလေနာ္"
"ဟုတ္ပါၿပီကြာ ေျပာျပမယ္။အင္း ကိုယ္တို႔အမွတ္အမ်ားဆုံးရတယ္"
"အား တကယ္လား ေပ်ာ္လိုက္တာ"
ေဆာင္းဦးကအေပ်ာ္လြန္ကာ ထက္ဘုန္းကိုေျပးဖက္လိုက္ေတာ့ ထက္ဘုန္းကိုယ္ကအနည္းငယ္ေတာင့္သြားသည္။အား အဲ့လိုမေျပာမဆိုနဲ႔လာလာဖက္ေတာ့ဘယ္လိုလုပ္ရမလဲ။ရင္ေတြကလည္းဘာလို႔အဲ့ေလာက္ေတာင္ခုန္ေနရတာလဲ။ဟူး ထက္ဘုန္းညီ အသက္ကိုဝဝရႈၿပီးစိတ္ၿငိမ္ေအာင္ေနစမ္း။
"ကိုထက္ကအရမ္းေတာ္တာပဲ သိလား"
"အဟမ္း သိ....သိပါတယ္"
ေဆာင္းဦးကဖက္ထားတာကိုလႊတ္ၿပီး ထက္ဘုန္းကိုၾကည့္လိုက္ေတာ့ နီရဲေနေသာထက္ဘုန္း၏မ်က္ႏွာေၾကာင့္ ေၾကာင္သြားသည္။
"အယ္ ကိုထက္ ဘာလို႔မ်က္ႏွာေတြအဲ့ေလာက္နီေနတာလဲ။ေနမေကာင္းလို႔လား"
"မဟုတ္ပါဘူး။နည္းနည္းပူလို႔ အင္း ဟုတ္တယ္ ပူလို႔"
"အင္း ေက်ာင္းဆင္းခါနီးဆိုေတာ့airconပိတ္ထားလို႔ေလွာင္ေနတာနဲ႔တူတယ္။လာ အျပင္ထြက္ရေအာင္ေလ"
"ဟုတ္ၿပီ"
သူတို႔ႏွစ္ေယာက္စာအုပ္ငွါးၿပီးေနာက္ ၿဖိဳးဉာဏ္တို႔ဆီကို ျပန္လာခဲ့ၾကသည္။
"ဪ ကိုယ္ေျပာဖို႔ေမ့ေနလို႔။ၿပီးရင္အိမ္ျပန္ရမွာမဟုတ္ဘူးေနာ္။ဒီေန႔ကိုယ္တို႔အဖြဲ႕ကအမွတ္အမ်ားဆုံးရေတာ့ ေအာင္ပြဲခံတဲ့အေနနဲ႔ ကိုယ့္အခန္းမွာတစ္ခုခုေသာက္မလို႔"
"အယ္ ကြၽန္ေတာ္ကမေသာက္တတ္ဘူး။ၿပီးေတာ့စာလုပ္စရာရွိေသးလို႔"
"No မရဘူးေနာ္။စာႀကီးပဲအခ်ိန္တိုင္းလုပ္ေနရင္ မ်က္မွန္ပါဝါေတြပိုပိုတိုးလာလိမ့္မယ္ေနာ္။ၿပီးေတာ့ၿဖိဳးဉာဏ္ေတာင္လိုက္မွာကို။ဒီေန႔တစ္ရက္ေတာ့စာမလုပ္နဲ႔ေတာ့ ဟုတ္ၿပီလား။ကိုယ့္စကားကိုနားေထာင္"
"ဟုတ္ အဲ့ဒါဆိုလည္းၿပီးေရာ။ရပါတယ္ ေနာက္ေန႔မွပဲေပါင္းလုပ္ေတာ့မယ္"
မ်က္ႏွာေလးကိုမဲ့ကာေျပာေနေသာေဆာင္းဦးကို ထက္ဘုန္းအသည္းယားကာ ေခါင္းကိုဖြပစ္လိုက္သည္။
"မင္းကေလတစ္ခါတစ္ခါက်ရင္ေခြးေပါက္ေလးက်ေနတာပဲ"
"ကိုထက္ကလည္း မျဖစ္ႏိုင္တာေတြ။ေခြးေတြကမ်က္မွန္မွမတပ္တာကို"
"ဟားဟား ေပါက္တတ္ကရအေတြးေတြလည္းေတြးတတ္ပါလား ဟမ္"
ထက္ဘုန္းကပါးကိုဆြဲလိုက္ေတာ့ သူကထက္ဘုန္းဘက္ကိုလွည့္ကာ ၿပဳံးျပလာသည္။
"မင္းတို႔ကလည္းၾကာလိုက္တာကြာ။ငါကစာၾကည့္တိုက္ထဲမွာမ်ားအိပ္ေပ်ာ္သြားၿပီလားလို႔"
