စေရာ(Complete)

By StarRia19

1.3M 100K 9.5K

Unicode သံစဥ်တွေဟာ တီးခတ်သူရဲ့ စေရာ ကိုလိုက်နာကြတယ်တဲ့။ ဒါဆို ချစ်မိသွားသူတွေကရော? ဘယ်သူ့ စေရာ ကို လိုက်နာကြမ... More

Intro
ခ်စ္ျခင္းႏွင့္ သံေယာစဥ္
အပိုင္း(၁)ေမ်ွာ္လင့္ခ်က္မ်ား ႐ိုက္ခ်ိဳးခံရျခင္း
အပိုင္း(၂)အိပ္မရေသာ နာက်င္ဖြယ္ညတစ္ည
အပိုင္း(၃)ေမာင္က သူ႔ကို အရမ္းမုန္းတယ္တဲ့
အပိုင္း(၄)ေမာင္ ဘာလို႔ ေျပာင္းလဲသြားရတာလဲ
အပိုင္း(၅)ကိုကို ျပန္လာၿပီ
အပိုင္း(၆)ကိုကိုႏွင့္ေမာင္၏ ကြာျခားမႈ
အပိုင္း(၇)နာက်င္သြားရေသာ ႏွလံုးသားတစ္စံု
အပိုင္း(၈)ေမာင့္လုပ္ရပ္ေတြ လြန
အပိုင္း(၉) ထပ္တူနာက်င္ခံစားရျခင္း
အပိုင္း(၁၀)တန္ျပန္မႈ၏ ေစရာ.....။
အပိုင္း(၁၁)ေၾကမြသြားေသာ ဆႏၵငယ္ေလး
အပိုင္း(၁၂)ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလး ႐ွင္သန္ခြင့္ေပးပါ....။
အပိုင္း(၁၃)အိပ္မက္လွလွေလး ဆက္မက္ခြင့္ျပဳပါ...။
အပိုင္း(၁၄)ေမာင့္အေပၚ ယံုၾကည္မႈမ်ား ယိမ္းယိုင္လာၿပီ...။
အပိုင္း(၁၅)မထင္မွတ္ေသာ ဂ႐ုစိုက္မႈေလးမ်ားႏွင့္အတူ ျပန္လည္ ရ႐ွိလိုက္ေသာ ႏွလံုးသားဒ
အပိုင္း(၁၆)ေစတနာမွ ေဝဒနာဆီသို႔
အပိုင္း(၁၇)သံေယာဇဥ္ႏွင့္ ခ်စ္ျခင္းၾကားက ေျမစာပင္ေလး
အပိုင္း(၁၈) အမွတ္တရေလး
အပိုင္း(၁၉)ခံႏိုင္ရည္႐ွိသြားခဲ့ေသာ ႏွလံုးသားဒဏ္ရာ
အပိုင္း(၂၀)ဖုံးကြယ္ထားေသာ ခံစားခ်က္မ်ား
အပိုင္း(၂၁)လက္ေလ်ွာ့လိုက္ၿပီ
အပိုင္း(၂၂)အေမွာင္ထဲက ကာကြယ္မယ့္ သူ
Thadingyut Gift✨✨
အပိုင္း(၂၃)အမုန္းမွသည္ အခ်စ္ဆီသို႔
အပိုင္း(၂၄)မေမ်ွာ္လင့္ထားေသာ ျဖစ္ရပ္မ်ား
အပိုင္း(၂၅)သူ႔အတြက္ဆိုလ်ွင္
အပိုင္း(၂၆)ႏႈတ္ဆက္ျခင္း
အပိုင္း(၂၇)စြန္႔လႊတ္လိုက္ေသာ ႏွလံုးသား
အပိုင္း(၂၈) ခ်န္ရစ္ခဲ့သူ မင္းအဆင္ေျပရဲ႕လား
အပိုင္း(၂၉) ေရြးခ်ယ္ခြင့္
အပိုင္း(၃၀)ခ်စ္ျခင္းအၿပိဳင္
အပိုင္း(၃၂)ခြင့္မလႊတ္ႏိုင္ေသာ
အပိုင္း(၃၃)အတံု႔အလွည့္
အပိုင္း(၃၄)တစ္ေက်ာ့ျပန္
အပိုင္း(၃၅)အေရးအႀကီးဆံုးသူ
အပိုင္း(၃၆)စိတ္မခ်ေလေသာေၾကာင့္...ေမြးရပ္ေျမဆီသို႔
အပိုင္း(၃၇)ခ်စ္ျခင္းကိုယ္စီ၏ ဦးတည္ရာ တစ္ဖက္စြန္းဆီသို႔
အပိုင္း(၃၈)အျမဲ အတူ႐ွိေနေပးပါ
အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း
Next fiction
အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့
အပိုင်း(၄၁)ဝမ်းနည်းမှု လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပြုံးရယ်ခြင်း
အပိုင်း(၄၂)အမှတ်တရများပျောက်ဆုံးခြင်း
အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့
အပိုင်း(၄၄)နာကျင်ရလွန်းသော စွန့်ပစ်ခြင်း
အပိုင်း(၄၅) မထင်မှတ်ထားခဲ့လေသော လွဲမှားခြင်းများ
အပိုင်း(၄၆) ပျော်ရွှင့စေရန် မျှော်လင့်လျက်
အပိုင်း(၄၇) ပျော်ရွှင်ခြင်းနှင့် နာကျင်ရခြင်း
Hello...
အပိုင်း(၄၈)ကိုယ့်ရဲ့မြတ်နိုးရာလေး
အပိုင်း(၄၉)Final 1+2 စေစားသူရဲ့ "စေရာ"
Book📙📙
Attention plz✨✨
New fiction💕
Announcement for book...🤍
For Book 🍁🍁

အပိုင္း(၃၁)မင္းေပးခဲ့ေသာ ဒဏ္ရာ

21K 1.6K 155
By StarRia19

အပိုင်း(၃၁)

မင်းပေးခဲ့သော ဒဏ်ရာ

လွန်းငယ် မျက်နှာတွင် လိမ်းပေးထားသော မိတ်ကပ်များအား စိတ်ရှုပ်သောကြောင့် မိတ်ကပ်ဖျက်ဆေးဖြင့် ဖျက်နေလိုက်သည်။ အနီးသို့ကပ်လာသော ခြေသံဖွဖွကြားလိုက်ရသောကြောင့် စကားလှမ်းပြောလိုက်၏။

"Zeno ငါ့ကို ရေတစ်ခွက်လောက်ယူပေးပါလား...ရေသောက်ချင်လို့"

သို့သော် တဖက်လူဆီမှ တော်တော်ကြာသည်ထိ ဘာပြန်ဖြေကြားသံမှ ထွက်ပေါ်မလာသည့်အပြင် ခြေသံတစ်စွန်းတစမျှပင် မကြားရတော့သောကြောင့် လွန်းငယ် နောက်လှည့်ကြည့်လိုက်မိသည်။

ထင်မှတ်မထားသူ ဖြစ်နေသောကြောင့် လွန်းငယ် အံ့သြထိတ်လန့်သွားရ၏။ ယောင်ယမ်းကာ မျက်နှာအား ထိကြည့်လိုက်တော့ မျက်နှာဖုံးရှိမနေပေ။ မှန်တင်ခုံပေါ်တွင် သူ ချွတ်ထားလိုက်မိသည်။

"မောင် မှန်တယ်...တကယ်ကို လွန်းငယ်ပဲ"

တစ်ဖက်မှ စကားသံထွက်ပေါ်လာသည်နှင့် ချက်ချင်းလွန်းငယ် ငြင်းဆိုစကားဆိုလိုက်သည်။

"ဘယ်က လွန်းငယ်လဲ...မဟုတ်ဘူး...မင်း လူမှားနေပြီ"

တစ်ဖက်လူမှ ရှေ့တစ်လှမ်းတိုးလာသောကြောင့် လွန်းငယ်ချက်ချင်းတားဆီးလိုက်ရ၏။

"ရှေ့မတိုးလာနဲ့နော်...မင်းဘယ်သူလဲ ငါမသိဘူး...ရှေ့ဆက်တိုးလာရင် ငါအော်လိုက်မှာ"

"လွန်းငယ် မောင့်ကို အရမ်းမုန်းနေတာလား"

"ငါ လွန်းငယ် မဟုတ်ဘူး...ငါ့နာမည် Kren"

"မင်းက မောင် ချစ်ရတဲ့ လွန်းငယ်ပါ"

တစ်ဖက်မှ ပြောလာသော စကား။ လွန်းငယ် ကြားလိုက်ရသောစကားအတွက် လှောင်ရယ်, ရယ်လိုက်မိသည်။

"ဟက် ဘယ်က ချစ်ရတဲ့ လွန်းငယ်လဲ...ငါ မသိဘူး...အဲဒီစကားကို ဘာလို့ငါ့လာပြောနေရတာလဲ ဟက်...မင်းဟာသလာလုပ်နေတာလား"

"လွန်းငယ် မောင်...မောင် တောင်းပန်ပါတယ်"

"ငါ မင်းကို ပြောနေတယ်လေ...နားမပါဘူးလား...ငါက လွန်းငယ် မဟုတ်ဘူး Kren လို့"

စိတ်တိုစွာ လွန်းငယ် အော်ပစ်လိုက်သည်။ မတွေ့ချင်သူနှင့် ဒီလောက် မြန်မြန်ပြန်တွေ့ရလိမ့်မည်ဟု သူ တကယ်မထင်ထားမိခဲ့။ အဖြစ်အပျက်များက ခြောက်လကြာနေပြီဖြစ်သော်လည်း သူ၏ရင်ထဲတွင်တော့ မနေ့တနေ့ကလိုပင်။

"ငါ လုံခြုံရေးတွေ မခေါ်ခင် မင်းအခုငါ့အခန်းထဲက ထွက်သွားလိုက်ပါ"

