My Nerdy Boy

De serenity_han

48K 4.4K 381

You're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my ima... Mai multe

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56||Final||
Thank You!
New Fiction!

Chapter-14

842 80 16
De serenity_han

Zawgyi

ထက္ဘုန္း ေဆာင္းဦးနဲ႔အတူတူရွိေနတဲ့ အခ်ိန္အေတာအတြင္းမွာ ကိုယ့္ကိုယ္ကိုယ္ေသခ်ာျပန္ဆန္းစစ္ၾကည့္သည္။သူေဆာင္းဦးကိုခ်စ္လား၊မခ်စ္လားဆိုတာကိုေပါ့။သူ႔ကိုယ္သူ 'ေဆာင္းဦးကိုခ်စ္လား' လို႔ေမးမိတိုင္း ထြက္လာသည့္အေျဖက 'ခ်စ္သည္' တဲ့။

ေဆာင္းဦးနဲ႔အတူရွိတိုင္း တစ္ခါမွမခံစားဖူးတဲ့ခံစားခ်က္မ်ိဳးကိုခံစားရသည္။လြတ္လပ္တယ္၊ေပ်ာ္႐ႊင္တယ္၊ၾကည္ႏူးတယ္။ၿပီးေတာ့ေဆာင္းဦးေဘးနားမွာရွိတိုင္း သူ႔ႏွလုံးသားကနဂိုထက္ပိုၿပီး လႈပ္ခတ္လာတတ္သည္။ထိုသို႔ျဖစ္ေပၚလာေသာ ခံစားခ်က္အားလုံးကိုသူႏွစ္သက္သည္၊အဓိကကေတာ့ ေဆာင္းဦးေၾကာင့္ျဖစ္ေပၚလာတဲ့ခံစားခ်က္မို႔လို႔ သူအလြန္ပင္ျမတ္ႏိုးသည္။

ေဆာင္းဦးေၾကာင့္ သူ႔ရဲ႕အက်င့္တခ်ိဳ႕ကိုျပင္ခဲ့ရသည္။အဓိကကေတာ့ ရည္းစားရႈပ္တာကိုေပါ့။အဲ့ဒါကသူ႔အတြက္ခက္ခဲေပမယ့္လည္း သူျဖည္းျဖည္းခ်င္းျပင္ရမည္။ေကာင္းထက္တို႔ကသူ႔ကိုေမးတယ္ "မင္းေဆာင္းဦးကိုခ်စ္မိတာေနာင္တမရဘူးလား"တဲ့။ဟင့္အင္း သူေနာင္တမရဘူး၊ဘာလို႔လဲဆိုေတာ့ ေဆာင္းဦးကသာ သူ႔ကိုခ်စ္တတ္ေအာင္သင္ေပးခဲ့တဲ့သူမို႔လို႔။

အရင္ကတစ္ခုခုဆို စိတ္ရွိတိုင္းလုပ္တတ္ေသာ ထက္ဘုန္းသည္ ေဆာင္းဦးကိုဖြင့္ေျပာဖို႔ကိုေတာ့ ေၾကာက္ေနမိသည္။သူဖြင့္ေျပာလိုက္လို႔ ေဆာင္းဦးသာသူ႔ကိုျငင္းလိုက္ရင္၊သူ႔ကိုအရင္လိုမခင္ေတာ့ရင္လို႔ ေတြးမိတိုင္း သူေဆာင္းဦးကိုဖြင့္ေျပာဖို႔ကို တြန္႔ဆုတ္သြားတတ္သည္။

ဒီေန႔ကထက္ဘုန္းတို႔လုပ္ထားတဲ့group projectကို ဆရာေတြကိုတင္ျပရမယ့္ေန႔ျဖစ္သည္။ထက္ဘုန္းတို႔ကေတာ့ မေၾကာက္ေပမယ့္ ေဆာင္းဦးတို႔ႏွစ္ေယာက္ကေတာ့ ေျခဖ်ားလက္ဖ်ားေတြေအးစက္ကာ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ထားၾကသည္။

ဒါကိုေတြ႕ေသာ ထက္ဘုန္းကေတာ့ အံကိုတင္းတင္းႀကိတ္ကာ လက္သီးကိုဆုပ္ထားသည္။မျဖစ္ပါဘူးေလ သူေဆာင္းဦးကိုအျမန္ဆုံးဖြင့္ေျပာရမွ စိတ္ခ်ရေတာ့မွာပဲ။မဟုတ္ရင္ တစ္ေန႔တစ္ေန႔သူတို႔ႏွစ္ေယာက္ ပူးကပ္ေနတာကိုျမင္ရတာနဲ႔တင္ သူအသက္တိုေနေလာက္ၿပီ။

"ေကာင္းထက္ ဟိုမွာၾကည့္စမ္း ထက္ဘုန္း႐ုပ္ႀကီးကို"

"ဘာျဖစ္လို႔လဲ ထက္ဘုန္းက"

"ဪ ၾကည့္မွာသာၾကည့္လိုက္စမ္းပါကြာ"

"ဘယ္လိုျဖစ္လို႔သူ႔မ်က္ႏွာကဆူပုတ္......။အာ လက္စသတ္ေတာ့ ငါတို႔ရဲ႕ထက္ဘုန္းညီႀကီးက သဝန္ေတြစြတ္တိုေနတာပဲ"

"ဟုတ္ပါ့ကြာ ေဘးမွာလူေတြရွိေနမွန္းေရာသတိထားမိရဲ႕လားမသိဘူး ဟားဟား"

