Zawgyi
(Mediaက သီခ်င္းေလးကိုနားေထာင္ၿပီးဖတ္ၾကည့္ တကယ္ရင္ထဲထိ)
"What if I couldn't speak
What if I couldn't eat
What if I couldn't move
Would you still love me?"
ဂစ္တာႀကိဳးေပၚက လက္ေခ်ာင္းေလးေတြက လွလွပပနဲ႔သံစဥ္တခ်ိဳ႕ကို လြင့္ပ်ံေစသည္။ သီခ်င္းဆိုၿပိဳင္ပြဲေတြမွာ အကဲျဖတ္တဲ့သူေတြေျပာသလိုေပါ့ ခံစားခ်က္ထည့္ထားတဲ့သီခ်င္းက နားေထာင္တဲ့သူေတြဆီကို တိုက္႐ိုက္ေရာက္တယ္တဲ့။
"What if my body ached
And I always made you late
What if I couldn't wait
Would you still love me?"
Mic standေ႐ွ႕မွာ ဂစ္တာကိုအေဖာ္ျပဳျပီး သီဆိုေနတဲ့ေကာင္မေလးရဲ႕ အၾကည့္ေတြက ဦးတည္ရာတစ္ခုတည္းမွာပဲ။
"Would you love me when it's hard
And our life's fallen apart
If the things that we once knew are
long gone
If our blue sky turn to grey
And my memory fades away
Would you still love me?
Would you still love me?"
စာသားေလးေတြက ႐ိုး႐ွင္းပါတယ္။ ေမ်ွာ္လင့္ထားသလိုမဟုတ္ပဲ ငါတို႔ၾကားက အေျခအေနေတြေျပာင္းလဲသြားရင္ေတာင္ မင္းငါ့ကိုခ်စ္ေနဦးမွာလားတဲ့။
"What if I'm complicated
Always leaving you frustracted
Nothing ever went quite right
Would you still love me?"
မင္းကိုစိတ္ပ်က္နာက်င္ေစမယ္ဆိုရင္ေတာင္ မင္းငါ့ကို ခ်စ္ေနဦးမွာလားတဲ့။
"Wish I could let you know what the future holds
but that's a promise I can't make
through the good and bad happy and sad
Love is a risk that we must take"
ေယာရဲ႕မ်က္လံုးအိမ္မွာ မ်က္ရည္တစ္ခ်ိဳ႕ျပည့္လ်ွံလာ၏။
နားေထာင္ေနေသာ လူတစ္ခ်ိဳ႕ပင္ ခံစားခ်က္ေတြထဲ နစ္ေျမာသြားပံုရတယ္။ ခ်စ္သူရည္းစား႐ွိသူတို႔က ပုခံုးေလးကိုဖက္ထားၿပီး ျပံဳးျပေနၾကသည္။ လူအေယာက္ခ်င္းစီရဲ႕ စိတ္အာရံုကိုဖမ္းစားထားတဲ့ အသံပိုင္ရွင္ ခြန္ဆတ္သာကေတာ့ ေယာကိုမွအပ တျခားသူကိုမျမင္မိ။
"Would you love me when it's hard
And our life's fallen apart
If the things that we once knew are long gone
If our blue skies turn to grey
And my memory fades away
Would you still love me?"
ဂစ္တာကိုခ်ထားခဲ့ၿပီး ေယာဆီကို လွမ္းလာသည္။ဆတ္သာရဲ႕ေျခလွမ္းေတြက တည္ၿငိမ္ရင့္က်က္မႈ အျပည့္နဲ႔ပင္။
ဒူးတစ္ဖက္ေထာက္ခ်ကာ အိတ္ကပ္ထဲက လက္စြပ္ဘူးေလးကိုဖြင့္လိုက္ရင္း တိက်ျပတ္သားသလို ႏူးညံ႔လွတဲ့ အသံပိုင္႐ွင္က ဆိုလာ၏။
"ကိုယ့္ကိုလက္ထပ္ပါ ေယာ"
ဇာတ္လမ္းေတြထဲမွာ ျမင္ဖူးေနက် အခန္းမ်ိဳးဆိုေပမယ့္ တကယ့္လက္ေတြ႔မွာ ၾကံဳလာရေတာ့ ေယာရဲ႕စိတ္လႈပ္႐ွားေပ်ာ္ရႊင္ေနမႈက ထိန္းခ်ဳပ္မရႏိုင္ခဲ့။
ေစာနကေလးတင္ တံတားေပၚမွာ လမ္းေလ်ွာက္လာၿပီး ဒီဘက္ေရာက္ေတာ့ အခုလို လက္ထပ္ခြင့္အေတာင္းခံရမယ္လို႔ ဘယ္သူကထင္မွာလဲ။
ဆတ္သာနည္းတူ ထိုင္ခ်လိုက္ရင္း တင္းက်ပ္စြာေပြ႔ဖက္လိုက္၏။
"Eeee လက္ထပ္ရမွာေပါ့"
မိမိနဲ႔အတူလိုက္ထိုင္ခ်ၿပီး လက္ထပ္ခြင့္ကို လက္ခံေပးတဲ့ ေကာင္မေလးေၾကာင့္ ဆတ္သာ ျကည္ၾကည္ႏူးႏူး ျပံဳးလိုက္မိသည္။ ေယာကို ေပြ႔ထူေပးရင္း မ်က္ရည္ေတြ သုတ္ေပးကာေျပာလာ၏။
"တိတ္တိတ္မငိုနဲ႔ေတာ့ေနာ္။ လူေတြအမ်ားႀကီးပဲေဘးနားမွာ။ အိုး..ေခြးေပါက္ေလးက်ေနတာပဲ"
ေယာ ႏွာရည္ကိုတစ္ခ်က္႐ွံု႕သြင္းလိုက္သည္။
"ေပ်ာ္လို႔ေလ။ မထင္မွတ္ထားတာကို ။ၿပီးေတာ့ ေယာကိုေယာ တအားကံေကာင္းတဲ့သူလို႔ေတာင္ ထင္ေနတာ"
"ေျသာ္...ကိုယ့္ရဲ႕ေခြးေပါက္ေလးကအစတည္းက ကံေကာင္းတာပါ။ ကိုယ့္လိုခပ္ေခ်ာေခ်ာ မမကိုအပိုင္ရထားတာပဲ ၾကည့္ေလ"
ေယာဆီကေန ဘုၾကည့္တစ္ခ်က္လက္ေဆာင္ရလိုက္သည္။
"ဟားဟား ။ ကိုယ့္ကို လက္ေလးေပးပါဦး"
ေယာရဲ႕လက္ခလယ္္ေလးမွာ ေနရာဝင္ယူသြားတဲ့လက္စြပ္ထဲက စိန္ပြင့္ေသးေသးေလးက ေနေရာင္ေႏြးေႏြးေအာက္မွာ လက္လက္ေလးနဲ႔လွေနသည္။
ဆင္တူလက္စြပ္ေလးႏွစ္ကြင္းက ေကာင္မေလးႏွစ္ေယာက္ရဲ႕အခ်စ္သေကၤတေပါ့။ ပိုင္ဆိုင္ျခင္းကိုလည္းျပတယ္။ ျမတ္ႏိုးရျခင္းေတြကိုလည္းျပတယ္။ လက္ခုပ္ျသဘာသံေတြကလည္း ျပည့္လ်ွံေနသည္။
ေယာရဲ႕ႏွဖူးထက္မွာ႐ွိတဲ့ ဆတ္သာရဲ႕ႏႈတ္ခမ္းတစ္စံုကေတာ့ ျပံဳးလ်က္သားေပါ့။
******
"အာ့ နည္းနည္းက်ပ္တယ္။ အာ့ အာ့..ရၿပီ ။ ဟူး"
လက္ထပ္ခြင့္ေတာင္းၿပီး နာရီပိုင္းမၾကာခင္မွာပဲ လက္ထပ္ၾကတဲ့စံုတြဲကို ေတြ႔ဖူးပါသလား။ အမ်ားႀကီးမေတြးလိုက္ပါနဲ႔။ ဆတ္သာနဲ႔ေယာက အခုပဲ အေကာင္အထည္ေဖာ္ေနၿပီမို႔လို႔ပါ။