"မ႐ြဲ႕နဲ႔စမ္း ေကာင္းထက္"
"ဟဲဟဲ စတာပါကြာ။ဒါနဲ႔ေဆာင္းဦးကိုေျပာၿပီးသြားၿပီလား"
"အင္း ေျပာၿပီးသြားၿပီ လိုက္မယ္တဲ့"
"ေဆာင္းဦး ဒါဆိုမင္းဒီညစာမလုပ္ေတာ့ဘူးေပါ့။ေအး ငါထီထိုးေတာ့မယ္"
ၿဖိဳးဉာဏ္ကစေတာ့ေဆာင္းဦးကသူ႔ကို႐ိုက္လိုက္သည္။
"မင္းေနာ္ လိုက္လိုက္စမေနနဲ႔"
"ေအးပါကြာ မင္းကလည္း ဒါေလးေျပာတာကို"
ေျပာရင္းၿဖိဳးဉာဏ္ကသူ႔ပုခုံးကိုဖက္ဖို႔လုပ္ေတာ့ ထက္ဘုန္းရဲ႕မီးလိုဟုန္းဟုန္းေတာက္ေနတဲ့ အၾကည့္ေတြက သူ႔ဆီတန္းကနဲေရာက္သြားတာေၾကာင့္ ၿဖိဳးဉာဏ္လက္ပင္တြန္႔သြားသည္။ထက္ဘုန္းအၾကည့္ေတြကဘာလို႔အဲ့ေလာက္ေတာင္ ေၾကာက္စရာေကာင္းေနရတာလဲ။
"ေနာက္တစ္ခါစရင္ကိုႀကီးနဲ႔မင္းကိုတိုင္မွာ"
"မင္း အစ္ကိုကိုေၾကာက္မယ္ထင္ေနလား။သူကေတာင္ငါ့ကိုျပန္ေၾကာက္ေနရတာကို"
"ငါ့အစ္ကိုကိုေနာ္ မင္းကေတာ့"
သူတို႔ႏွစ္ေယာက္စကားေျပာေနတာကို ေကာင္းထက္ကျဖတ္ေျပာလာသည္။
"ေဆာင္းဦးမွာအစ္ကိုရွိတာလား"
"အင္း ရွိတယ္ ေလျပည္ဦးတဲ့။ေနာက္မွမိတ္ဆက္ေပးမယ္"
"ဟုတ္ပါၿပီ အဲ့ဒါဆိုအခုသြားၾကရေအာင္ေလ"
သူတို႔ငါးေယာက္ကားရပ္ထားသည့္ေနရာကို ေလွ်ာက္သြားၾကသည္။ေကာင္းထက္တို႔ႏွစ္ေယာက္ကတစ္စီး၊ၿဖိဳးဉာဏ္တို႔ႏွစ္ေယာက္ကတစ္စီး၊ထက္ဘုန္းကေတာ့ သူ႔ကားသူစီးကာ သူ႔ရဲ႕ကြန္ဒိုဘက္သို႔ေမာင္းလာလိုက္ေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
ညနေအိမ်သို့မပြန်မှီမှာ ထက်ဘုန်းတို့က သူတို့ရဲ့ရလဒ်ကိုကြည့်ရန် notice boardနားသို့သွားကြသည်။ဆောင်းဦးကတော့ လွန်ခဲ့တဲ့နှစ်ရက်က စာကြည့်တိုက်မှငှါးထားသော စာအုပ်ကိုပြန်ပေးပြီး စာအုပ်အသစ်ထပ်ငှါးရန်အတွက် ဖြိုးဉာဏ်ကိုပြောကာ စာကြည့်တိုက်ဘက်ကိုထွက်သွားတော့သည်။
Notice boardနားမှာ လူတွေကပြုံနေသောကြောင့် ထက်ဘုန်းတို့ကမတိုးတော့ဘဲ အနောက်မှာသာအေးဆေးရပ်စောင့်နေတော့သည်။သူတို့အဖွဲ့ကအမှတ်အများဆုံးရမှာ ၈၀ရာခိုင်နှုန်းလောက်သေချာသည့်အတွက် ထက်ဘုန်းကတော့ ထင်သလောက်စိတ်လှုပ်ရှားမနေပါ။
လူနည်းနည်းကျဲသွားတော့မှ ကောင်းထက်တို့သုံးယောက်သားကအပြေးသွားကြည့်ကြသည်။ထက်ဘုန်းတစ်ယောက်ကသာ မျက်နှာကိုမော့ပြီးnotice boardနားသို့တစ်လှမ်းစီလျှောက်လာသည်။