"လွန်းငယ် မင်းစိတ်ပြေမယ်ဆို မောင် ဘာမဆိုလုပ်ပေးနိုင်ပါတယ်...မောင် မင်းကိုအဆုံးရှုံးမခံနိုင်လို့ မောင့်ဆီ ပြန်လာခဲ့ပါ"

"လူလို နားမလည်သူနဲ့လာတွေ့နေတာပဲ...မင်းက ထွက်သွားဆိုတဲ့စကားကို နားမလည်တဲ့သူမို့ ငါမင်းနဲ့ကပ်မတွက်တော့ဘူး...ငါပဲ ထွက်သွားတော့မယ်"

လွန်းငယ် ချက်ချင်းပင် တံခါးပေါက်ရှိရာဆီသွားရန် ဘေးမှကျော်တက်လိုက်တော့ နောက်တွင်ရှိနေသူ၏ လက်တစ်ဖက်အား လှမ်းဆွဲခြင်းကို ခံလိုက်ရသည်။

"ထွက်မသွားပါနဲ့...မောင် မှားမှန်းသိပြီမို့ ထားမသွားပါနဲ့တော့"

ဆွဲထားသော လက်အား ခါထုတ်ပစ်လိုက်သော်လည်း တဖက်မှ အတင်းအကျပ်ဆွဲကိုင်ထားမှုကြောင့် ဘယ်လိုမှ လှုပ်ရှား၍ မရ။

"မင်း ငါလက်ကို အခုလွှတ်လိုက်ပါ...ထပ်ဆွဲထားရင် ငါမင်းကို မုန်းမိလိမ့်မယ်"

စကားသံအဆုံး တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုမှ သူ၏လက်တစ်ဖက်လွတ်မြောက်သွားရသည်။ နောက်သို့တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လွန်းငယ် အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည်။

ကော်ရစ်ဒါအဆုံးထိ လျှောက်ကာ ထောင့်ချိုး နေရာတစ်ခုအရောက် နံရံအား ကျောမှီကာ ထိုင်ချလိုက်၏။

ပါးပြင်ပေါ်စီးကျလာသော မျက်ရည်စက်များ။ လွန်းငယ် အခုချိန်ထိ ဘာကြောင့် မျက်ရည်များ ကျဆင်းနေရသလဲဆိုသည်ကို ကိုယ်တိုင် နားမလည်နိုင်သေးပေ။ ခံစားရသည်များက မျက်နှာလေးမြင်ရုံနှင့်ပင် အသစ်အတိုင်းဒဏ်ရာများအား ပြန်လည်အနာတရဖြစ်စေသည်။

လွှမ်းမိုးနိုင်လွန်းသော ထိုမျက်နှာ။ အိပ်မက်မက်တိုင်း လန့်နိုးကာ ငိုခဲ့မိသည်က အကြိမ်ကြိမ်။ မေ့နိုင်အောင် ကြိုးစားကြည့်သော်လည်း အမှတ်တရများက အချိန်တိုင်း နှိပ်စက်နေခဲ့သည်။

ကျဆင်းနေသော မျက်ရည်များအား စိတ်တိုစွာ မျက်ဝန်းပေါ်လက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်သော်လည်း မျက်ရည်များက ရပ်တန့်မသွားပေ။

ထိုင်နေသော သူ၏ ရှေ့၌ ရပ်တန့်သွားသော ခြေအစုံ။

လွန်းငယ် ခြေအစုံပိုင်ရှင်အား ချက်ချင်း မော့ကြည့်လိုက်မိသည်။

"Kren ဘာဖြစ်တာလဲ...ဘာဖြစ်လို့ ငိုတာလဲ"

စိုးရိမ်စွာ သူ့အား ငုံ့ကြည့်နေသော Zeno။

လွန်းငယ် ချက်ချင်း မတ်တပ်ထရပ်လိုက်၏။

"Zeno ငါလေ ငါအခုပဲ သူနဲ့တွေ့ခဲ့တယ်...သူ အရင်အတိုင်းပဲ...လုံးဝပြောင်းလဲမသွားဘူး...ငါ အခုချိန်ထိ သူ့ကိုတွေ့တိုင်း နာကျင်နေရတုန်းပဲ...ငါ မငိုချင်ဘူး...ငါမပျော့ညံချင်ဘူး...ဒါပေမဲ့လေ ဒီမျက်ရည်တွေ ငါ တားဆီးမရဘူး"

"ဝမ်းနည်းစရာတွေ မတွေးနဲ့တော့နော် Kren...အဲဒါဆို မျက်ရည်တွေ မကျတော့ဘူး"

"သူ ငါ့ကို တောင်းပန်တယ်...သူ့ကို မမုန်းပါနဲ့တော့တဲ့...ငါ သူ့ကို မမုန်းနိုင်ခဲ့ပါဘူး...ငါ့ဘက် တစ်ခါမှ မရှိပေးခဲ့တဲ့ သူ့ကိုတော့ ငါခွင့်မလွှတ်နိုင်သေးဘူး...သူ ငါ့ဘက် တစ်ခါမှရှိမပေးခဲ့ဖူးဘူး Zeno...တစ်ခါလေးတောင်မှ"

Zeno ငိုနေသော Krenအား ပွေ့ဖက်ထားလိုက်သည်။

"အခု မင်းဘက်မှာ ငါရှိနေပြီလေ...ဝမ်းနည်းစရာတွေ မစဉ်းစားနဲ့တော့နော်...အမြဲတမ်း ငါမင်းဘက်က ရပ်တည်ပေးမှာ...မင်းမှားမှားမှန်မှန် ငါမင်းဘက်က ရှိနေပေးပါ့မယ်"

"သူ တစ်ခါလောက်လေး ငါ့ကို လျစ်လျူမရှုဘဲ ဂရုစိုက်ပေးခဲ့ရင်...သူ ကြယ်လွှဲမိုးကို ကာကွယ်ပေးသလို တစ်ခါလောက် ငါ့ကို ကာကွယ်ပေးခဲ့ရင် ငါ သူ့ကို စွန့်ခွာခဲ့မှာ မဟုတ်ဘူး"

Kren ၏ ကျောပြင်အား ခပ်ဖွဖွပုတ်ကာ Zeno နှစ်သိမ့်ပေးလိုက်သည်။ သူတို့၏ သိကျွမ်းမှုသည် ခြောက်လမျှပင် ရှိသေးသော်လည်း တစ်ယောက်အပေါ်တစ်ယောက်ထားရှိသော ဖြူစင်သည့်မေတ္တာများကြောင့် ငယ်ပေါင်းကြီးဖော်များကဲ့သို့ ချစ်ခင်ရင်းနှီးကြသည်။

သူ့အား ယုံကြည်သော Krenက သူနှင့်ခွန်းသုရှင်အကြောင်းများကို လျှို့ဝှက်ချက်မထားဘဲ ပြောပြကာ ခံစားရသည်များအား ရင်ဖွင့်ခဲ့သည်။ Kren ၏ ယုံကြည်မှုအား အလွဲသုံးစား မလုပ်နိုင်သည့် သူက Kren ခံစားချက်များအား မည်သူ့ကိုမှ ပြောမပြခဲ့။ သူ့အား အလုပ်ခန့်ခဲ့သော အလုပ်ရှင် Kren ၏ အကိုကိုပင် တစ်စွန်းတစ်စမျှ ပြောမပြခဲ့ပါ။

"ဘယ်သူမှ ဂရုမစိုက်ရင်တောင် ငါမင်းကို ဂရုစိုက်နေမှာ...မငိုနဲ့တော့နော် တိတ်တော့ Kren...ကြာရင် ခေါင်းတွေကိုက်လာလိမ့်မယ်"

ဖက်ထားသည်မှ ဆွဲခွာလိုက်ပြီး Kren ၏ မျက်ရည်များအား သူ့လက်ဖြင့် သုတ်ပေးလိုက်သည်။

"မငိုနဲ့တော့နော်...ဟိုတယ် ပြန်ပြီးအနားယူမှာမလား...အပြင်မှာ ဟိုတယ်ပြန်ပို့ပေးဖို့ Six စောင့်နေတယ်...ငိုတာကို Six သိလို့မဖြစ်ဘူး...ဂရုစိုက်နော်"

"အင်း"

Kren အဆင်ပြေသည်အထိ Zeno ဘေးနားတွင် စောင့်ပေးနေလိုက်သည်။

"အဆင်ပြေပြီလား...သွားတော့မလား Kren"

"အင်း သွားရအောင်"

Kren ဘေးမှနေ၍ အပြင်ဖက်သို့ Zeno ယှဉ်တွဲထွက်လာခဲ့လိုက်သည်။

ဒဏ်ရာဆိုတာ ကုစားရင်
ပျောက်နိုင်တယ်လို့
လူတွေဟာ ယုံကြည်တတ်ကြတယ်။

တစ်သက်စာ အမာရွတ်ထင်ကျန်နိုင်တဲ့
ဒဏ်ရာတွေကိုတော့
သူတို့ သတိမမူမိကြဘူး။

သို့ မိတ်ဆွေ
တစ်သက်တာ
ရင်ထဲစွဲမြဲနေပါစေ။

ဘယ်သောအခါမှ
ဒဏ်ရာ မပေးမိအောင်
ရှောင်ကြဉ်ပါလေ။

ဒဏ်ရာဟူသည်
ပေးသောသူတွက်
ပြန်ခံစားရတတ်သောကြောင့်ပင်။

*********************

အခန်းတံခါးဖွင့်ကာ ထွက်သွားသော ချစ်ရသူကြောင့် ခွန်းသုရှင် ရင်ထဲ ဝမ်းနည်းမှုတို့ ဖြစ်တည်လာရသည်။

