ချစ်သောဗီလိန်လေး 1 (Complete...
By eett97
165K 12.2K 454
ပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို... More
မိတ်ဆက်ခြင်း🙋
ကူးပြောင်းခြင်း
အပိုင်း ၁
အပိုင်း ၂
note
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
တောင်းပန်ခြင်း🙏📨📨
အပိုင်း ၈
အပိုင်း ၉
အကူအညီတောင်းခံခြင်း
အပိုင်း ၁၀
ဇာတ်ကောင်များ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆ (မီး မနီတနီ😅🚨🚨)
အပိုင်း ၁၇ (🚨)
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
ဇာတ်သိမ်းပိုင်း
🔔🔔🔔
အပိုင်း ၆
5.6K 525 21
By eett97
Unicode
နောက်တနေ့တွင် ပိုင်ဝေ့ရှင်း အိပ်ရာမှ အတော်နောက်ကျတဲ့အထိ မနိုးလာချေ။ပြတင်းပေါက်မှတဆင့် နေရောင်ခြည်သည် ကုတင်ပေါ်တွင် ကားကားကြီးအိပ်နေသော သူမရဲ့မျက်နှာပေါ်သို့ ဖြာကျလာသည်။အလင်းစူးစူ၏ဝင်ရောက်လာမှုကြောင့် မဖွင့်ချင်သေးသောမျက်လုံးများကို အတင်းဖွင့်ကာ ကြည့်လိုက်သည်။
ဒီကမ္ဘာကိုစရောက်ပြီးနောက် ပထမဆုံးအနေနဲ့ မနေ့ညက လေ့ကျင့်ခန်းပြင်းပြင်းလုပ်လိုက်တာ သူ့အတွက် အတော်ကို ပင်ပန်းစေသည်။ မူလပိုင်ရှင်သည် သိုင်းပညာလေ့လာမှု အတော်နည်းခဲ့တာပဲ။
ငါလေးက တကယ်ကို မဆိုစလောက်လေး
နည်းနည်းလေးလှုပ်ရှားလိုက်ရသေးတယ်..နာလိုက်တာ ကိုင်ရိုက်ထားသလိုပဲ။ ပိုင်ဝေ့ရှင်း ကုတင်ပေါ်မှ အသာဆင်းလိုက်ကာ ရှောင်ဖေးကို ခေါ်ရန်ပြင်လိုက်တယ်။ ဒီအချိန်ထိ ရှောင်ဖေး သူမကိုဘာလို့လာမနှိုးသေးတာလဲ။
အတွင်းခန်းမှ ထွက်လိုက်တဲ့အခါမှာတော့ ပိုင်ဝေ့ရှင်း တယောက် ကြက်သေသေကာ တောင့်တောင့်ကြီး ရပ်နေမိသည်။ ဟုတ်သည်..... ဇာတ်လိုက် မိန့်မိန့်ကြီးထိုင်ကာ သူမကိုကြည့်နေသည်။ အိပ်စက်မှုညင်သာသော သူမရဲ့အကျင့်ကြောင့် ညအိပ်အတွင်းဝတ်မှာ ခန္ဓာကိုယ်ကို မလုံ့တလုံ့ဖြစ်စေသည်။ ပိုင်ဝေ့ရှင်း.....