"ဘယ်လိုလဲ ငါတို့အမှတ်အများဆုံးရတာမလား"
"ဟုတ်တယ် ဟေ့ရောင်ရ ငါတို့ကထိပ်ဆုံးပဲ"
သုံးယောက်သားကပျော်လွန်း၍ ထခုန်ကြသော်လည်း ထက်ဘုန်းကတော့ "ငါပြောသားပဲ" ဆိုသောပုံစံနှင့် တစ်ယောက်တည်းကြိတ်၍ဂုဏ်ဆာနေသည်။ထို့နောက်ကောင်းထက်က လက်ဖျောက်တစ်ချက်တီးလိုက်ကာ စကားပြန်စလာသည်။
"ငါတို့ရဲ့အောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ထက်ဘုန်းအခန်းမှာ သောက်ကြရအောင်"
စောမြတ်ကကောင်းထက်ခေါင်းကိုတစ်ချက်ခေါက်လိုက်သည်။
"မင်းကဂုဏ်ပြုစရာရှိရှိ၊မရှိရှိအားနေသောက်ဖို့ပဲတွေးနေတာပဲ ခွေးကောင်"
"ဟဲဟဲ တစ်ခါတလေမှပါ မင်းကလည်း။ဖြိုးဉာဏ်မင်းဒီနေ့ဘာမှလုပ်စရာမရှိဘူးမလား ငါတို့နဲ့လိုက်ခဲ့လေ"
"အင်း ငါကတော့ရတယ်။ဒါပေမယ့်ဆောင်းဦးကအဆင်ပြေပါ့မလားမသိဘူး။သူ့ကိုမေးကြည့်ရဦးမယ်"
"မေးကြည့် ဒါနဲ့ဆောင်းဦးရော"
"ဪ သူစာကြည့်တိုက်ဘက်သွားတယ်။နေဦး ငါသွားခေါ်လိုက်........."
ဖြိုးဉာဏ်၏စကားမဆုံးခင် ထက်ဘုန်းကအမြန်ဖြတ်၍ ဝင်ပြောလိုက်သည်။
"ရတယ် မင်းနေခဲ့လိုက် ငါသွားခေါ်လိုက်မယ် သူ့ကို"
"အမ် အဲ့လိုရလား။အဲ့ဒါဆိုလည်းသွားခေါ်လိုက်နော်"
"အင်း"
ထက်ဘုန်းကဖြိုးဉာဏ်ကိုခေါင်းညိမ့်ပြပြီးနောက် စာကြည့်တိုက်ဘက်သို့ပြေးသွားသည်။စာကြည့်တိုက်နားကိုရောက်တော့ သူပြေးတာကိုအရှိန်လျှော့လိုက်ပြီး စာကြည့်တိုက်ထဲကိုဝင်လာသည်။ကျောင်းဆင်းတဲ့အချိန်မို့လို့ လူသိပ်မရှိတော့ပေမယ့် တစ်ယောက်စ၊နှစ်ယောက်စတော့ကျန်သေးသည်။စာကြည့်တိုက်မှူးကတော့ ခုံမှာထိုင်ကာ ငိုက်မြည်းနေသည်။အခုချိန်တစ်ခုခုခိုးသွားရင်တောင် သိမည့်ပုံမပေါ်။
စာအုပ်စင်တွေကအများကြီးမို့လို့ ထက်ဘုန်းဆောင်းဦးကိုသေချာရှာရသည်။သူကိုယ်တိုင်ကတစ်လတစ်ခါတောင် စာကြည့်တိုက်ပုံမှန်လာသူမဟုတ်လို့ စာအုပ်စင်တွေကြားထဲမှာတစ်ယောက်တည်းမူးနောက်နေသည်။တစ်တန်းချင်းစီလျှောက်ရှာရင်း နောက်ဆုံးတွေ့သွားသောကြောင့် သူ့ခြေလှမ်းတွေကိုရပ်လိုက်သည်။
