Zawgyi
ေကာင္းထက္ႏွင့္ေစာျမတ္တို႔ကလည္း တဝါးဝါးႏွင့္သမ္းေဝရင္း ထက္ဘုန္းဆီကိုေရာက္လာသည္။ႏွစ္ေယာက္စလုံးကလြယ္အိတ္ေတြကို ဆိုဖာေပၚပစ္တင္လိုက္ၿပီးေနာက္ ပ်င္းရိပ်င္းတြဲႏွင့္ဆိုဖာေပၚကိုေျခပစ္လက္ပစ္ထိုင္ခ်လိုက္ၾကေတာ့သည္။
"ေဟ့ေရာင္ ထက္ဘုန္း။သံပုရာရည္ေလးဘာေလးသြားေဖ်ာ္ေပးပါဦး။မေန႔ကေသာက္တာမ်ားၿပီး ေခါင္းမၾကည္လို႔"
"ဟုတ္တယ္။ငါ့ကိုလည္းတစ္ခြက္ေလာက္ေဖ်ာ္ေပးပါလား။ေနာက္က်မွာစိုးလို႔ ႏိုးႏိုးခ်င္းမ်က္ႏွာသစ္ၿပီး ထြက္လာရတာ"
ထက္ဘုန္းစားပြဲေပၚရွိစာအုပ္တစ္အုပ္ကိုလိပ္ကာ ညည္းေနၾကေသာ သေကာင့္သားႏွစ္ေယာက္စလုံးကို႐ိုက္ပစ္လိုက္သည္။
"မင္းတို႔ကပဲညည္းရတယ္ရွိေသးတယ္။ေရာက္လာတဲ့အခ်ိန္ကိုလည္းၾကည့္ဦး"
"မင္းကလည္းကြာ ငါတို႔ဆိုေျပာဖို႔ပဲ။သူငယ္ခ်င္းအခ်င္းခ်င္းပဲကို သြား သြား တစ္ခြက္ေလာက္သြားေဖ်ာ္ေပး"
"ႏွစ္ေကာင္စလုံးကေတာ့ ငါလုပ္လိုက္ရ"
"ကဲ ကဲ ေတာ္ၾကေတာ့ ေတာ္ၾကေတာ့။တစ္ေယာက္နဲ႔တစ္ေယာက္ရန္ျဖစ္မေနၾကနဲ႔။အစ္ကိုပဲသြားေဖ်ာ္ေပးမယ္ ဟုတ္ၿပီလား"
"ဟဲဟဲ အစ္ကိုကအေကာင္းဆုံးပဲ။ေတြ႕လား ထက္ဘုန္း ကိုလရိပ္ကမင္းနဲ႔မ်ားကြာပါ့။မင္းလိုလည္းအက်င့္မပုတ္ဘူး"
"ေတာ္ ေတာ္လိုက္ေတာ့။ငါ့မေကာင္းေၾကာင္းဆက္ေျပာရင္ ႏွစ္ေကာင္စလုံးကိုငါကန္ခ်မိေတာ့မယ္"
ထက္ဘုန္းကႀကဳံးဝါးလိုက္ေတာ့မွ ႏွစ္ေယာက္စလုံးကဇတ္ကေလးပုဝင္ကာ ၿငိမ္သြားလိုက္ၿပီး သြားအၿဖဲသားေလးႏွင့္ရယ္ျပရေတာ့သည္။
ခဏၾကာေတာ့ လရိပ္ကမီးဖိုခန္းထဲကေန ဗန္းေလးတစ္ပန္းကိုင္ကာျပန္ထြက္လာသည္။ထိုဗန္းကိုစားပြဲေပၚတင္လိုက္ၿပီးေတာ့ သံပုရာရည္ႏွစ္ခြက္ကိုယူကာ ေကာင္းထက္ႏွင့္ေစာျမတ္အားေပးလိုက္ၿပီး လိေမၼာ္ရည္ႏွစ္ခြက္ကိုေတာ့ ေဆာင္းဦးႏွင့္ၿဖိဳးဉာဏ္တို႔ေရွ႕ခ်ေပးလိုက္သည္။
"အေအးေသာက္ၿပီးအလုပ္ေကာင္းေကာင္းလုပ္ၾက ဟုတ္ၿပီလား"
"ဟုတ္ ကိုလရိပ္!"
"နားေတြကိုအူသြားတာပဲ ကိုယ္ေတာ္ေလးေလးေယာက္ရယ္။ျဖည္းျဖည္းေျပာလည္းရပါတယ္ကြာ"
"ေက်းဇူးေနာ္ ကိုလရိပ္"
"ရပါတယ္ဗ်ာ ကိုယ္လည္းအခုသြားေတာ့မယ္။လုပ္စရာေတြရွိေသးလို႔။ေနာက္မွထပ္ေတြ႕ၾကတာေပါ့။တာ့တာ"
လရိပ္ကအားလုံးကိုလက္ျပကာ အခန္းထဲမွထြက္သြားေတာ့သည္။ထို႔ေနာက္ေဆာင္းဦးကထက္ဘုန္းနားကိုကပ္ကာေျပာေလသည္။
"ကိုလရိပ္ကခင္ဖို႔ေကာင္းတယ္ေနာ္ ကိုထက္"
"ဟမ္ ဪ အင္း ဟုတ္တယ္။ခင္ဖို႔ေကာင္းတယ္ရိပ္က"
"သေဘာက်လိုက္တာ သူ႔ကို"
"ဘာ!!!"