ခြောက်လအတွင်း ဘယ်လောက်တောင် သူ့အား နာကျည်းမုန်းတီးနေခဲ့သနည်း။ မသိသူတစ်ယောက်လို ဆက်ဆံနိုင်သည်အထိ သူ့အပေါ်ချစ်ခြင်းတို့ ကုန်ဆုံးသွားခဲ့ပြီလား။

ရင်တစ်ခုလုံး ပူလောင်ကာ နာကျင်လာရသည်ထိ စိတ်ခံစားမှုတို့ မြင့်တက်လာရသည်။ ချစ်ရလွန်းသူကို သူ လက်မလွှတ်နိုင်ပါ။

အရာအားလုံး စွန့်လွှတ်နိုင်သည်အထိ ချစ်မိသွားခဲ့သူအား သူ အဆုံးရှုံးခံနိုင်တော့မည် မထင်။ ဝေးနေစဉ် ကာလအတွင်း လွန်းငယ် မရှိလျှင် မဖြစ်သော သူ့ဘဝကို သူ ပိုသိလာခဲ့ရသည်။

လွန်းငယ်အပေါ် သူ၏အချစ်တို့ ထိုမျှ နက်ရှိုင်းသွားမည်မှန်း အစကတည်းကသိရှိခဲ့လျှင် သူ၏ ကိစ္စတို့တွင် လွန်းငယ်အား ပါဝင်ပတ်သတ်စေခဲ့လိမ့်မည် မဟုတ်။ ကိုယ့်ကိုကိုယ် နားမလည်နိုင်ခဲ့သော သူ၏ အမှားတို့ကြောင့် ကိုယ်တိုင်လည်း နောင်တရမိခဲ့သည်။

ချစ်သူ၏ အရိပ်မျှပင် သူ အပျောက်ဆုံးမခံနိုင်။ ချစ်ရသူသာ ထပ်၍ ပျောက်ကွယ်သွားခဲ့လျှင်...။

အခန်းတံခါးရှိရာဆီ ပြန်လှည့်ကာ တံခါးဖွင့်၍ ချစ်သူအား ရှာရန် အပြေးထွက်သွားလိုက်လေတော့သည်။

ညအမှောင်ယံ ကိုယ်ဟာ
အလင်းရောင်ကို
အမြဲလိုက်ရှာနေခဲ့တယ်။

ကိုယ့်ရဲ့နေခြည်
မင်း ပြန်လာမယ်ဆို
ပျောက်ကွယ်ရလည်း
ကိုယ် ကျေနပ်ပါတယ်။

ချစ်ရပါသော ချစ်သူ
ကိုယ့်ကမ္ဘာမှာ
မင်း မရှိလို့ မဖြစ်ဘူး။

*******************

လွန်းငယ် အနည်းငယ်သာ လှမ်းတော့သော ကားဆီသို့ သွားရန် ခြေလှမ်းလှမ်းလိုက်စဉ် မြောက်တက်သွားသော ခန္ဓာ​ကိုယ်ကြောင့် အံ့သြထိတ်လန့်သွားရသည်။

ရုတ်တရက် ပွေ့ချီခံလိုက်ရမှုကြောင့် ပွေ့ထားသူအား ကြည့်လိုက်စဉ် သူ ထပ်မတွေ့ချင်သောသူ ဖြစ်နေလေသည်။

"ဘာလုပ်တာလဲ ငါ့ကိုလွှတ်"

သူ့အသံသည် တစ်ဖက်သူနားထဲရောက်ပုံမရပေ။ ရုန်းကန်သော်လည်း အချည်းနှီးသာ။ သူ၏ ကိုယ်အား ပေါ့ပါးသော ငှက်မွှေးကဲ့သို့ ပွေ့မသွားခြင်းကိုသာ ခံလိုက်ရသည်။

ရုတ်တရက်ဆန်လွန်းသောအဖြစ်အပျက်ကြောင့် Zeno ကြောင်အနေမိသည်။ ရှေ့မှထွက်သွားသော နှစ်ယောက်ခပ်လှမ်းလှမ်းရောက်မှသာ သူသတိထားမိသည်။ Kren အား ပွေ့ချီသွားသူ မည်သူမှန်း ခန့်မှန်းမိချိန်တွင် သူ တားဆီးဖို့ မကြိုးစားတော့။

Kren ပြောပြထားသောကြောင့် အကြောင်းစုံသိနေသော သူ့အတွက် Kren ခုလိုခံစားနေရမည့်အစား သူတို့ကြား ပြတ်သားသော အဖြေတစ်ခုပိုရစေချင်သည်။ သူတို့ ထိပ်တိုက်ဖြေရှင်းပြီးချိန်တွင် Kren မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်ဟုလည်း သူ ယုံကြည်သည်။

ကားပေါ်မှဆင်းကာ သူတို့ရှိရာဆီ အပြေးရောက်လာသည့် Six ၏ လက်အား သူ အားကုန်သုံးကာ ဆွဲထားလိုက်မိသည်။

"Zeno ဘာလုပ်တာလဲ...လက်လွှတ်လိုက်စမ်း"

"Six...Kren ကို ခဏလောက် လွှတ်ပေးလိုက်ပါ...အမြဲတမ်း ပုန်းရှောင်နေလို့ မရဘူးလေ...Kren က အရွယ်ရောက်သူတစ်ယောက်ပါ Six..သူ့ ပြသနာကို သူဖြေရှင်းနိုင်ပါလိမ့်မယ်...တခါတလေ ပြသနာဆိုတာက ကာယကံရှင်ကိုယ်တိုင်ဖြေရှင်းမှ ပြေလည်တတ်တာ...ဘေးလူတွေ ဝင်ရှုပ်ရင် ပြသနာပိုဆိုးသွားနိုင်တယ်"

"Zeno မင်းကို ခေါင်းဆောင်အလုပ်ခန့်ထားတာ သခင်လေး Krenကို စောင့်ကြည့်ဖို့...မင်းလုပ်တာမှန်တယ်ထင်နေတာလား"

"Six ငါ တောင်းဆိုတာပါ...Kren အခုဘာမှမဖြစ်စေရဘူး...ငါအာမခံနိုင်တယ်...တစ်ခုခုဖြစ်ရင် ငါတာဝန်ယူမယ်"

Six အား Zeno ဆွဲထားချိန်အတွင်း Krenပါသွားသောကားသည် မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။ Zeno ဆွဲထားသော လက်အား Six ဆွဲဖယ်ကာ ပြောလိုက်၏။

"ကျစ် Zeno မင်းကွာ...အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်"

မျက်နှာငယ်နှင့် Zenoက သူ၏ ခါးရှိအင်္ကျီစအား လက်နှစ်ချောင်းဖြင့် အသာဆွဲကိုင်လာ၏။

"ငါ မင်းကို မင်းစားချင်တာ လိုက်ဝယ်ကျွေးပါ့မယ်...ငါ့ကြောင့်စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့တော့"

"ငါ မင်းလို စားချင်တာစားရရင် ကျေနပ်နေတဲ့သူမျိုး မဟုတ်ဘူး...သခင်လေး Krenကို အဆက်အသွယ်ပြတ်သွားရင် မင်းတာဝန်ယူရမယ်"

အမှားလုပ်ထားတော့ မျက်နှာအောက်ချကာ အပြောအဆိုခံနေလေသည်။ Six ခေါင်းရမ်းကာ ကားဆီသို့ သွားလိုက်သည်။

ကားတံခါးဖွင့်လိုက်ပြီး အဝေးမှ သူ့အား ကြည့်နေသော Zeno အား လှမ်းပြောလိုက်၏။

"ဘာလုပ်နေတာလဲ...အဲမှာပဲ ရပ်နေတော့မှာလား...ကားပေါ်လာတက်"

ဆူငေါက်ခံရသောကြောင့် ဝမ်းနည်းနေပုံရသော မျက်နှာက ချက်ချင်းပင် ပြုံးရွှင်ကာ ကားဆီသို့အပြေးတက်လာသည်။

Six ကားတံခါးပိတ်လိုက်ပြီးနောက် မောင်းသူဘက်အခြမ်းသို့သွား၍ တံခါးဖွင့်ကာ ကားပေါ်တက်ထိုင်လိုက်သည်။

ဖုန်းအားထုတ်ကာ သခင်လေး Kren၏ တည်နေရာအား ရှာကြည့်လိုက်သည်။

တစ်ခုခု ပြသနာဖြစ်ခဲ့ရင်တောင် သူ Zenoအား တာဝန်ယူခိုင်းမည်မဟုတ်ပါ။

ငယ်ရွယ်ကာ ကလေးဆန်သော Zeno က သေချာစဉ်းစားဆင်ခြင်နိုင်မည့်ပုံ မရသေးသောကြောင့်ဟုသာ သူ မှတ်ယူထားလေသည်။

သက်မဲ့စကားလုံးလေးတွေမှာ
အစွမ်းလေးတွေရှိတယ်တဲ့။

လက်တွေ့ဆန်လွန်းသူကိုယ်က
Fairy tale တွေကို မယုံကြည်ခဲ့ဘူး။

မယုံကြည်သူ ကိုယ့်ကို
မင်း လက်တွေ့ပြသခဲ့တယ်။

ကိုယ် မငြင်းဆန်နိုင်တဲ့
မင်းစကားလုံးလေးတွေ အစွမ်းကိုပေါ့။

******************

"Kazuto ငါကြက်ပေါင်းရည် ကိုယ်တိုင်လုပ်လာတာ...သောက်ကြည့်"

Ka-kochan ပေးလာသော ကြက်ပေါင်းရည်အား ယူကာ တစ်ဇွန်းခပ်သောက်ကြည့်လိုက်သည်။

"အရသာ ဘယ်လိုလဲ Kazuto"

တစ်ဇွန်းသောက်ကုန်သွားသော Kazutoက သူ့အား ပြန်ဖြေပေးသည်။

"အင်း မင်းနောက် မလုပ်ကြည့်တော့ရင် ပိုကောင်းမယ်"