လြန္ခဲ့တဲ့ နာရီဝက္ေလာက္တုန္းက လက္ထပ္ခြင့္ေတာင္းခဲ့တဲ့အခ်ိန္တုန္းက အဲ့လူအုပ္ထဲမွာ Deborahပါ႐ွိေနသည္။
(Deborahကို မွတ္မိၾကတယ္ဟုတ္)
သီခ်င္းဆိုဖို႔ကိစၥအဝဝကို Deborahကပဲစီစဥ္ေပးျခင္းပင္။
"[Congratulationsပါ ဆတ္နဲ႔ေယာ]"
လူျပန္က်ဲသြားမွ Deborahက ထြက္လာသည္။
ဆတ္သာကေတာ့ စီစဥ္သူႀကီးမို႔ မိန္႔မိန္႔ႀကီးျပံဳးေနေပမယ့္ ေယာကေတာ့ အလြန္အမင္း ဝမ္းသာအံ့အားသင့္သြားသည္။
"[Oh My God! Deborahလည္း လာလည္တာလား]"
့ျမင့္မားတဲ့အရပ္နဲ႔လိုက္ဖက္ေအာင္ သားေရဂ်က္ကတ္ကို စတိုင္က်က်ဝတ္ဆင္ထားတဲ့
Deborahက ျပံဳးလိုက္သည္။
"[ဆိုပါေတာ့ ကိုယ့္မိဘေတြကဒီမွာပဲလာေနၾကေတာ့ ကိုယ္လည္း ဒီမွာအေျခခ်မေလာက္ နီးနီးေတာ့ျဖစ္ေနပါၿပီ။ ဟားဟား ေယာေရာ သေဘာက်လား။ တကယ္လို႔ေနခ်င္ရင္ ကိုယ္နဲ႔လာေနလို႔ရတယ္ေနာ္။ကိုယ့္အိမ္ကေနဆို ႐ႈခင္းေတြက တအားလွတာ"]
ဆတ္သာက ခပ္ဟဟရယ္ရင္း Deborahကို လက္သီးေထာင္ျပလိုက္သည္။ေယာကိုခါးကေနဆြဲဖက္ၿပီး အနားတိုးကပ္ရင္းေျပာ၏။
"[ဆုေတာင္းေလ။ ငါ့ရဲ႕ခ်စ္ဇနီးေလး ငါ့ရင္ခြင္မွာပဲ အလံုျခံဳဆံုး။ငါ့ရင္ခြင္က ငါ့ပိစိေလးအတြက္ အသာယာဆံုးေနရာပဲ ။ဟဲဟဲ။ ဟုတ္တယ္မဟုတ္လား ေယာ"]
ေယာက မ်က္ခံုးတစ္ဖက္ပင့္တင္ရင္းေျပာ၏။
"ဟုတ္လား။ ဘယ္သူေျပာမိလဲ"
"ဟာ.. ဟာ..အဲ့လိုေနာ္ ေယာ"
တကယ္ပဲ အခ်စ္စမ္းေနတဲ့ အခ်စ္ငွက္ႏွစ္ေယာက္ကို Deborah ဘုၾကည့္ၾကည့္လိုက္သည္။
"[youတို႔ႏွစ္ေယာက္ မဂၤလာပြဲအတြက္ မျပင္ဆင္ၾကေသးဘူးလား]"
မဂၤလာပြဲဆိုေသာစကားေၾကာင့္ ေယာ ဆြံ႔အသြားသည္။
"မဂၤလာပြဲတဲ့။ ေယာမ်ား နားၾကားမွားတာလားဟင္ ဆတ္"
တအံ့တျသေမးလာတဲ့ ေယာကိုၾကည့္ၿပီး ဆတ္သာ ႏွစ္ႏွစ္ကာကာျပံဳးလိုက္သည္။
"မမွားဘူး ေယာ။ ကိုယ္တို႔ ဒီေန႔ပဲမဂၤလာေဆာင္ၾကမယ္။ မဂၤလာရက္အတြက္စိတ္မပူနဲ႔။ ဒီေန႔က လံုးဝကို ေကာင္းမြန္တဲ့ရက္ပဲလို႔ ေယာရဲ႕လက္စြဲ ေဗဒင္ဆရာမႀကီးကိုယ္တိုင္ ကိုယ့္ကိုေျပာထားတယ္။ ၿပီးေတာ့ ခ်စ္ရတဲ့သူေတြလည္း ေရာက္ေနၿပီ"
ဘာမွဆက္မေျပာေတာ့ပဲ ဆတ္သာကို တင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္သည္။ အကြက္က်ေသခ်ာလြန္းတဲ့ ဘဝလက္တြဲေဖာ္ကို ပိုင္ဆိုင္ထားရတာက ေယာအတြက္ေတာ့ တကယ့္အဖိုးတန္ေလးပဲ။
ဆိုေတာ့ကာ နီးစပ္ရာမွာ႐ွိတဲ့မဂၤလာဝတ္စံုဆိုင္ ဆိုတာထက္ အတိအက်စီစဥ္ထားတဲ့ နီးစပ္ရာက မဂၤလာဝတ္စံုဆိုင္မွာ ဝတ္စံုကို ေရြးခ်ယ္ျပင္ဆင္ေတာ့၏။
"အာ့ နည္းနည္းက်ပ္တယ္။ အာ့ အာ့..ရၿပီ ။ ဟူး"
ကြၽမ္းက်င္တဲ့stylistရဲ႕ စီမံေပးမႈနဲ႔အတူ ေယာရဲ႕ဝတ္စံုေရာ အျပင္အဆင္ေရာ အဆင္ေျပေျပ ၿပီးဆံုးသြားသည္။လက္ထဲကိုေရာက္လာတဲ့
Forget me not,love me more ပန္းေလးေတြခ်ည္းစုထားတဲ့ ပန္းစည္းျပာျပာေလးေၾကာင့္ အဆမတန္ ရင္ေတြခုန္လာျပန္သည္။
အခန္းအေ႐ွ႕မွာေမ်ွာ္ေနမဲ့ ခြန္ဆတ္သာကိုေျပးျမင္ၿပီး ေယာရဲ႕ႏႈတ္ခမ္းထက္က အျပံဳးတို႔က ေတာက္ပလာ၏။
"[အဆင္သင့္ျဖစ္ရင္ လိုက္ကာဖြင့္လိုက္ပါမယ္ေနာ္]"
ဝန္ထမ္းေကာင္မေလးကို ေယာ ေတာက္ေတာက္ပပျပံဳးျပရင္း ေခါင္းၿငိမ့္အေျဖေပးလိုက္သည္။
ဖယ္႐ွားခံလိုက္ရတဲ့ လိုက္ကာေနာက္က အမ်ိဳးသမီးေလးကေလ ဆတ္သာရဲ႕ အိမ္သူေလးျဖစ္လာေတာ့မွာကို ဆတ္သာ မွင္သတ္ေနမိသည္။
"ဟို.. ဘယ္နားအဆင္မေျပလို႔လဲဟင္ ဆတ္"
မဝံ့မရဲေမးလာတဲ့ ေယာလက္ေလးကို ဆုပ္ကိုင္လိုက္သည္။
"ကိုယ့္အတြက္ေတာ့ ျပည့္စံုမႈဆိုတာ ေယာစႏၵာေမာင္ဆိုတဲ့ အမ်ိဳးသမီးေလးပဲ"
ႏွစ္ဦးသားရဲ႕အျပံဳးေတြက လက္ထပ္လက္စြပ္က စိန္ပြင့္ေလးေတြထက္ေတာင္ ေတာက္ပေနေသးသည္။
"ဟာဗ်ာ...မေရာက္ေသးဘူးလား ဆတ္ရ"
မဂၤလာဝတ္စံုဆိုင္ကေန လမ္းေလ်ွာက္လာတာ မိနစ္ေလးဆယ္ေလာက္႐ွိၿပီမို႔ ေယာတစ္ေယာက္ ဆတ္သာဆီကို နဂါးမ်က္ေစာင္းေတြပစ္လႊတ္ၿပီး ေမးေတာ့၏။
"အဲ့တာေၾကာင့္ Deborahက အရင္သြားႏွင့္တာကို"
"ဟားဟား ဟုတ္တယ္ ဟုတ္တယ္။ ေယာေလးရယ္ တကယ္ေတာ့ ကိုယ့္အမွားပါ။ ကိုယ္က
Seehotel sternenကို Chapel Bridgeနဲ႔ နာရီဝက္ပဲေဝးတယ္ဆိုၿပီး ထင္သြားတာ။ ေသြ႔ပုခ်ိ ေသြ႔ပုခ်ိ "
ေယာ ဖုန္းကိုဖြင့္ၿပီး Google mapနဲ႔႐ွာျပလိုက္သည္။ Chapel Bridgeနဲ႔ Horwၿမိဳ႕ေလးမွာ႐ွိတဲ့ Seehotel Sternenက တစ္နာရီနဲ႔ဆယ္မိနစ္တိတိ လမ္းေလ်ွာက္ရမယ္ဆိုၿပီး ေပၚေနသည္။
"ဂါး... ႐ႈခင္းေလးေတြကလွလို႔ လမ္းေလ်ွာက္ရတာမသိသာတာ။ မဟုတ္ရင္ေတာ့ ေဒၚႀကီးခြန္ဆတ္သာေတာ့ ဒီကေယာေလးကို ခ်ီသြားရမယ္မွတ္ပါ"
ဆတ္သာ တစ္ခ်က္ရယ္လိုက္ၿပီး