"ငါေလအခုထိမယုံႏိုင္ေသးဘူး။ထက္ဘုန္းကေဆာင္းဦးကိုအတည္ႀကီးခ်စ္သြားလိမ့္မယ္လို႔"

"ေအးကြာ အစကစိတ္ဝင္စားတယ္ဆိုရင္ေတာင္ ဒီအတိုင္းစိတ္ကစားတာျဖစ္လိမ့္မယ္လို႔ထင္ထားတာ၊အခုက်ေတာ့ ေဆာင္းဦးေၾကာင့္ သူ႔အက်င့္ေတြပါျပင္ေနၿပီ။ဒီေကာင္အဲ့ေလာက္ေတာင္ျဖစ္သြားလိမ့္မယ္လို႔ငါထင္ကိုမထင္ထားဘူး"

"ဘာပဲျဖစ္ျဖစ္ေတာ္ေသးတာေပါ့ကြာ။ေနာက္ဆုံးေတာ့ ထက္ဘုန္းညီကိုေျပာင္းလဲေပးမယ့္သူေပၚလာခဲ့လို႔"

"ထက္ဘုန္းတို႔အဖြဲ႕အသင့္ျပင္ထားမယ္ေနာ္"

ဆရာမ၏အသိေပးသံေၾကာင့္ သူတို႔ႏွစ္ေယာက္၏ စကားစျပတ္သြားသည္။ထက္ဘုန္းကသူတို႔အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္သည့္အတြက္ အစမွအဆုံးတိုင္ထက္ဘုန္းတစ္ေယာက္တည္းကပဲ တင္ျပမည္ဟုသူတို႔ဆုံးျဖတ္ထားၾကသည္။

"ထက္ဘုန္း ေကာင္းေကာင္းလုပ္ခဲ့ေနာ္ ေဟ့ေရာင္"

"မင္းကလည္းထက္ဘုန္းညီပါကြ။စိတ္မပူနဲ႔"

"ဒီေကာင္ကေတာ့အခုခ်ိန္အထိမ်က္ႏွာကေျပာင္ႏိုင္ေသးတယ္။မင္းေတာ္တာငါသိပါတယ္ အဲ့ေလာက္ေလႀကီးမေနနဲ႔စမ္း"

"ဟားဟား ေအးပါကြာ။ငါကလည္းဒီတိုင္းေျပာျပတာပါ"

သူတို႔စကားေျပာေနတုန္း ေဆာင္းဦးကထက္ဘုန္းကို ေခၚလိုက္ေသာေၾကာင့္ သူတို႔၏အၾကည့္ေတြက ေဆာင္းဦးဆီကိုစုၿပဳံေရာက္သြားၾကသည္။

"ဟို ကိုထက္"

"ဟင္"

"ကိုထက္ေတာ္မွန္းသိေပမယ့္လည္း ေကာင္းေကာင္းလုပ္ခဲ့ေနာ္"

"အ...အင္းပါ ကိုယ္ေကာင္းေကာင္းလုပ္ခဲ့မယ္ အဟမ္း"

"ေဟ့ေရာင္ ထက္ဘုန္း ဘယ္လိုျဖစ္လို႔ေခ်ာင္းေတြဆိုးေနတာတုန္း"

"ေအးေလကြာ ေဆာင္းဦးကအားေပးေနတာကို ဘယ္လိုျဖစ္လို႔စကားေတြထစ္ေနတာလဲ"

ေကာင္းထက္တို႔ကသိသိရက္နဲ႔စေနတာေၾကာင့္ ထက္ဘုန္းသူတို႔ကို အံႀကိတ္ကာေျပာလိုက္သည္။

"မင္းတို႔ႏွစ္ေကာင္တိုးတိုးေနမလား။ငါ့လက္စာမိခ်င္လား"

"ငါတို႔ဘာမွမေျပာမိပါဘူး။ေကာင္းထက္ မင္းဘာေျပာမိလဲ"

"ဟင္ ငါလည္းမသိဘူးေလ ထက္ဘုန္းဘာေတြေျပာေနမွန္းမသိပါဘူးကြာ"

"ေအး ေအး ေကာင္းတယ္ မသိခ်င္ေယာင္ေဆာင္ေနလိုက္ၾက"

"ဟဲဟဲ ငါတို႔ကစတာ စတာ မရည္႐ြယ္ပါဘူး"

ထက္ဘုန္းတို႔သုံးေယာက္ရဲ႕စကားဝိုင္းကို နားမလည္ၾကေသာ ေဆာင္းဦးႏွင္းၿဖိဳးဉာဏ္ကေတာ့ မ်က္လုံးေလးကလယ္ကလယ္ႏွင့္။ဟုတ္တယ္ေလ သူတို႔ေျပာတဲ့စကားဝိုင္းထဲဝင္ပါရေအာင္လည္း သူတို႔ဘာေျပာေနၾကလဲဆိုတာေဆာင္းဦးတို႔မွာမသိတာ။အဲ့ေတာ့လည္းဒီေတာင္ေၾကာင္ၾကည့္ေန႐ုံပဲတတ္ႏိုင္တာေပါ့။

ဆရာကထက္ဘုန္းတို႔အလွည့္ေရာက္ေသာေၾကာင့္ လာဖို႔အခ်က္ျပရာ ေစာျမတ္ကထက္ဘုန္းကိုေျပာလိုက္သည္။

"ဟိုမွာမင္းအလွည့္ေရာက္ၿပီ သြားေတာ့ ေဟ့ေရာင္ ေကာင္းေကာင္းလုပ္ခဲ့ေနာ္"

"ေအးပါကြာ စိတ္ခ်"

"ထက္ဘုန္းညီFighting!!!"