Ka-kochan အံသြသွားရပြီး မယုံကြည်နိုင်စွာ Kazuto လက်ထဲမှခွက်အား ယူ၍ တစ်ဇွန်းခပ်သောက်ကြည့်လိုက်သည်။

ချက်ချင်း ပြတင်းပေါက်ဆီ ပြေးကာ ထွေးထုတ်လိုက်ရ၏။

"အဟွတ် အဟွတ် ဘယ်လို အရသာကြီးလဲဟ"

"အင်း မင်းလုပ်ထားတာလေ"

"ငါက မင်းသောက်ရအောင် စေတနာနဲ့လုပ်တာပါ...ခုလို အရသာဆိုးမယ်မှ မထင်တာ"

"ဓားကိုင် ခွဲစိတ်တဲ့လက်က ဘယ်လိုလုပ် ဟင်းချက်တတ်မှာလဲ"

Kazuto စကားကြောင့် Ka-kochan မခံမရပ်နိုင်ဖြစ်သွားရသည်။

"ဟင်းမရပေမဲ့ ငါထမင်းတော့ချက်တတ်ပါတယ်"

"အင်း ငါမှတ်မိသေးတယ်...ငါစာမေးပွဲဖြေတော့ မင်းတို့က စာမေးပွဲဖြေဖို့လိုသေးတယ်လေ...အဲဒီတုန်းက မင်း ငါ့ကွန်ဒိုကိုလာပြီး ထင်တိုင်းကြဲနေတာ...ငါစားရအောင် ထမင်းချက်ပေးမယ်လို့ လေကြီးမိုးကြီးတွေပြောပြီး ဆန်ဆေးတာ...ဆပ်ပြာတွေထည့်ဆေးလို့ ထမင်းတစ်အိုးလုံး ပျက်ဖူးတယ်"

Ka-kochan ရှက်ရယ်ရယ်ကာ ခေါင်းကုတ်မိသွားသည်။

"အဲဒီတစ်ခါပါပဲ...နောက်ပိုင်း ငါချက်တာ အဆင်ပြေတယ်လေ"

"အင်း ရေအချိန်အဆကို တိုင်းတာတဲ့ခွက်နဲ့ သေချာချိန်ပြီးထည့်တာဆိုတော့ အဆင်ပြေပါတယ်"

"ငါက မင်းစားစေချင်လို့ လုပ်ပေးတာ ဘာလို့ အရင်အကြောင်းတွေ လိုက်ဖော်နေတာလဲ"

"မရည်ရွယ်ပါဘူး...စကားဆက်မိသွားလို့"

မျက်နှာသေဖြင့် ပြောနေသူက တမင်ရန်စနေသည်လားဆိုတာ Ka-kochan သေချာမသိတော့။

သူ၏ ဂျူတီကုတ်အတွင်းဖက်တွင် ထည့်ထားသော ဖုန်းမှ အသံမြည်လာသောကြောင့် Ka-kochan ဖုန်းကိုင်လိုက်သည်။

"ဟယ်လို...ဟုတ်ကဲ့....ကျေးဇူးပါ ကျေးဇူးပါ ဒေါက်တာအဲလစ်...တကယ်ကို ပြောမပြတတ်အောင် ဝမ်းသာရတယ်...Kazuto ကြားရင် ပိုဝမ်းသာမှာ...လက်ခံပေးလို့ကျေးဇူးပါ ဒေါက်တာ"

ဖုန်းထဲ သူ၏ နာမည်ပါသောကြောင့် မျက်မှောင်ကြုတ်ကာ မျက်တောင်မခတ်စိုက်ကြည့်နေသောKazutoအား ဖုန်းချပြီးသည်နှင့် Ka-kochan စကားလှမ်းပြောလိုက်သည်။

"ဦးနှောက် ခွဲစိတ်ပါရဂူ ဒေါက်တာအဲလစ်က မင်းကို ခွဲစိတ်ပေးဖို့ လက်ခံလိုက်ပြီတဲ့...သူသာခွဲစိတ်ရင် သေခါနီးလူကိုတောင် သေမင်းလက်ကပြန်လုနိုင်တယ်လို့ နာမည်ကြီးတာ...သေချာပေါက် မင်းခွဲစိတ်မှု အောင်မြင်မှာ စိတ်ချ...အခုကစပြီး သေမယ်ဆိုတဲ့စကားလည်း မပြောနဲ့တော့...ခွဲစိတ်မှုအတွက်လည်း မစိုးရိမ်နဲ့တော့ Kazuto"

"ဒေါက်တာ အဲလစ်...ငါ သူ့ကိုသိတယ်...သူ့ရဲ့ခွဲစိတ်မှုတိုင်း မအောင်မြင်တာ မရှိဖူးဘူး...ဒါပေမဲ့ သူနဲ့ ခွဲစိတ်ချင်သူ အရမ်းများတော့ သူက ငွေကိုအဓိက မထားတော့ဘူး...သူ ခွဲစိတ်ပေးမဲ့သူဆီက လူနာတွေအတွက် အကျိုးတစ်ခုခုရှိမှ ခွဲစိတ်ပေးတယ်လို့ ကြားတယ်...ဘယ်လိုလုပ် သူက ငါ့ခွဲစိတ်မှုကို လက်ခံလိုက်ရတာလဲ"

"ငါသူ့ကို ခဏခဏသွားတွေ့ပြီး သွားတောင်းဆိုလွန်းလို့ပါ...အကြိမ်ရေ မရေတွက်နိုင်အောင် တောင်းဆိုထားလို့...အခု မင်းစဉ်းစားရမှာအဲဒီကိစ္စ မဟုတ်ဘူး...မင်းခွဲစိတ်မယ့်ကိစ္စအရင်စဉ်းစား"

ခွဲစိတ်မည့် ခေါင်းစဉ်သို့ ရောက်လာသည်နှင့် Kazuto ခံစားချက်မရှိသော မျက်နှာဖြင့်ပင် Ka-kochanအား ကြည့်၍ပြောလိုက်သည်။

"ငါပြောပြီးသားပဲ...နောက်လ ငယ်ပြန်လာရင် ခွဲစိတ်မယ်လို့"

"ကျစ် Kazuto...မင်းကလေ တကယ့်တယူသန်ကောင်ပဲ...မင်းကြိုက်သလိုသာလုပ်တော့...ငါ မပြောတော့ဘူး"

Ka-kochan ဒေါသထွက်ကာ အခန်းထဲမှ ချက်ချင်းထွက်လာလိုက်သည်။

သူ ဒေါက်တာအဲလစ် ခွဲစိတ်မှုလက်ခံအောင် လုပ်ပေးခဲ့သော အပေးအယူကိုတော့ အခန်းထဲရှိ တယူသန်တဇွတ်ထိုးသမားက ဘယ်သောအခါမှ သိလိမ့်မည်မဟုတ်။

ဒေါက်တာအဲလစ်၏ လူနာတစ်ယောက်လိုအပ်သော ကျောက်ကပ်နှင့် ကိုက်ညီသည့် သူ၏ ကျောက်ကပ်တခြမ်းအား ခွဲစိတ်ခတန်ဖိုးအဖြစ် အစားထိုးပေးရမည်ကိုတော့ သူ Kazutoအား ဘယ်သောအခါမှ ပြောပြလိမ့်မည်မဟုတ်ပါ။

သူ့အနေဖြင့် Kazuto ဆက်၍ အသက်ရှင်သည်ကို မြင်ရရုံဖြင့်ပင် ကျေနပ်လေသည်။

တောက်ပနေသော ကြယ်လေးတစ်ပွင့်
ဖြူစင်စွာ ငါငေးကြည့်ဖူးတယ်။

ကြယ်ကလေး မှေးမှိန်သွားချိန်
ကြွေကျမှာ ငါစိုးရိမ်ခဲ့တယ်။

လမင်းအလင်းရောင်အောက်
သတိထားမခံရသော ကြယ်ကလေး

ငေးကြည့်နေသူ ငါ့အတွက်
မင်း ဆက်လက် ထွန်းလင်းပေးပါ။

*******************

Ka-kochan အခန်းထဲမှ ထွက်သွားသည်နှင့် စေထားရာ အိပ်ရာထက်မှ ထကာ နံရံကပ်ဗီရိုဆီသွားလိုက်သည်။ ဗီရိုတံခါးအား ဖွင့်ကာ ခေါက်ထားသော အင်္ကျီများအောက် ဝှက်ထားသည့် လော့ကတ်လည်ဆွဲလေးအား ထုတ်ယူလိုက်သည်။

ငယ် သိမ်းထားသော ဆွဲကြိုးလေးအား ငယ် မသိအောင် သူဝှက်ထားမိသည်။ လော့ကတ်ထဲရှိ ပုံက မည်သူ့ပုံမှန်း သူသိချင်သောကြောင့်ပင်။

လော့ကတ်အား ဖွင့်လိုက်တော့ အထဲရှိ ဓာတ်ပုံပိုင်ရှင်သည် ချစ်စရာကောင်းသော ကလေးငယ်လေး။ ခွန်းသုရှင်၏သား သွန်းသုမာန် ဟူသော ကောင်ငယ်လေးဖြစ်နေသည်။

စေထားရာလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ တခြားသူ၏ သားသမီးအပေါ် ငယ် သံယောဇဉ်ကြီးနေခြင်းအား သူ လုံးဝမနှစ်သက်နိုင်။

လော့ကတ်ထဲမှ ဓာတ်ပုံအား သူ ဆွဲထုတ်လိုက်သည်။

ကုတင်ခေါင်းရင်း စင်သို့သွားကာ အံဆွဲဖွင့်၍ မီးခြစ်ထုတ်ယူလိုက်သည်။

မီးခြစ်ခြစ်ကာ ဓာတ်ပုံအား မီးရှို့၍ လောင်ကျွမ်းစေလိုက်သည်။

"ငယ့်အတွက် ဒီကလေးက အဲလောက်ထိ အရေးပါတာလား ငယ်...ခွန်းသုရှင်နဲ့ ဒီကလေး ဘယ်သူကပိုပြီး အရေးပါလောက်မလဲ"