"အခုခ်ီသြားေပးရမလား။ အခ်ိန္မီေသးတယ္ေနာ္"
"ဆတ္က ေျပာအား႐ွိတာေပါ့။ ေယာက ဂါဝန္ဝတ္ထားရတာေလ။ ဆတ္ကက်ေတာ့ တအားေတြမိမိုက္ၿပီး ေမာ္႐ွီးေဆာေနတာကို"
ပိုးသား အျဖဴေရာင္ လက္ျပတ္ကိုstyle pantနဲ႔ တစ္တြဲတည္းဆက္ထားတဲ့ ဆတ္သာက အရပ္အေမာင္းနဲ႔ထင္းလင္းေနၿပီး ဆံပင္ေတြကိုေတာ့ ႐ွင္း႐ွင္းလင္းလင္း ေျမႇာက္စီးထားသည္။
ေခ်ာေမာလွတဲ့အသြင္အျပင္ကို ေက်ာ့႐ွင္းမႈကပါ ထပ္ေပါင္းထည့္ေပးထားေတာ့ ဗန္းစကားနဲ႔ေျပာရရင္ ခပ္မိမိခပ္မိုက္မိုက္ ျဖစ္ေနတယ္ဆိုရမလား။
"ဒါေတာ့ ကိုယ္က ေမြးရာပါ ေသာက္ေခ်ာႀကီးေလ ဟားဟား"
ေယာရဲ႕ဘုၾကည့္ကိုရလိုက္သည္။
Switzerlandရဲ႕လမ္းမမွာ မဂၤလာဝတ္စံုနဲ႔ ေကာင္မေလးႏွစ္ေယာက္ လက္ခ်င္းဆုပ္ကိုင္ၿပီး စကားေတြေျပာလိုက္ ရယ္လိုက္နဲ႔ လမ္းေလ်ွာက္ေနတဲ့ ျမင္ကြင္းေလးက ျမင္ရတဲ့လူေတြကို
Wowခနဲျဖစ္ေစၿပီး တခ်ိဳ႕ကေတာ့ လက္ခုပ္တီးၿပီး ဂုဏ္ျပဳစကားဆိုၾကသလို၊တစ္ခ်ိဳ႕ကေတာ့ ထူးဆန္းေနၾကသည္။ ဒါေပမယ့္ ဘာေတြပဲျဖစ္ျဖစ္ ေကာင္မေလးႏွစ္ေယာက္ရဲ႕ အျပံဳးေတြကေတာ့ ေပ်ာက္ကြယ္သြားမွာ မဟုတ္တာ အေသခ်ာပဲ။
******
"Wow လွလိုက္တာ "
Switzerlandရဲ႕ အသည္းႏွလံုးလို႔တင္စားတဲ့
Lucerneေရကန္ႀကီးေဘးမွာ ခမ္းခမ္းနားနား႐ွိေနတဲ့ Seehotel Sternenရဲ႕ အေကာင္းဆံုး႐ွုခင္းကို ခံစားႏိုင္တဲ့ေနရာမွာ ျပင္ဆင္ထားတဲ့ အခမ္းနားအျပင္အဆင္ေၾကာင့္ လွလိုက္တာအျပင္ ေျပာစရာ
စကားမ႐ွိ။ ေႏြဦးရာသီမို႔ ေနက ျပင္းေနေအာင္ မပူပဲေႏြးေႏြးေလးက်ေရာက္ၿပီး ႐ႈခင္းေတြကလည္း အေတာ္လွပသည္။
"ေမႀကီး "
ေယာမိသားစုလည္း ေရာက္ေနတာမို႔ ေယာ အေျပးသြားၿပီး ေပြ႔ဖက္လိုက္သည္။
"ဆတ္ကေလးက သမီးကို ေပ်ာ္ေအာင္ထားေပးႏိုင္တာ ေမႀကီးတို႔ဝမ္းသာပါတယ္"
ေယာေဖေဖကေတာ့ အျပံဳးႏုႏုတို႔နဲ႔သာ တုန္႔ျပန္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ ေဖႀကီးနဲ႔ေမႀကီး။ ေယာကို နားလည္ေပးၾကလို႔"
"မငိုနဲ႔ေလ မမ။ အလွေတြပ်က္ကုန္ၿပီး သတို႔သမီးကေန ဘဲ႐ုပ္ဆိုးေလးျဖစ္သြားမယ္"
"အငယ္ေလးေနာ္ ငါက ေခ်ာၿပီးသား"
ရယ္ေမာရင္းနဲ႔ေပ်ာ္ရႊင္ေနတဲ့ မိသားစုေလးကိုၾကည့္ၿပီး ျပံဳးေနတဲ့ ဆတ္သာနားကို ေနသစ္နဲ႔႐ွိန္း ေရာက္လာသည္။
"ကိုကို႔ရဲ႕ငယ္ေလးေတာင္ လူႀကီးျဖစ္လာၿပီပဲ"
ေနသစ္ကိုေပြ႔ဖက္ၿပီး ဆတ္သာဆို၏။
"ကိုကို႔ေက်းဇူးေတြပါ။ ကိုကိုက ငယ္ေလးအတြက္ အေကာင္းဆံုးအကိုပဲ။ ခ်စ္တယ္ကိုကို"
"ဟားဟား ဟုတ္ပါၿပီ ။ ကိုကိုကလည္း ငယ္ေလးကိုခ်စ္ပါတယ္"
ခြန္ေမာင္ႏွစ္မႏွစ္ေယာက္ေဘးမွာ ရပ္ေနတဲ့႐ွိန္းကို ေယာပုခံုးခ်င္းတိုက္ၿပီး ျပံဳးျပလိုက္သည္။
"အားက်ေနၿပီလား အ႐ွိန္းေလး"
ေယာကို မ်က္စိတစ္ခ်က္ ေဆြၾကည့္လိုက္သည္။
"ငါ့ရဲ႕ခြန္ေန႔ကို ကေနဒါမွာ လက္ထပ္ဖို႔ေျပာထားတယ္။အဲ့ခါက်မွ နင္အားက်စမ္း ေယာေလး။ အဟမ္း နင္မိန္းမရမယ္လို႔ ငါတစ္ခါမွ အိပ္မက္ေလးေတာင္ မမက္ခဲ့ဖူးပါဘူး။ "
"ေအးေအး ငါ့ကိုဖဲ့ေနလိုက္"
"ဟားဟား စတာပါ စတာပါ။ ငါရဲ႕သူငယ္ခ်င္းမေလး ေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ရပါေစေနာ္။ မိန္းမရသြားလည္း ငါ့ကိုမေမ့ပဲ အရင္လို အတူတူေပါၾကမယ္ေနာ္"
ေယာ အက်ယ္ႀကီး ေအာ္ရယ္မိသြားတာမို႔ ႐ွိန္းကပါးစပ္ကို လက္နဲ႔ အျမန္ပိတ္လိုက္သည္။
"တိုးတိုးရယ္ေလ ။ ဧည့္သည္ေတြ႐ွိတယ္ ။ နင္ေတာ္ေတာ္အာျပဲတာပဲ ေယာ"
ပိက်ိပိက်ိနဲ႔ေျပာေနၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ ခင္မႈေတြက ႏွစ္ေတြၾကာတဲ့အထိ ဆက္လက္ခိုင္ျမဲေနၾကမယ္ဆိုတာ လူတိုင္း တပ္အပ္ေျပာႏိုင္ၾကမွာပါ။
လူေတြအမ်ားႀကီးမဟုတ္ေပမယ့္ နည္းတဲ့ထဲလည္းမပါတဲ့ ခြန္ဆတ္သာနဲ႔ေယာတို႔ရဲ႕မဂၤလာပြဲ
ေလးက ထူးထူးျခားျခား ခ်စ္ဖို႔ေကာင္းေနသည္။ လူတိုင္းက အျဖဴေရာင္ဝတ္စံုေလးေတြနဲ႔မို႔ ျမင္ရတဲ့သူကို ရင္ေအးေစသည္။ မိသားစုဝင္ေတြ႐ွိၿပီး ဆတ္သာတို႔ရဲ႕ လုပ္ငန္းက႐ွယ္ယာ႐ွင္တခ်ိဳ႕ကပါ လာေရာက္ဂုဏ္ျပဳၾကသည္။ မယုတို႔မယမံုတို႔လို ကုမၸဏီက ေခါင္းေဆာင္တစ္ခ်ိဳ႕ပါ မထင္မွတ္ပဲေရာက္႐ွိေနသည္။ ေျပာစရာမလိုေအာင္ စီစဥ္မႈႀကီးပဲေပါ့။ တစ္ရံုးလံုးကိုပါ ေယာက ဆတ္သာရဲ႕အပိုင္ဆိုတာကို သိသြားေစသည္။
"မ ဂုဏ္ျပဳပါတယ္ေနာ္။ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးေလးျဖစ္ပါေစ"
ေမေသာ့္ကိုေတြ႔လိုက္ရေတာ့ ေယာ ဝမ္းသာသြားသည္။ ဘာပဲေျပာေျပာ ေမေသာ္က ေယာကိုခ်စ္ခဲ့တဲ့ လူတစ္ေယာက္ပဲ။ ဒါေပမယ့္ စြန္႔လႊတ္ျခင္းကိုလည္း လက္ခံေပးႏိုင္ခဲ့ၿပီး ဆတ္သာအတြက္ေတာ့ သိကၡာ႐ွိတဲ့ ျပိဳင္ဖက္တစ္ေယာက္ျဖစ္ခဲ့သည္။ အရြယ္ငယ္ေပမယ့္ ရင့္က်က္တဲ့ ေကာင္မေလး။