ထက္ဘုန္းသူတို႔အားလုံး၏ပုခုံးကိုပုတ္ေပးၿပီးေနာက္ စင္ေပၚကိုတက္သြားသည္။ထက္ဘုန္းစင္ေပၚေရာက္တာနဲ႔ တစ္ၿပိဳင္နက္အကုန္လုံးရဲ႕ အၾကည့္ေတြကလည္းထက္ဘုန္းဆီကိုတန္းခနဲ။ေက်ာင္းUniformပဲဝတ္ထားတာေတာင္ ထက္ဘုန္းညီကအားလုံးထဲမွာထင္းေနသည္။တခ်ိဳ႕မိန္းကေလးေတြဆို ထက္ဘုန္းကိုၾကည့္ကာ တီးတိုးေျပာေနၾကသည္။

"ဟဲ့ ထက္ဘုန္းညီကေခ်ာလိုက္တာဟယ္"

"ဟုတ္ပါ့ဟယ္ သူ႔ေလာက္ေခ်ာတဲ့သူမ်ိဳးငါေတြ႕ကိုမေတြ႕ဖူးဘူး"

"အမေလး ငါေတာ့သူ႔ကိုအေသအလဲကိုေႂကြေနၿပီ"

"ဟဲ ၾကည့္ၾကပ္ေႂကြေနာ္။ထက္ဘုန္းညီကgayဆိုတာလည္းသတိရဦး"

"သိတယ္ဟဲ့ အဲ့ဒါပဲထပ္ခါထပ္ခါလိုက္သတိေပးမေနနဲ႔။သူကgayလည္းေခ်ာတယ္ေလ အရွခံၿပီးေတာ့ကိုေႂကြပစ္ဦးမွာ"

စင္ေပၚမွာသူတို႔group projectအေၾကာင္းကို စိတ္ပါလက္ပါႏွင့္ေသခ်ာ ရွင္းျပေနေသာ ထက္ဘုန္းသည္သိပ္ကိုဆြဲေဆာင္မႈရွိလွသည္။ေဆာင္းဦးကိုယ္တိုင္လည္း အသိစိတ္မဲ့ေနေသာသူတစ္ေယာက္လို ထက္ဘုန္းကိုေငးၾကည့္ေနမိသည္။ကိုထက္ကတစ္ခုခုကိုအာ႐ုံစိုက္ထားတဲ့အခ်ိန္ဆို အရမ္းၾကည့္လို႔ေကာင္းတာပဲ။

ထက္ဘုန္းကိုေငးၾကည့္ေနေသာ ေဆာင္းဦးကိုသတိထားမိေသာ ေစာျမတ္ကၿပဳံးစိစိႏွင့္ သူ႔နားကိုျဖည္းျဖည္းခ်င္းကပ္သြားလိုက္သည္။

"ေဆာင္းဦး"

"ဟင္ ေစာျမတ္"

"ထက္ဘုန္းကၾကည့္လို႔ေကာင္းတယ္မလား"

"အင္း ေတာ္ေတာ္ၾကည့္လို႔ေကာင္းတယ္ ကိုထက္ရဲ႕အဲ့လိုပုံစံက"

"အဲ့ဒါဆိုမင္းသူ႔ကိုသေဘာက်လား"

"သေဘာက်တာေပါ့ ကိုထက္ကဒီေလာက္ၿပီးျပည့္စုံေနတဲ့သူကို ဘယ္သူကသေဘာမက်ပဲရွိမွာလဲ။ကြၽန္ေတာ္ဆိုသူ႔ကိုအရမ္းအားက်တာပဲ"

"ငါေျပာတာကအဲ့လိုသေဘာက်တာမဟုတ္ဘူး။ဟိုလိုသေဘာက်တာကိုေျပာတာ"

"ဟင္ နားမလည္ဘူး"

ေစာျမတ္စကားလြန္ေတာ့မွာမို႔လို႔ ေကာင္းထက္ကပဲၾကားထဲက ျဖတ္ေျပာလိုက္ရသည္။

"ဘာမွမဟုတ္ဘူး ေဆာင္းဦး။ဒီေကာင္အရည္မရအဖတ္မရေတြေမးေနတာ။ေစာျမတ္ ဒီနားလာစမ္း"

"ေအး ဘာလဲ"

"ေဆာင္းဦးကိုဘာေတြေလွ်ာက္သြားေမးေနတာလဲ။မင္းေတာ့အလုပ္ခံရေတာ့မယ္"

"ဟဲဟဲ ငါကသိခ်င္လို႔ဒီတိုင္းေမးၾကည့္တာပါ"

"မင္းေမးတာအေၾကာင္းမဟုတ္ဘူး။ထက္ဘုန္းအတီးခံရလိမ့္မယ္ မင္းကေတာ့ေလ"

ေကာင္းထက္ကေခါင္းကိုေဒါက္ကနဲေခါက္လိုက္ေတာ့ ေစာျမတ္ကဆူပုတ္ပုတ္ႏွင့္ၾကည့္လာကာ ေကာင္းထက္ဗိုက္ကိုလိမ္ဆြဲလိုက္သည္။

"ေဟ့ေကာင္ နာတယ္ဟ လႊတ္စမ္း"

"မင္းငါ့ေခါင္းကိုလာေခါက္တာကို ေခြးေကာင္ရဲ႕"