ထက္ဘုန္းေအာ္လိုက္ေသာေၾကာင့္ ေဆာင္းဦးရဲ႕ကိုယ္ေလး တုန္တက္သြားသည္။သူေျပာတဲ့ထဲမွာအမွားတစ္ခုခုမ်ားပါသြားလို႔လား။
"ကြၽန္......ကြၽန္ေတာ္ေျပာတာက ကိုလရိပ္ရဲ႕စိတ္သေဘာထားကိုသေဘာက်တယ္လို႔ ေျပာ.....ေျပာတာပါ။ကြၽန္ေတာ္ေျပာတာတစ္ခုခုမ်ားမွားသြားလို႔လားဟင္"
"အဟမ္း သိပါတယ္ မမွားပါဘူး။ငါလည္းဘာေျပာလို႔လဲ။ထားေတာ့ အခုအလုပ္လုပ္ၾကမယ္။လာမယ့္အပတ္presentationရွိတာမို႔လို႔ ဒီေန႔အၿပီးလုပ္ရမယ္။မနက္ျဖန္ကtrainingရွိေသးေတာ့ အခ်ိန္သိပ္ရမွာ မဟုတ္ဘူး"
"ဟုတ္ကဲ့ ကိုထက္"
"သံပုရာရည္ေသာက္ေနတဲ့ႏွစ္ေကာင္။ျမန္ျမန္ေသာက္ၿပီးျမန္ျမန္အလုပ္လုပ္မယ္။မင္းတို႔ႏွစ္ေကာင္ကိုေစာင့္ေနရတာကတစ္လုပ္ပဲ တကယ္"
"ဟုတ္ကဲ့ပါ ကိုထက္ဘုန္းညီခင္ဗ်။ကြၽန္ေတာ္တို႔ျမန္ျမန္ေသာက္လိုက္ပါ့မယ္ခင္ဗ်"
ေကာင္းထက္က႐ြဲ႕ေျပာေတာ့ ထက္ဘုန္းကသူ႔ေဘးနားရွိ ေခါင္းအုံးကိုေကာင္းထက္အားပစ္ေပါက္လိုက္သည္။
"ဒီေခြးေကာင္ေတာ့ ငါ့ကိုလာ႐ြဲ႕ေနတယ္"
"မင္းကပြစိပြစိနဲ႔ေျပာေနတာကို အေဒၚႀကီးအတိုင္းပဲ။ငါ့အေမနဲ႔ဘာမ်ားေတာ္လဲမသိဘူး စကားမ်ားလိုက္တာမွလြန္ေရာ"
ထက္ဘုန္းသူတို႔ႏွစ္ေယာက္ကိုဘာမွမေျပာေတာ့ဘဲ လ်စ္လ်ဴသာရႈထားလိုက္သည္။ဒီႏွစ္ေကာင္ကသူေျပာလို႔ရမည့္အထဲမွာလည္းပါမည့္ပုံမေပၚ။အခုသံပုရာရည္ေသာက္ေနတာလဲ ဆယ့္ငါးမိနစ္နီးပါးရွိေနၿပီ။ဘယ္သူကမ်ားသံပုရာရည္ကိုအဲ့ေလာက္ၾကာေအာင္ေသာက္လို႔လဲ။မသိရင္ထက္ဘုန္းကို႐ြဲ႕ေနၾကသလိုပဲ။
"ဟဲဟဲ ေသာက္လို႔ၿပီးသြားၿပီ။ေစာျမတ္ခြက္ေတြကိုအေနာက္ဘက္သြားထားလိုက္"
"မင္းေသာက္တာမင္းသြားေဆးေလ ငါလုပ္လိုက္ရ"
"ဪ ရမလားလို႔ေျပာၾကည့္တာပါကြာ။မင္းကလည္းစိတ္ႀကီးပဲ"
ေကာင္းထက္ကဆူပုတ္ပုတ္ႏွင့္ထကာ မီးဖိုခန္းထဲသို႔သြားၿပီး ခြက္ကိုသြားေဆးသည္။ေစာျမတ္ကလည္းသူေသာက္ၿပီးသားခြက္ိုေဆးၿပီးေတာ့ ထက္ဘုန္းတို႔နားကိုျပန္ေရာက္လာသည္။
"ကဲ ၿပီးၿပီ။အလုပ္စလုပ္လို႔ရၿပီ"
"ေတာ္ေသးတာေပါ့။ငါကမင္းတို႔ဒီေန႔သံပုရာရည္မ်ားေသာက္လို႔ၿပီးမွာလားဆိုၿပီး စိုးရိမ္ေနတာ
ၿဖိဳးဉာဏ္႐ႊတ္ေနာက္ေနာက္နဲ႔စလိုက္ေတာ့ ႏွစ္ေယာက္စလုံး၏မ်က္ႏွာက မဲက်သြားသည္။ေဆာင္းဦးကအဲ့ဒါကိုေတြ႕ေတာ့ ၿဖိဳးဉာဏ္နားကိုကပ္ကာ ခပ္တိုးတိုးေျပာလိုက္သည္။
"မင္းကလည္း သူမ်ားကိုအဲ့လိုမေျပာရဘူးေလ"