""အားးးး ရှင် သူများအခန်းထဲ မနက်စောစောစီးစီး ဘာလာလုပ်ပြန်တာလဲ... ယဥ်ကျေးမှုမရှိဘူးလား.. မိန်းကလေးတယောက်ရဲ့အဆောင်အခန်းကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရမလား."'''ဟု
အရင်ထဲကပိုင်ဆိုင်လာသောမူရင်းအသံဖြင့် လည်ချောင်းကွဲမတတ်အော်ဟစ်လိုက်သည်။
(ရှင်လေးလဲတွေ့တိုင်းသာအော်နေလိုက်🙄)
ရှီဖုန်း မနေ့ညက သူ့အား နှင်ထုတ်လိုက်သည့် သူမကို သိပ်မကျေနပ်သဖြင့် ဒီမနက်ခင်း အိပ်ရာမှ ထချင်း သူမ့အဆောင်ဘက်သို့ သွားလိုက်သည်။အခန်းအပြင်တွင် အခြားအစေခံများသာတွေ့ရပြီး
သူရဲ့အပါးတော်မြဲလေးကိုမတွေ့ရ၍ အခန်းတွင်းသို့ တံခါးအား အသာအယာတွန်းဖွင့် ဝင်လိုက်တယ်။
ပန်းရောင် လွင့်လွင့် လိုက်ကာလေး ချသေးတာတွေ့ရပြီး လှုပ်ရှားမှုလဲမတွေ့ရပဲ
အပြင်မှာစောင့်နေတဲ့သူမရဲ့အစေခံမလေးရဲ့ ပုံစံကြောင့် သူမ အခုထိ မနိုးသေးကြောင်းသိလိုက်ရတယ်။
သူရောက်တာကို အကြောင်းမကြားစေပဲ အတွင်းခန်းသို့ ဝင်ရန်ပြင်လိုက်ရာ တားဆီးချင်ပုံပေါ်နေတဲ့ အစေခံလေးကြောင့် အခန်းအလယ်ရှိ စားပွဲတွင်သာလက်ဖက်ရည်ကြမ်းသောက်ရင်း စောင့်နေလိုက်တယ်။ ခဏအကြာတွင် အပျင်းကြောဆန့်သံ ငြီး​ငြူသံတချို့နဲ့ ထလာသော သူမအားတွေ့လိုက်ရသည်။
ကျန့်ဇီကို အတွင်းခန်းထဲမခေါ်လာမိ၍တော်သေးသည်။ ဘယ်အမျိုးသားအားမြူဆွယ်လိုသည်မသိ.. အတွင်းဝတ်ပါးပါးလေးနဲ့ ကျစ်လစ်တင်းရင်းသောခန္ဓာကိုယ်လေးနဲ့သူမ.. သူ့အားမြင်မှသာ အလန့်တကြားဖြင့် သူမရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးအား ခန်းစီးစနှင့်ကွယ်ကာ သူအား လက်ညှိုးတထိုးထိုးနှင့် အော်ဟစ်ပြန်လေသည်။
(မကြိုက်လို့ပဲနော် နင်ပဲအမွှန်းတင်နေလိုက်)
""မင်းက ငါ့ရဲ့ဇနီးလေ ဒီအိမ်တော်က ငါ့အိမ်တော်
ငါက ဘယ်သူ့ကို ခွင့်ပြုချက်တောင်းရမှာတုန်း"
"ရှောင်ဖေး သူ့ကို မောင်းထုတ်လိုက်... ငါ့ကို အဝတ်အစားပြင်ပေး အခု လာကူညီပေး"
ရှောင်ဖေး သခင်မ့အမိန့်ကို ဘယ်လို ဖယ်ရှားဝံ့အံ့။တဖက်ကလဲ ဘုရင့်သားတော်ဟူသော အိမ်တော်ရဲ့အရှင်သခင်.. အဘယ်သတ္တိဖြင့် မောင်းထုတ်ရမည်နည်း။
" အမြန်ပြင်ဆင်ပြီး ထွက်လာခဲ့... မယ်တော်က နန်းတွင်းကို လာဂါရဝပြုဖို့ အမိန့်မှာလိုက်တယ်... ဒီမနက် သွားရမှာ မင်း အိပ်ရာအခုမှထလို့ နောက်ကျနေပြီ"'မင်းကို စောင့်နေရတာ"
"ရှင့်ကို စောင့်ခိုင်းလား.. ကျမ နေမကောင်းလို့ မလိုက်တော့ဘူး..ပြီးမှ သပ်သပ်လာပြီး ဂါရဝပြုမဲ့အကြောင်းပြောပေး" ''ရှင်အခု ထွက်သွားတော့''
"""အခုချက်ချင်း .. ပြင်ဆင်ပြီး ထွက်လာခဲ့ ခန်းမမှာစောင့်နေမယ်"'''''''
ရှီဖုန်း သူ့အား အပြင်းအထန်နှင်ထုတ်နေသောသူမအား ဆက်ပြီး မနှောက်ယှက်ချင်တော့၍ သူ၏တားမြစ်အဆောင်ရှိရာ ပင်မခန်းမဆောင်သို့ ပြန်လာကာ စောင့်နေလိုက်သည်။ထိုစဥ် တံခါးဝတွင် စောင့်ရသော အိမ်တော်ရဲ့အစေခံတယောက် အပြေးအလွှားရောက်လာသည်။
အစေခံမှ အမောတကောဖြင့်.......