"ေက်းဇူးပါ ေသာ္။ ေသာ္လည္း အခ်စ္စစ္ကို႐ွာေတြ႔ပါေစ"
ေမေသာ္ဆိုတဲ့ ခပ္လန္းလန္းေကာင္မေလးက အရင္ကထက္ အမ်ားႀကီးပိုတည္ၿငိမ္လာသည္။ ႐ႈပ္႐ႈပ္႐ွပ္႐ွပ္ လက္ပတ္ေတြဆြဲႀကိဳးေတြလည္း မပါေတာ့ပဲ ေငြေရာင္လက္ပတ္ေလးတစ္ခုပဲ ဝတ္ထားသည္။တစ္ထြာေလာက္႐ွိမဲ့ ဆံပင္႐ွည္ေလးကိုလည္း စုခ်ည္ထားသည္။ အရင္လို ခပ္မိမိမိုက္မိုက္ styleမ်ိဳးမဟုတ္ပဲ ႐ွပ္အက်ႌအျဖဴကို လက္ေခါက္တင္ဝတ္ထားၿပီး style pantနဲ႔မို႔ လူႀကီးေပါက္စေလးနဲ႔ပင္တူေနေသး၏။
ေယာနဲ႔ဆတ္သာကိုၾကည့္ရင္း ျပံဳးျပကာ ေခါင္းတစ္ခ်က္ခါလိုက္သည္။
"မထင္ပါဘူးဗ်ာ။ ေသာ့္ရဲ႕အခ်စ္စစ္က ဘယ္ေဂ်ာင္သြားအိပ္ေနလဲမသိဘူး။ အခုထိကို ေပၚမလာေသးဘူး "
အပ်ိုျကီးျဖစ္မဲ့ ေလသံနဲ႔ေျပာလာတဲ့ ေမေသာ့္ကို ဆတ္သာနဲ႔ေယာ တစ္ခ်က္ရယ္လိုက္သည္။ဆတ္သာက ေမေသာ့္ပုခံုးကို တစ္ခ်က္ပုတ္ၿပီးေျပာ၏။
"မင္းက ငယ္ေသးတာပဲ ။ အားမေလ်ွာ့ပါနဲ႔ဦး။ ဟုတ္ၿပီလား"
ေမေသာ္ကလက္ထဲက ဝိုင္ခြက္ကိုေျမႇာက္ျပရင္း ထြက္သြားသည္။ ေမေသာ္ထြက္သြားခ်င္းခ်င္းပဲ နံ႔သာအိုင္က ေရာက္ခ်လာသည္။ (သူေလးကိုမွတ္မိၾကလား>< အပိုင္း21 ေယာကို ဆတ္သာဖြင္ေျပာတဲ့ေန႔က ပြဲခင္းထဲက ေကာင္မေလးေလ)
အဲ့ေန႔ၿပီးတည္းက နံ႔သာအိုင္က ဆတ္သာနဲ႔ေယာရဲ႕ HCအႀကီးစားႀကီး ျဖစ္လာၿပီး တခါတေလဆို momentေတြ လိုက္ထုတ္တတ္ေသးသည္။
"မမေယာနဲ႔မမခြန္ဆတ္သာ ဂုဏ္ျပဳပါတယ္။ တေန႔တေန႔ အခ်စ္ေတြတိုးၿပီး ေပ်ာ္ရႊင္ၾကပါေစ"
ဆတ္သာက ျပံဳးျပၿပီးေျဖ၏။ ေယာက ဂါဝန္ျဖဴျဖဴေလးနဲ႔ ခ်စ္ဖို႔ေကာင္းေနတဲ့ နံ႔သာအိုင္ေလးရဲ႕ပါးကိုဖြဖြေလးညႇစ္ရင္း
"ဟုတ္ပါၿပီ႐ွင္။ ေပးတဲ့ဆုနဲ႔ျပည့္ပါေစ။ ဒါနဲ႔အိုင္ေလးက ဘယ္လိုလုပ္ေရာက္လာတာတုန္း"
နံ႔သာအိုင္က winkတစ္ခ်က္ျပလိုက္ရင္းေျဖ၏။
"ဒီမဂၤလာပြဲအတြက္စီစဥ္သူက အိုင့္ရဲ႕ေမေမေလ။
ေလယာဥ္ကိစၥ ဘာညာေပါ့ ဟိဟိ။အဲ့မွာ အိုင္ပါ တစ္ခါတည္း လိုက္လာတာပဲ။ ဒါမ်ိဳးက လက္လြတ္ခံလို႔မရဘူးေလ "
ေနာက္မွ ဆတ္သာ႐ွင္းျပတာက နံ႔သာအိုင္ေလးရဲ႕ေမေမက မဂၤလာပြဲေတြကို စီစဥ္တဲ့သူျဖစ္ၿပီး အခုေယာတို႔ပြဲကိုလည္း သူ႔ကိုအပ္ထားျခင္းျဖစ္သည္။ ဒီဘက္က Hotelနဲ႔ပူးေပါင္းၿပီး အခမ္းအနားကို စီမံေပးျခင္းပင္။
******
ေတာင္ေတြကာရံထားတဲ႔ Lucerne ေရကန္ႀကီးကို ေနာက္ခံထားထားတဲ့ မဂၤလာပြဲတတ္ေရာက္သူေတြက ဆတ္သာနဲ႔ေယာဆီကို အာရံုစိုက္ထားၾကသည္။ ေယာရဲ႕လက္ကိုဆုပ္ကိုင္ထားလိုက္ၿပီး ဆတ္သာ စေျပာ၏။
"ကိုကို႔ကို ေက်းဇူးတင္ပါတယ္။ ေျပာေနက်ဆိုေပမယ့္ ထပ္ေျပာပါ့မယ္။ကိုကိုကငယ္ေလးအတြက္ တန္ဖိုးျဖတ္မရတဲ့ မိသားစုဝင္ပါ။ ကိုကို႔ေၾကာင့္ ငယ္ေလး အခုလိုရပ္တည္ေနႏိုင္တာပါ"
ေနသစ္က ထိုင္ခံုကေနျပံဳးျပၿပီး ေခါင္းတစ္ခ်က္ၿငိမ့္ျပသည္။
ဆတ္သာလည္း ျပန္ျပံဳးျပရင္း ေယာေမေမတို႔ကို လက္အုပ္ခ်ီၿပီး ႏႈတ္ဆက္လိုက္သည္။
"ေမေမနဲ႔ေဖေဖကိုလည္း ေက်းဇူးတင္ပါတယ္။ ခ်စ္ရတဲ့ လူသားေလး ေယာစႏၵာေမာင္ကို ပိုင္ဆိုင္ခြင့္ေပးတဲ့အတြက္"
ေယာေမေမနဲ႔ေဖေဖကလည္း ျပံဳးျပၿပီး ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ေနၾကသည္။
ေယာကိုမ်က္ႏွာမူၾကည့္ရင္း ဆတ္သာရဲ႕ပါးခ်ိဳင္းေလးေတြ ခြက္ဝင္တဲ့အထိ ႏွစ္ႏွစ္ကာကာျပံဳးရင္း ရႊန္းရႊန္းစားစား စိုက္ၾကည့္ေနသည္။
"ျမတ္ႏိုးတယ္ ေယာ။ ခ်စ္တယ္ဆိုတာထပ္ပိုတယ္"
ေယာလည္း ဆတ္သာရဲ႕လက္တစ္စံုကို ျပန္လည္ဆုပ္ကိုင္လိုက္ၿပီး အေတာက္ပဆံုးျပံဳးမိသည္။
"ျမတ္ႏိုးတယ္ဆိုတာထက္ ပိုတဲ့စကား႐ွိရင္လည္း ဆတ္တစ္ေယာက္တည္းအတြက္ပဲ ထပ္ေျပာမယ္"
ေပ်ာ္ရႊင္ဖို႔အတြက္ ဘာေတြလိုဦးမွာလဲ။ ကိုယ့္အနားမွာ သူ႐ွိေနၿပီေလ။ ကန္ေရျပင္က တစ္ခိုက္လာတဲ့ေလေအးေလးက ေကာင္မေလးႏွစ္ေယာက္ရဲ႕ ႏွစ္ခမ္းႏွစ္လႊာၾကားကို ျဖတ္တိုက္ႏိုင္စြမ္းမ႐ွိပါဘူး။ ေနဝင္ဆည္းဆာေလးက ပတ္ဝန္းက်င္ကိုျဖာက်ေနၿပီး အလွပဆံုး ျမတ္ႏိုးမႈအျပည့္နဲ႔ အနမ္းေလးကို သကာရည္ေလာင္းသလို ျဖည့္စြက္ေပးသည္။ လြင့္ပ်ံေနတဲ့ လက္ခုပ္သံသဲ့သဲ့ေလးက ေရကန္ပတ္လည္က ေတာင္ေတြဆီ ပ်ံ႕လြင့္သြားေလာက္ေလရဲ႕။
~~~♥~~~
The author has something to say:
ဂုဏ္ျပဳပါတယ္ ဆတ္သာနဲ႕ေယာေရ ❤
စကားမစပ္ ေအးလာၿပီေနာ္ FAအေပါင္းတို႔ ေစာင္ၿခဳံက်ေလာ့ ^^
Unicode
(Mediaက သီခ်င္းေလးကိုနားေထာင္ၿပီးဖတ္ၾကည့္ တကယ္ရင္ထဲထိ)
"What if I couldn't speak
What if I couldn't eat
What if I couldn't move
Would you still love me?"