"ငတုံးရဲ႕ စတာကိုစမွန္းသိေလ ကိုေဆာင္းဦးစက္ရဲ႕။အသက္ကပဲ ၁၉ေရာက္ေတာ့မွာကို အခုထိတုံးေနတုန္းလား"
ၿဖိဳးဉာဏ္ကေဆာင္းဦးကိုေခါင္းေခါက္လိုက္ေတာ့ ထက္ဘုန္းရဲ႕မ်က္ေစာင္းက သူ႔ဆီကိုတန္းကနဲပင္။ေဆာင္းဦးႏွင့္ၿဖိဳးဉာဏ္ကေတာ့ မျမင္လိုက္ေပမယ့္ ျမင္လိုက္ရေသာ ေကာင္းထက္တို႔ႏွစ္ေယာက္ကေတာ့ ေခါင္းခ်င္းဆိုင္ကာ တိုးတိုးေျပာရင္းႀကိတ္ရီေနၾကေလသည္။
"ေကာင္းထက္ မင္းေတြ႕လိုက္လား"
"ေတြ႕လိုက္တာေပါ့ ေသခ်ာေပါက္"
"ထက္ဘုန္းမ်က္ႏွာႀကီးကမဲ့႐ြဲ႕ေနတာပဲ"
"ဟုတ္ပါ့ကြာ မ်က္ေစာင္းထိုးတာကလည္းၿဖိဳးဉာဏ္ျပာက်ေလာက္တယ္။ငါရီခ်င္ေနၿပီမရေတာ့ဘူး ဟားဟားဟား"
"ေဟ့ေကာင္ တိုးတိုးရီဟ။ထက္ဘုန္းကေဘးမွာထိုင္ေနတယ္ေလ"
"မင္းတို႔ႏွစ္ေကာင္တိုးတိုးတိုးတိုးနဲ႔ဘာေတြေျပာေနၾကတာလဲ"
"ဪ ဘာမွမဟုတ္ပါဘူး ဒီတိုင္းပဲ ဟဲဟဲ"
"အင္း ထားပါေတာ့ စကားမ်ားတာေတြရပ္ၿပီး အတည္အလုပ္စလုပ္ရေအာင္။မဟုတ္ရင္ဒီေန႔ၿပီးေတာ့မွာမဟုတ္ဘူး"
ေဆာင္းဦးတို႔ေလးေယာက္လည္း ထက္ဘုန္း၏အေျပာကိုေထာက္ခံကာ laptopကိုယ္စီဖြင့္ၿပီး projectကိစၥအတြက္ တစ္ဖန္ျပန္လည္ေဆြးေႏြးၾကေတာ့သည္။Deadlineကနီးေနၿပီျဖစ္သည့္အတြက္ သူတို႔လည္းဒီရက္ပိုင္းေတာ္ေတာ္ေလးအလုပ္ရႈပ္ေနသည္။ဒီေန႔တစ္ရက္trainingမရွိလို႔ေတာ္ေသးသည္ဟုေျပာရမည္။
ႏွစ္နာရီေလာက္ဆက္တိုက္ေဆြးေႏြးၿပီးသည့္ေနာက္ သူတို႔ခဏတစ္ျဖဳတ္နားဖို႔ဆုံးျဖတ္လိုက္သည္။ေဆာင္းဦးကမ်က္ေၾကာေတြကိုက္လာသည့္အတြက္ မ်က္မွန္ကိုခြၽတ္လိုက္ကာ လက္ညိဳးႏွင့္လက္မတို႔ျဖင့္သူ႔မ်က္လုလုံးမ်ားကိုႏွိပ္နယ္ေနလိုက္သည္။
"ေဆာင္းဦး မ်က္လုံးကိုက္လို႔လား"
"ဟုတ္ ကြၽန္ေတာ္အခုရက္ပိုင္းပါဝါတိုးလားတာ မ်က္မွန္သြားလဲရမွာကို လဲဖို႔အခ်ိန္မရွိေသးလို႔ တစ္ခုခုကိုအၾကာႀကီးအာ႐ုံစိုက္မိရင္မ်က္လုံးကကိုက္လာတာ"
"ေဆးလိမ္းထားမလား။ကိုယ့္အိပ္ခန္းထဲမွာေဆးသြားယူေပးမယ္"
"ဟုတ္ အဆင္ေျပမယ္ဆိုရင္တစ္ခ်က္ေလာက္"
"အင္း ခဏေနာ္"
ထက္ဘုန္းကသူ႔အခန္းထဲကိုဒုန္းစိုင္းေျပးဝင္သြားကာ စားပြဲေပၚမွာတင္ထားေသာေဆးဘူးကိုသြားယူေပးရွာသည္။ေကာင္းထက္တို႔ကေတာ့ ထက္ဘုန္းေယာက္ယက္ခတ္ေနေသာပုံစံကိုၾကည့္ၿပီး ရီ႐ုံသာတတ္ႏိုင္ေတာ့သည္။ဒီေကာင္ကစိတ္မဝင္စားဘူးသာေျပာတာ ဟိုကေျပာလိုက္တာနဲ႔တစ္ခြန္းတည္းပဲ။
"ေရာ့ ဒီမွာရၿပီ။ကိုယ္လိမ္းေပး......"