ေစာျမတ္ကဗိုက္ကိုနာနာတစ္ခ်က္လိမ္ဆြဲၿပီးမွ လႊတ္ေပးလိုက္ေတာ့ ေကာင္းထက္ကသူ႔ဗိုက္ကိုသူကိုင္ကာ ရႈံ႕မဲ့မဲ့ႏွင့္ျဖစ္ေနသည္။

"ဟုတ္ကဲ့ ကြၽန္ေတာ့္ေျပာခ်င္တာကေတာ့ဒီေလာက္ပါပဲ။အားလုံးကိုေက်းဇူးတင္ပါတယ္။ေကာင္းေသာေန႔ေလးျဖစ္ပါေစ"

'ေျဖာင္း ေျဖာင္း ေျဖာင္း'

ထက္ဘုန္းကအားလုံးကိုႏႈတ္ဆက္လိုက္ေတာ့ အခန္းထဲကသူေတြကလက္ခုပ္အက်ယ္ႀကီးတီးၾကသည္။ထက္ဘုန္းကဆရာေတြကိုခါးကိုင္း၍အ႐ိုအေသျပဳကာ ေကာင္းထက္တို႔နားကိုျပန္လာခဲ့သည္။ေရာက္ေရာက္ခ်င္းပင္ ေကာင္းထက္ရဲ႕မဲ့ေနေသာမ်က္ႏွာေၾကာင့္ သူေအာ္ရီမိသြားသည္။

"ေကာင္းထက္ မင္း႐ုပ္ကဘယ္လိုျဖစ္လို႔အဲ့ေလာက္မဲ့ေနတာတုန္း"

"ဒီေကာင္ေလ ငါ့ဗိုက္ကိုလာလိမ္ဆြဲတယ္ေလ"

"မင္းငါ့ေခါင္းအရင္ေခါက္တာလည္းထည့္ေျပာဦး"

"ကဲ ကဲ ေတာ္ၾကေတာ့ ေမးမိတာငါ့အမွား။ဘယ္္လိုလဲ ငါတင္ျပသြားတာမိုက္တယ္မလား"

ထက္ဘုန္းကေမးေတာ့ၿဖိဳးဉာဏ္ကဝင္ေျပာလာသည္။

"ထက္ဘုန္း မင္းအရမ္းေတာ္တာပဲ။ေျပာသြားတဲ့တစ္ေလွ်ာက္လုံးအသံကၿငိမ္ေနတာပဲ"

"ဟီးဟီး ဟုတ္တယ္ ကိုထက္။ကိုထက္ကေလစင္ေပၚမွာအရမ္းၾကည့္ေကာင္းတာပဲ။ကြၽန္ေတာ္ဆိုကိုထက္ကိုအၾကည့္မလႊဲႏိုင္ဘူး"

"အဟမ္း အဟမ္း"

"အဟြတ္ အဟြတ္ ပါးစပ္ထဲဖုန္ဝင္သြားလားမသိဘူး။ေခ်ာင္းကလည္းလာဆိုးေနတယ္ အဟြတ္"

တမင္ေခ်ာင္းဆိုးေနေသာႏွစ္ေကာင္ကို ထက္ဘုန္း႐ိုက္လိုက္ကာ ေခါင္းခါျပလိုက္သည္။ႏွစ္ေကာင္သားကဘယ္လိုေတြေတာင္အလိုက္ကမ္းဆိုးမသိၾကရတာလဲ။

အဲ့ေတာ့မွႏွစ္ေယာက္စလုံးကၿငိမ္သြားကာ တိတ္တိတ္ေလးလက္ဝါးခ်င္း႐ိုက္လိုက္ၾကသည္။ထက္ဘုန္းညီကိုစရတာေလာက္ေပ်ာ္စရာေကာင္းတာမရွိဘူး။

ထက္ဘုန္းကေတာ့ေဆာင္းဦးဘက္ကိုလွည့္ကာ ေမွ်ာ္လင့္ခ်က္ေတြျပည့္ေနတဲ့ မ်က္ဝန္းနဲ႔ၾကည့္လာသည္။

"ကိုယ္ကတကယ္ၾကည့္ေကာင္းတာလား"

"အင္း အမ်ားႀကီးၾကည့္ေကာင္းတယ္။ကိုထက္ရဲ႕အဲ့လိုပုံစံကိုကြၽန္ေတာ္အရမ္းသေဘာက်တာပဲ"

ေဆာင္းဦးကသေဘာ႐ိုးနဲ႔ေျပာလိုက္ေပမယ့္လည္း ထက္ဘုန္းကေတာ့ ၿပဳံးခ်င္စိတ္ကိုထိန္းကာ မ်က္ႏွာကိုမနည္းတည္ထားရသည္။ကိုယ္သေဘာက်ေနတဲ့သူကကိုယ့္ကိုခ်ီးက်ဴးတာကို မေပ်ာ္တဲ့သူကဘယ္လိုလုပ္ရွိမလဲ။အခုေလာေလာဆယ့္သူ႔ကိုယ္ကေလေပၚေျမာက္တက္ေတာ့မလိုပဲ။(၁၀)တန္းေအာင္စာရင္းထြက္တုန္းက ဆရာေတြခ်ီးက်ဴးလို႔ေပ်ာ္ခဲ့တာထက္ကို အခုကအဆေပါင္းမ်ားစြာပိုေပ်ာ္မိသည္။

ေဆာင္းဦးေရ.......ကိုယ္ေတာ့မင္းဆီကိုတစ္ေန႔တျခားပိုပိုၿပီးနစ္ဝင္လာလို႔ဘယ္လိုလုပ္ရမလဲ။