ဓာတ်ပုံလေးသည် မီးတောက်လောင်မှူအား မခံနိုင်စွာ ပြာအသွင်သို့ ပြောင်းလဲသွားလေတော့သည်။

အတ္တဆိုတဲ့မီးတောက်ကို
စမွှေးသူဟာ
ချစ်ခြင်းဆိုတဲ့
ပိုင်ဆိုင်လိုစိတ်ပေါ့။

ကိုယ့်ရဲ့ချစ်ခြင်းဟာ
မင်းပဲ
ကလေးငယ်။

********************

အပိုင္း(၃၁)

မင္းေပးခဲ့ေသာ ဒဏ္ရာ

လြန္းငယ္ မ်က္ႏွာတြင္ လိမ္းေပးထားေသာ မိတ္ကပ္မ်ားအား စိတ္ရႈပ္ေသာေၾကာင့္ မိတ္ကပ္ဖ်က္ေဆးျဖင့္ ဖ်က္ေနလိုက္သည္။ အနီးသို႔ကပ္လာေသာ ေျခသံဖြဖြၾကားလိုက္ရေသာေၾကာင့္ စကားလွမ္းေျပာလိုက္၏။

"Zeno ငါ့ကို ေရတစ္ခြက္ေလာက္ယူေပးပါလား...ေရေသာက္ခ်င္လို႔"

သို႔ေသာ္ တဖက္လူဆီမွ ေတာ္ေတာ္ၾကာသည္ထိ ဘာျပန္ေျဖၾကားသံမွ ထြက္ေပၚမလာသည့္အျပင္ ေျခသံတစ္စြန္းတစမွ်ပင္ မၾကားရေတာ့ေသာေၾကာင့္ လြန္းငယ္ ေနာက္လွည့္ၾကည့္လိုက္မိသည္။

ထင္မွတ္မထားသူ ျဖစ္ေနေသာေၾကာင့္ လြန္းငယ္ အံ့ၾသထိတ္လန႔္သြားရ၏။ ေယာင္ယမ္းကာ မ်က္ႏွာအား ထိၾကည့္လိုက္ေတာ့ မ်က္ႏွာဖုံးရွိမေနေပ။ မွန္တင္ခုံေပၚတြင္ သူ ခြၽတ္ထားလိုက္မိသည္။

"ေမာင္ မွန္တယ္...တကယ္ကို လြန္းငယ္ပဲ"

တစ္ဖက္မွ စကားသံထြက္ေပၚလာသည္ႏွင့္ ခ်က္ခ်င္းလြန္းငယ္ ျငင္းဆိုစကားဆိုလိုက္သည္။

"ဘယ္က လြန္းငယ္လဲ...မဟုတ္ဘူး...မင္း လူမွားေနၿပီ"

တစ္ဖက္လူမွ ေရွ႕တစ္လွမ္းတိုးလာေသာေၾကာင့္ လြန္းငယ္ခ်က္ခ်င္းတားဆီးလိုက္ရ၏။

"ေရွ႕မတိုးလာနဲ႕ေနာ္...မင္းဘယ္သူလဲ ငါမသိဘူး...ေရွ႕ဆက္တိုးလာရင္ ငါေအာ္လိုက္မွာ"

"လြန္းငယ္ ေမာင့္ကို အရမ္းမုန္းေနတာလား"

"ငါ လြန္းငယ္ မဟုတ္ဘူး...ငါ့နာမည္ Kren"

"မင္းက ေမာင္ ခ်စ္ရတဲ့ လြန္းငယ္ပါ"

တစ္ဖက္မွ ေျပာလာေသာ စကား။ လြန္းငယ္ ၾကားလိုက္ရေသာစကားအတြက္ ေလွာင္ရယ္, ရယ္လိုက္မိသည္။

"ဟက္ ဘယ္က ခ်စ္ရတဲ့ လြန္းငယ္လဲ...ငါ မသိဘူး...အဲဒီစကားကို ဘာလို႔ငါ့လာေျပာေနရတာလဲ ဟက္...မင္းဟာသလာလုပ္ေနတာလား"

"လြန္းငယ္ ေမာင္...ေမာင္ ေတာင္းပန္ပါတယ္"

"ငါ မင္းကို ေျပာေနတယ္ေလ...နားမပါဘူးလား...ငါက လြန္းငယ္ မဟုတ္ဘူး Kren လို႔"

စိတ္တိုစြာ လြန္းငယ္ ေအာ္ပစ္လိုက္သည္။ မေတြ႕ခ်င္သူႏွင့္ ဒီေလာက္ ျမန္ျမန္ျပန္ေတြ႕ရလိမ့္မည္ဟု သူ တကယ္မထင္ထားမိခဲ့။ အျဖစ္အပ်က္မ်ားက ေျခာက္လၾကာေနၿပီျဖစ္ေသာ္လည္း သူ၏ရင္ထဲတြင္ေတာ့ မေန႕တေန႕ကလိုပင္။

"ငါ လုံၿခဳံေရးေတြ မေခၚခင္ မင္းအခုငါ့အခန္းထဲက ထြက္သြားလိုက္ပါ"

"လြန္းငယ္ မင္းစိတ္ေျပမယ္ဆို ေမာင္ ဘာမဆိုလုပ္ေပးနိုင္ပါတယ္...ေမာင္ မင္းကိုအဆုံးရႈံးမခံနိုင္လို႔ ေမာင့္ဆီ ျပန္လာခဲ့ပါ"

"လူလို နားမလည္သူနဲ႕လာေတြ႕ေနတာပဲ...မင္းက ထြက္သြားဆိုတဲ့စကားကို နားမလည္တဲ့သူမို႔ ငါမင္းနဲ႕ကပ္မတြက္ေတာ့ဘူး...ငါပဲ ထြက္သြားေတာ့မယ္"

လြန္းငယ္ ခ်က္ခ်င္းပင္ တံခါးေပါက္ရွိရာဆီသြားရန္ ေဘးမွေက်ာ္တက္လိုက္ေတာ့ ေနာက္တြင္ရွိေနသူ၏ လက္တစ္ဖက္အား လွမ္းဆြဲျခင္းကို ခံလိုက္ရသည္။

"ထြက္မသြားပါနဲ႕...ေမာင္ မွားမွန္းသိၿပီမို႔ ထားမသြားပါနဲ႕ေတာ့"

ဆြဲထားေသာ လက္အား ခါထုတ္ပစ္လိုက္ေသာ္လည္း တဖက္မွ အတင္းအက်ပ္ဆြဲကိုင္ထားမႈေၾကာင့္ ဘယ္လိုမွ လႈပ္ရွား၍ မရ။

"မင္း ငါလက္ကို အခုလႊတ္လိုက္ပါ...ထပ္ဆြဲထားရင္ ငါမင္းကို မုန္းမိလိမ့္မယ္"

စကားသံအဆုံး တင္းက်ပ္စြာ ဆုပ္ကိုင္ထားမႈမွ သူ၏လက္တစ္ဖက္လြတ္ေျမာက္သြားရသည္။ ေနာက္သို႔တစ္ခ်က္မွ်ပင္ လွည့္မၾကည့္ဘဲ လြန္းငယ္ အခန္းအျပင္သို႔ထြက္လာခဲ့လိုက္သည္။

ေကာ္ရစ္ဒါအဆုံးထိ ေလွ်ာက္ကာ ေထာင့္ခ်ိဳး ေနရာတစ္ခုအေရာက္ နံရံအား ေက်ာမွီကာ ထိုင္ခ်လိဳက္၏။

ပါးျပင္ေပၚစီးက်လာေသာ မ်က္ရည္စက္မ်ား။ လြန္းငယ္ အခုခ်ိန္ထိ ဘာေၾကာင့္ မ်က္ရည္မ်ား က်ဆင္းေနရသလဲဆိုသည္ကို ကိုယ္တိုင္ နားမလည္နိုင္ေသးေပ။ ခံစားရသည္မ်ားက မ်က္ႏွာေလးျမင္႐ုံႏွင့္ပင္ အသစ္အတိုင္းဒဏ္ရာမ်ားအား ျပန္လည္အနာတရျဖစ္ေစသည္။

လႊမ္းမိုးနိုင္လြန္းေသာ ထိုမ်က္ႏွာ။ အိပ္မက္မက္တိုင္း လန႔္နိုးကာ ငိုခဲ့မိသည္က အႀကိမ္ႀကိမ္။ ေမ့နိုင္ေအာင္ ႀကိဳးစားၾကည့္ေသာ္လည္း အမွတ္တရမ်ားက အခ်ိန္တိုင္း ႏွိပ္စက္ေနခဲ့သည္။

က်ဆင္းေနေသာ မ်က္ရည္မ်ားအား စိတ္တိုစြာ မ်က္ဝန္းေပၚလက္ျဖင့္ ခပ္ၾကမ္းၾကမ္းသုတ္ပစ္ေသာ္လည္း မ်က္ရည္မ်ားက ရပ္တန႔္မသြားေပ။

ထိုင္ေနေသာ သူ၏ ေရွ႕၌ ရပ္တန႔္သြားေသာ ေျခအစုံ။

လြန္းငယ္ ေျခအစုံပိုင္ရွင္အား ခ်က္ခ်င္း ေမာ့ၾကည့္လိုက္မိသည္။

"Kren ဘာျဖစ္တာလဲ...ဘာျဖစ္လို႔ ငိုတာလဲ"