ထက္ဘုန္းကေဆးလိမ္းေပးမလို႔ စကားစတုန္းပဲရွိေသး၊ၿဖိဳးဉာဏ္ကေဆးဘူးကိုဆြဲယူကာ ေက်းဇူးတင္စကားေျပာလိုက္ေသာေၾကာင့္ ထက္ဘုန္းမွာနည္းနည္းေအာင့္သက္သက္ျဖစ္သြားသည္။
"ေက်းဇူးေနာ္ ထက္ဘုန္း"
"ရ.....ရပါတယ္"
ထက္ဘုန္းသူ႔႐ုပ္ကို အတတ္ႏိုင္ဆုံးတည္ထားလိုက္ကာ ဆိုဖာေပၚမွာျပန္ထိုင္လိုက္သည္။
"ေဆာင္းဦး ငါ့ဘက္ကိုလွည့္လိုက္။အခုလိုဆိုလိမ္းရတာအဆင္မေျပလို႔"
"အင္း"
ေဆာင္းဦးကေဘးတစ္ေစာင္းထိုင္ကာ ၿဖိဳးဉာဏ္ဘက္သို႔လွည့္လိုက္သည္။ထို႔ေနာက္မ်က္လုံးကိုမွိတ္ထားလိုက္ၿပီး သူေဆးလိမ္းေပးမွာကိုေစာင့္ေနလိုက္သည္။ၿဖိဳးဉာဏ္ကေဆးဘူးထဲမွလိမ္းေဆးနည္းနည္းကို လက္ျဖင့္ယူလိုက္ၿပီးေနာက္ ေဆာင္းဦး၏နားထင္ႏွင့္မ်က္လုံးတို႔ကို ျဖည္းျဖည္းခ်င္းႏွိပ္ေပးေနလိုက္သည္။
"သက္သာလား"
"နည္းနည္း"
"အဲ့ဒါေၾကာင့္မင္းကိုေျပာတယ္။ညဘက္ေတြအထိညဥ့္နက္ေအာင္စာမလုပ္ပါနဲ႔လို႔။မျဖစ္ဘူး ကိုေလျပည့္ကိုေျပာရမယ္"
"မင္းကလည္း အက်င့္မပုတ္နဲ႔ေလ"
"အက်င့္မပုတ္လို႔မရဘူး။ၾကာလာရင္ပုလင္းဖင္ျဖစ္ေတာ့မယ္သိလား။အျပန္က်ရင္ငါနဲ႔မ်က္မွန္ဆိုင္ကိုသြားရမယ္"
"ၿပီးေရာ ၿပီးေရာ"
သူတို႔စကားစျပတ္သြားၿပီးေနာက္ ၿဖိဳးဉာဏ္ကေဆာင္းဦးကိုေဆးဆက္လိမ္းေပးလိုက္သည္။ေကာင္းထက္တို႔ကေတာ့ ၿဖိဳးဉာဏ္ကိုမ်က္ေစာင္းတထိုးထိုးႏွင့္ၾကည့္ေနေသာ ထက္ဘုန္းကိုသာၾကည့္၍ေခါင္းေတြခါေနၾကေတာ့သည္။
သူတို႔ခဏနားၿပီးသြားေတာ့ လက္က်န္အလုပ္ေတြကို အျပတ္ျဖတ္ၾကသည္။အလုပ္အားလုံးနီးပါးၿပီးသြားေတာ့ ေန႔လယ္သုံးနာရီေလာက္ပင္ရွိေနၿပီျဖစ္သည္။
"ဟူး ေနာက္ဆုံးေတာ့အားလုံးၿပီးသြားၿပီ။ပင္ပန္းလိုက္တာ"
"ကိုထက္ အဲ့ဒါဆိုကြၽန္ေတာ္တို႔ျပန္ေတာ့မယ္ေနာ္။မ်က္လုံးပါဝါလည္းသြားစစ္ရဦးမွာဆိုေတာ့ အိမ္ျပန္ေနာက္က်မွာစိုးလို႔"
"ဪ အင္း အင္း ေကာင္းေကာင္းသြားေနာ္"
ထက္ဘုန္းကိုႏႈတ္ဆက္ကာ ေဆာင္းဦးတို႔လည္းထြက္သြားၾကေတာ့သည္။
"ထက္ဘုန္း ငါတို႔လည္း ျပန္....."