ထက္ဘုန္းတို႔အဖြဲ႕ၿပီးေတာ့ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ကဆက္၍သူတို႔projectကိုတင္ျပၾကသည္။အဖြဲ႕(၃၀)လုံးၿပီးသြားသည့္ေနာက္မွာေတာ့ ဆရာကစင္ေပၚတက္ကာ သူတို႔အားလုံးကိုႏႈတ္ဆက္သည္။

"ဒီေန႔တင္ျပသြားတဲ့projectအကုန္လုံးကideaအရမ္းေကာင္းတယ္။အကုန္လုံးကိုလည္းဆရာကခ်ီးက်ဴးပါတယ္ မင္းတို႔အားလုံးအရမ္းေတာ္တယ္။Resultကိုေတာ့ ညေနေလာက္ notice board မွာကပ္ထားေပးမယ္။အဲ့အခ်ိန္မွသြားၾကည့္ၾကေပါ့။ကဲ အခုေတာ့အတန္းျပန္လို႔ရၿပီ"

ခုံမွာထိုင္ေနတဲ့ေက်ာင္းသားေတြအားလုံးလည္း ဆရာ့ရဲ႕စကားဆုံးတာနဲ႔ ထိုင္ေနရာမွထကာ သူတို႔ရဲ႕အခန္းဆီကိုျပန္လာခဲ့ၾကေတာ့သည္။

♤♤♤♤♤♤♤♤♤♤

Unicode

ထက်ဘုန်း ဆောင်းဦးနဲ့အတူတူရှိနေတဲ့ အချိန်အတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ်သေချာပြန်ဆန်းစစ်ကြည့်သည်။သူဆောင်းဦးကိုချစ်လား၊မချစ်လားဆိုတာကိုပေါ့။သူ့ကိုယ်သူ 'ဆောင်းဦးကိုချစ်လား' လို့မေးမိတိုင်း ထွက်လာသည့်အဖြေက 'ချစ်သည်' တဲ့။

ဆောင်းဦးနဲ့အတူရှိတိုင်း တစ်ခါမှမခံစားဖူးတဲ့ခံစားချက်မျိုးကိုခံစားရသည်။လွတ်လပ်တယ်၊ပျော်ရွှင်တယ်၊ကြည်နူးတယ်။ပြီးတော့ဆောင်းဦးဘေးနားမှာရှိတိုင်း သူ့နှလုံးသားကနဂိုထက်ပိုပြီး လှုပ်ခတ်လာတတ်သည်။ထိုသို့ဖြစ်ပေါ်လာသော ခံစားချက်အားလုံးကိုသူနှစ်သက်သည်၊အဓိကကတော့ ဆောင်းဦးကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်မို့လို့ သူအလွန်ပင်မြတ်နိုးသည်။

ဆောင်းဦးကြောင့် သူ့ရဲ့အကျင့်တချို့ကိုပြင်ခဲ့ရသည်။အဓိကကတော့ ရည်းစားရှုပ်တာကိုပေါ့။အဲ့ဒါကသူ့အတွက်ခက်ခဲပေမယ့်လည်း သူဖြည်းဖြည်းချင်းပြင်ရမည်။ကောင်းထက်တို့ကသူ့ကိုမေးတယ် "မင်းဆောင်းဦးကိုချစ်မိတာနောင်တမရဘူးလား"တဲ့။ဟင့်အင်း သူနောင်တမရဘူး၊ဘာလို့လဲဆိုတော့ ဆောင်းဦးကသာ သူ့ကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့သူမို့လို့။

အရင်ကတစ်ခုခုဆို စိတ်ရှိတိုင်းလုပ်တတ်သော ထက်ဘုန်းသည် ဆောင်းဦးကိုဖွင့်ပြောဖို့ကိုတော့ ကြောက်နေမိသည်။သူဖွင့်ပြောလိုက်လို့ ဆောင်းဦးသာသူ့ကိုငြင်းလိုက်ရင်၊သူ့ကိုအရင်လိုမခင်တော့ရင်လို့ တွေးမိတိုင်း သူဆောင်းဦးကိုဖွင့်ပြောဖို့ကို တွန့်ဆုတ်သွားတတ်သည်။

ဒီနေ့ကထက်ဘုန်းတို့လုပ်ထားတဲ့group projectကို ဆရာတွေကိုတင်ပြရမယ့်နေ့ဖြစ်သည်။ထက်ဘုန်းတို့ကတော့ မကြောက်ပေမယ့် ဆောင်းဦးတို့နှစ်ယောက်ကတော့ ခြေဖျားလက်ဖျားတွေအေးစက်ကာ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားကြသည်။

ဒါကိုတွေ့သော ထက်ဘုန်းကတော့ အံကိုတင်းတင်းကြိတ်ကာ လက်သီးကိုဆုပ်ထားသည်။မဖြစ်ပါဘူးလေ သူဆောင်းဦးကိုအမြန်ဆုံးဖွင့်ပြောရမှ စိတ်ချရတော့မှာပဲ။မဟုတ်ရင် တစ်နေ့တစ်နေ့သူတို့နှစ်ယောက် ပူးကပ်နေတာကိုမြင်ရတာနဲ့တင် သူအသက်တိုနေလောက်ပြီ။

"ကောင်းထက် ဟိုမှာကြည့်စမ်း ထက်ဘုန်းရုပ်ကြီးကို"

"ဘာဖြစ်လို့လဲ ထက်ဘုန်းက"

"ဪ ကြည့်မှာသာကြည့်လိုက်စမ်းပါကွာ"