ဂစ်တာကြိုးပေါ်က လက်ချောင်းလေးတွေက လှလှပပနဲ့သံစဉ်တချို့ကို လွင့်ပျံစေသည်။ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်တဲ့သူတွေပြောသလိုပေါ့ ခံစားချက်ထည့်ထားတဲ့သီချင်းက နားထောင်တဲ့သူတွေဆီကို တိုက်ရိုက်ရောက်တယ်တဲ့။
"What if my body ached
And I always made you late
What if I couldn't wait
Would you still love me?"
Mic standရှေ့မှာ ဂစ်တာကိုအဖော်ပြုပြီး သီဆိုနေတဲ့ကောင်မလေးရဲ့ အကြည့်တွေက ဦးတည်ရာတစ်ခုတည်းမှာပဲ။
"Would you love me when it's hard
And our life's fallen apart
If the things that we once knew are
long gone
If our blue sky turn to grey
And my memory fades away
Would you still love me?
Would you still love me?"
စာသားလေးတွေက ရိုးရှင်းပါတယ်။ မျှော်လင့်ထားသလိုမဟုတ်ပဲ ငါတို့ကြားက အခြေအနေတွေပြောင်းလဲသွားရင်တောင် မင်းငါ့ကိုချစ်နေဦးမှာလားတဲ့။
"What if I'm complicated
Always leaving you frustracted
Nothing ever went quite right
Would you still love me?"
မင်းကိုစိတ်ပျက်နာကျင်စေမယ်ဆိုရင်တောင် မင်းငါ့ကို ချစ်နေဦးမှာလားတဲ့။
"Wish I could let you know what the future holds
but that's a promise I can't make
through the good and bad happy and sad
Love is a risk that we must take"
ယောရဲ့မျက်လုံးအိမ်မှာ မျက်ရည်တစ်ချို့ပြည့်လျှံလာ၏။
နားထောင်နေသော လူတစ်ချို့ပင် ခံစားချက်တွေထဲ နစ်မြောသွားပုံရတယ်။ ချစ်သူရည်းစားရှိသူတို့က ပုခုံးလေးကိုဖက်ထားပြီး ပြုံးပြနေကြသည်။ လူအယောက်ချင်းစီရဲ့ စိတ်အာရုံကိုဖမ်းစားထားတဲ့ အသံပိုင်ရှင် ခွန်ဆတ်သာကတော့ ယောကိုမှအပ တခြားသူကိုမမြင်မိ။
"Would you love me when it's hard
And our life's fallen apart
If the things that we once knew are long gone
If our blue skies turn to grey
And my memory fades away
Would you still love me?"
ဂစ်တာကိုချထားခဲ့ပြီး ယောဆီကို လှမ်းလာသည်။ဆတ်သာရဲ့ခြေလှမ်းတွေက တည်ငြိမ်ရင့်ကျက်မှု အပြည့်နဲ့ပင်။
ဒူးတစ်ဖက်ထောက်ချကာ အိတ်ကပ်ထဲက လက်စွပ်ဘူးလေးကိုဖွင့်လိုက်ရင်း တိကျပြတ်သားသလို နူးညံ့လှတဲ့ အသံပိုင်ရှင်က ဆိုလာ၏။
"ကိုယ့်ကိုလက်ထပ်ပါ ယော"
ဇာတ်လမ်းတွေထဲမှာ မြင်ဖူးနေကျ အခန်းမျိုးဆိုပေမယ့် တကယ့်လက်တွေ့မှာ ကြုံလာရတော့ ယောရဲ့စိတ်လှုပ်ရှားပျော်ရွှင်နေမှုက ထိန်းချုပ်မရနိုင်ခဲ့။
စောနကလေးတင် တံတားပေါ်မှာ လမ်းလျှောက်လာပြီး ဒီဘက်ရောက်တော့ အခုလို လက်ထပ်ခွင့်အတောင်းခံရမယ်လို့ ဘယ်သူကထင်မှာလဲ။
ဆတ်သာနည်းတူ ထိုင်ချလိုက်ရင်း တင်းကျပ်စွာပွေ့ဖက်လိုက်၏။
"Eeee လက်ထပ်ရမှာပေါ့"
မိမိနဲ့အတူလိုက်ထိုင်ချပြီး လက်ထပ်ခွင့်ကို လက်ခံပေးတဲ့ ကောင်မလေးကြောင့် ဆတ်သာ ကြည်ကြည်နူးနူး ပြုံးလိုက်မိသည်။ ယောကို ပွေ့ထူပေးရင်း မျက်ရည်တွေ သုတ်ပေးကာပြောလာ၏။
"တိတ်တိတ်မငိုနဲ့တော့နော်။ လူတွေအများကြီးပဲဘေးနားမှာ။ အိုး..ခွေးပေါက်လေးကျနေတာပဲ"
ယော နှာရည်ကိုတစ်ချက်ရှုံ့သွင်းလိုက်သည်။
"ပျော်လို့လေ။ မထင်မှတ်ထားတာကို ။ပြီးတော့ ယောကိုယော တအားကံကောင်းတဲ့သူလို့တောင် ထင်နေတာ"
"သြော်...ကိုယ့်ရဲ့ခွေးပေါက်လေးကအစတည်းက ကံကောင်းတာပါ။ ကိုယ့်လိုခပ်ချောချော မမကိုအပိုင်ရထားတာပဲ ကြည့်လေ"
ယောဆီကနေ ဘုကြည့်တစ်ချက်လက်ဆောင်ရလိုက်သည်။
"ဟားဟား ။ ကိုယ့်ကို လက်လေးပေးပါဦး"
ယောရဲ့လက်ခလယ််လေးမှာ နေရာဝင်ယူသွားတဲ့လက်စွပ်ထဲက စိန်ပွင့်သေးသေးလေးက နေရောင်နွေးနွေးအောက်မှာ လက်လက်လေးနဲ့လှနေသည်။
ဆင်တူလက်စွပ်လေးနှစ်ကွင်းက ကောင်မလေးနှစ်ယောက်ရဲ့အချစ်ပြယုဒ်ပေါ့။ ပိုင်ဆိုင်ခြင်းကိုလည်းပြတယ်။ မြတ်နိုးရခြင်းတွေကိုလည်းပြတယ်။ လက်ခုပ်သြဘာသံတွေကလည်း ပြည့်လျှံနေသည်။
ယောရဲ့နှဖူးထက်မှာရှိတဲ့ ဆတ်သာရဲ့နှုတ်ခမ်းတစ်စုံကတော့ ပြုံးလျက်သားပေါ့။
******
"အာ့ နည်းနည်းကျပ်တယ်။ အာ့ အာ့..ရပြီ ။ ဟူး"
လက်ထပ်ခွင့်တောင်းပြီး နာရီပိုင်းမကြာခင်မှာပဲ လက်ထပ်ကြတဲ့စုံတွဲကို တွေ့ဖူးပါသလား။ အများကြီးမတွေးလိုက်ပါနဲ့။ ဆတ်သာနဲ့ယောက အခုပဲ အကောင်အထည်ဖော်နေပြီမို့လို့ပါ။
လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက လက်ထပ်ခွင့်တောင်းခဲ့တဲ့အချိန်တုန်းက အဲ့လူအုပ်ထဲမှာ Deborahပါရှိနေသည်။