"ေနဦး မင္းတို႔ႏွစ္ေယာက္ကမျပန္နဲ႔ဦး။ငါေျပာစရာရွိေသးလို႔"
"ရက္စက္လိုက္တာကြာ။ငါတို႔အခုထိေန႔လယ္စာမစားရေသးဘူးကြ"
"ခဏပဲ ၿပီးရင္ငါမင္းတို႔ႏွစ္ေယာက္ကိုစားခ်င္တာဝယ္ေကြၽးမယ္"
"အင္း အင္း အဲ့ဒါဆိုလည္းၿပီးေရာ။ျမန္ျမန္ေျပာေနာ္ ဗိုက္ကအေသဆာေနၿပီ"
ထက္ဘုန္းရဲ႕စားခ်င္တာဝယ္ေကြၽးမယ္ဆိုေသာစကားေၾကာင့္ ေကာင္းထက္တို႔ႏွစ္ေယာက္သား သူေျပာတာကိုနားေထာင္ေပးရေတာ့သည္။
♤♤♤♤♤♤♤♤♤♤
Unicode
ဆောင်းဦးတို့ရောက်ပြီး နာရီဝက်ကျော်ကျော်လောက်မှ ကောင်းထက်နှင့်စောမြတ်တို့ကလည်း တဝါးဝါးနှင့်သမ်းဝေရင်း ထက်ဘုန်းဆီကိုရောက်လာသည်။နှစ်ယောက်စလုံးကလွယ်အိတ်တွေကို ဆိုဖာပေါ်ပစ်တင်လိုက်ပြီးနောက် ပျင်းရိပျင်းတွဲနှင့်ဆိုဖာပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်ကြတော့သည်။
"ဟေ့ရောင် ထက်ဘုန်း။သံပုရာရည်လေးဘာလေးသွားဖျော်ပေးပါဦး။မနေ့ကသောက်တာများပြီး ခေါင်းမကြည်လို့"
"ဟုတ်တယ်။ငါ့ကိုလည်းတစ်ခွက်လောက်ဖျော်ပေးပါလား။နောက်ကျမှာစိုးလို့ နိုးနိုးချင်းမျက်နှာသစ်ပြီး ထွက်လာရတာ"
ထက်ဘုန်းစားပွဲပေါ်ရှိစာအုပ်တစ်အုပ်ကိုလိပ်ကာ ညည်းနေကြသော သကောင့်သားနှစ်ယောက်စလုံးကိုရိုက်ပစ်လိုက်သည်။
"မင်းတို့ကပဲညည်းရတယ်ရှိသေးတယ်။ရောက်လာတဲ့အချိန်ကိုလည်းကြည့်ဦး"
"မင်းကလည်းကွာ ငါတို့ဆိုပြောဖို့ပဲ။သူငယ်ချင်းအချင်းချင်းပဲကို သွား သွား တစ်ခွက်လောက်သွားဖျော်ပေး"
"နှစ်ကောင်စလုံးကတော့ ငါလုပ်လိုက်ရ"
"ကဲ ကဲ တော်ကြတော့ တော်ကြတော့။တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်မနေကြနဲ့။အစ်ကိုပဲသွားဖျော်ပေးမယ် ဟုတ်ပြီလား"
"ဟဲဟဲ အစ်ကိုကအကောင်းဆုံးပဲ။တွေ့လား ထက်ဘုန်း ကိုလရိပ်ကမင်းနဲ့များကွာပါ့။မင်းလိုလည်းအကျင့်မပုတ်ဘူး"
"တော် တော်လိုက်တော့။ငါ့မကောင်းကြောင်းဆက်ပြောရင် နှစ်ကောင်စလုံးကိုငါကန်ချမိတော့မယ်"
ထက်ဘုန်းကကြုံးဝါးလိုက်တော့မှ နှစ်ယောက်စလုံးကဇတ်ကလေးပုဝင်ကာ ငြိမ်သွားလိုက်ပြီး သွားအဖြဲသားလေးနှင့်ရယ်ပြရတော့သည်။
ခဏကြာတော့ လရိပ်ကမီးဖိုခန်းထဲကနေ ဗန်းလေးတစ်ပန်းကိုင်ကာပြန်ထွက်လာသည်။ထိုဗန်းကိုစားပွဲပေါ်တင်လိုက်ပြီးတော့ သံပုရာရည်နှစ်ခွက်ကိုယူကာ ကောင်းထက်နှင့်စောမြတ်အားပေးလိုက်ပြီး လိမ္မော်ရည်နှစ်ခွက်ကိုတော့ ဆောင်းဦးနှင့်ဖြိုးဉာဏ်တို့ရှေ့ချပေးလိုက်သည်။
"အအေးသောက်ပြီးအလုပ်ကောင်းကောင်းလုပ်ကြ ဟုတ်ပြီလား"
"ဟုတ် ကိုလရိပ်!"