"ဘယ်လိုဖြစ်လို့သူ့မျက်နှာကဆူပုတ်......။အာ လက်စသတ်တော့ ငါတို့ရဲ့ထက်ဘုန်းညီကြီးက သဝန်တွေစွတ်တိုနေတာပဲ"

"ဟုတ်ပါ့ကွာ ဘေးမှာလူတွေရှိနေမှန်းရောသတိထားမိရဲ့လားမသိဘူး ဟားဟား"

"ငါလေအခုထိမယုံနိုင်သေးဘူး။ထက်ဘုန်းကဆောင်းဦးကိုအတည်ကြီးချစ်သွားလိမ့်မယ်လို့"

"အေးကွာ အစကစိတ်ဝင်စားတယ်ဆိုရင်တောင် ဒီအတိုင်းစိတ်ကစားတာဖြစ်လိမ့်မယ်လို့ထင်ထားတာ၊အခုကျတော့ ဆောင်းဦးကြောင့် သူ့အကျင့်တွေပါပြင်နေပြီ။ဒီကောင်အဲ့လောက်တောင်ဖြစ်သွားလိမ့်မယ်လို့ငါထင်ကိုမထင်ထားဘူး"

"ဘာပဲဖြစ်ဖြစ်တော်သေးတာပေါ့ကွာ။နောက်ဆုံးတော့ ထက်ဘုန်းညီကိုပြောင်းလဲပေးမယ့်သူပေါ်လာခဲ့လို့"

"ထက်ဘုန်းတို့အဖွဲ့အသင့်ပြင်ထားမယ်နော်"

ဆရာမ၏အသိပေးသံကြောင့် သူတို့နှစ်ယောက်၏ စကားစပြတ်သွားသည်။ထက်ဘုန်းကသူတို့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် အစမှအဆုံးတိုင်ထက်ဘုန်းတစ်ယောက်တည်းကပဲ တင်ပြမည်ဟုသူတို့ဆုံးဖြတ်ထားကြသည်။

"ထက်ဘုန်း ကောင်းကောင်းလုပ်ခဲ့နော် ဟေ့ရောင်"

"မင်းကလည်းထက်ဘုန်းညီပါကွ။စိတ်မပူနဲ့"

"ဒီကောင်ကတော့အခုချိန်အထိမျက်နှာကပြောင်နိုင်သေးတယ်။မင်းတော်တာငါသိပါတယ် အဲ့လောက်လေကြီးမနေနဲ့စမ်း"

"ဟားဟား အေးပါကွာ။ငါကလည်းဒီတိုင်းပြောပြတာပါ"

သူတို့စကားပြောနေတုန်း ဆောင်းဦးကထက်ဘုန်းကို ခေါ်လိုက်သောကြောင့် သူတို့၏အကြည့်တွေက ဆောင်းဦးဆီကိုစုပြုံရောက်သွားကြသည်။

"ဟို ကိုထက်"

"ဟင်"

"ကိုထက်တော်မှန်းသိပေမယ့်လည်း ကောင်းကောင်းလုပ်ခဲ့နော်"

"အ...အင်းပါ ကိုယ်ကောင်းကောင်းလုပ်ခဲ့မယ် အဟမ်း"

"ဟေ့ရောင် ထက်ဘုန်း ဘယ်လိုဖြစ်လို့ချောင်းတွေဆိုးနေတာတုန်း"

"အေးလေကွာ ဆောင်းဦးကအားပေးနေတာကို ဘယ်လိုဖြစ်လို့စကားတွေထစ်နေတာလဲ"

ကောင်းထက်တို့ကသိသိရက်နဲ့စနေတာကြောင့် ထက်ဘုန်းသူတို့ကို အံကြိတ်ကာပြောလိုက်သည်။

"မင်းတို့နှစ်ကောင်တိုးတိုးနေမလား။ငါ့လက်စာမိချင်လား"

"ငါတို့ဘာမှမပြောမိပါဘူး။ကောင်းထက် မင်းဘာပြောမိလဲ"

"ဟင် ငါလည်းမသိဘူးလေ ထက်ဘုန်းဘာတွေပြောနေမှန်းမသိပါဘူးကွာ"

"အေး အေး ကောင်းတယ် မသိချင်ယောင်ဆောင်နေလိုက်ကြ"

"ဟဲဟဲ ငါတို့ကစတာ စတာ မရည်ရွယ်ပါဘူး"

ထက်ဘုန်းတို့သုံးယောက်ရဲ့စကားဝိုင်းကို နားမလည်ကြသော ဆောင်းဦးနှင်းဖြိုးဉာဏ်ကတော့ မျက်လုံးလေးကလယ်ကလယ်နှင့်။ဟုတ်တယ်လေ သူတို့ပြောတဲ့စကားဝိုင်းထဲဝင်ပါရအောင်လည်း သူတို့ဘာပြောနေကြလဲဆိုတာဆောင်းဦးတို့မှာမသိတာ။အဲ့တော့လည်းဒီတောင်ကြောင်ကြည့်နေရုံပဲတတ်နိုင်တာပေါ့။

ဆရာကထက်ဘုန်းတို့အလှည့်ရောက်သောကြောင့် လာဖို့အချက်ပြရာ စောမြတ်ကထက်ဘုန်းကိုပြောလိုက်သည်။

"ဟိုမှာမင်းအလှည့်ရောက်ပြီ သွားတော့ ဟေ့ရောင် ကောင်းကောင်းလုပ်ခဲ့နော်"

"အေးပါကွာ စိတ်ချ"

"ထက်ဘုန်းညီFighting!!!"