(Deborahကို မှတ်မိကြတယ်ဟုတ်)
သီချင်းဆိုဖို့ကိစ္စအဝဝကို Deborahကပဲစီစဉ်ပေးခြင်းပင်။
"[Congratulationsပါ ဆတ်နဲ့ယော]"
လူပြန်ကျဲသွားမှ Deborahက ထွက်လာသည်။
ဆတ်သာကတော့ စီစဉ်သူကြီးမို့ မိန့်မိန့်ကြီးပြုံးနေပေမယ့် ယောကတော့ အလွန်အမင်း ဝမ်းသာအံ့အားသင့်သွားသည်။
"[Oh My God! Deborahလည်း လာလည်တာလား]"
မြင့်မားတဲ့အရပ်နဲ့လိုက်ဖက်အောင် သားရေဂျက်ကတ်ကို စတိုင်ကျကျဝတ်ဆင်ထားတဲ့
Deborahက ပြုံးလိုက်သည်။
"[ဆိုပါတော့ ကိုယ့်မိဘတွေကဒီမှာပဲလာနေကြတော့ ကိုယ်လည်း ဒီမှာအခြေချမလောက် နီးနီးတော့ဖြစ်နေပါပြီ။ ဟားဟား ယောရော သေဘာက်လား။ တကယ်လို့နေချင်ရင် ကိုယ်နဲ့လာနေလို့ရတယ်နော်။ကိုယ့်အိမ်ကနေဆို ရှုခင်းတွေက တအားလှတာ"]
ဆတ်သာက ခပ်ဟဟရယ်ရင်း Deborahကို လက်သီးထောင်ပြလိုက်သည်။ယောကိုခါးကနေဆွဲဖက်ပြီး အနားတိုးကပ်ရင်းပြော၏။
"[ဆုတောင်းလေ။ ငါ့ရဲ့ချစ်ဇနီးလေး ငါ့ရင်ခွင်မှာပဲ အလုံခြုံဆုံး။ငါ့ရင်ခွင်က ငါ့ပိစိလေးအတွက် အသာယာဆုံးနေရာပဲ ။ဟဲဟဲ။ ဟုတ်တယ်မဟုတ်လား ယော"]
ယောက မျက်ခုံးတစ်ဖက်ပင့်တင်ရင်းပြော၏။
"ဟုတ်လား။ ဘယ်သူပြောမိလဲ"
"ဟာ.. ဟာ..အဲ့လိုနော် ယော"
တကယ်ပဲ အချစ်စမ်းနေတဲ့ အချစ်ငှက်နှစ်ယောက်ကို Deborah ဘုကြည့်ကြည့်လိုက်သည်။
"[youတို့နှစ်ယောက် မင်္ဂလာပွဲအတွက် မပြင်ဆင်ကြသေးဘူးလား]"
မင်္ဂလာပွဲဆိုသောစကားကြောင့် ယော ဆွံ့အသွားသည်။
"မင်္ဂလာပွဲတဲ့။ ယောများ နားကြားမှားတာလားဟင် ဆတ်"
တအံ့တသြမေးလာတဲ့ ယောကိုကြည့်ပြီး ဆတ်သာ နှစ်နှစ်ကာကာပြုံးလိုက်သည်။
"မမှားဘူး ယော။ ကိုယ်တို့ ဒီနေ့ပဲမင်္ဂလာဆောင်ကြမယ်။ မင်္ဂလာရက်အတွက်စိတ်မပူနဲ့။ ဒီနေ့က လုံးဝကို ကောင်းမွန်တဲ့ရက်ပဲလို့ ယောရဲ့လက်စွဲ ဗေဒင်ဆရာမကြီးကိုယ်တိုင် ကိုယ့်ကိုပြောထားတယ်။ ပြီးတော့ ချစ်ရတဲ့သူတွေလည်း ရောက်နေပြီ"
ဘာမှဆက်မပြောတော့ပဲ ဆတ်သာကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ အကွက်ကျသေချာလွန်းတဲ့ ဘဝလက်တွဲဖော်ကို ပိုင်ဆိုင်ထားရတာက ယောအတွက်တော့ တကယ့်အဖိုးတန်လေးပဲ။
ဆိုတော့ကာ နီးစပ်ရာမှာရှိတဲ့မင်္ဂလာဝတ်စုံဆိုင် ဆိုတာထက် အတိအကျစီစဉ်ထားတဲ့ နီးစပ်ရာက မင်္ဂလာဝတ်စုံဆိုင်မှာ ဝတ်စုံကို ရွေးချယ်ပြင်ဆင်တော့၏။
"အာ့ နည်းနည်းကျပ်တယ်။ အာ့ အာ့..ရပြီ ။ ဟူး"
ကျွမ်းကျင်တဲ့stylistရဲ့ စီမံပေးမှုနဲ့အတူ ယောရဲ့ဝတ်စုံရော အပြင်အဆင်ရော အဆင်ပြေပြေ ပြီးဆုံးသွားသည်။လက်ထဲကိုရောက်လာတဲ့
Forget me not,love me more ပန်းလေးတွေချည်းစုထားတဲ့ ပန်းစည်းပြာပြာလေးကြောင့် အဆမတန် ရင်တွေခုန်လာပြန်သည်။
အခန်းအရှေ့မှာမျှော်နေမဲ့ ခွန်ဆတ်သာကိုပြေးမြင်ပြီး ယောရဲ့နှုတ်ခမ်းထက်က အပြုံးတို့က တောက်ပလာ၏။
"[အဆင်သင့်ဖြစ်ရင် လိုက်ကာဖွင့်လိုက်ပါမယ်နော်]"
ဝန်ထမ်းကောင်မလေးကို ယော တောက်တောက်ပပပြုံးပြရင်း ခေါင်းငြိမ့်အဖြေပေးလိုက်သည်။
ဖယ်ရှားခံလိုက်ရတဲ့ လိုက်ကာနောက်က အမျိုးသမီးလေးကလေ ဆတ်သာရဲ့ အိမ်သူလေးဖြစ်လာတော့မှာကို ဆတ်သာ မှင်သတ်နေမိသည်။
"ဟို.. ဘယ်နားအဆင်မပြေလို့လဲဟင် ဆတ်"
မဝံ့မရဲမေးလာတဲ့ ယောလက်လေးကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ့်အတွက်တော့ ပြည့်စုံမှုဆိုတာ ယောစန္ဒာမောင်ဆိုတဲ့ အမျိုးသမီးလေးပဲ"
နှစ်ဦးသားရဲ့အပြုံးတွေက လက်ထပ်လက်စွပ်က စိန်ပွင့်လေးတွေထက်တောင် တောက်ပနေသေးသည်။
"ဟာဗျာ...မရောက်သေးဘူးလား ဆတ်ရ"
မင်္ဂလာဝတ်စုံဆိုင်ကနေ လမ်းလျှောက်လာတာ မိနစ်လေးဆယ်လောက်ရှိပြီမို့ ယောတစ်ယောက် ဆတ်သာဆီကို နဂါးမျက်စောင်းတွေပစ်လွှတ်ပြီး မေးတော့၏။
"အဲ့တာကြောင့် Deborahက အရင်သွားနှင့်တာကို"
"ဟားဟား ဟုတ်တယ် ဟုတ်တယ်။ ယောလေးရယ် တကယ်တော့ ကိုယ့်အမှားပါ။ ကိုယ်က
Seehotel sternenကို Chapel Bridgeနဲ့ နာရီဝက်ပဲဝေးတယ်ဆိုပြီး ထင်သွားတာ။ သွေ့ပုချိ သွေ့ပုချိ "
ယော ဖုန်းကိုဖွင့်ပြီး Google mapနဲ့ရှာပြလိုက်သည်။ Chapel Bridgeနဲ့ Horwမြို့လေးမှာရှိတဲ့ Seehotel Sternenက တစ်နာရီနဲ့ဆယ်မိနစ်တိတိ လမ်းလျှောက်ရမယ်ဆိုပြီး ပေါ်နေသည်။
"ဂါး... ရှုခင်းလေးတွေကလှလို့ လမ်းလျှောက်ရတာမသိသာတာ။ မဟုတ်ရင်တော့ ဒေါ်ကြီးခွန်ဆတ်သာတော့ ဒီကယောလေးကို ချီသွားရမယ်မှတ်ပါ"
ဆတ်သာ တစ်ချက်ရယ်လိုက်ပြီး
"အခုချီသွားပေးရမလား။ အချိန်မီသေးတယ်နော်"