"နားတွေကိုအူသွားတာပဲ ကိုယ်တော်လေးလေးယောက်ရယ်။ဖြည်းဖြည်းပြောလည်းရပါတယ်ကွာ"
"ကျေးဇူးနော် ကိုလရိပ်"
"ရပါတယ်ဗျာ ကိုယ်လည်းအခုသွားတော့မယ်။လုပ်စရာတွေရှိသေးလို့။နောက်မှထပ်တွေ့ကြတာပေါ့။တာ့တာ"
လရိပ်ကအားလုံးကိုလက်ပြကာ အခန်းထဲမှထွက်သွားတော့သည်။ထို့နောက်ဆောင်းဦးကထက်ဘုန်းနားကိုကပ်ကာပြောလေသည်။
"ကိုလရိပ်ကခင်ဖို့ကောင်းတယ်နော် ကိုထက်"
"ဟမ် ဪ အင်း ဟုတ်တယ်။ခင်ဖို့ကောင်းတယ်ရိပ်က"
"သဘောကျလိုက်တာ သူ့ကို"
"ဘာ!!!"
ထက်ဘုန်းအော်လိုက်သောကြောင့် ဆောင်းဦးရဲ့ကိုယ်လေး တုန်တက်သွားသည်။သူပြောတဲ့ထဲမှာအမှားတစ်ခုခုများပါသွားလို့လား။
"ကျွန်......ကျွန်တော်ပြောတာက ကိုလရိပ်ရဲ့စိတ်သဘောထားကိုသဘောကျတယ်လို့ ပြော.....ပြောတာပါ။ကျွန်တော်ပြောတာတစ်ခုခုများမှားသွားလို့လားဟင်"
"အဟမ်း သိပါတယ် မမှားပါဘူး။ငါလည်းဘာပြောလို့လဲ။ထားတော့ အခုအလုပ်လုပ်ကြမယ်။လာမယ့်အပတ်presentationရှိတာမို့လို့ ဒီနေ့အပြီးလုပ်ရမယ်။မနက်ဖြန်ကtrainingရှိသေးတော့ အချိန်သိပ်ရမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ ကိုထက်"
"သံပုရာရည်သောက်နေတဲ့နှစ်ကောင်။မြန်မြန်သောက်ပြီးမြန်မြန်အလုပ်လုပ်မယ်။မင်းတို့နှစ်ကောင်ကိုစောင့်နေရတာကတစ်လုပ်ပဲ တကယ်"
"ဟုတ်ကဲ့ပါ ကိုထက်ဘုန်းညီခင်ဗျ။ကျွန်တော်တို့မြန်မြန်သောက်လိုက်ပါ့မယ်ခင်ဗျ"
ကောင်းထက်ကရွဲ့ပြောတော့ ထက်ဘုန်းကသူ့ဘေးနားရှိ ခေါင်းအုံးကိုကောင်းထက်အားပစ်ပေါက်လိုက်သည်။
"ဒီခွေးကောင်တော့ ငါ့ကိုလာရွဲ့နေတယ်"
"မင်းကပွစိပွစိနဲ့ပြောနေတာကို အဒေါ်ကြီးအတိုင်းပဲ။ငါ့အမေနဲ့ဘာများတော်လဲမသိဘူး စကားများလိုက်တာမှလွန်ရော"
ထက်ဘုန်းသူတို့နှစ်ယောက်ကိုဘာမှမပြောတော့ဘဲ လျစ်လျူသာရှုထားလိုက်သည်။ဒီနှစ်ကောင်ကသူပြောလို့ရမည့်အထဲမှာလည်းပါမည့်ပုံမပေါ်။အခုသံပုရာရည်သောက်နေတာလဲ ဆယ့်ငါးမိနစ်နီးပါးရှိနေပြီ။ဘယ်သူကများသံပုရာရည်ကိုအဲ့လောက်ကြာအောင်သောက်လို့လဲ။မသိရင်ထက်ဘုန်းကိုရွဲ့နေကြသလိုပဲ။
"ဟဲဟဲ သောက်လို့ပြီးသွားပြီ။စောမြတ်ခွက်တွေကိုအနောက်ဘက်သွားထားလိုက်"
"မင်းသောက်တာမင်းသွားဆေးလေ ငါလုပ်လိုက်ရ"
"ဪ ရမလားလို့ပြောကြည့်တာပါကွာ။မင်းကလည်းစိတ်ကြီးပဲ"
ကောင်းထက်ကဆူပုတ်ပုတ်နှင့်ထကာ မီးဖိုခန်းထဲသို့သွားပြီး ခွက်ကိုသွားဆေးသည်။စောမြတ်ကလည်းသူသောက်ပြီးသားခွက်ိုဆေးပြီးတော့ ထက်ဘုန်းတို့နားကိုပြန်ရောက်လာသည်။
"ကဲ ပြီးပြီ။အလုပ်စလုပ်လို့ရပြီ"
"တော်သေးတာပေါ့။ငါကမင်းတို့ဒီနေ့သံပုရာရည်များသောက်လို့ပြီးမှာလားဆိုပြီး စိုးရိမ်နေတာ