ထက်ဘုန်းသူတို့အားလုံး၏ပုခုံးကိုပုတ်ပေးပြီးနောက် စင်ပေါ်ကိုတက်သွားသည်။ထက်ဘုန်းစင်ပေါ်ရောက်တာနဲ့ တစ်ပြိုင်နက်အကုန်လုံးရဲ့ အကြည့်တွေကလည်းထက်ဘုန်းဆီကိုတန်းခနဲ။ကျောင်းUniformပဲဝတ်ထားတာတောင် ထက်ဘုန်းညီကအားလုံးထဲမှာထင်းနေသည်။တချို့မိန်းကလေးတွေဆို ထက်ဘုန်းကိုကြည့်ကာ တီးတိုးပြောနေကြသည်။

"ဟဲ့ ထက်ဘုန်းညီကချောလိုက်တာဟယ်"

"ဟုတ်ပါ့ဟယ် သူ့လောက်ချောတဲ့သူမျိုးငါတွေ့ကိုမတွေ့ဖူးဘူး"

"အမလေး ငါတော့သူ့ကိုအသေအလဲကိုကြွေနေပြီ"

"ဟဲ ကြည့်ကြပ်ကြွေနော်။ထက်ဘုန်းညီကgayဆိုတာလည်းသတိရဦး"

"သိတယ်ဟဲ့ အဲ့ဒါပဲထပ်ခါထပ်ခါလိုက်သတိပေးမနေနဲ့။သူကgayလည်းချောတယ်လေ အရှခံပြီးတော့ကိုကြွေပစ်ဦးမှာ"

စင်ပေါ်မှာသူတို့group projectအကြောင်းကို စိတ်ပါလက်ပါနှင့်သေချာ ရှင်းပြနေသော ထက်ဘုန်းသည်သိပ်ကိုဆွဲဆောင်မှုရှိလှသည်။ဆောင်းဦးကိုယ်တိုင်လည်း အသိစိတ်မဲ့နေသောသူတစ်ယောက်လို ထက်ဘုန်းကိုငေးကြည့်နေမိသည်။ကိုထက်ကတစ်ခုခုကိုအာရုံစိုက်ထားတဲ့အချိန်ဆို အရမ်းကြည့်လို့ကောင်းတာပဲ။

ထက်ဘုန်းကိုငေးကြည့်နေသော ဆောင်းဦးကိုသတိထားမိသော စောမြတ်ကပြုံးစိစိနှင့် သူ့နားကိုဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။

"ဆောင်းဦး"

"ဟင် စောမြတ်"

"ထက်ဘုန်းကကြည့်လို့ကောင်းတယ်မလား"

"အင်း တော်တော်ကြည့်လို့ကောင်းတယ် ကိုထက်ရဲ့အဲ့လိုပုံစံက"

"အဲ့ဒါဆိုမင်းသူ့ကိုသဘောကျလား"

"သဘောကျတာပေါ့ ကိုထက်ကဒီလောက်ပြီးပြည့်စုံနေတဲ့သူကို ဘယ်သူကသဘောမကျပဲရှိမှာလဲ။ကျွန်တော်ဆိုသူ့ကိုအရမ်းအားကျတာပဲ"

"ငါပြောတာကအဲ့လိုသဘောကျတာမဟုတ်ဘူး။ဟိုလိုသဘောကျတာကိုပြောတာ"

"ဟင် နားမလည်ဘူး"

စောမြတ်စကားလွန်တော့မှာမို့လို့ ကောင်းထက်ကပဲကြားထဲက ဖြတ်ပြောလိုက်ရသည်။

"ဘာမှမဟုတ်ဘူး ဆောင်းဦး။ဒီကောင်အရည်မရအဖတ်မရတွေမေးနေတာ။စောမြတ် ဒီနားလာစမ်း"

"အေး ဘာလဲ"

"ဆောင်းဦးကိုဘာတွေလျှောက်သွားမေးနေတာလဲ။မင်းတော့အလုပ်ခံရတော့မယ်"

"ဟဲဟဲ ငါကသိချင်လို့ဒီတိုင်းမေးကြည့်တာပါ"

"မင်းမေးတာအကြောင်းမဟုတ်ဘူး။ထက်ဘုန်းအတီးခံရလိမ့်မယ် မင်းကတော့လေ"

ကောင်းထက်ကခေါင်းကိုဒေါက်ကနဲခေါက်လိုက်တော့ စောမြတ်ကဆူပုတ်ပုတ်နှင့်ကြည့်လာကာ ကောင်းထက်ဗိုက်ကိုလိမ်ဆွဲလိုက်သည်။

"ဟေ့ကောင် နာတယ်ဟ လွှတ်စမ်း"

"မင်းငါ့ခေါင်းကိုလာခေါက်တာကို ခွေးကောင်ရဲ့"

စောမြတ်ကဗိုက်ကိုနာနာတစ်ချက်လိမ်ဆွဲပြီးမှ လွှတ်ပေးလိုက်တော့ ကောင်းထက်ကသူ့ဗိုက်ကိုသူကိုင်ကာ ရှုံ့မဲ့မဲ့နှင့်ဖြစ်နေသည်။

"ဟုတ်ကဲ့ ကျွန်တော့်ပြောချင်တာကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေ"

'ဖြောင်း ဖြောင်း ဖြောင်း'