ဆောင်းဦး၏နာမည်ကိုမခေါ်သေးဘဲ စာအုပ်စင်ကိုမှီရပ်ကာ သူ့ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီကို ငြိမ်ငြိမ်လေးလိုက်ကြည့်နေမိသည်။စာအုပ်တွေစီကိုသာ အာရုံရောက်နေသည့်ကောင်လေးက သူရှိနေသည်ဆိုတာကိုတောင် သတိထားမိသည့်ပုံမပေါ်ပေ။
ဆောင်းဦးကစာအုပ်တွေကိုရှာနေရင်း တစ်ခုခုအလိုမကျဖြစ်တာကို သူဖျတ်ခနဲတွေ့လိုက်ရသည်။ရုတ်တရက်ဆောင်းဦးက သူ့ဘက်လှည့်လာသောကြောင့် သူတစ်ဖက်သို့လှည့်ကာဆောင်းဦး မမြင်အောင်ပုန်းလိုက်ရသည်။ဆောင်းဦးဘာလုပ်တာလဲဆိုတာကြည့်လိုက်တော့ သူကစာအုပ်ယူဖို့မမှီလို့ခုံကိုသွားယူတာဖြစ်သည်။သူတိတ်တိတ်လေးရီလိုက်ပြီးတော့ ဆောင်းဦးကိုဆက်စောင့်ကြည့်နေသည်။
ဆောင်းဦးကခုံပေါ်တက်ပြီး ခြေဖျားကိုထောက်ကာ သူလိုချင်သည့်စာအုပ်ကိုလှမ်းယူနေသည်။စာအုပ်ကအတွင်းဘက်ကိုနည်းနည်းရောက်နေသည့်အတွက် သူသေချာဆွဲထုတ်နေရသည်။ဖြစ်ချင်တော့ ခြေထောက်ကချော်ကာ ယိုင်ပြီးအောက်သို့ပြုတ်ကျတော့သည်။ဒါကိုတွေ့သောထက်ဘုန်းက ချက်ချင်းပင်သွားပြေးဖမ်းလိုက်သောကြောင့် ဆောင်းဦးက သူ့ရင်ခွင်ထဲကိုတန်းကနဲကျလာသည်။
ဆောင်းဦးကခေါင်းအငုံ့နှင့် သူကခေါင်းအမော့ နှစ်ယောက်သားအကြည့်ချင်းဆုံသွားသည်။ထက်ဘုန်း၏နှာဖျားမှ ရိုက်ခတ်လာသောဝင်သက်၊ထွက်သက်နှင့် သူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်ကာ ပြုံးနေသောထက်ဘုန်းကြောင့် ဆောင်းဦးမျက်နှာတွေနီကာ ခေါင်းကိုငုံ့လိုက်သည်။ဒီအခြေအနေကြီးက သူ့အတွက်ကသိကအောက်နိုင်လိုက်တာ။
"ကို.....ကိုထက် တစ်ချက်လောက်လွှတ်ပေးဦး"
"အာ အင်း အင်း"
ဆောင်းဦးသတိပေးမှ ထက်ဘုန်းလည်းအသိဝင်ကာ ရုတ်တရက်လွှတ်ချလိုက်တော့ ဆောင်းဦးခမျာကြမ်းပြင်ပေါ် ဗုန်းကနဲပြုတ်ကျသွားသည်။ထက်ဘုန်းသူ့ခေါင်းကိုယ်သူတစ်ချက်ရိုက်လိုက်သည်။ထက်ဘုန်းညီရယ်.....လုပ်လိုက်ရင်တလွဲတွေကြီးပါပဲလား။
"ဆောရီး အရမ်းနာသွားလား။ရုတ်တရက်ဆိုတော့ ကိုယ်လည်းလွှတ်ချလိုက်မိတာ"
"ရတယ် နည်းနည်းနာသွားရုံပဲ"
"အင်း ကိုယ်ထူပေးမယ် ခဏ"
ထက်ဘုန်းကဆွဲထူပေးလိုက်တော့ ဆောင်းဦးကရှုံ့မဲ့မဲ့နှင့် ထလာသည်။
"အဆင်ပြေရဲ့လား"