ဖြိုးဉာဏ်ရွှတ်နောက်နောက်နဲ့စလိုက်တော့ နှစ်ယောက်စလုံး၏မျက်နှာက မဲကျသွားသည်။ဆောင်းဦးကအဲ့ဒါကိုတွေ့တော့ ဖြိုးဉာဏ်နားကိုကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"မင်းကလည်း သူများကိုအဲ့လိုမပြောရဘူးလေ"
"ငတုံးရဲ့ စတာကိုစမှန်းသိလေ ကိုဆောင်းဦးစက်ရဲ့။အသက်ကပဲ ၁၉ရောက်တော့မှာကို အခုထိတုံးနေတုန်းလား"
ဖြိုးဉာဏ်ကဆောင်းဦးကိုခေါင်းခေါက်လိုက်တော့ ထက်ဘုန်းရဲ့မျက်စောင်းက သူ့ဆီကိုတန်းကနဲပင်။ဆောင်းဦးနှင့်ဖြိုးဉာဏ်ကတော့ မမြင်လိုက်ပေမယ့် မြင်လိုက်ရသော ကောင်းထက်တို့နှစ်ယောက်ကတော့ ခေါင်းချင်းဆိုင်ကာ တိုးတိုးပြောရင်းကြိတ်ရီနေကြလေသည်။
"ကောင်းထက် မင်းတွေ့လိုက်လား"
"တွေ့လိုက်တာပေါ့ သေချာပေါက်"
"ထက်ဘုန်းမျက်နှာကြီးကမဲ့ရွဲ့နေတာပဲ"
"ဟုတ်ပါ့ကွာ မျက်စောင်းထိုးတာကလည်းဖြိုးဉာဏ်ပြာကျလောက်တယ်။ငါရီချင်နေပြီမရတော့ဘူး ဟားဟားဟား"
"ဟေ့ကောင် တိုးတိုးရီဟ။ထက်ဘုန်းကဘေးမှာထိုင်နေတယ်လေ"
"မင်းတို့နှစ်ကောင်တိုးတိုးတိုးတိုးနဲ့ဘာတွေပြောနေကြတာလဲ"
"ဪ ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ ဟဲဟဲ"
"အင်း ထားပါတော့ စကားများတာတွေရပ်ပြီး အတည်အလုပ်စလုပ်ရအောင်။မဟုတ်ရင်ဒီနေ့ပြီးတော့မှာမဟုတ်ဘူး"
ဆောင်းဦးတို့လေးယောက်လည်း ထက်ဘုန်း၏အပြောကိုထောက်ခံကာ laptopကိုယ်စီဖွင့်ပြီး projectကိစ္စအတွက် တစ်ဖန်ပြန်လည်ဆွေးနွေးကြတော့သည်။Deadlineကနီးနေပြီဖြစ်သည့်အတွက် သူတို့လည်းဒီရက်ပိုင်းတော်တော်လေးအလုပ်ရှုပ်နေသည်။ဒီနေ့တစ်ရက်trainingမရှိလို့တော်သေးသည်ဟုပြောရမည်။
နှစ်နာရီလောက်ဆက်တိုက်ဆွေးနွေးပြီးသည့်နောက် သူတို့ခဏတစ်ဖြုတ်နားဖို့ဆုံးဖြတ်လိုက်သည်။ဆောင်းဦးကမျက်ကြောတွေကိုက်လာသည့်အတွက် မျက်မှန်ကိုချွတ်လိုက်ကာ လက်ညိုးနှင့်လက်မတို့ဖြင့်သူ့မျက်လုလုံးများကိုနှိပ်နယ်နေလိုက်သည်။
"ဆောင်းဦး မျက်လုံးကိုက်လို့လား"
"ဟုတ် ကျွန်တော်အခုရက်ပိုင်းပါဝါတိုးလားတာ မျက်မှန်သွားလဲရမှာကို လဲဖို့အချိန်မရှိသေးလို့ တစ်ခုခုကိုအကြာကြီးအာရုံစိုက်မိရင်မျက်လုံးကကိုက်လာတာ"
"ဆေးလိမ်းထားမလား။ကိုယ့်အိပ်ခန်းထဲမှာဆေးသွားယူပေးမယ်"
"ဟုတ် အဆင်ပြေမယ်ဆိုရင်တစ်ချက်လောက်"
"အင်း ခဏနော်"
ထက်ဘုန်းကသူ့အခန်းထဲကိုဒုန်းစိုင်းပြေးဝင်သွားကာ စားပွဲပေါ်မှာတင်ထားသောဆေးဘူးကိုသွားယူပေးရှာသည်။ကောင်းထက်တို့ကတော့ ထက်ဘုန်းယောက်ယက်ခတ်နေသောပုံစံကိုကြည့်ပြီး ရီရုံသာတတ်နိုင်တော့သည်။ဒီကောင်ကစိတ်မဝင်စားဘူးသာပြောတာ ဟိုကပြောလိုက်တာနဲ့တစ်ခွန်းတည်းပဲ။
"ရော့ ဒီမှာရပြီ။ကိုယ်လိမ်းပေး......"