"အရှင့်သား... ဟို ဟို ဟိုလေ.....''''
အရှင့်သားရှေ့တွင် စကားထစ်နေသော အစေခံကြောင့် ကျန့်ဇီမှ မနေနိုင်ပဲ......
""ဘာဖစ်တာလဲ ပြော ''''' ဟု ဝင်ပြောမိသည်။
""အရှင့်သားကို လျှောက်တင်ပါတယ်....
""""ဟို သခင်မလေးလုံဟွာက ရောက်နေပြီး အတင်းဝင်ဖို့လုပ်နေလို့ပါ'''''
ရှီဖုန်း မျက်ခုံးတချက်ပင့်ကာ စဥ်းစားလိုက်တယ်။ မနေ့ညက ကိစ္စကြောင့် ရောက်လာသည်ထင်ပေသည်။ တွေ့ဆုံရန်ချိန်းဆိုထားမှုအား မိမိဘက် မှ မပြောမဆိုပဲ ဖျက်သိမ်းကာ မရောက်ဖစ်ခဲ့ခြင်းဖြစ်သည်။ ရှီဖုန်း အစေခံအား လက်တဖက် ဝေ့ပြကာ ဝင်ခွင့်ပြုခိုင်းလိုက်သည်။
တခဏအကြာတွင် ပန်းရောင်ဖျော့ဖျော့ ဝတ်စုံလေးနှင့် နူးညံ့သိမ်မွေ့စွာ ဝင်လာသော လုံဟွာကို သူ့ရဲ့အစေခံမလေးနှင့်အတူ တွေ့လိုက်ရသည်။ ရောက်ရောက်ချင်းပင် သူ၏လက်တဖက်အား ကိုင်ဆွဲကာ မနေ့ကမရောက်လာမှုအတွက် စိုးရိမ်တကြီးမေးမြန်းပါတော့သည်။
(မူယာမာယာ ပြာယာတသိန်းနဲ့ ချိုအီပစ်လဲပျားရည်မှောက်ကျသောအသံဖြင့် ဖတ်ရန်)
"""""အကိုဖုန်း.... မနေ့က ချိန်းတာကို ဘာလို့ မလာတာလဲဟင် နေမကောင်းလို့လား..ညီမ စောင့်နေတာ အကြာကြီးပဲ အကိုဖုန်း မလာတော့မှ ပြန်သွားတာ... အကြောင်းလဲမကြားပဲနဲ့ဘာဖစ်လို့လဲဟင်... အကို့ဇနီးက ပြသာနာရှာနေလို့လား...အာ့ကြောင့် ညီမက ပြောတာပေါ့ ဧကရီမိဖုရားကို ပြောပြပြီး လမ်းခွဲပါလို့..... အခုတော့ အကို့ကို လိုက်ရှုပ်နေပြီမလား....'''''
" မဟုတ်ပါဘူး... အကို နေသိပ်မကောင်းဖြစ်ချင်သွားလို့ မလာဖစ်တာပါ.... တောင်းပန်ပါတယ် လုံဟွာ"''...... ဟုဆိုကာ သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင်....
ကိုယ်တွေရဲ့မင်းသမီး ညင်သာစွာဖြင့် ကြွချီလာတယ်။ လက်နှစ်ဖက်ဖြင့် အပေါ်ထပ်ဝတ်ရုံအား မက မိန်းကလေးပီသစွာဖြင့် ခုန်ပေါက်ကာဝင်လာသည်။ ပါးစပ်မှလဲ......