"ဟုတ် ရတယ်။စိတ်မရှိရင်လေ ကျွန်တော့်ကိုဟိုအပေါ်ကစာအုပ်လေးယူပေးပါလား"
"အိုကေ ယူပေးမယ်နော်"
ထက်ဘုန်းလည်းခုနကဆောင်းဦးတက်ထားသည့် ခုံပေါ်ကိုတက်ကာ သူလိုချင်နေသည့်စာအုပ်ကိုလှမ်းယူပေးလိုက်သည်။
"ရပြီ တခြားစာအုပ်ယူစရာရှိသေးလား"
"ဟင့်အင်း ရပြီ။ဒီသုံးအုပ်ပဲ"
"ဟုတ်ပြီ ကိုယ်သယ်ခဲ့ပေးမယ်"
"အယ် နေပါဦး။ကိုထက်ကဒီမှာဘာလာလုပ်တာလဲ။စာအုပ်လာငှါးတာလား"
"မဟုတ်ပါဘူး။ဆောင်းဦးကိုလာခေါ်တာ ပြောစရာရှိလို့"
"ဪ ဘာပြော.....။သိပြီ သိပြီ resultအကြောင်းလား။ဘယ်လိုလဲဟင် အဖြေက။ကျွန်တော်တို့အဖွဲ့အမှတ်အများဆုံးရတာလား"
"ဘယ်လိုထင်လဲ ခန့်မှန်းကြည့်လေ"
"အာ ကိုထက်ကလည်းကျွန်တော်မှမကြည့်ရသေးတာ ပြောပြလေနော်"
"ဟုတ်ပါပြီကွာ ပြောပြမယ်။အင်း ကိုယ်တို့အမှတ်အများဆုံးရတယ်"
"အား တကယ်လား ပျော်လိုက်တာ"
ဆောင်းဦးကအပျော်လွန်ကာ ထက်ဘုန်းကိုပြေးဖက်လိုက်တော့ ထက်ဘုန်းကိုယ်ကအနည်းငယ်တောင့်သွားသည်။အား အဲ့လိုမပြောမဆိုနဲ့လာလာဖက်တော့ဘယ်လိုလုပ်ရမလဲ။ရင်တွေကလည်းဘာလို့အဲ့လောက်တောင်ခုန်နေရတာလဲ။ဟူး ထက်ဘုန်းညီ အသက်ကိုဝဝရှုပြီးစိတ်ငြိမ်အောင်နေစမ်း။
"ကိုထက်ကအရမ်းတော်တာပဲ သိလား"
"အဟမ်း သိ....သိပါတယ်"
ဆောင်းဦးကဖက်ထားတာကိုလွှတ်ပြီး ထက်ဘုန်းကိုကြည့်လိုက်တော့ နီရဲနေသောထက်ဘုန်း၏မျက်နှာကြောင့် ကြောင်သွားသည်။
"အယ် ကိုထက် ဘာလို့မျက်နှာတွေအဲ့လောက်နီနေတာလဲ။နေမကောင်းလို့လား"
"မဟုတ်ပါဘူး။နည်းနည်းပူလို့ အင်း ဟုတ်တယ် ပူလို့"
"အင်း ကျောင်းဆင်းခါနီးဆိုတော့airconပိတ်ထားလို့လှောင်နေတာနဲ့တူတယ်။လာ အပြင်ထွက်ရအောင်လေ"
"ဟုတ်ပြီ"
သူတို့နှစ်ယောက်စာအုပ်ငှါးပြီးနောက် ဖြိုးဉာဏ်တို့ဆီကို ပြန်လာခဲ့ကြသည်။
"ဪ ကိုယ်ပြောဖို့မေ့နေလို့။ပြီးရင်အိမ်ပြန်ရမှာမဟုတ်ဘူးနော်။ဒီနေ့ကိုယ်တို့အဖွဲ့ကအမှတ်အများဆုံးရတော့ အောင်ပွဲခံတဲ့အနေနဲ့ ကိုယ့်အခန်းမှာတစ်ခုခုသောက်မလို့"
"အယ် ကျွန်တော်ကမသောက်တတ်ဘူး။ပြီးတော့စာလုပ်စရာရှိသေးလို့"