ထက်ဘုန်းကအားလုံးကိုနှုတ်ဆက်လိုက်တော့ အခန်းထဲကသူတွေကလက်ခုပ်အကျယ်ကြီးတီးကြသည်။ထက်ဘုန်းကဆရာတွေကိုခါးကိုင်း၍အရိုအသေပြုကာ ကောင်းထက်တို့နားကိုပြန်လာခဲ့သည်။ရောက်ရောက်ချင်းပင် ကောင်းထက်ရဲ့မဲ့နေသောမျက်နှာကြောင့် သူအော်ရီမိသွားသည်။

"ကောင်းထက် မင်းရုပ်ကဘယ်လိုဖြစ်လို့အဲ့လောက်မဲ့နေတာတုန်း"

"ဒီကောင်လေ ငါ့ဗိုက်ကိုလာလိမ်ဆွဲတယ်လေ"

"မင်းငါ့ခေါင်းအရင်ခေါက်တာလည်းထည့်ပြောဦး"

"ကဲ ကဲ တော်ကြတော့ မေးမိတာငါ့အမှား။ဘယ််လိုလဲ ငါတင်ပြသွားတာမိုက်တယ်မလား"

ထက်ဘုန်းကမေးတော့ဖြိုးဉာဏ်ကဝင်ပြောလာသည်။

"ထက်ဘုန်း မင်းအရမ်းတော်တာပဲ။ပြောသွားတဲ့တစ်လျှောက်လုံးအသံကငြိမ်နေတာပဲ"

"ဟီးဟီး ဟုတ်တယ် ကိုထက်။ကိုထက်ကလေစင်ပေါ်မှာအရမ်းကြည့်ကောင်းတာပဲ။ကျွန်တော်ဆိုကိုထက်ကိုအကြည့်မလွှဲနိုင်ဘူး"

"အဟမ်း အဟမ်း"

"အဟွတ် အဟွတ် ပါးစပ်ထဲဖုန်ဝင်သွားလားမသိဘူး။ချောင်းကလည်းလာဆိုးနေတယ် အဟွတ်"

တမင်ချောင်းဆိုးနေသောနှစ်ကောင်ကို ထက်ဘုန်းရိုက်လိုက်ကာ ခေါင်းခါပြလိုက်သည်။နှစ်ကောင်သားကဘယ်လိုတွေတောင်အလိုက်ကမ်းဆိုးမသိကြရတာလဲ။

အဲ့တော့မှနှစ်ယောက်စလုံးကငြိမ်သွားကာ တိတ်တိတ်လေးလက်ဝါးချင်းရိုက်လိုက်ကြသည်။ထက်ဘုန်းညီကိုစရတာလောက်ပျော်စရာကောင်းတာမရှိဘူး။

ထက်ဘုန်းကတော့ဆောင်းဦးဘက်ကိုလှည့်ကာ မျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်ဝန်းနဲ့ကြည့်လာသည်။

"ကိုယ်ကတကယ်ကြည့်ကောင်းတာလား"

"အင်း အများကြီးကြည့်ကောင်းတယ်။ကိုထက်ရဲ့အဲ့လိုပုံစံကိုကျွန်တော်အရမ်းသဘောကျတာပဲ"

ဆောင်းဦးကသဘောရိုးနဲ့ပြောလိုက်ပေမယ့်လည်း ထက်ဘုန်းကတော့ ပြုံးချင်စိတ်ကိုထိန်းကာ မျက်နှာကိုမနည်းတည်ထားရသည်။ကိုယ်သဘောကျနေတဲ့သူကကိုယ့်ကိုချီးကျူးတာကို မပျော်တဲ့သူကဘယ်လိုလုပ်ရှိမလဲ။အခုလောလောဆယ့်သူ့ကိုယ်ကလေပေါ်မြောက်တက်တော့မလိုပဲ။(၁၀)တန်းအောင်စာရင်းထွက်တုန်းက ဆရာတွေချီးကျူးလို့ပျော်ခဲ့တာထက်ကို အခုကအဆပေါင်းများစွာပိုပျော်မိသည်။

ဆောင်းဦးရေ.......ကိုယ်တော့မင်းဆီကိုတစ်နေ့တခြားပိုပိုပြီးနစ်ဝင်လာလို့ဘယ်လိုလုပ်ရမလဲ။

ထက်ဘုန်းတို့အဖွဲ့ပြီးတော့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကဆက်၍သူတို့projectကိုတင်ပြကြသည်။အဖွဲ့(၃၀)လုံးပြီးသွားသည့်နောက်မှာတော့ ဆရာကစင်ပေါ်တက်ကာ သူတို့အားလုံးကိုနှုတ်ဆက်သည်။

"ဒီနေ့တင်ပြသွားတဲ့projectအကုန်လုံးကideaအရမ်းကောင်းတယ်။အကုန်လုံးကိုလည်းဆရာကချီးကျူးပါတယ် မင်းတို့အားလုံးအရမ်းတော်တယ်။Resultကိုတော့ ညနေလောက် notice board မှာကပ်ထားပေးမယ်။အဲ့အချိန်မှသွားကြည့်ကြပေါ့။ကဲ အခုတော့အတန်းပြန်လို့ရပြီ"

ခုံမှာထိုင်နေတဲ့ကျောင်းသားတွေအားလုံးလည်း ဆရာ့ရဲ့စကားဆုံးတာနဲ့ ထိုင်နေရာမှထကာ သူတို့ရဲ့အခန်းဆီကိုပြန်လာခဲ့ကြတော့သည်။

♤♤♤♤♤♤♤♤♤♤

Continuă lectura

O să-ți placă și

352K 24.1K 50
တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျ...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
115K 9.4K 53
Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။
1.1M 28.2K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...