ထက်ဘုန်းကဆေးလိမ်းပေးမလို့ စကားစတုန်းပဲရှိသေး၊ဖြိုးဉာဏ်ကဆေးဘူးကိုဆွဲယူကာ ကျေးဇူးတင်စကားပြောလိုက်သောကြောင့် ထက်ဘုန်းမှာနည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။
"ကျေးဇူးနော် ထက်ဘုန်း"
"ရ.....ရပါတယ်"
ထက်ဘုန်းသူ့ရုပ်ကို အတတ်နိုင်ဆုံးတည်ထားလိုက်ကာ ဆိုဖာပေါ်မှာပြန်ထိုင်လိုက်သည်။
"ဆောင်းဦး ငါ့ဘက်ကိုလှည့်လိုက်။အခုလိုဆိုလိမ်းရတာအဆင်မပြေလို့"
"အင်း"
ဆောင်းဦးကဘေးတစ်စောင်းထိုင်ကာ ဖြိုးဉာဏ်ဘက်သို့လှည့်လိုက်သည်။ထို့နောက်မျက်လုံးကိုမှိတ်ထားလိုက်ပြီး သူဆေးလိမ်းပေးမှာကိုစောင့်နေလိုက်သည်။ဖြိုးဉာဏ်ကဆေးဘူးထဲမှလိမ်းဆေးနည်းနည်းကို လက်ဖြင့်ယူလိုက်ပြီးနောက် ဆောင်းဦး၏နားထင်နှင့်မျက်လုံးတို့ကို ဖြည်းဖြည်းချင်းနှိပ်ပေးနေလိုက်သည်။
"သက်သာလား"
"နည်းနည်း"
"အဲ့ဒါကြောင့်မင်းကိုပြောတယ်။ညဘက်တွေအထိညဉ့်နက်အောင်စာမလုပ်ပါနဲ့လို့။မဖြစ်ဘူး ကိုလေပြည့်ကိုပြောရမယ်"
"မင်းကလည်း အကျင့်မပုတ်နဲ့လေ"
"အကျင့်မပုတ်လို့မရဘူး။ကြာလာရင်ပုလင်းဖင်ဖြစ်တော့မယ်သိလား။အပြန်ကျရင်ငါနဲ့မျက်မှန်ဆိုင်ကိုသွားရမယ်"
"ပြီးရော ပြီးရော"
သူတို့စကားစပြတ်သွားပြီးနောက် ဖြိုးဉာဏ်ကဆောင်းဦးကိုဆေးဆက်လိမ်းပေးလိုက်သည်။ကောင်းထက်တို့ကတော့ ဖြိုးဉာဏ်ကိုမျက်စောင်းတထိုးထိုးနှင့်ကြည့်နေသော ထက်ဘုန်းကိုသာကြည့်၍ခေါင်းတွေခါနေကြတော့သည်။
သူတို့ခဏနားပြီးသွားတော့ လက်ကျန်အလုပ်တွေကို အပြတ်ဖြတ်ကြသည်။အလုပ်အားလုံးနီးပါးပြီးသွားတော့ နေ့လယ်သုံးနာရီလောက်ပင်ရှိနေပြီဖြစ်သည်။
"ဟူး နောက်ဆုံးတော့အားလုံးပြီးသွားပြီ။ပင်ပန်းလိုက်တာ"
"ကိုထက် အဲ့ဒါဆိုကျွန်တော်တို့ပြန်တော့မယ်နော်။မျက်လုံးပါဝါလည်းသွားစစ်ရဦးမှာဆိုတော့ အိမ်ပြန်နောက်ကျမှာစိုးလို့"
"ဪ အင်း အင်း ကောင်းကောင်းသွားနော်"
ထက်ဘုန်းကိုနှုတ်ဆက်ကာ ဆောင်းဦးတို့လည်းထွက်သွားကြတော့သည်။
"ထက်ဘုန်း ငါတို့လည်း ပြန်....."
"နေဦး မင်းတို့နှစ်ယောက်ကမပြန်နဲ့ဦး။ငါပြောစရာရှိသေးလို့"
"ရက်စက်လိုက်တာကွာ။ငါတို့အခုထိနေ့လယ်စာမစားရသေးဘူးကွ"
"ခဏပဲ ပြီးရင်ငါမင်းတို့နှစ်ယောက်ကိုစားချင်တာဝယ်ကျွေးမယ်"
"အင်း အင်း အဲ့ဒါဆိုလည်းပြီးရော။မြန်မြန်ပြောနော် ဗိုက်ကအသေဆာနေပြီ"
ထက်ဘုန်းရဲ့စားချင်တာဝယ်ကျွေးမယ်ဆိုသောစကားကြောင့် ကောင်းထက်တို့နှစ်ယောက်သား သူပြောတာကိုနားထောင်ပေးရတော့သည်။
♤♤♤♤♤♤♤♤♤♤