စိုးရိမ္စြာ သူ႕အား ငုံ႕ၾကည့္ေနေသာ Zeno။

လြန္းငယ္ ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္၏။

"Zeno ငါေလ ငါအခုပဲ သူနဲ႕ေတြ႕ခဲ့တယ္...သူ အရင္အတိုင္းပဲ...လုံးဝေျပာင္းလဲမသြားဘူး...ငါ အခုခ်ိန္ထိ သူ႕ကိုေတြ႕တိုင္း နာက်င္ေနရတုန္းပဲ...ငါ မငိုခ်င္ဘူး...ငါမေပ်ာ့ညံခ်င္ဘူး...ဒါေပမဲ့ေလ ဒီမ်က္ရည္ေတြ ငါ တားဆီးမရဘူး"

"ဝမ္းနည္းစရာေတြ မေတြးနဲ႕ေတာ့ေနာ္ Kren...အဲဒါဆို မ်က္ရည္ေတြ မက်ေတာ့ဘူး"

"သူ ငါ့ကို ေတာင္းပန္တယ္...သူ႕ကို မမုန္းပါနဲ႕ေတာ့တဲ့...ငါ သူ႕ကို မမုန္းနိုင္ခဲ့ပါဘူး...ငါ့ဘက္ တစ္ခါမွ မရွိေပးခဲ့တဲ့ သူ႕ကိုေတာ့ ငါခြင့္မလႊတ္နိုင္ေသးဘူး...သူ ငါ့ဘက္ တစ္ခါမွရွိမေပးခဲ့ဖူးဘူး Zeno...တစ္ခါေလးေတာင္မွ"

Zeno ငိုေနေသာ Krenအား ေပြ႕ဖက္ထားလိုက္သည္။

"အခု မင္းဘက္မွာ ငါရွိေနၿပီေလ...ဝမ္းနည္းစရာေတြ မစဥ္းစားနဲ႕ေတာ့ေနာ္...အၿမဲတမ္း ငါမင္းဘက္က ရပ္တည္ေပးမွာ...မင္းမွားမွားမွန္မွန္ ငါမင္းဘက္က ရွိေနေပးပါ့မယ္"

"သူ တစ္ခါေလာက္ေလး ငါ့ကို လ်စ္လ်ဴမရႈဘဲ ဂ႐ုစိုက္ေပးခဲ့ရင္...သူ ၾကယ္လႊဲမိုးကို ကာကြယ္ေပးသလို တစ္ခါေလာက္ ငါ့ကို ကာကြယ္ေပးခဲ့ရင္ ငါ သူ႕ကို စြန႔္ခြာခဲ့မွာ မဟုတ္ဘူး"

Kren ၏ ေက်ာျပင္အား ခပ္ဖြဖြပုတ္ကာ Zeno ႏွစ္သိမ့္ေပးလိုက္သည္။ သူတို႔၏ သိကြၽမ္းမႈသည္ ေျခာက္လမွ်ပင္ ရွိေသးေသာ္လည္း တစ္ေယာက္အေပၚတစ္ေယာက္ထားရွိေသာ ျဖဴစင္သည့္ေမတၱာမ်ားေၾကာင့္ ငယ္ေပါင္းႀကီးေဖာ္မ်ားကဲ့သို႔ ခ်စ္ခင္ရင္းႏွီးၾကသည္။

သူ႕အား ယုံၾကည္ေသာ Krenက သူႏွင့္ခြန္းသုရွင္အေၾကာင္းမ်ားကို လွ်ို႔ဝွက္ခ်က္မထားဘဲ ေျပာျပကာ ခံစားရသည္မ်ားအား ရင္ဖြင့္ခဲ့သည္။ Kren ၏ ယုံၾကည္မႈအား အလြဲသုံးစား မလုပ္နိုင္သည့္ သူက Kren ခံစားခ်က္မ်ားအား မည္သူ႕ကိုမွ ေျပာမျပခဲ့။ သူ႕အား အလုပ္ခန႔္ခဲ့ေသာ အလုပ္ရွင္ Kren ၏ အကိုကိုပင္ တစ္စြန္းတစ္စမွ် ေျပာမျပခဲ့ပါ။

"ဘယ္သူမွ ဂ႐ုမစိုက္ရင္ေတာင္ ငါမင္းကို ဂ႐ုစိုက္ေနမွာ...မငိုနဲ႕ေတာ့ေနာ္ တိတ္ေတာ့ Kren...ၾကာရင္ ေခါင္းေတြကိုက္လာလိမ့္မယ္"

ဖက္ထားသည္မွ ဆြဲခြာလိုက္ၿပီး Kren ၏ မ်က္ရည္မ်ားအား သူ႕လက္ျဖင့္ သုတ္ေပးလိုက္သည္။

"မငိုနဲ႕ေတာ့ေနာ္...ဟိုတယ္ ျပန္ၿပီးအနားယူမွာမလား...အျပင္မွာ ဟိုတယ္ျပန္ပို႔ေပးဖို႔ Six ေစာင့္ေနတယ္...ငိုတာကို Six သိလို႔မျဖစ္ဘူး...ဂ႐ုစိုက္ေနာ္"

"အင္း"

Kren အဆင္ေျပသည္အထိ Zeno ေဘးနားတြင္ ေစာင့္ေပးေနလိုက္သည္။

"အဆင္ေျပၿပီလား...သြားေတာ့မလား Kren"

"အင္း သြားရေအာင္"

Kren ေဘးမွေန၍ အျပင္ဖက္သို႔ Zeno ယွဥ္တြဲထြက္လာခဲ့လိုက္သည္။

ဒဏ္ရာဆိုတာ ကုစားရင္
ေပ်ာက္နိုင္တယ္လို႔
လူေတြဟာ ယုံၾကည္တတ္ၾကတယ္။

တစ္သက္စာ အမာ႐ြတ္ထင္က်န္နိုင္တဲ့
ဒဏ္ရာေတြကိုေတာ့
သူတို႔ သတိမမူမိၾကဘူး။

သို႔ မိတ္ေဆြ
တစ္သက္တာ
ရင္ထဲစြဲၿမဲေနပါေစ။

ဘယ္ေသာအခါမွ
ဒဏ္ရာ မေပးမိေအာင္
ေရွာင္ၾကဥ္ပါေလ။

ဒဏ္ရာဟူသည္
ေပးေသာသူတြက္
ျပန္ခံစားရတတ္ေသာေၾကာင့္ပင္။

*********************

အခန္းတံခါးဖြင့္ကာ ထြက္သြားေသာ ခ်စ္ရသူေၾကာင့္ ခြန္းသုရွင္ ရင္ထဲ ဝမ္းနည္းမႈတို႔ ျဖစ္တည္လာရသည္။

ေျခာက္လအတြင္း ဘယ္ေလာက္ေတာင္ သူ႕အား နာက်ည္းမုန္းတီးေနခဲ့သနည္း။ မသိသူတစ္ေယာက္လို ဆက္ဆံနိုင္သည္အထိ သူ႕အေပၚခ်စ္ျခင္းတို႔ ကုန္ဆုံးသြားခဲ့ၿပီလား။

ရင္တစ္ခုလုံး ပူေလာင္ကာ နာက်င္လာရသည္ထိ စိတ္ခံစားမႈတို႔ ျမင့္တက္လာရသည္။ ခ်စ္ရလြန္းသူကို သူ လက္မလႊတ္နိုင္ပါ။

အရာအားလုံး စြန႔္လႊတ္နိုင္သည္အထိ ခ်စ္မိသြားခဲ့သူအား သူ အဆုံးရႈံးခံနိုင္ေတာ့မည္ မထင္။ ေဝးေနစဥ္ ကာလအတြင္း လြန္းငယ္ မရွိလွ်င္ မျဖစ္ေသာ သူ႕ဘဝကို သူ ပိုသိလာခဲ့ရသည္။

လြန္းငယ္အေပၚ သူ၏အခ်စ္တို႔ ထိုမွ် နက္ရွိုင္းသြားမည္မွန္း အစကတည္းကသိရွိခဲ့လွ်င္ သူ၏ ကိစၥတို႔တြင္ လြန္းငယ္အား ပါဝင္ပတ္သတ္ေစခဲ့လိမ့္မည္ မဟုတ္။ ကိုယ့္ကိုကိုယ္ နားမလည္နိုင္ခဲ့ေသာ သူ၏ အမွားတို႔ေၾကာင့္ ကိုယ္တိုင္လည္း ေနာင္တရမိခဲ့သည္။

ခ်စ္သူ၏ အရိပ္မွ်ပင္ သူ အေပ်ာက္ဆုံးမခံနိုင္။ ခ်စ္ရသူသာ ထပ္၍ ေပ်ာက္ကြယ္သြားခဲ့လွ်င္...။

အခန္းတံခါးရွိရာဆီ ျပန္လွည့္ကာ တံခါးဖြင့္၍ ခ်စ္သူအား ရွာရန္ အေျပးထြက္သြားလိုက္ေလေတာ့သည္။

ညအေမွာင္ယံ ကိုယ္ဟာ
အလင္းေရာင္ကို
အၿမဲလိုက္ရွာေနခဲ့တယ္။

ကိုယ့္ရဲ႕ေနျခည္
မင္း ျပန္လာမယ္ဆို
ေပ်ာက္ကြယ္ရလည္း
ကိုယ္ ေက်နပ္ပါတယ္။

ခ်စ္ရပါေသာ ခ်စ္သူ
ကိုယ့္ကမာၻမွာ
မင္း မရွိလို႔ မျဖစ္ဘူး။

*******************

လြန္းငယ္ အနည္းငယ္သာ လွမ္းေတာ့ေသာ ကားဆီသို႔ သြားရန္ ေျခလွမ္းလွမ္းလိုက္စဥ္ ေျမာက္တက္သြားေသာ ခႏၶာ​ကိုယ္ေၾကာင့္ အံ့ၾသထိတ္လန႔္သြားရသည္။

႐ုတ္တရက္ ေပြ႕ခ်ီခံလိုက္ရမႈေၾကာင့္ ေပြ႕ထားသူအား ၾကည့္လိုက္စဥ္ သူ ထပ္မေတြ႕ခ်င္ေသာသူ ျဖစ္ေနေလသည္။