"No မရဘူးနော်။စာကြီးပဲအချိန်တိုင်းလုပ်နေရင် မျက်မှန်ပါဝါတွေပိုပိုတိုးလာလိမ့်မယ်နော်။ပြီးတော့ဖြိုးဉာဏ်တောင်လိုက်မှာကို။ဒီနေ့တစ်ရက်တော့စာမလုပ်နဲ့တော့ ဟုတ်ပြီလား။ကိုယ့်စကားကိုနားထောင်"
"ဟုတ် အဲ့ဒါဆိုလည်းပြီးရော။ရပါတယ် နောက်နေ့မှပဲပေါင်းလုပ်တော့မယ်"
မျက်နှာလေးကိုမဲ့ကာပြောနေသောဆောင်းဦးကို ထက်ဘုန်းအသည်းယားကာ ခေါင်းကိုဖွပစ်လိုက်သည်။
"မင်းကလေတစ်ခါတစ်ခါကျရင်ခွေးပေါက်လေးကျနေတာပဲ"
"ကိုထက်ကလည်း မဖြစ်နိုင်တာတွေ။ခွေးတွေကမျက်မှန်မှမတပ်တာကို"
"ဟားဟား ပေါက်တတ်ကရအတွေးတွေလည်းတွေးတတ်ပါလား ဟမ်"
ထက်ဘုန်းကပါးကိုဆွဲလိုက်တော့ သူကထက်ဘုန်းဘက်ကိုလှည့်ကာ ပြုံးပြလာသည်။
"မင်းတို့ကလည်းကြာလိုက်တာကွာ။ငါကစာကြည့်တိုက်ထဲမှာများအိပ်ပျော်သွားပြီလားလို့"
"မရွဲ့နဲ့စမ်း ကောင်းထက်"
"ဟဲဟဲ စတာပါကွာ။ဒါနဲ့ဆောင်းဦးကိုပြောပြီးသွားပြီလား"
"အင်း ပြောပြီးသွားပြီ လိုက်မယ်တဲ့"
"ဆောင်းဦး ဒါဆိုမင်းဒီညစာမလုပ်တော့ဘူးပေါ့။အေး ငါထီထိုးတော့မယ်"
ဖြိုးဉာဏ်ကစတော့ဆောင်းဦးကသူ့ကိုရိုက်လိုက်သည်။
"မင်းနော် လိုက်လိုက်စမနေနဲ့"
"အေးပါကွာ မင်းကလည်း ဒါလေးပြောတာကို"
ပြောရင်းဖြိုးဉာဏ်ကသူ့ပုခုံးကိုဖက်ဖို့လုပ်တော့ ထက်ဘုန်းရဲ့မီးလိုဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေက သူ့ဆီတန်းကနဲရောက်သွားတာကြောင့် ဖြိုးဉာဏ်လက်ပင်တွန့်သွားသည်။ထက်ဘုန်းအကြည့်တွေကဘာလို့အဲ့လောက်တောင် ကြောက်စရာကောင်းနေရတာလဲ။
"နောက်တစ်ခါစရင်ကိုကြီးနဲ့မင်းကိုတိုင်မှာ"
"မင်း အစ်ကိုကိုကြောက်မယ်ထင်နေလား။သူကတောင်ငါ့ကိုပြန်ကြောက်နေရတာကို"
"ငါ့အစ်ကိုကိုနော် မင်းကတော့"
သူတို့နှစ်ယောက်စကားပြောနေတာကို ကောင်းထက်ကဖြတ်ပြောလာသည်။
"ဆောင်းဦးမှာအစ်ကိုရှိတာလား"
"အင်း ရှိတယ် လေပြည်ဦးတဲ့။နောက်မှမိတ်ဆက်ပေးမယ်"
"ဟုတ်ပါပြီ အဲ့ဒါဆိုအခုသွားကြရအောင်လေ"
သူတို့ငါးယောက်ကားရပ်ထားသည့်နေရာကို လျှောက်သွားကြသည်။ကောင်းထက်တို့နှစ်ယောက်ကတစ်စီး၊ဖြိုးဉာဏ်တို့နှစ်ယောက်ကတစ်စီး၊ထက်ဘုန်းကတော့ သူ့ကားသူစီးကာ သူ့ရဲ့ကွန်ဒိုဘက်သို့မောင်းလာလိုက်တော့သည်။
♤♤♤♤♤♤♤♤♤♤