""အိမ်ကြီးရှင် အရှင့်သား ကြွချီရန်အသင့်ဖြစ်တော်မူပါသဖြင့် အမှာစကားမပယ်ရှားပဲ အမြန်သွားကြ......ကြ.......အုစ်''
...ပိုင်ဝေ့ရှင်း ပြောလက်စ စကားပင် ထစ်သွားရသည်။ ဘယ်နှယ် နှစ်တသောင်းfaမရှေ့မှာ ပူးကပ်ပြီး သာယာပြနေတဲ့အချစ်မောင်နှံကြောင့် စိတ်ပင်တိုသွားရသည်။ သူများကိုကျ နောက်ကျသလေးဘာလေးနဲ့ အမြန်လုပ်ခိုင်းပြီးတော့ သူကျ တီတီတူးနေတယ်။အတော်တရားတယ်တဲ့လူပဲ ဟမ်.. ငါလေးက ပြောရင်လဲ ရိုက်သတ်နေအုံးမယ်။
ဟူးးး ပြန်တာပဲကောင်းပါတယ်။
ရှီဖုန်း လုံဟွာရဲ့ချွဲနွဲ့မှုကြောင့် အနေခက်နေစဥ်
အခန်းဝသို့ ရောက်လာသောအရိပ်လေးကြောင့် ငေးမောသွားရသည်။ အစိမ်းရောင်နဲ့အဖြူရောင် ယှက်စပ်ထားတဲ့ အနည်းငယ်အောက်ခြေကားသော ဝတ်စုံလေးကိုဝတ်ပြီး အောက်ပိုင်းအစကိဒ ခပ်မြင့်မြင့်မကာ ရှေ့နောက် မကြည့်ပဲ ပြောချင်ရာပြောရင်းဝင်လာသော ပိုင်ဝေ့ရှင်းကို မြင်လိုက်ရာ တွဲထားသောလုံဟွာလက်အား လွတ်ချလိုက်သည်။
လုံဟွာ သူ့လက်ကို လွှတ်ချလိုက်သောရှီဖုန်းကြောင့်
စိတ်ထဲအလိုမကျဖြစ်ကာ သူ့ရဲ့မျက်နှာကိုမော့ကြည့်လိုက်ရာ သူမကိုတောင်မကြည့်ဖူးတဲ့ အမူအရာမျိုးနဲ့ ။
""အကိုဖုန်း... ညမမေးနေတယ်လေ....ဘာလို့မလာတာလဲလို့"'
ပိုင်ဝေ့ရှင်း အခြေအနေမဟန်မှန်းသိ၍......
" ရှင်မအားဘူးဆိုရင်လဲ ကျမပြန်လိုက်အုံးမယ်။ ရှင့်မယ်တော်ကို အကျိုးအကြောင်း ကိုယ့်ဟာကိုယ်ရှင်းပြလိုက်...နှုတ်ဆက်ပါတယ်'''
""နန်းတွင်းထဲဝင်ရမယ် လုံဟွာ မင်းပြန်လိုက်တော့.. နောက် အိမ်တော်ကို အကြောင်းမကြားပဲမလာနဲ့ ကိစ္စရှိရင် ငါလာခဲ့မယ် " '' ကျန့်ဇီ မင်းပြန်ပို့ပေးလိုက်"''
ရှီဖုန်း လုံဟွာအား ပြန်ခိုင်းကာ ပိုင်ဝေ့ရှင်း လက်ကိုဆွဲပြီး အိမ်တော်ရှေ့တွင် အသင့်ပြင်ထားသော မြင်းလှည်းပေါ်သို့တက်လိုက်သည်။ အခုချိန်မှာ လုံဟွာကို ဂရုမစိုက်ပဲ ပိုင်ဝေ့ရှင်းအပေါ် ကောင်းပြနေသော ရှီဖုန်းကြောင့် ပိုင်ဝေ့ရှင်း အတော်ရှော့ရနေလေသည်။
#ဟဲဟဲ upပေးပြီနော် နောက်ကျသွားလို့ တောင်းပန်ပါတယ် ... သူများ ficထဲ ခေါင်းသွားစိုက်နေတာ နှုတ်မရတော့လို့🤣🤣 သူများတွေလို ပုံလေးတွေပြချင်ပေမဲ့ ဘယ်မှာရှာရမလဲမသိလို့ပါ.. အဆင်မပြေမှုများအား တောင်းပန်ပါသည်🙏
ဆားရန်းငဲ😘😘😘😘😘
အများကြီးကြိုးစားထားရဦးမည့်
DZ
..,...........................................
Zawgyi