"ဘာလုပ္တာလဲ ငါ့ကိုလႊတ္"

သူ႕အသံသည္ တစ္ဖက္သူနားထဲေရာက္ပုံမရေပ။ ႐ုန္းကန္ေသာ္လည္း အခ်ည္းႏွီးသာ။ သူ၏ ကိုယ္အား ေပါ့ပါးေသာ ငွက္ေမႊးကဲ့သို႔ ေပြ႕မသြားျခင္းကိုသာ ခံလိုက္ရသည္။

႐ုတ္တရက္ဆန္လြန္းေသာအျဖစ္အပ်က္ေၾကာင့္ Zeno ေၾကာင္အေနမိသည္။ ေရွ႕မွထြက္သြားေသာ ႏွစ္ေယာက္ခပ္လွမ္းလွမ္းေရာက္မွသာ သူသတိထားမိသည္။ Kren အား ေပြ႕ခ်ီသြားသူ မည္သူမွန္း ခန႔္မွန္းမိခ်ိန္တြင္ သူ တားဆီးဖို႔ မႀကိဳးစားေတာ့။

Kren ေျပာျပထားေသာေၾကာင့္ အေၾကာင္းစုံသိေနေသာ သူ႕အတြက္ Kren ခုလိုခံစားေနရမည့္အစား သူတို႔ၾကား ျပတ္သားေသာ အေျဖတစ္ခုပိုရေစခ်င္သည္။ သူတို႔ ထိပ္တိုက္ေျဖရွင္းၿပီးခ်ိန္တြင္ Kren မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ခ်နိဳင္လိမ့္မည္ဟုလည္း သူ ယုံၾကည္သည္။

ကားေပၚမွဆင္းကာ သူတို႔ရွိရာဆီ အေျပးေရာက္လာသည့္ Six ၏ လက္အား သူ အားကုန္သုံးကာ ဆြဲထားလိုက္မိသည္။

"Zeno ဘာလုပ္တာလဲ...လက္လႊတ္လိုက္စမ္း"

"Six...Kren ကို ခဏေလာက္ လႊတ္ေပးလိုက္ပါ...အၿမဲတမ္း ပုန္းေရွာင္ေနလို႔ မရဘူးေလ...Kren က အ႐ြယ္ေရာက္သူတစ္ေယာက္ပါ Six..သူ႕ ျပသနာကို သူေျဖရွင္းနိုင္ပါလိမ့္မယ္...တခါတေလ ျပသနာဆိုတာက ကာယကံရွင္ကိုယ္တိုင္ေျဖရွင္းမွ ေျပလည္တတ္တာ...ေဘးလူေတြ ဝင္ရႈပ္ရင္ ျပသနာပိုဆိုးသြားနိုင္တယ္"

"Zeno မင္းကို ေခါင္းေဆာင္အလုပ္ခန႔္ထားတာ သခင္ေလး Krenကို ေစာင့္ၾကည့္ဖို႔...မင္းလုပ္တာမွန္တယ္ထင္ေနတာလား"

"Six ငါ ေတာင္းဆိုတာပါ...Kren အခုဘာမွမျဖစ္ေစရဘူး...ငါအာမခံနိုင္တယ္...တစ္ခုခုျဖစ္ရင္ ငါတာဝန္ယူမယ္"

Six အား Zeno ဆြဲထားခ်ိန္အတြင္း Krenပါသြားေသာကားသည္ ျမင္ကြင္းမွေပ်ာက္ကြယ္သြားေတာ့သည္။ Zeno ဆြဲထားေသာ လက္အား Six ဆြဲဖယ္ကာ ေျပာလိုက္၏။

"က်စ္ Zeno မင္းကြာ...အရမ္းစိတ္ရႈပ္ဖို႔ေကာင္းတယ္"

မ်က္ႏွာငယ္ႏွင့္ Zenoက သူ၏ ခါးရွိအကၤ်ီစအား လက္ႏွစ္ေခ်ာင္းျဖင့္ အသာဆြဲကိုင္လာ၏။

"ငါ မင္းကို မင္းစားခ်င္တာ လိုက္ဝယ္ေကြၽးပါ့မယ္...ငါ့ေၾကာင့္စိတ္အေႏွာင့္အယွက္ မျဖစ္ပါနဲ႕ေတာ့"

"ငါ မင္းလို စားခ်င္တာစားရရင္ ေက်နပ္ေနတဲ့သူမ်ိဳး မဟုတ္ဘူး...သခင္ေလး Krenကို အဆက္အသြယ္ျပတ္သြားရင္ မင္းတာဝန္ယူရမယ္"

အမွားလုပ္ထားေတာ့ မ်က္ႏွာေအာက္ခ်ကာ အေျပာအဆိုခံေနေလသည္။ Six ေခါင္းရမ္းကာ ကားဆီသို႔ သြားလိုက္သည္။

ကားတံခါးဖြင့္လိုက္ၿပီး အေဝးမွ သူ႕အား ၾကည့္ေနေသာ Zeno အား လွမ္းေျပာလိုက္၏။

"ဘာလုပ္ေနတာလဲ...အဲမွာပဲ ရပ္ေနေတာ့မွာလား...ကားေပၚလာတက္"

ဆူေငါက္ခံရေသာေၾကာင့္ ဝမ္းနည္းေနပုံရေသာ မ်က္ႏွာက ခ်က္ခ်င္းပင္ ၿပဳံး႐ႊင္ကာ ကားဆီသို႔အေျပးတက္လာသည္။

Six ကားတံခါးပိတ္လိုက္ၿပီးေနာက္ ေမာင္းသူဘက္အျခမ္းသို႔သြား၍ တံခါးဖြင့္ကာ ကားေပၚတက္ထိုင္လိုက္သည္။

ဖုန္းအားထုတ္ကာ သခင္ေလး Kren၏ တည္ေနရာအား ရွာၾကည့္လိုက္သည္။

တစ္ခုခု ျပသနာျဖစ္ခဲ့ရင္ေတာင္ သူ Zenoအား တာဝန္ယူခိုင္းမည္မဟုတ္ပါ။

ငယ္႐ြယ္ကာ ကေလးဆန္ေသာ Zeno က ေသခ်ာစဥ္းစားဆင္ျခင္နိုင္မည့္ပုံ မရေသးေသာေၾကာင့္ဟုသာ သူ မွတ္ယူထားေလသည္။

သက္မဲ့စကားလုံးေလးေတြမွာ
အစြမ္းေလးေတြရွိတယ္တဲ့။

လက္ေတြ႕ဆန္လြန္းသူကိုယ္က
Fairy tale ေတြကို မယုံၾကည္ခဲ့ဘူး။

မယုံၾကည္သူ ကိုယ့္ကို
မင္း လက္ေတြ႕ျပသခဲ့တယ္။

ကိုယ္ မျငင္းဆန္နိုင္တဲ့
မင္းစကားလုံးေလးေတြ အစြမ္းကိုေပါ့။

******************

"Kazuto ငါၾကက္ေပါင္းရည္ ကိုယ္တိုင္လုပ္လာတာ...ေသာက္ၾကည့္"

Ka-kochan ေပးလာေသာ ၾကက္ေပါင္းရည္အား ယူကာ တစ္ဇြန္းခပ္ေသာက္ၾကည့္လိုက္သည္။

"အရသာ ဘယ္လိုလဲ Kazuto"

တစ္ဇြန္းေသာက္ကုန္သြားေသာ Kazutoက သူ႕အား ျပန္ေျဖေပးသည္။

"အင္း မင္းေနာက္ မလုပ္ၾကည့္ေတာ့ရင္ ပိုေကာင္းမယ္"

Ka-kochan အံၾသသြားရၿပီး မယုံၾကည္နိုင္စြာ Kazuto လက္ထဲမွခြက္အား ယူ၍ တစ္ဇြန္းခပ္ေသာက္ၾကည့္လိုက္သည္။

ခ်က္ခ်င္း ျပတင္းေပါက္ဆီ ေျပးကာ ေထြးထုတ္လိုက္ရ၏။

"အဟြတ္ အဟြတ္ ဘယ္လို အရသာႀကီးလဲဟ"

"အင္း မင္းလုပ္ထားတာေလ"

"ငါက မင္းေသာက္ရေအာင္ ေစတနာနဲ႕လုပ္တာပါ...ခုလို အရသာဆိုးမယ္မွ မထင္တာ"

"ဓားကိုင္ ခြဲစိတ္တဲ့လက္က ဘယ္လိုလုပ္ ဟင္းခ်က္တတ္မွာလဲ"

Kazuto စကားေၾကာင့္ Ka-kochan မခံမရပ္နိုင္ျဖစ္သြားရသည္။

"ဟင္းမရေပမဲ့ ငါထမင္းေတာ့ခ်က္တတ္ပါတယ္"

"အင္း ငါမွတ္မိေသးတယ္...ငါစာေမးပြဲေျဖေတာ့ မင္းတို႔က စာေမးပြဲေျဖဖို႔လိုေသးတယ္ေလ...အဲဒီတုန္းက မင္း ငါ့ကြန္ဒိုကိုလာၿပီး ထင္တိုင္းႀကဲေနတာ...ငါစားရေအာင္ ထမင္းခ်က္ေပးမယ္လို႔ ေလႀကီးမိုးႀကီးေတြေျပာၿပီး ဆန္ေဆးတာ...ဆပ္ျပာေတြထည့္ေဆးလို႔ ထမင္းတစ္အိုးလုံး ပ်က္ဖူးတယ္"

Ka-kochan ရွက္ရယ္ရယ္ကာ ေခါင္းကုတ္မိသြားသည္။

"အဲဒီတစ္ခါပါပဲ...ေနာက္ပိုင္း ငါခ်က္တာ အဆင္ေျပတယ္ေလ"