"ဆတ်က ပြောအားရှိတာပေါ့။ ယောက ဂါဝန်ဝတ်ထားရတာလေ။ ဆတ်ကကျတော့ တအားတွေမိမိုက်ပြီး မော်ရှီးဆောနေတာကို"
ပိုးသား အဖြူရောင် လက်ပြတ်ကိုstyle pantနဲ့ တစ်တွဲတည်းဆက်ထားတဲ့ ဆတ်သာက အရပ်အမောင်းနဲ့ထင်းလင်းနေပြီး ဆံပင်တွေကိုတော့ ရှင်းရှင်းလင်းလင်း မြှောက်စီးထားသည်။
ချောမောလှတဲ့အသွင်အပြင်ကို ကျော့ရှင်းမှုကပါ ထပ်ပေါင်းထည့်ပေးထားတော့ ဗန်းစကားနဲ့ပြောရရင် ခပ်မိမိခပ်မိုက်မိုက် ဖြစ်နေတယ်ဆိုရမလား။
"ဒါတော့ ကိုယ်က မွေးရာပါ သောက်ချောကြီးလေ ဟားဟား"
ယောရဲ့ဘုကြည့်ကိုရလိုက်သည်။
Switzerlandရဲ့လမ်းမမှာ မင်္ဂလာဝတ်စုံနဲ့ ကောင်မလေးနှစ်ယောက် လက်ချင်းဆုပ်ကိုင်ပြီး စကားတွေပြောလိုက် ရယ်လိုက်နဲ့ လမ်းလျှောက်နေတဲ့ မြင်ကွင်းလေးက မြင်ရတဲ့လူတွေကို
Wowခနဲဖြစ်စေပြီး တချို့ကတော့ လက်ခုပ်တီးပြီး ဂုဏ်ပြုစကားဆိုကြသလို၊တစ်ချို့ကတော့ ထူးဆန်းနေကြသည်။ ဒါပေမယ့် ဘာတွေပဲဖြစ်ဖြစ် ကောင်မလေးနှစ်ယောက်ရဲ့ အပြုံးတွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်တာ အသေအချာပဲ။
******
"Wow လှလိုက်တာ "
Switzerlandရဲ့ အသည်းနှလုံးလို့တင်စားတဲ့
Lucerneရေကန်ကြီးဘေးမှာ ခမ်းခမ်းနားနားရှိနေတဲ့ Seehotel Sternenရဲ့ အကောင်းဆုံးရှုခင်းကို ခံစားနိုင်တဲ့နေရာမှာ ပြင်ဆင်ထားတဲ့ အခမ်းနားအပြင်အဆင်ကြောင့် လှလိုက်တာအပြင် ပြောစရာ
စကားမရှိ။ ေႏြဦးရာသီမို့ နေက ပြင်းနေအောင် မပူပဲနွေးနွေးလေးကျရောက်ပြီး ရှုခင်းတွေကလည်း အတော်လှပသည်။
"မေကြီး "
ယောမိသားစုလည်း ရောက်နေတာမို့ ယော အပြေးသွားပြီး ပွေ့ဖက်လိုက်သည်။
"ဆတ်ကလေးက သမီးကို ပျော်အောင်ထားပေးနိုင်တာ မေကြီးတို့ဝမ်းသာပါတယ်"
ယောဖေဖေကတော့ အပြုံးနုနုတို့နဲ့သာ တုန့်ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေကြီးနဲ့မေကြီး။ ယောကို နားလည်ပေးကြလို့"
"မငိုနဲ့လေ မမ။ အလှတွေပျက်ကုန်ပြီး သတို့သမီးကနေ ဘဲရုပ်ဆိုးလေးဖြစ်သွားမယ်"
"အငယ်လေးနော် ငါက ချောပြီးသား"
ရယ်မောရင်းနဲ့ပျော်ရွှင်နေတဲ့ မိသားစုလေးကိုကြည့်ပြီး ပြုံးနေတဲ့ ဆတ်သာနားကို နေသစ်နဲ့ရှိန်း ရောက်လာသည်။
"ကိုကို့ရဲ့ငယ်လေးတောင် လူကြီးဖြစ်လာပြီပဲ"
နေသစ်ကိုပွေ့ဖက်ပြီး ဆတ်သာဆို၏။
"ကိုကို့ကျေးဇူးတွေပါ။ ကိုကိုက ငယ်လေးအတွက် အကောင်းဆုံးအကိုပဲ။ ချစ်တယ်ကိုကို"
"ဟားဟား ဟုတ်ပါပြီ ။ ကိုကိုကလည်း ငယ်လေးကိုချစ်ပါတယ်"
ခွန်မောင်နှစ်မနှစ်ယောက်ဘေးမှာ ရပ်နေတဲ့ရှိန်းကို ယောပုခုံးချင်းတိုက်ပြီး ပြုံးပြလိုက်သည်။
"အားကျနေပြီလား အရှိန်းလေး"
ယောကို မျက်စိတစ်ချက် ဆွေကြည့်လိုက်သည်။
"ငါ့ရဲ့ခွန်နေ့ကို ကေနဒါမှာ လက်ထပ်ဖို့ပြောထားတယ်။အဲ့ခါကျမှ နင်အားကျစမ်း ယောလေး။ အဟမ်း နင်မိန်းမရမယ်လို့ ငါတစ်ခါမှ အိပ်မက်လေးတောင် မမက်ခဲ့ဖူးပါဘူး။ "
"အေးအေး ငါ့ကိုဖဲ့နေလိုက်"
"ဟားဟား စတာပါ စတာပါ။ ငါရဲ့သူငယ်ချင်းမလေး ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါစေနော်။ မိန်းမရသွားလည်း ငါ့ကိုမေမ့ပဲ အရင်လို အတူတူပေါကြမယ်နော်"
ယော အကျယ်ကြီး အော်ရယ်မိသွားတာမို့ ရှိန်းကပါးစပ်ကို လက်နဲ့ အမြန်ပိတ်လိုက်သည်။
"တိုးတိုးရယ်လေ ။ ဧည့်သည်တွေရှိတယ် ။ နင်တော်တော်အာပြဲတာပဲ ယော"
ပိကျိပိကျိနဲ့ပြောနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မှုတွေက နှစ်တွေကြာတဲ့အထိ ဆက်လက်ခိုင်မြဲနေကြမယ်ဆိုတာ လူတိုင်း တပ်အပ်ပြောနိုင်ကြမှာပါ။
လူတွေအများကြီးမဟုတ်ပေမယ့် နည်းတဲ့ထဲလည်းမပါတဲ့ ခွန်ဆတ်သာနဲ့ယောတို့ရဲ့မင်္ဂလာပွဲ
လေးက ထူးထူးခြားခြား ချစ်ဖို့ကောင်းနေသည်။ လူတိုင်းက အဖြူရောင်ဝတ်စုံလေးတွေနဲ့မို့ မြင်ရတဲ့သူကို ရင်အေးစေသည်။ မိသားစုဝင်တွေရှိပြီး ဆတ်သာတို့ရဲ့ လုပ်ငန်းကရှယ်ယာရှင်တချို့ကပါ လာရောက်ဂုဏ်ပြုကြသည်။ မယုတို့မယမုံတို့လို ကုမ္ပဏီက ခေါင်းဆောင်တစ်ချို့ပါ မထင်မှတ်ပဲရောက်ရှိနေသည်။ ပြောစရာမလိုအောင် စီစဉ်မှုကြီးပဲပေါ့။ တစ်ရုံးလုံးကိုပါ ယောက ဆတ်သာရဲ့အပိုင်ဆိုတာကို သိသွားစေသည်။
"မ ဂုဏ်ပြုပါတယ်နော်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေ"
မေသော့်ကိုတွေ့လိုက်ရတော့ ယော ဝမ်းသာသွားသည်။ ဘာပဲပြောပြော မေသော်က ယောကိုချစ်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် စွန့်လွှတ်ခြင်းကိုလည်း လက်ခံပေးနိုင်ခဲ့ပြီး ဆတ်သာအတွက်တော့ သိက္ခာရှိတဲ့ ပြိုင်ဖက်တစ်ယောက်ဖြစ်ခဲ့သည်။ အရွယ်ငယ်ပေမယ့် ရင့်ကျက်တဲ့ ကောင်မလေး။