"အင္း ေရအခ်ိန္အဆကို တိုင္းတာတဲ့ခြက္နဲ႕ ေသခ်ာခ်ိန္ၿပီးထည့္တာဆိုေတာ့ အဆင္ေျပပါတယ္"

"ငါက မင္းစားေစခ်င္လို႔ လုပ္ေပးတာ ဘာလို႔ အရင္အေၾကာင္းေတြ လိုက္ေဖာ္ေနတာလဲ"

"မရည္႐ြယ္ပါဘူး...စကားဆက္မိသြားလို႔"

မ်က္ႏွာေသျဖင့္ ေျပာေနသူက တမင္ရန္စေနသည္လားဆိုတာ Ka-kochan ေသခ်ာမသိေတာ့။

သူ၏ ဂ်ဴတီကုတ္အတြင္းဖက္တြင္ ထည့္ထားေသာ ဖုန္းမွ အသံျမည္လာေသာေၾကာင့္ Ka-kochan ဖုန္းကိုင္လိုက္သည္။

"ဟယ္လို...ဟုတ္ကဲ့....ေက်းဇူးပါ ေက်းဇူးပါ ေဒါက္တာအဲလစ္...တကယ္ကို ေျပာမျပတတ္ေအာင္ ဝမ္းသာရတယ္...Kazuto ၾကားရင္ ပိုဝမ္းသာမွာ...လက္ခံေပးလို႔ေက်းဇူးပါ ေဒါက္တာ"

ဖုန္းထဲ သူ၏ နာမည္ပါေသာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ မ်က္ေတာင္မခတ္စိုက္ၾကည့္ေနေသာKazutoအား ဖုန္းခ်ၿပီးသည္ႏွင့္ Ka-kochan စကားလွမ္းေျပာလိုက္သည္။

"ဦးေႏွာက္ ခြဲစိတ္ပါရဂူ ေဒါက္တာအဲလစ္က မင္းကို ခြဲစိတ္ေပးဖို႔ လက္ခံလိုက္ၿပီတဲ့...သူသာခြဲစိတ္ရင္ ေသခါနီးလူကိုေတာင္ ေသမင္းလက္ကျပန္လုနိုင္တယ္လို႔ နာမည္ႀကီးတာ...ေသခ်ာေပါက္ မင္းခြဲစိတ္မႈ ေအာင္ျမင္မွာ စိတ္ခ်...အခုကစၿပီး ေသမယ္ဆိုတဲ့စကားလည္း မေျပာနဲ႕ေတာ့...ခြဲစိတ္မႈအတြက္လည္း မစိုးရိမ္နဲ႕ေတာ့ Kazuto"

"ေဒါက္တာ အဲလစ္...ငါ သူ႕ကိုသိတယ္...သူ႕ရဲ႕ခြဲစိတ္မႈတိုင္း မေအာင္ျမင္တာ မရွိဖူးဘူး...ဒါေပမဲ့ သူနဲ႕ ခြဲစိတ္ခ်င္သူ အရမ္းမ်ားေတာ့ သူက ေငြကိုအဓိက မထားေတာ့ဘူး...သူ ခြဲစိတ္ေပးမဲ့သူဆီက လူနာေတြအတြက္ အက်ိဳးတစ္ခုခုရွိမွ ခြဲစိတ္ေပးတယ္လို႔ ၾကားတယ္...ဘယ္လိုလုပ္ သူက ငါ့ခြဲစိတ္မႈကို လက္ခံလိုက္ရတာလဲ"

"ငါသူ႕ကို ခဏခဏသြားေတြ႕ၿပီး သြားေတာင္းဆိုလြန္းလို႔ပါ...အႀကိမ္ေရ မေရတြက္နိုင္ေအာင္ ေတာင္းဆိုထားလို႔...အခု မင္းစဥ္းစားရမွာအဲဒီကိစၥ မဟုတ္ဘူး...မင္းခြဲစိတ္မယ့္ကိစၥအရင္စဥ္းစား"

ခြဲစိတ္မည့္ ေခါင္းစဥ္သို႔ ေရာက္လာသည္ႏွင့္ Kazuto ခံစားခ်က္မရွိေသာ မ်က္ႏွာျဖင့္ပင္ Ka-kochanအား ၾကည့္၍ေျပာလိုက္သည္။

"ငါေျပာၿပီးသားပဲ...ေနာက္လ ငယ္ျပန္လာရင္ ခြဲစိတ္မယ္လို႔"

"က်စ္ Kazuto...မင္းကေလ တကယ့္တယူသန္ေကာင္ပဲ...မင္းႀကိဳက္သလိုသာလုပ္ေတာ့...ငါ မေျပာေတာ့ဘူး"

Ka-kochan ေဒါသထြက္ကာ အခန္းထဲမွ ခ်က္ခ်င္းထြက္လာလိုက္သည္။

သူ ေဒါက္တာအဲလစ္ ခြဲစိတ္မႈလက္ခံေအာင္ လုပ္ေပးခဲ့ေသာ အေပးအယူကိုေတာ့ အခန္းထဲရွိ တယူသန္တဇြတ္ထိုးသမားက ဘယ္ေသာအခါမွ သိလိမ့္မည္မဟုတ္။

ေဒါက္တာအဲလစ္၏ လူနာတစ္ေယာက္လိုအပ္ေသာ ေက်ာက္ကပ္ႏွင့္ ကိုက္ညီသည့္ သူ၏ ေက်ာက္ကပ္တျခမ္းအား ခြဲစိတ္ခတန္ဖိုးအျဖစ္ အစားထိုးေပးရမည္ကိုေတာ့ သူ Kazutoအား ဘယ္ေသာအခါမွ ေျပာျပလိမ့္မည္မဟုတ္ပါ။

သူ႕အေနျဖင့္ Kazuto ဆက္၍ အသက္ရွင္သည္ကို ျမင္ရ႐ုံျဖင့္ပင္ ေက်နပ္ေလသည္။

ေတာက္ပေနေသာ ၾကယ္ေလးတစ္ပြင့္
ျဖဴစင္စြာ ငါေငးၾကည့္ဖူးတယ္။

ၾကယ္ကေလး ေမွးမွိန္သြားခ်ိန္
ေႂကြက်မွာ ငါစိုးရိမ္ခဲ့တယ္။

လမင္းအလင္းေရာင္ေအာက္
သတိထားမခံရေသာ ၾကယ္ကေလး

ေငးၾကည့္ေနသူ ငါ့အတြက္
မင္း ဆက္လက္ ထြန္းလင္းေပးပါ။

*******************

Ka-kochan အခန္းထဲမွ ထြက္သြားသည္ႏွင့္ ေစထားရာ အိပ္ရာထက္မွ ထကာ နံရံကပ္ဗီရိုဆီသြားလိုက္သည္။ ဗီရိုတံခါးအား ဖြင့္ကာ ေခါက္ထားေသာ အကၤ်ီမ်ားေအာက္ ဝွက္ထားသည့္ ေလာ့ကတ္လည္ဆြဲေလးအား ထုတ္ယူလိုက္သည္။

ငယ္ သိမ္းထားေသာ ဆြဲႀကိဳးေလးအား ငယ္ မသိေအာင္ သူဝွက္ထားမိသည္။ ေလာ့ကတ္ထဲရွိ ပုံက မည္သူ႕ပုံမွန္း သူသိခ်င္ေသာေၾကာင့္ပင္။

ေလာ့ကတ္အား ဖြင့္လိုက္ေတာ့ အထဲရွိ ဓာတ္ပုံပိုင္ရွင္သည္ ခ်စ္စရာေကာင္းေသာ ကေလးငယ္ေလး။ ခြန္းသုရွင္၏သား သြန္းသုမာန္ ဟူေသာ ေကာင္ငယ္ေလးျဖစ္ေနသည္။

ေစထားရာလက္သီးအား က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။ တျခားသူ၏ သားသမီးအေပၚ ငယ္ သံေယာဇဥ္ႀကီးေနျခင္းအား သူ လုံးဝမႏွစ္သက္နိုင္။

ေလာ့ကတ္ထဲမွ ဓာတ္ပုံအား သူ ဆြဲထုတ္လိုက္သည္။

ကုတင္ေခါင္းရင္း စင္သို႔သြားကာ အံဆြဲဖြင့္၍ မီးျခစ္ထုတ္ယူလိုက္သည္။

မီးျခစ္ျခစ္ကာ ဓာတ္ပုံအား မီးရွို႔၍ ေလာင္ကြၽမ္းေစလိုက္သည္။

"ငယ့္အတြက္ ဒီကေလးက အဲေလာက္ထိ အေရးပါတာလား ငယ္...ခြန္းသုရွင္နဲ႕ ဒီကေလး ဘယ္သူကပိုၿပီး အေရးပါေလာက္မလဲ"

ဓာတ္ပုံေလးသည္ မီးေတာက္ေလာင္မႉအား မခံနိုင္စြာ ျပာအသြင္သို႔ ေျပာင္းလဲသြားေလေတာ့သည္။

အတၱဆိုတဲ့မီးေတာက္ကို
စေမႊးသူဟာ
ခ်စ္ျခင္းဆိုတဲ့
ပိုင္ဆိုင္လိုစိတ္ေပါ့။

ကိုယ့္ရဲ႕ခ်စ္ျခင္းဟာ
မင္းပဲ
ကေလးငယ္။

********************

Continue Reading

You'll Also Like

1.1M 46.3K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
979K 62.7K 28
[Unicode]ဒီFicလေးကလည်း သုသုနဲ့ကိုခန့်တို့လိုပါပဲ အရိုတကာ့အရိုဆုံးလေပေါ့နော် ပေါ့ပေါ့ပါးပါးလေးပါပဲ အားပေးကြပါဦးနော်💙 Date - 16.12.2018 [Zawgyi]ဒီFicေ...
841K 47K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
3M 261K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...