"ကျေးဇူးပါ သော်။ သော်လည်း အချစ်စစ်ကိုရှာတွေ့ပါစေ"
မေသော်ဆိုတဲ့ ခပ်လန်းလန်းကောင်မလေးက အရင်ကထက် အများကြီးပိုတည်ငြိမ်လာသည်။ ရှုပ်ရှုပ်ရှပ်ရှပ် လက်ပတ်တွေဆွဲကြိုးတွေလည်း မပါတော့ပဲ ငွေရောင်လက်ပတ်လေးတစ်ခုပဲ ဝတ်ထားသည်။တစ်ထွာလောက်ရှိမဲ့ ဆံပင်ရှည်လေးကိုလည်း စုချည်ထားသည်။ အရင်လို ခပ်မိမိမိုက်မိုက် styleမျိုးမဟုတ်ပဲ ရှပ်အကျႌအဖြူကို လက်ခေါက်တင်ဝတ်ထားပြီး style pantနဲ့မို့ လူကြီးပေါက်စလေးနဲ့ပင်တူနေသေး၏။
ယောနဲ့ဆတ်သာကိုကြည့်ရင်း ပြုံးပြကာ ခေါင်းတစ်ချက်ခါလိုက်သည်။
"မထင်ပါဘူးဗျာ။ သော့်ရဲ့အချစ်စစ်က ဘယ်ဂျောင်သွားအိပ်နေလဲမသိဘူး။ အခုထိကို ပေါ်မလာသေးဘူး "
အပျိုကြီးဖြစ်မဲ့ လေသံနဲ့ပြောလာတဲ့ မေသော့်ကို ဆတ်သာနဲ့ယော တစ်ချက်ရယ်လိုက်သည်။ဆတ်သာက မေသော့်ပုခုံးကို တစ်ချက်ပုတ်ပြီးပြော၏။
"မင်းက ငယ်သေးတာပဲ ။ အားမလျှော့ပါနဲ့ဦး။ ဟုတ်ပြီလား"
မေသော်ကလက်ထဲက ဝိုင်ခွက်ကိုမြှောက်ပြရင်း ထွက်သွားသည်။ မေသော်ထွက်သွားချင်းချင်းပဲ နံ့သာအိုင်က ရောက်ချလာသည်။ (သူလေးကိုမှတ်မိကြလား>< အပိုင်း21 ယောကို ဆတ်သာဖွင်ပြောတဲ့နေ့က ပွဲခင်းထဲက ကောင်မလေးလေ)
အဲ့နေ့ပြီးတည်းက နံ့သာအိုင်က ဆတ်သာနဲ့ယောရဲ့ HCအကြီးစားကြီး ဖြစ်လာပြီး တခါတေလဆို momentတွေ လိုက်ထုတ်တတ်သေးသည်။
"မမယောနဲ့မမခွန်ဆတ်သာ ဂုဏ်ပြုပါတယ်။ တနေ့တနေ့ အချစ်တွေတိုးပြီး ပျော်ရွှင်ကြပါစေ"
ဆတ်သာက ပြုံးပြပြီးဖြေ၏။ ယောက ဂါဝန်ဖြူဖြူလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ နံ့သာအိုင်လေးရဲ့ပါးကိုဖွဖွလေးညှစ်ရင်း
"ဟုတ်ပါပြီရှင်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဒါနဲ့အိုင်လေးက ဘယ်လိုလုပ်ရောက်လာတာတုန်း"
နံ့သာအိုင်က winkတစ်ချက်ပြလိုက်ရင်းဖြေ၏။
"ဒီမင်္ဂလာပွဲအတွက်စီစဉ်သူက အိုင့်ရဲ့မေမေလေ။
လေယာဉ်ကိစ္စ ဘာညာပေါ့ ဟိဟိ။အဲ့မှာ အိုင်ပါ တစ်ခါတည်း လိုက်လာတာပဲ။ ဒါမျိုးက လက်လွတ်ခံလို့မရဘူးလေ "
နောက်မှ ဆတ်သာရှင်းပြတာက နံ့သာအိုင်လေးရဲ့မေမေက မင်္ဂလာပွဲတွေကို စီစဉ်တဲ့သူဖြစ်ပြီး အခုယောတို့ပွဲကိုလည်း သူ့ကိုအပ်ထားခြင်းဖြစ်သည်။ ဒီဘက်က Hotelနဲ့ပူးပေါင်းပြီး အခမ်းအနားကို စီမံပေးခြင်းပင်။
******
တောင်တွေကာရံထားတဲ့ Lucerne ရေကန်ကြီးကို နောက်ခံထားထားတဲ့ မင်္ဂလာပွဲတတ်ရောက်သူတွေက ဆတ်သာနဲ့ယောဆီကို အာရုံစိုက်ထားကြသည်။ ယောရဲ့လက်ကိုဆုပ်ကိုင်ထားလိုက်ပြီး ဆတ်သာ စပြော၏။
"ကိုကို့ကို ကျေးဇူးတင်ပါတယ်။ ပြောနေကျဆိုပေမယ့် ထပ်ပြောပါ့မယ်။ကိုကိုကငယ်လေးအတွက် တန်ဖိုးဖြတ်မရတဲ့ မိသားစုဝင်ပါ။ ကိုကို့ကြောင့် ငယ်လေး အခုလိုရပ်တည်နေနိုင်တာပါ"
နေသစ်က ထိုင်ခုံကနေပြုံးပြပြီး ခေါင်းတစ်ချက်ငြိမ့်ပြသည်။
ဆတ်သာလည်း ပြန်ပြုံးပြရင်း ယောမေမေတို့ကို လက်အုပ်ချီပြီး နှုတ်ဆက်လိုက်သည်။
"မေမေနဲ့ဖေဖေကိုလည်း ကျေးဇူးတင်ပါတယ်။ ချစ်ရတဲ့ လူသားလေး ယောစန္ဒာမောင်ကို ပိုင်ဆိုင်ခွင့်ပေးတဲ့အတွက်"
ယောမေမေနဲ့ဖေဖေကလည်း ပြုံးပြပြီး ခေါင်းတစ်ဆတ်ဆတ်ငြိမ့်နေကြသည်။
ယောကိုမျက်နှာမူကြည့်ရင်း ဆတ်သာရဲ့ပါးချိုင်းလေးတွေ ခွက်ဝင်တဲ့အထိ နှစ်နှစ်ကာကာပြုံးရင်း ရွှန်းရွှန်းစားစား စိုက်ကြည့်နေသည်။
"မြတ်နိုးတယ် ယော။ ချစ်တယ်ဆိုတာထပ်ပိုတယ်"
ယောလည်း ဆတ်သာရဲ့လက်တစ်စုံကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး အတောက်ပဆုံးပြုံးမိသည်။
"မြတ်နိုးတယ်ဆိုတာထက် ပိုတဲ့စကားရှိရင်လည်း ဆတ်တစ်ယောက်တည်းအတွက်ပဲ ထပ်ပြောမယ်"
ပျော်ရွှင်ဖို့အတွက် ဘာတွေလိုဦးမှာလဲ။ ကိုယ့်အနားမှာ သူရှိနေပြီလေ။ ကန်ရေပြင်က တိုက်ခိုက်လာတဲ့ လေအေးလေးက ကောင်မလေးနှစ်ယောက်ရဲ့ နှစ်ခမ်းနှစ်လွှာကြားကို ဖြတ်တိုက်နိုင်စွမ်းမရှိပါဘူး။ နေဝင်ဆည်းဆာလေးက ပတ်ဝန်းကျင်ကိုဖြာကျနေပြီး အလှပဆုံး မြတ်နိုးမှုအပြည့်နဲ့ အနမ်းလေးကို သကာရည်လောင်းသလို ဖြည့်စွက်ပေးသည်။ လွင့်ပျံနေတဲ့ လက်ခုပ်သံသဲ့သဲ့လေးက ရေကန်ပတ်လည်က တောင်တွေဆီ ပျံ့လွင့်သွားလောက်လေရဲ့။
~~~♥~~~
The author has something to say:
ဂုဏ်ပြုပါတယ် ဆတ်သာနဲ့ယောရေ❤
စကားမစပ် အေးလာပြီနော် FAအပေါင်းတို့ စောင်ခြုံကျလော့ ^^